ဆော့ဂျင်နားမလည်ပါ..။
လွမ်းတယ် ဂျွန်း..။
မင်းလက်ခံနိုင်မှာပါ။
မင်ယွန်းဂီ။
သွေးထက်စံယိုဖြစ်သည်အထိ အဆက်မပြတ်ဆက်ဆံပြီးနောက် ဆော့ဂျင်အသံတောင်မထွက်နိုင်တော့..။
သူသည် ရက်စက်လွန်းသည်..။
___________________
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
ဆော့ဂျင် မနက်က ပွဲပြီးသည်မှစပြီး ဘာအစားမှ မစားရသေး
အခု သူရှိနေသည်မှာ အရှင်ယွန်းဂီရဲ့ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ နေရမည့် အဆောင်..။
အခန်းထောင့်တွင် ခန္ဓာကိုယ်လေးကို ကျုံ့ကျုံ့လေးထိုင်ကာ ရှိုက်ရှိုက်ငိုနေမိသည်..။
ဆော့ဂျင်နားမလည်ပါ..။
ဘာကြောင့် လူတိုင်းက အရှင်ယွန်းဂီဆိုသူကို ကြောက်ရွံ့နေကြပြီး သူတို့အတွက်ပဲ စဉ်းစားနေကြတယ် ဆိုတာကို..။
အထူးသဖြင့် သူ နမ်ဂျွန်းကို လွမ်းမိသည်.။
သူမေ့နေရာမှ နိုးထလာကတည်းက တစ်ခုခုကို တွေးပူနေမိသည်..။
သို့ပေမယ့် အရှင်ယွန်းဂ်ီကို သူ သစ္စာပြုခဲ့တာမို့ နမ်ဂျွန်းဘာမှမဖြစ်လောက်ပါဘူးဟုသာ ကိုယ့်ကိုကိုယ် ဖြေသိမ့်နေရသည်..။
လွမ်းတယ် ဂျွန်း..။
မင်းပြန်လာတဲ့ အခါကရင်တောင် မင်းကို တွေ့ခွင့်မရမဲ့ ငါ့ဖြစ်က မစိုးလွန်းဘူးလား ဂျွန်း..။
အရာအားလုံးဟာ လိုက်မမှီနိုင်အောင် ရုပ်ချည်းပြောင်းလဲသွားတာ တွေ့ရင် မင်းလက်ခံနိုင်ပါ့မလား ဂျွန်း..။
မင်းလက်ခံနိုင်မှာပါ။
မင်းက ငါ့လိုမှမဟုတ်ဘဲ..။
ငါ့ကို မတွေ့ရရုံနဲ့ မင်းဘာမှမဖြစ်လောက်ပါဘူး။
ဆော့ဂျင် တွေးရင်းတွေးရင်းနှင့် ပိုတိုးလို့ ငိုမိသည်။
မှောင်မဲနေတဲ့ အဆောင်ထဲတွင် ယခုအချိန် သူတစ်ယောက်တည်းသာ။
ဆော့ဂျင် ခြေသံတစ်ချို့ကြားလိုက်ရတာကြောင့် လှည့်ကြည့်မိတော့ အစေခံတစ်ချို့။
"ကိုယ်လုပ်တော် ကင်မ် အရှင် ဒီအဆောင်ဘက်သို့ကြွလာပါတယ် ကျွန်မတို့ ထွက်ပြီး ဆည်းကြိုရပါ့မယ် "
"အဟက် အဲ့လူမှာ ခြေထောက်ပါတာပဲ ဘာကိစ္စကြိုရမှာလည်း "
ဆော့ဂျင် ခပ်ရွဲ့ရွဲ့ပြုံးပြီး ပြန်ပြောတော့ အစေခံတို့ မျက်နှာပျက်ကြသည်..။
"ကိုယ်လုပ်တော်ကင်မ်သာ သွားမကြိုရင် ကျွန်မတို့အားလုံး သေရပါလိမ့်မယ်"
"သေရမှာကိုကြောက်တာလား ဒါကြောင့် ငါ့ကို အဲ့လူရဲ့ ကိုယ်လုပ်တော် တင်မြှောက်တာလား"
ဆော့ဂျင်သည် အားပျက်နေတဲ့ ခန္ဓာကိုယ်ကို အားယူထပြီး အနီရှိပစ္စည်းများအား ရိုက်ခွဲပစ်သည်။
အစေခံမိန်းကလေးများလည်း ဆော့ဂျင်ကို ငိုယိုပြီး တောင်းပန်ကြရသည်။
"ဟမ် ပြောလည်း ပါးစပ်ပေါက်မပါကြဘူးလား ငါ့ကို ဘာလို့လည်း ဘာလို့လည်း "
ဆော့ဂျင်အနီးတွင် အကွဲအစများဖြင့်ရှုပ်ပွသွားပြီး နောက်ထပ် ပစ္စည်းတစ်ခုအားရိုက်ခွဲမည်အလုပ် ကြားလိုက်ရသော
ခပ်သြသြအသံကြောင့် သူ့ကမ္ဘာကြီးပြိုလဲသွားရသည်...။
"စစ်သူကြီးကင်မ် သူပုန်နယ်မြေမှာ အဆိပ်လူးမြှားထိထားတယ်လို့ သတင်းပို့ကြတယ် ဒီဘက်က ဆေးဆရာ မပို့ပေးရင် သေသွားမှာ"
ဆော့ဂျင် အနောက်မှလူသားကို လှည့်ကြည့်မိတော့ တစ်လောကလုံးတွင် အရက်စက်ဆုံးလူသား သျှီလာအရှင်
မင်ယွန်းဂီ။
ဆော့ဂျင် ပြိုလဲသွားမိသည်..။
ပစ္စည်းအကွဲများပေါ်သို့ ဒူးထောက်ထိုင်ချမိသည်..။
ထိုအချိန် သူ့မျက်နှာတစ်ခုလုံးမျက်ရည်များဖြင့် ရွှဲနစ်နေပြီဖြစ်သည်..။
"ကျွန်တော် ဘာလုပ်ပေးရမှာလည်း ကျွန်တော်ဆီက ဘာအလိုရှိပါသလဲ အရှင် ကျွန်တော့်ဖြည့်ဆည်းပေးပါ့မယ် ဂျွန်းအသက်ကို ကယ်တင်ပေးပါ ကျေးဇူးပြုပြီး"
အရှင်ယွန်းဂီသည် ခပ်မဲ့မဲ့ ပြုံးပြီး အစေခံတွေကို အပြင်ထွက်ခိုင်းသည်..။
အစေခံတို့သည်လည်း အကွဲအစအားလုံးကို သိမ်းဆည်းပြီး အပြင်ထွက်သွားကြသည်..။
"ဟက် အဲ့လိုမှပေါ့ စိတ်အေးအေးထား "
ဆော့ဂျင်သည် သူ့ကိုယ်ပေါ်ရှိအဝတ်တ်ို့ကို ချွတ်ချပြီး အရှင်။ွန်းဂီအပေါ် တက်ထိုင်မိသည်..။
ထို့နောက် သူသည် အရှင်ယွန်းဂီ၏ သားကောင်ဖြစ်သွားခဲ့သည်..။
အရှင်ယွန်းဂီသည် ဆော့ဂျင်မျက်လုံးကို အဝတ်စဖုံးပိတ်ပြီး တစ်ကိုယ်လုံးသိမ်းကျုံးဖက်ကာ အညှာအတာကင်းမဲ့စွာ ဆက်ဆံသည်..။
သွေးထက်စံယ်ိုဖြစ်သည်အထိ အဆက်မပြတ်ဆက်ဆံပြီးနောက် ဆော့ဂျင်အသံတောင်မထွက်နိုင်တော့..။
အဝတ်စီးထားသော မျက်လုံးအောက်မှ စီးကျလာတဲ့ မျက်ရည်စများကြောင့် သူဘယ်လောက်နာကျင်ရမှန်း သိနိုင်သည်..။
တောင်းပန်ပါတယ် ဂျွန်း..။
မင်းအတွက် ရည်ရွယ်တာတွေကို သူများကို ပေးလိုက်မိတာမို့
မင်းကိုချစ်လွန်းလို့ပါ။
မင်းကို ငါစိတ်ပူမိတယ် ဂျွန်းရယ်..။
မင်းအခုချိန် မြှားအဆိပ်ကြာင့် နာကျင်နေပြီလား ဂျွန်း..။
ဆော့ဂျင် အတွေးနဲ့တင် မျက်ရည်တွေက အတောမသတ်နိုင်။
နမ်ဂျွန်းအတွက်သာ တွေးပြီး စိတ်ပူနေမိသည်..။
တစ်ကိုယ်လုံးထုံးကျင်ပြီး သတိမကပ်တော့သည့်အချိန် ရေရွတ်မိတဲ့ စကားတစ်ခွန်း..။
"သိပ်ချစ်တယ် ဂျွန်းရယ်"
ထိုစကားလုံးကို အရှင်ယွန်းဂီက ကြားဖြစ်ကြားမိသည်။
ဆော့ဂျင်ကို ကုတင်ပေါ်တင်ပြီး ဝတ်ရုံတော်ကို ဆွဲခြုံသည်။
ထို့နောက် ဆော့ဂျင်မျက်လုံးကို ဖုံးအုပ်ထားတဲ့ အဝတ်စကို ဆွဲချွတ်ပြီး ချွေးစို့နေတဲ့ နဖူးလေးကို အနမ်းခြွေလိုက်သည်..။
"စိတ်ချပါ ကိုယ်ကလည်း မင်းရဲ့ ဂျွန်းကို အသေမခံနိုင်သေးပါဘူး"
ခပ်ရွဲ့ရွဲပြုံးပြီး နန်းဆောင်အတွင်းမှထွက်ခွာသွားသည်။
သူသည် ရက်စက်လွန်းသည်..။
သူလိုချင်သည်ကို ရအောင်ယူတတ်သည်..။
သူသည် သျှီလာအရှင်သခင်မင်ယွန်းဂီဖြစ်တာကြောင့်...။
___________________
နမ်ဂျွန်း လက်မောင်းနေရာမှ ထုံဝေမှုများနှင့်အတူ နိုးထလာသည်..။
သူ့ဘေးတွင် ထူးဆန်းစွာ ဆေးဆရာအချို့လည်းရှိနေသည်..။
သေနာပတိနှင့် ကိုယ်ရံတော်တို့ကို သူနိုးလာတာကို တွေ့တော့ ပြုံးပျော်သွားကြပြီး ဖေးထူကြသည်..။
နမ်ဂျွန်းလည်း ခပ်ရေးရေးလေးပြုံးပြီး ထိုင်လိုက်ရသည်..။
စိတ်ထဲတွင်တော့ များစွာသော မေးခွန်းများနှင့်အတူ..။
"စစ်သူကြီးကင်မ် သက်သာရဲ့လား ကျွန်တော်တို့စိုးရိမ်နေခဲ့တာ"
ကိုယ်ရံတော့တစ်ယောက်က ဝမ်းသာအားရပြောတော့ နမ်ဂျွန်းနှစ်ခြိုက်စွာပြုံးပြလိုက်သည်..။
"သူပုန်တွေဘာဖြစ်သွားပြီလည်း ပြီးတော့ ဆေးဆရာတွေက ဘယ်လိုရောက်လာတာလည်း "
"သူပုန်တွေကို စစ်သူကြီးကင်မ်ရဲ့ နည်းအတိုင်း နှိမ်နင်းလိုက်ရာမှ အောင်မြင်သွားတာကြောင့် အခု မင်းနေပြည်တော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါပြီ ဆေးဆရာတွေကတော့ အရှင်လွှတ်လိုက်တာပါ ပြီးတော့ အရှင့်အမိန့်နဲ့အတူ ကျွန်တော်တို့ သျှီလာကို ပြန်လို့ရပါပြီ"
သေနာပတိကြီးရဲ့စကားကြောင့် နမ်ဂျွန်းပြုံးမိသည်..။
သူ့တာဝန်က အရှင့်ပေးသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်ဖြစ်တာမို့ အရှင့်အမိန့်နှင့် သျှိလာပြန်ရန်တာ လိုတော့သည်..။
လာအကြောင်းကြောင့်မှန်းမသိပေမယ့် နမ်ဂျွန်းဒီရက်ပိုင်း ဆော့ဂျင်ဘေးမှာသာ နေချင်မိသည်..။
အမိန့်ကြောင့် လာရစဉ်က မလှုပ်မရှပ်နေခဲ့သည့် ဆော့ဂျင် ပုံရိပ်လေးကို မြင်ယောင်မိတော့ ဝဲရင်ဘက်က နာကျင်မိသည်။
ကိုယ်က မင်းဆီရောက်လာတော့မှာမို့ ခနလေးပဲစောင့်ပါ ဂျင်။လူတိုင်းကို သူ့လို သစ္စာရှိတယ်ထင်မိတဲ့ လူသားက
အရှင်ယွန်းဂီရဲ့ အကြံကို မရိပ်စားမိခဲ့ရှာ..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili