By MayKingMK119
179K 36.4K 1.2K
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More
သရဲအိမ်ထဲက ဖူးစာရှင် (Description )
သရဲအိမ်ထဲက ဖူးစာရှင် အကျဉ်း
Chapter (1) သရဲအိမ်၏ကျဆုံးခန်း
Chapter (1-2) - သရဲအိမ် Game Application
Chapter (2) - ထူးဆန်းသော နေ့စဉ်မစ်ရှင်များ
Chapter (3) - ခက်ခဲတဲ့မစ်ရှင်
Chapter (4) - အံ့အားသင့်စရာဆု- အလောင်းမိတ်ကပ်လိမ်းခြယ်ခြင်း
Chapter (5) :မှန်ထဲကလူ ဘယ်သူလဲ
Chapter (6) _ လူသေတစ်ယောက်ရဲ့ အလှတရား
Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး
Chapter (8) - ကြမ္မာဆိုးဝင်သည့်သောကြာနေ့
Chapter (9) - ထိတ်လန့်မျက်ရည်တို့ ယိုစီးချိန်
Chapter (10) - ကြေးမုံပြင်၏ လျှို့ဝှက်ချက်
Chapter (11) - မင်း ညမှာ ဘယ်လိုအိပ်ပျော်နိုင်တာလဲ..?
Chapter (12) - ကံကြမ္မာဘီးလုံး
Chapter (13) - ကံကောင်းခြင်းလား၊ ကျိန်စာလား
Chapter (14) လူပျောက်ကြေငြာ
Chapter (15) တိုက်ခန်းပိုင်ရှင်
Chapter (16) - ဒီမှာ ညမအိပ်နဲ့
Chapter (17) - Fu An တိုက်ခန်း
Chapter (18) - Livestream - တိုက်ရိုက်ထုတ်လွှင့်ခြင်း
Chapter (19) - လူကြိုက်များမှု တိုးလာခြင်း
Chapter (20) - ရာဇဝတ်မှုမြင်ကွင်း
Chapter (21) - Party of more than one? တစ်ယောက်ထက်ပိုတဲ့အဖွဲ့
Chapter (22) - သန်းခေါင်ယံညမှ လူသတ်သမား
hapter (23) - Real Killer (လူသတ်သမားအစစ်)
Chapter (24) - လူသတ်သမားကို ဖမ်းမိပြီ
Chapter (25) - ဇာတ်လမ်းသစ် ပွင့်လေပြီ
Chapter (26) - ဘော့စ်.. ရှင် TV ထဲမှာ ပါလာတယ်
Chapter (27) - ပစ္စည်းအသစ် ရရှိခြင်း
Chapter (28) - "မင်း ငါတို့ကိုပြောခဲ့တာနဲ့ မတူပါလား.."
Chapter (29) - Xiao Wan - ဒေါက်တာအရိုး၏ ဆေးရုံဂျူတီဝတ်စုံ
Chapter (30) - လူရှစ်ယောက်
Chapter (31) - သူ.. ဘယ်သူလဲ..?
Chapter (32) - အရုပ်မတွေ.. အရုပ်မတွေ..
Chapter (33) - လူပျောက်ကြေငြာစာရွက်ကို မှန်ကန်စွာ အသုံးချခြင်း
Chapter (34) - သရဲအိမ်၏နာမည်ကောင်း (Zawgyi+Unicode)
Chapter (35) ကျိုးပဲ့နေသော ကြေးမုံ
Chapter (36) - သရဲအိမ်ထဲက အန္တရာယ်
Chapter (37) - သရဲအိမ်ကို တိုးချဲ့ခြင်း
Chapter (38) - မြေအောက်ကားပါကင်
Chapter (39) - တတိယထပ်မှ ခြောက်ခြားစရာအသံများ
Chapter (40) - နောက်ထပ် ခက်ခဲသောမစ်ရှင်
Chapter (41) - အသက်အောင့်ထားပါ
Chapter (42) - စက္ကန့် ၆၀
Chapter (44) - ပြန်လည်သုံးသပ်ချက်
Chapter (45) - တစ်ယောက်ယောက် ငါ့ကိုသတ်ဖို့ ကြိုးစားနေတယ်
Chapter (46) - သံသယဖြစ်ဖွယ်လူသား
Chapter (47) - စိတ်ခံစားချက်ကင်းမဲ့တဲ့ လူသတ်သမား
Chapter (48) - "ငါ့ကိုလွှတ်ပေးပါ"
Chapter (49) - "ရှောင်ချန်.. မင်း ဒဏ်ရာရသွားသေးလား"
Chapter (50) - ဂဏန်းများ၏ အဓိပ္ပါယ်
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည်မရှိတဲ့ မိန်းကလေး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - ကျန်းယာ့အတွက် တရားမျှတမှု ရှာပေးခြင်း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ် (Zawgyi + Unicode)
မှန်ထဲက မကောင်းဆိုးဝါးရဲ့ နိဂုံး ဘယ်လိုဖြစ်မလဲ?
Chapter (64) - မှန်ထဲကမကောင်းဆိုးဝါး အစားခံရခြင်း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ်ထဲက ဖူးစာရှင် _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...
1.2K 303 3
By MayKingMK119
========================
Chapter (43) - မစ်ရှင် ပြီးဆုံးအောင်မြင်ပြီ
ရေအေးတွေက Chen Ge ဆံပင်မှ စီးကျနေပြီး သေလုမျောပါးအခြေအနေမှ လွတ်လာလို့ Chen Ge ရင်ဘတ်က လေကို အလုအယက်ရှူလို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သူ့နှုတ်ခမ်းက ဖြူရော်ရာမှ ခရမ်းရောင်သမ်းလာပြီး သူ့လက်က ဓားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
၂ မိနစ်လောက်ကြာမှ ခေါင်းပေါက်ထွက်မတတ်ဖြစ်တာ သက်သာလာသည်။ သူ့မျက်နှာပေါ်ကရေကို သုတ်ပြီး ရေချိုးကန်ထဲက ယိုင်နဲ့စွာ ထရပ်လိုက်သည်။ မှေးမှိန်သော ဖယောင်းတိုင်မီးရောင်အောက် ရေချိုးခန်းက ဘာမှပြောင်းလဲမှုမရှိပေ။
"ငါ တစ်ခုခုကို ဓားနဲ့ထိုးမိလိုက်တာပါ.. ငါ ကျိန်ပြောရဲပါတယ်.."
Chen Ge က ပတ်လည်ကို သေချာစစ်ဆေးကြည့်နေသည်။ သူက ရေပိုက်ကို ဓားနဲ့စိုက်ခဲ့မိတာလား။
"တစ်ခုခုက ငါ့ခေါင်းကိုဖိထားလို့ ငါ့ဓားက အဲ့ဒီလူကို သေချာပေါက် ထိုးစိုက်လိုက်မိတာပါ.."
အဖြစ်မှန်ကိုသိဖို့ Chen Ge က ရေချိုးကန်ထဲကထွက်ပြီး recording လုပ်ထားတဲ့ဖုန်းကိုယူပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ 3:40 မှာ ရေထဲဝင်ပြီး 3:43 ထိ ထိုင်နေသည်။ 3:44 ရောက်တော့ သူက ရေဇလုံထဲငုပ်လိုက်ပြီး ရေတွေလျှံကျလာခဲ့သည်။ တခြားလူကကြည့်မယ်ဆိုရင် ဒီမြင်ကွင်းက ကြောက်စရာကောင်းလှသည်။
Chen Ge က ဒီ recording ကိုစိုက်ကြည့်ရင်း သူ ဒါကိုလုပ်နေချိန်က မထူးဆန်းသလိုဖြစ်ပေမယ့် ခုလိုပြန်ကြည့်တော့ ထူးဆန်းကာ ကြောက်စရာကောင်းနေသည်။ ပထမ စက္ကန့် ၂၀ မှာ သူက ရေငုပ်နေပြီး ရေချိုးခန်းထဲကမြင်ကွင်းက ပုံမှန်ပင်။ တစ်ခါတစ်ရံ ရေသံထွက်နေသည်။ နောက် 10 စက္ကန့်ကြာတော့ Chen Ge မျက်မှောင်ကြုတ်သွားသည်။ Screen မှာပေါ်သည့်ပုံရိပ်တွေက အဖြစ်မှန်နှင့်ကွဲပြားနေသည်။ သူ့မှတ်ဉာဏ်ထဲက မှတ်မိသလောက်ဆို အဲ့ဒီအချိန်လောက်မှာ ကော်ရစ်ဒါဘက်မှ ခြေသံများ၊ ကုတ်ခြစ်သံများ ဆူညံနေပေမယ့် video ထဲမှာ ဘာသံမှမကြားရဘဲ တိတ်ဆိတ်နေသည်။ နောက် 5 စက္ကန့်ကြာတော့ Chen Ge မှတ်မိနေသည့် တံခါးကိုထုရိုက်သံလည်း မကြားရပေ။ Screen မှာပေါ်နေတာက မှောင်မည်းနေသည့် ရေမျက်နှာပြင်နှင့် ယိမ်းနွဲ့နေသည့် ဖယောင်းတိုင်မီးရောင်သာဖြစ်သည်။ ဒါဆို ခြေသံနှင့် တံခါးထုရိုက်သံက စိတ်ကယောင်ချောက်ခြားကြောင့် ကြားရတဲ့ အသံတွေလား..။
စက္ကန့် 50 ကြာတော့ ကန်ရေပြင်မှာ ပူဖောင်းတွေတက်လာသဖြင့် စိတ်အနှောင့်အယှက် ဖြစ်လာသည်။ အဲ့ဒီအချိန် သူ့ရဲ့ကန့်သတ်ချက်ကို ရောက်နေပြီဆိုတာ ထင်ရှားသည်။ ဒါပေမယ့် screen မှာပေါ်လာသည့် အဖြစ်အပျက်ကြောင့် Chen Ge တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ရေကန်ဘေးတွင် ကွဲနေသည့်မှန်ချပ်တစ်ခုရှိနေပြီး မည်းမည်းအရိပ်က တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ဒါက သဘာဝလွန်ဖြစ်ရပ်ဖြစ်ပြီး ပုံရိပ်က ဟော်ဖန်းနှင့်တူနေသည်။ ရေပူဖောင်းတွေက ပိုများလာတော့ သူ့ limit ကုန်ကို ရောက်နေပြီဖြစ်သည်။ သူ့ကိုယ်က ရေကန်ထဲကတက်လာသည်ကို video ထဲမှာ မြင်လိုက်ရသည်။ အဲ့ဒီအချိန် သူ့ခေါင်းနားကို အရိပ်မည်းကရောက်လာပြီး သူ့ခေါင်းကို လက်နှစ်ဖက်နှင့်ဖိထားလိုက်သည်။ ထိတ်လန့်သဖြင့် Chen Ge ၏နှာခေါင်းထဲ ရေများ ရှိုက်သွင်းမိလိုက်သည်။ အဲ့ဒီအချိန် Chen Ge ရဲ့ ဓားကိုင်ထားတဲ့လက်က မြောက်တက်လာပြီး အရိပ်ကို ထိုးမိသွားသည်။ အရိပ်မည်းက TV အဟောင်းထဲကပုံရိပ်လို မှုန်ဝါးသွားပြီး ဓားက သူ့ကို နည်းနည်းထိခိုက်သွားစေသလိုပင်။
အရေးအကြီးဆုံးအချိန်တွင် ရေကန်ဘေးကအရုပ်တွေထဲက အငယ်ဆုံးကောင်မလေး၏အရုပ်က ဖြည်းဖြည်းချင်းရွေ့လာပြီး ကြမ်းပြင်ပေါ်က မှန်အပိုင်းအစပေါ်ရောက်လာပြီး သူ့ခန္ဓာကိုယ်လေးနှင့် ကာထားသောကြောင့် မှန်ထဲကထွက်နေတဲ့ မည်းမည်းအရိပ်က ဝေဝါးလာစဉ် Chen Ge ၏ဓားက သူ့ခေါင်းကိုစိုက်မိပြီး ပုံရိပ်က လုံးဝပျောက်သွားတော့သည်။ ဓားက Chen Ge လက်က လွတ်ထွက်သွားပြီး ကြမ်းပြင်ပေါ်မကျခင် ရေကန်စွန်းကိုထိမိပြီး အလင်းရောင်လက်သွားခဲ့သည်။ ဒီအချိန် Chen Ge က ရေကန်ထဲမှ ထထိုင်လိုက်တော့သည်။
Video ဆုံးသွားတော့ မှန်ထဲကမကောင်းဆိုးဝါးကို နှိမ်နင်းဖို့ Chen Ge ဆန္ဒပြင်းပြလာခဲ့သည်။ ဒီကောင် ပျောက်ကွယ်သွားမှဖြစ်မည်။ Chen Ge က Video ကို save ထားပြီး မှန်ကွဲပေါ်ကအရုပ်မလေးကို ကောက်ယူလိုက်သည်။ အရုပ်မလေးရဲ့ ကျောက မှန်ကြောင့်ပြတ်ရှကာ စုတ်ပြဲနေသည်။ အရုပ်မလေးထဲက ဝိညာဉ်နှင့် မှန်ထဲကဝိညာဉ်က ပရလောကသားချင်းတူပေမယ့် စိတ်နေစိတ်ထားချင်း မတူကြပေ။ တစ်ခုက ကြောက်စရာဖြစ်ပြီး ကျန်တစ်ခုက စိတ်နှလုံးကောင်းရှိသည်။
Chen Ge က သူ့ကိုယ်ကို ခြောက်အောင်သုတ်ပြီး အရုပ်အားလုံးကို ကောက်ယူလိုက်ပြီး အိတ်ထဲထည့်လိုက်သည်။ ခုချိန် သူ နေလို့ထိုင်လို့ကောင်းနေသည်။ မှန်ကိုခွဲလိုက်တာ ဘာမှမထူးခြားပေ။ ဒီကောင်က မှန်ကွဲစတွေမှာလည်း ပေါ်လာနိုင်ပြီး အလွယ်ကတူ ပျောက်သွားနိုင်သည်။ ဒီကောင့်ကိုရင်ဆိုင်ဖို့ သူ့မှာ ဘာအားသာချက်မှ မရှိပေ။ Chen Ge က ကြမ်းပြင်က မှန်ကွဲစကို ကောက်ယူလိုက်တော့ ရေစက်တွေက မှန်ပေါ်မှာ '3' ဆိုသည့်ဂဏန်းပေါ်စေတာကို တွေ့ရလို့ ထိတ်လန့်သွားခဲ့သည်။
ဒါ မကောင်းဆိုးဝါးဆီက အမှာစကားလား၊ ငါ၊ He San နဲ့ ဟော်ဖန်း ဆိုတဲ့သုံးယောက်ကို ပြောချင်တာလား..။ ၃ ရက်အတွင်း ငါ့ကိုသတ်မယ်လို့ ပြောချင်တာလား..။
ဒါက ဘာကိုဆိုလိုတယ်ဆိုတာ မသိပေမယ့် သူ့ကိုကြောက်လန့်အောင် မလုပ်နိုင်ပေ။ ဒီဟာက ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် တစ်နေ့ကျ ဒင်းကို မှန်ထဲကဆွဲထုတ်ပြီး နေရောင်အောက် လောင်မြိုက်သေအောင် ထားရစ်မည်ဟု ဆုံးဖြတ်ထားသည်။
Chen Ge က သေလုမျောပါးကြုံခဲ့ရသည့် အဆိုးဆုံးကျိန်စာနှင့် ရင်ဆိုင်ခဲ့ရသည်ဟု တွေးနေမိသည်။ သူက သက်ပြင်းချပြီး ဖုန်းအနက်ကို သွားယူလိုက်သည်။ သိပ်မမျှော်လင့်ထားပေမယ့် စာပို့ထားတာတွေ့လိုက်ရလို့ သူ့မျက်လုံး လက်လာခဲ့သည်။
>>ဝိညာဉ်များ၏ နှစ်သက်ခြင်းခံရသူ - သင်က 62 စက္ကန့် အသက်အောင့်ထားနိုင်ခဲ့လို့ မစ်ရှင်အောင်မြင်လို့ ဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် ယင်-ယန်အမြင်စွမ်းအင်ကို ရရှိပါတယ်။<<
>>ယင်-ယန် အမြင်စွမ်းအား - လောက၂ခုကြားက စည်းကို မှုန်ဝါးသွားစေသည်။ ယင်ခန္ဓာတွေကို စောင့်ကြည့်ဖို့ ယန်ခန္ဓာကို သုံးနိုင်သည်။<<
>>သတိပြုရန် - သင်က ခက်ခဲတဲ့မစ်ရှင်၂ခု ပြီးစီးသွားလို့ တတိယတစ်ခုအောင်မြင်ရင် အစမ်းမစ်ရှင်ကို ထပ်မံကစားလို့ရမည်။<<
>>mission ၃ခုကို 95% ပြီးအောင်လုပ်နိုင်သောကြောင့် စွမ်းဆောင်ရည် အသစ်ရရှိသည်။ တခြားကမ္ဘာမှ ကျွန်ုပ်၏မိတ်ဆွေ<<
ဒီမက်ဆေ့တွေကိုဖတ်ပြီး ဘယ်လိုခံစားရမှန်းတောင် မသိတော့ပေ။ ဒီမစ်ရှင်အရ သူက 60 စက္ကန့် ရေအောက်မှာနေရမှာဖြစ်ပြီး ပြင်ပအနှောင့်အယှက်ကြောင့် စက္ကန့် 50 လောက်မှာ သူအရှုံးပေးရခါနီး အရိပ်မည်းကြောင့် ရေအောက်ကထွက်မရလို့ သူ့မစ်ရှင် အောင်မြင်သွားခဲ့တာဖြစ်သည်။ မကောင်းဆိုးဝါးက သူ့ကို သေစေချင်ပေမယ့် ဒီကောင်လုပ်လိုက်တာက သူ့အတွက် အကျိုးရှိသွားစေသည်။
Chen Ge က ဖုန်းအနက်ကနေတစ်ဆင့် ခက်ခဲတဲ့မစ်ရှင်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာသည်။ ခက်ခဲတဲ့မစ်ရှင်အောင်မြင်မှ ဆုရရုံသာမက တခြားဇာတ်လမ်းသစ်ကို ကစားဖို့ နှောင့်နှေးခြင်းမရှိလို့ အရမ်းအရေးကြီးလှသည်။ သိချင်စိတ်ဖြင့် Chen Ge က open ခလုတ်ကို ဖွင့်ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ သူမသိတဲ့အမည် ၅ ခု ပေါ်လာသည်။
========================
Continue Reading
You'll Also Like
224K 46.8K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
263K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
26K 2.1K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
53.8K 5.3K 55
#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်.. Twilight စသဖြင့် အင်္ဂလိပ်မှော်ကားတွေကို...