သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (41) - အသက္ေအာင့္ထားပါ

1.2K 293 9
By MayKingMK119

Chapter (41) – အသက္ေအာင့္ထားပါ

>>ဝိညာဥ္မ်ား၏ႏွစ္သက္မႈ - သင့္ရဲ့သတၱိကို ေလးစားေနၾကသည္။ ခက္ခဲတဲ့မစ္ရွင္က စမ္းသပ္မႈႏွင့္ ဆုလာဘ္ ၂မ်ိဳးလံုးပါသည္။ ဒီ game ရဲ့အမည္က 'နက္႐ိႈင္းေသာေရ' ျဖစ္သည္။ ဒီေနရာက ရွင္ျခင္းေသျခင္းမ်ဥ္းကိုျဖတ္ၿပီး ေသဆံုးၿပီးသူမ်ားကို ျမင္ေတြ႕ႏိုင္ဖို႔ အခြင့္အေရးတစ္ခုရွိသည္။<<

>>မစ္ရွင္လုပ္ေဆာင္ရန္ - မနက္ 3:30am မွာ ေရခ်ိဳးခန္းထဲ တစ္ေယာက္တည္းဝင္ပါ။ တံခါးကိုေသာ့ခတ္ၿပီး မီးမွိတ္လိုက္ပါ။ ေရခ်ိဳးဇလံုထဲ ေရျဖည့္ၿပီး ေဘာင္မွာ ဖေယာင္းတိုင္တစ္တိုင္ ထြန္းထားပါ။ မနက္ 3:30 ႏွင့္ 3:40 ၾကားသည္ ယင္ဓာတ္အျမင့္ဆံုးအခ်ိန္ျဖစ္ၿပီး ယင္ႏွင့္ယန္ ေျပာင္းလဲသည့္အခ်ိန္ျဖစ္သည္။ 3:44 မိနစ္မွာ အသက္ေအာင့္ၿပီး ေရဇလံုထဲငုပ္လိုက္ၿပီး ကိုယ္ေတြ႕ခ်င္သူရဲ့အမည္ကို စိတ္ထဲမွ ေရရြတ္လိုက္ပါ။<<

>>အလင္းနဲ႔အေမွာင္ စပ္ၾကားကာလမွာ ေသဆံုးၿပီးသားလူကို ျမင္ႏိုင္ပါလိမ့္မည္။ တစ္ေယာက္ေယာက္ကိုေတြ႕လွ်င္ mission ၿပီးဆံုးသလို ဘယ္သူ႔ကိုမွမေတြ႕လည္း အခ်ိန္ 60 စကၠန္႔ျပည့္လွ်င္ မစ္ရွင္ၿပီးဆံုးသည္။<<

ဒီမစ္ရွင္လုပ္ဖို႔ ေဖာ္ျပခ်က္ကိုဖတ္ၿပီး Chen Ge စိတ္႐ႈပ္ေထြးေနသည္။ ပထမဆံုး သူလုပ္တဲ့ ခက္ခဲတဲ့မစ္ရွင္နဲ႔စာရင္ ဒီဟာက ႐ိုးရွင္းလြယ္ကူေနသလိုပင္။ အေမွာင္ထဲ တစ္ေယာက္တည္း မိနစ္ ၃၀ မ်က္စိမွိတ္ေနတာႏွင့္ တစ္မိနစ္ေရငုပ္တာ၊ ေရငုပ္တာက ပိုသက္သာၿပီး လူတိုင္းလုပ္ႏိုင္သလိုပင္။ ဒါေပမယ့္ အရင္အေတြ႕အႀကံဳအရ ခက္ခဲတဲ့မစ္ရွင္တိုင္းက ႐ိုးရွင္းတယ္လို႔မရွိေပ။ ေရခ်ိဳးခန္းထဲ စုစုေပါင္း 15 မိနစ္ေနဖို႔လိုၿပီး ေရထဲ တစ္မိနစ္ငုပ္ဖို႔လိုသည္။ ဒီ 15 မိနစ္အတြင္း တစ္ခုခုလည္း ျဖစ္ေပၚလာႏိုင္သည္။ ဒီခက္ခဲတဲ့မစ္ရွင္၂ခုလံုးက ေရခ်ိဳးခန္းထဲမွာခ်ည္းျဖစ္ၿပီး ခုဟာက စကၠန္႔ ၆၀ အသက္ေအာင့္ထားရမည္။

Chen Ge က မစ္ရွင္ကိုေဆာင္ရြက္ဖို႔ အေသးစိတ္စဥ္းစားေနသည္။ ႀကိဳတင္ျပင္ဆင္ခ်ိန္ အပါအဝင္ အမ်ားဆံုး 15 မိနစ္လိုမည္။ 'ေသျခင္းႏွင့္ရွင္ျခင္းၾကားမ်ဥ္းကို ေက်ာ္ျဖတ္ၿပီး ေသသူကို ျမင္ခြင့္ရွိသည္' ဆိုသည့္စကားက သူ႔ကို ပိုၿပီးစိတ္ဝင္စားေစသည္။ တကယ္ေတာ့ Chen Ge က ဖိအားၾကားတြင္ စိတ္ပိုတည္ၿငိမ္လာၿပီး ျဖစ္ႏိုင္ေခ်မ်ားကို ထိုင္စဥ္းစားေနသည္။ သူ႔မိဘမ်ားက နယ္ဘက္က စြန္႔ပစ္ေဆး႐ံုေဟာင္းတစ္ခုမွာ ေပ်ာက္ကြယ္သြားၿပီး သူ႔အတြက္ ဖုန္းအနက္တစ္လံုးႏွင့္ အ႐ုပ္တစ္ခုကိုသာ ခ်န္ထားခဲ့သည္။ သရဲအိမ္ပိတ္ရေတာ့မည့္အခ်ိန္မွာ ဖုန္းအနက္ကပြင့္လာၿပီး ပထမဆံုး ခက္ခဲတဲ့မစ္ရွင္မွာ အ႐ုပ္က သူ႔အသက္ကို ကယ္ခဲ့သည္။ ဒီဖုန္းႏွင့္အ႐ုပ္က သူ႔မိဘေတြ သူတို႔ရွိရာကိုသိရွိေစဖို႔ သဲလြန္စအျဖစ္ ထားခဲ့တာလားလို႔ သူေတြးေနမိသည္။ ဒီဟာသာ တကယ္ဆိုရင္ ခက္ခဲတဲ့မစ္ရွင္က စိတ္ဝင္စားစရာေပပဲ။

သူတို႔က ဒီဖုန္းထဲက သတင္းအခ်က္အလက္ေတြကတစ္ဆင့္ သူ႔ကိုဆက္သြယ္ဖို႔ ႀကိဳးစားေနတာျဖစ္ႏိုင္သည္။ တကယ္လို႔ ခက္ခဲတဲ့မစ္ရွင္ေတြက သူ႔မိဘေတြစီစဥ္ထားတာမဟုတ္ရင္ေတာင္ Chen Ge က ဒီဟာကို ေဆာင္ရြက္မွာျဖစ္သည္။ ေသျခင္းႏွင့္ရွင္ျခင္းမ်ဥ္းကိုျဖတ္ၿပီး ေသဆံုးသူကို ေတြ႕ႏိုင္လိမ့္မည္။ Chen Ge အတြက္ သူ႔မိဘေတြ ေသဆံုးသြားၿပီလားဆိုတာ ဒီဟာနဲ႔ အတည္ျပဳလို႔ရပါလိမ့္မည္။ မိဘေတြကို မေတြ႕ရလွ်င္ ေပ်ာက္ဆံုးေနဆဲျဖစ္ၿပီး ေတြ႕ခြင့္ရလွ်င္ ေသဆံုးၿပီဆုိတာ သိႏိုင္လိမ့္မည္။ ဒါဆိုရင္ သူ႔မိဘေတြက တမလြန္ကေန သူ႔ကို သတင္းအခ်က္အလက္ေပးခ်င္လို႔ ဖုန္းအနက္ကို ခ်န္ထားတယ္ဆုိတာ အတည္ျပဳႏိုင္လိမ့္မည္။

"ငါ့မွာ ေရြးခ်ယ္စရာ မရွိေတာ့ဘူး.."

Chen Ge နာရီၾကည့္လိုက္ေတာ့ 2:55 am။ မစ္ရွင္စတင္ဖို႔ အခ်ိန္ 35 မိနစ္သာ လိုေတာ့သည္။ သူက မွန္ထဲက မေကာင္းဆိုးဝါးကို ႏွိမ္နင္းစရာလိုေသးလို႔ အခ်ိန္ျဖဳန္းလို႔မျဖစ္ေပ။ ဒါေၾကာင့္ တတိယထပ္ကို အျမန္သြားရမည္။

အခု သူလိုေနတာက ေရျပည့္ေနေသာ ေရခ်ိဳးဇလံုတစ္ခု ျဖစ္သည္။ ဒီေရခ်ိဳးဇလံုက တတိယထပ္က သန္းေခါင္ယံည လူသတ္သမားအခန္းမွာပဲ ရွိသည္။ ဒီေရခ်ိဳးခန္းကို ဝန္ထမ္းသြားသည့္လမ္းေၾကာင္းႏွင့္ ခ်ိတ္ဆက္ထားၿပီး He San တို႔ကို ဒီအေပါက္ကေန သူ သယ္ထုတ္ခဲ့ျခင္းျဖစ္သည္။ အခ်ိန္ 35 မိနစ္အတြင္း အနီးက Hotel တစ္ခုရဲ့ ေရခ်ိဳးဇလံုကို သြားသံုးဖို႔လည္း အခ်ိန္မေလာက္ေတာ့ေပ။ ဒါေၾကာင့္ မေကာင္းဆိုးဝါးေကာင္ရဲ့ နယ္ေျမထဲမွာပဲ လုပ္ရေတာ့မည္။

ဒီလိုဆံုးျဖတ္ၿပီး Chen Ge က အ႐ုပ္ေလးခုကို တစ္ခါတည္းသယ္ၿပီး ပန္းၿခံစားေသာက္ခန္းက မီးဖိုဘက္ ထြက္လာသည္။ မီးဖိုေခ်ာင္ကဓားေတြက သိုးေတြသတ္ဖို႔မသံုးခဲ့ေပမယ့္ ၾကက္၊ ငါးတို႔ကို ခုတ္ထစ္ရာမွာသံုးတာဆိုေတာ့ ေသခ်ာေပါက္ ေသြးတို႔စြန္းထင္းေနမွာ ေသခ်ာသည္။ Chen Ge က ဓားသြားကို ႐ွဴၾကည့္ေတာ့ ၾကက္သြန္နံ႔ႏွင့္ င႐ုပ္သီးနံ႔တို႔ပဲရလို႔ မႊန္သြားၿပီး မ်က္ရည္က်လာသည္။ ဓားကိုယူလာၿပီး Chen Ge က ေရခ်ိဳးခန္းအတုထဲက ေရခ်ိဳးဇလံုထဲ ဝန္ထမ္းလမ္းေၾကာင္းကတစ္ဆင့္ ေရပံုးျဖင့္ေရဆြဲကာ ေရျပည့္ေအာင္ျဖည့္လိုက္သည္။ ေရျဖည့္ၿပီးေတာ့ မစ္ရွင္စဖို႔ 10 မိနစ္သာလိုေတာ့သည္။ အားလံုးစလုပ္ဖို႔ အဆင္သင့္ျဖစ္ေလၿပီ။

သန္းေခါင္ယံည လူသတ္သမားအခန္းသို႔ ဝန္ထမ္းလမ္းေၾကာင္းမွတစ္ဆင့္ ဝင္ေရာက္ကာ ဖုန္းအမည္းထဲက ညႊန္ၾကားခ်က္အတိုင္း ေရခ်ိဳးခန္းထဲ ထိုင္ေစာင့္ေနသည္။ ေရခ်ိဳးခန္းထဲက မွန္ကို Chen Ge က ခြဲထားၿပီးျဖစ္ၿပီး သူ႔ေျခသံကပဲ ဒီအခန္းထဲ ျမည္ေနသည္။ ေရကိုသယ္လာစဥ္ ေျခသံထြက္ေနေသာေၾကာင့္ မွန္ထဲကမေကာင္းဆိုးဝါးက သူေရာက္ေနတာသိေလာက္သည္။ ဒါက အေရးမႀကီးေပ။ ေရထဲ တစ္မိနစ္ အသက္ေအာင့္ႏိုင္႐ံုႏွင့္ အရာအားလံုး အဆင္ေျပသြားလိမ့္မည္။ Chen Ge အျပင္ကၾကည့္ရင္ ဒီ mission က ႐ႈပ္ေပမယ့္ အႏၱရာယ္သိပ္ႀကီးမယ့္ပံု မေပၚေပ။

သူက ေရခ်ိဳးခန္းတံခါးကို ေသာ့ခတ္ၿပီး မိဘေတြခ်န္ထားေပးသည့္အ႐ုပ္ကို တံခါးေနာက္မွာ ခ်န္ထားသည္။ ၿပီးေတာ့ ေရခ်ိဳးေၾကြဇလံု ေဘးပတ္လည္မွာ Fu An တိုက္ခန္းက မကၽြတ္လြတ္တဲ့ ဝိညာဥ္ေတြဝင္ထားတဲ့ အ႐ုပ္ေလးခုကို ခ်ထားလိုက္သည္။ မီးကိုမွိတ္ၿပီး ဖေယာင္းတိုင္ကိုထြန္းလိုက္သည္။

"အားလံုး ငါ မင္းတို႔အကူအညီကုိ လိုအပ္ေနတယ္.. ငါ့ကို တစ္မိနစ္စာေလာက္ ေတာင့္ခံၿပီး ကူေပးၾကပါ.."

ခါတိုင္းလိုပဲ သူက phone recording လုပ္ၿပီး စင္ေပၚမွာ တင္ထားလိုက္သည္။ အခန္းကေမွာင္လို႔ လူရိပ္မည္းမည္းကလြဲၿပီး ဘာမွ ထင္ထင္ရွားရွားမျမင္ရေပ။ 3 မိနစ္ပဲလိုခ်ိန္မွာ Chen Ge က အိတ္ကပ္ထဲကပစၥည္းကို ေဘစင္ေဘးကစင္မွာ တင္ထားလိုက္သည္။ အခန္းထဲ ဖေယာင္းတိုင္က အလင္းေရာင္ပဲ ရွိေနၿပီး သူ႔မ်က္ႏွာက ၾကမ္းျပင္ေပၚက်ေနသည့္ မွန္ကြဲေတြမွာ ထင္ဟပ္ေနတာ ေတြ႕လိုက္ရသည္။ သူက ရွပ္အက်ႌကိုခၽြတ္ၿပီး ေရခ်ိဳးဇလံုနားကို ေလွ်ာက္လာခဲ့သည္။ ဇလံုက တိမ္ေပမယ့္ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ ေအာက္ေျခကို မျမင္ရေပ။ သူ႔လက္နဲ႔ ေရကိုထိလိုက္ေတာ့ ေရက ေအးစက္ေနၿပီး တစ္ကိုယ္လံုး ၾကက္သီးေမႊးညင္းပင္ ထသြားသည္။

ဒီမစ္ရွင္က ေသခ်ာေပါက္ ထူးဆန္းေနသည္။

Chen Ge က နာရီကို ေနာက္ဆံုးတစ္ေခါက္ၾကည့္ၿပီး ဓားႏွစ္လက္ကိုဆုပ္ကိုင္ကာ ေရကန္ေလးထဲ ဝင္ထိုင္လိုက္သည္။ ေရကလွ်ံက်ၿပီး ၾကမ္းျပင္ေပၚက မွန္အပိုင္းအစေတြေပၚ လႊမ္းသြားခဲ့သည္။

"Fuck.. ေအးလိုက္တာဟ.."

Chen Ge ရဲ့ကိုယ္အပူခ်ိန္ က်ဆင္းလာၿပီး ႏွလံုးခုန္ႏႈန္း ေႏွးလာသည္။ အခန္းထဲ ေရဇလံုထဲမွ ေရက်သံကလြဲလို႔ ဘာသံမွမရွိေပ။

"တစ္မိနစ္တည္းပါပဲ.. ဒီတစ္မိနစ္ကို ေအာင့္ႏိုင္ရင္ ငါ ဆုလာဘ္ရၿပီး ရင္ထဲကေမးခြန္းရဲ့ အေျဖကိုလည္း ရလာလိမ့္မယ္.."

သူ စိတ္လႈပ္ရွားတာထိန္းၿပီး 3:44 မိနစ္ေရာက္ဖို႔ သည္းခံေစာင့္ေနသည္။
====================

Chapter (41) – အသက်အောင့်ထားပါ

>>ဝိညာဉ်များ၏နှစ်သက်မှု - သင့်ရဲ့သတ္တိကို လေးစားနေကြသည်။ ခက်ခဲတဲ့မစ်ရှင်က စမ်းသပ်မှုနှင့် ဆုလာဘ် ၂မျိုးလုံးပါသည်။ ဒီ game ရဲ့အမည်က 'နက်ရှိုင်းသောရေ' ဖြစ်သည်။ ဒီနေရာက ရှင်ခြင်းသေခြင်းမျဉ်းကိုဖြတ်ပြီး သေဆုံးပြီးသူများကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုရှိသည်။<<

>>မစ်ရှင်လုပ်ဆောင်ရန် - မနက် 3:30am မှာ ရေချိုးခန်းထဲ တစ်ယောက်တည်းဝင်ပါ။ တံခါးကိုသော့ခတ်ပြီး မီးမှိတ်လိုက်ပါ။ ရေချိုးဇလုံထဲ ရေဖြည့်ပြီး ဘောင်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းထားပါ။ မနက် 3:30 နှင့် 3:40 ကြားသည် ယင်ဓာတ်အမြင့်ဆုံးအချိန်ဖြစ်ပြီး ယင်နှင့်ယန် ပြောင်းလဲသည့်အချိန်ဖြစ်သည်။ 3:44 မိနစ်မှာ အသက်အောင့်ပြီး ရေဇလုံထဲငုပ်လိုက်ပြီး ကိုယ်တွေ့ချင်သူရဲ့အမည်ကို စိတ်ထဲမှ ရေရွတ်လိုက်ပါ။<<

>>အလင်းနဲ့အမှောင် စပ်ကြားကာလမှာ သေဆုံးပြီးသားလူကို မြင်နိုင်ပါလိမ့်မည်။ တစ်ယောက်ယောက်ကိုတွေ့လျှင် mission ပြီးဆုံးသလို ဘယ်သူ့ကိုမှမတွေ့လည်း အချိန် 60 စက္ကန့်ပြည့်လျှင် မစ်ရှင်ပြီးဆုံးသည်။<<

ဒီမစ်ရှင်လုပ်ဖို့ ဖော်ပြချက်ကိုဖတ်ပြီး Chen Ge စိတ်ရှုပ်ထွေးနေသည်။ ပထမဆုံး သူလုပ်တဲ့ ခက်ခဲတဲ့မစ်ရှင်နဲ့စာရင် ဒီဟာက ရိုးရှင်းလွယ်ကူနေသလိုပင်။ အမှောင်ထဲ တစ်ယောက်တည်း မိနစ် ၃၀ မျက်စိမှိတ်နေတာနှင့် တစ်မိနစ်ရေငုပ်တာ၊ ရေငုပ်တာက ပိုသက်သာပြီး လူတိုင်းလုပ်နိုင်သလိုပင်။ ဒါပေမယ့် အရင်အတွေ့အကြုံအရ ခက်ခဲတဲ့မစ်ရှင်တိုင်းက ရိုးရှင်းတယ်လို့မရှိပေ။ ရေချိုးခန်းထဲ စုစုပေါင်း 15 မိနစ်နေဖို့လိုပြီး ရေထဲ တစ်မိနစ်ငုပ်ဖို့လိုသည်။ ဒီ 15 မိနစ်အတွင်း တစ်ခုခုလည်း ဖြစ်ပေါ်လာနိုင်သည်။ ဒီခက်ခဲတဲ့မစ်ရှင်၂ခုလုံးက ရေချိုးခန်းထဲမှာချည်းဖြစ်ပြီး ခုဟာက စက္ကန့် ၆၀ အသက်အောင့်ထားရမည်။

Chen Ge က မစ်ရှင်ကိုဆောင်ရွက်ဖို့ အသေးစိတ်စဉ်းစားနေသည်။ ကြိုတင်ပြင်ဆင်ချိန် အပါအဝင် အများဆုံး 15 မိနစ်လိုမည်။ 'သေခြင်းနှင့်ရှင်ခြင်းကြားမျဉ်းကို ကျော်ဖြတ်ပြီး သေသူကို မြင်ခွင့်ရှိသည်' ဆိုသည့်စကားက သူ့ကို ပိုပြီးစိတ်ဝင်စားစေသည်။ တကယ်တော့ Chen Ge က ဖိအားကြားတွင် စိတ်ပိုတည်ငြိမ်လာပြီး ဖြစ်နိုင်ချေများကို ထိုင်စဉ်းစားနေသည်။ သူ့မိဘများက နယ်ဘက်က စွန့်ပစ်ဆေးရုံဟောင်းတစ်ခုမှာ ပျောက်ကွယ်သွားပြီး သူ့အတွက် ဖုန်းအနက်တစ်လုံးနှင့် အရုပ်တစ်ခုကိုသာ ချန်ထားခဲ့သည်။ သရဲအိမ်ပိတ်ရတော့မည့်အချိန်မှာ ဖုန်းအနက်ကပွင့်လာပြီး ပထမဆုံး ခက်ခဲတဲ့မစ်ရှင်မှာ အရုပ်က သူ့အသက်ကို ကယ်ခဲ့သည်။ ဒီဖုန်းနှင့်အရုပ်က သူ့မိဘတွေ သူတို့ရှိရာကိုသိရှိစေဖို့ သဲလွန်စအဖြစ် ထားခဲ့တာလားလို့ သူတွေးနေမိသည်။ ဒီဟာသာ တကယ်ဆိုရင် ခက်ခဲတဲ့မစ်ရှင်က စိတ်ဝင်စားစရာပေပဲ။

သူတို့က ဒီဖုန်းထဲက သတင်းအချက်အလက်တွေကတစ်ဆင့် သူ့ကိုဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်နိုင်သည်။ တကယ်လို့ ခက်ခဲတဲ့မစ်ရှင်တွေက သူ့မိဘတွေစီစဉ်ထားတာမဟုတ်ရင်တောင် Chen Ge က ဒီဟာကို ဆောင်ရွက်မှာဖြစ်သည်။ သေခြင်းနှင့်ရှင်ခြင်းမျဉ်းကိုဖြတ်ပြီး သေဆုံးသူကို တွေ့နိုင်လိမ့်မည်။ Chen Ge အတွက် သူ့မိဘတွေ သေဆုံးသွားပြီလားဆိုတာ ဒီဟာနဲ့ အတည်ပြုလို့ရပါလိမ့်မည်။ မိဘတွေကို မတွေ့ရလျှင် ပျောက်ဆုံးနေဆဲဖြစ်ပြီး တွေ့ခွင့်ရလျှင် သေဆုံးပြီဆိုတာ သိနိုင်လိမ့်မည်။ ဒါဆိုရင် သူ့မိဘတွေက တမလွန်ကနေ သူ့ကို သတင်းအချက်အလက်ပေးချင်လို့ ဖုန်းအနက်ကို ချန်ထားတယ်ဆိုတာ အတည်ပြုနိုင်လိမ့်မည်။

"ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး.."

Chen Ge နာရီကြည့်လိုက်တော့ 2:55 am။ မစ်ရှင်စတင်ဖို့ အချိန် 35 မိနစ်သာ လိုတော့သည်။ သူက မှန်ထဲက မကောင်းဆိုးဝါးကို နှိမ်နင်းစရာလိုသေးလို့ အချိန်ဖြုန်းလို့မဖြစ်ပေ။ ဒါကြောင့် တတိယထပ်ကို အမြန်သွားရမည်။

အခု သူလိုနေတာက ရေပြည့်နေသော ရေချိုးဇလုံတစ်ခု ဖြစ်သည်။ ဒီရေချိုးဇလုံက တတိယထပ်က သန်းခေါင်ယံည လူသတ်သမားအခန်းမှာပဲ ရှိသည်။ ဒီရေချိုးခန်းကို ဝန်ထမ်းသွားသည့်လမ်းကြောင်းနှင့် ချိတ်ဆက်ထားပြီး He San တို့ကို ဒီအပေါက်ကနေ သူ သယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ အချိန် 35 မိနစ်အတွင်း အနီးက Hotel တစ်ခုရဲ့ ရေချိုးဇလုံကို သွားသုံးဖို့လည်း အချိန်မလောက်တော့ပေ။ ဒါကြောင့် မကောင်းဆိုးဝါးကောင်ရဲ့ နယ်မြေထဲမှာပဲ လုပ်ရတော့မည်။

ဒီလိုဆုံးဖြတ်ပြီး Chen Ge က အရုပ်လေးခုကို တစ်ခါတည်းသယ်ပြီး ပန်းခြံစားသောက်ခန်းက မီးဖိုဘက် ထွက်လာသည်။ မီးဖိုချောင်ကဓားတွေက သိုးတွေသတ်ဖို့မသုံးခဲ့ပေမယ့် ကြက်၊ ငါးတို့ကို ခုတ်ထစ်ရာမှာသုံးတာဆိုတော့ သေချာပေါက် သွေးတို့စွန်းထင်းနေမှာ သေချာသည်။ Chen Ge က ဓားသွားကို ရှူကြည့်တော့ ကြက်သွန်နံ့နှင့် ငရုပ်သီးနံ့တို့ပဲရလို့ မွှန်သွားပြီး မျက်ရည်ကျလာသည်။ ဓားကိုယူလာပြီး Chen Ge က ရေချိုးခန်းအတုထဲက ရေချိုးဇလုံထဲ ဝန်ထမ်းလမ်းကြောင်းကတစ်ဆင့် ရေပုံးဖြင့်ရေဆွဲကာ ရေပြည့်အောင်ဖြည့်လိုက်သည်။ ရေဖြည့်ပြီးတော့ မစ်ရှင်စဖို့ 10 မိနစ်သာလိုတော့သည်။ အားလုံးစလုပ်ဖို့ အဆင်သင့်ဖြစ်လေပြီ။

သန်းခေါင်ယံည လူသတ်သမားအခန်းသို့ ဝန်ထမ်းလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ဖုန်းအမည်းထဲက ညွှန်ကြားချက်အတိုင်း ရေချိုးခန်းထဲ ထိုင်စောင့်နေသည်။ ရေချိုးခန်းထဲက မှန်ကို Chen Ge က ခွဲထားပြီးဖြစ်ပြီး သူ့ခြေသံကပဲ ဒီအခန်းထဲ မြည်နေသည်။ ရေကိုသယ်လာစဉ် ခြေသံထွက်နေသောကြောင့် မှန်ထဲကမကောင်းဆိုးဝါးက သူရောက်နေတာသိလောက်သည်။ ဒါက အရေးမကြီးပေ။ ရေထဲ တစ်မိနစ် အသက်အောင့်နိုင်ရုံနှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ Chen Ge အပြင်ကကြည့်ရင် ဒီ mission က ရှုပ်ပေမယ့် အန္တရာယ်သိပ်ကြီးမယ့်ပုံ မပေါ်ပေ။

သူက ရေချိုးခန်းတံခါးကို သော့ခတ်ပြီး မိဘတွေချန်ထားပေးသည့်အရုပ်ကို တံခါးနောက်မှာ ချန်ထားသည်။ ပြီးတော့ ရေချိုးကြွေဇလုံ ဘေးပတ်လည်မှာ Fu An တိုက်ခန်းက မကျွတ်လွတ်တဲ့ ဝိညာဉ်တွေဝင်ထားတဲ့ အရုပ်လေးခုကို ချထားလိုက်သည်။ မီးကိုမှိတ်ပြီး ဖယောင်းတိုင်ကိုထွန်းလိုက်သည်။

"အားလုံး ငါ မင်းတို့အကူအညီကို လိုအပ်နေတယ်.. ငါ့ကို တစ်မိနစ်စာလောက် တောင့်ခံပြီး ကူပေးကြပါ.."

ခါတိုင်းလိုပဲ သူက phone recording လုပ်ပြီး စင်ပေါ်မှာ တင်ထားလိုက်သည်။ အခန်းကမှောင်လို့ လူရိပ်မည်းမည်းကလွဲပြီး ဘာမှ ထင်ထင်ရှားရှားမမြင်ရပေ။ 3 မိနစ်ပဲလိုချိန်မှာ Chen Ge က အိတ်ကပ်ထဲကပစ္စည်းကို ဘေစင်ဘေးကစင်မှာ တင်ထားလိုက်သည်။ အခန်းထဲ ဖယောင်းတိုင်က အလင်းရောင်ပဲ ရှိနေပြီး သူ့မျက်နှာက ကြမ်းပြင်ပေါ်ကျနေသည့် မှန်ကွဲတွေမှာ ထင်ဟပ်နေတာ တွေ့လိုက်ရသည်။ သူက ရှပ်အင်္ကျီကိုချွတ်ပြီး ရေချိုးဇလုံနားကို လျှောက်လာခဲ့သည်။ ဇလုံက တိမ်ပေမယ့် ဖယောင်းတိုင်မီးရောင်အောက်တွင် အောက်ခြေကို မမြင်ရပေ။ သူ့လက်နဲ့ ရေကိုထိလိုက်တော့ ရေက အေးစက်နေပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းပင် ထသွားသည်။

ဒီမစ်ရှင်က သေချာပေါက် ထူးဆန်းနေသည်။

Chen Ge က နာရီကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီး ဓားနှစ်လက်ကိုဆုပ်ကိုင်ကာ ရေကန်လေးထဲ ဝင်ထိုင်လိုက်သည်။ ရေကလျှံကျပြီး ကြမ်းပြင်ပေါ်က မှန်အပိုင်းအစတွေပေါ် လွှမ်းသွားခဲ့သည်။

"Fuck.. အေးလိုက်တာဟ.."

Chen Ge ရဲ့ကိုယ်အပူချိန် ကျဆင်းလာပြီး နှလုံးခုန်နှုန်း နှေးလာသည်။ အခန်းထဲ ရေဇလုံထဲမှ ရေကျသံကလွဲလို့ ဘာသံမှမရှိပေ။

"တစ်မိနစ်တည်းပါပဲ.. ဒီတစ်မိနစ်ကို အောင့်နိုင်ရင် ငါ ဆုလာဘ်ရပြီး ရင်ထဲကမေးခွန်းရဲ့ အဖြေကိုလည်း ရလာလိမ့်မယ်.."

သူ စိတ်လှုပ်ရှားတာထိန်းပြီး 3:44 မိနစ်ရောက်ဖို့ သည်းခံစောင့်နေသည်။
====================


Continue Reading

You'll Also Like

217K 46.1K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
1M 231K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
22.2K 1.8K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
115K 12.9K 143
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...