Me and My Suspicious Partner(...

By HninAung913

39.9K 4.2K 463

Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန... More

Part 1 ( အမည်ပေးခြင်း)
Part 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Part 3 (စည်းကမ်းဖောက်မိပြီ)
Part 4 (ပြဿနာကို ဗုံးဖောက်ရှာ)
Part 5 ( ခွေးသူခိုး)
Part 6 ( PaPaPa ကဘာကြီးလဲ)
part 7 (မျက်နှာမြင် သတ်ချင်)
Part 8 ( ထမင်းအလကားမကျွေးပါ)
Part 9 (နှုတ်ဆက်ရတော့မယ်)
Part 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Part 12 ( လင်နောက်လိုက်ခြင်း)
Part 13 (တောသားမြို့တက်)
Part 14 (စားပြီးနားမလည် ၀ါးပြီးမြိုချ)
Part 15 (လက်စားချေခြင်း အနုပညာ)
Part 16 ( ငါတို့က ချစ်သူတွေ)
Part 17 ( သူ....ရက်စက်တယ်)
Part 18 (ခွင့်မလွှတ်နိုင်)
Part 19 (တစ်ခန်းရပ်ပြဇာတ်)
Part 20 (ကိုယ့်လမ်းကိုယ်လျှောက်ချိန်)
Part 21 ( ကိုယ်မင်းကိုချစ်တယ်) ဇာတ်သိမ်းပိုင်း
Art

Part 11 (၀မ်းကွဲအကိုကတော့ လုပ်ပြီ)

1K 164 11
By HninAung913

"မလိုက်ရပါဘူး။"

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် နှစ်ဦးသား ထိုအသံလာရာသိူ့လှမ်းကြည့်မိသည်။ သေချာသည်ကတော့ လူနှစ်ယောက်က သူတိူ့အားရပ်ကြည့်နေလေ၏။ တယောက်ကအတော်လေးကို ဝပုံပေါ်သည်။ သူ၏ကိုယ်ခန္တာက အတော်လေးကိုဖောင်းကားနေလေ၏။ နောက်တစ်ယောက်ကမူ ပိန်ပိန်သွယ်သွယ် အရပ်ခပ်ရှည်ရှည်နှင့်ပင် ထို လူဝကြီး၏နောက်မှ လက်ပိုက်ကာ မတ်တပ်ရပ်နေသည်။

ချီရုန်က ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"အော့...ဝမ်းကွဲအကို။ မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့။ "

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကြီးကို ထမ်းလျက်ပင် သူတို့ရှိရာသို့ ဒုန်းဆိုင်းရောက်လာသည်။ နောက်တွင် ဟွားချန်ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာလေ၏။  ရှဲ့လျန်က ချီရုန်တို့ နှစ်ဦးရှေ့နားသို့ရောက်လေတော့ သူ၏ အမှိုက်အိတ်အား ဘေးတွင်အသာချကာ နှစ်ချက်ခန့်ပုတ်လိုက်သည်။

"ရတယ် ကိုကို။ ကျွန်တော်ကြည့်ထားလိုက်မယ်။"

ဟွားချန်က ထိုအမှိုက်အိတ်ဘေးတွင် ရပ်လိုက်ရင်းဆိုသည်။ ထိုအခါရှဲ့လျန်က ဟွားချန်အားပြုံးပြကာ

"အဟမ်း...အွန်း ကောင်းပြီ စန်းလန်။ ကျေးဇူးနော်။"

ချီရုန်နှင့် ကျွင်းဝူကသူတိူ့နှစ်ဦးအားကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေကြသည်။ ဒီအမှိုက်ထုပ်အား အဘယ်ကြောင့် ဤမျှလောက်ဥစ္စာခြောက်နေမှန်း ချီရုန်တစ်ယောက် တွေးကြည့်လို့ပင်မရနိုင်ချေ။ တစ်နေ့တော့ ကျွင်းဝူကိုမေးဖြစ်အောင်မေးကြည့်ပြီး သူပဲ ဉာဏ်မမှီတာလား။ သူ့တစ်ဝမ်းကွဲအကိုကပဲ ကျပ်မပြည့်တာလား ဆိုသည်ကိုစစ်​ဆေးရလိမ့်မည်။

သူ၏တပည့်များကလည်း သူနှင့်ဉာဏ်ရည်တူများဖြစ်တာကြောင့်တစ်ယောက်မှအဖြေသိကြမှာမဟုတ်။ ဟွားချန်က အစဦးကတည်းကပင် ကြောင်တောင်တောင်ဖြစ်နေသည့်အပြင် ယခုသူ့အကိုတစ်ဝမ်းကွဲကိုပါ သဘောကျနေသည့်အတွက် ဟွားချန်သည်လည်း ကောင်းကိုကောင်းလာလိမ့်တော့မည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ယခုအချိန်တွင် အားလုံးထဲ၌ အတော်ဆုံးသည် မိမိရှေ့ရှိ ကျွင်းဝူသာရှိလိမ့်မည်။

"ဒီကိစ္စက ဧကရာဇ်အထိတင်ပြဖို့လိုပါ့မလား။"

ချီရုန်က ကျွင်းဝူကိုမော့ကြည့်လျက်အသာရေရွတ်လိုက်သည်။ ကျွင်းဝူက အမှိုက်ထုပ်ဖြင့်အလုပ်ရှုပ်နေသော ရှဲ့လျန်တို့ကိုကြည့်နေရင်းမှ ချီရုန်၏စကားကြောင့် ချီရုန်ကိုပြန်ကြည့်လာသည်။

"ဗျာ!!!!"

"ဘာမှမဟုတ်ပါဘူး။"

ချီရုန်ကခေါင်းပြန်ငုံလိုက်သည်။

"ချီရုန်။ ငါပြောမယ်။ မင်းသူနဲ့လိုက်မသွားရဘူးနော်။ "

ရှဲ့လျန်က သူ၏ အထုပ်နေရာအတည်အကျဖြစ်လေတော့ ခါးနှစ်ဖက်ထောက်ကာ ချီရုန်ကိုပြောလေသည်။ ချီရုန်က ရှဲ့လျန်ကိုကြည့်လိုက်ပြီး

"ဘာလို့လဲ။ မင်းကျ သူနဲ့လျှောက်သွားနေပြီး ငါကျဘာလို့ မရတာလဲ။"

ချီရုန်ကရှဲ့လျန် ဘေးရှိဟွားချန်ကိုမေးမော့ပြရင်းဆိုသည်။ ရှဲ့လျန်က ဟွားချန်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ချီရုန်ဘက်သို့ပြန်လှည့်ကာ

"ချီရုန် မင်းကိုယ့်အကိုကိုပြန်ပြောနေတာလား။ ငါမင်းကို စောင့်ရှောက်ပေးဖို့ မင်းမိဘတွေကို ကတိပေးခဲ့ပြီးသား။ မင်းအန္တာရာယ်ဖြစ်စေမဲ့အရာမှန်သမျှငါပေးမလုပ်ဘူး။ နန်းတော်ဆိုတာကမင်းအတွက် အန္တာရာယ်များတယ်။ မသွားရဘူး။"

"မင်းဘယ်လိုသိလဲ။"

"......."

ချီရုန်မေးလိုက်သည့် စကားကို ရှဲ့လျန်ကအဖြေမပေးနိုင်ပဲ ရပ်တန့်ကာသွားသည်။ ချီရုန်ကဆက်ပြောလာလေ၏။

"မင်းမရောက်ဖူးပဲ ဘယ်လိုသိလဲလို့။ မင်းရောက်ဖူးလို့လား။"

"ငါ....."

ရှဲ့လျန်က ချီရုန်ကိုအကြောင်းပြချက်တစ်ခုခုပေးရန်ရှာဖွေနေပုံရသည်။ သူ၏မျက်ဆံများက ဟိုသည်ပြေးလွှားနေလေ၏။ ဟွားချန်ကတော့ မည်သည့်တစ်ခွန်းမျှ ဝင်မပါပဲရှဲ့လျန်၏ဘေးတွင်သာ သူတို့ကိုလက်ပိုက်ကြည့်နေသည်။ ရှဲ့လျန်က နောက်ဆုံးသူ၏ အကြည့်ကို ကျွင်းဝူဆီတွင်ဂိတ်ဆုံးစေလိုက်ကာဆိုသည်။

" သူ့ကိုခေါ်သွားလို့မရဘူး။ မင်းသာ အခုလက်ရှိဧကရာဇ်ဆိုတာမှန်ရင် ဒီကနေအခုထွက်သွား။ ဒီနေရာ၊ ဒီတောထဲကနေထွက်သွား။ သူ့ကိုတကယ်သဘောကျတယ်ဆိုရင် ပြန်မလာခဲ့နဲ့။ သူနဲ့ဘယ်တော့မှ လာမတွေ့နဲ့။သူနဲ့ဝေးဝေးမှာနေ။"

ရှဲ့လျန်က ပြတ်သားလွန်းသည့်စကားကိုပြောလိုက်ပြီးသည့်နောက်တွင် ချီရုန်၏လက်တစ်ဖက်ကိုဆောင့်ဆွဲကာ သူ့နောက်ဘက်သို့ခေါ်လိုက်သည်။ ချီရုန်က မျက်လုံးအဝိုင်းသားနှင့်ပင် ရှဲ့လျန်နောက်သို့ ပါလာလေ၏။

"ဘာလုပ်တာလဲ။ ဘာလို့အဲ့လိုတွေပြောနေတာလဲ။"

ချီရုန်က ရှဲ့လျန်အနောက်မှနေ၍ ပြောလေသည်။ ရှဲ့လျန်က နော​က်သို့အနည်းငယ်စောင်းကာ ချီရုန်ကို ကြည့်လိုက်ပြီး တိတ်တိတ်နေရန်အချက်ပြသည်။ ချီရုန်က မျက်နှာလွှဲလိုက်ပြီးနောက် ရှဲ့လျန်၏အနောက်မှ ပြန်ထွက်ရန်ပြင်လေတော့ ဟွားချန်က ချီရုန်၏ပုခုံးမှနေ၍ ဖိကိုင်ထားသည်။

"မင်းတို့နှစ်ယောက်ပေါင်းပြီး ဘာလို့ ငါ့ကိုအနိုင်ကျင့်နေတာလဲ။ အရင်ကတစ်ယောက်တည်းလေ အခုနှစ်ယောက်တဲ့လား။"

ရှဲ့လျန်က ချီရုန်အား ဟွားချန်လက်ထဲသို့အပ်လိုက်ပြီးနောက် မည်သည့်စကားတစ်ခွန်းမျှ ဟမလာသည့် ကျွင်းဝူကိုကြည့်လိုက်သည်။

"စခန်းနေရာကိုပြန်လာစရာမလိုတော့ဘူး။ ငါမင်းရဲ့လူတွေကို ဒီနေရာကိုလွှတ်လိုက်မယ်။ တစ်ခါတည်း မင်းရဲ့နေရာကိုပြန်လိုက်တော့။နောက်ထပ် ဒီကိုထပ်မလာပါနဲ့။ မင်းနဲ့သူနဲ့က မဖြစ်နိုင်ဘူး။"

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကိုပြန်ထမ်းလိုက်သည်။ ပုခုံးကိုလက်ဖြင့်ဆုပ်ကိုင်ကာ အထိန်းခံထားရသော ချီရုန်က တစ်ကိုယ်လုံးလှုပ်ရှားရုန်းကန်နေလေ၏။ သို့သော်လည်း ဟွားချန်က သူ၏ နောက်လက်တစ်ဖက်ဖြင့်ပင် ချီရုန်၏ လက်နှစ်ဖက်စလုံးကိုနောက်ဘက်သို့စုကာ ဖမ်းကိုင်ပစ်လိုက်သည်။ သုံးယောက်သား လှည့်ထွက်ရန်ပြင်လေတော့ ကျွင်းဝူက

"ကျွန်တော့်ကိုလည်း အကြောင်းပြချက်တစ်ခုခုပေးလေ။ ဘာလို့ ကျွန်တော်နဲ့သူနဲ့မဖြစ်နိုင်ရတာလဲဆိုတာကို။"

တဖက်သိူ့လှည့်ထွက်သွားပြီဖြစ်သော ရှဲ့လျန်တို့သုံးယောက်လုံးက ကျွင်းဝူ၏အေးစက်စက်အသံကြောင့် ပြန်လှည့်ကြည့်လာသည်။ ရှဲ့လျန်က သက်ပြင်းချလိုက်ပြီးနောက် ဟွားချန်ကိုကြည့်ကာ

"စန်းလန်။ ချီရုန်ကို အရင်ခေါ်သွားပေးလို့ရမလား။"

"ရတယ် ကိုကို။"

ဟွားချန်ကအလိုက်သိစွာပင် ချီရုန်အား ချုပ်နှောင်လျက်ခေါ်သွားလေတော့သည်။ ချီရုန်က ကျွင်းဝူကိူလှည့်ကြည့်နေရင်းပင်  အတင်းရုန်းကန်နေလေ၏။  ဤပုံစံက တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန်ချစ်မြတ်နိုးသော သမီးရည်းစားစုံတွဲတစ်တွဲအား မိန်းကလေးဘက်၏ အမေဖြစ်သူမှ "နင့်ကိုငါ့သမီးနဲ့သဘောမတူနိုင်ဘူး ။ ငါ့သမီးနဲ့ဝေးရာကိုထွက်သွား။" ဟုဆိုကာ သူ့သမီးကိုလည်း လုံခြုံရေးတစ်ယောက်အား အတင်းဖမ်းချုပ်သွားစေပြီး သမီးဖြစ်သူက "သမီးသူနဲ့မခွဲနိုင်ပူးမေမေ သမီးကိုသူနဲ့ခွဲမယ်ဆိုရင်သမီးသေပစ်လိုက်မှာ အဟင့်အဟင့်" ဆိုပြီးငိုနေတာမျိုးတော့မဟုတ်ပေမဲ့ မိခင်ကသာ သမီးပါသွားမည်စိုးသဖြင့် သမီးလေးအား အိမ်ကိုပြန်ခေါ်သွားပြီး အိမ်ကိုပါအလုံပိတ်ထားရန် စီစဥ်နေသည့် ဆန်ကန်မြေလေး ၁၀၉ ၁၁၀ကောင်နှင့် မပေးစားရက်သည့် မိခင်၏ မေတ္တာကြီးမားပုံကိုဖော်ပြနေခြင်းနှင့် ဆင်တူနေလှသည်။

ရှဲ့လျန်က ဟွားချန်တို့ထွက်သွားလေတော့မှ ကျွင်းဝူကိုကြည့်ကာဆိုသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကမှ မင်းတို့ 'ပိုင်'မျိုးနွယ်တွေ စတင်ပြီးနန်းတတ်ခဲ့တာမလား။ အရင်မင်းဆက်ကို ဖြုတ်ချပြီး မင်းရဲ့ဖခင်လား သူနန်းစတတ်ခဲ့တာ။ မင်းက ဒုတိယမင်းဆက်ပဲ။ "

"အဲ့ဒီတော့။ အဲ့တာနဲ့ ရုန်လေးနဲ့က ဘာဆိုင်လို့လဲ။"

"ငါက အဲ့ဒီမင်းတို့ဖြုတ်ချခဲ့တဲ့ တိုင်းပြည်ရဲ့ အိမ်ရှေ့စံပဲ။ ချီရုန်က ငါနဲ့အတူအသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောတော်ဝင်မျိုးဆက်။ မင်းနဲ့ ငါတို့က ရန်သူတွေပဲ။ "

ကျွင်းဝူ၏ ခြေလှမ်းများကနော​က်သို့ အနည်းငယ်ဆုတ်ကာသွားသည်။ နောက်ဘက်တွင်ချောက်ကမ်းပါးပင်ရှိတော့သည်မို့ သူသည်လည်း ထိုချောက်ကမ်းပါး၏ အစပ်နားတွင်ပင်ရောက်နေချေပြီ။ ခြေကိုတရွတ်တိုက်လိုက်သည်မို့ တစ်ချို့သော ကျောက်ခဲအသေးစားလေးများပင်လျင် ချောက်ကမ်းပါးအောက်ရှိ ရေကန်ထဲသို့ ပလုံမြည်ကာ ကျနေသည်။ ရှဲ့လျန်ကဆက်ပြောသည်။

"ဒီလောက်ဆို ငါပြောချင်တဲ့စကားတွေကိုမင်းနားလည်လောက်တော့မှာပါ။ မင်းတို့ကအစထဲက မတွေ့ခဲ့သင့်ဘူး။ ငါသာနန်ဖုန်းတို့နဲ့ တွေ့ပြီး အကျိုးအကြောင်းသာ မသိခဲ့ရရင် သူမင်းနဲ့ပါသွားတော့မလို့။ ဘာပဲဖြစ်ဖြစ် သူ့ကိုငါတာဝန်ယူမှာမလို့ မင်းသူ့ရှေ့မှာထပ်ပေါ်မလာပေးရင်ရပြီ။"

ကျွင်းဝူက မည်သည့်စကားတစ်ခွန်းမျှဆက်မပြောတော့ပဲ သူ၏ခေါင်းကိုငုံ့ကာငြိမ်နေလေ၏။ ရှဲ့လျန်က ကျွင်းဝူကိုကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဝါရဝပြုလိုက်သည်။

"သွားခွင့်ပြုပါအုန်း။ ဧကရာဇ်ပိုင်ဝူရှန့်။"

ရှဲ့လျန်ထွက်သွားပြီးသည်အထိ ကျွင်းဝူကထိုနေရာတွင်သာ ရပ်တန့်နေခဲ့သေးသည်။ အလွန်လှပခဲ့သည့်ညတစ်ညသည် ချက်ချင်းပင် တိမ်မဲတို့ဖြင့် အမှောင်ဖုံးခံလိုက်ရသည့် လမင်းကြီးလိုပင် မဲမှောင်သွားသည်ကို ခံစားလိုက်ရသည်။ ထိုချောက်ကမ်းပါးနားတွင်တော့  ကျွင်းဝူတစ်ယောက်တည်းသာငြိမ်သက်စွာရပ်တန့်လျက် ​ကျန်ရစ်ခဲ့လေတော့သည်။

~~~~~~~~~~~~~~~
T/N 😚😚 အူးမွ

တစ်ခုပြောပါမယ်။ ရှဲ့လျန်က အကျင့်မကောင်းတာမျိုးမဟုတ်ပါဘူးနော်။ သူက ချီရုန်ကိုစိတ်ပူတာ အဲ့လိုမျိုးပါနော်။ တော်ကြာ သူရေးမှ ရှဲ့လျန်က မကောင်းတဲ့သူကြီးကျလို့ဆိုပြီး ဝိုင်းဆဲကြမှာကြောက်လို့။ ☹☹☹☹

"မလိုက္ရပါဘူး။"

႐ုတ္တရက္ထြက္ေပၚလာေသာ အသံေၾကာင့္ ႏွစ္ဦးသား ထိုအသံလာရာသိူ႔လွမ္းၾကည့္မိသည္။ ေသခ်ာသည္ကေတာ့ လူႏွစ္ေယာက္က သူတိူ႔အားရပ္ၾကည့္ေနေလ၏။ တေယာက္ကအေတာ္ေလးကို ဝပုံေပၚသည္။ သူ၏ကိုယ္ခႏၲာက အေတာ္ေလးကိုေဖာင္းကားေနေလ၏။ ေနာက္တစ္ေယာက္ကမူ ပိန္ပိန္သြယ္သြယ္ အရပ္ခပ္ရွည္ရွည္ႏွင့္ပင္ ထို လူဝႀကီး၏ေနာက္မွ လက္ပိုက္ကာ မတ္တပ္ရပ္ေနသည္။

ခ်ီ႐ုန္က ၾကည့္လိုက္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။

"ေအာ့...ဝမ္းကြဲအကို။ မင္းေနာက္ဆုံးေတာ့ျပန္လာၿပီေပါ့။ "

ရွဲ႕လ်န္က သူ၏အမွိုက္အိတ္ႀကီးကို ထမ္းလ်က္ပင္ သူတို႔ရွိရာသို႔ ဒုန္းဆိုင္းေရာက္လာသည္။ ေနာက္တြင္ ဟြားခ်န္ကလည္း ထပ္ၾကပ္မကြာ လိုက္ပါလာေလ၏။  ရွဲ႕လ်န္က ခ်ီ႐ုန္တို႔ ႏွစ္ဦးေရွ႕နားသို႔ေရာက္ေလေတာ့ သူ၏ အမွိုက္အိတ္အား ေဘးတြင္အသာခ်ကာ ႏွစ္ခ်က္ခန္႔ပုတ္လိုက္သည္။

"ရတယ္ ကိုကို။ ကၽြန္ေတာ္ၾကည့္ထားလိုက္မယ္။"

ဟြားခ်န္က ထိုအမွိုက္အိတ္ေဘးတြင္ ရပ္လိုက္ရင္းဆိုသည္။ ထိုအခါရွဲ႕လ်န္က ဟြားခ်န္အားျပဳံးျပကာ

"အဟမ္း...အြန္း ေကာင္းၿပီ စန္းလန္။ ေက်းဇူးေနာ္။"

ခ်ီ႐ုန္ႏွင့္ ကၽြင္းဝူကသူတိူ႔ႏွစ္ဦးအားေၾကာင္ေတာင္ေတာင္ျဖင့္ ရပ္ၾကည့္ေနၾကသည္။ ဒီအမွိုက္ထုပ္အား အဘယ္ေၾကာင့္ ဤမၽွေလာက္ဥစၥာေျခာက္ေနမွန္း ခ်ီ႐ုန္တစ္ေယာက္ ေတြးၾကည့္လို႔ပင္မရနိုင္ေခ်။ တစ္ေန႔ေတာ့ ကၽြင္းဝူကိုေမးျဖစ္ေအာင္ေမးၾကည့္ၿပီး သူပဲ ဉာဏ္မမွီတာလား။ သူ႔တစ္ဝမ္းကြဲအကိုကပဲ က်ပ္မျပည့္တာလား ဆိုသည္ကိုစစ္​ေဆးရလိမ့္မည္။

သူ၏တပည့္မ်ားကလည္း သူႏွင့္ဉာဏ္ရည္တူမ်ားျဖစ္တာေၾကာင့္တစ္ေယာက္မွအေျဖသိၾကမွာမဟုတ္။ ဟြားခ်န္က အစဦးကတည္းကပင္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည့္အျပင္ ယခုသူ႔အကိုတစ္ဝမ္းကြဲကိုပါ သေဘာက်ေနသည့္အတြက္ ဟြားခ်န္သည္လည္း ေကာင္းကိုေကာင္းလာလိမ့္ေတာ့မည္မဟုတ္ေခ်။ ဤသို႔ဆိုလၽွင္ ယခုအခ်ိန္တြင္ အားလုံးထဲ၌ အေတာ္ဆုံးသည္ မိမိေရွ႕ရွိ ကၽြင္းဝူသာရွိလိမ့္မည္။

"ဒီကိစၥက ဧကရာဇ္အထိတင္ျပဖို႔လိုပါ့မလား။"

ခ်ီ႐ုန္က ကၽြင္းဝူကိုေမာ့ၾကည့္လ်က္အသာေရရြတ္လိုက္သည္။ ကၽြင္းဝူက အမွိုက္ထုပ္ျဖင့္အလုပ္ရွုပ္ေနေသာ ရွဲ႕လ်န္တို႔ကိုၾကည့္ေနရင္းမွ ခ်ီ႐ုန္၏စကားေၾကာင့္ ခ်ီ႐ုန္ကိုျပန္ၾကည့္လာသည္။

"ဗ်ာ!!!!"

"ဘာမွမဟုတ္ပါဘူး။"

ခ်ီ႐ုန္ကေခါင္းျပန္ငုံလိုက္သည္။

"ခ်ီ႐ုန္။ ငါေျပာမယ္။ မင္းသူနဲ႔လိုက္မသြားရဘူးေနာ္။ "

ရွဲ႕လ်န္က သူ၏ အထုပ္ေနရာအတည္အက်ျဖစ္ေလေတာ့ ခါးႏွစ္ဖက္ေထာက္ကာ ခ်ီ႐ုန္ကိုေျပာေလသည္။ ခ်ီ႐ုန္က ရွဲ႕လ်န္ကိုၾကည့္လိုက္ၿပီး

"ဘာလို႔လဲ။ မင္းက် သူနဲ႔ေလၽွာက္သြားေနၿပီး ငါက်ဘာလို႔ မရတာလဲ။"

ခ်ီ႐ုန္ကရွဲ႕လ်န္ ေဘးရွိဟြားခ်န္ကိုေမးေမာ့ျပရင္းဆိုသည္။ ရွဲ႕လ်န္က ဟြားခ်န္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးမွ ခ်ီ႐ုန္ဘက္သို႔ျပန္လွည့္ကာ

"ခ်ီ႐ုန္ မင္းကိုယ့္အကိုကိုျပန္ေျပာေနတာလား။ ငါမင္းကို ေစာင့္ေရွာက္ေပးဖို႔ မင္းမိဘေတြကို ကတိေပးခဲ့ၿပီးသား။ မင္းအႏၲာရာယ္ျဖစ္ေစမဲ့အရာမွန္သမၽွငါေပးမလုပ္ဘူး။ နန္းေတာ္ဆိုတာကမင္းအတြက္ အႏၲာရာယ္မ်ားတယ္။ မသြားရဘူး။"

"မင္းဘယ္လိုသိလဲ။"

"......."

ခ်ီ႐ုန္ေမးလိုက္သည့္ စကားကို ရွဲ႕လ်န္ကအေျဖမေပးနိုင္ပဲ ရပ္တန္႔ကာသြားသည္။ ခ်ီ႐ုန္ကဆက္ေျပာလာေလ၏။

"မင္းမေရာက္ဖူးပဲ ဘယ္လိုသိလဲလို႔။ မင္းေရာက္ဖူးလို႔လား။"

"ငါ....."

ရွဲ႕လ်န္က ခ်ီ႐ုန္ကိုအေၾကာင္းျပခ်က္တစ္ခုခုေပးရန္ရွာေဖြေနပုံရသည္။ သူ၏မ်က္ဆံမ်ားက ဟိုသည္ေျပးလႊားေနေလ၏။ ဟြားခ်န္ကေတာ့ မည္သည့္တစ္ခြန္းမၽွ ဝင္မပါပဲရွဲ႕လ်န္၏ေဘးတြင္သာ သူတို႔ကိုလက္ပိုက္ၾကည့္ေနသည္။ ရွဲ႕လ်န္က ေနာက္ဆုံးသူ၏ အၾကည့္ကို ကၽြင္းဝူဆီတြင္ဂိတ္ဆုံးေစလိုက္ကာဆိုသည္။

" သူ႔ကိုေခၚသြားလို႔မရဘူး။ မင္းသာ အခုလက္ရွိဧကရာဇ္ဆိုတာမွန္ရင္ ဒီကေနအခုထြက္သြား။ ဒီေနရာ၊ ဒီေတာထဲကေနထြက္သြား။ သူ႔ကိုတကယ္သေဘာက်တယ္ဆိုရင္ ျပန္မလာခဲ့နဲ႔။ သူနဲ႔ဘယ္ေတာ့မွ လာမေတြ႕နဲ႔။သူနဲ႔ေဝးေဝးမွာေန။"

ရွဲ႕လ်န္က ျပတ္သားလြန္းသည့္စကားကိုေျပာလိုက္ၿပီးသည့္ေနာက္တြင္ ခ်ီ႐ုန္၏လက္တစ္ဖက္ကိုေဆာင့္ဆြဲကာ သူ႔ေနာက္ဘက္သို႔ေခၚလိုက္သည္။ ခ်ီ႐ုန္က မ်က္လုံးအဝိုင္းသားႏွင့္ပင္ ရွဲ႕လ်န္ေနာက္သို႔ ပါလာေလ၏။

"ဘာလုပ္တာလဲ။ ဘာလို႔အဲ့လိုေတြေျပာေနတာလဲ။"

ခ်ီ႐ုန္က ရွဲ႕လ်န္အေနာက္မွေန၍ ေျပာေလသည္။ ရွဲ႕လ်န္က ေနာ​က္သို႔အနည္းငယ္ေစာင္းကာ ခ်ီ႐ုန္ကို ၾကည့္လိုက္ၿပီး တိတ္တိတ္ေနရန္အခ်က္ျပသည္။ ခ်ီ႐ုန္က မ်က္ႏွာလႊဲလိုက္ၿပီးေနာက္ ရွဲ႕လ်န္၏အေနာက္မွ ျပန္ထြက္ရန္ျပင္ေလေတာ့ ဟြားခ်န္က ခ်ီ႐ုန္၏ပုခုံးမွေန၍ ဖိကိုင္ထားသည္။

"မင္းတို႔ႏွစ္ေယာက္ေပါင္းၿပီး ဘာလို႔ ငါ့ကိုအနိုင္က်င့္ေနတာလဲ။ အရင္ကတစ္ေယာက္တည္းေလ အခုႏွစ္ေယာက္တဲ့လား။"

ရွဲ႕လ်န္က ခ်ီ႐ုန္အား ဟြားခ်န္လက္ထဲသို႔အပ္လိုက္ၿပီးေနာက္ မည္သည့္စကားတစ္ခြန္းမၽွ ဟမလာသည့္ ကၽြင္းဝူကိုၾကည့္လိုက္သည္။

"စခန္းေနရာကိုျပန္လာစရာမလိုေတာ့ဘူး။ ငါမင္းရဲ့လူေတြကို ဒီေနရာကိုလႊတ္လိုက္မယ္။ တစ္ခါတည္း မင္းရဲ့ေနရာကိုျပန္လိုက္ေတာ့။ေနာက္ထပ္ ဒီကိုထပ္မလာပါနဲ႔။ မင္းနဲ႔သူနဲ႔က မျဖစ္နိုင္ဘူး။"

ရွဲ႕လ်န္က သူ၏အမွိုက္အိတ္ကိုျပန္ထမ္းလိုက္သည္။ ပုခုံးကိုလက္ျဖင့္ဆုပ္ကိုင္ကာ အထိန္းခံထားရေသာ ခ်ီ႐ုန္က တစ္ကိုယ္လုံးလွုပ္ရွား႐ုန္းကန္ေနေလ၏။ သို႔ေသာ္လည္း ဟြားခ်န္က သူ၏ ေနာက္လက္တစ္ဖက္ျဖင့္ပင္ ခ်ီ႐ုန္၏ လက္ႏွစ္ဖက္စလုံးကိုေနာက္ဘက္သို႔စုကာ ဖမ္းကိုင္ပစ္လိုက္သည္။ သုံးေယာက္သား လွည့္ထြက္ရန္ျပင္ေလေတာ့ ကၽြင္းဝူက

"ကၽြန္ေတာ့္ကိုလည္း အေၾကာင္းျပခ်က္တစ္ခုခုေပးေလ။ ဘာလို႔ ကၽြန္ေတာ္နဲ႔သူနဲ႔မျဖစ္နိုင္ရတာလဲဆိုတာကို။"

တဖက္သိူ႔လွည့္ထြက္သြားၿပီျဖစ္ေသာ ရွဲ႕လ်န္တို႔သုံးေယာက္လုံးက ကၽြင္းဝူ၏ေအးစက္စက္အသံေၾကာင့္ ျပန္လွည့္ၾကည့္လာသည္။ ရွဲ႕လ်န္က သက္ျပင္းခ်လိုက္ၿပီးေနာက္ ဟြားခ်န္ကိုၾကည့္ကာ

"စန္းလန္။ ခ်ီ႐ုန္ကို အရင္ေခၚသြားေပးလို႔ရမလား။"

"ရတယ္ ကိုကို။"

ဟြားခ်န္ကအလိုက္သိစြာပင္ ခ်ီ႐ုန္အား ခ်ဳပ္ေႏွာင္လ်က္ေခၚသြားေလေတာ့သည္။ ခ်ီ႐ုန္က ကၽြင္းဝူကိူလွည့္ၾကည့္ေနရင္းပင္  အတင္း႐ုန္းကန္ေနေလ၏။  ဤပုံစံက တစ္ေယာက္ကိုတစ္ေယာက္ အလြန္အင္မတန္ခ်စ္ျမတ္နိုးေသာ သမီးရည္းစားစုံတြဲတစ္တြဲအား မိန္းကေလးဘက္၏ အေမျဖစ္သူမွ "နင့္ကိုငါ့သမီးနဲ႔သေဘာမတူနိုင္ဘူး ။ ငါ့သမီးနဲ႔ေဝးရာကိုထြက္သြား။" ဟုဆိုကာ သူ႔သမီးကိုလည္း လုံျခဳံေရးတစ္ေယာက္အား အတင္းဖမ္းခ်ဳပ္သြားေစၿပီး သမီးျဖစ္သူက "သမီးသူနဲ႔မခြဲနိုင္ပူးေမေမ သမီးကိုသူနဲ႔ခြဲမယ္ဆိုရင္သမီးေသပစ္လိုက္မွာ အဟင့္အဟင့္" ဆိုၿပီးငိုေနတာမ်ိဳးေတာ့မဟုတ္ေပမဲ့ မိခင္ကသာ သမီးပါသြားမည္စိုးသျဖင့္ သမီးေလးအား အိမ္ကိုျပန္ေခၚသြားၿပီး အိမ္ကိုပါအလုံပိတ္ထားရန္ စီစဥ္ေနသည့္ ဆန္ကန္ေျမေလး ၁၀၉ ၁၁၀ေကာင္ႏွင့္ မေပးစားရက္သည့္ မိခင္၏ ေမတၱာႀကီးမားပုံကိုေဖာ္ျပေနျခင္းႏွင့္ ဆင္တူေနလွသည္။

ရွဲ႕လ်န္က ဟြားခ်န္တို႔ထြက္သြားေလေတာ့မွ ကၽြင္းဝူကိုၾကည့္ကာဆိုသည္။

"လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ကမွ မင္းတို႔ 'ပိုင္'မ်ိဳးႏြယ္ေတြ စတင္ၿပီးနန္းတတ္ခဲ့တာမလား။ အရင္မင္းဆက္ကို ျဖဳတ္ခ်ၿပီး မင္းရဲ့ဖခင္လား သူနန္းစတတ္ခဲ့တာ။ မင္းက ဒုတိယမင္းဆက္ပဲ။ "

"အဲ့ဒီေတာ့။ အဲ့တာနဲ႔ ႐ုန္ေလးနဲ႔က ဘာဆိုင္လို႔လဲ။"

"ငါက အဲ့ဒီမင္းတို႔ျဖဳတ္ခ်ခဲ့တဲ့ တိုင္းျပည္ရဲ့ အိမ္ေရွ႕စံပဲ။ ခ်ီ႐ုန္က ငါနဲ႔အတူအသက္ရွင္က်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာေတာ္ဝင္မ်ိဳးဆက္။ မင္းနဲ႔ ငါတို႔က ရန္သူေတြပဲ။ "

ကၽြင္းဝူ၏ ေျခလွမ္းမ်ားကေနာ​က္သို႔ အနည္းငယ္ဆုတ္ကာသြားသည္။ ေနာက္ဘက္တြင္ေခ်ာက္ကမ္းပါးပင္ရွိေတာ့သည္မို႔ သူသည္လည္း ထိုေခ်ာက္ကမ္းပါး၏ အစပ္နားတြင္ပင္ေရာက္ေနေခ်ၿပီ။ ေျခကိုတရြတ္တိုက္လိုက္သည္မို႔ တစ္ခ်ိဳ႕ေသာ ေက်ာက္ခဲအေသးစားေလးမ်ားပင္လ်င္ ေခ်ာက္ကမ္းပါးေအာက္ရွိ ေရကန္ထဲသို႔ ပလုံျမည္ကာ က်ေနသည္။ ရွဲ႕လ်န္ကဆက္ေျပာသည္။

"ဒီေလာက္ဆို ငါေျပာခ်င္တဲ့စကားေတြကိုမင္းနားလည္ေလာက္ေတာ့မွာပါ။ မင္းတို႔ကအစထဲက မေတြ႕ခဲ့သင့္ဘူး။ ငါသာနန္ဖုန္းတို႔နဲ႔ ေတြ႕ၿပီး အက်ိဳးအေၾကာင္းသာ မသိခဲ့ရရင္ သူမင္းနဲ႔ပါသြားေတာ့မလို႔။ ဘာပဲျဖစ္ျဖစ္ သူ႔ကိုငါတာဝန္ယူမွာမလို႔ မင္းသူ႔ေရွ႕မွာထပ္ေပၚမလာေပးရင္ရၿပီ။"

ကၽြင္းဝူက မည္သည့္စကားတစ္ခြန္းမၽွဆက္မေျပာေတာ့ပဲ သူ၏ေခါင္းကိုငုံ႔ကာၿငိမ္ေနေလ၏။ ရွဲ႕လ်န္က ကၽြင္းဝူကိုၾကည့္လိုက္ၿပီးေနာက္ ေခါင္းငုံ႔ကာ ဝါရဝျပဳလိုက္သည္။

"သြားခြင့္ျပဳပါအုန္း။ ဧကရာဇ္ပိုင္ဝူရွန္႔။"

ရွဲ႕လ်န္ထြက္သြားၿပီးသည္အထိ ကၽြင္းဝူကထိုေနရာတြင္သာ ရပ္တန္႔ေနခဲ့ေသးသည္။ အလြန္လွပခဲ့သည့္ညတစ္ညသည္ ခ်က္ခ်င္းပင္ တိမ္မဲတို႔ျဖင့္ အေမွာင္ဖုံးခံလိုက္ရသည့္ လမင္းႀကီးလိုပင္ မဲေမွာင္သြားသည္ကို ခံစားလိုက္ရသည္။ ထိုေခ်ာက္ကမ္းပါးနားတြင္ေတာ့  ကၽြင္းဝူတစ္ေယာက္တည္းသာၿငိမ္သက္စြာရပ္တန္႔လ်က္ ​က်န္ရစ္ခဲ့ေလေတာ့သည္။

~~~~~~~~~~~~~~~
T/N 😚😚 အူးမြ

တစ္ခုေျပာပါမယ္။ ရွဲ႕လ်န္က အက်င့္မေကာင္းတာမ်ိဳးမဟုတ္ပါဘူးေနာ္။ သူက ခ်ီ႐ုန္ကိုစိတ္ပူတာ အဲ့လိုမ်ိဳးပါေနာ္။ ေတာ္ၾကာ သူေရးမွ ရွဲ႕လ်န္က မေကာင္းတဲ့သူႀကီးက်လို႔ဆိုၿပီး ဝိုင္းဆဲၾကမွာေၾကာက္လို႔။ ☹☹☹☹




Continue Reading

You'll Also Like

20.2K 768 6
TGCF x MDZS crossover after 13 years some cultivators of the mortal world got teleported because of an accident in an night hunt Infront of an rad m...
94.2K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
14K 1K 37
အယ်... review လေးကတော့ game တစ်ခုကြောင့်ဖြစ်တည်လာတဲ့အချစ်လေးပေါ့နော်😙 seme ကြီးကအသန့်ကြိုက်တဲ့ရောဂါရှိပြီးလူတွေနဲ့ထိတွေ့ရမှာမကြိုက်ပါဝူး uke လေးကတော...
24.7K 6K 36
tk sinhala