(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(2.7)

9.8K 1.6K 10
By Xiao_Yiii

Unicode

Arc(2.7) - Saint Magus

ထိုနေရာသို့မသွားခင်မှာအဲလ်ဗစ်က သေးငယ်သည့်လမ်းကြားလေးတစ်ခု ထဲသို့အလျင်အမြန်ဆင်းွသားလိုက်ပြီး ပြန်မထွက်လာခင်မှာသူ့ခန္တာကိုယ်ပေါ် တွင်အနက်ရောင်ဝတ်ရုံကိုဝတ်ဆင် လိုက်သည်။ဝတ်ရုံ၏ခေါင်းစွပ်ကသူ့ မျက်နှာအများစုကိုဖုံးကွယ်ထားပြီးသူ့ မေးစေ့အောက်လိုင်းကိုသာအကြမ်း ဖျင်းလောက်တွေ့မြင်နိုင်၏။

အဲလ်ဗစ်ကထီလွန်မြို့၏မှော်စွမ်းအား စမ်းသပ်သည့်နေရာသို့ချက်ချင်းသွား လိုက်သည်။

စမ်းသပ်တဲ့နေရာ၏တည်နေရာသည် မြို့အနောက်ဘက်ထောင့်တွင်ရှိသည်။ အဲ့ဒီနေရာကတစ်ခြားနေရာများနှင့်ယှဉ် ရင်အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး တံခါးမကြီးအားဖြတ်သန်းသွားလာမည့် လူတစ်ဦးလောက်တွေ့ဖို့ကိုပင်အချိန် များစွာကြာမြင့်သည်။

အဲလ်ဗစ်ဝင်ပေါက်ဝသို့ခြေချလိုက်သည် နှင့်ခေါင်းလောင်းသံတစ်ခုကစတင်ပြီး မြည်လာခဲ့ကာအသက်ကြီးကြီးအသံ တစ်ခုကပဲ့တင်ပြီးထွက်လာခဲ့သည်။

"ဖောက်သည်ခင်ဗျား...ဒီနေရာက မှော်စွမ်းအင်စမ်းသပ်တဲ့နေရာပါ ဈေးဆိုင်မဟုတ်ပါဘူးအကယ်၍ အသင်တစ်ခြားလိုအပ်တာရှိတယ်ဆို ရင်ကျေးဇူးပြုပြီးလှည့်ထွက်သွားပေးပါ"

အဲလ်ဗစ်ကရှေ့ကကောင်တာဆီသို့ တိုက်ရိုက်သွားလိုက်ပြီးအထဲမှာထိုင် နေသည့်လူအိုကြီးကိုပြောလိုက်သည်။

"ဒီကိုမှော်စွမ်းအင်စမ်းသပ်ဖို့လာခဲ့တာ" သူသုံးလိုက်သည့်အသံကပုံမှန်ထက် ဒီဂရီအနည်းငယ်နိမ့်ကျနေပြီး၎င်းသည် သူ့ရဲ့လက်ရှိအသက်ထက်နှစ်အနည်းငယ် ပိုပြီးကြီးပုံပေါက်နေသည်။

မူလကခေါင်းငုံ့ပြီးစာဖတ်နေခဲ့သည့် လူအိုကြီးကချက်ချင်းမော့ကြည့်လိုက် ပြီးသူ့လက်များကိုသုံး၍သူ့နှာခေါင်း ပေါ်ကမျက်မှန်ကိုပင့်တင်လိုက်ကာသူ့ ရဲ့ပါးရည်တွေတွန့်နေပြီဖြစ်သည့်မျက် လုံးများကတော့အနည်းငယ်ကျဉ်း မြောင်းလိုက်ရင်းမျက်နှာတစ်ဝက် လောက်ခေါင်းအုပ်ဖြင့်ဖုံးကွယ်ထား သည့်အဲလ်ဗစ်အားခဏမျှကြည့်နေ လိုက်ပြီးမှပြောလိုက်သည်။

"စမ်းသပ်မှုအတွက်မင်း ရွှေဆယ်ပြားပေးရမယ်"

အဲလ်ဗစ်ကစကားတစ်ခွန်းမပြောပဲ အိတ်ငယ်လေးတစ်ခုအားကောင်တာ ပေါ်သို့တိုက်ရိုက်ပစ်တင်ပေးလိုက်သည်။

လူအိုကြီးကအိတ်ကိုကောက်ကိုင်လိုက် ပြီးအထဲသို့ဖွင့်ကြည့်ကာခေါင်းညိမ့်ပြ လိုက်၏။

"ငါနဲ့လိုက်ခဲ့"

ပြီးနောက်မှာတော့လူအိုကြီးက မတ်တပ်ရပ်လိုက်ပြီးကောင်တာ နောက်မှထွက်ကာဘယ်ဘက်ထောင့် သို့ဦးတည်သွားလေသည်။

အဲလ်ဗစ်ကလူအိုကြီးရဲ့နောက်မှအနီး ကပ်လိုက်သွားလိုက်ပြီးအခန်းကျယ် တစ်ခုဆီသို့လျှောက်သွားလိုက်သော အခါအခန်းထဲမှာလူတစ်ဦးရဲ့အရပ် အမြင့်လောက်ရှိသည့်ရော့စစ်မျိုးနွယ် စုမှာရှိသောကျောက်သလင်းတုန်းထက် ပိုကြီးသည့်စမ်းသပ်ကျောက်သလင်း တုန်းကြီးကိုတွေ့လိုက်ရသည်။

လူအိုကြီးကအဲလ်ဗစ်ကိုအခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက်စတီလီဘေး မှာထားထားသည့်ကျောက်သလင်းတုန်း အားညွှန်ပြလိုက်ပြီးပြောလိုက်သည်။

"မင်းရဲ့မှော်စွမ်းအင်ကိုသလင်းကျောက် ထဲထည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အရောင် ကပြောင်းသွားလိမ့်မယ်..မင်းစတီလီရဲ့ ရှင်းပြချက်အတိုင်းလိုက်လုပ်နိုင်တယ်.. တကယ်လို့မင်းအခုဘယ်အဆင့်မှာလဲ ဆိုတာသိခြင်ရင်....."

လူအိုကြီးကပြောနေရင်းဖြင့်သူ၏ ရင်ဖက်ထဲမှအကျယ်လက်ဖဝါးနှစ်ဖက် လောက်သာရှိသည့်မှော်လှံတံတစ်ချောင်း ကိုအလျင်မလိုစွာဖြင့်ဆွဲထုတ်လိုက်ပြီး တစ်စုံတစ်ခုကိုသူ့ပါးစပ်မှရေရွတ်လိုက် သောအခါမကြာမီပင်အဖြူရောင်အ လင်းတန်းတစ်ခုကသလင်းကျောက်ဆီ သို့ဦးတည်ဝင်သွားပြီးမြူဆိုင်းလျက် ရှိသည့်အဖြူရောင်အခိုးအငွေ့များ ချက်ချင်းပေါ်လာခဲ့သည်။

ကြိုတင်ပြင်ဆင်မှုတွေအကုန်လုံးပြီး သွားတဲ့အခါလူအိုကြီးကလှည့်ပြီး ထွက်သွားကာအဲလ်ဗစ်အတွက်တံခါး ပိတ်ပေးခဲ့လေ၏။

လူအိုကြီးကထွက်သွားသော်လည်း အဝေးမသွားဘဲတံခါးအပြင်ဘက်မှာ သာစောင့်နေမည်ကိုအဲလ်ဗစ်သိသည်။ ဒါကတစ်စုံတစ်ဦးသလင်းကျောက်အား ခိုးယူမည့်အခွင့်အလမ်းကိုတားဆီးရန် ဖြစ်၏။ပြီးတော့လည်းဒါကကြီးမားတဲ့ အခွင့်အလမ်းကြီးပဲလေ။

အဲလ်ဗစ်သည်ကျောက်သလင်းတုန်း ရှိသည့်နေရာဆီသို့လျှောက်သွားလိုက် ပြီးသူ့လက်အားထိုအပေါ်တင်ကာသူ့ ကိုယ်ထဲမှစွမ်းအင်ကိုတစ်ဖြည်းဖြည်း ခြင်းစီးဝင်စေလိုက်သည်။သူကသလင်း ကျောက်တုန်းပေါ်မှအစကနဦးလိမ္မော် ရောင်မှသည်စိမ်းပြာရောင်ဆီသို့တစ် ဖြည်းဖြည်းခြင်းဆီပြောင်းလဲလာသည် အားကြည့်နေပြီးအရောင်ကပိုပိုပြီးကြည် လင်လာလေသည်။အထိုင်မချမီတွင် ထိုစိမ်းပြာရောင်အလင်းအုပ်စုက ကျောက်သလင်းတုန်း၏အထဲတွင် လှည့်ပတ်နေသည်မှာရေထဲတွင်ညင် သာစွာရွေ့လျားနေသောရေညှိများ ကဲ့သို့ပင်ဖြစ်နေသည်။

စိမ်းပြာရောင်....ဒါကအငယ်တန်း မေးဂတ်စ်တစ်ယောက်ရဲ့သင်္ကေတ ပင်ဖြစ်၏။

အဲလ်ဗစ်ရဲ့ကောင်းကင်ပြာမျက်လုံး တောက်တောက်လေးများကတောက်ပ သွားခဲ့သော်လည်းသူ့အသက်ရှုနှုန်းက တော့အနည်းငယ်မျှပင်ပြောင်းလဲခြင်း မရှိဘဲကျောက်သလင်းတုန်းဘေးမှာ ရှိသည့်စတီလီကိုလှည့်ကြည့်လိုက်ကာ နောက်တစ်ခါထပ်အတည်ပြုလိုက်သည်။

ရှင်းရှင်းလင်းလင်းကိုစတီလီပေါ်မှာ ထွင်းထားသည့်စလံုံးများကိုမြင်လိုက် ရလေသည်: စိမ်းပြာရောင်...အငယ်တန်းမေးဂတ်စ်

အငယ်တန်းမေးဂတ်စ်?

အဲလ်ဗစ်ကသူ့နှုတ်ခမ်းထောင့်စွန်းများ အားအနည်းငယ်မြှင့်လိုက်တော့သည်။ လွန်ခဲ့သောနှစ်နှစ်ကမှော်စွမ်းအင်အားလုံး ဆုံးရှုံးသွားခဲ့သည့်အမှိုက်သရိုက်ကနောက် နှစ်နှစ်ကြာပြီးနောက်မှာအငယ်တန်း မေးဂတ်စ်တစ်ယောက်အဆင့်ထိတိုး တက်နိုင်မည့်စွမ်းရည်ရှိမည်ဟုမမျှော် လင့်ခဲ့မိဘူးလေ။ဒီခြားနားချက်က တကယ့်ကိုမထင်မှတ်စရာကောင်း လှသည်ပင်။

ဒါပေမဲ့လည်းအရမ်းနောက်ကျသွားခဲ့ပြီ ...တကယ်လို့သူသာလွန်ခဲ့တဲ့နှစ်နှစ်ထဲက ဒီစွမ်းရည်ကိုပြသနိုင်ခဲ့ရင်သူ့အဘွား လည်းသေဆုံးမှာမဟုတ်သလိုသူလည်း သူ့မျိုးနွယ်စုရဲ့လျစ်လျုရှုမှုနဲ့ရက်စက်မှု တွေကိုအပြည့်အဝမြင်နိုင်ခဲ့မှာမဟုတ်ဘူး။

အဲလ်ဗစ်ကအသားမာများဖြင့်ဖုံးလွှမ်း နေသည့်သူ့လက်ဖဝါးများကိုငုံ့ကြည့် လိုက်ပြီးဖြည်းငြှင်းစွာဖြင့်သူတို့ကို တင်းကြပ်စွာဆုပ်ထားလိုက်မိတော့သည်။

အခုတော့သူ့အတွက်အရေးကြီးဆုံး အရာကလဒ်ဝတ်ပဲ..သူ့ကိုကာကွယ်နိုင် ဖို့အတွက်သူပိုပြီးအားသန်မှဖြစ်မယ် ဒါကြောင့်ဒီအဆင့်ကမလုံလောက်ဘူး။

သူကလက်ရှိသူ့အောင်မြင်မှုများကို အလွယ်တကူစိတ်ကျေနပ်မှုမရရှိပေ။

ကမ္ဘာပေါ်မှာသူ့ထက်ပိုအားကောင်းတဲ့ လူတွေရှိနေတုန်းပဲ။သူကမ္ဘာအမြင့်ဆုံး ကိုမတက်နိုင်မခြင်းသူ့နိုးကြားမှုတွေကို လျှော့ချမှာမဟုတ်ဘူး။

မဟုတ်ဘူး...တကယ်လို့သူထိပ်ဆုံး ရောက်သွားတယ်ဆိုရင်တောင်လျှော့ချ လို့မဖြစ်ဘူး...သူနောက်တစ်ခါပလ္လင်ပေါ် ကပြုတ်ကျတဲ့အချိန်နာကျင်ရတဲ့ကျိုးပဲ့ ရတဲ့ခံစားချက်ကိုထပ်မခံစားခြင်တော့ဘူး။

အဲလ်ဗစ်ကကျောက်သလင်းကျောက် ၎င်း၏မူလကြည်လင်သောအရောင်သို့ ပြန်ရောက်သည့်တိုင်အောင်စောင့်ဆိုင်း လိုက်ပြီးခဏကြာမှလှည့်ပြီးအခန်းထဲ မှထွက်လာခဲ့လိုက်သည်။သိပ်မဝေးသည့် နေရာမှာရှိနေသည့်လူအိုကြီးကသူ့ကို တွေ့သောအခါဘာမှမေးမြင်းခြင်းမရှိဘဲ အဲလ်ဗစ်ကိုဒီအတိုင်းဝင်ပေါက်သို့ခေါ် သွားပေးလိုက်ပြီးသူ့ကောင်တာရှိသည့် နေရာသို့တစ်ဖြည်းဖြည်းခြင်းဆီလမ်း ပြန်လျှောက်သွားလိုက်ကာသူ့ရဲ့ထူထဲ သည့်မှော်စာအုပ်ကိုသာပြန်ဖတ်နေ လိုက်လေသည်။

အဲလ်ဗစ်သည်စမ်းသပ်ရာနေရာမှ ထွက်သွားပြီးမည်သူမျှသူ့နောက်သို့ မလိုက်ကြောင်းအတည်ပြုပြီးနောက် လမ်းကြားလေးထဲသို့ပြန်ဝင်လိုက်ကာ ခေါင်းစွပ်ကိုဖယ်လိုက်၍သူ့မူလပုံစံကို ပြန်ဖော်ထုတ်လိုက်သည်။

အချိန်ကမွန်းတည့်ချိန်နီးလာခဲ့ပြီဖြစ် တာကြောင့်အဲလ်ဗစ်ကစားသောက်ဆိုင် တစ်ဆိုင်ကိုအမှတ်တမဲ့ရှာတွေ့လိုက်ပြီး စားရန်ထိုင်လိုက်သည်။

အချိန်ကြာမြင့်စွာအိတ်ထဲမှာပိတ်ခံထား ရသည့်လီလျိုမှာနောက်ဆုံးတော့ထွက် လာနိုင်ခဲ့ပြီဖြစ်တာကြောင့်သူ့အမြှီးလေး ကိုလှုပ်ခါလိုက်ပြီးစတုရန်းစားပွဲတစ်ဝိုက် တွင်လမ်းလျှောက်သွားလိုက်ပြီးမှနောက် ဆုံးတွင်အဲလ်ဗစ်ရဲ့ဘေးမှာဝင်ထိုင်လိုက် ရင်းသူ့ခေါင်းလေးကိုမြှောက်ကာဘေး ပတ်ဝန်းကျင်အားအဆက်မပြတ်လိုက် ကြည့်နေလေသည်။

ပတ်ဝန်းကျင်မှလူများမှာသူတို့အိမ်မွေး တိရစ္ဆာန်များအားစားပွဲပေါ်တွင်တင်ပေး ပြီးအတူတူစားကြသည်အားတစ်ခါမှ မတွေ့ဘူးတာကြောင့်လူတော်တော် များများသည်သူတို့ဘာသာစကားပြော နေကြရင်းအဲလ်ဗစ်ထိုင်နေသည့်စားပွဲ သို့မနေနိုင်ပဲကြည့်မိကြ၏။

အဲလ်ဗစ်ကတော့ပတ်ဝန်းကျင်မှလူများ ၏အကြည့်အားအနည်းငယ်မျှပင် ဂရုစိုကမနေနပဲသူ့ခေါင်းကိုအနည်း ငယ်ငုံ့လိုက်ကာကြောင်ပိစိလေးရဲ့ကျော ကုန်းပေါ်ရှိနူးညံ့သည့်အမွှေးလေးများ ကိုညင်ညင်သာသာပွတ်သပ်ပေးနေ လိုက်သည်။

စားပွဲပေါ်သို့ပန်းကန်တွေတင်လိုက်ပြီး နောက်မှာတော့သူကပန်းကန်ကိုတိုက် ရိုက်ယူလိုက်ပြီးပန်းကန်ထဲသို့ဟင်းတစ် ချို့ထည့်လိုက်ကာသူ့ရှေ့ကနှင်းဘော လုံးလေးလိုအိမ်မွေးတိရစ္ဆာန်လေး အားကိုယ်တိုင်ကျွေးနေသည်ကိုလူတိုင်း တွေ့လိုက်ကြရတော့သည်။

ထိုမြင်ကွင်းကိုကြည့်နေသူတိုင်းမှာ သူတို့မျက်လုံးအိမ်ထဲမှမျက်စံကြီး ထွက်ကြလာမတတ်ပြူးကျယ်ပြီး ကြည့်မိနေကြ၏။လူတစ်ယောက်က သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များကိုဒီလို ကိုယ်တိုင်လုပ်ပေးတာတစ်ခါမှမတွေ့ ဘူးကြသောကြောင့်သူတို့မေးစေ့များ ကိုအောက်ပြုတ်ကျမတတ်မယုံနိုင် လောက်အောင်ဖြစ်စေလေသည်။ သို့သော်လည်းဒီကမ္ဘာပေါ်မှာလူမျိုးစုံ ရှိနေတဲ့အတွက်အရမ်းကြီးထူးဆန်းနေ တာတော့မဟုတ်ပေ။ခဏစောင့်ကြည့် ပြီးတဲ့နောက်မှာတော့သူတို့ဟာမျက်စိ ကိုလွှဲပြီးတခြားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးပြောဆိုနေကြတော့သည်။။

လီလျိုရဲ့အစာအိမ်လေးကကြောင်ပုံစံနဲ့ ဆိုရင်အရမ်းကိုသေးငယ်သောကြောင့် မကြာခင်ပဲဗိုက်ပြည့်သွားတော့သည်။ အဲလ်ဗစ်ကနောက်တစ်ခါတူနဲ့ထပ်ခွံ့ဖို့ လုပ်သည့်အခါမှာတော့သူ့ခေါင်းလေး ကိုဘေးသို့စောင်းလိုက်သည်။ထို့နောက် ခေါင်းကိုမော့ကာအဲလ်ဗစ်အားကျယ် လောင်စွာအော်၍သူ့ခြေသည်းလေး များဖြင့်တူကိုအဝေးတွန်းလိုက်၏။

"ဗိုက်ပြည့်သွားပြီလား?"

အဲလ်ဗစ်ကသူ့မျက်လုံးများကိုမှေးကျဉ်း လိုက်ရင်းမေးလိုက်ပြီးလက်ကိုဆန့်ထုတ် ကာစားပွဲပေါ်တွင်ထိုင်နေသည့်ကြောင် လုံးသေးသေးလေးရဲ့မေးစေ့လေးကိုပွတ် ပေးလိုက်သည်။သူ့ကိုပွတ်ပေးနေသည့် လူဆီမှမေးခွန်းသံကိုကြားလိုက်ရသော အခါကြောင်ပိစိလေးကရုတ်တရက်သူ့ မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီးမျက် လုံးဝိုင်းဝိုင်းကြီးများကိုမကျေမနပ်ပုံစံ ဖြင့်ကျုံ့လိုက်သည်။ထို့နောက်လက် သည်းများကိုဆန့်ထုတ်၍သူ့မေးစေ့အား ပွတ်ပေးနေသောလက်အားရိုက်ထုတ် လိုက်လေ၏။

အဲလ်ဗစ်မှာမနေနိင်တော့ပဲသူ့နှုတ်ခမ်း ထောင့်စွန်းများကလေးကိုင်းသဏ္ဍာန် ကွေးညွှတ်သွားရပြီးကြောင်လေးအား ကျွေးတုန်းကသုံးထားသည့်တူနဲ့ပဲအစား အစာများကိုယူလိုက်ကာတွန့်ဆုတ်ခြင်း အလျင်းမရှိစွာဖြင့်သူ့ပါးစပ်ထဲထည့်၍ စားလိုက်သည်။

"မင်းကြားလိုက်သေးလား?ဒီတစ်ခေါက်
St. Helierမှော်အကယ်ဒမီကငါတို့ ထီလွန်မြို့မှာတပည့်ရွေးချယ်ဖို့အတွက် စာမေးပွဲကျင်းပမယ်တဲ့"

"တကယ်လားမင်းလိမ်နေတာ မဟုတ်ပါဘူးနော်?!" အမျိုးသားကအံ့သြသွားသည့် ပုံစံဖြင့်အလျင်အမြန်မေးလိုက်သည်။

"သေချာပေါက်အမှန်ပဲပေါ့...ဒီအရင် ရက်အနည်းငယ်အတွင်းမှာငါတို့မြို့ကို လူတွေအများကြီးဝင်လာနေတာကို မင်းမမြင်ဘူးလား?ပြီးတော့လည်း မှော်ဝတ်ရုံတွေဝတ်ထားတဲ့လူတွေ လည်းလမ်းပေါ်မှာလျှောက်သွားနေ ကြတာကိုမကြာခဏမြင်နေရတာပဲကို"

".....ဒါက..ဟားဟာဟား..ဒါပေမဲ့ ကံမကောင်းတာကငါကအခုအသက် (၃၀)ကျော်နေပြီပြီးတော့အလုပ်သင် မေးဂတ်စ်အဆင့်ပဲရှိသေးတယ် မဟုတ်လို့ကတော့ငါလည်းဝင်ပြိုင်မိမှာ"

St. Helier မှော်အကယ်ဒမီ?

အဲလ်ဗစ်ရဲ့လက်လှုပ်ရှားမှုများက ရပ်တန့်သွားရသည်။သေချာပေါက် သူလည်းဝိတ်အင်ပါယာတစ်လုံးနှင့် တိုက်ကြီးတစ်ခုလုံးတွင်အကျော်ကြား ဆုံးမှော်အကယ်ဒမီအကြောင်းကိုသိ လေသည်။အဆိုပါအကယ်ဒမီသည် သုံးနှစ်တစ်ကြိမ်တပည့်များကိုစုဆောင်း ပြီးစာမေးပွဲဖြေဆိုသည့်အခါတိုင်လည်း အင်ပါယာတစ်ခုလုံးနှင့်ပတ်ဝန်းကျင် နိုင်ငံများ၏အာရုံကိုဆွဲဆောင်နိုင်ခဲ့ သည်။ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသည့် မရေမတွက်နိုင်သောမေးဂတ်စ်များက
St. Helierမှော်အကယ်ဒမီသို့ဝင်ခွင့်ရနိုင် မည့်အခွင့်အရေးကိုစောင့်နေကြလေသည်။ဤအချက်ကြောင့် St. Helier မှော်အကယ်ဒမီတွင်ကျောင်းအပ်နိုင်မည့် အခြေအနေကလွန်စွာမြင့်မားလှသည်။ ပထမဦးဆုံးအချက်အနေနဲ့တစ်ယောက် ကအနည်းဆုံးအလုပ်သင်မေးဂတ်စ် အဆင့်ဖြစ်ရန်လိုအပ်သည်။ထိုအဆင့် ထိမရောက်နိုင်သည့်မေးဂတ်စ်များအ နေဖြင့်ဖြုတ်ချခံရမှာဖြစ်ပြီးအသက်က လည်း(၁၈)နှစ်အောက်ဖြစ်ရန်လိုအပ်၏။

သူ့ပတ်ဝန်းကျင်ရှိလူများ၏ပြောဆိုမှု များကိုနားထောင်ရင်းဖြင့်အဲလ်ဗစ်က ဆက်လက်စားသောက်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင်ဂရုမစိုက်သည့်ပုံစံပဲ ရှိနေပြီးဘာမှပြောင်းလဲခြင်းမရှိသော် လည်းသူ့နှလုံးသားထဲမှာတော့အများ ကြီးတွေးနေမိသည်။အခုသူကသူ့ခန္တာ ကိုယ်ထဲတွင်စိန့်မေးဂတ်စ်ရဲ့သွေးကိုနိုး ထစေခဲ့သည့်အပြင်မှော်စွမ်းအင်ရော ခန္တာကိုယ်သန်စွမ်းသည့်ကျင့်စဉ်ကိုပါ တစ်ချိန်တည်းမှာကျင့်ကြံနေနိုင်ပြီဖြစ်သည်။

သို့သော်လည်းဤတိုက်ကြီးတွင် လူတိုင်းကမေးဂတ်စ်သို့မဟုတ် စစ်သည်တစ်ဦးအဖြစ်တစ်မျိုး တည်းသာကျင့်ကြံနိုင်ကြသည်။ မေးဂတ်စ်တစ်ယောက်ရဲ့အဆင့် အတန်းကစစ်သည်တစ်ယောက် ထက်ပိုမိုမြင့်မားသော်လည်း စစ်သည်တစ်ဦးကအဆင့်မြင့်စစ်သည် တစ်ဦးအဖြစ်ဝင်ရောက်နိုင်ပြီဆိုရင် သူ့ရာထူးကမေးဂတ်စ်တစ်ယောက် နှင့်တူညီမှာဖြစ်ပြီးကမ္ဘာကြီးရဲ့ လေးစားမှုအားခံရလိမ့်မည်။

ထိုစွမ်းရည်ကသူ့လျို့ဝှက်ချက်ဖြစ်ပြီး တစ်ခြားသူများအားသိစေ၍မဖြစ်ပေ။ ထို့ကြောင့်သူသည်ထိုစွမ်းရည်ထဲက တစ်ခုကိုတစ်ခြားတစ်ခုဖြင့်ဖုံးကွယ် ထားနိုင်ရန်လိုအပ်သည်။

လူတစ်ဦးရဲ့ပထမဆုံးထင်မြင်ချက်က အလွန်အရေးကြီးသည်။အကြောင်းက တော့ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုတွင် လူတိုင်းကသင်ဘယ်လိုလူစားမျိုးဖြစ် တယ်ဆိုတာစဉ်းစားကြမှာဖြစ်ပြီးလူ များရဲ့ထင်မြင်ချက်ကိုပြောင်းလဲရန် ကအလွန်ခဲယဉ်းသောကြောင့်ဖြစ် သည်။ထို့အပြင်အဲလ်ဗစ်ကစစ်သည် တစ်ဦးထက်စာရင်မေးဂတ်စ်ဘဝကို ပိုပြီးလိုလားသည်။၎င်းသည်သူနှင့် အတူဆယ်နှစ်ကျော်ကြာအတူလိုက် ပါလာခြင်းဖြစ်ရုံသာမကသူနှင့်လည်း ပိုမိုရင်းနှီးကျွမ်းဝင်သောကြောင့်ပင်။

အဲ့ဒါတွေအားလုံးထက်ပိုတာက စိန့်မေးဂတ်စ်သွေးကိုနိုးထစေနိုင်ခဲ့ သည့်သူ့ရဲ့ယခင်စီနီယာတစ်ယောက် ကမှော်နယ်ပယ်တွင်ပိုမိုကျွမ်းကျင် သောကြောင့်သူ့အားပိုအဆင့်မြင့်သော မှော်စာလိပ်ကိုသာပေးခဲ့ပြီးကျန်သည့် အဆင့်နိမ့်မှော်စာလိပ်များကလည်း ဘာမှမရှိပေ။သို့သော်လည်းမျှော်လင့် ထားသည့်အရာနှင့်ဆန့်ကျင်စွာကိုယ်ခံ ပညာစာလိပ်သည်ပိုမိုပြည့်စုံနေခဲ့သော ကြောင့်တစ်ခြားနေရာမှာလိုက်ရှာနေစ ရာပင်မလိုချေ။

ယခုသူထိုသတင်းအားကြားလိုက်ရ သည့်အခါမှာတော့ခဏမျှစဉ်းစား လိုက်ပြီးပိုမိုပြည့်စုံသောမှော်အသိ ပညာများကိုလေ့လာရန်St. Helier မှော်အကယ်ဒမီသို့ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

................................

T/N - စိန့်မေးဂတ်စ်သွေးကိုနိုးထနိုင်ခဲ့တဲ့ သူ့ရဲ့စီနီယာဟောင်းဆိုတာကလေသူ သားရဲတောထဲဝင်တုန်းကတွေ့ခဲ့တဲ့ အိမ်ကိုမှတ်မိကြလားမသိဘူးအဲ့ဒီမှာ ရတဲ့စာလိပ်တွေကိုပြောတာပါ။စာရေး သူကအိမ်တွေ့တယ်ပဲပြောပြီးဘာမှ အကျယ်မချဲ့ထားတဲ့အတွက်ဘယ်က စီနီယာလဲဆိုပြီးရှုပ်ကုန်မှာစိုးလို့။

Stele - လက်တင်စကားမှဆင်းသက်လာသော stele (/ ˈstiːli / STEE-lee), သို့မဟုတ်ရံဖန်ရံခါ stela ဟုခေါ်သည့်အရာသည်ကျောက်တုံးသို့မဟုတ်သစ်သားပြားတစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့်၎င်းသည်ကျယ်ပြန့်သည်ထက်ပိုမိုမြင့်မားပြီးရှေးဟောင်းကမ္ဘာတွင်အထိမ်းအမှတ်အဆောက်အဦး(သို့)နမိတ်ဖက်ကျောက်တိုင်အဖြစ်စိုက်ထူကြသည်။ Stele ၏မျက်နှာပြင်တွင်စာသားများ၊ အဆင်တန်ဆာများသို့မဟုတ်နှစ်မျိုးစလုံးရှိတတ်သည်။ (From Weki)

7.7.2020(3:30 PM)

................................
Zawgyi

Arc(2.7) - Saint Magus

ထိုေနရာသို႔မသြားခင္မွာအဲလ္ဗစ္က ေသးငယ္သည့္လမ္းၾကားေလးတစ္ခု ထဲသို႔အလ်င္အျမန္ဆင္းြသားလိုက္ၿပီး ျပန္မထြက္လာခင္မွာသူ႔ခႏာၱကိုယ္ေပၚ တြင္အနက္ေရာင္ဝတ္ရံုကိုဝတ္ဆင္ လိုက္သည္။ဝတ္ရံု၏ေခါင္းစြပ္ကသူ႔ မ်က္ႏွာအမ်ားစုကိုဖံုးကြယ္ထားၿပီးသူ႔ ေမးေစ့ေအာက္လိုင္းကိုသာအၾကမ္း ဖ်င္းေလာက္ေတြ႕ျမင္ႏိုင္၏။

အဲလ္ဗစ္ကထီလြန္ၿမိဳ႔၏ေမွာ္စြမ္းအား စမ္းသပ္သည့္ေနရာသို႔ခ်က္ခ်င္းသြား လိုက္သည္။

စမ္းသပ္တဲ့ေနရာ၏တည္ေနရာသည္ ၿမိဳ႔အေနာက္ဘက္ေထာင့္တြင္ရွိသည္။ အဲ့ဒီေနရာကတစ္ျခားေနရာမ်ားႏွင့္ယွဥ္ ရင္အလြန္တိတ္ဆိတ္ၿငိမ္သက္ေနၿပီး တံခါးမႀကီးအားျဖတ္သန္းသြားလာမည့္ လူတစ္ဦးေလာက္ေတြ႕ဖို႔ကိုပင္အခ်ိန္ မ်ားစြာၾကာျမင့္သည္။

အဲလ္ဗစ္ဝင္ေပါက္ဝသို႔ေျခခ်လိုက္သည္ ႏွင့္ေခါင္းေလာင္းသံတစ္ခုကစတင္ၿပီး ျမည္လာခဲ့ကာအသက္ႀကီးႀကီးအသံ တစ္ခုကပဲ့တင္ၿပီးထြက္လာခဲ့သည္။

"ေဖာက္သည္ခင္ဗ်ား...ဒီေနရာက ေမွာ္စြမ္းအင္စမ္းသပ္တဲ့ေနရာပါ ေစ်းဆိုင္မဟုတ္ပါဘူးအကယ္၍ အသင္တစ္ျခားလိုအပ္တာရွိတယ္ဆို ရင္ေက်းဇူးျပဳၿပီးလွည့္ထြက္သြားေပးပါ"

အဲလ္ဗစ္ကေရွ႕ကေကာင္တာဆီသို႔ တိုက္႐ိုက္သြားလိုက္ၿပီးအထဲမွာထိုင္ ေနသည့္လူအိုႀကီးကိုေျပာလိုက္သည္။

"ဒီကိုေမွာ္စြမ္းအင္စမ္းသပ္ဖို႔လာခဲ့တာ" သူသံုးလိုက္သည့္အသံကပံုမွန္ထက္ ဒီဂရီအနည္းငယ္နိမ့္က်ေနၿပီး၎သည္ သူ႔ရဲ႔လက္ရွိအသက္ထက္ႏွစ္အနည္းငယ္ ပိုၿပီးႀကီးပံုေပါက္ေနသည္။

မူလကေခါင္းငံု႔ၿပီးစာဖတ္ေနခဲ့သည့္ လူအိုႀကီးကခ်က္ခ်င္းေမာ့ၾကည့္လိုက္ ၿပီးသူ႔လက္မ်ားကိုသံုး၍သူ႔ႏွာေခါင္း ေပၚကမ်က္မွန္ကိုပင့္တင္လိုက္ကာသူ႔ ရဲ႔ပါးရည္ေတြတြန္႔ေနၿပီျဖစ္သည့္မ်က္ လံုးမ်ားကေတာ့အနည္းငယ္က်ဥ္း ေျမာင္းလိုက္ရင္းမ်က္ႏွာတစ္ဝက္ ေလာက္ေခါင္းအုပ္ျဖင့္ဖံုးကြယ္ထား သည့္အဲလ္ဗစ္အားခဏမွ်ၾကည့္ေန လိုက္ၿပီးမွေျပာလိုက္သည္။

"စမ္းသပ္မွဳအတြက္မင္း ေရႊဆယ္ျပားေပးရမယ္"

အဲလ္ဗစ္ကစကားတစ္ခြန္းမေျပာပဲ အိတ္ငယ္ေလးတစ္ခုအားေကာင္တာ ေပၚသို႔တိုက္႐ိုက္ပစ္တင္ေပးလိုက္သည္။

လူအိုႀကီးကအိတ္ကိုေကာက္ကိုင္လိုက္ ျပီးအထဲသို႔ဖြင့္ၾကည့္ကာေခါင္းညိမ့္ျပ လိုက္၏။

"ငါနဲ႔လိုက္ခဲ့"

ၿပီးေနာက္မွာေတာ့လူအိုႀကီးက မတ္တပ္ရပ္လိုက္ၿပီးေကာင္တာ ေနာက္မွထြက္ကာဘယ္ဘက္ေထာင့္ သို႔ဦးတည္သြားေလသည္။

အဲလ္ဗစ္ကလူအိုႀကီးရဲ႔ေနာက္မွအနီး ကပ္လိုက္သြားလိုက္ၿပီးအခန္းက်ယ္ တစ္ခုဆီသို႔ေလွ်ာက္သြားလိုက္ေသာ အခါအခန္းထဲမွာလူတစ္ဦးရဲ႔အရပ္ အျမင့္ေလာက္ရွိသည့္ေရာ့စစ္မ်ိဳးႏြယ္ စုမွာရွိေသာေက်ာက္သလင္းတုန္းထက္ ပိုႀကီးသည့္စမ္းသပ္ေက်ာက္သလင္း တုန္းႀကီးကိုေတြ႕လိုက္ရသည္။

လူအိုႀကီးကအဲလ္ဗစ္ကိုအခန္းထဲသို႔ ေခၚေဆာင္သြားၿပီးေနာက္စတီလီေဘး မွာထားထားသည့္ေက်ာက္သလင္းတုန္း အားၫႊန္ျပလိုက္ၿပီးေျပာလိုက္သည္။

"မင္းရဲ႔ေမွာ္စြမ္းအင္ကိုသလင္းေက်ာက္ ထဲထည့္လိုက္တဲ့အခ်ိန္မွာသူ႔ရဲ႔အေရာင္ ကေျပာင္းသြားလိမ့္မယ္..မင္းစတီလီရဲ႔ ရွင္းျပခ်က္အတိုင္းလိုက္လုပ္ႏိုင္တယ္.. တကယ္လို႔မင္းအခုဘယ္အဆင့္မွာလဲ ဆိုတာသိျခင္ရင္....."

လူအိုႀကီးကေျပာေနရင္းျဖင့္သူ၏ ရင္ဖက္ထဲမွအက်ယ္လက္ဖဝါးႏွစ္ဖက္ ေလာက္သာရွိသည့္ေမွာ္လွံတံတစ္ေခ်ာင္း ကိုအလ်င္မလိုစြာျဖင့္ဆြဲထုတ္လိုက္ၿပီး တစ္စံုတစ္ခုကိုသူ႔ပါးစပ္မွေရရြတ္လိုက္ ေသာအခါမၾကာမီပင္အျဖဴေရာင္အ လင္းတန္းတစ္ခုကသလင္းေက်ာက္ဆီ သို႔ဦးတည္ဝင္သြားၿပီးျမဴဆိုင္းလ်က္ ရွိသည့္အျဖဴေရာင္အခိုးအေငြ႔မ်ား ခ်က္ခ်င္းေပၚလာခဲ့သည္။

ႀကိဳတင္ျပင္ဆင္မႈေတြအကုန္လုံးၿပီး သြားတဲ့အခါလူအိုႀကီးကလွည့္ၿပီး ထြက္သြားကာအဲလ္ဗစ္အတြက္တံခါး ပိတ္ေပးခဲ့ေလ၏။

လူအိုႀကီးကထြက္သြားေသာ္လည္း အေဝးမသြားဘဲတံခါးအျပင္ဘက္မွာ သာေစာင့္ေနမည္ကိုအဲလ္ဗစ္သိသည္။ ဒါကတစ္စံုတစ္ဦးသလင္းေက်ာက္အား ခိုးယူမည့္အခြင့္အလမ္းကိုတားဆီးရန္ ျဖစ္၏။ၿပီးေတာ့လည္းဒါကႀကီးမားတဲ့ အခြင့္အလမ္းႀကီးပဲေလ။

အဲလ္ဗစ္သည္ေက်ာက္သလင္းတုန္း ရိွသည့္ေနရာဆီသို႔ေလွ်ာက္သြားလုိက္ ျပီးသူ႔လက္အားထိုအေပၚတင္ကာသူ႔ ကိုယ္ထဲမွစြမ္းအင္ကိုတစ္ျဖည္းျဖည္း ျခင္းစီးဝင္ေစလုိက္သည္။သူကသလင္း ေက်ာက္တုန္းေပၚမွအစကနဦးလိေမၼာ္ ေရာင္မွသည္စိမ္းျပာေရာင္ဆီသို႔တစ္ ျဖည္းျဖည္းျခင္းဆီေျပာင္းလဲလာသည္ အားၾကည့္ေနျပီးအေရာင္ကပိုပိုျပီးၾကည္ လင္လာေလသည္။အထိုင္မခ်မီတြင္ ထိုစိမ္းျပာေရာင္အလင္းအုပ္စုက ေက်ာက္သလင္းတုန္း၏အထဲတြင္ လွည့္ပတ္ေနသည္မွာေရထဲတြင္ညင္ သာစြာေရြ႔လ်ားေနေသာေရညွိမ်ား ကဲ့သို႔ပင္ျဖစ္ေနသည္။

စိမ္းျပာေရာင္....ဒါကအငယ္တန္း ေမးဂတ္စ္တစ္ေယာက္ရဲ႔သေကၤတ ပင္ျဖစ္၏။

အဲလ္ဗစ္ရဲ႔ေကာင္းကင္ျပာမ်က္လံုး ေတာက္ေတာက္ေလးမ်ားကေတာက္ပ သြားခဲ့ေသာ္လည္းသူ႔အသက္ရွုနွုန္းက ေတာ့အနည္းငယ္မွ်ပင္ေျပာင္းလဲျခင္း မရွိဘဲေက်ာက္သလင္းတုန္းေဘးမွာ ရွိသည့္စတီလီကိုလွည့္ၾကည့္လုိက္ကာ ေနာက္တစ္ခါထပ္အတည္ျပဳလုိက္သည္။

ရွင္းရွင္းလင္းလင္းကိုစတီလီေပၚမွာ ထြင္းထားသည့္စလံံုးမ်ားကိုျမင္လုိက္ ရေလသည္: စိမ္းျပာေရာင္...အငယ္တန္းေမးဂတ္စ္

အငယ္တန္းေမးဂတ္စ္?

အဲလ္ဗစ္ကသူ႔နွုတ္ခမ္းေထာင့္စြန္းမ်ား အားအနည္းငယ္ျမွင့္လုိက္ေတာ့သည္။ လြန္ခဲ့ေသာနွစ္နွစ္ကေမွာ္စြမ္းအင္အားလံုး ဆံုးရွံုးသြားခဲ့သည့္အမွိုက္သရိုက္ကေနာက္ နွစ္နွစ္ၾကာျပီးေနာက္မွာအငယ္တန္း ေမးဂတ္စ္တစ္ေယာက္အဆင့္ထိတိုး တက္နုိင္မည့္စြမ္းရည္ရွိမည္ဟုမေမွ်ာ္ လင့္ခဲ့မိဘူးေလ။ဒီျခားနားခ်က္က တကယ့္ကိုမထင္မွတ္စရာေကာင္း လွသည္ပင္။

ဒါေပမဲ့လည္းအရမ္းေနာက္က်သြားခဲ့ျပီ ...တကယ္လို႔သူသာလြန္ခဲ့တဲ့နွစ္နွစ္ထဲက ဒီစြမ္းရည္ကိုျပသနုိင္ခဲ့ရင္သူ႔အဘြား လည္းေသဆံုးမွာမဟုတ္သလိုသူလည္း သူ႔မ်ိဳးႏြယ္စုရဲ႔လ်စ္လ်ဳရွုမွုနဲ႔ရက္စက္မွု ေတြကိုအျပည့္အဝျမင္နုိင္ခဲ့မွာမဟုတ္ဘူး။

အဲလ္ဗစ္ကအသားမာမ်ားျဖင့္ဖံုးလႊမ္း ေနသည့္သူ႔လက္ဖဝါးမ်ားကိုငံု႔ၾကည့္ လိုက္ျပီးျဖည္းျငွင္းစြာျဖင့္သူတို႔ကို တင္းၾကပ္စြာဆုပ္ထားလုိက္မိေတာ့သည္။

အခုေတာ့သူ႔အတြက္အေရးၾကီးဆံုး အရာကလဒ္ဝတ္ပဲ..သူ႔ကိုကာကြယ္နုိင္ ဖို႔အတြက္သူပိုျပီးအားသန္မွျဖစ္မယ္ ဒါေၾကာင့္ဒီအဆင့္ကမလုံေလာက္ဘူး။

သူကလက္ရွိသူ႔ေအာင္ျမင္မွုမ်ားကို အလြယ္တကူစိတ္ေက်နပ္မွုမရရွိေပ။

ကမာၻေပၚမွာသူ႔ထက္ပိုအားေကာင္းတဲ့ လူေတြရွိေနတုန္းပဲ။သူကမာၻအျမင့္ဆံုး ကိုမတက္နုိင္မျခင္းသူ႔နုိ္းၾကားမွုေတြကို ေလွ်ာ့ခ်မွာမဟုတ္ဘူး။

မဟုတ္ဘူး...တကယ္လုိ႔သူထိပ္ဆံုး ေရာက္သြားတယ္ဆိုရင္ေတာင္ေလွ်ာ့ခ် လို႔မျဖစ္ဘူး...သူေနာက္တစ္ခါပလႅင္ေပၚ ကျပဳတ္က်တဲ့အခ်ိန္နာက်င္ရတဲ့က်ိဳးပဲ့ ရတဲ့ခံစားခ်က္ကိုထပ္မခံစားျခင္ေတာ့ဘူး။

အဲလ္ဗစ္ကေက်ာက္သလင္းေက်ာက္ ၎၏မူလၾကည္လင္ေသာအေရာင္သို႔ ျပန္ေရာက္သည့္တိုင္ေအာင္ေစာင့္ဆုိင္း လိုက္ျပီးခဏၾကာမွလွည့္ျပီးအခန္းထဲ မွထြက္လာခဲ့လုိက္သည္။သိပ္မေဝးသည့္ ေနရာမွာရွိေနသည့္လူအိုၾကီးကသူ႔ကို ေတြ႔ေသာအခါဘာမွေမးျမင္းျခင္းမရွိဘဲ အဲလ္ဗစ္ကိုဒီအတိုင္းဝင္ေပါက္သို႔ေခၚ သြားေပးလုိက္ျပီးသူ႔ေကာင္တာရွိသည့္ ေနရာသို႔တစ္ျဖည္းျဖည္းျခင္းဆီလမ္း ျပန္ေလွ်ာက္သြားလိုက္ကာသူ႔ရဲ႔ထူထဲ သည့္ေမွာ္စာအုပ္ကိုသာျပန္ဖတ္ေန လုိက္ေလသည္။

အဲလ္ဗစ္သည္စမ္းသပ္ရာေနရာမွ ထြက္သြားၿပီးမည္သူမွ်သူ႔ေနာက္သို႔ မလိုက္ေၾကာင္းအတည္ျပဳၿပီးေနာက္ လမ္းၾကားေလးထဲသို႔ျပန္ဝင္လုိက္ကာ ေခါင္းစြပ္ကိုဖယ္လိုက္၍သူ႔မူလပံုစံကို ျပန္ေဖာ္ထုတ္လုိက္သည္။

အခ်ိန္ကမြန္းတည့္ခ်ိန္နီးလာခဲ့ျပီျဖစ္ တာေၾကာင့္အဲလ္ဗစ္ကစားေသာက္ဆိုင္ တစ္ဆုိင္ကိုအမွတ္တမဲ့ရွာေတြ႔လုိက္ျပီး စားရန္ထုိင္လုိက္သည္။

အခ်ိန္ၾကာျမင့္စြာအိတ္ထဲမွာပိတ္ခံထား ရသည့္လီလ်ိဳမွာေနာက္ဆံုးေတာ့ထြက္ လာနုိင္ခဲ့ျပီျဖစ္တာေၾကာင့္သူ႔အျမွီးေလး ကိုလွုပ္ခါလုိက္ျပီးစတုရန္းစားပြဲတစ္ဝုိက္ တြင္လမ္းေလွ်ာက္သြားလိုက္ျပီးမွေနာက္ ဆံုးတြင္အဲလ္ဗစ္ရဲ႔႔ေဘးမွာဝင္ထိုင္လုိက္ ရင္းသူ႔ေခါင္းေလးကိုေျမွာက္ကာေဘး ပတ္ဝန္းက်င္အားအဆက္မျပတ္လုိက္ ၾကည့္ေနေလသည္။

ပတ္ဝန္းက်င္မွလူမ်ားမွာသူတို႔အိမ္ေမြး တိရစာၦန္မ်ားအားစားပြဲေပၚတြင္တင္ေပး ျပီးအတူတူစားၾကသည္အားတစ္ခါမွ မေတြ႔ဘူးတာေၾကာင့္လူေတာ္ေတာ္ မ်ားမ်ားသည္သူတို႔ဘာသာစကားေျပာ ေနၾကရင္းအဲလ္ဗစ္ထိုင္ေနသည့္စားပြဲ သို႔မေနနုိင္ပဲၾကည့္မိၾက၏။

အဲလ္ဗစ္ကေတာ့ပတ္ဝန္းက်င္မွလူမ်ား ၏အၾကည့္အားအနည္းငယ္မွ်ပင္ ဂရုစို္ကမေနနပဲသူ႔ေခါင္းကိုအနည္း ငယ္ငံု႔လုိက္ကာေၾကာင္ပိစိေလးရဲ႔ေက်ာ ကုန္းေပၚရွိႏူးညံ့သည့္အေမႊးေလးမ်ား ကိုညင္ညင္သာသာပြတ္သပ္ေပးေန လုိက္သည္။

စားပြဲေပၚသို႔ပန္းကန္ေတြတင္လုိက္ျပီး ေနာက္မွာေတာ့သူကပန္းကန္ကိုတုိက္ ရိုက္ယူလုိက္ျပီးပန္းကန္ထဲသို႔ဟင္းတစ္ ခ်ို႔ထည့္လုိက္ကာသူ႔ေရွ႔ကနွင္းေဘာ လံုးေလးလိုအိမ္ေမြးတိရစာၦန္ေလး အားကိုယ္တုိင္ေက်ြးေနသည္ကိုလူတုိင္း ေတြ႔လုိက္ၾကရေတာ့သည္။

ထိုျမင္ကြင္းကိုၾကည့္ေနသူတိုင္းမွာ သူတို႔မ်က္လံုးအိမ္ထဲမွမ်က္စံၾကီး ထြက္ၾကလာမတတ္ျပဴးက်ယ္ျပီး ၾကည့္မိေနၾက၏။လူတစ္ေယာက္က သူတို႔ရဲ႔အိမ္ေမြးတိရိစာၦန္မ်ားကိုဒီလို ကိုယ္တိုင္လုပ္ေပးတာတစ္ခါမွမေတြ႔ ဘူးၾကေသာေၾကာင့္သူတို႔ေမးေစ့မ်ား ကိုေအာက္ျပဳတ္က်မတတ္မယံုနိုင္ ေလာက္ေအာင္ျဖစ္ေစေလသည္။ သို႔ေသာ္လည္းဒီကမာၻေပၚမွာလူမ်ိဳးစံု ရွိေနတဲ့အတြက္အရမ္းၾကီးထူးဆန္းေန တာေတာ့မဟုတ္ေပ။ခဏေစာင့္ၾကည့္ ျပီးတဲ့ေနာက္မွာေတာ့သူတို႔ဟာမ်က္စိ ကိုလႊဲၿပီးတျခားအေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီးေျပာဆိုေနၾကေတာ့သည္။။

လီလ်ိဳရဲ႔အစာအိမ္ေလးကေၾကာင္ပံုစံနဲ႔ ဆိုရင္အရမ္းကိုေသးငယ္ေသာေၾကာင့္ မၾကာခင္ပဲဗိုက္ျပည့္သြားေတာ့သည္။ အဲလ္ဗစ္ကေနာက္တစ္ခါတူနဲ႔ထပ္ခြံ႔ဖို႔ လုပ္သည့္အခါမွာေတာ့သူ႔ေခါင္းေလး ကိုေဘးသို႔ေစာင္းလုိက္သည္။ထို႔ေနာက္ ေခါင္းကိုေမာ့ကာအဲလ္ဗစ္အားက်ယ္ ေလာင္စြာေအာ္၍သူ႔ေျခသည္းေလး မ်ားျဖင့္တူကိုအေဝးတြန္းလိုက္၏။

"ဗိုက္ျပည့္သြားျပီလား?"

အဲလ္ဗစ္ကသူ႔မ်က္လံုးမ်ားကိုေမွးက်ဥ္း လုိက္ရင္းေမးလုိက္ျပီးလက္ကိုဆန္႔ထုတ္ ကာစားပြဲေပၚတြင္ထိုင္ေနသည့္ေၾကာင္ လံုုးေသးေသးေလးရဲ႔ေမးေစ့ေလးကိုပြတ္ ေပးလုိက္သည္။သူ႔ကိုပြတ္ေပးေနသည့္ လူဆီမွေမးခြန္းသံကိုၾကားလုိက္ရေသာ အခါေၾကာင္ပိစိေလးကရုတ္တရက္သူ႔ မ်က္လံုးမ်ားကိုဖြင့္ၾကည့္လိုက္ျပီးမ်က္ လံုးဝိုင္းဝိုင္းၾကီးမ်ားကိုမေက်မနပ္ပံုစံ ျဖင့္က်ံဳ႔လုိက္သည္။ထို႔ေနာက္လက္ သည္းမ်ားကိုဆန္႔ထုတ္၍သူ႔ေမးေစ့အား ပြတ္ေပးေနေသာလက္အားရိုက္ထုတ္ လုိက္ေလ၏။

အဲလ္ဗစ္မွာမေနနိင္ေတာ့ပဲသူ႔နွုတ္ခမ္း ေထာင့္စြန္းမ်ားကေလးကိုင္းသ႑ာန္ ေကြးညႊတ္သြားရျပီးေၾကာင္ေလးအား ေက်ြးတုန္းကသံုးထားသည့္တူနဲ႔ပဲအစား အစာမ်ားကိုယူလုိက္ကာတြန္႔ဆုတ္ျခင္း အလ်င္းမရွိစြာျဖင့္သူ႔ပါးစပ္ထဲထည့္၍ စားလုိက္သည္။

"မင္းၾကားလိုက္ေသးလား?ဒီတစ္ေခါက္
St. Helierေမွာ္အကယ္ဒမီကငါတို႔ ထီလြန္ျမို႔မွာတပည့္ေရြးခ်ယ္ဖို႔အတြက္ စာေမးပြဲက်င္းပမယ္တဲ့"

"တကယ္လားမင္းလိမ္ေနတာ မဟုတ္ပါဘူးေနာ္?!" အမ်ိဳးသားကအ့ံၾသသြားသည့္ ပံုစံျဖင့္အလ်င္အျမန္ေမးလုိက္သည္။

"ေသခ်ာေပါက္အမွန္ပဲေပါ့...ဒီအရင္ ရက္အနည္းငယ္အတြင္းမွာငါတို႔ျမို႔ကို လူေတြအမ်ားၾကီးဝင္လာေနတာကို မင္းမျမင္ဘူးလား?ျပီးေတာ့လည္း ေမွာ္ဝတ္ရံုေတြဝတ္ထားတဲ့လူေတြ လည္းလမ္းေပၚမွာေလွ်ာက္သြားေန ၾကတာကိုမၾကာခဏျမင္ေနရတာပဲကို"

".....ဒါက..ဟားဟာဟား..ဒါေပမဲ့ ကံမေကာင္းတာကငါကအခုအသက္ (၃၀)ေက်ာ္ေနျပီျပီးေတာ့အလုပ္သင္ ေမးဂတ္စ္အဆင့္ပဲရွိေသးတယ္ မဟုတ္လုိ႔ကေတာ့ငါလည္းဝင္ျပိုင္မိမွာ"

St. Helier ေမွာ္အကယ္ဒမီ?

အဲလ္ဗစ္ရဲ႔လက္လွုပ္ရွားမွုမ်ားက ရပ္တန္႔သြားရသည္။ေသခ်ာေပါက္ သူလည္းဝိတ္အင္ပါယာတစ္လံုးနွင့္ တိုက္ၾကီးတစ္ခုလံုးတြင္အေက်ာ္ၾကား ဆံုးေမွာ္အကယ္ဒမီအေၾကာင္းကိုသိ ေလသည္။အဆိုပါအကယ္ဒမီသည္ သုံးႏွစ္တစ္ႀကိမ္တပည့္မ်ားကိုစုေဆာင္း ၿပီးစာေမးပြဲေျဖဆိုသည့္အခါတိုင္လည္း အင္ပါယာတစ္ခုလုံးႏွင့္ပတ္ဝန္းက်င္ ႏိုင္ငံမ်ား၏အာ႐ုံကိုဆြဲေဆာင္ႏိုင္ခဲ့ သည္။ကမာၻတစ္ဝွမ္းလံုးမွာရွိသည့္ မေရမတြက္နုိင္ေသာေမးဂတ္စ္မ်ားက
St. Helierေမွာ္အကယ္ဒမီသို႔ဝင္ခြင့္ရနုိ္င္ မည့္အခြင့္အေရးကိုေစာင့္ေနၾကေလသည္။ဤအခ်က္ေၾကာင့္ St. Helier ေမွာ္အကယ္ဒမီတြင္ေက်ာင္းအပ္ႏိုင္မည့္ အေျခအေနကလြန္စြာျမင့္မားလွသည္။ ပထမဦးဆံုးအခ်က္အေနနဲ႔တစ္ေယာက္ ကအနည္းဆံုးအလုပ္သင္ေမးဂတ္စ္ အဆင့္ျဖစ္ရန္လုိအပ္သည္။ထိုအဆင့္ ထိမေရာက္နုိင္သည့္ေမးဂတ္စ္မ်ားအ ေနျဖင့္ျဖုတ္ခ်ခံရမွာျဖစ္ျပီးအသက္က လည္း(၁၈)နွစ္ေအာက္ျဖစ္ရန္လိုအပ္၏။

သူ႔ပတ္၀န္းက်င္ရွိလူမ်ား၏ေျပာဆိုမႈ မ်ားကိုနားေထာင္ရင္းျဖင့္အဲလ္ဗစ္က ဆက္လက္စားေသာက္ေနလုိက္သည္။ သူ႔မ်က္နွာေပၚတြင္ဂရုမစိုက္သည့္ပံုစံပဲ ရွိေနျပီးဘာမွေျပာင္းလဲျခင္းမရွိေသာ္ လည္းသူ႔နွလံုးသားထဲမွာေတာ့အမ်ား ၾကီးေတြးေနမိသည္။အခုသူကသူ႔ခႏာၱ ကိုယ္ထဲတြင္စိန္႔ေမးဂတ္စ္ရဲ႔ေသြးကိုႏိုး ထေစခဲ့သည့္အျပင္ေမွာ္စြမ္းအင္ေရာ ခႏာၱကုိယ္သန္စြမ္းသည့္က်င့္စဥ္ကိုပါ တစ္ခ်ိန္တည္းမွာက်င့္ၾကံေနနိုင္ျပီျဖစ္သည္။

သို႔ေသာ္လည္းဤတိုက္ၾကီးတြင္ လူတိုင္းကေမးဂတ္စ္သို႔မဟုတ္ စစ္သည္တစ္ဦးအျဖစ္တစ္မ်ိဳး တည္းသာက်င့္ၾကံနုိင္ၾကသည္။ ေမးဂတ္စ္တစ္ေယာက္ရဲ႔အဆင့္ အတန္းကစစ္သည္တစ္ေယာက္ ထက္ပိုမိုျမင့္မားေသာ္လည္း စစ္သည္တစ္ဦးကအဆင့္ျမင့္စစ္သည္ တစ္ဦးအျဖစ္ဝင္ေရာက္နုိင္ျပီဆိုရင္ သူ႔ရာထူးကေမးဂတ္စ္တစ္ေယာက္ နွင့္တူညီမွာျဖစ္ျပီးကမာၻၾကီးရဲ႔ ေလးစားမွုအားခံရလိမ့္မည္။

ထိုစြမ္းရည္ကသူ႔လ်ိဳ႔ဝွက္ခ်က္ျဖစ္ျပီး တစ္ျခားသူမ်ားအားသိေစ၍မျဖစ္ေပ။ ထို႔ေၾကာင့္သူသည္ထိုစြမ္းရည္ထဲက တစ္ခုကိုတစ္ျခားတစ္ခုျဖင့္ဖံုးကြယ္ ထားနုိင္ရန္လိုအပ္သည္။

လူတစ္ဦးရဲ႔ပထမဆံုးထင္ျမင္ခ်က္က အလြန္အေရးၾကီးသည္။အေၾကာင္းက ေတာ့ပထမဦးဆံုးအၾကိမ္ေတြ႔ဆံုမွုတြင္ လူတိုင္းကသင္ဘယ္လိုလူစားမ်ိဳးျဖစ္ တယ္ဆိုတာစဥ္းစားၾကမွာျဖစ္ျပီးလူ မ်ားရဲ႔ထင္ျမင္ခ်က္ကိုေျပာင္းလဲရန္ ကအလြန္ခဲယဥ္းေသာေၾကာင့္ျဖစ္ သည္။ထို႔အျပင္အဲလ္ဗစ္ကစစ္သည္ တစ္ဦးထက္စာရင္ေမးဂတ္စ္ဘဝကို ပိုျပီးလိုလားသည္။၎သည္သူႏွင့္ အတူဆယ္ႏွစ္ေက်ာ္ၾကာအတူလိုက္ ပါလာျခင္းျဖစ္ရံုသာမကသူႏွင့္လည္း ပိုမိုရင္းႏွီးကြၽမ္းဝင္ေသာေၾကာင့္ပင္။

အဲ့ဒါေတြအားလံုးထက္ပိုတာက စိန္႔ေမးဂတ္စ္ေသြးကိုႏိုးထေစနုိင္ခဲ့ သည့္သူ႔ရဲ႔ယခင္စီနီယာတစ္ေယာက္ ကေမွာ္နယ္ပယ္တြင္ပိုမိုက်ြမ္းက်င္ ေသာေၾကာင့္သူ႔အားပိုအဆင့္ျမင့္ေသာ ေမွာ္စာလိပ္ကိုသာေပးခဲ့ျပီးက်န္သည့္ အဆင့္နိမ့္ေမွာ္စာလိပ္မ်ားကလည္း ဘာမွမရွိေပ။သို႔ေသာ္လည္းေမွ်ာ္လင့္ ထားသည့္အရာနွင့္ဆန္႔က်င္စြာကိုယ္ခံ ပညာစာလိပ္သည္ပိုမိုျပည့္စံုေနခဲ့ေသာ ေၾကာင့္တစ္ျခားေနရာမွာလုိက္ရွာေနစ ရာပင္မလိုေခ်။

ယခုသူထိုသတင္းအားၾကားလိုက္ရ သည့္အခါမွာေတာ့ခဏမွ်စဥ္းစား လုိက္ျပီးပိုမိုျပည့္စံုေသာေမွာ္အသိ ပညာမ်ားကိုေလ့လာရန္St. Helier ေမွာ္အကယ္ဒမီသို႔ဝင္ေရာက္ရန္ ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။

................................

T/N - စိန္႔ေမးဂတ္စ္ေသြးကိုႏိုးထနုိင္ခဲ့တဲ့ သူ႔ရဲ႔စီနီယာေဟာင္းဆိုတာကေလသူ သားရဲေတာထဲဝင္တုန္းကေတြ႔ခဲ့တဲ့ အိမ္ကိုမွတ္မိၾကလားမသိဘူးအဲ့ဒီမွာ ရတဲ့စာလိပ္ေတြကိုေျပာတာပါ။စာေရး သူကအိမ္ေတြ႔တယ္ပဲေျပာျပီးဘာမွ အက်ယ္မခ်ဲ႔ထားတဲ့အတြက္ဘယ္က စီနီယာလဲဆိုျပီးရွုပ္ကုန္မွာစိုးလို႔။

Stele - လက္တင္စကားမွဆင္းသက္လာေသာ stele (/ ˈstiːli / STEE-lee), သို႔မဟုတ္ရံဖန္ရံခါ stela ဟုေခၚသည့္အရာသည္ေက်ာက္တုံးသို႔မဟုတ္သစ္သားျပားတစ္ခုျဖစ္သည္။ ေယဘုယ်အားျဖင့္၎သည္က်ယ္ျပန႔္သည္ထက္ပိုမိုျမင့္မားၿပီးေရွးေဟာင္းကမာၻတြင္အထိမ္းအမွတ္အေဆာက္အဦး(သို႔)နမိတ္ဖက္ေက်ာက္တုိင္အျဖစ္စိုက္ထူၾကသည္။ Stele ၏မ်က္ႏွာျပင္တြင္စာသားမ်ား၊ အဆင္တန္ဆာမ်ားသို႔မဟုတ္ႏွစ္မ်ိဳးစလုံးရွိတတ္သည္။ (From Weki)

7.7.2020(3:30 PM)

................................

Continue Reading

You'll Also Like

58.8K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
946K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
241K 28K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...