Hate is Love { Complete }

By yoon_085

868K 51.9K 2.1K

အမုန္းဆိုတာ အခ်စ္ကေနအစျပဳတာမို႔ ကိုယ္ခ်စ္တဲ့သူကို မနာက်ည္းႏိုင္သေရြ႔ ခ်စ္ေနမိဦးမွာလဲ လူတိုင္းလဲ ကိုယ္ခ်စ္တဲ့... More

Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II

Part 14 ~ Love is hurt

19.1K 1.3K 23
By yoon_085

Hate is Love

Zawgyi

ရိေပၚ အသံလာရာကိုၾကည့္လိုက္မိၿပီးေနာက္ သူ႕ေျခေထာက္ေတြက အလိုလိုပင္ အသံပိုင္ရွင္ရွိရာဘက္ကို ေလွ်ာက္သြားမိသည္ သူ႕ကိုျပန္လည္ၾကည့္လာတဲ့ ထိုမ်က္ဝန္းေတြ၊ သူလြမ္းေနခဲ့ရတဲ့ႏႈတ္ခမ္း၊ ထိုအရာေတြျမင္ၿပီးရိေပၚ စိတ္မထိန္းနိုင္ဘဲ ႏႈတ္ခမ္းေလးေတြကိုဖိကပ္နမ္းမိသည္ ထိုအရာက ပုံရိပ္ေယာင္ျဖစ္ေနလွ်င္ေတာင္မွ သူတမ္းတမိေနဦးမွာပင္ ။

သူ႕ကိုအတင္းနမ္းလာတဲ့ ထိုသူေၾကာင့္႐ုတ္တရက္ ေၾကာင္သြားေပမယ့္ ထိုႏူးႏူးညံညံနမ္းေနတဲ့ အနမ္းကသူတစ္ခ်ိန္ကထိေတြ႕ခဲ့သလို အရမ္းကိုရင္းႏွီးေနသည္ သူျပန္လဲမတြန္းမိသလို အနမ္းကိုလဲလက္မခံမိေပ သူသတိရတဲ့အခ်ိန္မွာ သူ႕ကိုနမ္းေနတဲ့ ထိုသူကိုတြန္းကာထိုးလိုက္မိသည္။

ႏႈတ္ခမ္းေထာင့္စြန္းနားမွ ေသြးထြက္လာတာကိုျမင္ေတာ့ သူ႕လုပ္ရပ္မွားသြားမွန္းသိေတာ့သည္ ။

" ဟို ေသြ႕ ေသြ႕ပုခ်ိ''

သူ႕ကိုယ္သူဘာလုပ္လိုက္မွန္းမသိေအာင္ပဲ အခန္းျပင္ကို ေျပးထြက္လာမိသည္ ထိုသူနမ္းတဲ့အခ်ိန္မွာ အနမ္းေတြကဘာလို႔ ေပ်ာက္ေနတဲ့အရာတစ္ခုလို ဘာလို႔တစ္ထပ္တည္းက်ေနရတာလဲ သူကေရာ ေယာက်္ားေလးတစ္ေယာက္ဆီကအနမ္းခံရတာကို ဘာလို႔ရင္ခုန္ေနရတာလဲ မဟုတ္ဘူးေဒါသထြက္လို႔ ႏွလုံးခုန္ႏႈန္းျမန္တာေနမွာပါ ။

" ေကာအထဲမဝင္ေသးဘူးလား ဒီမွာဘာလုပ္ေနတာလဲ''

"ဟမ္ ဟိုဟာ ''

"ဘာလဲ Jeana ကိုေစာင့္ေနတာလား အတူသြားရေအာင္ေလ ေကာ ''
Jeana ကသူ႕ရဲ႕လက္ကိုခ်ိတ္လိုက္ၿပီး အခန္းထဲသို႔ဝင္လာလိုက္သည္ သူအခန္းထဲသာ ျပန္ဝင္လာရတာ ေရွာင္က်န႔္ရွက္မိေနတုန္းပင္ ခုနကလူနဲ႕ မ်က္ႏွာခ်င္းမဆိုင္ရဲေသးေပ ။

အခန္းထဲမွာေၾကာင္အ,စြာရပ္ေနမိတဲ့ရိေပၚက အခန္းထဲကို မိန္းကေလးတစ္ေယာက္နဲ႕လက္ခ်င္းခ်ိတ္ၿပီး
ဝင္လာတဲ့သူ႕ကို ျမင္တဲ့အခါသူ႕ရဲ႕ကမၻာႀကီး ရပ္တန႔္သြားသလိုပင္ ။

"သူေဌးဝမ္ရွင့္ သူေဌးဝမ္ ''
Jeana ကရိေပၚကိုသုံးေလးေခါက္ေလာက္ေခၚမွ သူသတိျပန္ထားမိသည္ သူျမင္ေနရတာကိုလဲ သူမယုံၾကည္နိုင္ေတာ့ ဒါကအိမ္မက္လား၊ တကယ္ပဲလား အိမ္မက္ဆိုရင္ေတာင္သူဒီ့ထက္ပိုၿပီး မနိုးထခ်င္ေတာ့ေပ အိမ္မက္ေလးက အရမ္းကိုလွပေနလြန္းလို႔ ။

" ကြၽန္မတို႔က ေဟာင္ေကာင္႐ုံးက ကိုယ္စားလွယ္အျဖစ္လာတာပါ ''

ရိေပၚကေတာ့ ထိုသူကိုၾကည့္ေနလို႔ ေျပာေနသမွ်စကားမ်ားလည္း သူ႕နားထဲသို႔မေရာက္ သူ႕အၾကည့္ေတြက တစ္ေနရာတည္းမွာပဲ ဝမ္က်ိဳးခ်န္က အခန္းထဲဝင္လာၿပီး အလုပ္ကိစၥေတြေျပာေပးလို႔ အဆင္ေျပသြားေပမယ့္ ဝမ္ရိေပၚကေတာ့ ထိုေကာင္ေလးကိုအၾကည့္မလႊဲဘဲ ၾကည့္မိေနဆဲ။

" ဒါဆို ဒီမွာေကာအဆင္ေျပေလာက္မွာပါ ကြၽန္မက Jeana ပါ ဒီမွာက်န္ခဲ့မွာကကြၽန္မရဲ႕ေကာ Sean Xiao ''

ရိေပၚကို က်ိဳးခ်န္ကတံေတာင္နဲ႕တြတ္မွ လက္ဆြဲႏႈတ္ဆက္ဖို႔ကမ္းေနတဲ့သူ႕ရဲ႕လက္ကိုကိုင္လိုက္မိသည္ ။

" ေကာ ငါေန႕လည္ေလယာဥ္ခ်ိန္မို႔ ျပန္ေတာ့မယ္ ''
Jeanaက Sean Xiao ရဲ႕ပါးကိုနမ္းၿပီး အခန္းထဲက ခပ္တည္တည္ဘဲ ထြက္သြားသည္ ။

ရိေပၚ ထိုျမင္ကြင္းကိုျမင္ၿပီး ႏွလုံးကိုဖိညစ္ခံလိုက္ရသလို နာက်င္ရသည္ သူ႕မွာသက္ဆိုင္သူရွိႏွင့္ၿပီးသားလား သူေမ့သြားမိတယ္ ထိုသူကေရွာင္က်န႔္မွမဟုတ္ဘဲ ႐ုပ္ဆင္႐ုံေလးတင္ကို သူအထင္မွားမိၿပီပဲ သူခ်စ္တာေရွာင္က်န႔္တစ္ေယာက္ပဲ ဟုတ္တယ္ ႐ုပ္ဆင္လို႔သူစိတ္ယိုင္မိယုံပါ ။

"ဟို ကြၽန္ေတာ္ ခုနကကိစၥအတြက္ေတာင္းပန္ပါတယ္ ''
ရိေပၚကိုေတာင္းပန္စကားစေတာ့ ေရွာင္က်န႔္၏  မ်က္ႏွာကိုၾကည့္ေနမိသည္။

" အာ ကြၽန္ေတာ္ကလည္းေတာင္းပန္ရမွာပါ ကြၽန္ေတာ္မလုပ္သင့္တာကိုလုပ္မိတယ္ ''

" ၾကားမိပါတယ္ သူေဌးဝမ္ရဲ႕အိမ္ေထာင္ဖက္က အမ်ိဳးသားဆိုတာ ၿပီးေတာ့ထူးဆန္းစြာနဲ႕ ကြၽန္ေတာ္နဲ႕ေတာ္ေတာ္ဆင္တာပဲေနာ္ ''
Sean Xiao ကစားပြဲခုံေပၚတင္ထားတဲ့ ရိေပၚတို႔ရဲ႕ မဂၤလာေဆာင္ဓာတ္ပုံကိုလက္ညိုးထိုးျပလိုက္သည္ ။

" အာ ဟုတ္ကဲ့ ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့သူေလ အခုေတာ့ ကြၽန္ေတာ့္ရဲ႕အသုံးမက်မႈေၾကာင့္ ဆုံးသြားရၿပီ''

ရိေပၚက သူရဲ႕ဝမ္းနည္းမႈကိုအၿပဳံးတုတစ္ခုနဲ႕ ရယ္လိုက္မိေပမယ့္ မ်က္ဝန္းက မ်က္ရည္ေတြကေတာ့လိမ္မရခဲ့ ။

သူ႕ေရွ႕မွာ မ်က္ရည္ေတြဝဲကာ ဆုံးပါးသြားတဲ့အိမ္ေထာင္ဖက္အေၾကာင္းေျပာေနတဲ့ သူေဌးဝမ္ကိုၾကည့္ၿပီး သူလည္းဘာလို႔မွန္းမသိ
ထပ္တူနာက်င္ရသည္ ။

ထိုအခ်ိန္ဝမ္က်ိဳးခ်န္ကအခန္းထဲဝင္လာသည္မို႔ ေျပာလက္စ စကားေတြလည္းျပတ္သြားရသည္ ။

"Sean Xiao အတြက္ေနရာကိုအတြင္းေရးမႉး ယြီပင္းကလိုက္ျပပါလိမ့္မယ္ ''

"ဒါဆိုကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး ''

Sean Xiaoထြက္သြားေတာ့မွ ဝမ္က်ိဳးခ်န္လဲထိုင္ခုံမွာထိုင္လိုက္ၿပီး ရိေပၚရဲ႕ပါးကိုလက္နဲ႕ဆြဲယူလိုက္သည္။

"ေဟ့ေကာင္ မင္းပါးစပ္ကဘာျဖစ္တာလဲ အထိုးခံထားရတာလား ''

"လႊတ္စမ္းပါကြာ ''
ရိေပၚက က်ိဳးခ်န္ရဲ႕လက္ကိုပုတ္ထုတ္လိုက္သည္။

"ငါ့ကို အကူညီတစ္ခုလုပ္ေပး''

"ဘာလဲ ''

" ေဟာင္ေကာင္ ႐ုံးကပိုင္ရွင္ရဲ႕သား Sean Xiao အေၾကာင္း ''

" ဘာလဲ မသကၤာလို႔လား ဘာကိစၥလဲ''

ရိေပၚ, သူ႕ခုံေပၚက သူနဲ႕ေရွာင္က်န႔္ရဲ႕ မဂၤလာေဆာင္ဓာတ္ပုံကို ေမးေငါ့ျပလိုက္သည္ က်ိဳးခ်န္လည္းရိေပၚျပတာကို
ၾကည့္လိုက္တယ္ ။

" ဒါနဲ႕ မင္းရဲ႕ဆုံးသြားတဲ့ ေယာက်္ားနဲ႕ Sean Xiao နဲ႕အေတာ္တူ ဟင္ ေဟ့ေကာင္ မင္းေယာက်္ားနဲ႕ ဝါး ငါၾကက္သီးေတာင္ထသြားတယ္ ဘာလို႔ လူႏွစ္ေယာက္ကတစ္ပုံစံတည္းတူေနရတာလဲ ဟမ္...''

" အဲ့တာေၾကာင့္ စုံစမ္းေပးလို႔ ''

"မဟုတ္မွလြဲေရာ မင္းသံသယျဖစ္ေနတာလား အဲ့sean xiao ကမင္းရဲ႕ဆုံးသြားတဲ့.... ''

"အင္း ဘာလို႔လဲ ငါလည္းေမွ်ာ္လင့္လို႔မရဘူးလား ''

" ေအးပါ ေအးပါ ငါစုံစမ္းေပးမယ္ ''

သူေဌးဝမ္က သူ႕ကို႐ုံးခန္းထဲမွာနမ္းလိုက္တဲ့ကိစၥေၾကာင့္ သူ႕မွာရွက္ေနရတုန္းပင္၊ သူဓာတ္ေလွကားေစာင့္ေနရင္း ထြက္လာတဲ့ မိန္းကေလးတစ္ေယာက္က သူ႕နဲ႕ဝင္တိုက္မိတာေၾကာင့္ ထိုမိန္းကေလးက ဖင္ထိုင္လ်က္လဲက်သြားသည္ ။

"အာ ရရဲ႕လား ''

"အာshitလူတစ္ေယာက္လုံးလာတာေတာင္ရွင္မျမင္ဘူးလား ဟမ္ မ်က္စိကန္းေနလား ''

"ေသြ႕ပုခ်ိ ကြၽန္ေတာ္တကယ္မျမင္လိုက္လို႔ပါ ''
သူလည္းလဲက်သြားတဲ့ေကာင္မေလးကို ကူေပးဖို႔လက္ကမ္းလိုက္ေပမယ့္လက္ကိုပုတ္ထုတ္ျခင္း ခံလိုက္ရသည္ ။
ဟိုတစ္ေယာက္က သူ႕ဘာသာသူထလာၿပီး

" အာ ဒီလူကေတာ့ ''

" ေရွာင္ ေရွာင္က်န႔္နင္ မေသဘူးလား ''
သူ႕ကိုတိုက္မိတဲ့သူကိုၾကည့္လိုက္ေတာ့ မေမွ်ာ္လင့္ထားတဲ့သူျဖစ္ေနေသာေၾကာင့္ စကားေတြေတာင္ အထစ္ထစ္နဲ႕ျဖစ္ကုန္သည္ ။

" ေရွာင္က်န႔္ မဟုတ္ပါဘူး ေဟာင္ေကာင္႐ုံးက ကိုယ္စားလွယ္ Sean Xiao ပါ ဒါကကြၽန္ေတာ္တို႔ကုမၸဏီကရွယ္ယာရွင္တစ္ဦးျဖစ္တဲ့ Stella ပါ ''
ယြီပင္းကဝင္ေျပာေပးေပမယ့္ Stellaကေတာ့ Sean Xiao ကိုျမင္လိုက္ရသျဖင့္ တုန္လႈပ္သြားၿပီး
သူတို႔ေရွ႕ကေနထြက္သြားသည္ ။

" အဲ့အမ်ိဳးသမီးကေလ သူေဌးဝမ္ကိုအတင္းကပ္ေနတာ သူေဌးကဒီေလာက္ခြာၿပီး ေနတာေတာင္အရွက္မရွိ လိုက္ကပ္တုန္းေလ သူ႕ေၾကာင့္ပဲ သူေဌးတို႔လင္မယားကြဲရတာ ''

" အာ အဲ့လိုကိုး ''

ယြီပင္းရွင္းျပတာကို နားေထာင္ျပStella ဆိုတဲ့အမ်ိဳးသမီး အေပၚ နဲနဲေတာ့စိတ္ခုမိသည္။

Stella ထိုသူေရွ႕ကေျပးထြက္လာၿပီး ဖုန္းနံပါတ္တစ္ခုကိုအလ်င္အျမန္ဆက္လိုက္သည္ ။

" ရား.. နင္ေရွာင္က်န႔္ကိုေသခ်ာေပါက္ရွင္းလိုက္တယ္
ဆိုတာေသခ်ာလို႔လား ''

"ေသခ်ာတယ္ေလ ကားေတာင္မီးေလာင္ၿပီး အေလာင္းေတာင္ရွာမရတာကို ''

"ဒါဆိုဘာလို႔ ငါ့ေရွ႕မွာထပ္ေပၚလာတာလဲ ''

" ဟမ္ မျဖစ္နိုင္တာ ေသသြားၿပီေလ ''

" ဒါဆိုေသခ်ာေပါက္စုံစမ္းလာခဲ့ Sean Xiao ဆိုတာ ေရွာင္က်န႔္လားဆိုတာ ငါတို႔လုပ္တဲ့အေၾကာင္းသိသြားလို႔ ကေတာ့ ငါတစ္ေယာက္တည္း မေသနိုင္ဘူးေနာ္ နင္တို႔ပါ ေအးေဆးေနရမယ္မထင္နဲ႕ တစ္ပတ္အတြင္းငါသိခ်င္တယ္ စုံစမ္းလာခဲ့ ''

"ဒါဆို ဒီတစ္ေခါက္ေရာဘာရမွာလဲ အရင္တစ္ေခါက္ကလိုမေလာက္မငွမေပးနဲ႕ေနာ္ငါ့အတြက္အဆင္မေျပဘူး ''

"ေပးမယ္ နင္ေတာင္းသေလာက္ေပးမွာမလို႔ နင္သာအျမန္ဆုံး စုံစမ္းလာခဲ့''

"အားး ေရွာင္ေရွာင္က်န႔္ နင္ကမေသဘူးေပါ့ ေအးေလ တစ္ခါမေသေတာ့လဲ ေနာက္တစ္ခါငါက ထပ္သတ္ေပးရတာေပါ့ ''

Stella ကရိေပၚ႐ုံးခန္းထဲကိုဝင္သြားၿပီး ဆိုဖာမွာပဲ ခပ္တည္တည္ဝင္ထိုင္လိုက္သည္ ။

"မင္းမွာ ယဥ္ေက်းမႈဆိုတာမရွိဘူးလား Stella ''

" ဘာလို႔လဲ ရွင္ကကြၽန္မကို စိတ္မဝင္စားဘူးလား ဒီလိုခပ္မိုက္မိုက္ မိန္းကေလးေတြကိုရွင္က စိတ္ဝင္စားတယ္ထင္ေနတာ ''

"မင္းက ငါ့ကုမၸဏီက ရွယ္ယာရွင္တစ္ေယာက္ ဆိုတာကလြဲရင္ ငါမင္းနဲ႕ပတ္သတ္စရာမရွိဘူးလို႔ ေျပာခဲ့ဖူးတယ္ထင္တယ္ ''

" အာ ကြၽန္မကစိတ္ဝင္စားစရာ တစ္ခုေတြ႕ထားတယ္ ဒီေန႕ကုမၸဏီကိုေရာက္လာတဲ့ ကိုယ္စားလွယ္က ေရွာင္က်န႔္နဲ႕ အရမ္းတူတာပဲေနာ္ ဘယ္လိုလဲ ရွင္ေရာအဲ့လိုမခံစားမိဘူးလား ''

" မင္းပါးစပ္ကိုပိတ္လိုက္ ''

"ရိေပၚ စိတ္ထိန္း ''

"ထြက္သြား  ထြက္သြားလို႔ ''

"ေကာင္းၿပီေလ ရိေပၚ ကမျမင္ေစခ်င္ေတာ့လဲ ထြက္သြားရမွာေပါ့ မေမ့ပါနဲ႕ ကြၽန္မကရိေပၚေဘးမွာ အၿမဲရွိမယ့္လူမလို႔ သတိရရင္ဆက္သြယ္လိုက္ေနာ္ ''

" ဒီမိန္းမကေတာ့ ''

"ေတာ္ၿပီရိေပၚ အဲ့လိုမိန္းမအတြက္နဲ႕ ေဒါသထြက္မေနစမ္းနဲ႕ ''
ရိေပၚကိုက်ိဳးခ်န္ကဆြဲမထားဘူးဆိုလွ်င္ ရိေပၚဘာလုပ္မိမလဲမသိ ။

ရိေပၚက Sean Xiaoကိုေတြ႕ၿပီးကတည္းက အေၾကာင္းမရွိအေၾကာင္းရွာၿပီးေတြ႕ဖို႔လုပ္ပါေတာ့တယ္ ။

" Sean Xiao ကြၽန္ေတာ္တို႔ဒီေန႕အလုပ္တက္တဲ့ အထိန္းအမွတ္နဲ႕ သြားေသာက္ရေအာင္ေလ ''

" ဟုတ္ကဲ့သြားၾကတာေပါ့ ကြၽန္ေတာ့္ကို ကူညီေပးလို႔ေက်းဇူးပါ''

_______________<<<<<<<_____________

ရိေပၚလဲ ေဟာက္႐ႊမ္းနဲ႕ သြားေနက်Bar ကို ေခၚလာခဲ့လိုက္သည္ သူေမးခ်င္တာေတြသိခ်င္တာေတြ အမ်ားႀကီးရွိေသးသည္မဟုတ္လား။

" Sean Xiao ကေဟာင္ေကာင္မွာပဲႀကီးတာလား ''
ရိေပၚကအရက္ငွဲ႕ေပးရင္းေမးလိုက္သည္။

" အာဟုတ္တယ္ကြၽန္ေတာ္ကေဟာင္ေကာင္မွာပဲ ႀကီးလာတာ ဒါနဲ႕ဘာလို႔လဲ ''

" မဟုတ္ပါဘူး ဒီအတိုင္းပဲသိခ်င္လို႔ပါ ''

" ဒါနဲ႕အိမ္ေထာင္ဖက္က ဘယ္လိုေသသြားတာလဲ ''
ရိေပၚေသာက္ဖို႔လုပ္ေနတဲ့လက္ရပ္တန႔္သြားၿပီး နာနာက်င္က်င္ပဲ ၿပဳံးလိုက္မိကာအရက္ကို တစ္ႀကိဳက္တည္းေမာ့လိုက္သည္။

" သူက လုံးဝကိုၿပီးျပည့္စုံတဲ့သူပါ ကြၽန္ေတာ့္အတြက္အမ်ားႀကီး ခ်စ္ေပးတယ္ ဂ႐ုစိုက္ေပးတယ္ မိဘကေပးစားတာဆိုေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ပထမဆုံးခ်စ္ရတဲ့အခ်စ္ဦးပဲ သူနဲ႕တစ္သက္လုံးအတူရွိၿပီး အတူေသတဲ့အထိေနရမယ္လို႔ စဥ္းစားခဲ့ေပမယ့္ ကြၽန္ေတာ္သူမုန္းတဲ့အရာတခ်ိဳ႕ကိုလုပ္ခဲ့မိတယ္ ဘယ္သူသိမလဲ  အဲ့ဒါေၾကာင့္သူနဲ႕ကြၽန္ေတာ့္ကို ေဝးသြားေစခဲ့မယ္ဆိုတာ ''

" အဲ့တာကဘာမ်ားလဲ ''

" အဟက္လုံးဝမေမွ်ာ္လင့္ထာတဲ့ကိစၥႀကီးေပါ့ အဓိပ္ပါယ် မရွိေတာ့တဲ့အရာကို ကြၽန္ေတာ္က႐ူးမိုက္စြာလုပ္ခဲ့မိၿပီး ကိုယ္တိုင္ပဲ သူထြက္သြားဖို႔ျဖစ္ေအာင္လုပ္ခဲ့တယ္ တကယ္တမ္းလည္း သူထြက္သြားတဲ့အခါ ကြၽန္ေတာ္ကိုယ္တိုင္ပဲခံစားရၿပီး လက္မလြတ္နိုင္ျဖစ္ခဲ့ရတာ ကြၽန္ေတာ္က ႐ူးမိုက္တယ္မလား ''

"ဟင့္အင္း ကြၽန္ေတာ္ေတာ့အဲ့လိုမထင္ပါဘူး သူေဌးဝမ္လဲအေၾကာင္းရွိလို႔ လုပ္တာျဖစ္နိုင္တာပဲေလ ကိုယ့္အျပစ္လို႔ပဲ တစ္ထစ္ခ်ဘယ္ေျပာလို႔ရမလဲ ''

" ဟုတ္လား အာ ကြၽန္ေတာ့္ကိုအေကာင္းေတြးေပးတဲ့သူ ရွိေသးသားပဲ သူလည္းကြၽန္ေတာ့ကို အဲ့လိုနားလည္ေပးေလာက္တယ္ ဒါေပမယ့္ကြၽန္ေတာ္က ကြၽန္ေတာ့္လက္နဲ႕ သူ႕ကိုအနိုင္က်င့္ခဲ့မိတယ္ ဒီမေကာင္းတဲ့အေကာင္ကြၽန္ေတာ့္ရဲ႕ ကိုယ္ဝန္ကိုေတာင္ခက္ခက္ခဲခဲ ယူေပးထားရတဲ့သူကို ႏွိပ္စက္ခဲ့မိတယ္ အဲ့ဒါေၾကာင့္ကြၽန္ေတာ္ အခုလိုအျပစ္ခံေနရတာနဲ႕တူတယ္ ''

ရိေပၚကဝမ္းနည္းစြာငိုေကြၽးေနတာမို႔ သူလည္းရိေပၚကို ဖက္ကာ ေက်ာေလးကိုပုတ္ၿပီးႏွစ္သိမ့္ေပးမိသည္ ။

" ေန႕တိုင္း ေန႕တိုင္း သူ႕ကိုသတိရေပမယ့္ ေတြ႕ခ်င္ေပမယ့္ ေတြ႕ဖို႔ အခြင့္ေရးမရွိေတာ့ေပမယ့္သူျပန္လာမလား ေမွ်ာ္လင့္ခ်က္ေတြထားမိေနတုန္းပဲ ''

အခ်စ္ဆိုတာမ်ိဳးက မီးကိုႀကိဳက္တဲ့ပိုးဖလံေတြလိုပဲ ေသရမွာသိသိရက္နဲ႕ မီးထဲကိုတိုးဝင္ၾကတယ္၊ အဲ့လိုပဲ လူေတြကလည္း နာက်င္ၿပီးရင္းနာက်င္တာကို သိသိရဲ႕နဲ႕ဆက္ခ်စ္ေနၾကတာပဲ၊ ဘယ္ေလာက္ေတာင္႐ူးမိုက္တဲ့လုပ္ရက္လဲ

edaz
5:10 a.m.

_____________ <<<<<<<_____________

Hate is Love

Unicode

ရိပေါ် အသံလာရာကိုကြည့်လိုက်မိပြီးနောက် သူ့ခြေထောက်တွေက အလိုလိုပင် အသံပိုင်ရှင်ရှိရာဘက်ကို လျှောက်သွားမိသည် သူ့ကိုပြန်လည်ကြည့်လာတဲ့ ထိုမျက်ဝန်းတွေ၊ သူလွမ်းနေခဲ့ရတဲ့နှုတ်ခမ်း၊ ထိုအရာတွေမြင်ပြီးရိပေါ် စိတ်မထိန်းနိုင်ဘဲ နှုတ်ခမ်းလေးတွေကိုဖိကပ်နမ်းမိသည် ထိုအရာက ပုံရိပ်ယောင်ဖြစ်နေလျှင်တောင်မှ သူတမ်းတမိနေဦးမှာပင် ။

သူ့ကိုအတင်းနမ်းလာတဲ့ ထိုသူကြောင့်ရုတ်တရက် ကြောင်သွားပေမယ့် ထိုနူးနူးညံညံနမ်းနေတဲ့ အနမ်းကသူတစ်ချိန်ကထိတွေ့ခဲ့သလို အရမ်းကိုရင်းနှီးနေသည် သူပြန်လဲမတွန်းမိသလို အနမ်းကိုလဲလက်မခံမိပေ သူသတိရတဲ့အချိန်မှာ သူ့ကိုနမ်းနေတဲ့ ထိုသူကိုတွန်းကာထိုးလိုက်မိသည်။

နှုတ်ခမ်းထောင့်စွန်းနားမှ သွေးထွက်လာတာကိုမြင်တော့ သူ့လုပ်ရပ်မှားသွားမှန်းသိတော့သည် ။

" ဟို သွေ့ သွေ့ပုချိ''

သူ့ကိုယ်သူဘာလုပ်လိုက်မှန်းမသိအောင်ပဲ အခန်းပြင်ကို ပြေးထွက်လာမိသည် ထိုသူနမ်းတဲ့အချိန်မှာ အနမ်းတွေကဘာလို့ ပျောက်နေတဲ့အရာတစ်ခုလို ဘာလို့တစ်ထပ်တည်းကျနေရတာလဲ သူကရော ယောကျ်ားလေးတစ်ယောက်ဆီကအနမ်းခံရတာကို ဘာလို့ရင်ခုန်နေရတာလဲ မဟုတ်ဘူးဒေါသထွက်လို့ နှလုံးခုန်နှုန်းမြန်တာနေမှာပါ ။

" ကောအထဲမဝင်သေးဘူးလား ဒီမှာဘာလုပ်နေတာလဲ''

"ဟမ် ဟိုဟာ ''

"ဘာလဲ Jeana ကိုစောင့်နေတာလား အတူသွားရအောင်လေ ကော ''
Jeana ကသူ့ရဲ့လက်ကိုချိတ်လိုက်ပြီး အခန်းထဲသို့ဝင်လာလိုက်သည် သူအခန်းထဲသာ ပြန်ဝင်လာရတာ ရှောင်ကျန့်ရှက်မိနေတုန်းပင် ခုနကလူနဲ့ မျက်နှာချင်းမဆိုင်ရဲသေးပေ ။

အခန်းထဲမှာကြောင်အ,စွာရပ်နေမိတဲ့ရိပေါ်က အခန်းထဲကို မိန်းကလေးတစ်ယောက်နဲ့လက်ချင်းချိတ်ပြီး
ဝင်လာတဲ့သူ့ကို မြင်တဲ့အခါသူ့ရဲ့ကမ္ဘာကြီး ရပ်တန့်သွားသလိုပင် ။

"သူဌေးဝမ်ရှင့် သူဌေးဝမ် ''
Jeana ကရိပေါ်ကိုသုံးလေးခေါက်လောက်ခေါ်မှ သူသတိပြန်ထားမိသည် သူမြင်နေရတာကိုလဲ သူမယုံကြည်နိုင်တော့ ဒါကအိမ်မက်လား၊ တကယ်ပဲလား အိမ်မက်ဆိုရင်တောင်သူဒီ့ထက်ပိုပြီး မနိုးထချင်တော့ပေ အိမ်မက်လေးက အရမ်းကိုလှပနေလွန်းလို့ ။

" ကျွန်မတို့က ဟောင်ကောင်ရုံးက ကိုယ်စားလှယ်အဖြစ်လာတာပါ ''

ရိပေါ်ကတော့ ထိုသူကိုကြည့်နေလို့ ပြောနေသမျှစကားများလည်း သူ့နားထဲသို့မရောက် သူ့အကြည့်တွေက တစ်နေရာတည်းမှာပဲ ဝမ်ကျိုးချန်က အခန်းထဲဝင်လာပြီး အလုပ်ကိစ္စတွေပြောပေးလို့ အဆင်ပြေသွားပေမယ့် ဝမ်ရိပေါ်ကတော့ ထိုကောင်လေးကိုအကြည့်မလွှဲဘဲ ကြည့်မိ‌နေဆဲ။

" ဒါဆို ဒီမှာကောအဆင်ပြေလောက်မှာပါ ကျွန်မက Jeana ပါ ဒီမှာကျန်ခဲ့မှာကကျွန်မရဲ့ကော Sean Xiao ''

ရိပေါ်ကို ကျိုးချန်ကတံတောင်နဲ့တွတ်မှ လက်ဆွဲနှုတ်ဆက်ဖို့ကမ်းနေတဲ့သူ့ရဲ့လက်ကိုကိုင်လိုက်မိသည် ။

" ကော ငါနေ့လည်လေယာဉ်ချိန်မို့ ပြန်တော့မယ် ''
Jeanaက Sean Xiao ရဲ့ပါးကိုနမ်းပြီး အခန်းထဲက ခပ်တည်တည်ဘဲ ထွက်သွားသည် ။

ရိပေါ် ထိုမြင်ကွင်းကိုမြင်ပြီး နှလုံးကိုဖိညစ်ခံလိုက်ရသလို နာကျင်ရသည် သူ့မှာသက်ဆိုင်သူရှိနှင့်ပြီးသားလား သူမေ့သွားမိတယ် ထိုသူကရှောင်ကျန့်မှမဟုတ်ဘဲ ရုပ်ဆင်ရုံလေးတင်ကို သူအထင်မှားမိပြီပဲ သူချစ်တာရှောင်ကျန့်တစ်ယောက်ပဲ ဟုတ်တယ် ရုပ်ဆင်လို့သူစိတ်ယိုင်မိယုံပါ ။

"ဟို ကျွန်တော် ခုနကကိစ္စအတွက်တောင်းပန်ပါတယ် ''
ရိပေါ်ကိုတောင်းပန်စကားစတော့ ရှောင်ကျန့်၏  မျက်နှာကိုကြည့်နေမိသည်။

" အာ ကျွန်တော်ကလည်းတောင်းပန်ရမှာပါ ကျွန်တော်မလုပ်သင့်တာကိုလုပ်မိတယ် ''

" ကြားမိပါတယ် သူဌေးဝမ်ရဲ့အိမ်ထောင်ဖက်က အမျိုးသားဆိုတာ ပြီးတော့ထူးဆန်းစွာနဲ့ ကျွန်တော်နဲ့တော်တော်ဆင်တာပဲနော် ''
Sean Xiao ကစားပွဲခုံပေါ်တင်ထားတဲ့ ရိပေါ်တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကိုလက်ညိုးထိုးပြလိုက်သည် ။

" အာ ဟုတ်ကဲ့ ကျွန်တော်အရမ်းချစ်ရတဲ့သူလေ အခုတော့ ကျွန်တော့်ရဲ့အသုံးမကျမှုကြောင့် ဆုံးသွားရပြီ''

ရိပေါ်က သူရဲ့ဝမ်းနည်းမှုကိုအပြုံးတုတစ်ခုနဲ့ ရယ်လိုက်မိပေမယ့် မျက်ဝန်းက မျက်ရည်တွေကတော့လိမ်မရခဲ့ ။

သူ့ရှေ့မှာ မျက်ရည်တွေဝဲကာ ဆုံးပါးသွားတဲ့အိမ်ထောင်ဖက်အကြောင်းပြောနေတဲ့ သူဌေးဝမ်ကိုကြည့်ပြီး သူလည်းဘာလို့မှန်းမသိ
ထပ်တူနာကျင်ရသည် ။

ထိုအချိန်ဝမ်ကျိုးချန်ကအခန်းထဲဝင်လာသည်မို့ ပြောလက်စ စကားတွေလည်းပြတ်သွားရသည် ။

"Sean Xiao အတွက်နေရာကိုအတွင်းရေးမှူး ယွီပင်းကလိုက်ပြပါလိမ့်မယ် ''

"ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဦး ''

Sean Xiaoထွက်သွားတော့မှ ဝမ်ကျိုးချန်လဲထိုင်ခုံမှာထိုင်လိုက်ပြီး ရိပေါ်ရဲ့ပါးကိုလက်နဲ့ဆွဲယူလိုက်သည်။

"ဟေ့ကောင် မင်းပါးစပ်ကဘာဖြစ်တာလဲ အထိုးခံထားရတာလား ''

"လွှတ်စမ်းပါကွာ ''
ရိပေါ်က ကျိုးချန်ရဲ့လက်ကိုပုတ်ထုတ်လိုက်သည်။

"ငါ့ကို အကူညီတစ်ခုလုပ်ပေး''

"ဘာလဲ ''

" ဟောင်ကောင် ရုံးကပိုင်ရှင်ရဲ့သား Sean Xiao အကြောင်း ''

" ဘာလဲ မသင်္ကာလို့လား ဘာကိစ္စလဲ''

ရိပေါ်, သူ့ခုံပေါ်က သူနဲ့ရှောင်ကျန့်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို မေးငေါ့ပြလိုက်သည် ကျိုးချန်လည်းရိပေါ်ပြတာကိုကြည့်လိုက်တယ် ။

" ဒါနဲ့ မင်းရဲ့ဆုံးသွားတဲ့ ယောကျ်ားနဲ့ Sean Xiao နဲ့အတော်တူ ဟင် ဟေ့ကောင် မင်းယောကျ်ားနဲ့ ဝါး ငါကြက်သီးတောင်ထသွားတယ် ဘာလို့ လူနှစ်ယောက်ကတစ်ပုံစံတည်းတူနေရတာလဲ ဟမ်...''

" အဲ့တာကြောင့် စုံစမ်းပေးလို့ ''

"မဟုတ်မှလွဲရော မင်းသံသယဖြစ်နေတာလား အဲ့sean xiao ကမင်းရဲ့ဆုံးသွားတဲ့.... ''

"အင်း ဘာလို့လဲ ငါလည်းမျှော်လင့်လို့မရဘူးလား ''

" အေးပါ အေးပါ ငါစုံစမ်းပေးမယ် ''

သူဌေးဝမ်က သူ့ကိုရုံးခန်းထဲမှာနမ်းလိုက်တဲ့ကိစ္စကြောင့် သူ့မှာရှက်နေရတုန်းပင်၊ သူဓာတ်လှေကားစောင့်နေရင်း ထွက်လာတဲ့ မိန်းကလေးတစ်ယောက်က သူ့နဲ့ဝင်တိုက်မိတာကြောင့် ထိုမိန်းကလေးက ဖင်ထိုင်လျက်လဲကျသွားသည် ။

"အာ ရရဲ့လား ''

"အာshitလူတစ်ယောက်လုံးလာတာတောင်ရှင်မမြင်ဘူးလား ဟမ် မျက်စိကန်းနေလား ''

"သွေ့ပုချိ ကျွန်တော်တကယ်မမြင်လိုက်လို့ပါ ''
သူလည်းလဲကျသွားတဲ့ကောင်မလေးကို ကူပေးဖို့လက်ကမ်းလိုက်ပေမယ့်လက်ကိုပုတ်ထုတ်ခြင်း ခံလိုက်ရသည် ။
ဟိုတစ်ယောက်က သူ့ဘာသာသူထလာပြီး

" အာ ဒီလူကတော့ ''

" ရှောင် ရှောင်ကျန့်နင် မသေဘူးလား ''
သူ့ကိုတိုက်မိတဲ့သူကိုကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့သူဖြစ်နေသောကြောင့် စကားတွေတောင် အထစ်ထစ်နဲ့ဖြစ်ကုန်သည် ။

" ရှောင်ကျန့် မဟုတ်ပါဘူး ဟောင်ကောင်ရုံးက ကိုယ်စားလှယ် Sean Xiao ပါ ဒါကကျွန်တော်တို့ကုမ္ပဏီကရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ Stella ပါ ''
ယွီပင်းကဝင်ပြောပေးပေမယ့် Stellaက‌တတော့ Sean Xiao ကိုမြင်လိုက်ရသဖြင့် တုန်လှုပ်သွားပြီး
သူတို့ရှေ့ကနေထွက်သွားသည် ။

" အဲ့အမျိုးသမီးကလေ သူဌေးဝမ်ကိုအတင်းကပ်နေတာ သူဌေးကဒီလောက်ခွာပြီး နေတာတောင်အရှက်မရှိ လိုက်ကပ်တုန်းလေ သူ့ကြောင့်ပဲ သူဌေးတို့လင်မယားကွဲရတာ ''

" အာ အဲ့လိုကိုး ''

ယွီပင်းရှင်းပြတာကို နားထောင်ပြStella ဆိုတဲ့အမျိုးသမီး အပေါ် နဲနဲတော့စိတ်ခုမိသည်။

Stella ထိုသူရှေ့ကပြေးထွက်လာပြီး ဖုန်းနံပါတ်တစ်ခုကိုအလျင်အမြန်ဆက်လိုက်သည် ။

" ရား.. နင်ရှောင်ကျန့်ကိုသေချာပေါက်ရှင်းလိုက်တယ်ဆိုတာသေချာလို့လား ''

"သေချာတယ်လေ ကားတောင်မီးလောင်ပြီး အလောင်းတောင်ရှာမရတာကို ''

"ဒါဆိုဘာလို့ ငါ့ရှေ့မှာထပ်ပေါ်လာတာလဲ ''

" ဟမ် မဖြစ်နိုင်တာ သေသွားပြီလေ ''

" ဒါဆိုသေချာပေါက်စုံစမ်းလာခဲ့ Sean Xiao ဆိုတာ ရှောင်ကျန့်လားဆိုတာ ငါတို့လုပ်တဲ့အကြောင်းသိသွားလို့ ကတော့ ငါတစ်ယောက်တည်း မသေနိုင်ဘူးနော် နင်တို့ပါ အေးဆေးနေရမယ်မထင်နဲ့ တစ်ပတ်အတွင်းငါသိချင်တယ် စုံစမ်းလာခဲ့ ''

"ဒါဆို ဒီတစ်ခေါက်ရောဘာရမှာလဲ အရင်တစ်ခေါက်ကလိုမလောက်မငှမပေးနဲ့နော်ငါ့အတွက်အဆင်မပြေဘူး ''

"ပေးမယ် နင်တောင်းသလောက်ပေးမှာမလို့ နင်သာအမြန်ဆုံး စုံစမ်းလာခဲ့''

"အားး ရှောင်ရှောင်ကျန့် နင်ကမသေဘူးပေါ့ အေးလေ တစ်ခါမသေတော့လဲ နောက်တစ်ခါငါက ထပ်သတ်ပေးရတာပေါ့ ''

Stella ကရိပေါ်ရုံးခန်းထဲကိုဝင်သွားပြီး ဆိုဖာမှာပဲ ခပ်တည်တည်ဝင်ထိုင်လိုက်သည် ။

"မင်းမှာ ယဉ်ကျေးမှုဆိုတာမရှိဘူးလား Stella ''

" ဘာလို့လဲ ရှင်ကကျွန်မကို စိတ်မဝင်စားဘူးလား ဒီလိုခပ်မိုက်မိုက် မိန်းကလေးတွေကိုရှင်က စိတ်ဝင်စားတယ်ထင်နေတာ ''

"မင်းက ငါ့ကုမ္ပဏီက ရှယ်ယာရှင်တစ်ယောက် ဆိုတာကလွဲရင် ငါမင်းနဲ့ပတ်သတ်စရာမရှိဘူးလို့ ပြောခဲ့ဖူးတယ်ထင်တယ် ''

" အာ ကျွန်မကစိတ်ဝင်စားစရာ တစ်ခုတွေ့ထားတယ် ဒီနေ့ကုမ္ပဏီကိုရောက်လာတဲ့ ကိုယ်စားလှယ်က ရှောင်ကျန့်နဲ့ အရမ်းတူတာပဲနော် ဘယ်လိုလဲ ရှင်ရောအဲ့လိုမခံစားမိဘူးလား ''

" မင်းပါးစပ်ကိုပိတ်လိုက် ''

"ရိပေါ် စိတ်ထိန်း ''

"ထွက်သွား  ထွက်သွားလို့ ''

"ကောင်းပြီလေ ရိပေါ် ကမမြင်စေချင်တော့လဲ ထွက်သွားရမှာပေါ့ မမေ့ပါနဲ့ ကျွန်မကရိပေါ်ဘေးမှာ အမြဲရှိမယ့်လူမလို့ သတိရရင်ဆက်သွယ်လိုက်နော် ''

" ဒီမိန်းမကတော့ ''

"တော်ပြီရိပေါ် အဲ့လိုမိန်းမအတွက်နဲ့ ဒေါသထွက်မနေစမ်းနဲ့ ''
ရိပေါ်ကိုကျိုးချန်ကဆွဲမထားဘူးဆိုလျှင် ရိပေါ်ဘာလုပ်မိမလဲမသိ ။

ရိပေါ်က Sean Xiaoကိုတွေ့ပြီးကတည်းက အကြောင်းမရှိအကြောင်းရှာပြီးတွေ့ဖို့လုပ်ပါတော့တယ် ။

" Sean Xiao ကျွန်တော်တို့ဒီနေ့အလုပ်တက်တဲ့ အထိန်းအမှတ်နဲ့ သွားသောက်ရအောင်လေ ''

" ဟုတ်ကဲ့သွားကြတာပေါ့ ကျွန်တော့်ကို ကူညီပေးလို့ကျေးဇူးပါ''

_______________<<<<<<<_____________

ရိပေါ်လဲ ဟောက်ရွှမ်းနဲ့ သွားနေကျBar ကို ခေါ်လာခဲ့လိုက်သည် သူမေးချင်တာတွေသိချင်တာတွေ အများကြီးရှိသေးသည်မဟုတ်လား။

" Sean Xiao ကဟောင်ကောင်မှာပဲကြီးတာလား ''
ရိပေါ်ကအရက်ငှဲ့ပေးရင်းမေးလိုက်သည်။

" အာဟုတ်တယ်ကျွန်တော်ကဟောင်ကောင်မှာပဲ ကြီးလာတာ ဒါနဲ့ဘာလို့လဲ ''

" မဟုတ်ပါဘူး ဒီအတိုင်းပဲသိချင်လို့ပါ ''

" ဒါနဲ့အိမ်ထောင်ဖက်က ဘယ်လိုသေသွားတာလဲ ''
ရိပေါ်သောက်ဖို့လုပ်နေတဲ့လက်ရပ်တန့်သွားပြီး နာနာကျင်ကျင်ပဲ ပြုံးလိုက်မိကာအရက်ကို တစ်ကြိုက်တည်းမော့လိုက်သည်။

" သူက လုံးဝကိုပြီးပြည့်စုံတဲ့သူပါ ကျွန်တော့်အတွက်အများကြီး ချစ်ပေးတယ် ဂရုစိုက်ပေးတယ် မိဘကပေးစားတာဆိုပေမယ့် ကျွန်တော့်အတွက်တော့ ပထမဆုံးချစ်ရတဲ့အချစ်ဦးပဲ သူနဲ့တစ်သက်လုံးအတူရှိပြီး အတူသေတဲ့အထိနေရမယ်လို့ စဉ်းစားခဲ့ပေမယ့် ကျွန်တော်သူမုန်းတဲ့အရာတချို့ကိုလုပ်ခဲ့မိတယ် ဘယ်သူသိမလဲ  အဲ့ဒါကြောင့်သူနဲ့ကျွန်တော့်ကို ဝေးသွားစေခဲ့မယ်ဆိုတာ ''

" အဲ့တာကဘာများလဲ ''

" အဟက်လုံးဝမမျှော်လင့်ထာတဲ့ကိစ္စကြီးပေါ့ အဓိပ္ပါယ် မရှိတော့တဲ့အရာကို ကျွန်တော်ကရူးမိုက်စွာလုပ်ခဲ့မိပြီး ကိုယ်တိုင်ပဲ သူထွက်သွားဖို့ဖြစ်အောင်လုပ်ခဲ့တယ် တကယ်တမ်းလည်း သူထွက်သွားတဲ့အခါ ကျွန်တော်ကိုယ်တိုင်ပဲခံစားရပြီး လက်မလွတ်နိုင်ဖြစ်ခဲ့ရတာ ကျွန်တော်က ရူးမိုက်တယ်မလား ''

"ဟင့်အင်း ကျွန်တော်တော့အဲ့လိုမထင်ပါဘူး သူဌေးဝမ်လဲအကြောင်းရှိလို့ လုပ်တာဖြစ်နိုင်တာပဲလေ ကိုယ့်အပြစ်လို့ပဲ တစ်ထစ်ချဘယ်ပြောလို့ရမလဲ ''

" ဟုတ်လား အာ ကျွန်တော့်ကိုအကောင်းတွေးပေးတဲ့သူ ရှိသေးသားပဲ သူလည်းကျွန်တော့ကို အဲ့လိုနားလည်ပေးလောက်တယ် ဒါပေမယ့်ကျွန်တော်က ကျွန်တော့်လက်နဲ့ သူ့ကိုအနိုင်ကျင့်ခဲ့မိတယ် ဒီမကောင်းတဲ့အကောင်ကျွန်တော့်ရဲ့ ကိုယ်ဝန်ကိုတောင်ခက်ခက်ခဲခဲ ယူပေးထားရတဲ့သူကို နှိပ်စက်ခဲ့မိတယ် အဲ့ဒါကြောင့်ကျွန်တော် အခုလိုအပြစ်ခံနေရတာနဲ့တူတယ် ''

ရိပေါ်ကဝမ်းနည်းစွာငိုကျွေးနေတာမို့ သူလည်းရိပေါ်ကို ဖက်ကာ ကျောလေးကိုပုတ်ပြီးနှစ်သိမ့်ပေးမိသည် ။

" နေ့တိုင်း နေ့တိုင်း သူ့ကိုသတိရပေမယ့် တွေ့ချင်ပေမယ့် တွေ့ဖို့ အခွင့်ရေးမရှိတော့ပေမယ့်သူပြန်လာမလား မျှော်လင့်ချက်တွေထားမိနေတုန်းပဲ ''

အချစ်ဆိုတာမျိုးက မီးကိုကြိုက်တဲ့ပိုးဖလံတွေလိုပဲ သေရမှာသိသိရက်နဲ့ မီးထဲကိုတိုးဝင်ကြတယ်၊ အဲ့လိုပဲ လူတွေကလည်း နာကျင်ပြီးရင်းနာကျင်တာကို သိသိရဲ့နဲ့ဆက်ချစ်နေကြတာပဲ၊ ဘယ်လောက်တောင်ရူးမိုက်တဲ့လုပ်ရက်လဲ

edaz
5:10 a.m.

_____________ <<<<<<<_____________

Continue Reading

You'll Also Like

181K 19.5K 26
➳We're all searching for someone whose Demons play well with our own.➳ Thanks SaturnLynn for the cover photo!! ???
351K 21.7K 41
အချိုလေး သွားမှာပါ...ကောနဲ့တိတိ ဟန်ဆောင်လက်ထပ်ရာကနေ အတည်ချစ်မိတဲ့အခါ..ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ.. 💞 🚫++အနည်းငယ် ပါဝင်ပါသည်။
106K 266 57
ဖောက်ပြန်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ "ဘဲရှိတဲ့ ကောင်မစောက်ဖုတ်ထဲ မောင့်လီး အချောင်းလိုက်ကြီး ဝင်လိုးနေတာ ငုံ့ကြည့်စမ်း" ဆိုတဲ့ မောင် (Wattpad ကတွေ့တဲ့ Virg...
249K 26.6K 156
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...