"ပြောလေ ထယ်ယောင်း"
"အာ ဟုတ်မှာပါ"
_______________________
ဆော့ဂျင် စိတ်မကောင်း..။
ထို့နောက် ဆော့ဂျင်ကို ကိုယ်လုပ်တော်တင်မြှောက်ရန်အဆင်တန်ဆာတို့် ဆင်မြန်းပေးကြသည်။
ဟုတ်သည်။
တော်ကောက်သည်။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
[𝐀/𝐍 ; 𝐈 𝐰𝐢𝐥𝐥 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐭𝐡𝐢𝐬 𝐟𝐢𝐜 𝐛𝐞𝐟𝐨𝐫𝐞 𝐈 𝐚𝐭𝐭𝐞𝐧𝐝 𝐦𝐲 𝐆-𝟏𝟎 𝐜𝐨𝐮𝐫𝐬𝐞❤🐰]
Written By
Guulili
Unicode~
ထယ်ယောင်း ခန္ဓာကိုယ်တစ်ခုလုံး အရှင် နှိပ်စက်ထားသည့် ဒဏ်ကြောင့် လှုပ်တောင်မလှုပ်နိုင်။
အခုလည်း နာကျင်မှုတွေနဲ့ နိုးထလာပြီးမှ သူဆောင်ကြာမြိုင်ကိုမပြန်ရဲ။
အရှင့်ခွင့်ပြုချက်မပါဘဲ လုပ်မိလို့ နောက်ထပ် အပြစ်ပေးခံရနိုင်သည်လေ။
ခနနေတော့ အပျိုတော်အချို့ဝင်ရောက်လာကြသည်။
လက်ထဲတွင်လည်း အဆင်တန်ဆာအချို့နှင့်..။
"ကင်မ်ထယ်ယောင်း ဒီနေ့အရှင်က အချစ်တော်တင်မြှောက်မှာပါ"
အပျိုတော်တစ်ယောက်ရဲ့ စကားကြောင့် ထယ်ယောင်းမှာ အလန့်တကြားနှင့်။
ကြိုတင်သိခဲ့ပေမယ့် ဒီလိုအလျင်အမြန်ဖြစ်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့မိတာအမှန်..။
အရှင်ဘာလို့ ဒီလောက်ကြီး အလျင်လိုရတာလည်း...။
ဧကန္တ..ထင်သလိုမဖြစ်ပါစေနဲ့...။
"ကဲ အတွေးများမနေနဲ့ နောက်ကျနေရင် ကျွန်မတို့က လည်းဖြတ်ခံရမှာရှင့်"
အပျိုတော်များလည်း ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းကို အချစ်တော် အဆင်တန်ဆာတို့ ဝိုင်းဝန်းဆင်မြန်းပေးကြသည်။
ထယ်ယောင်းမှာတော့ ကြောင်တောင်တောင်လေးဖြစ်နေလေသည်။
ခနနေတော့ ထယ်ယောင်းဟာ အဆင်တန်ဆာတို့ ထုံးဖွဲ့၍ပြီးသွားသည်။
အစိမ်းရောင်ဝတ်စုံနှင့် ထယ်ယောင်းဟာ နတ်သက်ကြွေလာတဲ့ နတ်သားလေးအလား...။
"အမ ကျွန်တော် တစ်ခုမေးစရာရှိတယ်"
ထယ်ယောင်း အပျိုတော်တစ်ယောက်ကို လက်တို့၍ အမေးစကာူဆိုမိတော့ အပျိုတော်အမက ပြုံးလာပြီး...။
"ပြောလေ ထယ်ယောင်း"
"ကျွန်တော် ဟို သခင်လေးဆော့ဂျင်ကို မတွေ့တာကြာလို့"
ထယ်ယောင်းစကားကြောင့် ထိုအပျိုတော်အမက မျက်နှာသိသိသာသာ ပျက်သွားသည်။
"ရှိမှာပါ ထယ်ယောင်းရဲ့"
"အာ ဟုတ်မှာပါ"
အပျိုတော်ရဲ့ စကားကို ထယ်ယောင်းသိပ်တော့ သဘောမကျမိ..။အခု စစ်သူကြီးကင်မ်ကလည်း ပြည်တွင်းမှာမရှိတော့
ထယ်ယောင်းထင်နေသလို ဖြစ်နေမှာကို ထယ်ယောင်းစိုးရိမ်မိသည်...။
_______________________
"သခင်လေးဆော့ဂျင် တံခါးဖွင့်ပါဦး"
အစေခံအချို့ရဲ့ အော်ခေါ်သံကို ဆော့ဂျင်လျစ်လျူရှုမိလျက်။
ဖြစ်နိုင်လျှင် ဆော့ဂျင် ဒီနိုင်ငံတွင် တစ်ခနမျှတောင်မနေနိုင်တော့..။ဒါပေမယ့်လည်း နမ်ဂျွန်းကို တွေ့ရမယ့် မျှော်လင့်ချက်လည်းနဲ့အတူ..။
"သားလေး ဆော့ဂျင် မယ်တော်လာပြီး တံခါးဖွင့်ပါဦး သားငယ်လေးရယ်"
ဆော့ဂျင်၏ မိခင်သည် ငိုသံစွက်သော အသံနှင့် တံခါးကို ဖွင့်ခိုင်းသည်။
ဆော့ဂျင် စိတ်မကောင်း..။
သူ၏မိခင်သည် သူ့အတွက်နဲ့ အမြဲငိုနေရတာကြောင့်..။
မှန်ကန်နေတဲ့ တစ်ခုကတော့ သူတို့ ဆော့ဂျင်ကို ကိုယ်ချင်းမစာကြ...။
သူတို့အပြစ်ပေးခံရမှာကြောက်ရွံ့လွန်း၍သာ ဒီလိုခေါ်နေကြသည်ကို ဆော့ဂျင်သိသည်။
"သားလေး သားလေး စစ်သူကြီးကင်မ်ပြန်ရောက်လာပြီ သားလေးကိုတွေ့ချင်လို့ လားနေပြီသားလေး ထွက်ကြိုလိုက်ပါဦး"
ဆော့ဂျင်၏ မိခင်သည် ဆော့ဂျင်ကို မုသားစကားဆိုမိသည်။
သူတို့ သားအကြောင်းကို သူတို့ကောင်းကောင်းသိသည်လေ...။
ဆော့ဂျင် သူ၏မိခင်စကားအဆုံးမှာ ရုတ်တရက်မတ်တပ်ရပ်
မိပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။
ဂျွန်း...မင်းငါ့ကိုလာကယ်တာမဟုတ်လားဟင်။
ဆော့ဂျင်အပြင်ရောက်တော့ အကုန်လုံးက သူ့ကို ဝိုင်းချုပ်ကြသည်။
ဆော့ဂျင်၏မိခင်သည်လည်း ဆော့ဂျင်ကို လွတ်ထွက်မတတ်ဖက်ထားကြသည်။
"အမေ ဂျွန်းဘယ်မှာလည်းဟင် ဂျွန်းလာတော့မှာမလား ဂျွန်းရေ ဂျွန်း ငါ့ဆီလာပါဦး ဟင့် "
ဆော့ဂျင်၏မိခင်သည် ဆော့ဂျင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။
ကိုယ်လုံးလေးက ပူကျစ်နေပြီး နှုတ်ခမ်းဖူးဖူးတို့ကလည်း တုန်ခါနေသည်။
မျက်လုံးလေးတွေကလည်း ငိုရလွန်းလို့ မို့မောက်နေပြီဖြစ်သည်။
ထို့နောက် ဆော့ဂျင်ကို ကိုယ်လုပ်တော်တင်မြှောက်ရန်အဆင်တန်ဆာတ်ို့ ဆင်မြန်းပေးကြသည်။
ဒါတောင် ဆော့ဂျင်က အလျော့မပေး ရုန်းကောင်းဆဲ...။
"အမေ ဘာလုပ်နေကြတာလည်း ပြောတော့ ဂျွန်းလာပြီဆို
ကျွန်တော့်ကို ဘာလို့ ဒါကြီးတွေ ဝတ်ပေးနေရတာဘလည်း လွှတ်ပါ ကျွန်တော် ဂျွန်းဆီသွားမို့လေ"
"သားလေးရယ် အမေ့ကို ခွင့်လွှတ်ပါနော် သားလေး စိတ်အေးအေးထား သားအခု အရှင်ယွန်းဂီ ရဲ့ ကိုယ်လုပ်တော်ဖြစ်တော့မှာ"
ဆော့ဂျင်မိခင်စကားကြောင့် ဆော့ဂျင်မှာ ရုန်းနေရင်း ငြိမ်ကျသွားသည်။
"ဘာဗျ ဒါဆို ဂျွန်းပြန်ရောက်ပြီးဆိုတာက ကျွန်တော့်ကို ညာတာပေါ့ ကျွန်တော့က ဘာဖြစ်လို့ ဟင့် ဘာဖြစ်လို့ အဲ့လူရဲ့ကိုယ်လုပ်တော်ဖြစ်ရမှာလည်းဟင့်"
"တောင်းပန်ပါတယ် သားငယ်လေးရယ် အရှင့်အမိန့်ကို မလွန်ဆန်နိုင်တာမို့"
ဆော့ဂျင် ဘာစကားမှမပြောနိုင်တော့ မျက်ရည်တွေသာ တွင်တွင်စီးကျလာတော့သည်။
ဟုတ်သည်။
အရှင်ယွန်းဂီသည် ထယ်ယောင်းနှင့်အတူ ဆော့ဂျင်ကိုပါ
တော်ကောက်သည်။
သို့သော် ဆော့ဂျင်ကိုက ကိုယ်လုပ်တော်အဆင့်သာ။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
[𝐀/𝐍 ; 𝐈 𝐰𝐢𝐥𝐥 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐭𝐡𝐢𝐬 𝐟𝐢𝐜 𝐛𝐞𝐟𝐨𝐫𝐞 𝐈 𝐚𝐭𝐭𝐞𝐧𝐝 𝐦𝐲 𝐆-𝟏𝟎 𝐜𝐨𝐮𝐫𝐬𝐞❤🐰]
Written By
Guulili