"သခင္ေလး ေဆာ့ဂ်င္ အ႐ွင္ဆင့္ေခၚေနတယ္"
အေဆာင္ေ႐ွ႕မွ မင္းခ်င္းတစ္ေယာက္ရဲ႕အသံ။
ေဆာ့ဂ်င္ ဒီလိုအခ်ိန္မ်ိဳးမွာ အရာအားလံုးကို လ်စ္လ်ဴ႐ႈထား
ခ်င္ေပမယ့္ အ႐ွင့္ဆိုေသာ လူသားက နမ္ဂြၽန္းအတြက္ အေရးအပါဆံုးလူသားတစ္ေယာက္မို႔ ေဆာ့ဂ်င္ မျငင္းဆန္ခ်င္။
ဒါေၾကာင့္ ေဆာ့ဂ်င္ ထိုသူေနာက္သို႔လိုက္သြားမိသည္။
ေဆာ့ဂ်င္ကို ထိုသူက အ႐ွင္ယြန္းဂီအေဆာင္ေ႐ွ႕ေခၚသြားတာမ်ိဳးမဟုတ္ဘဲ နန္းတြင္းပန္းျခံဆီသို႔ေခၚလာတာေၾကာင့္ ေဆာ့ဂ်င္ အနည္းငယ္ အံ့ျသမိသည္။
ေဆာ့ဂ်င္ ပန္းျခံဆီသို႔ေရာက္သို႔ အ႐ွင္ဟူေသာလူက သစ္ပင္တစ္ပင္ေအာက္တြင္ ၿငိမ္သက္စြာ..။
"အ႐ွင့္ကို ကြၽန္ေတာ္ ကင္မ္ေဆာ့ဂ်င္ ဂါရဝျပဳပါတယ္"
ေဆာ့ဂ်င္အသံၾကားေတာ့ အ႐ွင္ယြန္းဂီကေမာ့ၾကည့္လာၿပီး
ေဘးနားမွအျခံအရံတို႔ကို ေ႐ွာင္ခိုင္းထားသည္။
"မေတြ႔တာေတာင္ၾကာၿပီပဲ ေဆာ့ဂ်င္ "
"ဟုတ္ပါတယ္ အ႐ွင္"
အ႐ွင္ယြန္းဂီက ေဆာ့ဂ်င္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ၿပီးေနာက္ အနားတြင္စီစဥ္ထားသည့္ စားပြဲသို႔ သြားထိုင္သည္။
ေဆာ့ဂ်င္လည္း ခပ္လွမ္းလွမ္းမွာသာ မတ္တပ္ရပ္ေနလိုက္သည္။
"ဒီမွာလာထိုင္ "
ေဆာ့ဂ်င္လည္း အရွင္ယြန္းဂီစကားအတိုင္း သူ႔ေဘး႐ွိခံုတြင္ သြားထိုင္ေနလိုက္သည္။
ဒါေတာင္ အ႐ွင္ယြန္းဂီဆိုသူက ဘာမွမေျပာေသးဘဲ သူ႔ကို
စိုက္ၾကည့္တာမို႔ ေဆာ့ဂ်င္ မေနတတ္စြာ စကားစမိသည္။
"အမိန္႔႐ွိပါ အ႐ွင္"
"အဟက္ အမိန္႔႐ွိမွေခၚရမွာလားကြ"
အ႐ွင္ယြန္းဂီက ခပ္ဟဟရယ္ၿပီး ေဆာ့ဂ်င္ကို လက္ဖက္ရည္
ၾကမ္းငွဲ႔ေပးသည္။
ေဆာ့ဂ်င္လည္း မျငင္းဆန္ရဲတာမို႔ လက္ဖက္ရည္ၾကမ္းကို အနည္းမွ်ေမာ့လိုက္သည္။
သွ်ီလာအ႐ွင္ျဖစ္ရက္နဲ႔ ဒီလိုေတြဘာလို႔လုပ္ေနရတာလည္းဆိုတာကို ေဆာ့ဂ်င္လံုးဝနားမလည္ေတာ့..။
တစ္စံုတစ္ရာ သူ႔ဆီမွအလို႐ွိ၍ ျပဳလုပ္ေနသည္ဟုသာ
ေဆာ့ဂ်င္ထင္သည္။
ၿပီးေတာ့ သူတို႔ေဘးနားတြင္ လူလည္း႐ွင္းေနသည္ေလ။
"စစ္သူႀကီးကင္မ္ရဲ႕ ၾကင္ယာေတာ္အေၾကာင္း ၾကားၿပီးေလာက္ေပါ့"
ေဆာ့ဂ်င္ ေတြး၍ မၿပီးေသးခင္မွာပဲအ႐ွင္ယြန္းဂီသည္ ခနဲ႔သည့္အသံမ်ိဳးႏွင့္ ေဆာ့ဂ်င္ကို ေျပာသည္။
ေဆာ့ဂ်င္လည္း အ႐ွင္ယြန္းဂီကို ေစ့ေစ့ျပန္စိုက္ၾကည့္ၿပီး..။
"မွန္လွပါ ၾကားၿပီးပါၿပီ အ႐ွင္"
ေဆာ့ဂ်င္စကားေၾကာင့္ အ႐ွင္ယြန္းဂီရဲ႕ လက္ျဖဴျဖဴတို႔က ေဆာ႕ဂ်င္ရဲ႕ ေမးဖ်ားေပၚက်ေရာက္လာသည္။
ေဆာ့ဂ်င္လည္း ႐ုတ္တရက္ေၾကာင္သြားၿပီး ၿငိမ္ခံေနမိသည္။
"သစၥာမ႐ွိတဲ့ ေကာင္ကို ဆက္ၿပီးခ်စ္ႀကိဳက္ေနဦးမွာလား
ကင္မ္ေဆာ့ဂ်င္ "
ေဆာ့ဂ်င္ ေဒါသတို႔က ေထာင္းခနဲထြက္သြားသည္။
ဘယ္လိုေတာင္ေျပာထြက္လိုက္တာလည္း။
ယခုအခ်ိန္တြင္ အ႐ွင္ ဆိုေသာ ဂုဏ္ပုဒ္ကိုလည္း ေဆာ့ဂ်င္ မေထာက္ထားႏိုင္ေတာ့..။
အထူးသျဖင့္ နမ္ဂြၽန္းကို *သစၥာမ႐ွိတဲ့ေကာင္* ဟုသံုးႏႈန္းလိုက္တာမို႔ ပိုလို႔ေတာင္ ေဒါသထြက္မိသည္။
ဒါေၾကာင့္ အ႐ွင္ယြန္းဂီရဲ႕ လက္တို႔ကို ပုတ္ထုတ္လိုက္ၿပီး..။
"မွန္လွပါ ကြၽန္ေတာ္ ဂြၽန္းကို ဆက္ၿပီး ခ်စ္ႀကိဳက္ေနဦးမွာပါ
ၿပီးေတာ့ တစ္ခုေလွ်ာက္ထားပါရေစ သွ်ီလာအ႐ွင္သခင္ မင္ယြန္းဂီ စစ္သူႀကီးကင္မ္က အ႐ွင့္ကို သိပ္ၿပီး အေလးအျမတ္ထားေၾကာင္းပါ အ႐ွင္ ကိုယ့္ကို အေလးအျမတ္ထားတဲ့သူတစ္ေယာက္ကို ဒီလိုေျပာဆိုတာ မ႐ွက္မိဘူးလား သွ်ီလာအ႐ွင္သခင္ မင္ယြန္းဂီ"
ေဆာ့ဂ်င္ ေဒါသထြက္ၿပီးေျပာဆိုေနတာကို အ႐ွင္ယြန္းဂီက ခပ္မဲ့မဲ့ျပံဳးၿပီး ထိုင္ၾကည့္ေနသည္။
ေဆာ့ဂ်င္လည္း ထၿပီး လွည့္ထြက္မည္အလုပ္ အ႐ွင္ယြန္းဂီက
ေဆာ့ဂ်င္ရဲ႕ လက္ႏုႏုကို လွမ္းဆြဲၿပီး သူ႔အေပၚသို ဆြဲခ်လိုက္ကာ သူ႔ရင္ခြင္အတြင္း နစ္ျမႇဳပ္ေစသည္။
"မင္းနားလည္လား မင္းမွာပိုင္႐ွင္မ႐ွိဘူးေနာ္"
ဒီတစ္ခါတြင္ေတာ့ ေဆာ့ဂ်င္ အတင္း႐ုန္းထြက္ေတာ့သည္။
ဒါေပမယ့္ အားေကာင္းလြန္းတဲ့ အ႐ွင္ယြန္းဂီကို မ႐ုန္းႏိုင္။
"ဟက္ခ်စ္စရာေလးကြာ"
အ႐ွင္ယြန္းဂီ ေဆာ့ဂ်င္ရဲ႕ ပါးေဖြးေဖြးေလးကို ဖိနမ္းၿပီးမွ ျပန္လႊတ္ေပးလိုက္ေတာ့သည္။
ေဆာ့ဂ်င္ကေတာ့ ေလွာင္ခ်ိဳင့္ထဲမွလြတ္ထြက္သြားသည့္ ငွက္ငယ္ပမာ လွစ္ခနဲေျပးထြက္သြားေတာ့သည္။
အ႐ွင္ယြန္းဂီျမင္လိုက္ပါသည္။
ေဆာ့ဂ်င္ရဲ႕ မ်က္ဝန္းထက္က မ်က္ရည္စတို႔ကို..။
"သိပ္ခ်စ္ေနတယ္ေပါ့ ဒီအေျခအေနျဖစ္ေနတာေတာင္ မင္းအေကာင္ကို မမုန္းရက္ဘူးေပါ့ ကင္မ္ေဆာ့ဂ်င္ အဟက္
ဒါဆိုလည္းကိုယ္က ရတဲ့နည္းနဲ႔ ယူရေတာ့မွာေပါ့"
အ႐ွင္ယြန္းဂီႏႈတ္ခမ္းထက္ မဲ့ျပံဳးတစ္ခုကို ပန္ဆင္ထားရင္းေဒါသတို႔ကိုၿမိဳသိပ္ထားမိသည္။
သူလိုခ်င္သည္။
အဖိုးတန္သည့္အရာအားလံုးကို..။
မရရင္ ရတဲ့နည္းႏွင့္ယူမည္။
သူသည္ သွ်ီလာအ႐ွင္သခင္ မင္ယြန္းဂီ ျဖစ္တာမို႔...။
__________________
ေဆာ့ဂ်င္ ပန္းျခံကေန အိမ္ေတာ္ဆီ အျမန္ဆံုးေျပးထြက္လာမိသည္။ အိမ္ထဲေရာက္တာနဲ႔ အ႐ုပ္ႀကိဳးျပတ္သလို ထိုင္ခ်မိၿပီး ရင္ဘက္ကို ဖိကာ ငိုခ်ေနမိသည္။
ဂြၽန္းအတြက္လို႔ ရည္ရြယ္ထားတာေလ။
ကိုယ့္ကိုကိုယ္ေတာင္ ဂြၽန္းတစ္ေယာက္ထဲအတြက္ပဲလို႔ ရည္ရြယ္ထားခဲ့ရတာကို။
ဘာလိုလည္း...။
ဂြၽန္း..။
ျမန္ျမန္ျပန္လာခဲ့ပါ..။
ငါ့ကို ကာကြယ္ေပးပါဂြၽန္း။
သိပ္ခ်စ္တယ္ ဂြၽန္းရယ္..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
"သခင်လေး ဆော့ဂျင် အရှင်ဆင့်ခေါ်နေတယ်"
အဆောင်ရှေ့မှ မင်းချင်းတစ်ယောက်ရဲ့အသံ။
ဆော့ဂျင် ဒီလိုအချိန်မျိုးမှာ အရာအားလုံးကို လျစ်လျူရှုထား
ချင်ပေမယ့် အရှင့်ဆိုသော လူသားက နမ်ဂျွန်းအတွက် အရေးအပါဆုံးလူသားတစ်ယောက်မို့ ဆော့ဂျင် မငြင်းဆန်ချင်။
ဒါကြောင့် ဆော့ဂျင် ထိုသူနောက်သို့လိုက်သွားမိသည်။
ဆော့ဂျင်ကို ထိုသူက အရှင်ယွန်းဂီအဆောင်ရှေ့ခေါ်သွားတာမျိုးမဟုတ်ဘဲ နန်းတွင်းပန်းခြံဆီသို့ခေါ်လာတာကြောင့် ဆော့ဂျင် အနည်းငယ် အံ့သြမိသည်။
ဆော့ဂျင် ပန်းခြံဆီသို့ရောက်သို့ အရှင်ဟူသောလူက သစ်ပင်တစ်ပင်အောက်တွင် ငြိမ်သက်စွာ..။
"အရှင့်ကို ကျွန်တော် ကင်မ်ဆော့ဂျင် ဂါရဝပြုပါတယ်"
ဆော့ဂျင်အသံကြားတော့ အရှင်ယွန်းဂီကမော့ကြည့်လာပြီး
ဘေးနားမှအခြံအရံတို့ကို ရှောင်ခိုင်းထားသည်။
"မတွေ့တာတောင်ကြာပြီပဲ ဆော့ဂျင် "
"ဟုတ်ပါတယ် အရှင်"
အရှင်ယွန်းဂီက ဆော့ဂျင်ကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် အနားတွင်စီစဉ်ထားသည့် စားပွဲသို့ သွားထိုင်သည်။
ဆော့ဂျင်လည်း ခပ်လှမ်းလှမ်းမှာသာ မတ်တပ်ရပ်နေလိုက်သည်။
"ဒီမှာလာထိုင် "
ဆော့ဂျင်လည်း အရှင်ယွန်းဂီစကားအတိုင်း သူ့ဘေးရှိခုံတွင် သွားထိုင်နေလိုက်သည်။
ဒါတောင် အရှင်ယွန်းဂီဆိုသူက ဘာမှမပြောသေးဘဲ သူ့ကို
စိုက်ကြည့်တာမို့ ဆော့ဂျင် မနေတတ်စွာ စကားစမိသည်။
"အမိန့်ရှိပါ အရှင်"
"အဟက် အမိန့်ရှိမှခေါ်ရမှာလားကွ"
အရှင်ယွန်းဂီက ခပ်ဟဟရယ်ပြီး ဆော့ဂျင်ကို လက်ဖက်ရည်
ကြမ်းငှဲ့ပေးသည်။
ဆော့ဂျင်လည်း မငြင်းဆန်ရဲတာမို့ လက်ဖက်ရည်ကြမ်းကို အနည်းမျှမော့လိုက်သည်။
သျှီလာအရှင်ဖြစ်ရက်နဲ့ ဒီလိုတွေဘာလို့လုပ်နေရတာလည်းဆိုတာကို ဆော့ဂျင်လုံးဝနားမလည်တော့..။
တစ်စုံတစ်ရာ သူ့ဆီမှအလိုရှိ၍ ပြုလုပ်နေသည်ဟုသာ
ဆော့ဂျင်ထင်သည်။
ပြီးတော့ သူတို့ဘေးနားတွင် လူလည်းရှင်းနေသည်လေ။
"စစ်သူကြီးကင်မ်ရဲ့ ကြင်ယာတော်အကြောင်း ကြားပြီးလောက်ပေါ့"
ဆော့ဂျင် တွေး၍ မပြီးသေးခင်မှာပဲအရှင်ယွန်းဂီသည် ခနဲ့သည့်အသံမျိုးနှင့် ဆော့ဂျင်ကို ပြောသည်။
ဆော့ဂျင်လည်း အရှင်ယွန်းဂီကို စေ့စေ့ပြန်စိုက်ကြည့်ပြီး..။
"မှန်လှပါ ကြားပြီးပါပြီ အရှင်"
ဆော့ဂျင်စကားကြောင့် အရှင်ယွန်းဂီရဲ့ လက်ဖြူဖြူတို့က ဆော့ဂျင်ရဲ့ မေးဖျားပေါ်ကျရောက်လာသည်။
ဆော့ဂျင်လည်း ရုတ်တရက်ကြောင်သွားပြီး ငြိမ်ခံနေမိသည်။
"သစ္စာမရှိတဲ့ ကောင်ကို ဆက်ပြီးချစ်ကြိုက်နေဦးမှာလား
ကင်မ်ဆော့ဂျင် "
ဆော့ဂျင် ဒေါသတို့က ထောင်းခနဲထွက်သွားသည်။
ဘယ်လိုတောင်ပြောထွက်လိုက်တာလည်း။
ယခုအချိန်တွင် အရှင် ဆိုသော ဂုဏ်ပုဒ်ကိုလည်း ဆော့ဂျင် မထောက်ထားနိုင်တော့..။
အထူးသဖြင့် နမ်ဂျွန်းကို *သစ္စာမရှိတဲ့ကောင်* ဟုသုံးနှုန်းလိုက်တာမို့ ပိုလို့တောင် ဒေါသထွက်မိသည်။
ဒါကြောင့် အရှင်ယွန်းဂီရဲ့ လက်တို့ကို ပုတ်ထုတ်လိုက်ပြီး..။
"မှန်လှပါ ကျွန်တော် ဂျွန်းကို ဆက်ပြီး ချစ်ကြိုက်နေဦးမှာပါ
ပြီးတော့ တစ်ခုလျှောက်ထားပါရစေ သျှီလာအရှင်သခင် မင်ယွန်းဂီ စစ်သူကြီးကင်မ်က အရှင့်ကို သိပ်ပြီး အလေးအမြတ်ထားကြောင်းပါ အရှင် ကိုယ့်ကို အလေးအမြတ်ထားတဲ့သူတစ်ယောက်ကို ဒီလိုပြောဆိုတာ မရှက်မိဘူးလား သျှီလာအရှင်သခင် မင်ယွန်းဂီ"
ဆော့ဂျင် ဒေါသထွက်ပြီးပြောဆိုနေတာကို အရှင်ယွန်းဂီက ခပ်မဲ့မဲ့ပြုံးပြီး ထိုင်ကြည့်နေသည်။
ဆော့ဂျင်လည်း ထပြီး လှည့်ထွက်မည်အလုပ် အရှင်ယွန်းဂီက
ဆော့ဂျင်ရဲ့ လက်နုနုကို လှမ်းဆွဲပြီး သူ့အပေါ်သို ဆွဲချလိုက်ကာ သူ့ရင်ခွင်အတွင်း နစ်မြှုပ်စေသည်။
"မင်းနားလည်လား မင်းမှာပိုင်ရှင်မရှိဘူးနော်"
ဒီတစ်ခါတွင်တော့ ဆော့ဂျင် အတင်းရုန်းထွက်တော့သည်။
ဒါပေမယ့် အားကောင်းလွန်းတဲ့ အရှင်ယွန်းဂီကို မရုန်းနိုင်။
"ဟက်ချစ်စရာလေးကွာ"
အရှင်ယွန်းဂီ ဆော့ဂျင်ရဲ့ ပါးဖွေးဖွေးလေးကို ဖိနမ်းပြီးမှ ပြန်လွှတ်ပေးလိုက်တော့သည်။
ဆော့ဂျင်ကတော့ လှောင်ချိုင့်ထဲမှလွတ်ထွက်သွားသည့် ငှက်ငယ်ပမာ လှစ်ခနဲပြေးထွက်သွားတော့သည်။
အရှင်ယွန်းဂီမြင်လိုက်ပါသည်။
ဆော့ဂျင်ရဲ့ မျက်ဝန်းထက်က မျက်ရည်စတို့ကို..။
"သိပ်ချစ်နေတယ်ပေါ့ ဒီအခြေအနေဖြစ်နေတာတောင် မင်းအကောင်ကို မမုန်းရက်ဘူးပေါ့ ကင်မ်ဆော့ဂျင် အဟက်
ဒါဆိုလည်းကိုယ်က ရတဲ့နည်းနဲ့ ယူရတော့မှာပေါ့"
အရှင်ယွန်းဂီနှုတ်ခမ်းထက် မဲ့ပြုံးတစ်ခုကို ပန်ဆင်ထားရင်းဒေါသတို့ကိုမြိုသိပ်ထားမိသည်။
သူလိုချင်သည်။
အဖိုးတန်သည့်အရာအားလုံးကို..။
မရရင် ရတဲ့နည်းနှင့်ယူမည်။
သူသည် သျှီလာအရှင်သခင် မင်ယွန်းဂီ ဖြစ်တာမို့...။
__________________
ဆော့ဂျင် ပန်းခြံကနေ အိမ်တော်ဆီ အမြန်ဆုံးပြေးထွက်လာမိသည်။ အိမ်ထဲရောက်တာနဲ့ အရုပ်ကြိုးပြတ်သလို ထိုင်ချမိပြီး ရင်ဘက်ကို ဖိကာ ငိုချနေမိသည်။
ဂျွန်းအတွက်လို့ ရည်ရွယ်ထားတာလေ။
ကိုယ့်ကိုကိုယ်တောင် ဂျွန်းတစ်ယောက်ထဲအတွက်ပဲလို့ ရည်ရွယ်ထားခဲ့ရတာကို။
ဘာလိုလည်း...။
ဂျွန်း..။
မြန်မြန်ပြန်လာခဲ့ပါ..။
ငါ့ကို ကာကွယ်ပေးပါဂျွန်း။
သိပ်ချစ်တယ် ဂျွန်းရယ်..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili