သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား

1.3K 306 2
By MayKingMK119

Chapter (39) – တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား

ညေရာက္သည္အထိ သရဲအိမ္က တိတ္ဆိတ္လို႔ေနသည္။ ရုတ္တရက္ လႊတိုက္သံကဲ့သို႔ အသံႀကီးေပၚလာၿပီး တိတ္ဆိတ္သည့္ပတ္ဝန္းက်င္က ၿပိဳကြဲသြားေတာ့သည္။ Chen Ge မ်က္လံုးဖြင့္ၿပီး ဖုန္းကိုၾကည့္ေတာ့ ညသန္းေခါင္ 1:20 မိနစ္ရွိေလၿပီ။ သူက ေခါင္းအံုးေပၚေခါင္းခ်ကာ အိပ္ဖို႔ႀကိဳးစားေပမယ့္ ထူးဆန္းသည့္အသံက နားထဲဝင္လာခဲ့သည္။

"ငါ အိပ္မက္မက္ေနတာလား.. ဘယ္သူက ဒီအသံထြက္ေအာင္ လုပ္ေနတာလဲ.."

ဒီသရဲအိမ္က အရာတိုင္းက သူကိုယ္တိုင္ တည္ေဆာက္ထားတာျဖစ္လို႔ ခုထြက္လာတဲ့အသံက လႊတိုက္သံဆိုတာ သူေသခ်ာသိေနသည္။ Chen Ge က ၆နာရီတိတိ အိပ္စက္ခဲ့သျဖင့္ ႏိုးကာစတြင္ ေခါင္းတို႔ေဝဝါးေနၿပီး အိပ္ယာထဲက မနည္းထကာ အဝတ္ေကာက္ဝတ္ၿပီး အနီးကေသတၱာထဲက တူတစ္ေခ်ာင္းကို ေကာက္ကိုင္လိုက္သည္။ Chen Ge က ဓာတ္မီးကိုဖြင့္ၿပီး ဝန္ထမ္းအခန္းကထြက္ကာ သရဲအိမ္ထဲဝင္ခဲ့သည္။ သရဲအိမ္က ေန႔ဘက္ထက္ ညမွာ ပိုေၾကာက္စရာေကာင္းလွသည္။ Chen Ge က အလ်င္စလိုမသြားဘဲ တံခါးကိုမွီၿပီး ခဏေနလိုက္သည္။

ေဖာက္ထြင္းသမားေတြက သရဲအိမ္ထဲ ညသန္းေခါင္ ခိုးဝင္လာတာမ်ားလား..။ ဒါမွမဟုတ္ ဒီအသံက ပီသၿပီးက်ယ္ေလာင္ေနတာ ႂကြက္က တစ္ခုခုကိုက္ဝါးေနတာ မျဖစ္ႏိုင္ဘူးလား။ ေတြးေနရင္း Chen Ge ရဲ႕စိတ္ထဲ မွန္ထဲကမေကာင္းဆိုးဝါး လြတ္လာတာမ်ားလားဟု ထင္လာသည္။

အဝတ္မည္းေတြကုန္သြားလို႔ တတိယထပ္က မွန္ခ်ပ္တိုင္းကို အဝတ္ႏွင့္ မအုပ္ထားခဲ့ရေပ။ Chen Ge က ဝန္ထမ္းခန္းထဲျပန္ဝင္ၿပီး သူ႔မိဘေတြခ်န္ထားရစ္တဲ့ အရုပ္ေလးကို ဆုပ္ကိုင္ကာ အသံၾကားရာေနာက္ လိုက္လာေတာ့ တတိယထပ္က သန္းေခါင္ယံည လူသတ္သမားအခန္းေရွ႕ ေရာက္လာသည္။

ထင္ထားသည့္အတိုင္း အသံက ဒီကထြက္လာတာကိုး။ Fu An တိုက္ခန္းက ဝိညာဥ္ေၾကာင့္လား..၊ မွန္ထဲက မေကာင္းဆိုးဝါးေၾကာင့္လား.. ဆိုတာ မေသခ်ာေပ။ Chen Ge က တံခါးဖြင့္လိုက္ဖို႔ တြန္႔ဆုတ္ေနမိသည္။ ညဘက္ႀကီး သန္းေခါင္ယံည လူသတ္သမားအခန္းထဲကို သူ သိပ္ဝင္ခ်င္စိတ္မရွိေပ။ ဒါေပမယ့္ ဒီလႊသံကို ဆက္ထြက္ခြင့္ျပဳတာက ေျဖရွင္းနည္းတစ္ခုမဟုတ္ေပ။ Chen Ge က တူကို လက္က က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး သူ႔ဘာသာေျပာလိုက္သည္။

ဘာျဖစ္ျဖစ္ ငါ့မွာ ဝိညာဥ္ေတြရဲ႕ခ်စ္ခင္မႈ ရထားၿပီး Fu An တိုက္ခန္းကဝိညာဥ္ေတြၾကား နာမည္ေကာင္းရထားတာပဲ။ အထဲမွာ မွန္ထဲကေကာင္ရွိရင္ေတာင္ ငါ့ကို ထိခိုက္ေအာင္ လုပ္ႏိုင္မွာမဟုတ္ပါဘူး။

He San ျဖစ္ခဲ့တာကို သူ ျပန္သတိရလိုက္သည္။ Xiao Wan ရုတ္တရက္ေရာက္လာလို႔ မွန္ထဲကေကာင္ရဲ႕ အစီအစဥ္ ပ်က္သြားခဲ့တယ္ဆိုေတာ့ ဒီမေကာင္းဆိုးဝါးက သူထင္သေလာက္ စြမ္းအားမႀကီးေလာက္ေပ။ ဒါေၾကာင့္ သူ အထဲဝင္သြားဖို႔ လိုအပ္သည္။ အထဲကေကာင္အေၾကာင္း ပိုသိေလ ဒီေကာင့္ကိုရင္ဆိုင္ရာမွာ ပိုအကူအညီရေလျဖစ္သည္။ Chen Ge က စိတ္ကို ၿငိမ္ေအာင္ထားလိုက္သည္။ ဒီမွန္ထဲက မေကာင္းဆိုးဝါးကို သူမေၾကာက္ေပ။ ဒါက သူမသိေသးတဲ့ အရာတစ္ခုသာျဖစ္သည္ဟု သူ႔ဘာသာေျပာေနသည္။

တံခါးကိုတြန္းဖြင့္လိုက္ေတာ့ မႈိနံ႔က ႏွာေခါင္းထဲလြင့္ပ်ံလာၿပီး တကယ့္ကို Fu An တိုက္ခန္းထဲေရာက္သြားသလို ခံစားရသည္။ တံခါးေတြက တစ္ဝက္ေလာက္ပြင့္ေနၿပီး Chen Ge က လက္တစ္ဖက္က ဖုန္းကိုကိုင္၊ က်န္တစ္ဖက္က တူကိုကိုင္ကာ ဝင္ခဲ့လိုက္သည္။

လႊသံ ဆက္ထြက္လာသျဖင့္ သူလာတာမွန္ၿပီဟု Chen Ge ေတြးလိုက္သည္။ သူက လႊသံထြက္လာသည့္ တံခါးအျပင္တြင္ ရပ္လိုက္သည္။ ထိုအခန္းတံခါး လက္ကုိင္ဘုကို ဆုပ္ကိုင္လိုက္စဥ္ သံမဏိ၏ေအးစက္မႈက သူ႔ကို သတိဝင္လာေစၿပီး တံခါးကို ဖြင့္ပစ္လိုက္သည္။

"အထဲက ဘယ္သူလဲ.."

Chen Ge က အခန္းထဲက အိမ္သာခန္းထဲကေန ထြက္လာတဲ့ တူသံနဲ႔အတူ အမည္းေရာင္လူရိပ္ကိုျမင္ေတာ့ ေအာ္ေမးလိုက္သည္။ ထိုအရိပ္က ဖန္းႏွင့္ တကယ္တူသည္။ ထိုအရိပ္မည္းက Chen Ge ၏အသံကိုၾကားေတာ့ လက္ထဲကိုင္ထားသည့္ အရာမ်ားကိုလႊတ္ခ်ကာ မွန္ထဲကိုခုန္ဝင္ၿပီး ေပ်ာက္ကြယ္သြားေတာ့သည္။

"ရပ္လိုက္စမ္း.."

Chen Ge က အရိပ္ရွိရာ တူႏွင့္ လွမ္းေဝွ႔ယမ္းလိုက္ေပမယ့္ ေလကိုပဲ ရိုက္မိသြားသည္။ အိမ္သာက ဗလာျဖစ္ၿပီး သူျမင္လိုက္တာက ထင္ေယာင္ထင္မွား ျဖစ္ေနသလိုပင္။ ဒီအရိပ္က ဖန္းမျဖစ္ႏိုင္ေပ။ သူက ဘာေၾကာင့္ ဖန္းနဲ႔ ဖြဲ႕စည္းပံု ဒီေလာက္တူေနရတာလဲ..။ မွန္ထဲကထင္ဟပ္ေနသည့္ သူ႔အရိပ္ကိုၾကည့္ၿပီး Chen Ge မသက္မသာ ခံစားလိုက္ရသည္။ မွန္ထဲက မေကာင္းဆိုးဝါးက ဘာေၾကာင့္ ဖန္းပံုကိုတုပၿပီး လုပ္ေနတာလဲ။

အရိပ္မည္းေၾကာင့္ ေမးခြန္းေတြေပၚလာေပမယ့္ Chen Ge သိလိုက္တဲ့ ၂ခ်က္က မွန္ထဲက မေကာင္းဆိုးဝါးက အျပင္ကိုထြက္လာႏိုင္ၿပီ၊ ၿပီးေတာ့ မွန္ကိုၾကည့္မိတဲ့ လူရဲ႕ ပံုစံအတိုင္း အတုခိုးႏိုင္သည္။ ဒီေကာင္က သူထင္ထားတာထက္ အႏၲရာယ္ပိုရွိသည္။

အခန္းထဲကလႊတိုက္သံက တိတ္သြားခဲ့ေလၿပီ။ Chen Ge က အေစာပိုင္း အရိပ္မည္းထိုင္ေနသည့္ ေနရာကို စစ္ေဆးၾကည့္ေတာ့ အရုပ္၄ခုက မွန္စေတြနဲ႔အတူ ဘိလပ္ေျမမႈန္႔ေတြရွိေနသည့္ ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းေနတာ ေတြ႕လိုက္ရသည္။

Chen Ge က အရုပ္၄ခုကို လက္ဝါးထဲထည့္ၿပီး စစ္ၾကည့္ေတာ့ အေမႏွင့္ညီအစ္မ၂ရုပ္က ဘာမွမျဖစ္ေပမယ့္ အေဖလုပ္သူ၏အရုပ္က လည္ပင္းျပတ္ၿပီး သူ႔ကိုယ္က ကုတ္ျခစ္ခံထားရတာကို ေတြ႕လိုက္ရသည္။

အေဖအရုပ္က ဘာေၾကာင့္ ဒဏ္ရာရေနတာလဲ..။

မၾကာခင္ Chen Ge က အေၾကာင္းအရင္းကို သိသြားသည္။ အေဖအရုပ္က ေဟာ္ဖန္းကို မေကာင္းဆိုးဝါးလက္က လြတ္ေအာင္ ကယ္တင္ေပးခဲ့လို႔ မေကာင္းဆိုးဝါးက ျပန္လာၿပီး ကလဲ့စားေခ်ျခင္းျဖစ္သည္။ ဒီဝိညာဥ္ေလးေတြက မွန္ထဲကေကာင္ေလာက္ မစြမ္းေသာေၾကာင့္ လည္စင္းခံေနရတာျဖစ္မည္။

Chen Ge က အျခားကမ႓ာအေၾကာင္း သိပ္မသိေပမယ့္ သူၾကံဳေတြ႕ရသမွ်ကို ေျပာရမယ္ဆိုရင္ ဒီမွန္ထဲက မေကာင္းဆိုးဝါးက ေၾကာက္တတ္သည့္လူမ်ားကိုသာ တိုက္ခိုက္ႏိုင္သည္။ ဒီမွန္ထဲကေကာင္က Fu An တိုက္ခန္းက ဝိညာဥ္ေတြထက္ တစ္ဆင့္ျမင့္ေပမယ့္ ရုပ္ပိုင္းဆိုင္ရာ အားနည္းေနသည္။ ဒါေၾကာင့္ သူတို႔က လူေတြရဲ႕စိတ္ပိုင္းဆိုင္ရာကို တိုက္ခိုက္ၿပီး ထင္ေယာင္ထင္မွားျဖစ္ေစကာ လူေတြရဲ႕စိတ္ အားနည္းသြားေတာ့မွ ထိန္းခ်ဳပ္ျခင္းျဖစ္ႏိုင္သည္။

ေဟာ္ဖန္းႏွင့္ He San တို႔အျဖစ္အပ်က္ႏွင့္ အေစာပိုင္း သူၾကံဳခဲ့တာကို ေပါင္းစပ္ၾကည့္ၿပီး ခုလို ေကာက္ခ်က္ခ်လိုက္ျခင္းျဖစ္သည္။ မွန္ထဲကေကာင္က ျပႆနာအိုးျဖစ္သည္။ ဒီေကာင့္ကို သူကိုယ္တိုင္ ရင္ဆိုင္ႏိုင္မယ္ဆိုရင္ ဒီေကာင့္ရဲ႕စြမ္းအားေတြ ေပ်ာက္ေအာင္ လုပ္ႏိုင္ေပလိမ့္မည္။ တကယ္လို႔ သူသာ ဒီေကာင့္ကို မွန္ထဲကထြက္ေအာင္ မွ်ားႏိုင္ရင္ ဒီေကာင့္ကိုကိုင္တြယ္ရတာ လြယ္ကူသြားေပမည္။

သူ အစီစဥ္ဆြဲထားဖို႔ လိုအပ္သည္။ ဒီည ဒီကိစၥကိုေျဖရွင္းႏိုင္မွ မနက္ျဖန္ ဧည့္သည္ေတြကို ဒီအခန္းကို ဝင္ခြင့္ျပဳႏိုင္ေပမည္။ Chen Ge စိတ္ေအးေအးထားလိုက္သည္။ မွန္ထဲကေကာင္က လုပ္တာကိုင္တာ ပိုအကြက္က်လာသည္။ သူ႔ကို ခု မကိုင္တြယ္ႏိုင္လွ်င္ သူ႔သရဲအိမ္ကို ေအးေအးေဆးေဆး ဆက္လက္လုပ္ႏိုင္မည္ မဟုတ္ေတာ့ေပ။

Chen Ge က အရုပ္၄ခုကိုသယ္ၿပီး ဒီအခန္းကိုေသာ့ခတ္ကာ ဝန္ထမ္းနားေနခန္းကို ဆင္းလာခဲ့သည္။ အရုပ္လည္ပင္းကို ျပန္ခ်ဳပ္ေပးရင္း အစီအစဥ္ကို စဥ္းစားဖို႔လိုအပ္သည္။ ဒီမေကာင္းဆိုးဝါးက ဆိုးသြမ္းၿပီး သက္ရွိလူသားမ်ားကို စိတ္ဝင္စားကာ စပ္စုသူျဖစ္သည္။ ဒါေၾကာင့္ လူသားကို ငါးစာလုပ္ရင္ သူ႔ကို ေထာင္ဖမ္းလို႔ ရႏိုင္ေလၿပီ။ Chen Ge က ေတြးရင္း စုတ္ျပဲေနေသာအရုပ္ကို ခဏတြင္း ခ်ဳပ္တာ ၿပီးစီးသြားေလၿပီ။ သူက အရုပ္ျပဳလုပ္ရာတြင္ အထူးကြ်မ္းက်င္သူျဖစ္သည္။

အဓိကျပႆနာက မေကာင္းဆိုးဝါးကို မွန္ထဲကဆြဲထုတ္ၿပီးရင္ ဘယ္လိုသတ္မလဲ..။

မေကာင္းဆိုးဝါးေတြက ဆားနဲ႔ၾကက္သြန္ျဖဴကို ေၾကာက္တယ္ဆိုေပမယ့္ ခုက သူ႔အသက္ကိုရင္းၿပီး စြန္႔စားရမွာျဖစ္လို႔ ေသခ်ာဖို႔ေတာ့လိုအပ္သည္။

Chen Ge က ေသခ်ာစဥ္းစားၿပီးမွ Supernatural သဘာဝလြန္ျဖစ္ရပ္ website ထဲဝင္ၾကည့္ၿပီး ကြ်မ္းက်င္သူမ်ားကို ေမးဖို႔လုပ္လိုက္သည္။

========================

Chapter (39) – တတိယထပ်မှ ခြောက်ခြားစရာအသံများ

ညရောက်သည်အထိ သရဲအိမ်က တိတ်ဆိတ်လို့နေသည်။ ရုတ်တရက် လွှတိုက်သံကဲ့သို့ အသံကြီးပေါ်လာပြီး တိတ်ဆိတ်သည့်ပတ်ဝန်းကျင်က ပြိုကွဲသွားတော့သည်။ Chen Ge မျက်လုံးဖွင့်ပြီး ဖုန်းကိုကြည့်တော့ ညသန်းခေါင် 1:20 မိနစ်ရှိလေပြီ။ သူက ခေါင်းအုံးပေါ်ခေါင်းချကာ အိပ်ဖို့ကြိုးစားပေမယ့် ထူးဆန်းသည့်အသံက နားထဲဝင်လာခဲ့သည်။

"ငါ အိပ်မက်မက်နေတာလား.. ဘယ်သူက ဒီအသံထွက်အောင် လုပ်နေတာလဲ.."

ဒီသရဲအိမ်က အရာတိုင်းက သူကိုယ်တိုင် တည်ဆောက်ထားတာဖြစ်လို့ ခုထွက်လာတဲ့အသံက လွှတိုက်သံဆိုတာ သူသေချာသိနေသည်။ Chen Ge က ၆နာရီတိတိ အိပ်စက်ခဲ့သဖြင့် နိုးကာစတွင် ခေါင်းတို့ဝေဝါးနေပြီး အိပ်ယာထဲက မနည်းထကာ အဝတ်ကောက်ဝတ်ပြီး အနီးကသေတ္တာထဲက တူတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ Chen Ge က ဓာတ်မီးကိုဖွင့်ပြီး ဝန်ထမ်းအခန်းကထွက်ကာ သရဲအိမ်ထဲဝင်ခဲ့သည်။ သရဲအိမ်က နေ့ဘက်ထက် ညမှာ ပိုကြောက်စရာကောင်းလှသည်။ Chen Ge က အလျင်စလိုမသွားဘဲ တံခါးကိုမှီပြီး ခဏနေလိုက်သည်။

ဖောက်ထွင်းသမားတွေက သရဲအိမ်ထဲ ညသန်းခေါင် ခိုးဝင်လာတာများလား..။ ဒါမှမဟုတ် ဒီအသံက ပီသပြီးကျယ်လောင်နေတာ ကြွက်က တစ်ခုခုကိုက်ဝါးနေတာ မဖြစ်နိုင်ဘူးလား။ တွေးနေရင်း Chen Ge ရဲ့စိတ်ထဲ မှန်ထဲကမကောင်းဆိုးဝါး လွတ်လာတာများလားဟု ထင်လာသည်။

အဝတ်မည်းတွေကုန်သွားလို့ တတိယထပ်က မှန်ချပ်တိုင်းကို အဝတ်နှင့် မအုပ်ထားခဲ့ရပေ။ Chen Ge က ဝန်ထမ်းခန်းထဲပြန်ဝင်ပြီး သူ့မိဘတွေချန်ထားရစ်တဲ့ အရုပ်လေးကို ဆုပ်ကိုင်ကာ အသံကြားရာနောက် လိုက်လာတော့ တတိယထပ်က သန်းခေါင်ယံည လူသတ်သမားအခန်းရှေ့ ရောက်လာသည်။

ထင်ထားသည့်အတိုင်း အသံက ဒီကထွက်လာတာကိုး။ Fu An တိုက်ခန်းက ဝိညာဉ်ကြောင့်လား..၊ မှန်ထဲက မကောင်းဆိုးဝါးကြောင့်လား.. ဆိုတာ မသေချာပေ။ Chen Ge က တံခါးဖွင့်လိုက်ဖို့ တွန့်ဆုတ်နေမိသည်။ ညဘက်ကြီး သန်းခေါင်ယံည လူသတ်သမားအခန်းထဲကို သူ သိပ်ဝင်ချင်စိတ်မရှိပေ။ ဒါပေမယ့် ဒီလွှသံကို ဆက်ထွက်ခွင့်ပြုတာက ဖြေရှင်းနည်းတစ်ခုမဟုတ်ပေ။ Chen Ge က တူကို လက်က ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူ့ဘာသာပြောလိုက်သည်။

ဘာဖြစ်ဖြစ် ငါ့မှာ ဝိညာဉ်တွေရဲ့ချစ်ခင်မှု ရထားပြီး Fu An တိုက်ခန်းကဝိညာဉ်တွေကြား နာမည်ကောင်းရထားတာပဲ။ အထဲမှာ မှန်ထဲကကောင်ရှိရင်တောင် ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။

He San ဖြစ်ခဲ့တာကို သူ ပြန်သတိရလိုက်သည်။ Xiao Wan ရုတ်တရက်ရောက်လာလို့ မှန်ထဲကကောင်ရဲ့ အစီအစဉ် ပျက်သွားခဲ့တယ်ဆိုတော့ ဒီမကောင်းဆိုးဝါးက သူထင်သလောက် စွမ်းအားမကြီးလောက်ပေ။ ဒါကြောင့် သူ အထဲဝင်သွားဖို့ လိုအပ်သည်။ အထဲကကောင်အကြောင်း ပိုသိလေ ဒီကောင့်ကိုရင်ဆိုင်ရာမှာ ပိုအကူအညီရလေဖြစ်သည်။ Chen Ge က စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ ဒီမှန်ထဲက မကောင်းဆိုးဝါးကို သူမကြောက်ပေ။ ဒါက သူမသိသေးတဲ့ အရာတစ်ခုသာဖြစ်သည်ဟု သူ့ဘာသာပြောနေသည်။

တံခါးကိုတွန်းဖွင့်လိုက်တော့ မှိုနံ့က နှာခေါင်းထဲလွင့်ပျံလာပြီး တကယ့်ကို Fu An တိုက်ခန်းထဲရောက်သွားသလို ခံစားရသည်။ တံခါးတွေက တစ်ဝက်လောက်ပွင့်နေပြီး Chen Ge က လက်တစ်ဖက်က ဖုန်းကိုကိုင်၊ ကျန်တစ်ဖက်က တူကိုကိုင်ကာ ဝင်ခဲ့လိုက်သည်။

လွှသံ ဆက်ထွက်လာသဖြင့် သူလာတာမှန်ပြီဟု Chen Ge တွေးလိုက်သည်။ သူက လွှသံထွက်လာသည့် တံခါးအပြင်တွင် ရပ်လိုက်သည်။ ထိုအခန်းတံခါး လက်ကိုင်ဘုကို ဆုပ်ကိုင်လိုက်စဉ် သံမဏိ၏အေးစက်မှုက သူ့ကို သတိဝင်လာစေပြီး တံခါးကို ဖွင့်ပစ်လိုက်သည်။

"အထဲက ဘယ်သူလဲ.."

Chen Ge က အခန်းထဲက အိမ်သာခန်းထဲကနေ ထွက်လာတဲ့ တူသံနဲ့အတူ အမည်းရောင်လူရိပ်ကိုမြင်တော့ အော်မေးလိုက်သည်။ ထိုအရိပ်က ဖန်းနှင့် တကယ်တူသည်။ ထိုအရိပ်မည်းက Chen Ge ၏အသံကိုကြားတော့ လက်ထဲကိုင်ထားသည့် အရာများကိုလွှတ်ချကာ မှန်ထဲကိုခုန်ဝင်ပြီး ပျောက်ကွယ်သွားတော့သည်။

"ရပ်လိုက်စမ်း.."

Chen Ge က အရိပ်ရှိရာ တူနှင့် လှမ်းဝှေ့ယမ်းလိုက်ပေမယ့် လေကိုပဲ ရိုက်မိသွားသည်။ အိမ်သာက ဗလာဖြစ်ပြီး သူမြင်လိုက်တာက ထင်ယောင်ထင်မှား ဖြစ်နေသလိုပင်။ ဒီအရိပ်က ဖန်းမဖြစ်နိုင်ပေ။ သူက ဘာကြောင့် ဖန်းနဲ့ ဖွဲ့စည်းပုံ ဒီလောက်တူနေရတာလဲ..။ မှန်ထဲကထင်ဟပ်နေသည့် သူ့အရိပ်ကိုကြည့်ပြီး Chen Ge မသက်မသာ ခံစားလိုက်ရသည်။ မှန်ထဲက မကောင်းဆိုးဝါးက ဘာကြောင့် ဖန်းပုံကိုတုပပြီး လုပ်နေတာလဲ။

အရိပ်မည်းကြောင့် မေးခွန်းတွေပေါ်လာပေမယ့် Chen Ge သိလိုက်တဲ့ ၂ချက်က မှန်ထဲက မကောင်းဆိုးဝါးက အပြင်ကိုထွက်လာနိုင်ပြီ၊ ပြီးတော့ မှန်ကိုကြည့်မိတဲ့ လူရဲ့ ပုံစံအတိုင်း အတုခိုးနိုင်သည်။ ဒီကောင်က သူထင်ထားတာထက် အန္တရာယ်ပိုရှိသည်။

အခန်းထဲကလွှတိုက်သံက တိတ်သွားခဲ့လေပြီ။ Chen Ge က အစောပိုင်း အရိပ်မည်းထိုင်နေသည့် နေရာကို စစ်ဆေးကြည့်တော့ အရုပ်၄ခုက မှန်စတွေနဲ့အတူ ဘိလပ်မြေမှုန့်တွေရှိနေသည့် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတာ တွေ့လိုက်ရသည်။

Chen Ge က အရုပ်၄ခုကို လက်ဝါးထဲထည့်ပြီး စစ်ကြည့်တော့ အမေနှင့်ညီအစ်မ၂ရုပ်က ဘာမှမဖြစ်ပေမယ့် အဖေလုပ်သူ၏အရုပ်က လည်ပင်းပြတ်ပြီး သူ့ကိုယ်က ကုတ်ခြစ်ခံထားရတာကို တွေ့လိုက်ရသည်။

အဖေအရုပ်က ဘာကြောင့် ဒဏ်ရာရနေတာလဲ..။

မကြာခင် Chen Ge က အကြောင်းအရင်းကို သိသွားသည်။ အဖေအရုပ်က ဟော်ဖန်းကို မကောင်းဆိုးဝါးလက်က လွတ်အောင် ကယ်တင်ပေးခဲ့လို့ မကောင်းဆိုးဝါးက ပြန်လာပြီး ကလဲ့စားချေခြင်းဖြစ်သည်။ ဒီဝိညာဉ်လေးတွေက မှန်ထဲကကောင်လောက် မစွမ်းသောကြောင့် လည်စင်းခံနေရတာဖြစ်မည်။

Chen Ge က အခြားကမ္ဘာအကြောင်း သိပ်မသိပေမယ့် သူကြုံတွေ့ရသမျှကို ပြောရမယ်ဆိုရင် ဒီမှန်ထဲက မကောင်းဆိုးဝါးက ကြောက်တတ်သည့်လူများကိုသာ တိုက်ခိုက်နိုင်သည်။ ဒီမှန်ထဲကကောင်က Fu An တိုက်ခန်းက ဝိညာဉ်တွေထက် တစ်ဆင့်မြင့်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသည်။ ဒါကြောင့် သူတို့က လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ပြီး ထင်ယောင်ထင်မှားဖြစ်စေကာ လူတွေရဲ့စိတ် အားနည်းသွားတော့မှ ထိန်းချုပ်ခြင်းဖြစ်နိုင်သည်။

ဟော်ဖန်းနှင့် He San တို့အဖြစ်အပျက်နှင့် အစောပိုင်း သူကြုံခဲ့တာကို ပေါင်းစပ်ကြည့်ပြီး ခုလို ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။ မှန်ထဲကကောင်က ပြဿနာအိုးဖြစ်သည်။ ဒီကောင့်ကို သူကိုယ်တိုင် ရင်ဆိုင်နိုင်မယ်ဆိုရင် ဒီကောင့်ရဲ့စွမ်းအားတွေ ပျောက်အောင် လုပ်နိုင်ပေလိမ့်မည်။ တကယ်လို့ သူသာ ဒီကောင့်ကို မှန်ထဲကထွက်အောင် မျှားနိုင်ရင် ဒီကောင့်ကိုကိုင်တွယ်ရတာ လွယ်ကူသွားပေမည်။

သူ အစီစဉ်ဆွဲထားဖို့ လိုအပ်သည်။ ဒီည ဒီကိစ္စကိုဖြေရှင်းနိုင်မှ မနက်ဖြန် ဧည့်သည်တွေကို ဒီအခန်းကို ဝင်ခွင့်ပြုနိုင်ပေမည်။ Chen Ge စိတ်အေးအေးထားလိုက်သည်။ မှန်ထဲကကောင်က လုပ်တာကိုင်တာ ပိုအကွက်ကျလာသည်။ သူ့ကို ခု မကိုင်တွယ်နိုင်လျှင် သူ့သရဲအိမ်ကို အေးအေးဆေးဆေး ဆက်လက်လုပ်နိုင်မည် မဟုတ်တော့ပေ။

Chen Ge က အရုပ်၄ခုကိုသယ်ပြီး ဒီအခန်းကိုသော့ခတ်ကာ ဝန်ထမ်းနားနေခန်းကို ဆင်းလာခဲ့သည်။ အရုပ်လည်ပင်းကို ပြန်ချုပ်ပေးရင်း အစီအစဉ်ကို စဉ်းစားဖို့လိုအပ်သည်။ ဒီမကောင်းဆိုးဝါးက ဆိုးသွမ်းပြီး သက်ရှိလူသားများကို စိတ်ဝင်စားကာ စပ်စုသူဖြစ်သည်။ ဒါကြောင့် လူသားကို ငါးစာလုပ်ရင် သူ့ကို ထောင်ဖမ်းလို့ ရနိုင်လေပြီ။ Chen Ge က တွေးရင်း စုတ်ပြဲနေသောအရုပ်ကို ခဏတွင်း ချုပ်တာ ပြီးစီးသွားလေပြီ။ သူက အရုပ်ပြုလုပ်ရာတွင် အထူးကျွမ်းကျင်သူဖြစ်သည်။

အဓိကပြဿနာက မကောင်းဆိုးဝါးကို မှန်ထဲကဆွဲထုတ်ပြီးရင် ဘယ်လိုသတ်မလဲ..။

မကောင်းဆိုးဝါးတွေက ဆားနဲ့ကြက်သွန်ဖြူကို ကြောက်တယ်ဆိုပေမယ့် ခုက သူ့အသက်ကိုရင်းပြီး စွန့်စားရမှာဖြစ်လို့ သေချာဖို့တော့လိုအပ်သည်။

Chen Ge က သေချာစဉ်းစားပြီးမှ Supernatural သဘာဝလွန်ဖြစ်ရပ် website ထဲဝင်ကြည့်ပြီး ကျွမ်းကျင်သူများကို မေးဖို့လုပ်လိုက်သည်။

========================


Continue Reading

You'll Also Like

242K 32.9K 130
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
275K 13.5K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
284K 55.2K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
115K 12.9K 143
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...