တစ်နေ့နေ့တော့ချစ်လာလိမ့်မည်(တ...

Від MayTuKhaBom

286K 24.1K 2.5K

အချစ်.....အမုန်း အခဈြ.....အမုနျး ZawGyi+Unicode Більше

Intro
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)Final
အပိုင်း(၁)Unicode
အပိုင်း(၂)Unicode
အပိုင်း(၃)Unicode
အပိုင်း(၄)Unicode
အပိုင်း(၅)Unicode
အပိုင်း(၆)Unicode
အပိုင်း(၇)Unicode
အပိုင်း(၈)Unicode
အပိုင်း(၉)Unicode
အပိုင်း(၁၀)Unicode
အပိုင်း(၁၁)Unicode
အပိုင်း(၁၂)Unicode
အပိုင်း(၁၃)Unicode
အပိုင်း(၁၅)Unicode
အပိုင်း(၁၆)Unicode
အပိုင်း(၁၇)Unicode
အပိုင်း(၁၈)Unicode
အပိုင်း(၁၉)Unicode
အပိုင်း(၂၀)Unicode
အပိုင်း(၂၁)Unicode
အပိုင်း(၂၂)Unicode
အပိုင်း(၂၃)Unicode
အပိုင်း(၂၄)Unicode
အပိုင်း(၂၅)Unicode
အပိုင်း(၂၆)Unicode
အပိုင်း(၂၇)Unicode
အပိုင်း(၂၈)Unicode
အပိုင်း(၂၉)Unicode
အပိုင်း(၃၀)Unicode
အပိုင်း(၃၁)Unicode
အပိုင်း(၃၂)Unicode
အပိုင်း(၃၃)Unicode
အပိုင်း(၃၄)Unicode
အပိုင်း(၃၅)Unicode
အပိုင်း(၃၆)Unicode Final
❗️❗️❗️

အပိုင်း(၁၄)Unicode

4.1K 397 26
Від MayTuKhaBom

ဆယ်တန်းစာမေးပွဲဖြေပြီးသွားတော့ အိမ်မှာနေရင်း အမေ့ကို အိမ်အလုပ်တွေဝိုင်းကူပေးဖြစ်သည်။
အစ်ကိုနဲ့ကတော့ မတွေ့ဖြစ်။မတွေ့ဖြစ်ဆိုတာထက် သူကရှောင်နေခဲ့တာဆိုရင်ပိုမှန်မည်။အစ်ကို့ကို တော်တော်လေးကြောက်သွားခဲ့သလို တော်တော်လေးကိုလည်းမုန်းမိသွားသည်။အခုချိန်သူ့ခေါင်းထဲမှာရှိတာက အောင်စာရင်းထွက်ပြီးရင် အိမ်ကထွက်သွားနိုင်ဖို့ပင်ဖြစ်သည်။

"သားအမိနှစ်ယောက်က မီးဖိုချောင်ထဲရောက်နေတာကိုး"

စကားသံနဲ့အတူ လေးလေးဝင်လာတော့ မေမေရောသူရော ပြုံးပြနှုတ်ဆက်လိုက်ကာ မေမေက

"ဟုတ်တယ် နေ့လည်စာတစ်ခါထဲစားသွားလေ"

"မစားတော့ပါဘူး အစ်ကိုကြီး ပြန်မလာဘူးလား"

"အင်း ဆိုင်မှာအလုပ်ရှုပ်နေလို့တဲ့ အဲ့ဒါ နေ့လည်စာသွားပို့ဖို့ပြင်နေတာ"

"ဪ ကျွန်တော် ဖိုးချမ်းကို လက်ဆောင်ပေးစရာရှိလို့ဝင်လာတာ"

"ဗျာ"

"အစကတော့ အောင်စာရင်းထွက်မှပေးမလို့ပဲ အဲ့ကျတအားနောက်ကျနေမှာစိုးလို့ ရော့..... ကြိုက်မယ်ထင်တယ်"

လေးလေးကမ်းပေးတဲ့ ဘူးကိုယူကာဖွင့်ကြည့်လိုက်တော့ ပစ္စည်းအစုံအလင်နဲ့အတူဖုန်းအမည်းလေးတစ်လုံး။အမေရော သူရော အံ့ဩကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိပြီး

"လေးလေး"

"အားနာစရာကြီးကွယ် ဒီလိုတန်ဖိုးကြီး လက်ဆောင်ဘာလို့ပေးရတာလဲ"

"ဖိုးချမ်း ကြိုက်တယ်မလား ဆယ်တန်းလည်း ပြီးပြီဆိုတော့ ဖုန်းကိုအေးဆေးသုံးလို့ရပြီလေ ကျွန်တော် အစ်ကိုကြီးကိုလည်း ပြောပြီးသားပါ ကြိုက်သလိုသာသုံး"

ဖုန်းကိုလှည့်ပတ်ကြည့်ကာ သူသဘောကျနေမိသည်။ခေတ်မမှီဘူးပဲပြောပြော ဘာပဲပြောပြော အခုဖုန်းက ဘာဖုန်းမှန်းလဲသူမသိ။အမှန်တိုင်းပြောရရင် ဖုန်းတစ်လုံးကို ခုမှသေချာကိုင်ဖူးတာ။ပန်းသီးလေးပဲ့နေတဲ့ ဖုန်းတံဆိပ်ကိုမြင်လိုက်ရချိန်မှာတော့ သူမျက်မှောင်ကြုံ့မိသည်။ဒီလိုတစ်ပုံစံထဲဖုန်းအဖြူလေး အစ်ကိုကိုင်နေတာမြင်ဖူးသည်။အဲ့ဒါဆို သူ့ဖုန်းနဲ့ အစ်ကို့ဖုန်းက ဆင်တူပေါ့။ဖုန်းမှာတပ်ထားတဲ့ ကာဗာအကြည်လေးရဲ့ ထောင့်မှာ C.M.O ဆိုတဲ့ စာလုံးလေးပါကပ်ထားသေးသည်။

"အဲ့ဒါ iphone X  သုံးပုံသုံးနည်းတွေ လေးလေးတစ်ခါထဲပြပေးသွားမယ် နောက်မှ သိချင်တာရှိရင်တော့ သိင်္ဂါကိုထပ်မေးပေါ့ ဒီလိုဖုန်းက သူကိုင်နေကျပဲ"

"ဟုတ်"

~~~~~~~~~~~

သူတို့ first sem စာမေးပွဲစပြီမို့ စာအသည်းအသန်လုပ်နေရသည်။ကျောင်းဖွင့်တဲ့ ကာလပတ်လုံး အတန်းလစ်လိုက် ဘောလုံးကန်လိုက်နဲ့ ပျော်လို့ကောင်းနေတာ စာမေးပွဲနီးတော့မှကြည့်ရမယ့်စာတွေလိုက်စုပြီး စာသေချာကြည့်ရသည်။ဆယ်တန်းတောင် ဂုဏ်ထူးတွေနဲ့အောင်လာပြီး တက္ကသိုလ်ရောက်မှ ကျနေရင် လူကြားလို့မှမကောင်း။

"အောင်မယ် ငါ့ကို ဒုက္ခပေးပြီး သူက အေးရာအေးကြောင်း စာလုပ်နေတာ"

လေးလေး သူ့ကိုပြောဆိုရင်း ဘေးနားလာထိုင်တော့ စာအုပ်ကနေ အကြည့်ရွေ့ကာ လေးလေးကို ရယ်ပြလိုက်ပြီး

"အဆင်ပြေလား လေးလေး"

"အေး ပြေတယ် ဖိုးချမ်းသဘောကျတယ်"

"ကျေးဇူးပါပဲ လေးလေး"

"မင်းဝယ်ပေးတာကို ဘာကိစ္စ မင်းကိုယ်တိုင်မပေးရတာလဲ"

"ကျွန်တော် ဝယ်ပေးတာဆို သူသုံးမှာမဟုတ်ဘူး "

"မင်းတို့ ရန်ဖြစ်ထားတာလား ငါ့ပြောတော့ မင်းပဲအဆင်ပြေအောင်နေတော့မယ်ဆို "

"ဟဲဟဲ ဒီလိုပဲ ပြသာနာနည်းနည်းဖြစ်သွားလို့"

"မုန့်ဖိုးရောရှိသေးရဲ့လား"

"ဟုတ် ရှိသေးတယ်"

"ပြီးတာပဲ ဘောလုံးပွဲတွေထပ်လောင်းမနေနဲ့တော့ လိုရင် ငါ့ဆီကတောင်း အခုတော့ အချိန်မရတော့ဘူး ငါဆိုင်မှာ အလုပ်ရှိသေးလို့ သွားပြီ"

"ဟုတ်"

လေးလေးထွက်သွားတော့မှပဲ ဖိုးချမ်းကို မမြင်ရပေမယ့် ပြတင်းပေါက်ကနေ အိမ်ဘက်ကို လှမ်းကြည့်မိသည်။အရိပ်အယောင်တောင် မမြင်ရပေမယ့်လို့ ဖိုးချမ်းအိမ်မှာရှိတယ်ဆိုတဲ့အသိက နည်းနည်းတော့ စိတ်သက်သာရာရစေသည်။

ဖိုးချမ်းက သူ့ကိုလုံးဝရှောင်နေခဲ့တာမှ ဆုံရင်တောင် စကားလုံးဝမပြော။အပြင်တွေဘာတွေခေါ်ရင်လည်း ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ငြင်းတာများသည်။ကျောင်းမသွားရဘူး ဘာညာနဲ့ အကြပ်ကိုင်မှ အသာတကြည်လိုက်လာတတ်သည်။ဆယ်တန်းစာမေးပွဲစတော့မှ လွှတ်ပေးထားလိုက်သည်။ ဖိုးချမ်းစာမေးပွဲပြီးတာနဲ့ သူတို့စာမေးပွဲကစတာမို့ ဖိုးချမ်းနဲ့ ဒီကြားထဲမဆုံဖြစ်တော့။

အဖေက ကျောင်းတက်နေတုန်းမို့ ဖိုးချမ်းကို ဖုန်းပေးမသုံးသေးတာသိသည်။အဲ့ဒါကြောင့် စာမေးပွဲပြီးရင် ဖိုးချမ်းကို ဖုန်းလက်ဆောင်ပေးဖို့ စိတ်ကူးရကာ ဖုန်းဝယ်ဖို့ ပိုက်ဆံအသည်းအသန်ရှာရသည်။တစ်လစာမုန့်ဖိုးနဲ့လဲ မလောက်တာကြောင့် ပိုက်ဆံမြန်မြန်နဲ့များများရမယ့် နည်းလမ်းရှာတော့ မှူးဆက်က လောင်းကစားနဲ့ အကျိုးပေးတာ သူကောင်းကောင်းသိသည်။အဲ့ဒါနဲ့ပဲ မှူးဆက်ကို ဘောလုံးပွဲလောင်းခိုင်းပြီး ဖုန်းဝယ်ဖို့ပိုက်ဆံရှာရသည်။ကောင်းတဲ့ နည်းလမ်းနဲ့ ရတဲ့ ပိုက်ဆံတော့မဟုတ်ပေမယ့် သူ့စေတနာသန့်သန့်မို့ သူကျေနပ်သည်။

~~~~~

ရှည်ကြာလွန်းတယ်လို့ ထင်ရတဲ့ စာမေးပွဲရက်တွေကို ကျော်ဖြတ်ခဲ့အပြီးမှာတော့ နောက်ဆုံးနေ့ကိုရောက်လာခဲ့ပြီ။စာမေးပွဲနောက်ဆုံးနေ့က မှူးဆက်အတွက်အရေးကြီးတဲ့နေ့ဖြစ်နေတာမို့ သူ့ထက်အရင်ကို မှူးဆက်က စာမေးပွဲခန်းထဲကထွက်သည်။သူတို့ရဲ့ သူငယ်ချင်းအသစ်လေး ညဦးယံကို မှူးဆက် ဆုံးဖြတ်ချက်တွေခက်ခက်ခဲခဲချပြီးမှ ချစ်နေပါတယ်ဆိုတာကို သူ့ကိုယ်သူလက်ခံသွားခဲ့တာ။ဒီနေ့က ညဦးယံ မှူးဆက်ကို အဖြေပေးမယ့်နေ့မို့ မှူးဆက် စိတ်လှုပ်ရှားပြီး တက်ကြွနေတာ ဆန်းတော့မဆန်း။

စာမေးပွဲခန်းထဲကနေ သူတို့အကုန်ထွက်လာတော့ မှူးဆက်က ညဆိုင်မှာ ဆုံဖို့ပြောပြီး ထွက်သွားခဲ့ပြီ။

"ကဲ တစ်ကောင်တော့လစ်ပြီ ငါတို့ရော ဘယ်သွားကြမလဲ"

"ဘယ်မှမသွားဘူး အိမ်ပြန်အိပ်မယ် ညမှဆုံမယ်"

အိပ်ရေးတွေပျက်ထားတာကြောင့် ဘယ်မှသွားချင်စိတ်ကိုမရှိ။ကျောင်းကနေ အိမ်ပြန်ရောက်လာတော့ ဖိုးချမ်းက ခြံထဲမှာ တံမြက်စည်းလှဲနေတာနဲ့ဆုံသည်။သူ့ကိုမြင်တော့ ကြည့်ရုံသာ ကြည့်ကာ သူအလုပ်သူပဲ ဆက်လုပ်နေတာမို့ စိတ်ထဲနည်းနည်းတော့ခုသွားသည်။

ဒီကောင်လေး သူ့ကိုယ်ဘယ်လောက်လစ်လျူရှုထားနိုင်မှာမို့လို့လဲ။

"ဖိုးချမ်း"

နာမည်ခေါ်လိုက်ရင် အရင်က ဗျာဆိုပြီး ပြန်ထူးနေကျကောင်လေးက အခုကတော့ ကြည့်ရုံသာကြည့်လာသည်။

"ညအပြင်သွားဖို့ရှိတယ် ငါနဲ့လိုက်ခဲ့ရမယ် ကောင်းကောင်းပြင်ထား"

"ကျွန်တော်...."

"မအားဘူးပြောအုံးမလို့လား ဘာမအားစရာရှိတာလဲ ငါတစ်ခွန်းပဲပြောမယ်နော် "

"ဟုတ်"

သူခပ်မာမာပြောလိုက်ရင်တော့ ဖိုးချမ်းက ချက်ချင်းစကားနားထောင်သည်။လေသံမာမာနဲ့ ပြောချင်လွန်းလို့တော့မဟုတ် အဲ့လိုမှမပြောရင်လည်း ဖိုးချမ်းက သူ့စကားနားမထောင်တာကြောင့် အဲ့လိုပုံစံနဲ့ပဲပြောနေရသည်။ညခင်းချိန်းထားတဲ့ဆိုင်ခေါ်လာတော့လည်း လူလား အရုပ်လားတောင် မသဲကွဲ တုတ်တုတ်မလှုပ်ထိုင်နေကာ စကားလဲတစ်ခွန်းမှမပြော။

"မနက်ဖြန် ၁၃ မိုင်သွားကြမလား"

ရဲသွေးစကားစလိုက်မှ တိတ်ဆိတ်နေတဲ့ဝိုင်းက အသက်ဝင်လာကာ

"လူများမှာဟ မနက်ဖြန် တစ်ကျောင်းလုံးနီးပါး ၁၃ မိုင်ရောက်နေလိမ့်မယ်"

"ဟုတ်တယ် နော်ဘူဘော သွားမလား"

နော်ဘူဘောသွားဖို့စကားစတော့ အကုန်စိတ်ဝင်တစားဖြစ်လာသည်။မှူးဆက်နဲ့ယံယံကတော့ လိုက်လို့မရတာမို့ စကားဝိုင်းထဲဝင်မပါ။

"ဖိုးချမ်းရော နော်ဘူဘောရောက်ဖူးလား"

ဘုန်းပြည့်မေးတော့ ဖိုးချမ်းက ငိုင်နေရာက ပြန်တော့ဖြေသည်။

"ဗျာ....မရောက်ဖူးသေးဘူး"

"အတော်ပဲ အဲ့ဒါဆို ငါတို့နော်ဘူဘောပဲသွားမယ် စောစောလေးသွားတာပေါ့ အပြန်အချိန်ရရင် ပသိဆည်ဝင်လို့ရတယ်"

အဲ့လိုနဲ့ပဲ မနက်ဖြန် နော်ဘူဘောသွားဖို့ အစီစဉ်ဆွဲလိုက်ကာ မှူးဆက်နဲ့ယံယံကလွဲလို့ အကုန်သွားဖြစ်ကြသည်။နော်ဘူဘောကို အတွဲတွေသွားရင် ပြတ်တတ်တယ်ဆိုပြီး ရာဇဝင်ရှိတာမို့ မှူးဆက်နဲ့ယံယံကမလိုက်။ဆိုင်ကယ်နဲ့သွားရင် အန္တရာယ်များတယ်ဆိုကာ ကားစီစဉ်ဖို့ကိစ္စက သူ့ခေါင်းပေါ်ရောက်လာသည်။အိမ်ပြန်ရောက်တာနဲ့ လေးလေးကို အကူအညီတောင်းကာ ကားနဲ့ မောင်းပေးမယ့်လူရှာခိုင်းရသည်။

မနက်သူ့အိမ်မှာပဲ လူစုကြကာ တောင်ငူနဲ့၂၇မိုင်လောက်ဝေးတဲ့ နော်ဘူဘောကို ခရီးထွက်ခဲ့ကြသည်။အစကတော့ ပျော်ပျော်ပါးပါး ဆူဆူညံညံနဲ့ ထွက်လာခဲ့ကြပေမယ့် ကားစီးရတာကြာလာတော့ အိပ်ငိုက်တဲ့သူကငိုက်နဲ့ စွမ်းလေးက ရဲသွေးပေါင်ကိုခေါင်းအုံးပြီး တစ်လမ်းလုံးပါလာတော့သည်။ဘုန်းပြည့်ကတော့ သော်သော်နဲ့ ရှားရှားနဲ့အတူ စကားကောင်းနေဆဲဖြစ်ကာ သူနဲ့ ဖိုချမ်းကတော့ စကားမပြောတတ်တဲ့လူတွေအလား တိတ်ဆိတ်လို့ပါလာသည်။ဒီအခြေအနေကို ဘယ်လိုပြောင်းလဲရင် ကောင်းမလဲစဉ်းစားနေရင်း အကြံတစ်ခုပေါ်လာကာ သူ့ဘေးမှာထိုင်နေတဲ့ ဖိုးချမ်းပုခုံးပေါ်လှမ်းမှီလိုက်တော့ လှုပ်လှုပ်ရှားရှာဖြစ်သွားတာ သတိထားမိသည်။

"ခေါင်းမူးလို့ မင်းပုခုံးခဏငှား"

ဖိုးချမ်းပုခုံးက သူအိပ်နေကျ ခေါင်းအုံးထက်တောင် မှီလို့ကောင်းနေသေးသည်။ဒီကောင်လေးရဲ့ ဝင်သက်ထွက်သက်ကိုလဲ သူခံစားလို့ရသလို ခေါင်းလျှော်ရည်နံသင်းသင်းကလည်း သူ့ကိုဆွဲဆောင်နေပြန်သည်။စိတ်ထဲရှိတဲ့အတိုင်းသာဆို ဖိုးချမ်းလည်ပင်းကို သူနမ်းပစ်ချင်သည်။အဲ့လိုသာလုပ်လိုက်ရင် ဒီကလေးကားပေါ်က ခုန်ချမသွားဘူးလို့မပြောနိုင်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိသည်။

နော်ဘူဘောတောင်က ဆုတောင်းပြည့်ပြီး ရှုခင်းလှတဲ့နေရာမှာလည်း နာမည်ကြီးသည်။တောင်ခြေကနေ တောင်ထိပ်ထိ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိသည်။အစွဲအလမ်းတွေ ဒဏ္ဍာရီပုံပြင်နဲ့ အယူအဆတွေကြောင့် ဆူဆူညံညံမလုပ်ပဲ တောင်ပေါ်ကို အေးအေးဆေးဆေးတက်လာခဲ့ကြသည်။လှေကားထစ်တွေအများကြီးတက်ရတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် ဖိုးချမ်းကတော့ အေးရာအေးကြောင်းပဲ မောတဲ့ပုံတောင် မပြ စိတ်ဝင်တစားဟိုကြည့်ဒီကြည့်နဲ့တက်နေသည်။သူကတော့ ဆက်မတက်နိုင်တော့တာကြောင့် ရောက်ရာလှေကားထစ်ပေါ်မှာပဲထိုင်ချလိုက်တော့သည်။

"ငါလဲနားတော့မယ် မောလာပြီ"

စွမ်းလေးကလဲ သူ့ဘေးလာထိုင်ကာရေအလုအယက်သောက်နေသည်။

"အခုမှတစ်ဝက်တောင်မရောက်သေးဘူး လာ အပေါ်ရောက်ရင် အေးဆေးနားလို့ရတယ်"

"နေပါအုံးမောလို့ပါဟ ရဲသွေးရ"

"ဟိုမှာ ဘုန်းပြည့်တောင် အပေါ်ရောက်နေပြီ"

"သူကတော့ ဖွန်ကြောင်နေရတာလေ မောလို့မောမှန်းတောင် သိမှာမဟုတ်ဘူး"

"ကဲ လာပါ ငါတွဲမယ် ဖြည်းဖြည်းပဲတက်"

ရဲသွေးက စွမ်းလေးကိုပဲ တွဲပြီးခေါ်တာမို့ သူဘာစကားမှမပြောပဲထိုင်နေရာက

"ဪ ငါ့ကျ တွဲမခေါ်ဘူးလား ငါ့ကိုမမြင်ဘူးလား"

"ငါနှစ်ယောက်မနိုင်ဘူး ကိုယ့်ဘာသာအေးအေးဆေးဆေးတက်လိုက်လာခဲ့"

"ဪ အေးအေး တရားကျဖို့ကောင်းလိုက်တာ သွားသွား"

စွမ်းလေးနဲ့ရဲသွေးထွက်သွားတာနဲ့ သူတစ်ယောက်ထဲကျန်နေခဲ့တော့သည်။ဖိုးချမ်းကိုဖြင့် အရိပ်အယောင်တောင် မမြင်ရတော့။ရှုခင်းတွေကို တစ်ချက်ဝှေ့ကြည့်ရင်း မျက်လုံးတွေမှိတ်ကာ လတ်ဆတ်တဲ့ လေကိုခံစားနေလိုက်တော့ အမောပြေလာသည်။နားထဲခြေသံလိုလို ဘေးနားတစ်‌ယောက်ယောက်ရောက်နေသလိုခံစားချက်ကြောင့် မျက်လုံးတွေဖွင့်ကြည့်တော့ ဖိုးချမ်းက ရှေ့တည့်တည့်မှာရပ်နေသည်။

သူပြန်ဆင်းလာတာလား။

သူငေးကြည့်မိနေတုန်းမှာပဲ ဖိုးချမ်းလက်တစ်ဖက်က သူ့မျက်စိရှေ့ရောက်လာကာ

"သွားမယ်လေ ကျွန်တော်တို့နောက်ကျနေပြီ"

ကမ်းပေးတဲ့လက်တစ်ဖက်ရယ် သူ့ကိုကြည်ကြည်လင်လင်လေးစကားပြောနေတဲ့ဖိုးချမ်းကြောင့် အချိန်တွေ ဒီနားတင်ရပ်တန့်သွားသလို။ ဒီလက်ကိုဆုပ်ကိုင်မိရင် ပြန်လွှတ်ချင်မှာမဟုတ်တော့တာသေချာသည်။

ငယ်ငယ်လေးကတည်းက အရွယ်နဲ့မလိုက်အောင်အလုပ်အစုံလုပ်ပြီးဖြတ်သန်းခဲ့ရတဲ့ဘဝကြောင့် သူ့လက်က နူးညံ့နေမှာမဟုတ်။ဒါပေမဲ့ သူ့လက်ကိုဆုပ်ကိုင်လိုက်တဲ့ အစ်ကို့လက်တွေကတော့ နူးညံ့နေတာ ဝါဂွမ်းစလေးတစ်ခုလို။သူတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိရင် သွေးခြေဥသွားမှာတောင် စိုးရသည်။

"ဖိုးချမ်း..."

သူဆွဲခေါ်ရာနောက်ကို အသာလေးပါလာတဲ့ အစ်ကိုက လှေကားထစ်တော်တော်များများတက်ပြီးနောက်မှာတော့ စကားစလာသည်။သူဘာမှပြန်မပြောပဲ တိတ်တိတ်ပဲနေလိုက်တော့ အစ်ကိုကစကားဆက်သည်။

"ငါ့ကို စိတ်ဆိုးနေတုန်းလား"

အစ်ကိုမေးတဲ့မေးခွန်းကို သူဘာပြန်ဖြေသင့်လဲ။အစ်ကို့ကို စိတ်ဆိုးနိုင်တဲ့အခွင့်အရေးရော သူ့မှာရှိလို့လား။

"ဖိုးချမ်း...."

သူအဖြေစဉ်းစားနေတုန်းမှာပဲ စိတ်မရှည်တဲ့အစ်ကိုက လေသံမာလာပြီ။သူ့ကိုပြောတဲ့စကားသံက အစ်ကို့လက်ရဲ့ တစ်ဝက်လောက်သာနူးညံ့နေမယ်ဆိုရင် ဒီနားတင် အစ်ကို့ကို ထိုင်ကန်တော့တယ် လို့သာ စိတ်ပေါက်ပေါက်နဲ့တွေးမိသည်။

"ကျွန်တော် စိတ်ဆိုးတာထက် အစ်ကို့ကို ကြောက်သွားတာ"

ကြောက်သွားတာတဲ့လား။စိတ်ဆိုးတယ်ဆိုရင်တောင်မှ ချော့လို့အဆင်ပြေအုံးမည်။သူ့ကို ကြောက်သွားတာကိုတော့ သူဘယ်လိုလုပ်ပေးရမှန်းမသိ။နောက်မဖြစ်စေရတော့ပါဘူးလို့ပြောရင်ကောင်းမလား ဒါလဲ ကိုယ့်ကိုကိုယ် အာမမခံနိုင်။အခုတောင် နောက်ကနေ ဖိုးချမ်းကို ဆွဲဖက်ချင်နေတာ။

"ငါ မင်းကို ချစ်တယ်"

"အစ်ကို့"

ဖိုးချမ်းခြေလှမ်းတွေရပ်သွားတော့ သူလဲလိုက်ရပ်မိကာ

"နောက်နေတာလဲ မဟုတ်ဘူး ကလေးကစားနေတာလဲ မဟုတ်ဘူး အခုကစပြီး ငါ့ကိုပြန်ချစ်ဖို့ စဉ်းစားထား ငါကလွဲပြီး တခြားသူကို ချစ်ဖို့ စိတ်ကူးထဲတောင်မထည့်နဲ့ အခုက ငါ့ကိုအေးအေးဆေးဆေးပြန်ချစ်ဖို့ အခွင့်အရေးပေးနေတာ"

"အစ်ကို့ကို ကြောက်တယ်လို့ပြောတာကရော နောက်နေတယ်ထင်လို့လား"

အေးစက်စက်စကားနဲ့အတူ ဖိုးချမ်းက သူ့လက်တွေကိုဖြုတ်ချကာ ရှေ့ကအရင်တက်သွားတော့သည်။

သူအမှားလုပ်မိပြန်ပြီလား။

"ဖိုးချမ်း.....ငါ့ကိုစောင့်အုံး....ငါမတက်နိုင်တော့ဘူးလို့"

သူဘယ်လောက်အော်အော် ဖိုးချမ်းက သူ့ကို လှည့်ကိုမကြည့်တော့။

"ရဲသွေး ငါ့ကို ဟိုနားမှာ ဓာတ်ပုံရိုက်ပေး"

လမ်းမှာတုန်းက အတွဲသမားဘဝကနေ တောင်ပေါ်ရောက်သွားချိန်မှာတော့ သူ့ဘဝက ဓာတ်ပုံဆရာဘဝပြောင်းလဲသွားပြီ။

"ရိုက်လို့ကိုမပြီးတော့ဘူး"

ပါးစပ်ကသာပွစိပွစိပြောနေပေမယ့် တကယ်တမ်းက စွမ်းလေးပြောသမျှ ဘာတစ်ခုမှမငြင်းနိုင်။ ချစ်လွန်းတော့လည်း မိုးပြိုမှာထက် မျက်နှာတစ်ချက်ပျက်သွားမှာကို သေမလောက်ကြောက်ရသည်။ဒီလိုပဲ သူ့အချစ်တွေက တစ်ဖတ်သတ်ရှင်သန်နေဦးမှာပဲ။အခုလိုမျိုးဘေးနားကနေ အကုန်ဖြည့်ဆည်းခွင့်ရှိနေတာကိုပဲ ကျေနပ်မိသည်။သူချစ်နေတာ စွမ်းလေးသိသွားရင် ဖြစ်လာမယ့် အကျိုးဆက်ကိုတွေးတောင်မတွေးရဲ။

သူ့အဖြစ်ကိုဘာတစ်ခုမှမသိပဲဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့သာ အာရုံရောက်နေတဲ့ စွမ်းလေးကတော့ camera ထဲမှာ အလှဆုံးပြုံးလို့။

အပြန်လမ်းမှာတော့ ကိုယ်စီကိုယ်စီ ကိုယ့်အတွေးတွေနဲ့ကိုယ်ငေးငိုင်ပြီး ပါလာကြသည်။

"နင်တို့ ဘာဆုတောင်းခဲ့လဲ ငါတော့ စာမေးပွဲအောင်ဖို့တောင်းခဲ့တယ်"

ရှားရှားရဲ့စကားကြောင့် သူတို့အကုန်ပြုံးမိပေမဲ့ သော်သော်ကတော့ မျက်နှာမဲ့သွားပြီး

"မိရှားရယ် နင့်ဘဝအတွက်တောင်းပါလား စာမေးပွဲက ဘဝမို့လို့လား"

"ဟဲ့ ဘဝအတွက်ကနောက်မှစဉ်းစားမယ် လောလောဆယ် စာမေးပွဲကျရင် ရှက်စရာကြီး နင်ကရော ဘဝအတွက်ဆိုပြီး အဆင်လေးတွေနဲ့တွေ့ဖို့ပဲဆုတောင်းခဲ့တာမလား ဟွန့်"

"ဟဲ့ အဲ့ဒါကမတောင်းလဲပြည့်တယ် အခုပဲကြည့် ကားပေါ်မှာငါးယောက်တောင်ပါတယ်"

သော်သော့်စကားကြောင့်သူတို့ဝိုင်းရယ်မိကြသည်။ဖိုးချမ်းဘာဆုတောင်းခဲ့လဲသူမသိနိုင်ပေမယ့် သူတောင်းခဲ့တဲ့ဆုကတော့ ဖိုးချမ်းသူ့ကို တစ်နေ့နေ့မှာပြန်ချစ်လာဖို့ ဖြစ်သည်။ရူးကြောင်ကြောင်ဆုတောင်းတစ်ခုဖြစ်နေမလားမပြောတတ်ပေမယ့် သူ့အတွက်ထိုအရာက အရေးကြီးဆုံးမို့ ဒီဆုကိုသာ ထပ်ခါတလဲလဲတောင်းခဲ့မိသည်။

ငါ ဒီဆုတောင်း တကယ်ပြည့်ချင်တယ် ဖိုးချမ်း။

စိတ်ထဲကအတွေးနဲ့အတူ ဖိုးချမ်းကို ငေးမိတော့ ဖိုးချမ်းက ကားအပြင်ဘက်ကိုသာ ငေးကြည့်နေသည်။အခုရော ဘာတွေတွေးနေပြန်တာလဲ သူမသိနိုင်ပါလား။

အပြန်လမ်းက အသွားတုန်းကထက် ပိုပြီးတိတ်ဆိတ်နေသည်။ဆုတောင်းပြည့်တယ်ဆိုတဲ့ရာဇဝင်ကြောင့် သူအများကြီးဆုတောင်းခဲ့သည်။သူ့ရဲကျေးဇူးရှင် အစ်ကို့အဖေရဲ့ အလုပ်အကိုင်တွေအတွက်ရော အမေ့အတွက်ရော အများကြီးဆုတောင်းခဲ့သည်။ သူ့ကိုယ်သူအတွက်ကတော့ အစစအရာရာအဆင်ပြေဖို့ရယ် အဓိကဆုတောင်းခဲ့တာကတော့ အစ်ကို့နားကထွက်သွားနိုင်ဖို့။

"ရဲသွေး မင်းဘာဆုတောင်းခဲ့လဲ"

"ငါက ဘာလို့ပြောပြရမှာလဲ"

"ဘာဆုတောင်းခဲ့လဲဆိုတာ ငါလဲပြောပြမယ်လေ"

"မလိုဘူး မင်းမပြောလဲငါသိတယ်"

"ဘာလဲ ပြောကြည့်စမ်းပါအုံး"

"ရည်စားချောချောလေးရဖို့မလား"

"ဟား....ဟား....တော်လိုက်တာ အကြားအမြင်များရနေတာလား"

"တော်စမ်းပါ"

"ပြောပြလို့ မင်းဘာဆုတောင်းခဲ့လဲ"

"ဘာမှမတောင်းခဲ့ဘူး မင်းကိုလဲမပြောပြနိုင်ဘူး"

"ရဲသွေးနိုင်"

"နားငြီးတယ် ပါးစပ်ပိတ်ထား"

"ခွေးကောင်"

တကယ်တော့ သူတောင်းခဲ့တဲ့ဆုက စွမ်းလေးဘေးနားအခုလိုလေးအမြဲနေသွားနိုင်ဖို့တစ်ခုထဲ...ကျန်တာ သူလောဘမတက်ရဲပါဘူး။

သိင်္ဂါကို လှမ်းကြည့်လိုက်တော့ ခပ်ထွေထွေနဲ့ အပြင်ကိုပဲငေးနေသည်။

ကျွန်တော်တို့ ချစ်ကြပုံခြင်းမတူပေမယ့် အချစ်အတွက် ခံစားရတာချင်းတော့ တူနေပါရဲ့။

စိတ်ရှိသလိုပေါက်ကွဲထွက်တတ်တဲ့အချစ်ရယ်။
တစ်ဖတ်သတ်မြိုသိပ်ထားမိတဲ့ အချစ်ရယ်။

TBC.....

ဒီအပိုင်း ဖတ်ရတာ ပျင်းစရာများကောင်းသွားလားရှင်😟

Продовжити читання

Вам також сподобається

263K 8.2K 69
ကိုယ်​သာ​နေကြာပန်းဆိုရင်​ မင်းက ​နေမင်း ညီ... ​နေကြာပန်းဆိုတာ ​နေမင်းကြီးရှိရာအရပ်​ကိုသာ မျက်နှာမူတယ်​.... ကိုယ်​လည်း.........
Waking Love UP Від Arr_Sheng

Підліткова література

2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
804K 57.3K 63
ကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်‌‌ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူ...
Від Sane_Lai_Wai

Романтика

156K 5.8K 81
Zawgyi မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Unicode မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Cover photo from pinterest 》Notebook《 Starting date - 21.12.2018...