သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း

1.4K 311 8
By MayKingMK119

Chapter (37) – သရဲအိမ္ကို တိုးခ်ဲ႕ျခင္း

အစ္ကိုဖန္းက ပိုေၾကာက္လာခဲ့သည္။ အခန္းလယ္မွာရပ္ေနသည့္ Chen Ge ပံုစံက သရဲအိမ္ကို ေျခာက္ျခားစရာပိုျဖစ္ေအာင္ လူေတြရဲ့ေျခလက္ကို ျဖတ္ေတာက္ၿပီး သတ္ျဖတ္မည့္ပံုေပါက္ေနသျဖင့္ သူ႔အသက္အတြက္ စိုးရိမ္လာခဲ့သည္။

“ခင္ဗ်ားက အတည္ႀကီးေတြးေနတာလား.. ကၽြန္ေတာ္က ေနာက္ေနတာပါ..”

Chen Ge စိတ္ပ်က္သြားသည္။ အစ္ကိုဖန္းက ထူးျခားတာေၾကာင့္ သူက ေသြးတိုးစမ္းၿပီး ေမးၾကည့္တာျဖစ္သည္။ အစ္ကိုဖန္းက အ႐ုပ္ကိုတြန္းပစ္ၿပီး မွန္ကိုခြဲပစ္ကာ မေကာင္းဆိုးဝါးထိန္းခ်ဳပ္မႈက လြတ္ေအာင္လုပ္ခဲ့တာေၾကာင့္ သာမာန္လူေတြထက္ ပိုသန္မာတယ္ဆိုတာ သိသည္။ သူက ဒီလူငယ္ကို ေလးစားၿပီး ခင္မင္ခ်င္သည္။ ဒီလူငယ္နဲ႔ ခင္မင္သြားၿပီးရင္ မွန္ထဲကမေကာင္းဆိုးဝါးကို ရင္ဆုိင္ရာမွာ အေထာက္အကူရႏုိင္မလားလို႔ ေတြးမိေပမယ့္ အစ္ကိုဖန္းက သူ႔ေမးခြန္းကို နားမလည္ခဲ့ေပ။ အခုေတာ့ သူ႔ဘာသာပဲ အားကိုးၿပီး ျပႆနာရွင္းရေတာ့မည္ဟု ေတြးကာ အစ္ကိုဖန္းကိုေခၚၿပီး ေအာက္ကိုဆင္းလာခဲ့သည္။ သန္းေခါင္ယံည လူသတ္သမားအထပ္ကိုလည္း ေသာ့ခတ္လိုက္သည္။ ေအာက္ေရာက္ေတာ့ ဖုန္းအနက္က တုန္လာၿပီး message ဝင္လာသျဖင့္ Chen Ge လန္႔သြားၿပီး သတင္းဆိုးလားဆိုၿပီး ထုတ္ၾကည့္လိုက္သည္။

>>သရဲအိမ္ဧည့္သည္ အေရအတြက္ 100 ေက်ာ္သြားပါၿပီ။ သရဲအိမ္ရဲ့ဂုဏ္သတင္းက 60% တိုးလာလို႔ သရဲအိမ္ကို တိုးခ်ဲ႕လို႔ရသျဖင့္ ဂုဏ္ယူပါတယ္။<<

>>သတိေပးခ်က္ - သရဲအိမ္တစ္ႀကိမ္တိုးခ်ဲ႕လွ်င္ ထူးဆန္းေသာဆုတစ္ခု ရမည္။ (၃ႀကိမ္တိုးခ်ဲ႕ၿပီးလွ်င္ ေၾကာက္မက္ဖြယ္ဝကၤပါအထိ အဆင့္ျမႇင့္ႏိုင္မည္။)<<

ငါ ဒါကို မၾကာခင္ သံုးလို႔ရမလား။ တိုးခ်ဲ႕တယ္ဆိုတာ ေကာင္းေပမယ့္ ေလာေလာဆယ္ မွန္ထဲကေကာင္ကိုဖယ္ဖို႔က ပိုအေရးႀကီးေနသည္။

သရဲအိမ္ထဲကထြက္လာၿပီးေနာက္ ေဆးေက်ာင္းသားတစ္စုသည္ ညေနခင္းေနျခည္ေအာက္ သရဲအိမ္ေရွ႕ ေျမကြက္လပ္မွာ ယိုင္နဲ႔စြာထိုင္ေနၾကသည္။ တခ်ိဳ႕က ေခါင္းကို လက္နဲ႔ကိုင္ထားၿပီး တခ်ိဳ႕က ဒူးႏွစ္ဖက္ကို ပိုက္ထားၾကသည္။ တခ်ိဳ႕က မ်က္ရည္က်လ်က္ တခ်ိဳ႕က ရည္ရြယ္ခ်က္မဲ့ ေကာင္းကင္ႀကီးကို ေမွ်ာ္ၾကည့္ေနသည္။ အားလံုး၏မ်က္ႏွာထက္တြင္ သူတို႔အသက္ရွင္ေနေသးတာကို ယံုရခက္ေနသလိုပင္။

ဒီျမင္ကြင္းကိုၾကည့္ၿပီး Chen Ge က သူၾကံဳဖူးသလို ခံစားလိုက္ရသည္။ ဒီေဆးေက်ာင္းသားတစ္စုက သရဲအိမ္ထဲ မိနစ္ ၄၀ သာၾကာခဲ့ေပမယ့္ သူတို႔ရဲ႕အမူအယာက လံုးဝ တက္ႂကြလန္းဆန္းေနရာကေန ၿပိဳလဲလုနီးပါး ေျပာင္းလဲသြားၾကသည္။

ပတ္ဝန္းက်င္ကလူေတြက သူတို႔ကို တီးတိုးေျပာၿပီး လက္ညႇိဳးထိုးေနၾကေပမယ့္ Chen Ge က မမႈေပ။ စိတ္လႈပ္ရွားစရာမရွိရင္ သရဲအိမ္လို႔ ဘယ္ေခၚလို႔ရမလဲ..။

သူက အစ္ကိုဖန္းကို ေျမျပင္ေပၚခ်ေပးၿပီးေနာက္ သူတို႔အုပ္စု လူစံုသြားေလၿပီ။

“ေရွာင္ခ်န္း.. ဒီကိုလာဦး..”

လူအုပ္ႀကီးေၾကာင့္ မန္ေနဂ်ာ အန္ကယ္ Xu ေရာက္လာကာ Chen Ge ကိုလာေခၚသည္။

“မင္းဘာသာ ရွင္းျပေတာ့.. ပထမက ဧည့္သည္ကို သတိလစ္ေအာင္ ေျခာက္လိုက္တယ္.. ေနာက္ထပ္ ခုနစ္ေယာက္အုပ္စုကို မင္းတစ္ေယာက္တည္းက ဒိုင္ခံေျခာက္လိုက္တယ္.. ဒီပန္းျခံရဲ႕ ေခါင္းႀကီးပိုင္းသတင္းမွာ ပါေအာင္ ႀကိဳးစားေနတာလား..”

Chen Ge က ေခ်ာင္းဟန္႔ကာ ရွင္းျပလိုက္သည္။

“သူတို႔က အေတြ႕အၾကံဳခံစားခ်င္လို႔ သရဲအိမ္လာခဲ့တာ ကြ်န္ေတာ္က အေကာင္းဆံုးဝန္ေဆာင္မႈေပးၿပီး ေျခာက္လွန္႔ေပးရံုပါပဲ.. ကြ်န္ေတာ္ ဘာမွားသြားလို႔လဲ.. ဒါ့အျပင္ ကြ်န္ေတာ္ သူတို႔ကို ထိေတာင္မထိခဲ့ပါဘူး.. မယံုရင္ CCTV ကို ၾကည့္လို႔ရပါတယ္.. သရဲအိမ္ရဲ႕ လိုက္နာရမယ့္စည္းကမ္းထဲကပဲ လုပ္ေနတာပါ..”

“ငတံုးပံုစံ လုပ္ျပမေနနဲ႔.. ဟိုေကာင္မေလးရဲ႕ ေခါင္းေနာက္ဘုႀကီးက ဘယ္လိုျဖစ္လာတာလဲဆိုတာ ရွင္းျပစမ္းပါဦး..”

အန္ကယ္ Xu က ေရွာင္ေဟြ႕ရဲ႕ေနာက္ဘက္ကေန လက္ညႇိဳးထိုးၿပီး သူမလန္႔သြားမွာစိုးလို႔ တီးတိုးေျပာလိုက္သည္။

“အန္ကယ္ Xu.. ကြ်န္ေတာ္က်ိန္ေျပာရဲပါတယ္.. ဒီကိစၥ ကြ်န္ေတာ့္ပေယာဂ မပါပါဘူး.. ကြ်န္ေတာ္က ေရွ႕ကေျပးေတာ့ ေကာင္မေလးက ကြ်န္ေတာ့္ရွပ္အက်ႌစကိုဆြဲၿပီး ေနာက္ကေျပးလိုက္လာတာ.. ကြ်န္ေတာ္ ဗီဒိုထဲဝင္ပုန္းေတာ့ သူလည္းလိုက္ခဲ့တယ္.. ဗီဒိုထဲေရာက္ေတာ့ သူက ဖုန္းကမီးနဲ႔ ကြ်န္ေတာ့္ကိုထိုးၾကည့္လိုက္ၿပီး ကြ်န္ေတာ္လည္း မ်က္လံုးျပာသြားလို႔ ဘာမွမျမင္ႏိုင္တဲ့အခ်ိန္ သူမက ဗီဒိုအေနာက္ဘက္နံရံနဲ႔ ေဆာင့္မိၿပီး လဲက်သြားခဲ့တယ္.. ၾကည့္.. ကြ်န္ေတာ္လည္း မတရားခံရတဲ့သူပါ..”

Chen Ge ကအမွန္တရားကို ပါးပါးေလးေျပာင္းၿပီး ေျပာျပလိုက္သည္။

“မင္းလည္း နစ္နာသူလို႔ ေျပာခ်င္တာေပါ့ေလ..”

“မဟုတ္လို႔လားဗ်ာ..”

“ဟာသေျပာတာေတြ ရပ္ေတာ့.. ေနာင္ အလုပ္ကို ေသခ်ာဂရုစိုက္လုပ္.. ဒီလိုထပ္မျဖစ္ေစနဲ႔.. တကယ္လို႔ မေတာ္တဆမႈ တစ္ခုခုျဖစ္ရင္ မင္းရဲ႕ သရဲအိမ္လုပ္ငန္းရဲ႕ အနာဂတ္ေပၚ အမ်ားႀကီးသက္ေရာက္လိမ့္မယ္..”

“ကြ်န္ေတာ္သိပါတယ္.. အန္ကယ္က အၾကံေပးတာကို သိပါတယ္..”

Chen Ge က အျပင္ပိုင္းက ေခါင္းတညိတ္ညိတ္နဲ႔ ခ်က္ခ်င္းေျပာလိုက္ေပမယ့္ အတြင္းစိတ္ကေတာ့ ညည္းညဴေနမိသည္။ ဘယ္သူက ဒီလိုကိစၥမ်ိဳး လုပ္ခ်င္မွာတဲ့လဲ။

အန္ကယ္ Xu က သူ႔စကားကို Chen Ge ေခါင္းထဲ လံုးဝမဝင္တာသိေတာ့ သက္ျပင္းရႈိက္ၿပီး ဆက္ေျပာလိုက္သည္။

“Xiao Chen.. မင္း ငါ့စကားကို နားေထာင္ဖို႔မလိုဘူးဆိုတာ သိေပမယ့္ မင္းမိဘေတြ ဒီမွာမရွိေတာ့ဘူးဆိုေတာ့ သူတို႔ကိုယ္စား တခ်ိဳ႕စကားေတြကို ငါေျပာရတာပါ..”

“ကြ်န္ေတာ္နားေထာင္ပါ့မယ္ အန္ကယ္ Xu..”

“ဒီမနက္က Xiao Wan က မင္း TV မွာ ပါလာတဲ့အေၾကာင္း၊ လြန္ခဲ့တဲ့ ၄ႏွစ္က ရာဇဝတ္မႈမွာ သက္ေသအျဖစ္ ကူညီေပးမယ့္အေၾကာင္း ေျပာခဲ့တယ္..”

“ဟုတ္ပါတယ္..”

“မင္း ဘာေၾကာင့္ သရဲေျခာက္တဲ့တိုက္ခန္းကို ညဘက္ႀကီး သြားရတာလဲ.. အႏၱရာယ္ရွိတာကို မသိဘူးလား.. အဲ့ဒီမွာ လူသတ္သမားေတြရွိတယ္ဆို.. မင္း ပိုက္ဆံလိုတယ္ဆိုရင္ေတာင္ ခုလို ဆုေၾကးေငြေတြရဖို႔ ႀကိဳးစားတဲ့နည္းကို မသံုးပါနဲ႔.. ဒီပန္းျခံကိုေပးရမယ့္ bill ေတြကို ငါ ကူညီေပးႏိုင္ပါတယ္.. မင္းကငယ္ေသးတယ္.. လမ္းလြဲကိုမလိုက္နဲ႔..”

“စိတ္မပူပါနဲ႔ အန္ကယ္ Xu.. ကြ်န္ေတာ္လုပ္ေနတာကို ကြ်န္ေတာ္သိပါတယ္..”

“ဒီလိုေမွ်ာ္လင့္ရတာပါပဲကြာ.. ကဲ.. ငါသြားေတာ့မယ္.. မင္းဧည့္သည္ေတြကို ေျမျပင္မွာ ခုလိုလွဲမေနပါေစနဲ႔.. သြားထူေပးလိုက္ဦး.. တျခားလူေတြျမင္ရင္ မေကာင္းဘူး..”

အန္ကယ္ Xu ထြက္သြားမယ္လုပ္ေတာ့ Chen Ge က တားလိုက္သည္။

“ဘာျဖစ္လို႔လဲ..”

“အန္ကယ့္ကို အကူအညီေတာင္းခ်င္လို႔ပါ.. ကြ်န္ေတာ့္ကို ယြမ္ 5000 ေလာက္ ေခ်းေပးပါလားခင္ဗ်ာ.. သရဲအိမ္ရဲ႕ေထာင့္ေတြမွာ ကင္မရာလိုက္တပ္ထားခ်င္လို႔ပါ.. ကြ်န္ေတာ္ ဆုေၾကးရလာရင္ ျပန္ဆပ္ပါ့မယ္..”

Chen Ge က ရွက္ရြံ႕စြာေျပာလိုက္သည္။

He San နဲ႔ အစ္ကိုဖန္းရဲ႕ မေတာ္တဆမႈေၾကာင့္ Chen Ge က သရဲအိမ္ထဲမွာ ကင္မရာမ်က္ကြယ္ရာကို မထားရဲေတာ့ေပ။

“မင္းက သရဲအိမ္ထဲမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္ေသးတာလား.. ေရွာင္ခ်န္း.. ငါမင္းကို ပိုက္ဆံေခ်းေပးႏိုင္ပါတယ္.. ဒါေပမယ့္ ရိုးရိုးသားသားေျပာရရင္ ငါတို႔ပန္းျခံက ေနာက္ဆံုးအဆင့္ကို ေရာက္ေနၿပီ.. ဒီထဲမွာ ေငြထပ္ထည့္တာ ပင္လယ္ထဲ ပိုက္ဆံလႊင့္ပစ္တာနဲ႔ အတူတူပဲ..”

အန္ကယ္ Xu က ပန္းျခံကိုေဝွ႔ယမ္းျပၿပီး ရွင္းျပလိုက္သည္။

“ငါတို႔ပန္းျခံက ဖြင့္ထားတာ 11 ႏွစ္ရွိၿပီ.. ဒီထဲကအျပင္အဆင္အားလံုးက ေခတ္ေနာက္က်ၿပီး ဆြဲေဆာင္မႈမရွိေတာ့ဘူး.. ခုေခတ္က အင္တာနက္ေတြေပၚလာေတာ့ လူတိုင္းက ဒီထက္ေခတ္မီၿပီး ဖက္ရွင္က်က် ျပင္ဆင္ထားတဲ့ဘက္ကို လိုက္ကုန္ၾကၿပီ.. ၿပီးေတာ့ သရဲအိမ္ဆိုတာထက္ ပန္းျခံကိုလာတဲ့အေရအတြက္က ေတာက္ေလ်ာက္ကို က်ဆင္းလာခဲ့တာ..”

“က့်န္ေတာ္သိပါတယ္..”

Chen Ge က သရဲအိမ္ထဲမွာ လံုျခံဳေရးတိုးျမႇင့္ဖို႔ အားလံုးစီစဥ္ထားၿပီးျဖစ္သည္။

“မင္းဘာသိလို႔လဲ..”

အန္ကယ္ Xu က သူ႔ရဲ႕ ေဝၚကီေတာ္ကီကိုပိတ္ကာ ဆက္ေျပာလိုက္သည္။

“Jiu Jiang အေရွ႕ပိုင္းက Virtual Reality ကစားကြင္းကလည္း ပိတ္ၿပီးသြားၿပီ.. အဲ့ဒီကစားကြင္းက ငါတို႔တိုင္းျပည္ထဲက ၾကယ္ေလးပြင့္အဆင့္ရွိတဲ့ ကစားကြင္းေတြထဲကတစ္ခုျဖစ္ခဲ့တာကြ.. အဲ့ဒီပန္းျခံနဲ႔ ကစားကြင္းဖြင့္တုန္းက တျခားၿမိဳ႕ကလူေတြ လာလည္ေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တာ.. အဲ့ဒီလိုကစားကြင္းေတာင္ ပိတ္လိုက္ရတာ ငါတို႔လို ကစားကြင္းနဲ႔ပန္းျခံက ဘယ္လိုယွဥ္ၿပီး ဆက္ေတာင့္ခံႏိုင္ဦးမွာလဲ.. ေျပာပါဦး.. အခုဆိုရင္ ပန္းျခံရဲ႕ ဟိုးထိပ္ပိုင္းအဖြဲ႕ဝင္ေတြကေန ေအာက္ေျခသန္႔ရွင္းေရးဝန္ထမ္း အထိေတာင္ သူတို႔ ဆက္လက္ရပ္တည္ႏိုင္ဖို႔ တေန႔တျခား ထြက္သြားၾကတာကြာ.. မင္းလိုငတံုးကပဲ သရဲအိမ္ကို ထပ္ၿပီး အရင္းအႏွီးထည့္ေနတယ္..”

💀💀💀💀💀💀💀💀

Chapter (37) – သရဲအိမ်ကို တိုးချဲ့ခြင်း

အစ်ကိုဖန်းက ပိုကြောက်လာခဲ့သည်။ အခန်းလယ်မှာရပ်နေသည့် Chen Ge ပုံစံက သရဲအိမ်ကို ခြောက်ခြားစရာပိုဖြစ်အောင် လူတွေရဲ့ခြေလက်ကို ဖြတ်တောက်ပြီး သတ်ဖြတ်မည့်ပုံပေါက်နေသဖြင့် သူ့အသက်အတွက် စိုးရိမ်လာခဲ့သည်။

“ခင်ဗျားက အတည်ကြီးတွေးနေတာလား.. ကျွန်တော်က နောက်နေတာပါ..”

Chen Ge စိတ်ပျက်သွားသည်။ အစ်ကိုဖန်းက ထူးခြားတာကြောင့် သူက သွေးတိုးစမ်းပြီး မေးကြည့်တာဖြစ်သည်။ အစ်ကိုဖန်းက အရုပ်ကိုတွန်းပစ်ပြီး မှန်ကိုခွဲပစ်ကာ မကောင်းဆိုးဝါးထိန်းချုပ်မှုက လွတ်အောင်လုပ်ခဲ့တာကြောင့် သာမာန်လူတွေထက် ပိုသန်မာတယ်ဆိုတာ သိသည်။ သူက ဒီလူငယ်ကို လေးစားပြီး ခင်မင်ချင်သည်။ ဒီလူငယ်နဲ့ ခင်မင်သွားပြီးရင် မှန်ထဲကမကောင်းဆိုးဝါးကို ရင်ဆိုင်ရာမှာ အထောက်အကူရနိုင်မလားလို့ တွေးမိပေမယ့် အစ်ကိုဖန်းက သူ့မေးခွန်းကို နားမလည်ခဲ့ပေ။ အခုတော့ သူ့ဘာသာပဲ အားကိုးပြီး ပြဿနာရှင်းရတော့မည်ဟု တွေးကာ အစ်ကိုဖန်းကိုခေါ်ပြီး အောက်ကိုဆင်းလာခဲ့သည်။ သန်းခေါင်ယံည လူသတ်သမားအထပ်ကိုလည်း သော့ခတ်လိုက်သည်။ အောက်ရောက်တော့ ဖုန်းအနက်က တုန်လာပြီး message ဝင်လာသဖြင့် Chen Ge လန့်သွားပြီး သတင်းဆိုးလားဆိုပြီး ထုတ်ကြည့်လိုက်သည်။

>>သရဲအိမ်ဧည့်သည် အရေအတွက် 100 ကျော်သွားပါပြီ။ သရဲအိမ်ရဲ့ဂုဏ်သတင်းက 60% တိုးလာလို့ သရဲအိမ်ကို တိုးချဲ့လို့ရသဖြင့် ဂုဏ်ယူပါတယ်။<<

>>သတိပေးချက် - သရဲအိမ်တစ်ကြိမ်တိုးချဲ့လျှင် ထူးဆန်းသောဆုတစ်ခု ရမည်။ (၃ကြိမ်တိုးချဲ့ပြီးလျှင် ကြောက်မက်ဖွယ်ဝင်္ကပါအထိ အဆင့်မြှင့်နိုင်မည်။)<<

ငါ ဒါကို မကြာခင် သုံးလို့ရမလား။ တိုးချဲ့တယ်ဆိုတာ ကောင်းပေမယ့် လောလောဆယ် မှန်ထဲကကောင်ကိုဖယ်ဖို့က ပိုအရေးကြီးနေသည်။

သရဲအိမ်ထဲကထွက်လာပြီးနောက် ဆေးကျောင်းသားတစ်စုသည် ညနေခင်းနေခြည်အောက် သရဲအိမ်ရှေ့ မြေကွက်လပ်မှာ ယိုင်နဲ့စွာထိုင်နေကြသည်။ တချို့က ခေါင်းကို လက်နဲ့ကိုင်ထားပြီး တချို့က ဒူးနှစ်ဖက်ကို ပိုက်ထားကြသည်။ တချို့က မျက်ရည်ကျလျက် တချို့က ရည်ရွယ်ချက်မဲ့ ကောင်းကင်ကြီးကို မျှော်ကြည့်နေသည်။ အားလုံး၏မျက်နှာထက်တွင် သူတို့အသက်ရှင်နေသေးတာကို ယုံရခက်နေသလိုပင်။

ဒီမြင်ကွင်းကိုကြည့်ပြီး Chen Ge က သူကြုံဖူးသလို ခံစားလိုက်ရသည်။ ဒီဆေးကျောင်းသားတစ်စုက သရဲအိမ်ထဲ မိနစ် ၄၀ သာကြာခဲ့ပေမယ့် သူတို့ရဲ့အမူအယာက လုံးဝ တက်ကြွလန်းဆန်းနေရာကနေ ပြိုလဲလုနီးပါး ပြောင်းလဲသွားကြသည်။

ပတ်ဝန်းကျင်ကလူတွေက သူတို့ကို တီးတိုးပြောပြီး လက်ညှိုးထိုးနေကြပေမယ့် Chen Ge က မမှုပေ။ စိတ်လှုပ်ရှားစရာမရှိရင် သရဲအိမ်လို့ ဘယ်ခေါ်လို့ရမလဲ..။

သူက အစ်ကိုဖန်းကို မြေပြင်ပေါ်ချပေးပြီးနောက် သူတို့အုပ်စု လူစုံသွားလေပြီ။

“ရှောင်ချန်း.. ဒီကိုလာဦး..”

လူအုပ်ကြီးကြောင့် မန်နေဂျာ အန်ကယ် Xu ရောက်လာကာ Chen Ge ကိုလာခေါ်သည်။

“မင်းဘာသာ ရှင်းပြတော့.. ပထမက ဧည့်သည်ကို သတိလစ်အောင် ခြောက်လိုက်တယ်.. နောက်ထပ် ခုနစ်ယောက်အုပ်စုကို မင်းတစ်ယောက်တည်းက ဒိုင်ခံခြောက်လိုက်တယ်.. ဒီပန်းခြံရဲ့ ခေါင်းကြီးပိုင်းသတင်းမှာ ပါအောင် ကြိုးစားနေတာလား..”

Chen Ge က ချောင်းဟန့်ကာ ရှင်းပြလိုက်သည်။

“သူတို့က အတွေ့အကြုံခံစားချင်လို့ သရဲအိမ်လာခဲ့တာ ကျွန်တော်က အကောင်းဆုံးဝန်ဆောင်မှုပေးပြီး ခြောက်လှန့်ပေးရုံပါပဲ.. ကျွန်တော် ဘာမှားသွားလို့လဲ.. ဒါ့အပြင် ကျွန်တော် သူတို့ကို ထိတောင်မထိခဲ့ပါဘူး.. မယုံရင် CCTV ကို ကြည့်လို့ရပါတယ်.. သရဲအိမ်ရဲ့ လိုက်နာရမယ့်စည်းကမ်းထဲကပဲ လုပ်နေတာပါ..”

“ငတုံးပုံစံ လုပ်ပြမနေနဲ့.. ဟိုကောင်မလေးရဲ့ ခေါင်းနောက်ဘုကြီးက ဘယ်လိုဖြစ်လာတာလဲဆိုတာ ရှင်းပြစမ်းပါဦး..”

အန်ကယ် Xu က ရှောင်ဟွေ့ရဲ့နောက်ဘက်ကနေ လက်ညှိုးထိုးပြီး သူမလန့်သွားမှာစိုးလို့ တီးတိုးပြောလိုက်သည်။

“အန်ကယ် Xu.. ကျွန်တော်ကျိန်ပြောရဲပါတယ်.. ဒီကိစ္စ ကျွန်တော့်ပယောဂ မပါပါဘူး.. ကျွန်တော်က ရှေ့ကပြေးတော့ ကောင်မလေးက ကျွန်တော့်ရှပ်အကျႌစကိုဆွဲပြီး နောက်ကပြေးလိုက်လာတာ.. ကျွန်တော် ဗီဒိုထဲဝင်ပုန်းတော့ သူလည်းလိုက်ခဲ့တယ်.. ဗီဒိုထဲရောက်တော့ သူက ဖုန်းကမီးနဲ့ ကျွန်တော့်ကိုထိုးကြည့်လိုက်ပြီး ကျွန်တော်လည်း မျက်လုံးပြာသွားလို့ ဘာမှမမြင်နိုင်တဲ့အချိန် သူမက ဗီဒိုအနောက်ဘက်နံရံနဲ့ ဆောင့်မိပြီး လဲကျသွားခဲ့တယ်.. ကြည့်.. ကျွန်တော်လည်း မတရားခံရတဲ့သူပါ..”

Chen Ge ကအမှန်တရားကို ပါးပါးလေးပြောင်းပြီး ပြောပြလိုက်သည်။

“မင်းလည်း နစ်နာသူလို့ ပြောချင်တာပေါ့လေ..”

“မဟုတ်လို့လားဗျာ..”

“ဟာသပြောတာတွေ ရပ်တော့.. နောင် အလုပ်ကို သေချာဂရုစိုက်လုပ်.. ဒီလိုထပ်မဖြစ်စေနဲ့.. တကယ်လို့ မတော်တဆမှု တစ်ခုခုဖြစ်ရင် မင်းရဲ့ သရဲအိမ်လုပ်ငန်းရဲ့ အနာဂတ်ပေါ် အများကြီးသက်ရောက်လိမ့်မယ်..”

“ကျွန်တော်သိပါတယ်.. အန်ကယ်က အကြံပေးတာကို သိပါတယ်..”

Chen Ge က အပြင်ပိုင်းက ခေါင်းတညိတ်ညိတ်နဲ့ ချက်ချင်းပြောလိုက်ပေမယ့် အတွင်းစိတ်ကတော့ ညည်းညူနေမိသည်။ ဘယ်သူက ဒီလိုကိစ္စမျိုး လုပ်ချင်မှာတဲ့လဲ။

အန်ကယ် Xu က သူ့စကားကို Chen Ge ခေါင်းထဲ လုံးဝမဝင်တာသိတော့ သက်ပြင်းရှိုက်ပြီး ဆက်ပြောလိုက်သည်။

“Xiao Chen.. မင်း ငါ့စကားကို နားထောင်ဖို့မလိုဘူးဆိုတာ သိပေမယ့် မင်းမိဘတွေ ဒီမှာမရှိတော့ဘူးဆိုတော့ သူတို့ကိုယ်စား တချို့စကားတွေကို ငါပြောရတာပါ..”

“ကျွန်တော်နားထောင်ပါ့မယ် အန်ကယ် Xu..”

“ဒီမနက်က Xiao Wan က မင်း TV မှာ ပါလာတဲ့အကြောင်း၊ လွန်ခဲ့တဲ့ ၄နှစ်က ရာဇဝတ်မှုမှာ သက်သေအဖြစ် ကူညီပေးမယ့်အကြောင်း ပြောခဲ့တယ်..”

“ဟုတ်ပါတယ်..”

“မင်း ဘာကြောင့် သရဲခြောက်တဲ့တိုက်ခန်းကို ညဘက်ကြီး သွားရတာလဲ.. အန္တရာယ်ရှိတာကို မသိဘူးလား.. အဲ့ဒီမှာ လူသတ်သမားတွေရှိတယ်ဆို.. မင်း ပိုက်ဆံလိုတယ်ဆိုရင်တောင် ခုလို ဆုကြေးငွေတွေရဖို့ ကြိုးစားတဲ့နည်းကို မသုံးပါနဲ့.. ဒီပန်းခြံကိုပေးရမယ့် bill တွေကို ငါ ကူညီပေးနိုင်ပါတယ်.. မင်းကငယ်သေးတယ်.. လမ်းလွဲကိုမလိုက်နဲ့..”

“စိတ်မပူပါနဲ့ အန်ကယ် Xu.. ကျွန်တော်လုပ်နေတာကို ကျွန်တော်သိပါတယ်..”

“ဒီလိုမျှော်လင့်ရတာပါပဲကွာ.. ကဲ.. ငါသွားတော့မယ်.. မင်းဧည့်သည်တွေကို မြေပြင်မှာ ခုလိုလှဲမနေပါစေနဲ့.. သွားထူပေးလိုက်ဦး.. တခြားလူတွေမြင်ရင် မကောင်းဘူး..”

အန်ကယ် Xu ထွက်သွားမယ်လုပ်တော့ Chen Ge က တားလိုက်သည်။

“ဘာဖြစ်လို့လဲ..”

“အန်ကယ့်ကို အကူအညီတောင်းချင်လို့ပါ.. ကျွန်တော့်ကို ယွမ် 5000 လောက် ချေးပေးပါလားခင်ဗျာ.. သရဲအိမ်ရဲ့ထောင့်တွေမှာ ကင်မရာလိုက်တပ်ထားချင်လို့ပါ.. ကျွန်တော် ဆုကြေးရလာရင် ပြန်ဆပ်ပါ့မယ်..”

Chen Ge က ရှက်ရွံ့စွာပြောလိုက်သည်။

He San နဲ့ အစ်ကိုဖန်းရဲ့ မတော်တဆမှုကြောင့် Chen Ge က သရဲအိမ်ထဲမှာ ကင်မရာမျက်ကွယ်ရာကို မထားရဲတော့ပေ။

“မင်းက သရဲအိမ်ထဲမှာ ရင်းနှီးမြှုပ်နှံချင်သေးတာလား.. ရှောင်ချန်း.. ငါမင်းကို ပိုက်ဆံချေးပေးနိုင်ပါတယ်.. ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ငါတို့ပန်းခြံက နောက်ဆုံးအဆင့်ကို ရောက်နေပြီ.. ဒီထဲမှာ ငွေထပ်ထည့်တာ ပင်လယ်ထဲ ပိုက်ဆံလွှင့်ပစ်တာနဲ့ အတူတူပဲ..”

အန်ကယ် Xu က ပန်းခြံကိုဝှေ့ယမ်းပြပြီး ရှင်းပြလိုက်သည်။

“ငါတို့ပန်းခြံက ဖွင့်ထားတာ 11 နှစ်ရှိပြီ.. ဒီထဲကအပြင်အဆင်အားလုံးက ခေတ်နောက်ကျပြီး ဆွဲဆောင်မှုမရှိတော့ဘူး.. ခုခေတ်က အင်တာနက်တွေပေါ်လာတော့ လူတိုင်းက ဒီထက်ခေတ်မီပြီး ဖက်ရှင်ကျကျ ပြင်ဆင်ထားတဲ့ဘက်ကို လိုက်ကုန်ကြပြီ.. ပြီးတော့ သရဲအိမ်ဆိုတာထက် ပန်းခြံကိုလာတဲ့အရေအတွက်က တောက်လျောက်ကို ကျဆင်းလာခဲ့တာ..”

“က့ျန်တော်သိပါတယ်..”

Chen Ge က သရဲအိမ်ထဲမှာ လုံခြုံရေးတိုးမြှင့်ဖို့ အားလုံးစီစဉ်ထားပြီးဖြစ်သည်။

“မင်းဘာသိလို့လဲ..”

အန်ကယ် Xu က သူ့ရဲ့ ဝေါ်ကီတော်ကီကိုပိတ်ကာ ဆက်ပြောလိုက်သည်။

“Jiu Jiang အရှေ့ပိုင်းက Virtual Reality ကစားကွင်းကလည်း ပိတ်ပြီးသွားပြီ.. အဲ့ဒီကစားကွင်းက ငါတို့တိုင်းပြည်ထဲက ကြယ်လေးပွင့်အဆင့်ရှိတဲ့ ကစားကွင်းတွေထဲကတစ်ခုဖြစ်ခဲ့တာကွ.. အဲ့ဒီပန်းခြံနဲ့ ကစားကွင်းဖွင့်တုန်းက တခြားမြို့ကလူတွေ လာလည်အောင် ဆွဲဆောင်နိုင်ခဲ့တာ.. အဲ့ဒီလိုကစားကွင်းတောင် ပိတ်လိုက်ရတာ ငါတို့လို ကစားကွင်းနဲ့ပန်းခြံက ဘယ်လိုယှဉ်ပြီး ဆက်တောင့်ခံနိုင်ဦးမှာလဲ.. ပြောပါဦး.. အခုဆိုရင် ပန်းခြံရဲ့ ဟိုးထိပ်ပိုင်းအဖွဲ့ဝင်တွေကနေ အောက်ခြေသန့်ရှင်းရေးဝန်ထမ်း အထိတောင် သူတို့ ဆက်လက်ရပ်တည်နိုင်ဖို့ တနေ့တခြား ထွက်သွားကြတာကွာ..  💀👱💀👱💀👱💀👱💀👱💀

Continue Reading

You'll Also Like

232K 40.2K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...
115K 12.9K 143
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
242K 32.9K 130
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
265K 40.5K 33
Horror