နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...
由 Kay_Wine
1.4M 240K 15.1K
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... 更多
Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]
အပိုင်း - ၅၃
11K 2.2K 139
由 Kay_Wine
{Zawgyi}
ဘေးပတ်လည်ကမီးတောက်တွေက သူတို့ကိုမြွေကြီးတွေလို ရစ်ပတ်ထားပြီး ဘယ်ကစလို့ဘယ်မှာဆုံးမှန်း မသိနိုင်လောက်အောင် သူတို့နှစ်ယောက်ကို ယှက်နွယ်နေတယ်။
ရမ္မက်ပြင်းတဲ့အနမ်းကလည်း ခြယ်လှယ်နိုင်လွန်းတယ်။ နတ်ဆိုးဘုရင်ကြီးလက်တွေက တစ်စထက်တစ်စပိုတင်းကျပ်လာပြီး ပိုင်ရန့်နံရိုးတွေကိုတောင် ထက်ပိုင်းချိုးပစ်ချင်တဲ့အတိုင်းပဲ။ မလှုပ်ရှားနိုင်တာနဲ့ အောက်စီဂျင်ပြတ်လပ်လာတာကြောင့် သတိလစ်တော့မတတ် ပိုင်ရန်မူးဝေလာတယ်။
“ရှောင်လင်း ရှောင်လင်း၊ ငါဆက်မထိန်းထားနိုင်တော့ဘူး”
“မြန်မြန် အသက်ရှုလေ အရူးရဲ့” ရှောင်လင်း အော်ပစ်လိုက်တယ်။ [T/N : FAမှန်းသိသာလိုက်တာ ပိုင်ရန်ရယ်]
ပိုင်ရန်မျက်ဖြူစိုက်ချင်လာပေမယ့် နတ်ဆိုးဘုရင်ကြီးကတော့ သူ့ကိုလွှတ်ပေးမယ့်အစီအစဉ်ရှိပုံမပေါ်ဘူး။ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်လည်ချောင်းထဲက တစ်ခုခုကို စုပ်ယူချင်နေသလိုမျိုး ပိုလို့တောင်ပြင်းပြင်းပျပျနမ်းလာတယ်။
သူ့ရဲ့ဝိဉာဉ်က သူ့ဆီကနေခြောက်ကပ်သွားတော့မှာလားလို့တောင် ပိုင်ရန်ခံစားလိုက်ရတယ်။
သေစမ်း! သူသာနို့ထွက်မယ်ဆိုရင်လည်း ဒီအယုတ်တမာစုပ်တာနဲ့တင် ခမ်းကုန်မှာ!
သူမိန်းမောနေတုန်းအခြေအနေမှာ သူ့စိတ်ထဲမမျှော်လင့်ထားတဲ့အတွေးတစ်ခု ရုတ်ချည်းဖြတ်သွားတယ်။
ဘယ်လိုနာကျင်မှုကိုမှမခံစားနိုင်အောင် ယောင်ဝါးဝါးအခြေအနေကိုရောက်နေပြီ။ သူ့ကိုယ်နဲ့ ဝိဉာဉ်က နှစ်ပိုင်းကွဲထွက်သွားပြီလားလို့တောင်ခံစားနေရတယ်။
သူ့စိတ်တွေ ဗလာဖြစ်ပြီး သတိမလစ်သွားခင် နတ်ဆိုးဘုရင်ကြီးက သူ့ကိုလွှတ်ပေးလိုက်တယ်။
ပိုင်ရန်အသက်ပြင်းပြင်းရှုလိုက်ပေမယ့် သေမလိုရှုလိုက်မိတော့ ဆို့နင့်ပြီးချောင်းတွေဆိုးကုန်တယ်။
ချောင်းဆိုးရလွန်းလို့ မျက်နှာတွေပါနီရဲတက်လာတယ်။
နတ်ဆိုးဘုရင်ကြီးက မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်နေတယ်။
ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက တမူထူးနေပြီး အနည်းငယ်လည်းကြောင်တောင်တောင်ဖြစ်နေသေးတာကို တွေ့လိုက်ရတယ်။
ဒီလိုမျိုးအပြစ်ကင်းတဲ့အမူအယာမျိုးက ကြီးမြတ်ပြီးလေးစားစရာကောင်းလှတဲ့ နတ်ဆိုးဘုရင်ကြီးမျက်နှာနဲ့ ဘယ်လိုမှမလိုက်ဖက်ဘူး။ [T/N : အနမ်းခံရလို့ သေမလိုဖြစ်နေတာတောင် သူ့လင်လင်ကို ရှာကြံချီးကျူးလိုက်သေးတယ်]
နတ်ဆိုးဘုရင်ကြီးက အပြည့်အဝပြန်မကောင်းသေးဘဲ စိတ်နဲ့ကိုယ်ပြန်မကပ်သေးဘူးဆိုပြီး ပိုင်ရန်ယူဆလိုက်တယ်။
“အရှင်ကြီး…” ပိုင်ရန်ခပ်အက်အက်အသံနဲ့ ချောင်းဆိုးချင်နေတာကို ထိန်းချုပ်ထားရတယ်။
“အရမ်းနေလို့ကောင်းတယ်..” နတ်ဆိုးဘုရင်ကြီး ကိုင်းချလာကာ သူ့ကိုယ်နဲ့ပိုင်ရန့်ကိုယ်နဲ့ ပွတ်သပ်နေပြီး ပိုင်ရန်လည်တိုင်ကို ကိုင်ချလိုက်တယ်။
သွားစွယ်တွေ သူ့အရေပြားထဲမြုပ်ဝင်လာတာကို ခံစားလိုက်ရတော့ ပိုင်ရန်သက်ပြင်းရှိုက်ပြီး လေအေးတွေ ရှုသွင်းလိုက်တယ်။
ဒဏ်ရာကနေ နွေးထွေးတဲ့သွေးတွေထွက်လာတယ်။ သံချေးနံ့က လေထဲပျံ့နှံ့သွားတယ်။
နတ်ဆိုးဘုရင်ကြီးက ဒဏ်ရာကို စတင်ပြီးယက်လိုက်တယ်။
အဲ့တာက သူ့တစ်ကိုယ်လုံးလျပ်စီးကြောင်းဖြတ်သွားတဲ့အတိုင်းပဲ။ ပိုင်ရန်သူ့ကိုယ်သူ ဓာတ်လိုက်ခံရပြီး စဉ်းတီတုံးပေါ်မှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ငါးတစ်ကောင်လိုခံစားလိုက်ရတယ်။
စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ကွဲထွက်သွားတဲ့စက္ကန့်ပိုင်းလောက်လေးကို ဘယ်လိုစကားလုံးနဲ့ဖော်ပြရမှန်းတောင်မသိတော့ဘူး။
အလိုလိုပဲ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့လိုတယ်ဆိုတာ သူသိလိုက်တယ်။ ခရီးဆက်နေမယ်ဆိုရင် ပြဿနာတက်တော့မယ်။
“အရှင်ကြီး ကျွန်တော့်ကို လွှတ်ပေးပါ” ပိုင်ရန့်လည်ချောင်းတွေက အက်ကွဲနေပြီး သူ့ပုံမှန်အသံက အားပျော့လာကာ ပိုပြီးမက်မောစရာကောင်းလာတယ်။
သူတင်းမာပြီးပြောဖို့ကြံထားတာဖြစ်ပေမယ့် သူ့ရဲ့လက်ရှိအခြေအနေမှာ သူ့စကားလုံးတွေက ပျော့ပြောင်းနေပြီး အားအင်ချနဲ့နေတယ်။ ငြင်းတဲ့အစား လာပါလို့ဖိတ်ခေါ်နေသလိုတောင်ဖြစ်နေသေးတယ်။
နတ်ဆိုးဘုရင်ကြီး ပြုစားခံလိုက်ရပြီ။ သူ့လျှာက ပိုင်ရန့်လည်တိုင်ကနေ ဆန်တက်လာပြီး ပိုင်ရန့်နှုတ်ခမ်းတွေကို နောက်တစ်ဖန်ကိုက်ဆွဲဖို့လုပ်လာတယ်။
ပိုင်ရန်ရှောင်တိမ်းလိုက်တယ်။
နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်နှုတ်ခမ်းကိုမကိုက်လိုက်နိုင်တာကြောင့် သူ့လျှာကပိုင်ရန့်မျက်နှာကိုပဲ ယက်မိလိုက်တယ်။
သူကတကယ့်ကို ခွေးကြီးတစ်ကောင်အတိုင်းပဲ။
ပိုင်ရန့်အရေပြားတွေ ထုံထိုင်းလာတယ်။ နတ်ဆိုးဘုရင်ကြီးလျှာရဲ့အထိအတွေ့က ဘာမှမဟုတ်ဘူးဆိုပေမယ့် သူ့ကိုစိတ်သက်သာရာရစေတယ်။ ပိုင်ရန်အသက်ရှုနှုန်းတွေမြန်လာပြီး အရေပြားတွေပူလာကာ နှဖူးမှာပါ ချွေးတွေသီးလာတယ်။ သူ့ကိုယ်ထည်ကလည်း ပိုပိုအားနည်းလာပြီး သူ့ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ကွယ်သွားရတယ်။
နတ်ဆိုးဘုရင်ကြီးက သူ့ကိုအတင်းကြီးဆုတ်ကိုင်ထားတာကြောင့် အောက်ဆီဂျင်ပြတ်လပ်သွားတာဖြစ်နိုင်တယ်။
အဲ့တာကြောင့်လို့ သူ့ကိုယ်သူနှစ်သိမ့်ဖို့ကြိုးစားလိုက်တယ်။
ဒီလိုမျိုး ဆက်သွားလို့မဖြစ်တော့ဘူးဆိုနေမှ…
သူ့ရင်ထဲမှာအကြောက်တရားတွေ ဖြစ်တည်လာပြီး ပိုင်ရန်စတင်ရုန်းကန်တော့တယ်။
သူရုန်းတော့ နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးသူငယ်အိမ်က ရဲရဲတောက်သွားတယ်။ သူ့လက်တွေက ပိုင်ရန့်ကိုပိုပြီးတင်းကျပ်စွာချုပ်ထားပြီး သူ့ဆီကနေ တစ်လက်မတောင်မရွေ့နိုင်အောင် တားဆီးလိုက်တယ်။
ပိုင်ရန်ပိုပြီးထိတ်လန့်လာတယ်။ သူခြေကိုကြွပြီး နတ်ဆိုးဘုရင်ကြီးကို ကန်ပစ်လိုက်ဖို့ ကြိုးစားလိုက်တယ်။
နတ်ဆိုးဘုရင်ကြီးက မကျေမနပ်မျက်မှောင်ကြုတ်ကာ သူ့ပတ်လည်မှာ မီးတောက်တွေ ပေါက်ကွဲထွက်လာတယ်။ ထိုမီးတောက်တွေက မြွေလိုပုံစံမျိုးပြောင်းသွားပြီး ပိုင်ရန့်ခြေတွေလက်တွေကို ရစ်ပတ်လိုက်တယ်။
ပိုင်ရန့်လက်တွေခြေထောက်တွေက အတင်းအကြပ်ဆွဲခွာခံထားရပြီး လေထဲမှာ大လိုပုံစံမျိုးဖြစ်နေတယ်။ မြွေလိုမီးတောက်တွေက သူ့ကိုယ်မှာရစ်တွယ်နေတယ်။
ဒါကြီးကတော့ ကိုးရိုးကားယားနိုင်လိုက်တာနော်။
အနည်းဆုံးတော့ ဒီအနီးနားမှာ သူ့ကိုမြင်သွားမယ့်သူ တစ်ယောက်မှမရှိပါဘူးလေ။
မီးတောက်တွေက သူ့ကိုယ်ပေါ်မှာ လိမ်တွန့်နေတယ်။ အချိန်တိုလေးအတွင်းမှာပဲ သူ့အဝတ်အစားတွေလည်း စုတ်ဖြဲခံလိုက်ရတယ်။
နတ်ဆိုးဘုရင်ကြီးလက်တစ်ဖက်က ပိုင်ရန့်အသားအရည်ပေါ်ရှပ်ပြေးသွားပြီး အနီစင်းကြောင်းကြီး ကျန်ရစ်ခဲ့ကာ ထိုနေရာကနေ နီတောက်နေတဲ့သွေးတွေ ထွက်လာတယ်။ နတ်ဆိုးဘုရင်ကြီးက လျှာကိုထုတ်ကာ အစားကောင်းကြိုက်သူတစ်ယောက်က အရသာရှိတဲ့တစ်စုံတစ်ရာကို စားနေရသလိုမျက်နှာမျိုးနဲ့ ပိုင်ရန့်ဆီကသွေးတွေကို လိုက်လျက်နေတယ်။
ဒီ့ထက်ပိုပြီး သည်းမခံနိုင်ဖြစ်လာပြီနော်။
ပိုင်ရန်အသံပေးလိုက်တယ်။ “အရှင်ကြီး၊ ကျေးဇူးပြုပြီး နိုးလာပေးပါတော့! ရပ်လိုက်တော့လို့!” သူအော်လိုက်တယ်။ သနားစရာကောင်းတာက သူ့အသံက ကြောင်သံလောက်လေးပဲရှိပြီး ဖိနှိပ်နိုင်စွမ်းတစ်စက်တောင်မရှိလေဘူး။
မီးတောက်တွေက သူ့ကိုဆက်ပြီးရစ်ပတ်နေပေမယ့် အပူကြောင့် လောင်ကျွမ်းတာတွေတော့ မဖြစ်ဘူး။
ပိုင်ရန့်အဝတ်တွေ စုတ်ဖြဲခံရပြီး သူ့ရဲ့ဖြူဖွေးပြီး နူးညံ့တဲ့ရင်ဘတ်လေးပေါ်ထွက်လာတယ်။
နတ်ဆိုးဘုရင်ကြီးက ကျီစယ်စရာအရုပ်လေးတစ်ရုပ်ရှာတွေ့သွားသလိုမျိုး ပိုင်ရန့်အရေပြားပေါ်မှာ သူ့လက်ချောင်းထိပ်လေးနဲ့ မရေမတွက်နိုင်တဲ့ရှရာသေးသေးလေးတွေ ဆက်လုပ်နေတော့တယ်။ ဒီဒဏ်ရာတွေအားလုံးက အပေါ်ယံလေးတွေပဲဖြစ်တယ်။ နာကျင်တာမျိုးမဖြစ်ပဲ ယားယံရုံလောက်ပဲရှိတယ်။
နတ်ဆိုးဘုရင်ကြီးက ဒဏ်ရာတစ်ခုချင်းစီကို လိုက်လျက်ရုံတင်မကဘူး သွေးတွေကိုပါအကုန်လျက်ပစ်လိုက်တယ်။
ပိုင်ရန့်ခါးအထက်ပိုင်းက အားလုံးနီရဲနေလေပြီ။ သူ့ရင်ဘတ်မှာ ခြစ်ရာဗလပွနဲ့ သူ့ခြေလက်လေးချောင်းလုံးကလည်း ဖြဲကားထားခြင်းခံနေရတယ်။
ပိုအရေးကြီးတာက သူ့ကိုယ်ကြီးကို ယောကျာ်းကြီးတစ်ယောက်က လာလျက်နေတာပဲ…
“အိုးးးး တစ်စုံတစ်ယောက်ကတော့ ရှက်နေပါပြီ” ပိုင်ရန့်ခေါင်းထဲက ရှောင်လင်းပြောလာတယ် “သခင်၊ သူကသခင့်ကိုလေ ‘အဲ့တာ’လုပ်တော့မှာလား?”
ပိုင်ရန်ပါးစပ်အပြည့်သွေးတစ်လုတ်အန်ချမိတော့မလို့ “အခုက နောက်နေရမယ့်အချိန်လား? ဒီလိုသာဆက်သွားနေရင် ငါသွေးကုန်ပြီးသေတော့မယ်!”
ရှောင်လင်းကတော့ ဂရုကိုစိုက်မနေဘူး “ဒီလိုရှရာလေးတွေနဲ့တော့ မသေနိုင်ပါဘူး”
“မြန်မြန်လေး အကြံထုတ်စမ်းပါ! ဒီလိုဆက်သွားရင် ပွဲသိမ်းပြီနော်” ပိုင်ရန် ရှက်ရှက်နဲ့ အလောသုံးဆယ်ပြောလိုက်တယ်။
“အစောတုန်းက သခင့်ကိုထွက်သွားပါလို့ပြောတုန်းက မသွားဘူးလေ၊ အခုမှ သိပ်စိုးရိမ်နေတယ်ပေါ့?” ရှောင်လင်းမကျေမနပ်ပြောလိုက်တယ် “စိတ်ပူမနေပါနဲ့ သူကသခင့်ကိုသတ်ချင်နေတာလို့တော့ မထင်ဘူး”
“ဘာလို့လဲ?”
“ပြီးခဲ့တဲ့အခေါက်တုန်းက သူကသခင့်ကိုခြောက်ကပ်သွားမလောက်နီးနီး စုပ်ခဲ့တယ်လေ၊ ဒီတစ်ကြိမ် သခင့်သွေးကို နည်းနည်းလေးပဲ စုပ်တယ်လေ… သူအသိစိတ်တစ်ဝက်လောက်တော့ ပြန်ဝင်လာပြီထင်ပါရဲ့”
“အဲ့တာ ငါ့ကိုလာပြောနေလို့ ဘာအကျိုးရှိမှာလဲ? သူ့ကိုအခုရပ်လိုက်စေချင်တာကွ!”
စန်းစန်းတင့်နေရာကို လျှာနဲ့အလျက်ခံနေရတာ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ အချိန်မရွေးသတိလစ်တော့မလို ခံစားနေရတယ်။
သူရှောင်လင်းနဲ့ စကားပြောနေတုန်း သူ့ရင်ဘတ်ကနေ ယားကျိကျိခံစားချက်ကိုရလိုက်တယ်။ ခပ်ပြင်းပြင်းနှိုးဆပေးလိုက်တာက သူ့တစ်ကိုယ်လုံးကို မုန်တိုင်းတစ်ခုလိုဖြတ်သန်းသွားတယ်။
ပိုင်ရန်သည်းမခံနိုင်တော့ဘဲ ရုတ်တရက်ထအော်လိုက်တယ်။
ထိုအော်သံက မတရားကြီး… အရိုင်းဆန်နေတယ်။
“ဘာလို့ ဒီလိုဟာတွေလုပ်နေရတာလဲ!” ပိုင်ရန်ရူးသွားတော့မလိုဖြစ်လာပြီ။
ရှောင်လင်းကလည်း သူ့ကိုရန်စမိသလိုဖြစ်မှာကြောက်လို့ ဘာမှတောင်မပြောရဲတော့ဘူး။
အဲ့အချိန် နတ်ဆိုးဘုရင်ကြီးက သူ့ရဲ့နို့သီးကိုကိုက်ပြန်တယ်။ သူကဆော့စရာအရုပ်သစ်လေးတွေ့သွားသလို အဓိကနေရာလေးကို သူ့လျှာနဲ့ထိုးဆွလိုက် သွားနဲ့ကြိတ်လိုက်လုပ်နေတော့တယ်။
ထိုအဓိကနေရာက ယောင်ကိုင်းပြီးနီရဲတက်လာတယ်။
“စိတ်မပူနဲ့နော်… ကျွန်မမျက်လုံးတွေမှိတ်ထားတယ်… ဘာဆိုဘာမှမမြင်ရဘူးနော်” ရှောင်လင်းအာမခံပြောလိုက်တယ်။
“Fuckပဲဟေ့!” ဆဲဆိုခဲတဲ့ပိုင်ရန်ဆီက နောက်ဆုံးကျိန်ဆဲသံတွေ ထွက်အံကျလာတယ်။ သူကြောက်တာက နတ်ဆိုးဘုရင်ကြီး သူ့ကိုဒီလိုတွေလုပ်နေလို့ကြောင့်ပဲ မဟုတ်ဘူး… သူ့ကိုယ်ကပါ တုန့်ပြန်လာတာကို ခံစားမိနေလို့ဖြစ်တယ်။
သူတကယ်ကြီး တုန့်ပြန်နေတာပါဆို!
သူ့သက်တမ်းတစ်လျှောက် ဒီလိုဖြစ်လာမယ်လို့တစ်ခါမှမထင်ထားခဲ့ဘူး။ ပိုင်ရန်ဒါက လက်မခံနိုင်ဖြစ်နေတယ်။
တခြားယောကျာ်းတစ်ယောက်ရဲ့ဆွပေးချက်တွေကြားမှာ သူတကယ်ကြီးတုန့်ပြန်နေပါတယ်လို့… ဒီလိုသတိထားမိတာက သေရမယ်ဆိုတာထက်တောင် သူ့အပေါ်သက်ရောက်မှုအကြီးကြီးဖြစ်စေတယ်။ သူမရေမတွက်နိုင်အောင် သေမလိုတွေဖြစ်ခဲ့ပြီး အဲ့တာအတွက်လည်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသားဖြစ်တယ်။ သို့သော်လည်း သူ့ကိုယ်ကြီးက ယောကျာ်းတစ်ယောက်ကြောင့် တုန့်ပြန်လာလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဘူး။
တကယ်ဆို အမျိုးအမည်မသိ၊ မထိန်းချုပ်နိုင်ဘဲ ရုတ်တရက်လှုံ့ဆော်ပေးလာတာမျိုးဖြစ်လာရင် လူတစ်ယောက်က ပထမဆုံးအကြိမ်အထိတ်တလန့်ဖြစ်သွားကြမှာပဲလေ။
သူ့ရဲ့ကျန်ရှိနေသေးတဲ့စွမ်းအင်တွေအားလုံးသုံးပြီး ရရ,မရရသူ့ကို ချုပ်နှောင်ထားတာတွေကို ဖောက်ထွက်ဖို့ကြံလိုက်တယ်။ သို့ပေမယ့် နောက်ခဏမှာ နတ်ဆိုးဘုရင်ကြီးရပ်တန့်သွားတယ်။ သူကပိုင်ရန့်ကို ကြောင်တောင်တောင်ပုံနဲ့စိုက်ကြည့်နေတယ်။
ပိုင်ရန်လေကို အငမ်းမရရှုလိုက်တယ်။ ချွေးသီးချွေးပေါက်တွေက သူ့ပါးပြင်ကနေ သူ့ရဲ့လည်စလုတ်ထိ လိမ့်ဆင်းသွားပြီး သူ့ရဲ့သွေးတွေရွှဲနေတဲ့ရင်ဘတ်ပေါ် တစ်ပေါက်ပေါက်ကျလာတယ်။
သူ့မှာဝန်းရံနေတဲ့နတ်ဆိုးစွမ်းအင်တွေအားလုံး လွင့်ပျောက်သွားတယ်။
ပိုင်ရန်လည်း ကြမ်းပြင်ပေါ်လဲကျသွားတယ်။
နတ်ဆိုးဘုရင်ကြီးကတော့ နေရာမှာတင်ရပ်နေတယ်။
ပိုင်ရန်ကြမ်းပြင်ပေါ်ကနေ ကုန်းရုံးထလာတယ်။ မီးတောက်တွေမရှိတော့တာမြင်တော့ နတ်ဆိုးဘုရင်ကြီးသတိပြန်ကပ်လာပြီဆိုတာ သိသွားတယ်။ သူ့ကိုယ်သူတည်ငြိမ်သွားအောင်ကြိုးစားပြီး အသံအက်အက်နဲ့ပြောလိုက်တယ် “အရှင်ကြီး သတိပြန်လည်လာပါပြီလား?”
နတ်ဆိုးဘုရင်ကြီးနောက်ဆုတ်သွားပြီးနောက် သတိလစ်သွားသလိုမျိုး ကြမ်းပေါ်လဲကျသွားတယ်။
ပိုင်ရန်ဝမ်းတွင်းမှာ မကျေနပ်ချက်တွေပြည့်နှက်လာပြီး ကန်ကျောက်မိမတတ်တောင်ဖြစ်သွားတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးလဲကျသွားတာကိုမြင်တော့ ကြည့်နေပြီးနောက် သူ့ရဲ့ကံဆိုးမှုကို ညည်းညူရုံသာတတ်နိုင်တယ်။ သူဒူးတုပ်ထိုင်ပြီး နတ်ဆိုးဘုရင်ကြီးရဲ့ပလ္လင်ဆီကို ကူသယ်ပေးလိုက်ရတယ်။
သူ့မှာသတိလစ်နေတဲ့လူတစ်ယောက်ကို ရိုက်ဖို့အင်အားရော၊ ကန်ကျောက်ဖို့ဒေါသပါ မထုတ်နိုင်ဘူး။
ချုပ်နှောင်ခံရတာတွေက လွတ်မြောက်ပြီးနောက် သူ့ရဲ့အင်အားတွေအမြန်ပြန်ရလာတယ်။ ဘယ်လိုနေနေ ဒီလိုနတ်ဆိုးမျိုးနွယ်တွေက အင်အားပြန်လည်ပြည့်ဖြိုးနိုင်တဲ့စွမ်းရည်က ကောင်းမွန်တယ်၊ အထူးသဖြင့် အဆင့်မြင့်နတ်ဆိုးတွေဆိုရင်ပေါ့။
နတ်ဆိုးဘုရင်ကြီးကို ထာဝရအမှောင်ထုနန်းတော်ထဲက သူ့အိပ်ရာပေါ်ဆွဲတင်နိုင်ဖို့ ပိုင်ရန်အတော်ကြီးအင်အားစိုက်ထုတ်လိုက်ရတယ်။ နတ်ဆိုးဘုရင်ကြီးက လုံးဝနိုးမလာဘဲ အိပ်ရာပေါ်မှာလဲလျောင်းနေတယ်။
ပိုင်ရန် အိပ်ပျော်နေတဲ့နတ်ဆိုးဘုရင်ကြီးရဲ့ ချောမောခန့်ညားတဲ့မျက်နှာကိုကြည့်ရင်း သုန်မှုန်လာတယ်။
နတ်ဆိုးဘုရင်ကြီးရဲ့ ချီကမောက်ကမဖြစ်စဉ်က သူ့ရဲ့သွေးကိုစုပ်ပြီး သူ့ကိုယ်ကိုဆော့ကစားရင်း ပိုင်ရန်ပေါ်မှာ ‘လည်ပတ်’သွားတာ…  တကယ်လို့နတ်ဆိုးဘုရင်ကြီးသာ ဒီလိုမျိုးဆက်လုပ်နေရင် ပိုင်ရန်ရဲ့ကျန်ရှိတဲ့သက်တမ်းတစ်လျှောက် အဆော့ခံရတာနဲ့တင်သေလိမ့်မယ်။
သူအဖြေရှာဖို့လိုတယ်…
ဟုတ်သားပဲ ကျောက်စိမ်းတိမ်လွှာပုလဲ!
သူသာကျောက်စိမ်းတိမ်လွှာပုလဲကို ရှာနိုင်ရင် နတ်ဆိုးဘုရင်ကြီးရဲ့ချီကမောက်ကမဖြစ်မှုကို ကုသပေးနိုင်မှာ။
သူနတ်ဆိုးဘုရင်ကြီးကို ကုပေးနိုင်ရင် သူ့ကိုကျေးဇူးတုန့်ပြန်ရာလည်းရောက်ပြီး သူလည်းစိတ်ရှင်းသွားတာပေါ့။ သေမျိုးတွေလောကမှာ မကောင်းဆိုးဝါးနဂါးတစ်ကောင်ရှိတာကို သူပြန်သတိရသွားတယ်။ အဲ့နဂါးကြီးရဲ့တောကောင်ကြီးကိုသာ သူဖမ်းလိုက်ပြီး ဇာတ်လိုက်ကိုပေးလိုက်နိုင်မယ်ဆိုရင် ဇာတ်လိုက်ရဲ့ကျင့်ကြံခြင်းတွေက အားနဲ့မာန်နဲ့တိုးတက်သွားလိမ့်မယ်။
ဟုတ်တယ်.. အဲ့လိုသူလုပ်သင့်တယ်!
သူသေမျိုးနယ်မြေကိုသွားပြီး မကောင်းဆိုးဝါးနဂါးကိုသတ်ပြီး ဇာတ်လိုက်ကိုတောကောင်ကြီးပေးလိုက်မယ်။ နတ်ဆိုးဘုရင်ကြီးမေးလာရင် နတ်ဆိုးဘုရင်ကြီးချီကမောက်ကမဖြစ်တာကိုစိုးရိမ်လို့ သေမျိုးနယ်မြေကိုသွားပြီး ကျောက်စိမ်းတိမ်လွှာပုလဲကို သွားယူတာပါလို့ ပိုင်ရန်တင်ပြလိုက်ရုံပဲ။
သူ သေမျိုးနယ်မြေကိုသွားလို့ နတ်ဆိုးဘုရင်ကြီးက သူ့ကိုအပြစ်ပေးမယ်လို့တော့ မထင်ဘူး။
ပြီးတော့ ဒီဖြစ်စဉ်မှာ ဇာတ်လိုက်ဆီကို တောကောင်ကြီးရဲ့ဗဟိုချက်ကို တိတ်တိတ်လေးပို့ပေးလို့ရတယ်။ သူ့အကြံက လုံးဝပြီးပြည့်စုံတယ်။
သူဒီည နန်းတော်ကနေ တိတ်တိတ်လေးထွက်ဖို့ကြံစည်ထားတာ။ အခုတော့ အကြောင်းပြချက်ပေးစရာပိုလာပြီ။ နောက်တစ်ခေါက်တောင်ပြန်မတွေးတော့ဘဲ ပိုင်ရန်လှည့်ထွက်ခဲ့တယ်။
သူထွက်သွားတာနဲ့ အိပ်ရာပေါ်ကလူရဲ့ မျက်လုံးတွေပွင့်လာတယ်။
နတ်ဆိုးဘုရင်ကြီး အိပ်ရာပေါ်ကထထိုင်ပြီး ပိုင်ရန့်ကိုအပြစ်မကင်းသလိုကြည့်နေတယ်။
ချီကမောက်ကမဖြစ်တုန်းက သူလုံးဝအသိစိတ်လွတ်နေခဲ့တဲ့အစပိုင်းကလွဲရင် ကျန်တဲ့အချိန်အများစုမှာ သတိကပ်နေခဲ့တယ်။ ပိုင်ရန့်ကိုဆွဲချုပ်ထားခဲ့တာကိုရော လေထဲမှာ တွဲလောင်းလုပ်ထားမိတာကိုရော ဝိုးတဝါးပြန်မှတ်မိလာတယ်…
ရှဲ့ဇီထျန်းပုံစံက သူ့ဆန္ဒမပါဘဲ လှုပ်မရပြုမရ လေထဲတွဲလောင်းဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း အနိုင်ကျင့်ခံနေရပြီး ဆွဲမက်ဖွယ်ကောင်းနေပုံလေးက…
နတ်ဆိုးဘုရင်ကြီး တခြားအကြောင်းတွေးဖို့ ကိုယ့်ကိုယ်ကိုတွန်းအားပေးလိုက်တယ်။
သူလုံးဝသတိပြန်ကပ်ချိန်မှာ ပထမဆုံးစမြင်လိုက်တာက ရှဲ့ဇီထျန်းရဲ့မျက်နှာပဲ။ ရှဲ့ဇီထျန်းက မာနကြီးတဲ့လူတစ်ယောက်ဆိုတော့ ဒီလိုအထင်မှားဖွယ်အခြေအနေကြီးကို တစ်စုံတစ်ယောက်သာမြင်သွားခဲ့ရင် အရှက်တကွဲဖြစ်မယ်ဆိုတာသူသိတယ်။ အဲ့တာကြောင့် နတ်ဆိုးဘုရင်ကြီးသတိဝင်ဝင်ချင်းရွေးခြယ်လိုက်တာက ရှောင်လွှဲလိုက်ဖို့ဖြစ်တယ်။
ကြီးကျယ်မြင့်မြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက သတိလစ်ချင်ယောင်ဆောင်လိုက်ရတယ်။
ရှဲ့ဇီထျန်းကတော့ အသည်းအသန်ပြန်ထွက်သွားပြီ။ သူဘယ်ကိုသွားလဲ ဘယ်သူသိနိုင်မှာလဲ?
နတ်ဆိုးဘုရင်ကြီး စိတ်ပူနေတာကို မထိန်းချုပ်နိုင်ဘူး။ သူအိပ်ရာကနေထကာ နန်းတော်ပြင်ထွက်သွားတဲ့ ပိုင်ရန့်နောက်ကို တိတ်တိတ်လေးလိုက်သွားတယ်။
သူ့ကိုယ်သူဖုံးကွယ်ထားရင် ဘယ်သူမှသူ့ရဲ့နတ်ဆိုးစွမ်းအင်ကို အာရုံခံနိုင်မှာမဟုတ်ဘူး။ သူလိုက်လာတယ်ဆိုတာ ပိုင်ရန်ဘယ်တော့မှ သိမှာမဟုတ်ဘူး။
[T/N : အရမ်းကြီးတွေ ဟိုဒင်းဖြစ်မယ်ထင်တယ်ဆိုပြီး လျှောက်မတွေးကြပါဘူးနော်။]