ထယ္ေယာင္း အ႐ွင့္မႉးမတ္တို႔ႏွင့္အတူ အ႐ွင့္အေဆာင္ကိုေရာက္႐ွိလို႔လာသည္။
စိတ္လႈပ္႐ွားလြန္းတာမို႔ လက္ဖဝါးႏွစ္ဖက္ကို တင္းတင္း ဆုပ္ကိုင္ထားမိသည္။
နန္းေဆာင္အတြင္းသို႔ ဝင္ေရာက္ေတာ့ ခ်စ္ရတဲ့အ႐ွင္က ထိုင္ခံုေပါ့တြင္ အခန္႔သား။
အ႐ွင့္ေဘးပတ္ဝန္းက်င္တြင္ေတာ့ ပစ္ခြဲထားတဲ့ ပစၥည္းတို႔က ဟိုတစ္စ ဒီတစ္စ ကို ထယ္ေယာင္း အံ့ျသစြာျမင္ေတြ႔သည္။
ထိုပစၥည္းမ်ားကို ေတြ႔ကတည္းက သိလိုက္တာက အ႐ွင္တစ္ခုခုကို စိတ္တိုေနၿပီ ဆိုတာကိုေပါ့။
ထယ္ေယာင္း အ႐ွင့္ကို ေၾကာင္ၾကည့္ေနမိတုန္းမွာပဲ အ႐ွင္က သူ႔မူပိုင္ မဲ့ျပံဳးတစ္ခုကို ပန္ဆင္ရင္း ထယ္ေယာင္းကို ခပ္တင္း
တင္းစိုက္ၾကည့္သည္။
ထယ္ေယာင္းလည္း ထိုအခါမွ အသိစိတ္ဝင္ၿပီး အ႐ွင့္ကိုဂါရဝ ျပဳရေတာ့သည္။
"အ႐ွင့္ကို ကြၽန္ေတာ္ ကင္မ္ထယ္ေယာင္း ဂါရဝျပဳပါတယ္"
"အဲ့ဖိနပ္ကို ခြၽတ္လိုက္"
အ႐ွင္က ထိုင္ခံုေပၚတြင္ ခပ္ေလ်ာ့ေလ်ာ့ ထိုင္ရင္းေျပာသည္။
ထယ္ေယာင္းလည္း အ႐ွင့္ေျပာသည့္အတိုင္း ဖိနပ္ကို ခြၽတ္ၿပီး ေခါင္းငံု႔ေနလိုက္သည္။
"လာခဲ့ အဲ့အကြဲေတြကို ဖိနင္းၿပီး ငါ့ဆီတစ္လွမ္းခ်င္းေလွ်ာက္လာခဲ့"
ထယ္ေယာင္းလည္း မေန႔ကမွ သိပ္ဂ႐ုစိုက္ေပးၿပီးမွ အခုႏွိပ္စက္ေနတဲ့ အ႐ွင့္ကို အံ့ျသမိေပမယ့္ အ႐ွင့္အမိန္႔အတိုင္းသာ
ျပဳလုပ္ရန္ ဆံုးျဖတ္သည္။
နာက်င္မႈကို က်ိတ္မွိတ္ခံရင္း အကြဲအေၾကမ်ားကို ဖိနင္းကာ အ႐ွင့္ဆီသို႔ တစ္လွမ္းခ်င္းေလွ်ာက္သြားမိသည္။
ေျခေထာက္က စိုစိစိ အထိအေတြ႕ေၾကာင့္ ေသြးေတြထြက္လာၿပီဆိုတာက ေသခ်ာသည္။
မ်က္ရည္က်ရန္မရည္ရြယ္ပါဘဲ နာက်င္မႈေၾကာင့္ မ်က္ဝန္းထက္မွ မ်က္ရည္ၾကည္တို႔ တစ္လိမ့္ခ်င္းစီးက်လာသည္။
အသိစိတ္က ကပ္တစ္ခ်က္ မကပ္တစ္ခ်က္ျဖစ္ေနခ်ိန္မွာပဲ အ႐ွင့္ေ႐ွ႕သို႔ ေရာက္လာသည္။
ထယ္ေယာင္း အ႐ွင့္ေ႐ွ႕တြင္ ဒူးေထာက္ထိုင္ခ်ရင္း ေခါင္းငံု႔ထားသည္။
အ႐ွင္ကေတာ့ သနားဟန္မထင္။
ခပ္ဟဟ ျပံဳးၿပီး ထယ္ေယာင္းဆံပင္႐ွည္႐ွည္တို႔ကို ဆုပ္ကိုင္သည္။
"အမိန္႔ကို သိပ္နာခံတာပါလား ကင္မ္ထယ္ေယာင္း ငါ့ခြင့္ျပဳခ်က္မပါဘဲ ျပန္သြားတာကေတာ့ ငါ့ကို ဆန္႔က်င္တာပဲ"
ထယ္ေယာင္း ထိုအခါမွ သေဘာေပါက္မိေတာ့သည္။
အ႐ွင္က ထိုအျခင္းအရာေၾကာင့္ ဒီလိုေတြ အျပစ္ေပးတာလား။ ကြၽန္ေတာ္က အလိုက္သိခဲ့ရံုပါ အ႐ွင္ရယ္။
"အ႐ွင္ အဲ့ဒါက ကြၽန္ေတာ္ "
*ေျဖာင္း*
ထယ္ေယာင္းရဲ႕ ပါးျပင္ေပၚသို႔ အ႐ွင့္ရဲ႕ ခပ္ၾကမ္းၾကမ္း႐ိုက္ခ်က္ေၾကာင့္ ထယ္ေယာင္းကိုယ္ေလး တစ္ဖက္သို႔ လည္ထြက္သြားသည္။
ေခါင္းေတြအရမ္း ထိုးကိုက္လာသလို ေျခေထာက္က နာက်င္မႈသည္လည္း အတိုင္းအဆမဲ့။
"မင္းက ငါ့ကို အာခံရဲတယ္ေပါ့ ကင္မ္ထယ္ေယာင္း"
အ႐ွင္သည္ ေဒါသအလြန္ထြက္ေနၿပီး က်ယ္ေလာင္စြာေအာ္ကာ ထယ္ေယာင္းရင္ဘက္ကို သူ၏ဖိနပ္ျဖင့္ ဖိနင္း
သည္။
ထယ္ေယာင္းမွာလည္း သတိက ရတစ္ခ်က္ မရတစ္ခ်က္ အေျခအေန။
ဘာျဖစ္လို႔လည္း အ႐ွင္ရယ္ ကြၽန္ေတာ္ ႐ွင္းျပဖို႔ ႀကိဳးစားခဲ့ရံုပါ
ကြၽန္ေတာ္က အခ်စ္ခံရဖို႔ ကံမပါလာခဲ့ဘူးထင္တယ္ အ႐ွင္ရယ္။
ကြၽန္ေတာ္ေပးခဲ့တဲ့ ခ်စ္ျခင္းတရားတိုင္းက နာက်င္မႈေတြနဲ႔ပဲ အဆံုးသတ္သြားခဲ့တယ္ အ႐ွင္။
ဒါေပမယ့္ အျမဲမွန္ကန္ေနမဲ့အမွန္တရားတစ္ခု ေသေလာက္ေအာင္ ရက္စက္ေနရက္ေတာင္ ကြၽန္ေတာ္က အ႐ွင့္ကို
သိပ္ခ်စ္တယ္။
အ႐ွင္က ေဘးနားမွ ၾကာပြတ္ကို ဆြဲယူၿပီး ထယ္ေယာင္းအေပၚသို႔ ျပင္းထန္တဲ့ ႐ိုက္ခ်က္တို႔ကို ေပးေတာ့သည္။
ထယ္ေယာင္းမွာေတာ့ နာက်င္လြန္း၍ ေအာ္ဖို႔ေတာင္ မတတ္ႏိုင္ေတာ့။
ေနာက္ဆံုးမွာေတာ့ မ်က္လံုးတို႔က စင္းက်ၿပီး အ႐ွင္ဖန္တီးေပးေသာ အေမွာင္ထုထဲသို႔ တိုးဝင္သည္။
ထိုအခါမွ အ႐ွင္ယြန္းဂီသည္လည္း ထယ္ေယာင္းေဘးတြင္ထိုင္ကာ ထယ္ေယာင္းကိုယ္ေလးကို ေထြးေပြ႔ထားမိသည္။
"ငါက မင္းကို စြဲလမ္းေနမိရင္ေတာင္ ငါ့ကို ဆန္႔က်င္လာတဲ့ အခါ ႐ွင္းထုတ္ပစ္ဖို႔ ဝန္မေလးဘူး ကင္မ္ထယ္ေယာင္း"
ျပတ္သားစြာတစ္လံုးခ်င္းထြက္ေပၚလယသည့္ အ႐ွင္ယြန္းဂီရဲ႕ ခပ္႐ွ႐ွအသံတို႔ႏွင့္ဆန္႔က်င္စြာ ထယ္ေယာင္းကေတာ့ တစ္ကိုယ္လံုး ျဖဴေဖ်ာ့ၿပီး ေသြးကြက္တို႔ႏွင့္ သတိေမ့ေနခဲ့သည္။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
ထယ်ယောင်း အရှင့်မှူးမတ်တို့နှင့်အတူ အရှင့်အဆောင်ကိုရောက်ရှိလို့လာသည်။
စိတ်လှုပ်ရှားလွန်းတာမို့ လက်ဖဝါးနှစ်ဖက်ကို တင်းတင်း ဆုပ်ကိုင်ထားမိသည်။
နန်းဆောင်အတွင်းသို့ ဝင်ရောက်တော့ ချစ်ရတဲ့အရှင်က ထိုင်ခုံပေါ့တွင် အခန့်သား။
အရှင့်ဘေးပတ်ဝန်းကျင်တွင်တော့ ပစ်ခွဲထားတဲ့ ပစ္စည်းတို့က ဟိုတစ်စ ဒီတစ်စ ကို ထယ်ယောင်း အံ့သြစွာမြင်တွေ့သည်။
ထိုပစ္စည်းများကို တွေ့ကတည်းက သိလိုက်တာက အရှင်တစ်ခုခုကို စိတ်တိုနေပြီ ဆိုတာကိုပေါ့။
ထယ်ယောင်း အရှင့်ကို ကြောင်ကြည့်နေမိတုန်းမှာပဲ အရှင်က သူ့မူပိုင် မဲ့ပြုံးတစ်ခုကို ပန်ဆင်ရင်း ထယ်ယောင်းကို ခပ်တင်း
တင်းစိုက်ကြည့်သည်။
ထယ်ယောင်းလည်း ထိုအခါမှ အသိစိတ်ဝင်ပြီး အရှင့်ကိုဂါရဝ ပြုရတော့သည်။
"အရှင့်ကို ကျွန်တော် ကင်မ်ထယ်ယောင်း ဂါရဝပြုပါတယ်"
"အဲ့ဖိနပ်ကို ချွတ်လိုက်"
အရှင်က ထိုင်ခုံပေါ်တွင် ခပ်လျော့လျော့ ထိုင်ရင်းပြောသည်။
ထယ်ယောင်းလည်း အရှင့်ပြောသည့်အတိုင်း ဖိနပ်ကို ချွတ်ပြီး ခေါင်းငုံ့နေလိုက်သည်။
"လာခဲ့ အဲ့အကွဲတွေကို ဖိနင်းပြီး ငါ့ဆီတစ်လှမ်းချင်းလျှောက်လာခဲ့"
ထယ်ယောင်းလည်း မနေ့ကမှ သိပ်ဂရုစိုက်ပေးပြီးမှ အခုနှိပ်စက်နေတဲ့ အရှင့်ကို အံ့သြမိပေမယ့် အရှင့်အမိန့်အတိုင်းသာ
ပြုလုပ်ရန် ဆုံးဖြတ်သည်။
နာကျင်မှုကို ကျိတ်မှိတ်ခံရင်း အကွဲအကြေများကို ဖိနင်းကာ အရှင့်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားမိသည်။
ခြေထောက်က စိုစိစိ အထိအတွေ့ကြောင့် သွေးတွေထွက်လာပြီဆိုတာက သေချာသည်။
မျက်ရည်ကျရန်မရည်ရွယ်ပါဘဲ နာကျင်မှုကြောင့် မျက်ဝန်းထက်မှ မျက်ရည်ကြည်တို့ တစ်လိမ့်ချင်းစီးကျလာသည်။
အသိစိတ်က ကပ်တစ်ချက် မကပ်တစ်ချက်ဖြစ်နေချိန်မှာပဲ အရှင့်ရှေ့သို့ ရောက်လာသည်။
ထယ်ယောင်း အရှင့်ရှေ့တွင် ဒူးထောက်ထိုင်ချရင်း ခေါင်းငုံ့ထားသည်။
အရှင်ကတော့ သနားဟန်မထင်။
ခပ်ဟဟ ပြုံးပြီး ထယ်ယောင်းဆံပင်ရှည်ရှည်တို့ကို ဆုပ်ကိုင်သည်။
"အမိန့်ကို သိပ်နာခံတာပါလား ကင်မ်ထယ်ယောင်း ငါ့ခွင့်ပြုချက်မပါဘဲ ပြန်သွားတာကတော့ ငါ့ကို ဆန့်ကျင်တာပဲ"
ထယ်ယောင်း ထိုအခါမှ သဘောပေါက်မိတော့သည်။
အရှင်က ထိုအခြင်းအရာကြောင့် ဒီလိုတွေ အပြစ်ပေးတာလား။ ကျွန်တော်က အလိုက်သိခဲ့ရုံပါ အရှင်ရယ်။
"အရှင် အဲ့ဒါက ကျွန်တော် "
*ဖြောင်း*
ထယ်ယောင်းရဲ့ ပါးပြင်ပေါ်သို့ အရှင့်ရဲ့ ခပ်ကြမ်းကြမ်းရိုက်ချက်ကြောင့် ထယ်ယောင်းကိုယ်လေး တစ်ဖက်သို့ လည်ထွက်သွားသည်။
ခေါင်းတွေအရမ်း ထိုးကိုက်လာသလို ခြေထောက်က နာကျင်မှုသည်လည်း အတိုင်းအဆမဲ့။
"မင်းက ငါ့ကို အာခံရဲတယ်ပေါ့ ကင်မ်ထယ်ယောင်း"
အရှင်သည် ဒေါသအလွန်ထွက်နေပြီး ကျယ်လောင်စွာအော်ကာ ထယ်ယောင်းရင်ဘက်ကို သူ၏ဖိနပ်ဖြင့် ဖိနင်း
သည်။
ထယ်ယောင်းမှာလည်း သတိက ရတစ်ချက် မရတစ်ချက် အခြေအနေ။
ဘာဖြစ်လို့လည်း အရှင်ရယ် ကျွန်တော် ရှင်းပြဖို့ ကြိုးစားခဲ့ရုံပါ
ကျွန်တော်က အချစ်ခံရဖို့ ကံမပါလာခဲ့ဘူးထင်တယ် အရှင်ရယ်။
ကျွန်တော်ပေးခဲ့တဲ့ ချစ်ခြင်းတရားတိုင်းက နာကျင်မှုတွေနဲ့ပဲ အဆုံးသတ်သွားခဲ့တယ် အရှင်။
ဒါပေမယ့် အမြဲမှန်ကန်နေမဲ့အမှန်တရားတစ်ခု သေလောက်အောင် ရက်စက်နေရက်တောင် ကျွန်တော်က အရှင့်ကို
သိပ်ချစ်တယ်။
အရှင်က ဘေးနားမှ ကြာပွတ်ကို ဆွဲယူပြီး ထယ်ယောင်းအပေါ်သို့ ပြင်းထန်တဲ့ ရိုက်ချက်တို့ကို ပေးတော့သည်။
ထယ်ယောင်းမှာတော့ နာကျင်လွန်း၍ အော်ဖို့တောင် မတတ်နိုင်တော့။
နောက်ဆုံးမှာတော့ မျက်လုံးတို့က စင်းကျပြီး အရှင်ဖန်တီးပေးသော အမှောင်ထုထဲသို့ တိုးဝင်သည်။
ထိုအခါမှ အရှင်ယွန်းဂီသည်လည်း ထယ်ယောင်းဘေးတွင်ထိုင်ကာ ထယ်ယောင်းကိုယ်လေးကို ထွေးပွေ့ထားမိသည်။
"ငါက မင်းကို စွဲလမ်းနေမိရင်တောင် ငါ့ကို ဆန့်ကျင်လာတဲ့ အခါ ရှင်းထုတ်ပစ်ဖို့ ဝန်မလေးဘူး ကင်မ်ထယ်ယောင်း"
ပြတ်သားစွာတစ်လုံးချင်းထွက်ပေါ်လယသည့် အရှင်ယွန်းဂီရဲ့ ခပ်ရှရှအသံတို့နှင့်ဆန့်ကျင်စွာ ထယ်ယောင်းကတော့ တစ်ကိုယ်လုံး ဖြူဖျော့ပြီး သွေးကွက်တို့နှင့် သတိမေ့နေခဲ့သည်။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili