#Unicode#
ဇာမဏီဟိဏ်း တစ်ယောက် မနက်ခင်း အိပ်ယာ ထကတည်းက ကုမ္မဏီသွားဖို့ ပြင်ဆင်နေလေသည်။ အ၀တ်ဗီရို ရှေ့မှာ အ၀တ်တွေကို တစ်ထည်ပြီး တစ်ထည်လဲလို့နေလေသည်။ ၀တ်ကြည့်လိုက်၊ စိတ်တိုင်းမကျရင် ပြန်လဲလိုက်နှင့် အလုပ်ကိုရှုပ်နေတော့သည်။ အတော်အတန်ကြာ လဲလိုက်၊ချွတ်လိုက် လိုက်နေသေးသည်။ နောက်ဆုံးတော့
စိတ်တိုင်းကျသွားဟန်တူတဲ့ ၀တ်စုံကို တွေ့သွားပြီနဲ့ တူပါရဲ့။
နဂို၀တ်ထားတာကိုချွတ်ပြီး စိတ်တိုင်းကျတဲ့ ၀တ်စုံကို ပြန်လဲ၀တ်လိုက်သည်။ ပြီးနောက် အ၀တ်ဗီရိုက မှန်ရှေ့နား သွားရပ်ပြီး ကိုယ့်ကိုယ်ကို ကြည့်နေလေသည်။ မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်ပြီး စိတ်ကျေနပ်တဲ့ အပြုံးလေး ပြုံးလိုက်လေသည်။ ပြီးနောက် အခန်းထဲက ထွက်လာခဲ့လိုက်တော့သည်။
အောက်ထပ်ကို ဆင်းလာတော့ ကော်ဖီခွက်ကိုကိုင်ရင်း စိုက်ကြည့်နေတဲ့ အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းကို ဇာမဏီဟိဏ်း တွေ့လိုက်ရလေသည်။ ဇာမဏီဟိဏ်းမှာ လေတစ်ချွန်ချွန်နှင့် လှေကားက ဆင်းလာရာကနေ လှမ်းမေးလိုက်တော့၏။
"အကို ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ"
"အော်...... တစ်ခါမှ ကုမ္မဏီကို စောစောသွားတဲ့ သူဌေးကို မမြင်ဖူးလို့ ကြည့်နေတာလေ"
"ဟား.....ဟား.....အကိုကလည်း ဘာများလဲလို့" ဆိုကာ ဇာမဏီဟိဏ်း ခပ်ရို့ရို့လေး ရယ်ရင်း ပြောလိုက်သည်။
"တစ်ကယ် ကုမ္မဏီကို သွားတော့မှာပေါ့လေ"
"ဟုတ်တယ်လေ.... အလုပ် သွားတော့မှာလေ"
"မနက်ခြောက်နာရီကြီး.....အစောကြီးကိုလေ"
"အင်းလေ.....ဘာများ ဖြစ်နေလို့လဲ"
"ငါသိတာကတော့ သူဌေးတွေက ၀န်ထမ်းတွေရောက်ပြီးမှ လာရတာမဟုတ်ဘူးလား"
"ဟုတ်လား....အဲ့တာဆို ကျွန်တော်က အဲ့စနစ်ကို ဖျောက်ရတော့မယ်ထင်တယ်" ဟု ဇာမဏီဟိဏ်း တစ်ယောက် အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းကို ပြုံးပြီး ပြောလိုက်ပါလေသည်။
"ကဲ.....အဲ့တာဆို အစောကြီးသွားပြီး ကုမ္မဏီမှာ ဘာလုပ်မှာလဲ"
"အမ်......လုပ်စရာရှိလို့ပေါ့ အကိုရ၊ အကို့ကို ပြောပြလည်း သိလောက်မှာ မဟုတ်ပါဘူး" ဆိုကာ ဇာမဏီဟိဏ်း တစ်ယောက် ကားသော့ကို ယူကာ မြောက်ကြွမြောက်ကြွဖြင့် အိမ်ပြင်ထွက်သွားလေတော့သည်။
အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းမှာတော့ ညီဖြစ်သူ တစ်ခုခုဖြစ်နေပြီဆိုသည့် မျက်နှာထားဖြင့် အိမ်ထဲတွင် ကျန်ရစ်ခဲ့တော့သည်။
ဇာမဏီဟိဏ်း ကားထဲကို ၀င်ကာ ကားစက်နိုးလိုက်သည်။ ပြီးတော့ ခြံ၀င်းထဲက မထွက်သေးဘဲ ဖုန်းကိုယူကာ ဇေယျာထက်မြတ် ဆိုသည့် contactဆီသို့ စာလေး ရိုက်ပို့လိုက်လေသည်။
ကားလေးဟာ ခြံ၀င်းကနေ ထွက်လာပြီးတော့ 'Meet U'cafeကို ဦးတည်လေသည်။ Cafeကိုရောက်တော့
ဇာမဏီဟိဏ်းမှာ ဆိုင်ထဲ၀င်သွားလိုက်ပြီး ကောင်တာနားလေးသို့ သွားလိုက်သည်။
"ဘာများသုံးဆောင်ပါမလဲ အကို"
"ဟိုလေ အကူအညီတစ်ခုတောင်းလို့ရမလား ညီမလေး"
"ဟုတ် ပြောကြည့်ကြည့်လေ အကို"
"ဟိုလေ ဟိုဘက်လမ်းကြားက တိုက်ခန်းမှာနေတဲ့ ပန်းဆိုင်ဖွင့်ထာူတဲ့ အကိုကို သိတယ်မလား"
"အော်...ဟုတ်ကဲ့ သိပါတယ်ရှင့်"
"အဲ့တာဆိုရင်လေ သူလာရင် cappuccinoနဲ့ sandwichပေးလိုက်လို့ရလား"
"ဟုတ် ရပါတယ် ပေးလိုက်ပါ့မယ်"
"အဲ့တာဆို ဘယ်လောက်လောက်ကြမလဲ"
"သုံးထောင့်ငါးရာပါ အကို"
ဇာမဏီဟိဏ်း တစ်ယောက် ပိုက်ဆံအိတ်ထဲက ငွေငါးထောင်တန်လေးကို ထုတ်ပေးလိုက်သည်။ ကောင်တာကကောင်မလေးက ငွေကိုယူပြီး အမ်းငွေပြန်ထုတ်ပေးနေလေသည်။
"ကျေးဇူးတင်ပါတယ် ခုလိုအားပေးလို့"
"ဟုတ်" ဆိုကာ ဇာမဏီဟိဏ်း ဆိုင်ကထွက်ဖို့ ခြေလှမ်းပြင်လိုက်ပြီးမှ ကောင်တာဘက် ပြန်လှည့်လာကာ လှမ်းအော်ပြောလိုက်လေသည်။
"အော်မေ့တော့မလို့....ညီမလေး ဇာမဏီဟိဏ်း ပေးတာလို့ ပြောပေးလို့ရလား"
"ဟုတ် ပြောလိုက်ပါမယ်ရှင့်"
ဇာမဏီဟိဏ်းလည်း ပြောပြီးသည်နှင့် ဆိုင်ထဲက တန်းထွက်လာလိုက်သည်။ ပြီးတော့ ကားပေါ်တက်လိုက်လေသည်။ ကိုယ့်ကိုယ်ကို သဘောတွေကျရင်း ပြုံးလိုက်ကာ ကုမ္မဏီသို့ မောင်းသွား လေတော့သည်။
~~~~~
ညတုန်းက ဇေယျာ ရင်တွေခုန်လွန်းလို့ ဘယ်ချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ ခုလည်း အိပ်ယာထ နောက်ကျလေပြီ။ ဇေယျာ အပျင်းကြောဆန့်လိုက်ရင်း အားသွင်းထားတဲ့ ဖုန်းလေးကို လှမ်းယူလိုက်သည်။ ဇေယျာ ဖုန်းကိုယူပြီး လိုင်းဖွင့်ရမှာ တွန့်ဆုတ်နေလေသည်။ အကြောင်းအရင်းကတော့ အရင်လို စာမပို့ထားတာမျိုး ထပ်ဖြစ်မှာ စိုးရိမ်နေလို့ပင်။ ဇေယျာ အားယူကာ လိုင်းဖွင့်လိုက်တော့သည်။ လိုင်းဖွင့်ဖွင့်ချင်းဘဲ "တိန်"ဆိုတဲ့ နိုတီတက်တဲ့ အသံလေး ထွက်ပေါ်လာလေတော့သည်။
ဇေယျာ ချက်ချင်းပင် ဖုန်းကို ရင်ဘက်နှင့် ကပ်ထားလိုက်သည်။ ဘာကြောင့်ဆို သူငယ်ချင်းတွေ စာပို့ရင် ပို့ထားတာလဲဖြစ်နိုင်သလို၊ group chatက စာတွေလည်း ဖြစ်နိုင်လို့ဘဲလေ။ ဇေယျာ ရင်ဘက်နှင့် ဖိထားတဲ့ ဖုန်းကို ဖြေးဖြေးချင်း ခွာလိုက်သည်။ မြင်လိုက်ရတဲ့ စာကြောင့် ဇေယျာထခုန်မိမတက် ပျော်သွားရလေသည်။
ဖုန်းscreenပေါ်မှာ 'ဇာမဏီ ဟိဏ်း' ဆိုသည့် နာမည်ပေါ်နေလို့ပင် ဖြစ်သည်။ ဇေယျာ ချက်ချင်းဘဲ ပို့ထားတဲ့ စာလေးကို ကြည့်ကြည့်လိုက်သည်။
"Morning ခလေး....အဲ...ဇေယျာ"ဆိုပြီး ပို့ထားခြင်းဖြစ်လေသည်။ ပြီးတော့လည်း ပို့ထားတာက တစ်နာရီသာ ကြာသာ ရှိသေးသည်။ ခုက ခုနှစ်နာရီခွဲနေပြီဆိုတော့ ခြောက်နာရီလောက်က ပို့ထားတာ ထင်လေရဲ့။ သုံးနှစ်ကြာတော့မှ အကိုဇာမဏီအကောင့်က သက်၀င်လှုပ်ရှားလာတော့သည်။ မီးမစိမ်းတော့တဲ့ အကောင့်က အခုဆို '1hour ago' တောင်ဖြစ်လို့နေလေပြီ။
ဇေယျာ 'morning'ဆိုတဲ့စာသားလေးကို ကြည့်ကာ ပြုံးနေတော့သည်။ ဆိုင်သွားဖွင့်ရန် သတိရတော့မှပင် ဖုန်းကိုလက်ကချကာ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ သွားလိုက်သည်။
မျက်နှာသစ်ပြီးတော့ အ၀တ်အစားလဲကာ မှတ်တင်ခုံရှေ့မှာထိုင်လိုက်သည်။ မှန်ထဲတွင် ကိုယ့်ကိုယ်ကို ကြည့်ကာ
ကျေနပ်သည့် အပြုံးလေး တစ်ခု ဖန်တီးလိုက်လေသည်။ ဇေယျာသည် အရင်လို ထိုင်းမှိုင်းမနေတော့တာ မူဆယ်ကပြန်လာကတည်းကပင် ဖြစ်ချေသည်။
ဇေယျာ ထိုင်နေရာက ထလိုက်ကာ ကုတင်ပေါ်က ဖုန်းလေးကို လှမ်းယူလိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းကိုထည့်လိုက်ပြီး ဗီရိုထဲက အနွေးထည်ကုတ် မတိုမရှည်တစ်ထည်ကို
ယူ၀တ်လိုက်သည်။ စားပွဲပေါ် တင်ထားသည့် ကားသော့လေးကိုယူလိုက်ကာ အောက်ထပ် ဆင်းလာလိုက်သည်။ အောက်ထပ်ရောက်တော့ တံမြက်စည်းလှဲနေတဲ့ တိုက်ခန်းပိုင်ရှင်အဒေါ်ကြီးကို တွေ့တာနဲ့ နှုတ်ဆက်လိုက်လေသည်။
"မောနင်း အန်တီ"
"အော်....အော် မောနင်းပါ သား"
ဇေယျာ အန်တီကြီးကို ပြုံးပြလိုက်သည်။ ပြီးနောက် ကားနားသွားကာ အထဲ၀င်မလို့ လုပ်တော့ ထိုအန်တီကြီးက ပြန်ပြောလာလေသည်။
"ဒီနေ့ တူလေး စိတ်တွေကြည်နေပါလား..... ပြုံးလို့ရွှင်လို့"
"ဟုတ်လား အန်တီ.... ဘယ်လိုသိတာလဲ"
"အမလေး.... ပြုံးဖီးနေတာ နားရွက်တောင်တက်ချိတ်တော့မယ်"
"ဟဲ....ဟဲ အဲ့လောက်ထိဖြစ်သွားတာလား"
"အေးပေါ့ ဘာများပျော်စရာရှိလို့လဲ ငါ့တူရေ"
"ပျော်စရာလား...မရှိပါဘူး....ဒီအတိုင်းဘဲ ပျော်လို့....
သွားပြီနော် အန်တီ"
ဇေယျာ တိုက်ခန်းပိုင်ရှင် အန်တီကြီးကို နှုတ်ဆက်ကာ
ကားမောင်းသွားတော့သည်။ ကားလေးက မူဆယ်သွားတုန်းက ပစ်သွားတော့ ဖုန်တက်နေပြီဘဲ ဖြစ်သည်။ ဆိုင်နဲ့ တိုက်ခန်းနဲ့က သိပ်မဝေး ပေမယ့်လည်း ဒီနေ့တော့ ကားယူသွားချင် စိတ်ဖြစ်နေလို့ ကားယူလာလိုက်လေသည်။ ခါတိုင်းဆိုရင်တော့ ဆိုင်ကို လမ်းလျှောက်သွားနေကြလေ။ နေ့လည်လောက်မှ ကားကိုရေဆေးဆီလိုက်ပို့မယ် ဆိုပြီးတော့ ဇေယျာ cafeဆိုင်ကို အရင်၀င်လိုက်သည်။
ဆိုင်ရှေ့ကို ရောက်တော့ ဇေယျာ ကားပေါ်ကဆင်းကာ ဆိုင်ထဲ၀င်သွားလိုက်သည်။ မနက်စာ စားဖို့ရန်အတွက် မှာမည်ဆိုပြီး ကောင်တာနားကို သွားလိုက်သည်။ ထိုစဉ် ကောင်တာကမိန်းကလေးက ဇေယျာကို ရုတ်တရက်ကြီး လာမေးတော့သည်။
"အကိုက ပန်းဆိုင်ကမလား"
"ဟုတ်ပါတယ် .....ညီမ ဘာဖြစ်လို့ပါလဲ"
"ဘာမှမဖြစ်ပါဘူးရှင့် ခဏလေးစောင့်ပေးပါနော်"
ဆိုပြီး ကောင်တာက မိန်းကလေးက အနောက်ဘက်၀င်သွားတော့သည်။
ဇေယျာမှာတော့ "ဘာမှမမှာရသေးဘူးလေ"ဆိုပြီး ပါးစပ်ကရေရွတ်ကာ အူတူတူဖြင့် ကျန်ခဲ့တော့သည်။
မကြာပါဘူး ကော်ဖီဗူးနဲ့ sandwichထုတ်လေး လာပေးသွားတော့သည်။ ဇေယျာကလည်း ၀ယ်နေတာကြာလို့ မှတ်မိတာနေမှာပါ ဆိုသည့်အထင်နှင့် ပိုက်ဆံရှင်းဖို့ မေးလိုက်လေသည်။
"ညီမလေး ဘယ်လောက်ကျလဲ"
"အော် အကိုပေးစရာမလိုတော့ပါဘူး....ဒါက ရှင်းပြီးသားပါ"
"ရှင်းပြီးသား ဟုတ်လား"
"ဟုတ်ပါတယ်ရှင့်"
"အကို ပိုက်ဆံတစ်ရွက်မှ မထုတ်ရသေးဘူးလေ"
"အော် ဟုတ်ပါတယ်ရှင့် တစ်ယောက်ယောက်က ရှင်းပေးထားလို့ပါ"
"ဟင်....ဟုတ်လား....အဲ့တာဆို ကျေးဇူးဘဲလို့ ပြောပေးနော်" ဆိုပြီး ဇေယျာ ကောင်တာကနေ လှည့်ထွက်ဖို့ပြင်လိုက်ချိန် ကောင်တာက ညီမလေးက လှမ်းအော်ပြောတော့သည်။
"အကိုရှင့် ဇာမဏီဟိဏ်းဆိုတဲ့သူက ပေးခိုင်းလိုက်လို့ပါ"
ဇေယျာ ကောင်တာဘက် လှည့်လိုက်ကာ တစ်ချက်ပြုံးပြလိုက်သည်။ ဒါနဲ့ဘဲ ဇေယျာ ဆိုင်ပြင်ဘက် ထွက်လာကာ ကားထဲ၀င်လိုက်ပြီး ဆိုင်ဘက် မောင်းသွားလိုက်တော့သည်။
ဆိုင်ရှေ့ရောက်တော့ မိုးထက် စောင့်နေတာကို တွေ့ရလိုက် လေသည်။ အစောကြီး မလာပါနဲ့ဆိုလည်း ပြောမရပါ။ အမြဲတမ်း ဆိုင်ရှေ့မှာ စောရောက်ပြီး စောင့်နေတတ်သည်။ ဇေယျာလည်း ကားပေါ်က ဆင်းကာ ခပ်မြန်မြန်ဘဲ ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ကော်ဖီခွက်နဲ့ မုန့်ထုတ်ကို စားပွဲပေါ်တင်ထားလိုက်ရင်း ဆိုင်ခင်းစရာရှိတာတွေ အရင်လုပ်လိုက်သည်။ အားလုံး ပြီးစီးသွားပြီဆိုကာမှ နှစ်ယောက်သား စားပွဲဝိုင်းက ထိုင်ခုံမှာ အတူတူထိုင်လိုက်ကြသည်။
ဇေယျာ စားပွဲပေါ်တင်ထားတဲ့ ကောင်ဖီကို တစ်ငုံသောက်လိုက်သည်။
"ဟူး ဆောင်းရာသီလေးမှာ ကော်ဖီသောက်ရတဲ့အရသာလေးက ကောင်းလိုက်တာ"ဆိုပြီး ဇေယျာ စကားစလိုက်လေသည်။ ပြီးနောက် sandwichကို တစ်ကိုက်လောက်ကိုက်လိုက်ကာ ပလုတ်ပလောင်းဖြင့် မိုးထက်အား ပြောလိုက်လေသည်။
"မိုးထက်ကော စားပါလား"
"တော်ပါပြီ ကျွန်တော်က စားလာပြီးပြီ ကော်ဖီဘဲသောက်တော့မယ်" ဆိုကာ မိုးထက် တစ်ယောက် ထိုင်နေရာက နေထလိုက်ပြီး ကော်ဖီဖျော်ဖို့ ကောင်တာနား သွားလိုက်လေသည်။ Nescafeအထုတ်ကို ခွက်လေးထဲဖောက်ထည့်ပြီး ရေနွေးထည့်ကာ ဇွန်းလေးနဲ့သမအောင် မွှေလိုက်သည်။ ခွက်လေးကိုယူကာ မိုးထက် ဇေယျာနား ပြန်လာပြီးထိုင်လိုက်လေသည်။
"အကို"
"ပြောလေ မိုးထက်"
"အကို ဒီနှစ်ရက်အတွင်း ပျော်နေတယ်နော်"
"ဟင် ဘယ်လိုမျိုးတုန်း မိုးထက်"
"မျက်နှာကလေးက ရွှင်ပျပျလေးဖြစ်နေတာလေ၊ ခဏကကော်ဖီဖျော်ရင်း အကို့ကို ကြည့်နေတာ အကိုက ကော်ဖီလေးသောက်လိုက် ပြုံးလိုက်နဲ့ လုပ်နေတာကိုး"
"အဲ့လောက်တောင် သိသာသွားတာလား"
"သိသာတာပေါ့ မနေ့ကလည်း ဘာမှမပြောဘဲ ကားနဲ့ထွက်သွားတယ် ...ဟော ပြန်လာပြန်တော့လည်း မျက်နှာကြီးကပြုံးဖြီးနေပြီးတော့"
"ဟုတ်လား အဲ့တာကလေ ဒီလိုဘဲ ပျော်စရာလေးရှိလို့ပါ"
နှစ်ယောက်သား စကားပြောနေကြရင်း "တိန်"ဆိုတဲ့အသံကထွက်ပေါ်လာလေသည်။ နှစ်ယောက်စလုံး ကိုယ့်ဖုန်းကိုကိုယ်စီယူကာ ကြည့်လိုက်ကြသည်။ ပြီးနောက် မိုးထက်က ဖုန်းကိုစားပွဲပေါ်ပြန်ချထားလိုက်တော့၏။
"ကျွန်တော့်ဆီက မဟုတ်တော့ အကို့ဆီကနေမှာ ဟုတ်တယ်မလား" ဆိုပြီးလည်း ပြောလာသေးသည်။
"ဟုတ်တယ် မိုးထက်" ဆိုပြီး ပြောကာ ဇေယျာ မိုးထက်ကို ပြုံးပြလိုက်သည်။
ပြီးတော့ ပို့ထားတဲ့ စာလေးကို ကြည့်လိုက်သည်။
ကိုဟိဏ်း....အဲ.....အကိုဇာမဏီဆီက စာလေ။
ပို့ထားတာက
"မနက်က မုန့်နဲ့ကော်ဖီ စားလိုက်ရလား"တဲ့လေ။
"အင်း ခုစားနေတယ်" ဆိုကာ ဇေယျာ စာပြန် ပို့လိုက်သည်။
ဇာမဏီဆီက ပြန်စာ နှစ်ခုတောင် ရောက်လာတော့သည်။
"အော်....စားနေတာလား စားစား..."
"ဒါနဲ့ မနေ့ကအပြင်သွားဖို့ ပြောထားတာ မမေ့ဘူးမလား"
"သေချာတာပေါ့ မမေ့ပါဘူး"
"အဲ့တာဆို ခုက ရှစ်ခွဲဆိုတော့ ကိုးခွဲလာခေါ်လိုက်မယ်...ကို အစည်းအဝေး ရှိနေသေးလို့"
"ရတယ်လေ"ဆိုကာ ဇေယျာ စာပို့လိုက်ပြီး ဖုန်းကိုစားပွဲပေါ်ပြန်တင်ထားလိုက်တော့သည်။
ထိုချိန် ဇေယျာ့ကို စူးစိုက်ကာ ကြည့်နေတဲ့ မိုးထက်ကိုမြင်လိုက်ရလေသည်။
"ကြည့်ပါလား အကိုပျော်နေပါတယ် ခု ဖုန်းလေးကိုင်နေတာကို ပြုံးတာငါးခါမကရှိနေပြီ"
"ဟုတ်လား အဲ့လောက်ထိတောင် ပြုံးမိသွားတာလား....သိတောင်မသိလိုက်ဘူး"
"ဘာများ ပျော်စရာရှိလို့လဲဟင် ကျွန်တော့်ကို ပြောပြပါလား"
"ဟာ.....ဒါ....ဒါက....ကလေးတွေနဲ့ မဆိုင်ဘူး...လူကြီးကိစ္စ" ဆိုကာ ဇေယျာ ပြုံးပြီး ပြောလိုက်သည်။
"အကိုကလည်း"
"ဟား....ဟား....."
ဇေယျာနှင့်မိုးထက်တို့ စကားလက်ဆုံကျနေတဲ့အချိန် တံခါးကတပ်ထားတဲ့ ခေါင်းလောင်းလေးက မြည်သွားလေသည်။
ဇေယျာနှင့် မိုးထက်တို့ တံခါးနားကို အကြည့်ရောက်သွားကြတော့သည်။ လူတစ်ယောက် ၀င်လာတာကြောင့် ဇေယျာကနေပြီးမှ အရင် ကြိုဆိုလိုက်လေသည်။
"ကြွပါခင်ဗျ ဘာများအလိုရှိလို့ပါလဲ"ဆိုကာ ပြောလိုက်သည်။
တံခါးရဲ့အလင်းပြန်မှုကြောင့် ဇေယျာတို့ ထိုသူ့ကိုကောင်းကောင်း မမြင်ရသေးပါ။ တံခါးပိတ်သွားပြီဆိုတော့ကာမှ သေချာ မြင်လိုက်ရသည်။ ဇေယျာလည်း မြင်လိုက်တော့ အံ့ဩသွားရသည်။ ဘာဖြစ်လိုလဲဆိုတော့ ဇာမဏီဟိဏ်းရဲ့အကိုဖြစ်နေလို့ဘဲလေ။ မနေ့က ခဏလေးသာ မြင်လိုက်ရပေမယ့်လည်း ဇေယျာ မှတ်မိနေလေသည်။
ထိုချိန် မိုးထက်ကနေမှ ဇာမဏီဟိဏ်း အကိုအား လက်ညိုးထိုးကာ ပြောလာလေတော့၏။
"ခင်းဗျားကြီး ဘာလာလုပ်ပြန်တာလဲ"
မိုးထက် စကားကို ကြားပြီး ဇေယျာမှာ မိုးထက်ကို
"သိနေကြတာလား"ဆိုသည့် အကြည့်ဖြင့် ကြည့်မိလိုက်တော့သည်။
ဇေယျာ အခု ဇာမဏီဟိဏ်း အကိုနဲ့ cafeမှာ တွေ့နေကြတာလေ။ ဆိုင်မှာဆိုရင် မိုးထက်က ရန်တွေ့နေမည်စိုးသောကြောင့် ဇေယျာက တစ်ခြားဆိုင်မှာ တွေ့ဖို့ ပြောလိုက်တာ ဖြစ်လေသည်။
အခု ဇေယျာမှာ ဘာပြောရမှန်းမသိ ဖြစ်လို့နေလေသည်။ ဒါနဲ့ဘဲ စားပွဲပေါ်က ကော်ဖီခွက်ကို ကိုင်လိုက်ပြီး ဇေယျာ တစ်ယောက် ပြောစရာမရှိ ရှာကျန်ပြောတော့သည်။
"ခဏတုန်းက ဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ပါတယ်.......သူက သိပ်မရင့်ကျက်သေးလို့ပါ"
"ရပါတယ် ကို သူနဲ့ ဆုံခဲ့ပြီးပါပြီ"
"ဟုတ် အဲ့တာကြောင့် ထပ်ပြီးအားနာရပါတယ်"
"ရပါတယ် ဒါနဲ့ မနေ့က ကောင်းကောင်း မိတ်မဆက်လိုက်ရဘူးနော်"
"အား....ဟုတ်ပါတယ်....ကျွန်တော်ကဘဲ စမိတ်ဆက်ပါမယ်"
"ရပါတယ်...အကိုက စိုင်းဝီလျံဟိဏ်းပါ.....ပြီးတော့ ခွန်စ၀မ်လို့လဲသိကြတယ်။ ဇာမဏီဟိဏ်းရဲ့ အကိုဆိုပါတော့"
"ဟုတ် ကျွန်တော်က ဇေယျာထက်မြတ်ပါ...တွေ့ရတာ၀မ်းသာပါတယ်"
"အင်း"လို့ စိုင်းဝီလျံဟိဏ်း ဖြေလိုက်ပြီး ကော်ဖီတစ်ငုံသောက်လိုက်သည်။
"အကိုက ဘာများသိချင်လို့ပါလဲ"လို့ ဇေယျာ မေးလိုက်တော့ စိုင်း၀ီလျံဟိဏ်းမှာ သောက်လက်စ ကော်ဖီကို စားပွဲပေါ်ပြန်ချထားလိုက်ပြီး
"ထွေထွေးထူးထူးတော့ မဟုတ်ပါဘူး.....မင်းနဲ့ ဇာမဏီနဲ့က ဘယ်လိုပတ်သက်ကြတာလဲ ဆိုတာ သိချင်ရုံလေးပါဘဲ" ဟု ပြေုလာတော့သည်။
"အား....ပြောရရင် အကိုဇာမဏီနဲ့ ကျွန်တော်က အရင်က....အမ်....ဘယ်လို....ဘယ်လိုပြောရမှာပါလိမ့်"
"ရပါတယ် ပွင့်ပွင့်လင်းလင်းပြောပါ အကို ဘာမှမလုပ်ပါဘူး.... ဒီအတိုင်း သိချင်လို့ဘဲ မေးတာပါ"
ဇေယျာ အာခြောက်နေသောကြောင့် green tea ရေနွေးကြမ်းလေးကို တစ်ငုံ သောက်လိုက်သည်။ ပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောချလိုက်တော့သည်။
"ဟိုလေ အရင်က ချစ်သူတွေပါ"
"ချစ်သူတွေလား....အော် ဇာမဏီ ပြောပြောနေတဲ့ တစ်ယောက်ထင်တယ်"
"ပြောပြောနေတဲ့တစ်ယောက် ဟုတ်လား"
"အင်း ထားပါတော့"
"ဟုတ်"
"ဒါနဲ့ မင်းက ပန်းဆိုင်ဖွင့်တော့ ပန်းတွေ ဘယ်နားမှာရလဲသိမှာပေါ့နော်"
"ဟုတ် သိပါတယ်"
"အကိုက ခုဆောက်မယ့် hotel projectမှာ ပန်းခြံအငယ်လေးထားဖို့ရှိလို့ ပန်းမှာချင်လို့လေ။ နှင်းဆီပန်းတို့ တစ်ခြားပန်းတို့အပါအ၀င်ပေါ့"
"ဟုတ်...ရပါတယ် ကျွန်တော်သိတဲ့ ပန်းဆိုင်လေးနဲ့ ချိတ်ပေးမယ်လေ"
"ကောင်းတာပေါ့"
"အော်...ဒါနဲ့ အကို့ညီ ဇာမဏီ သုံးနှစ်လောက် ပျောက်သွားတာကို ဘာကြောင့်လို့ မင်းကို ပြောပြထားလဲ"
"ဘာမှ မပြောရသေးဘူး..... မေးဖို့မေ့နေတာနဲ့"
"ဟုတ်လား.."
"ဟုတ်"
"မသိချင်ဘူးလား သုံးနှစ်အတွင်း သူဘာလုပ်နေခဲ့လဲဆိုတာ"
"သိတော့သိချင်ပါတယ်..... ဒါပေမယ့် သူ့ကိုဘဲ မေးလိုက်က ပိုကောင်းမယ် ထင်ပါတယ်"
"အကို ပြောပြလည်း ရတယ်နော်....တစ်ကယ် မသိချင်ဘူးလား"
စိုင်း၀ီလံဟိဏ်းမှာ အတင်း ဖိအားပေးကာ ပြောနေသောကြောင့် ဇေယျာ နေရခက်လာတော့သည်။ ဒါနဲ့ဘဲ ဇေယျာလည်း ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေတော့၏။
"အင်း.... ဒါ.... ဒါဆိုလည်း.... ပြော....ပြောပြကြည့်လေ"
"ဇာမဏီက...ကမ္ဘောဒီးယားမှာ......"
စိုင်း၀ီလျံဟိဏ်း တစ်ယောက် ပြောပြမလို့ အစပြုနေချိန်
ဇေယျာလည်း စိတ်၀င်တစားဖြင့် နားစွင့်ကာ နားထောင်နေလေသည်။
ထိုချိန် "ဇေယျာက ဒီရောက်နေတာလား" ဆိုပြီး ဇာမဏီဟိဏ်း တစ်ယောက် ရောက်ချလာတော့သည်။
ဇေယျာလည်း ဇာမဏီဟိဏ်းကို ကြည့်လိုက်မိသည်။ ဇေယျာ ရှေ့မှာထိုင်နေတဲ့ စိုင်းဝီလျံဟိဏ်းကလည်း ပြုံးပြီး နေနေတော့သည်။
"ဟာ....ဇာမဏီဟိဏ်းဘဲ...ငါတို့ ဒီရောက်နေတာ ဘယ်လိုများသိတာပါလိမ့်"
"အော် ဇေယျာကို လာခေါ်မယ်ဆိုပြီး ဆိုင်ကိုသွားလိုက်တာလေ....ဆိုင်က ကောင်လေးက ဇေယျာ ဒီမှာရှိတယ်လို့ ညွှန်လိုက်လို့လေ"
"အော် ဟုတ်လား"
"အစကတော့ ဘယ်သူများလဲ စဉ်းစားနေမိတာ...အကိုဖြစ်နေတာကိုး....အကိုတို့က ဘာပြောနေကြတာလဲ"
"အော် hotelမှာ ပန်းခြံငယ်လေးထားမလို့ ပန်းကိစ္စပြောနေကြတာပါ...မဟုတ်ဘူးလား ညီ"
စိုင်းဝီလျံဟိဏ်းက ဇေယျာ့ဘက်ကို စကားလမ်းကြောင်းလွှဲလိုက်လေသည်။
"ဟုတ်....ဟုတ်တယ် ပန်းကိစ္စ ပြောနေကြတာ"
"အဲ့တာဆို အကို့ ကိစ္စပြီးပြီလို့ ထင်တယ် .... ဇေယျာကို ခေါ်သွားလို့ရပြီမလား"
"As you like ,i don't have any questions yet ခွန်နစ်" ဟု စိုင်း၀ီလျံဟိဏ်းလည်း ပြောပြီးတာနဲ့ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာ့လက်ကို ဆွဲကာ အပြင်ခေါ်ထုတ်သွားလေတော့သည်။ စိုင်းဝီလျံဟိဏ်းမှာတော့ ကော်ဖီသောက်ရင်း ကျန်ခဲ့လေသည်။
ဇာမဏီဟိဏ်းမှာ ဇေယျာ့ကို ကားပေါ်ခေါ်သွားပြီး တစ်နေရာရာကို မောင်းသွားနေတော့သည်။ ကားမောင်းနေတဲ့ တစ်ချိန်လုံးလည်း ရုပ်တည်ကြီး ဖြစ်လို့နေလေသည်။ ဇေယျာလည်း ကြာတော့ နေရခက်လာတာနဲ့ စလိုက်တော့၏။
"အဟမ်း......ခု ကိုဟိဏ်း သ၀န်တိုနေတာမလား"
"ဟား.....ဟား ...."
ဇေယျာပြောလိုက်တော့ ဇာမဏီဟိဏ်းမှာ အသံကျယ်ကြီးဖြင့် ရယ်လာတော့သည်။
"သ၀န်တိုစရာလား ကို့အကိုနဲ့ အလုပ်ကိစ္စပြောတာဘဲကို"
"မသိဘူးလေ ရုပ်ကြီးက တည်တည်ကြီးနဲ့ ဖြစ်နေတာကိုး"
"ဟုတ်လား....."
"မှန်မှန်ပြော ကိုဟိဏ်း သ၀န်တိုနေတာမလား"
"ဟုတ်တယ် သ၀န်တိုတယ်....ကို့အကိုဆိုပေမယ့်လည်း သူလည်းယောကျာ်းဘဲ"
"ဇေယျာလည်း ယောကျာ်းဘဲလေ"
"ဟာ မတူဘူးလေ ဇေယျာက ရည်းစားရှိတဲ့ယောကျာ်းလေ"
"အဲ့တာက အရင်ကလေ ခုမှမဟုတ်တာ"
"ဟာ ဇေယျာကလည်းကွာ"
"ခုဘယ်သွားနေတာလဲ"
"မပြောဘူး"
"မပြောလည်းနေပေါ့" ဆိုပြီး ဇေယျာဆူပုတ်ကာ တစ်ဖက်သို့လှည့်သွားလေသည်။ မကြာလိုက်ပါဘူး ကားလေးက တစ်နေရာရာမှာ ရပ်သွားတော့သည်။ ဇေယျာ ကားထဲကနေ ကြည့်လိုက်တော့ 'အောင်သီရိ'ရုပ်ရှင်ရုံတဲ့လေ။
ဇေယျာ ကားထဲက ထွက်လိုက်ပြီး ဆူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။
"ရုပ်ရှင်ရုံ လာမှာဘဲကို ပြောပြလည်းရနေတာဘဲ"
"ဟော surpriseလုပ်ချင်လို့ပေါ့"
"ဘာ surpriseတုန်း ရုပ်ရှင်ကြည့်မယ်လို့ ပြောလည်းရပါတယ်"
"အရင်ကဘဲ ဒီလိုနေရာတွေမှာ ချိန်းချင်တာဆို......အဲ့တာကြောင့်ခေါ်လာတာလေ"
"အင်းပါ လက်မှတ်ပေး"
"လက်မှတ်က ပေးလို့မရဘူးလေ အတွဲခုံယူထားတာလေ"
"ပြီးတာဘဲ မုန့်သွား၀ယ်မယ်"
"အင်း ဟုတ်ပြီ"
နှစ်ယောက်သား မုန့်၀ယ်ပြီးတော့ ရုပ်ရှင်ရုံထဲ၀င်လိုက်ကြသည်။ စုံတွဲခုံဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကိုယ်က ထိလုနီးပါးရှိနေလေသည်။ ဇေယျာ ဘာဇာတ်ကားလည်း သိချင်တာကြောင့် မေးလိုက်သည်။
"ဘာကားပြမှာလဲ"
"သရဲကားလေ"
"ဟင် သရဲကားကြီးလား"
"ဟုတ်တယ်လေ Annabelle နံပါတ်2လေ"
"ဟုတ်လား ဇေယျာ သရဲကြောက်တတ်တာ မသိဘူးလား"
"မသိဘူးလေ ကိုက ဇေယျာနဲ့ ဒီလိုမချိန်းဘူးတော့ ဇေယျာဘာကားကြိုက်တတ်မှန်းမှမသိတာ...."
"ဟာ..... အဲ့တာကို ဘာလို့ ခုမှပြောရတာလဲ.... ရုပ်ရှင်ကြည့်မယ်ဆိုလည်း ကြိုလေ့လာထားပေါ့လို့"
"အယ်.... ကိုလည်း ဘယ်သိပါ့မလဲ..... ဒါဆိုရင် မကြည့်တော့ဘဲနေလိုက်မလား"
"ထားပါတော့လေ.... ရုံထဲတောင် ရောက်နေပြီဘဲကို"
"အင်း....အင်း"
တစ်ဖက်တွင် စိုင်းဝီလျံဟိဏ်း တစ်ယောက် နေ့လည်ရောက်တော့ ကော်ဖီဆိုင်ကနေ ပန်းဆိုင်ကို ပြန်သွားလေသည်။ ဆိုင်ထဲ၀င်လိုက်တော့ ဟိုချာတိတ်လေးက မျက်စောင်းထိုး ကြည့်ပြီးတော့ သူ့လုပ်စရာရှိတာ လုပ်နေတော့သည်။
"အဟမ်း....လူတစ်ယောက်လုံး၀င်လာနေတယ်လေ" ဆိုပြီး စိုင်းဝီလျံဟိဏ်း စပြောလိုက်သည်။
"အော် ဈေး၀ယ်သူရောက်နေတာလား ....မသိပါဘူး ဘာမှမ၀ယ်ဘဲ ထွက်သွားမှာဆိုတော့ ဒီအတိုင်းနေနေလိုက်တာ"
"ချာတိတ်"
"ခင်ဗျားကို ပြောထားတယ်လေ ချာတိတ်မဟုတ်ပါဘူးလို့"
"ထားပါ....ဗိုက်မဆာဘူးလား"
"မဆာပါဘူး ဘာလို့လဲ"
"ကို မနက်က ကော်ဖီတစ်ခွက်ဘဲသောက်ရသေးတာ အဲ့တာဗိုက်ဆာလာလို့"
"ခင်ဗျားဗိုက်ဆာတာ ကိုယ့်ဘာသာကိုယ်သွားစားပေါ့"
"ကိုက လားရှိုးကို ခုမှရောက်ဖူးတော့ လမ်းတွေသိပ်မသိဘူး"
"ဟာ.... ဒါဆိုလည်း ခင်ဗျား ဟိုတယ်ကို ပြန်စားလိုက်ပေါ့"
"ကိုက ဟိုတယ်မှာမနေ.....ကြာတယ်ကွာ"
ဆိုပြီး စိုင်းဝီလျံဟိဏ်းမှာ မိုးထက်လက်ကို ဆွဲကာ အပြင်ခေါ်ထုတ်သွားဖို့ လုပ်နေလေသည်။
မိုးထက်မှာတော့
"ဟိတ်လူ လိုက်ခဲ့မယ် အတင်းအကြပ်တော့မလုပ်နဲ့ စောင့်အုန်း ဆိုင်ပိတ်ဖို့ သော့သွားယူလိုက်အုန်းမယ်" ဟု
ပြောတော့မှ စိုင်းဝီလျံဟိဏ်းလည်း မိုးထက်လက်ကို လွတ်ပေးလိုက်တော့သည်။
ထို့နောက် မိုးထက်လည်း ဆိုင်ပိတ်ကာ စိုင်းဝီလျံဟိဏ်းနဲ့လိုက်သွားတော့၏။ ကားထဲတွင်လည်း မိုးထက်ငြိမ်ငြိမ်မနေ ဖုန်းနဲ့ တစ်ယောက်ယောက်ကို စာပို့နေလေသည်။ ဘေးက ကားမောင်းနေတဲ့ စိုင်း၀ီလျံဟိဏ်းကတော့ လှမ်းကြည့်ကာ မေးလိုက်လေသည်။
"ဘာလဲ ချစ်သူကို လှမ်းတိုင်နေတာလား"
"ဟာ...မဟုတ်ပါဘူး အကိုဇေယျာကို ဆိုင်ပိတ်ထားတယ်လို့ စာပို့နေတာပါ"
"ထားပါ ခုဘယ်ကိုသွားရမှာလဲ"
"ရှေ့လမ်းလေးစုံရောက်ရင် ဘယ်ချိုးလိုက်"
"ဘယ်သွားနေတာလဲ ခုက"
"မြီးရှည်ဆိုင်သွားနေတာ ၊ခင်ဗျားစားလိုက်ရင် ခင်ဗျားတို့ရန်ကုန်သားတွေ ဆွေမျိုးမေ့သွားလိမ့်မယ်"
"ဟား......ဟား....." ဆိုပြီး စိုင်း၀ီလျံဟိဏ်း ရုတ်တရက် ရယ်လိုက်လေသည်။
ပြောနေတဲ့ မိုးထက်က မျက်မှောင်ကြုတ်လိုက်ပြီး စိုင်း၀ီလျံဟိဏ်းကို ကြည့်လိုက်တော့သည်။
"ဘာလို့ရယ်တာလဲ ကျွန်တော်ပြောတဲ့အထဲမှာ ဘာရယ်စရာပါလို့လဲ"
"မင်းက ငါ့လို ကမ္ဘောဒီးယားသားကို မြီးရှည်မစားဖူးဘူး ထင်နေတာလား"
"ကမ္ဘောဒီးယားသား....အဲ့တာဆို ခင်ဗျားကနိုင်ငံခြားသားလား"
"အဲ့လိုတော့မဟုတ်ဘူး ကို့မှာ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားရှိသလို ....ကမ္ဘောဒီးယားရဲ့ နိုင်ငံသားကတ်ပြားလည်းရှိတယ်"
"ဝါး.....မိုက်သားဘဲ"
"ဘာမိုက်တာလဲ ကို့မျက်နှာကချောလို့မိုက်နေတာလား စတိုင်ကမိုက်နေတာလား"
"ဟာ....အဲ့လိုမဟုတ်ပါဘူး မိုက်တယ်ဆိုတာက ဘယ်မှာနေနေ နေလို့ရတယ်လေ၊ နိုင်ငံသားကတ်ပြားကနှစ်ခုရှိနေတာကို"
"ဟုတ်ပါပြီ ခုဘယ်သွားရမှာလဲ"
"ညာဘက်ချိုးလိုက် ပထမဆိုင်ဆို ရောက်ပြီ"
ဒီလိုနဲ့ စိုင်း၀ီလျံဟိဏ်းနဲ့မိုးထက်တို့ မြီးရှည်ဆိုင်ကို ရောက်သွားတော့သည်။
ရုပ်ရှင်ကြည့်ပြီးလို့ ဇေယျာနှင့်ဇာမဏီဟိဏ်းတို့ အတူ ထွက်လာကြလေသည်။ ရုပ်ရှင်က ဆယ်နာရီခွဲကနေပြတာ တစ်နာရီထိုးခါနီးမှ ပြီးတော့သည်။ ဒီကြားထဲ ရုပ်ရှင်ကြည့်နေလို့ သရဲကထွက်လာရင် ဇေယျာမှာ ဇာမဏီဟိဏ်းဘက်ကို တိုးတိုးသွား တော့သည်။ ဟိုကလည်း ဂွင်ဖန်တာလားတော့မသိ ဇေယျာတိုးသွားရင် သူကအားကြီးနဲ့ ဇေယျာ့ကို ဖက်ဖက်ထားသေးတာ။ သရဲက မရှိတော့ဘူးဆိုရင်လည်းလေ "မကြည့်သေးနဲ့ သရဲရှိနေသေးတယ်"ဆိုပြီး ဖက်ထားတာကနေ မလွတ်ဘူး။ ဒီမှာတော့ သူဖက်ထားလို့ ရင်ခုန်တာလွန်ပြီး သေတော့မယ်။ ပြောကိုမပြောချင်ဘူး။
"အင်း......ဟား.....အမှောင်ထဲက ထွက်လာတာဆိုတော့ လန်းဆန်းသွားတာဘဲ၊ ရုပ်ရှင်ကလည်းနော် သရဲတွေခဏခဏထွက်လာတာဘဲ" ဆိုပြီး ဇာမဏီဟိဏ်း တစ်ယောက် အညောင်းဆန့်ရင်း ပြောလိုက်တော့ ဇေယျာမှာ မျက်စောင်းထိုးကာ ကားရပ်ထားတဲ့နေရာသို့ ကော့တော့ကော့တော့ဖြင့် လျှောက်သွားလေ တော့သည်။
ကားထဲ၀င်ပြီး ဇေယျာ ထိုင်နေလိုက်သည်။ ဇေယျာထိုင်နေပြီးမကြာပါဘူး ကိုဟိဏ်းလည်း ၀င်လာတော့သည်။
"ဘယ်သွားကြမလဲ ဇေယျာ"
"ဆိုင်ကိုပြန်မယ်"
"ဟုတ်ပြီလေ"
ကားလေးဟာ တရွေ့ရွေ့နှင့် ရုပ်ရှင်ရုံ၀န်းထဲက ထွက်သွားတော့သည်။ ဇေယျာ ရှာစရာရှိတယ်ဆိုပြီး ဖုန်းကိုယူပြီး လိုင်းဖွင့်လိုက်တော့ "တိန်"ကနဲ စာ၀င်လာတော့သည်။ ဇေယျာ ပို့ထားတဲ့စာကို ကြည့်ပြီးတော့ ဇာမဏီဟိဏ်းဘက် လှည့်ကာ ပြောလိုက်သည်။
"ဆိုင်မသွားတော့ဘူး"
"ဟမ် ဘာလို့လဲ"
"မိုးထက်က သွားစရာရှိလို့တဲ့ ဆိုင်ပိတ်သွားတယ်"
"ဟုတ်လား အဲ့တာဆို တစ်ခုခုသွားစားကြမလား"
"အင်း ဟုတ်ပြီလေ"
ဇေယျာနှင့် ဇာမဏီတို့ နေ့လည်စာစားဖို့ ဆိုင်တစ်ဆိုင်ကို ဦးတည်လိုက်ကြတော့သည်။ နေ့လည်စာ စားတာဘယ်လောက်ကြာသွားမှန်းမသိ ညနေလေးနာရီတောင် ရှိသွားပြီလေ။ ထားပါတော့....ဇေယျာတို့ သွားစားတဲ့ဆိုင်ကလည်း လူများတော့ စောင့်နေရသေးတာကိုး။ ပြောရရင်လည်း ဆိုင်ကြောင့်လည်းပါတာပေါ့။
အခု ဇေယျာတို့ ပန်းခြံထဲမှာနေနေကြတာ ဖြစ်သည်။ ဆောင်းတွင်းဆိုတော့လည်း ညနေဘက်ရောက်ရင် အအေးဓာတ်လေးက ရလာရော။ ကော်ဖီသွား၀ယ်မယ် ပြောပြီး ထွက်သွားတဲ့သူက ခုထိ ပြန်မရောက်သေးဘူးလေ။ ညကလည်း မှောင်လာနေပြီ။ ဇေယျာလည်း ကားနားမှာ မစောင့်ချင်တော့တာနဲ့ ခုံမှာထိုင်စောင့်မယ်ဆိုပြီး ခုံတန်းလျားရှည်မှာ ထိုင်နေလိုက်သည်။
တော်တော်နှင့် မလာသေးပါ။ မှောင်လာလို့ ပန်းခြံထဲတောင် မီးထွန်းနေလေပြီ။ မကြာပါဘူး ရောက်ချလာလေပြီ။ လက်ထဲမှာ ကော်ဖီခွက်နှစ်ခွက်ရယ် အရုပ်ရယ်ကိုင်ရင်းနဲ့ပေါ့။
"ဟူး...မောလိုက်တာ .....စောင့်ရတာကြာသွားလား"
"မကြာပါဘူး နာရီ၀က်လေးပါဘဲ"
"ဆောရီး ကိုအာလူးပစ်နေတာ အရုပ်ရအောင်လို့....အဲ့တာကြောင့်ကြာသွားတာထင်တယ်.... ရော့ နပ်ကောဖီလေး"
ဆိုပြီး ကော်ဖီခွက်လေးကို ဇေယျာ့ရှေ့ ကမ်းပေးလာသည်။
ဇေယျာလည်း ကော်ဖီခွက်ကိုယူရင်း...
"အရုပ်ကပေးဖို့မလား ပေးလေ" ဟု ပြောလိုက်သည်။
"ဟုတ်ပါဘူး"
"အဲ့တာဆို လူကိုတော့ စောင့်ရအောင်လုပ်ပြီး ဘာလို့ အရုပ်ယူနေသေးတာလဲ"
"ဟီး....အရုပ်ကိုသဘောကျလို့...အရုပ်က ဇေယျာနဲ့တူလို့"
"ဘယ်မှာတူလို့လဲ"
"စိတ်ဆိုးရင်တူတယ်လေ"
သူပြောတာလည်း ဟုတ်တော့ဟုတ်သည်။ အရုပ်က ဆူပုတ်နေတဲ့မျက်နှာကြီးနဲ့လေ။
"ဒါနဲ့ နေပါအုန်း မူဆယ်လိုက်လာတုန်းက ရှင်းပြမယ်ဆိုတာက ခုထိ ရှင်းမပြရသေးဘူးနော်"
"အော် ဟုတ်လား....ကိုပြောပြမယ်နော်"
"ပြော...ဘာလို့သုံးနှစ်လောက် ရုတ်တရက် ပျောက်သွားရတာလဲ"
"ကို အဖေ့ကြောင့် ကမ္ဘောဒီးယားမှာ ကျောင်းသွားတက်ရတယ်၊ အဲ့တာကြောင့်မလို့ပါ.....ပြီးတော့ ကို့ကို အဖေက မျက်စိတောက်ထောက် ကြည့်နေတော့ ကို အဆက်အသွယ်ဖြတ်ထားရတာ"
"အင်း...ထားပါတော့လေ.... လက်ခံလို့ရပါတယ်.... ရုတ်တရက်ပေါ်လာတာကရော"
"အဲ့တာက ကိုကကျောင်းပြီးသွားတော့ အဖေ့လုပ်ငန်းကို ၀င်လုပ်လိုက်တာလေ၊ ပြီးတော့ အဖေက လုပ်ငန်းချဲ့ချင်တယ်ဆိုတော့ ကိုက လားရှိုးကိုညွှန်းလိုက်တာပေါ့"
"အင်း ဒါလည်း နားထောင်ရတာ အဆီအလျော်တည့်ပါတယ်"
"ဒါနဲ့ ဟိုရောက်တော့ ဒီကကလေးကိုမလွမ်းဘူးလား"
"ဘယ်ကကလေးလဲ"ဆိုပြီး ဇာမဏီဟိဏ်း နောက်နောက်ပြောင်ပြောင်ဖြင့် ပြောလိုက်လေသည်။
"ဘယ်ကိုကြည့်နေတာလဲ ဒီကကလေး...ဒီကလေးကိုပြောနေတာ"ဆိုပြီး ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းကို ရိုက်လည်းရိုက်ကာ ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
"ဟီး...လွမ်းတာပေါ့လို့....အူထဲအသည်းထဲကကို လွမ်းတာ"
"အပိုတွေ"
"တစ်ကယ်ပြောတာပါ....ကလေးကော ကို့ကိုမလွမ်းဘူးလားဟင်"
ဇေယျာ မျက်ရည်များဝဲတက်လာသောကြောင့် မျက်နှာကိုတစ်ဖက်လှည့်လိုက်ကာ ပြန်ဖြေလေသည်။
"မလွမ်းပါဘူး"
"ဇေယျာကလည်း ကို့ကို မရက်စက်ပါနဲ့တော့"
"အရူးကြီး ဒီလောက် ငိုသံပါပါနဲ့ ပြောနေတာကို မလွမ်းဘဲနေမလား အရူးကြီးရဲ့.....နေ့တိုင်း ကိုဟိဏ်းကို လွမ်းနေခဲ့တာ.......ဟင့်"
"မငိုနဲ့တော့..... သိပ်တော့နော်"
"ဟင်...လူဆိုးကြီး....ဒီမှာတော့ သူ့ကိုလိုက်ရှာရင်းနဲ့ကို သုံးနှစ်လောက် အချိန်ကုန်ခဲ့ရတာ"
"သိပ်တော့နော်" ဆိုပြီး ဇာမဏီဟိဏ်းမှာ ဇေယျာ့ ပါးပြင်က မျက်ရည်လေးကို အသာလေး သုတ်လိုက်ကာ နှုတ်ခမ်းကို စနမ်းလိုက်ပါတော့သည်။ အတော်ကြာပြီးမှ ဇာမဏီဟိဏ်း နှုတ်ခမ်းကို နမ်းနေရာမှ ခွာလိုက်တော့သည်။ ဇေယျာလည်း မျက်နှာပူလာကာ ရှက်ယန်းယန်းနဲ့ ကော်ဖီကို သောက်လိုက်တော့သည်။
"အား...ပူတယ်"
"ကလေးကလည်း မှုတ်ပြီးသောက်မှပေါ့...ပေးပေး ကိုအေးအောင် မှုတ်ပေးမယ်"ဆိုပြီး ဇေယျာ့ဆီက ခွက်ကို ယူသွားတော့၏။
"ကိုဟိဏ်း ဇေယျာ့ကို ကလေးလို့ မခေါ်ပါနဲ့တော့လား"
"ဟင် ဘာလို့လဲ"ဆိုကာ ဇာမဏီဟိဏ်း ကော်ဖီလေးကို မှုတ်ရင်းပြောလိုက်သည်။
"ဟိုလေ ဇေယျာလည်း အသက်ကြီးလာပြီလေ"
"အင်း အဲ့တာဆို ကိုဘယ်လိုခေါ်ရမလဲ"
ဆိုကာ ကော်ဖီကို ဇေယျာ့ဆီ ကမ်းရင်း ပြောလိုက်သည်။
"ဟိုလေ ချစ်တို့ဘာတို့...အဲ့လို့လေးခေါ်လေ"
"ဟုတ်ပြီလေ ချစ်လို့ဘဲခေါ်တော့မယ်...အဲ့တာဆို ဇေယျာကကို့ကို ဘယ်လိုပြန်ခေါ်မှာလဲ"
"ကိုဟိဏ်းလို့ခေါ်မယ်လေ"
"အင်း ရတယ်....ခေါ်...ချစ်လေး"
"ပေး အရုပ်ပေး"
"ဟာ ချစ်နဲ့တူလို့လေ ချစ်ကိုလွမ်းရင်ဖတ်ထားချင်လို့ ကိုယူထားမယ်လေနော်"
"အင်း....အင်း"
"ပြန်ချင်နေပြီလား"
"ပြန်ချင်သေးပါဘူး ခုမှအရင်ကလို ကိုဟိဏ်းနဲ့ တူတူနေရတာကို"
"ဟုတ်ပါပြီ ချစ်လေး အလိုကျအတိုင်းပါဘဲ"ဆိုကာ တစ်ယောက်နဲ့ တစ်ယောက်အကြည်စိုက်ကာ ပြုံးနေကြတော့သည်။
ညမှောင်လာတော့ ဇေယျာတို့ ပန်းခြံကနေ ပြန်လာခဲ့လိုက်ကြသည်။ ဇာမဏီဟိဏ်းမှာ ဇေယျာကို အိမ်ပြန်လိုက်ပြီးတော့ ကိုယ့်အိမ်ကို ပြန်လာခဲ့လိုက်သည်။ ဇာမဏီဟိဏ်း တစ်ယောက် အရုပ်လေးကိုကိုင်ရင်း အိမ်ထဲ၀င်လာလေတော့သည်။ ဧည့်ခန်းက ဆိုဖာမှာထိုင်နေတဲ့ စိုင်း၀ီလျံဟိဏ်းက ညီဖြစ်သူကို မြင်တော့ စုံစမ်းခန်း ဖွင့်လေတော့သည်။
"ပြန်လာတာ နောက်ကျလှပါလား"
"ဟုတ်တယ်...အကိုကော မြေကွက်တွေ သွားကြည့်ဖြစ်လား"
စိုင်းဝီလျံဟိဏ်း အတော်ကြာ စဉ်းစားပြီးကာမှ ပြန်ဖြေလေသည်။
"ကြည့်ဖြစ်ပါတယ် မဆိုးပါဘူး"
"ဟုတ်ပြီ ကျွန်တော်သွားနားတော့မယ်"
"ဟုတ်ပြီ"
စိုင်းဝီလျံဟိဏ်းလည်း ဇာမဏီဟိဏ်း တက်သွားတာကို ကြည့်ပြီးတော့ စာအုပ်ဖတ်နေလိုက်သည်။ အမှန်တော့ စိုင်း၀ီလျံဟိဏ်း တစ်ယောက် လိမ်လိုက်တာဖြစ်သည်။ ဒီနေ့တစ်နေ့လုံး မြေကွက်သွားကြည့်နေတာမဟုတ်။ ဟိုချာတိတ်လေးက အထင်ကရနေရာတွေ လိုက်ပို့မယ်ဆိုတာကြောင့် သူနဲ့ဘဲ အချိန်ကုန်နေမိတာ ညနေအိမ်ပြန်တဲ့အချိန်ထိပါဘဲပေါ့။ စိုင်း၀ီလျံဟိဏ်းသည် အရင်က အလုပ်ကို စေ့စေ့စပ်စပ်လုပ်တတ်သူဖြစ်သည်။ ခုတာ့ သူလည်း တစ်ခါမှမလုပ်ဖူးတာတွေ လုပ်နေလေတော့သည်။
ဇာမဏီဟိဏ်း အခန်းတံခါးကို ပိတ်လိုက်ကာ ကုတင်ပေါ် ခုန်တက်လိုက်သည်။ ပြီးတော့ ကိုင်လာတဲ့ အရုပ်လေးကိုကြည့်ကာ ဖက်လိုက်လေသည်။
"ဟောဒီလို တင်းတင်းကြပ်ကြပ်ဖက်ထားချင်တာ ချစ်ရေ၊
လက်ကကို မလွတ်ချင်လောက်အောင် ဖက်ဖြစ်မှာ"
ဆိုပြီး အရုပ်ကိုကြည့်ကာ နမ်းလိုက်သည်။
"ဟာ အရုပ်နေရာမှာ ဇေယျာတာဆိုရင် အသည်းယားမိမှာဘဲကွာ" ဆိုပြီး တရစပ်နမ်းပါလေရော။
"ဒေါက်....ဒေါက်....ဒေါက်"
တံခါးခေါက်သံလည်း ကြားရော ဇာမဏီဟိဏ်း ကုတင်ကနေထလိုက်ကာ တံခါးသွားဖွင့်လိုက်သည်။ တံခါးကို လှပ်လိုက်တော့ အကိုဖြစ်သူကို တွေ့လိုက်ရလေသည်။
ဒါနဲ့ ဇာမဏီဟိဏ်းလည်း
"အကို ဘာပြောစရာရှိလို့လဲ" ဟု စမေးလိုက်လေသည်။
"မနက်ဖြန် သီပေါက ဟိုတယ်ကို သွားလေ့လာမလို့ အပြင်အဆင်တွေကလည်း ထူးခြားတယ်ပြောလို့လေ...
အဲ့တာ ငါနဲ့လိုက်ခဲ့ပေး"
"ဟိုတယ်နာမည်ကရော ဘယ်လိုခေါ်လဲ"
"အဲ့တာတော့ ငါလည်းသေသေချာချာမဖတ်လိုက်မိဘူး
မနက်ဖြန်သွားခါနီးမှ ပြန်ကြည့်လိုက်မယ်"
"အင်း ဟုတ်ပြီလေ"
"အင်း ဟုတ်ပြီလေဆိုတာက လိုက်ခဲ့မှာလား မလိုက်ဘူးလား"
"လိုက်မယ် ဗျာ"
"အေ...ဟုတ်ပြီ.... အဲ့တာဆို နားတော့လေ"
"အော် ဒါနဲ့အကို" ဆိုပြီး ဇာမဏီဟိဏ်း တစ်ယောက် အကိုဖြစ်သူကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
"ပြောလေ....ဘာလို့ငါ့ကိုအဲ့လိုမျက်နှာနဲ့ ကြည့်နေတာလဲ"
"ဟဲ....ဟဲ....တစ်ခြားလူခေါ်လို့ရလား"
"ခေါ်ခဲ့...ရတယ်"
"ဟုတ်ပြီ အဲ့တာဆို အကိုလည်းနားတော့လေနော်"
"အေအေ"
ဇာမဏီဟိဏ်း တစ်ယောက် အကိုဖြစ်သူလည်း ထွက်သွားရော ဖုန်းကိုယူကာ ဇေယျာကို ချက်ချင်း စာပို့လိုက်တော့သည်။
ဇေယျာ အိမ်ပြန်ရောက်ထဲက ဖုန်းကိုအားသွင်းထားကာ ရေချိုးနေလေသည်။ ရေချိုးပြီးတော့ ဖုန်းကိုယူလိုက်သည်။
လိုင်းဖွင့်ထားမိတာကြောင့် စာပို့ထားတာ ရှိနေလေသည်။
ပို့ထားတဲ့သူကလည်း ဇေယျာရဲ့ချစ်ရသူပင်။
"အိပ်နေပြီလား"တဲ့လေ။
"မအိပ်သေးဘူး"လို့ပို့လိုက်ပြီးတော့
အစက်ကလေးတွေပေါ်လာလေသည်။ typingလုပ်နေလို့ထင်ပါရဲ့။
"မနက်ဖြန် သီပေါသွားမလို့ လိုက်မှာလား"
"သီပေါလား သွားချင်တာပေါ့"
"လိုက်ခဲ့လေ ပျော်စရာလေးဖြစ်မယ်ထင်တယ်"
"အင်း ချစ်.... မိုးထက်ကိုခေါ်ခဲ့လို့ရလား"
"မိုးထက်ကဘယ်သူလဲ....အော် ဆိုင်ကကောင်လေးလား"
"အင်း"
"ရတယ်လေ ခေါ်ခဲ့လေ"
"ဟုတ်ပြီ....မနက်ဖြန်ဘာနဲ့သွားမှာလဲ"
"ရထားနဲ့သွားမှာထင်တယ်"
"ရထားနဲ့ဆိုတော့ စောစောထရမှာဆိုတော့ အိပ်တော့မယ်
ကိုဟိဏ်း"
"အင်း ချစ်လေး good night"
"good night ကို"
"ချစ်တယ် အာဘွား ကို့ချစ်လေး"
"ချစ်ပါတယ်နော်"
"အိပ်တော့နော် ချစ်"
"အင်း"
လို့ စာပြန်ပို့ပြီး ဇေယျာ လိုင်းပိတ်ကာ အိပ်လိုက်တော့သည်။
×××××××××××××××××××
ကြိုက်နှစ်သက်တယ်ဆိုရင် voteနဲ့ commentsပေးခဲ့လို့ရတယ်နော်။ အိမ်မှာနေပါ စာဖတ်ပါနော် readersတို့ရေ၊ လိုအပ်တဲ့နေရာတွေရှိခဲ့ရင်လည်း ဝေဖန်ထောက်ပြပေးပါလို့ တောင်းဆိုပါတယ်
••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
ဇာမဏီဟိဏ္း တစ္ေယာက္ မနက္ခင္း အိပ္ယာ ထကတည္းက ကုမၼဏီသြားဖို႔ ျပင္ဆင္ေနေလသည္။ အ၀တ္ဗီ႐ို ေရွ႕မွာ အ၀တ္ေတြကို တစ္ထည္ၿပီး တစ္ထည္လဲလို႔ေနေလသည္။ ၀တ္ၾကည့္လိုက္၊ စိတ္တိုင္းမက်ရင္ ျပန္လဲလိုက္ႏွင့္ အလုပ္ကိုရႈပ္ေနေတာ့သည္။ အေတာ္အတန္ၾကာ လဲလိုက္၊ခြၽတ္လိုက္ လိုက္ေနေသးသည္။ ေနာက္ဆုံးေတာ့
စိတ္တိုင္းက်သြားဟန္တူတဲ့ ၀တ္စုံကို ေတြ႕သြားၿပီနဲ႔ တူပါရဲ႕။
နဂို၀တ္ထားတာကိုခြၽတ္ၿပီး စိတ္တိုင္းက်တဲ့ ၀တ္စုံကို ျပန္လဲ၀တ္လိုက္သည္။ ၿပီးေနာက္ အ၀တ္ဗီ႐ိုက မွန္ေရွ႕နား သြားရပ္ၿပီး ကိုယ့္ကိုယ္ကို ၾကည့္ေနေလသည္။ မွန္ထဲက ကိုယ့္ပုံရိပ္ကို ၾကည့္ၿပီး စိတ္ေက်နပ္တဲ့ အၿပဳံးေလး ၿပဳံးလိုက္ေလသည္။ ၿပီးေနာက္ အခန္းထဲက ထြက္လာခဲ့လိုက္ေတာ့သည္။
ေအာက္ထပ္ကို ဆင္းလာေတာ့ ေကာ္ဖီခြက္ကိုကိုင္ရင္း စိုက္ၾကည့္ေနတဲ့ အကိုျဖစ္သူ စိုင္းဝီလ်ံဟိဏ္းကို ဇာမဏီဟိဏ္း ေတြ႕လိုက္ရေလသည္။ ဇာမဏီဟိဏ္းမွာ ေလတစ္ခြၽန္ခြၽန္ႏွင့္ ေလွကားက ဆင္းလာရာကေန လွမ္းေမးလိုက္ေတာ့၏။
"အကို ကြၽန္ေတာ့္ကို ဘာလို႔ စိုက္ၾကည့္ေနတာလဲ"
"ေအာ္...... တစ္ခါမွ ကုမၼဏီကို ေစာေစာသြားတဲ့ သူေဌးကို မျမင္ဖူးလို႔ ၾကည့္ေနတာေလ"
"ဟား.....ဟား.....အကိုကလည္း ဘာမ်ားလဲလို႔" ဆိုကာ ဇာမဏီဟိဏ္း ခပ္႐ို႕႐ို႕ေလး ရယ္ရင္း ေျပာလိုက္သည္။
"တစ္ကယ္ ကုမၼဏီကို သြားေတာ့မွာေပါ့ေလ"
"ဟုတ္တယ္ေလ.... အလုပ္ သြားေတာ့မွာေလ"
"မနက္ေျခာက္နာရီႀကီး.....အေစာႀကီးကိုေလ"
"အင္းေလ.....ဘာမ်ား ျဖစ္ေနလို႔လဲ"
"ငါသိတာကေတာ့ သူေဌးေတြက ၀န္ထမ္းေတြေရာက္ၿပီးမွ လာရတာမဟုတ္ဘူးလား"
"ဟုတ္လား....အဲ့တာဆို ကြၽန္ေတာ္က အဲ့စနစ္ကို ေဖ်ာက္ရေတာ့မယ္ထင္တယ္" ဟု ဇာမဏီဟိဏ္း တစ္ေယာက္ အကိုျဖစ္သူ စိုင္းဝီလ်ံဟိဏ္းကို ၿပဳံးၿပီး ေျပာလိုက္ပါေလသည္။
"ကဲ.....အဲ့တာဆို အေစာႀကီးသြားၿပီး ကုမၼဏီမွာ ဘာလုပ္မွာလဲ"
"အမ္......လုပ္စရာရွိလို႔ေပါ့ အကိုရ၊ အကို႔ကို ေျပာျပလည္း သိေလာက္မွာ မဟုတ္ပါဘူး" ဆိုကာ ဇာမဏီဟိဏ္း တစ္ေယာက္ ကားေသာ့ကို ယူကာ ေျမာက္ႂကြေျမာက္ႂကြျဖင့္ အိမ္ျပင္ထြက္သြားေလေတာ့သည္။
အကိုျဖစ္သူ စိုင္းဝီလ်ံဟိဏ္းမွာေတာ့ ညီျဖစ္သူ တစ္ခုခုျဖစ္ေနၿပီဆိုသည့္ မ်က္ႏွာထားျဖင့္ အိမ္ထဲတြင္ က်န္ရစ္ခဲ့ေတာ့သည္။
ဇာမဏီဟိဏ္း ကားထဲကို ၀င္ကာ ကားစက္ႏိုးလိုက္သည္။ ၿပီးေတာ့ ၿခံ၀င္းထဲက မထြက္ေသးဘဲ ဖုန္းကိုယူကာ ေဇယ်ာထက္ျမတ္ ဆိုသည့္ contactဆီသို႔ စာေလး ႐ိုက္ပို႔လိုက္ေလသည္။
ကားေလးဟာ ၿခံ၀င္းကေန ထြက္လာၿပီးေတာ့ 'Meet U'cafeကို ဦးတည္ေလသည္။ Cafeကိုေရာက္ေတာ့
ဇာမဏီဟိဏ္းမွာ ဆိုင္ထဲ၀င္သြားလိုက္ၿပီး ေကာင္တာနားေလးသို႔ သြားလိုက္သည္။
"ဘာမ်ားသုံးေဆာင္ပါမလဲ အကို"
"ဟိုေလ အကူအညီတစ္ခုေတာင္းလို႔ရမလား ညီမေလး"
"ဟုတ္ ေျပာၾကည့္ၾကည့္ေလ အကို"
"ဟိုေလ ဟိုဘက္လမ္းၾကားက တိုက္ခန္းမွာေနတဲ့ ပန္းဆိုင္ဖြင့္ထာူတဲ့ အကိုကို သိတယ္မလား"
"ေအာ္...ဟုတ္ကဲ့ သိပါတယ္ရွင့္"
"အဲ့တာဆိုရင္ေလ သူလာရင္ cappuccinoနဲ႔ sandwichေပးလိုက္လို႔ရလား"
"ဟုတ္ ရပါတယ္ ေပးလိုက္ပါ့မယ္"
"အဲ့တာဆို ဘယ္ေလာက္ေလာက္ၾကမလဲ"
"သုံးေထာင့္ငါးရာပါ အကို"
ဇာမဏီဟိဏ္း တစ္ေယာက္ ပိုက္ဆံအိတ္ထဲက ေငြငါးေထာင္တန္ေလးကို ထုတ္ေပးလိုက္သည္။ ေကာင္တာကေကာင္မေလးက ေငြကိုယူၿပီး အမ္းေငြျပန္ထုတ္ေပးေနေလသည္။
"ေက်းဇူးတင္ပါတယ္ ခုလိုအားေပးလို႔"
"ဟုတ္" ဆိုကာ ဇာမဏီဟိဏ္း ဆိုင္ကထြက္ဖို႔ ေျခလွမ္းျပင္လိုက္ၿပီးမွ ေကာင္တာဘက္ ျပန္လွည့္လာကာ လွမ္းေအာ္ေျပာလိုက္ေလသည္။
"ေအာ္ေမ့ေတာ့မလို႔....ညီမေလး ဇာမဏီဟိဏ္း ေပးတာလို႔ ေျပာေပးလို႔ရလား"
"ဟုတ္ ေျပာလိုက္ပါမယ္ရွင့္"
ဇာမဏီဟိဏ္းလည္း ေျပာၿပီးသည္ႏွင့္ ဆိုင္ထဲက တန္းထြက္လာလိုက္သည္။ ၿပီးေတာ့ ကားေပၚတက္လိုက္ေလသည္။ ကိုယ့္ကိုယ္ကို သေဘာေတြက်ရင္း ၿပဳံးလိုက္ကာ ကုမၼဏီသို႔ ေမာင္းသြား ေလေတာ့သည္။
~~~~~
ညတုန္းက ေဇယ်ာ ရင္ေတြခုန္လြန္းလို႔ ဘယ္ခ်ိန္အိပ္ေပ်ာ္သြားမွန္းေတာင္ မသိလိုက္ဘူး။ ခုလည္း အိပ္ယာထ ေနာက္က်ေလၿပီ။ ေဇယ်ာ အပ်င္းေၾကာဆန႔္လိုက္ရင္း အားသြင္းထားတဲ့ ဖုန္းေလးကို လွမ္းယူလိုက္သည္။ ေဇယ်ာ ဖုန္းကိုယူၿပီး လိုင္းဖြင့္ရမွာ တြန႔္ဆုတ္ေနေလသည္။ အေၾကာင္းအရင္းကေတာ့ အရင္လို စာမပို႔ထားတာမ်ိဳး ထပ္ျဖစ္မွာ စိုးရိမ္ေနလို႔ပင္။ ေဇယ်ာ အားယူကာ လိုင္းဖြင့္လိုက္ေတာ့သည္။ လိုင္းဖြင့္ဖြင့္ခ်င္းဘဲ "တိန္"ဆိုတဲ့ ႏိုတီတက္တဲ့ အသံေလး ထြက္ေပၚလာေလေတာ့သည္။
ေဇယ်ာ ခ်က္ခ်င္းပင္ ဖုန္းကို ရင္ဘက္ႏွင့္ ကပ္ထားလိုက္သည္။ ဘာေၾကာင့္ဆို သူငယ္ခ်င္းေတြ စာပို႔ရင္ ပို႔ထားတာလဲျဖစ္ႏိုင္သလို၊ group chatက စာေတြလည္း ျဖစ္ႏိုင္လို႔ဘဲေလ။ ေဇယ်ာ ရင္ဘက္ႏွင့္ ဖိထားတဲ့ ဖုန္းကို ေျဖးေျဖးခ်င္း ခြာလိုက္သည္။ ျမင္လိုက္ရတဲ့ စာေၾကာင့္ ေဇယ်ာထခုန္မိမတက္ ေပ်ာ္သြားရေလသည္။
ဖုန္းscreenေပၚမွာ 'ဇာမဏီ ဟိဏ္း' ဆိုသည့္ နာမည္ေပၚေနလို႔ပင္ ျဖစ္သည္။ ေဇယ်ာ ခ်က္ခ်င္းဘဲ ပို႔ထားတဲ့ စာေလးကို ၾကည့္ၾကည့္လိုက္သည္။
"Morning ခေလး....အဲ...ေဇယ်ာ"ဆိုၿပီး ပို႔ထားျခင္းျဖစ္ေလသည္။ ၿပီးေတာ့လည္း ပို႔ထားတာက တစ္နာရီသာ ၾကာသာ ရွိေသးသည္။ ခုက ခုႏွစ္နာရီခြဲေနၿပီဆိုေတာ့ ေျခာက္နာရီေလာက္က ပို႔ထားတာ ထင္ေလရဲ႕။ သုံးႏွစ္ၾကာေတာ့မွ အကိုဇာမဏီအေကာင့္က သက္၀င္လႈပ္ရွားလာေတာ့သည္။ မီးမစိမ္းေတာ့တဲ့ အေကာင့္က အခုဆို '1hour ago' ေတာင္ျဖစ္လို႔ေနေလၿပီ။
ေဇယ်ာ 'morning'ဆိုတဲ့စာသားေလးကို ၾကည့္ကာ ၿပဳံးေနေတာ့သည္။ ဆိုင္သြားဖြင့္ရန္ သတိရေတာ့မွပင္ ဖုန္းကိုလက္ကခ်ကာ မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းထဲ သြားလိုက္သည္။
မ်က္ႏွာသစ္ၿပီးေတာ့ အ၀တ္အစားလဲကာ မွတ္တင္ခုံေရွ႕မွာထိုင္လိုက္သည္။ မွန္ထဲတြင္ ကိုယ့္ကိုယ္ကို ၾကည့္ကာ
ေက်နပ္သည့္ အၿပဳံးေလး တစ္ခု ဖန္တီးလိုက္ေလသည္။ ေဇယ်ာသည္ အရင္လို ထိုင္းမႈိင္းမေနေတာ့တာ မူဆယ္ကျပန္လာကတည္းကပင္ ျဖစ္ေခ်သည္။
ေဇယ်ာ ထိုင္ေနရာက ထလိုက္ကာ ကုတင္ေပၚက ဖုန္းေလးကို လွမ္းယူလိုက္သည္။ ေဘာင္းဘီအိတ္ကပ္ထဲ ဖုန္းကိုထည့္လိုက္ၿပီး ဗီ႐ိုထဲက အေႏြးထည္ကုတ္ မတိုမရွည္တစ္ထည္ကို
ယူ၀တ္လိုက္သည္။ စားပြဲေပၚ တင္ထားသည့္ ကားေသာ့ေလးကိုယူလိုက္ကာ ေအာက္ထပ္ ဆင္းလာလိုက္သည္။ ေအာက္ထပ္ေရာက္ေတာ့ တံျမက္စည္းလွဲေနတဲ့ တိုက္ခန္းပိုင္ရွင္အေဒၚႀကီးကို ေတြ႕တာနဲ႔ ႏႈတ္ဆက္လိုက္ေလသည္။
"ေမာနင္း အန္တီ"
"ေအာ္....ေအာ္ ေမာနင္းပါ သား"
ေဇယ်ာ အန္တီႀကီးကို ၿပဳံးျပလိုက္သည္။ ၿပီးေနာက္ ကားနားသြားကာ အထဲ၀င္မလို႔ လုပ္ေတာ့ ထိုအန္တီႀကီးက ျပန္ေျပာလာေလသည္။
"ဒီေန႔ တူေလး စိတ္ေတြၾကည္ေနပါလား..... ၿပဳံးလို႔႐ႊင္လို႔"
"ဟုတ္လား အန္တီ.... ဘယ္လိုသိတာလဲ"
"အမေလး.... ၿပဳံးဖီးေနတာ နား႐ြက္ေတာင္တက္ခ်ိတ္ေတာ့မယ္"
"ဟဲ....ဟဲ အဲ့ေလာက္ထိျဖစ္သြားတာလား"
"ေအးေပါ့ ဘာမ်ားေပ်ာ္စရာရွိလို႔လဲ ငါ့တူေရ"
"ေပ်ာ္စရာလား...မရွိပါဘူး....ဒီအတိုင္းဘဲ ေပ်ာ္လို႔....
သြားၿပီေနာ္ အန္တီ"
ေဇယ်ာ တိုက္ခန္းပိုင္ရွင္ အန္တီႀကီးကို ႏႈတ္ဆက္ကာ
ကားေမာင္းသြားေတာ့သည္။ ကားေလးက မူဆယ္သြားတုန္းက ပစ္သြားေတာ့ ဖုန္တက္ေနၿပီဘဲ ျဖစ္သည္။ ဆိုင္နဲ႔ တိုက္ခန္းနဲ႔က သိပ္မေဝး ေပမယ့္လည္း ဒီေန႔ေတာ့ ကားယူသြားခ်င္ စိတ္ျဖစ္ေနလို႔ ကားယူလာလိုက္ေလသည္။ ခါတိုင္းဆိုရင္ေတာ့ ဆိုင္ကို လမ္းေလွ်ာက္သြားေနၾကေလ။ ေန႔လည္ေလာက္မွ ကားကိုေရေဆးဆီလိုက္ပို႔မယ္ ဆိုၿပီးေတာ့ ေဇယ်ာ cafeဆိုင္ကို အရင္၀င္လိုက္သည္။
ဆိုင္ေရွ႕ကို ေရာက္ေတာ့ ေဇယ်ာ ကားေပၚကဆင္းကာ ဆိုင္ထဲ၀င္သြားလိုက္သည္။ မနက္စာ စားဖို႔ရန္အတြက္ မွာမည္ဆိုၿပီး ေကာင္တာနားကို သြားလိုက္သည္။ ထိုစဥ္ ေကာင္တာကမိန္းကေလးက ေဇယ်ာကို ႐ုတ္တရက္ႀကီး လာေမးေတာ့သည္။
"အကိုက ပန္းဆိုင္ကမလား"
"ဟုတ္ပါတယ္ .....ညီမ ဘာျဖစ္လို႔ပါလဲ"
"ဘာမွမျဖစ္ပါဘူးရွင့္ ခဏေလးေစာင့္ေပးပါေနာ္"
ဆိုၿပီး ေကာင္တာက မိန္းကေလးက အေနာက္ဘက္၀င္သြားေတာ့သည္။
ေဇယ်ာမွာေတာ့ "ဘာမွမမွာရေသးဘူးေလ"ဆိုၿပီး ပါးစပ္ကေရ႐ြတ္ကာ အူတူတူျဖင့္ က်န္ခဲ့ေတာ့သည္။
မၾကာပါဘူး ေကာ္ဖီဗူးနဲ႔ sandwichထုတ္ေလး လာေပးသြားေတာ့သည္။ ေဇယ်ာကလည္း ၀ယ္ေနတာၾကာလို႔ မွတ္မိတာေနမွာပါ ဆိုသည့္အထင္ႏွင့္ ပိုက္ဆံရွင္းဖို႔ ေမးလိုက္ေလသည္။
"ညီမေလး ဘယ္ေလာက္က်လဲ"
"ေအာ္ အကိုေပးစရာမလိုေတာ့ပါဘူး....ဒါက ရွင္းၿပီးသားပါ"
"ရွင္းၿပီးသား ဟုတ္လား"
"ဟုတ္ပါတယ္ရွင့္"
"အကို ပိုက္ဆံတစ္႐ြက္မွ မထုတ္ရေသးဘူးေလ"
"ေအာ္ ဟုတ္ပါတယ္ရွင့္ တစ္ေယာက္ေယာက္က ရွင္းေပးထားလို႔ပါ"
"ဟင္....ဟုတ္လား....အဲ့တာဆို ေက်းဇူးဘဲလို႔ ေျပာေပးေနာ္" ဆိုၿပီး ေဇယ်ာ ေကာင္တာကေန လွည့္ထြက္ဖို႔ျပင္လိုက္ခ်ိန္ ေကာင္တာက ညီမေလးက လွမ္းေအာ္ေျပာေတာ့သည္။
"အကိုရွင့္ ဇာမဏီဟိဏ္းဆိုတဲ့သူက ေပးခိုင္းလိုက္လို႔ပါ"
ေဇယ်ာ ေကာင္တာဘက္ လွည့္လိုက္ကာ တစ္ခ်က္ၿပဳံးျပလိုက္သည္။ ဒါနဲ႔ဘဲ ေဇယ်ာ ဆိုင္ျပင္ဘက္ ထြက္လာကာ ကားထဲ၀င္လိုက္ၿပီး ဆိုင္ဘက္ ေမာင္းသြားလိုက္ေတာ့သည္။
ဆိုင္ေရွ႕ေရာက္ေတာ့ မိုးထက္ ေစာင့္ေနတာကို ေတြ႕ရလိုက္ ေလသည္။ အေစာႀကီး မလာပါနဲ႔ဆိုလည္း ေျပာမရပါ။ အၿမဲတမ္း ဆိုင္ေရွ႕မွာ ေစာေရာက္ၿပီး ေစာင့္ေနတတ္သည္။ ေဇယ်ာလည္း ကားေပၚက ဆင္းကာ ခပ္ျမန္ျမန္ဘဲ ဆိုင္တံခါးကို ဖြင့္လိုက္သည္။ ေကာ္ဖီခြက္နဲ႔ မုန႔္ထုတ္ကို စားပြဲေပၚတင္ထားလိုက္ရင္း ဆိုင္ခင္းစရာရွိတာေတြ အရင္လုပ္လိုက္သည္။ အားလုံး ၿပီးစီးသြားၿပီဆိုကာမွ ႏွစ္ေယာက္သား စားပြဲဝိုင္းက ထိုင္ခုံမွာ အတူတူထိုင္လိုက္ၾကသည္။
ေဇယ်ာ စားပြဲေပၚတင္ထားတဲ့ ေကာင္ဖီကို တစ္ငုံေသာက္လိုက္သည္။
"ဟူး ေဆာင္းရာသီေလးမွာ ေကာ္ဖီေသာက္ရတဲ့အရသာေလးက ေကာင္းလိုက္တာ"ဆိုၿပီး ေဇယ်ာ စကားစလိုက္ေလသည္။ ၿပီးေနာက္ sandwichကို တစ္ကိုက္ေလာက္ကိုက္လိုက္ကာ ပလုတ္ပေလာင္းျဖင့္ မိုးထက္အား ေျပာလိုက္ေလသည္။
"မိုးထက္ေကာ စားပါလား"
"ေတာ္ပါၿပီ ကြၽန္ေတာ္က စားလာၿပီးၿပီ ေကာ္ဖီဘဲေသာက္ေတာ့မယ္" ဆိုကာ မိုးထက္ တစ္ေယာက္ ထိုင္ေနရာက ေနထလိုက္ၿပီး ေကာ္ဖီေဖ်ာ္ဖို႔ ေကာင္တာနား သြားလိုက္ေလသည္။ Nescafeအထုတ္ကို ခြက္ေလးထဲေဖာက္ထည့္ၿပီး ေရေႏြးထည့္ကာ ဇြန္းေလးနဲ႔သမေအာင္ ေမႊလိုက္သည္။ ခြက္ေလးကိုယူကာ မိုးထက္ ေဇယ်ာနား ျပန္လာၿပီးထိုင္လိုက္ေလသည္။
"အကို"
"ေျပာေလ မိုးထက္"
"အကို ဒီႏွစ္ရက္အတြင္း ေပ်ာ္ေနတယ္ေနာ္"
"ဟင္ ဘယ္လိုမ်ိဳးတုန္း မိုးထက္"
"မ်က္ႏွာကေလးက ႐ႊင္ပ်ပ်ေလးျဖစ္ေနတာေလ၊ ခဏကေကာ္ဖီေဖ်ာ္ရင္း အကို႔ကို ၾကည့္ေနတာ အကိုက ေကာ္ဖီေလးေသာက္လိုက္ ၿပဳံးလိုက္နဲ႔ လုပ္ေနတာကိုး"
"အဲ့ေလာက္ေတာင္ သိသာသြားတာလား"
"သိသာတာေပါ့ မေန႔ကလည္း ဘာမွမေျပာဘဲ ကားနဲ႔ထြက္သြားတယ္ ...ေဟာ ျပန္လာျပန္ေတာ့လည္း မ်က္ႏွာႀကီးကၿပဳံးၿဖီးေနၿပီးေတာ့"
"ဟုတ္လား အဲ့တာကေလ ဒီလိုဘဲ ေပ်ာ္စရာေလးရွိလို႔ပါ"
ႏွစ္ေယာက္သား စကားေျပာေနၾကရင္း "တိန္"ဆိုတဲ့အသံကထြက္ေပၚလာေလသည္။ ႏွစ္ေယာက္စလုံး ကိုယ့္ဖုန္းကိုကိုယ္စီယူကာ ၾကည့္လိုက္ၾကသည္။ ၿပီးေနာက္ မိုးထက္က ဖုန္းကိုစားပြဲေပၚျပန္ခ်ထားလိုက္ေတာ့၏။
"ကြၽန္ေတာ့္ဆီက မဟုတ္ေတာ့ အကို႔ဆီကေနမွာ ဟုတ္တယ္မလား" ဆိုၿပီးလည္း ေျပာလာေသးသည္။
"ဟုတ္တယ္ မိုးထက္" ဆိုၿပီး ေျပာကာ ေဇယ်ာ မိုးထက္ကို ၿပဳံးျပလိုက္သည္။
ၿပီးေတာ့ ပို႔ထားတဲ့ စာေလးကို ၾကည့္လိုက္သည္။
ကိုဟိဏ္း....အဲ.....အကိုဇာမဏီဆီက စာေလ။
ပို႔ထားတာက
"မနက္က မုန႔္နဲ႔ေကာ္ဖီ စားလိုက္ရလား"တဲ့ေလ။
"အင္း ခုစားေနတယ္" ဆိုကာ ေဇယ်ာ စာျပန္ ပို႔လိုက္သည္။
ဇာမဏီဆီက ျပန္စာ ႏွစ္ခုေတာင္ ေရာက္လာေတာ့သည္။
"ေအာ္....စားေနတာလား စားစား..."
"ဒါနဲ႔ မေန႔ကအျပင္သြားဖို႔ ေျပာထားတာ မေမ့ဘူးမလား"
"ေသခ်ာတာေပါ့ မေမ့ပါဘူး"
"အဲ့တာဆို ခုက ရွစ္ခြဲဆိုေတာ့ ကိုးခြဲလာေခၚလိုက္မယ္...ကို အစည္းအေဝး ရွိေနေသးလို႔"
"ရတယ္ေလ"ဆိုကာ ေဇယ်ာ စာပို႔လိုက္ၿပီး ဖုန္းကိုစားပြဲေပၚျပန္တင္ထားလိုက္ေတာ့သည္။
ထိုခ်ိန္ ေဇယ်ာ့ကို စူးစိုက္ကာ ၾကည့္ေနတဲ့ မိုးထက္ကိုျမင္လိုက္ရေလသည္။
"ၾကည့္ပါလား အကိုေပ်ာ္ေနပါတယ္ ခု ဖုန္းေလးကိုင္ေနတာကို ၿပဳံးတာငါးခါမကရွိေနၿပီ"
"ဟုတ္လား အဲ့ေလာက္ထိေတာင္ ၿပဳံးမိသြားတာလား....သိေတာင္မသိလိုက္ဘူး"
"ဘာမ်ား ေပ်ာ္စရာရွိလို႔လဲဟင္ ကြၽန္ေတာ့္ကို ေျပာျပပါလား"
"ဟာ.....ဒါ....ဒါက....ကေလးေတြနဲ႔ မဆိုင္ဘူး...လူႀကီးကိစၥ" ဆိုကာ ေဇယ်ာ ၿပဳံးၿပီး ေျပာလိုက္သည္။
"အကိုကလည္း"
"ဟား....ဟား....."
ေဇယ်ာႏွင့္မိုးထက္တို႔ စကားလက္ဆုံက်ေနတဲ့အခ်ိန္ တံခါးကတပ္ထားတဲ့ ေခါင္းေလာင္းေလးက ျမည္သြားေလသည္။
ေဇယ်ာႏွင့္ မိုးထက္တို႔ တံခါးနားကို အၾကည့္ေရာက္သြားၾကေတာ့သည္။ လူတစ္ေယာက္ ၀င္လာတာေၾကာင့္ ေဇယ်ာကေနၿပီးမွ အရင္ ႀကိဳဆိုလိုက္ေလသည္။
"ႂကြပါခင္ဗ် ဘာမ်ားအလိုရွိလို႔ပါလဲ"ဆိုကာ ေျပာလိုက္သည္။
တံခါးရဲ႕အလင္းျပန္မႈေၾကာင့္ ေဇယ်ာတို႔ ထိုသူ႔ကိုေကာင္းေကာင္း မျမင္ရေသးပါ။ တံခါးပိတ္သြားၿပီဆိုေတာ့ကာမွ ေသခ်ာ ျမင္လိုက္ရသည္။ ေဇယ်ာလည္း ျမင္လိုက္ေတာ့ အံ့ဩသြားရသည္။ ဘာျဖစ္လိုလဲဆိုေတာ့ ဇာမဏီဟိဏ္းရဲ႕အကိုျဖစ္ေနလို႔ဘဲေလ။ မေန႔က ခဏေလးသာ ျမင္လိုက္ရေပမယ့္လည္း ေဇယ်ာ မွတ္မိေနေလသည္။
ထိုခ်ိန္ မိုးထက္ကေနမွ ဇာမဏီဟိဏ္း အကိုအား လက္ညိဳးထိုးကာ ေျပာလာေလေတာ့၏။
"ခင္းဗ်ားႀကီး ဘာလာလုပ္ျပန္တာလဲ"
မိုးထက္ စကားကို ၾကားၿပီး ေဇယ်ာမွာ မိုးထက္ကို
"သိေနၾကတာလား"ဆိုသည့္ အၾကည့္ျဖင့္ ၾကည့္မိလိုက္ေတာ့သည္။
ေဇယ်ာ အခု ဇာမဏီဟိဏ္း အကိုနဲ႔ cafeမွာ ေတြ႕ေနၾကတာေလ။ ဆိုင္မွာဆိုရင္ မိုးထက္က ရန္ေတြ႕ေနမည္စိုးေသာေၾကာင့္ ေဇယ်ာက တစ္ျခားဆိုင္မွာ ေတြ႕ဖို႔ ေျပာလိုက္တာ ျဖစ္ေလသည္။
အခု ေဇယ်ာမွာ ဘာေျပာရမွန္းမသိ ျဖစ္လို႔ေနေလသည္။ ဒါနဲ႔ဘဲ စားပြဲေပၚက ေကာ္ဖီခြက္ကို ကိုင္လိုက္ၿပီး ေဇယ်ာ တစ္ေယာက္ ေျပာစရာမရွိ ရွာက်န္ေျပာေတာ့သည္။
"ခဏတုန္းက ဆိုင္မွာ ျဖစ္ခဲ့တဲ့ ကိစၥအတြက္ ေတာင္းပန္ပါတယ္.......သူက သိပ္မရင့္က်က္ေသးလို႔ပါ"
"ရပါတယ္ ကို သူနဲ႔ ဆုံခဲ့ၿပီးပါၿပီ"
"ဟုတ္ အဲ့တာေၾကာင့္ ထပ္ၿပီးအားနာရပါတယ္"
"ရပါတယ္ ဒါနဲ႔ မေန႔က ေကာင္းေကာင္း မိတ္မဆက္လိုက္ရဘူးေနာ္"
"အား....ဟုတ္ပါတယ္....ကြၽန္ေတာ္ကဘဲ စမိတ္ဆက္ပါမယ္"
"ရပါတယ္...အကိုက စိုင္းဝီလ်ံဟိဏ္းပါ.....ၿပီးေတာ့ ခြန္စ၀မ္လို႔လဲသိၾကတယ္။ ဇာမဏီဟိဏ္းရဲ႕ အကိုဆိုပါေတာ့"
"ဟုတ္ ကြၽန္ေတာ္က ေဇယ်ာထက္ျမတ္ပါ...ေတြ႕ရတာ၀မ္းသာပါတယ္"
"အင္း"လို႔ စိုင္းဝီလ်ံဟိဏ္း ေျဖလိုက္ၿပီး ေကာ္ဖီတစ္ငုံေသာက္လိုက္သည္။
"အကိုက ဘာမ်ားသိခ်င္လို႔ပါလဲ"လို႔ ေဇယ်ာ ေမးလိုက္ေတာ့ စိုင္း၀ီလ်ံဟိဏ္းမွာ ေသာက္လက္စ ေကာ္ဖီကို စားပြဲေပၚျပန္ခ်ထားလိုက္ၿပီး
"ေထြေထြးထူးထူးေတာ့ မဟုတ္ပါဘူး.....မင္းနဲ႔ ဇာမဏီနဲ႔က ဘယ္လိုပတ္သက္ၾကတာလဲ ဆိုတာ သိခ်င္႐ုံေလးပါဘဲ" ဟု ေျပဳလာေတာ့သည္။
"အား....ေျပာရရင္ အကိုဇာမဏီနဲ႔ ကြၽန္ေတာ္က အရင္က....အမ္....ဘယ္လို....ဘယ္လိုေျပာရမွာပါလိမ့္"
"ရပါတယ္ ပြင့္ပြင့္လင္းလင္းေျပာပါ အကို ဘာမွမလုပ္ပါဘူး.... ဒီအတိုင္း သိခ်င္လို႔ဘဲ ေမးတာပါ"
ေဇယ်ာ အာေျခာက္ေနေသာေၾကာင့္ green tea ေရေႏြးၾကမ္းေလးကို တစ္ငုံ ေသာက္လိုက္သည္။ ၿပီးေနာက္ ပြင့္ပြင့္လင္းလင္း ေျပာခ်လိုက္ေတာ့သည္။
"ဟိုေလ အရင္က ခ်စ္သူေတြပါ"
"ခ်စ္သူေတြလား....ေအာ္ ဇာမဏီ ေျပာေျပာေနတဲ့ တစ္ေယာက္ထင္တယ္"
"ေျပာေျပာေနတဲ့တစ္ေယာက္ ဟုတ္လား"
"အင္း ထားပါေတာ့"
"ဟုတ္"
"ဒါနဲ႔ မင္းက ပန္းဆိုင္ဖြင့္ေတာ့ ပန္းေတြ ဘယ္နားမွာရလဲသိမွာေပါ့ေနာ္"
"ဟုတ္ သိပါတယ္"
"အကိုက ခုေဆာက္မယ့္ hotel projectမွာ ပန္းၿခံအငယ္ေလးထားဖို႔ရွိလို႔ ပန္းမွာခ်င္လို႔ေလ။ ႏွင္းဆီပန္းတို႔ တစ္ျခားပန္းတို႔အပါအ၀င္ေပါ့"
"ဟုတ္...ရပါတယ္ ကြၽန္ေတာ္သိတဲ့ ပန္းဆိုင္ေလးနဲ႔ ခ်ိတ္ေပးမယ္ေလ"
"ေကာင္းတာေပါ့"
"ေအာ္...ဒါနဲ႔ အကို႔ညီ ဇာမဏီ သုံးႏွစ္ေလာက္ ေပ်ာက္သြားတာကို ဘာေၾကာင့္လို႔ မင္းကို ေျပာျပထားလဲ"
"ဘာမွ မေျပာရေသးဘူး..... ေမးဖို႔ေမ့ေနတာနဲ႔"
"ဟုတ္လား.."
"ဟုတ္"
"မသိခ်င္ဘူးလား သုံးႏွစ္အတြင္း သူဘာလုပ္ေနခဲ့လဲဆိုတာ"
"သိေတာ့သိခ်င္ပါတယ္..... ဒါေပမယ့္ သူ႔ကိုဘဲ ေမးလိုက္က ပိုေကာင္းမယ္ ထင္ပါတယ္"
"အကို ေျပာျပလည္း ရတယ္ေနာ္....တစ္ကယ္ မသိခ်င္ဘူးလား"
စိုင္း၀ီလံဟိဏ္းမွာ အတင္း ဖိအားေပးကာ ေျပာေနေသာေၾကာင့္ ေဇယ်ာ ေနရခက္လာေတာ့သည္။ ဒါနဲ႔ဘဲ ေဇယ်ာလည္း ထစ္ထစ္ေငါ့ေငါ့ျဖင့္ ေျပာလိုက္ေလေတာ့၏။
"အင္း.... ဒါ.... ဒါဆိုလည္း.... ေျပာ....ေျပာျပၾကည့္ေလ"
"ဇာမဏီက...ကေမာၻဒီးယားမွာ......"
စိုင္း၀ီလ်ံဟိဏ္း တစ္ေယာက္ ေျပာျပမလို႔ အစျပဳေနခ်ိန္
ေဇယ်ာလည္း စိတ္၀င္တစားျဖင့္ နားစြင့္ကာ နားေထာင္ေနေလသည္။
ထိုခ်ိန္ "ေဇယ်ာက ဒီေရာက္ေနတာလား" ဆိုၿပီး ဇာမဏီဟိဏ္း တစ္ေယာက္ ေရာက္ခ်လာေတာ့သည္။
ေဇယ်ာလည္း ဇာမဏီဟိဏ္းကို ၾကည့္လိုက္မိသည္။ ေဇယ်ာ ေရွ႕မွာထိုင္ေနတဲ့ စိုင္းဝီလ်ံဟိဏ္းကလည္း ၿပဳံးၿပီး ေနေနေတာ့သည္။
"ဟာ....ဇာမဏီဟိဏ္းဘဲ...ငါတို႔ ဒီေရာက္ေနတာ ဘယ္လိုမ်ားသိတာပါလိမ့္"
"ေအာ္ ေဇယ်ာကို လာေခၚမယ္ဆိုၿပီး ဆိုင္ကိုသြားလိုက္တာေလ....ဆိုင္က ေကာင္ေလးက ေဇယ်ာ ဒီမွာရွိတယ္လို႔ ၫႊန္လိုက္လို႔ေလ"
"ေအာ္ ဟုတ္လား"
"အစကေတာ့ ဘယ္သူမ်ားလဲ စဥ္းစားေနမိတာ...အကိုျဖစ္ေနတာကိုး....အကိုတို႔က ဘာေျပာေနၾကတာလဲ"
"ေအာ္ hotelမွာ ပန္းၿခံငယ္ေလးထားမလို႔ ပန္းကိစၥေျပာေနၾကတာပါ...မဟုတ္ဘူးလား ညီ"
စိုင္းဝီလ်ံဟိဏ္းက ေဇယ်ာ့ဘက္ကို စကားလမ္းေၾကာင္းလႊဲလိုက္ေလသည္။
"ဟုတ္....ဟုတ္တယ္ ပန္းကိစၥ ေျပာေနၾကတာ"
"အဲ့တာဆို အကို႔ ကိစၥၿပီးၿပီလို႔ ထင္တယ္ .... ေဇယ်ာကို ေခၚသြားလို႔ရၿပီမလား"
"As you like ,i don't have any questions yet ခြန္နစ္" ဟု စိုင္း၀ီလ်ံဟိဏ္းလည္း ေျပာၿပီးတာနဲ႔ ဇာမဏီဟိဏ္း တစ္ေယာက္ ေဇယ်ာ့လက္ကို ဆြဲကာ အျပင္ေခၚထုတ္သြားေလေတာ့သည္။ စိုင္းဝီလ်ံဟိဏ္းမွာေတာ့ ေကာ္ဖီေသာက္ရင္း က်န္ခဲ့ေလသည္။
ဇာမဏီဟိဏ္းမွာ ေဇယ်ာ့ကို ကားေပၚေခၚသြားၿပီး တစ္ေနရာရာကို ေမာင္းသြားေနေတာ့သည္။ ကားေမာင္းေနတဲ့ တစ္ခ်ိန္လုံးလည္း ႐ုပ္တည္ႀကီး ျဖစ္လို႔ေနေလသည္။ ေဇယ်ာလည္း ၾကာေတာ့ ေနရခက္လာတာနဲ႔ စလိုက္ေတာ့၏။
"အဟမ္း......ခု ကိုဟိဏ္း သ၀န္တိုေနတာမလား"
"ဟား.....ဟား ...."
ေဇယ်ာေျပာလိုက္ေတာ့ ဇာမဏီဟိဏ္းမွာ အသံက်ယ္ႀကီးျဖင့္ ရယ္လာေတာ့သည္။
"သ၀န္တိုစရာလား ကို႔အကိုနဲ႔ အလုပ္ကိစၥေျပာတာဘဲကို"
"မသိဘူးေလ ႐ုပ္ႀကီးက တည္တည္ႀကီးနဲ႔ ျဖစ္ေနတာကိုး"
"ဟုတ္လား....."
"မွန္မွန္ေျပာ ကိုဟိဏ္း သ၀န္တိုေနတာမလား"
"ဟုတ္တယ္ သ၀န္တိုတယ္....ကို႔အကိုဆိုေပမယ့္လည္း သူလည္းေယာက်ာ္းဘဲ"
"ေဇယ်ာလည္း ေယာက်ာ္းဘဲေလ"
"ဟာ မတူဘူးေလ ေဇယ်ာက ရည္းစားရွိတဲ့ေယာက်ာ္းေလ"
"အဲ့တာက အရင္ကေလ ခုမွမဟုတ္တာ"
"ဟာ ေဇယ်ာကလည္းကြာ"
"ခုဘယ္သြားေနတာလဲ"
"မေျပာဘူး"
"မေျပာလည္းေနေပါ့" ဆိုၿပီး ေဇယ်ာဆူပုတ္ကာ တစ္ဖက္သို႔လွည့္သြားေလသည္။ မၾကာလိုက္ပါဘူး ကားေလးက တစ္ေနရာရာမွာ ရပ္သြားေတာ့သည္။ ေဇယ်ာ ကားထဲကေန ၾကည့္လိုက္ေတာ့ 'ေအာင္သီရိ'႐ုပ္ရွင္႐ုံတဲ့ေလ။
ေဇယ်ာ ကားထဲက ထြက္လိုက္ၿပီး ဆူပုတ္ပုတ္ျဖင့္ ေျပာလိုက္သည္။
"႐ုပ္ရွင္႐ုံ လာမွာဘဲကို ေျပာျပလည္းရေနတာဘဲ"
"ေဟာ surpriseလုပ္ခ်င္လို႔ေပါ့"
"ဘာ surpriseတုန္း ႐ုပ္ရွင္ၾကည့္မယ္လို႔ ေျပာလည္းရပါတယ္"
"အရင္ကဘဲ ဒီလိုေနရာေတြမွာ ခ်ိန္းခ်င္တာဆို......အဲ့တာေၾကာင့္ေခၚလာတာေလ"
"အင္းပါ လက္မွတ္ေပး"
"လက္မွတ္က ေပးလို႔မရဘူးေလ အတြဲခုံယူထားတာေလ"
"ၿပီးတာဘဲ မုန႔္သြား၀ယ္မယ္"
"အင္း ဟုတ္ၿပီ"
ႏွစ္ေယာက္သား မုန႔္၀ယ္ၿပီးေတာ့ ႐ုပ္ရွင္႐ုံထဲ၀င္လိုက္ၾကသည္။ စုံတြဲခုံဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ္က ထိလုနီးပါးရွိေနေလသည္။ ေဇယ်ာ ဘာဇာတ္ကားလည္း သိခ်င္တာေၾကာင့္ ေမးလိုက္သည္။
"ဘာကားျပမွာလဲ"
"သရဲကားေလ"
"ဟင္ သရဲကားႀကီးလား"
"ဟုတ္တယ္ေလ Annabelle နံပါတ္2ေလ"
"ဟုတ္လား ေဇယ်ာ သရဲေၾကာက္တတ္တာ မသိဘူးလား"
"မသိဘူးေလ ကိုက ေဇယ်ာနဲ႔ ဒီလိုမခ်ိန္းဘူးေတာ့ ေဇယ်ာဘာကားႀကိဳက္တတ္မွန္းမွမသိတာ...."
"ဟာ..... အဲ့တာကို ဘာလို႔ ခုမွေျပာရတာလဲ.... ႐ုပ္ရွင္ၾကည့္မယ္ဆိုလည္း ႀကိဳေလ့လာထားေပါ့လို႔"
"အယ္.... ကိုလည္း ဘယ္သိပါ့မလဲ..... ဒါဆိုရင္ မၾကည့္ေတာ့ဘဲေနလိုက္မလား"
"ထားပါေတာ့ေလ.... ႐ုံထဲေတာင္ ေရာက္ေနၿပီဘဲကို"
"အင္း....အင္း"
တစ္ဖက္တြင္ စိုင္းဝီလ်ံဟိဏ္း တစ္ေယာက္ ေန႔လည္ေရာက္ေတာ့ ေကာ္ဖီဆိုင္ကေန ပန္းဆိုင္ကို ျပန္သြားေလသည္။ ဆိုင္ထဲ၀င္လိုက္ေတာ့ ဟိုခ်ာတိတ္ေလးက မ်က္ေစာင္းထိုး ၾကည့္ၿပီးေတာ့ သူ႔လုပ္စရာရွိတာ လုပ္ေနေတာ့သည္။
"အဟမ္း....လူတစ္ေယာက္လုံး၀င္လာေနတယ္ေလ" ဆိုၿပီး စိုင္းဝီလ်ံဟိဏ္း စေျပာလိုက္သည္။
"ေအာ္ ေဈး၀ယ္သူေရာက္ေနတာလား ....မသိပါဘူး ဘာမွမ၀ယ္ဘဲ ထြက္သြားမွာဆိုေတာ့ ဒီအတိုင္းေနေနလိုက္တာ"
"ခ်ာတိတ္"
"ခင္ဗ်ားကို ေျပာထားတယ္ေလ ခ်ာတိတ္မဟုတ္ပါဘူးလို႔"
"ထားပါ....ဗိုက္မဆာဘူးလား"
"မဆာပါဘူး ဘာလို႔လဲ"
"ကို မနက္က ေကာ္ဖီတစ္ခြက္ဘဲေသာက္ရေသးတာ အဲ့တာဗိုက္ဆာလာလို႔"
"ခင္ဗ်ားဗိုက္ဆာတာ ကိုယ့္ဘာသာကိုယ္သြားစားေပါ့"
"ကိုက လားရႈိးကို ခုမွေရာက္ဖူးေတာ့ လမ္းေတြသိပ္မသိဘူး"
"ဟာ.... ဒါဆိုလည္း ခင္ဗ်ား ဟိုတယ္ကို ျပန္စားလိုက္ေပါ့"
"ကိုက ဟိုတယ္မွာမေန.....ၾကာတယ္ကြာ"
ဆိုၿပီး စိုင္းဝီလ်ံဟိဏ္းမွာ မိုးထက္လက္ကို ဆြဲကာ အျပင္ေခၚထုတ္သြားဖို႔ လုပ္ေနေလသည္။
မိုးထက္မွာေတာ့
"ဟိတ္လူ လိုက္ခဲ့မယ္ အတင္းအၾကပ္ေတာ့မလုပ္နဲ႔ ေစာင့္အုန္း ဆိုင္ပိတ္ဖို႔ ေသာ့သြားယူလိုက္အုန္းမယ္" ဟု
ေျပာေတာ့မွ စိုင္းဝီလ်ံဟိဏ္းလည္း မိုးထက္လက္ကို လြတ္ေပးလိုက္ေတာ့သည္။
ထို႔ေနာက္ မိုးထက္လည္း ဆိုင္ပိတ္ကာ စိုင္းဝီလ်ံဟိဏ္းနဲ႔လိုက္သြားေတာ့၏။ ကားထဲတြင္လည္း မိုးထက္ၿငိမ္ၿငိမ္မေန ဖုန္းနဲ႔ တစ္ေယာက္ေယာက္ကို စာပို႔ေနေလသည္။ ေဘးက ကားေမာင္းေနတဲ့ စိုင္း၀ီလ်ံဟိဏ္းကေတာ့ လွမ္းၾကည့္ကာ ေမးလိုက္ေလသည္။
"ဘာလဲ ခ်စ္သူကို လွမ္းတိုင္ေနတာလား"
"ဟာ...မဟုတ္ပါဘူး အကိုေဇယ်ာကို ဆိုင္ပိတ္ထားတယ္လို႔ စာပို႔ေနတာပါ"
"ထားပါ ခုဘယ္ကိုသြားရမွာလဲ"
"ေရွ႕လမ္းေလးစုံေရာက္ရင္ ဘယ္ခ်ိဳးလိုက္"
"ဘယ္သြားေနတာလဲ ခုက"
"ၿမီးရွည္ဆိုင္သြားေနတာ ၊ခင္ဗ်ားစားလိုက္ရင္ ခင္ဗ်ားတို႔ရန္ကုန္သားေတြ ေဆြမ်ိဳးေမ့သြားလိမ့္မယ္"
"ဟား......ဟား....." ဆိုၿပီး စိုင္း၀ီလ်ံဟိဏ္း ႐ုတ္တရက္ ရယ္လိုက္ေလသည္။
ေျပာေနတဲ့ မိုးထက္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စိုင္း၀ီလ်ံဟိဏ္းကို ၾကည့္လိုက္ေတာ့သည္။
"ဘာလို႔ရယ္တာလဲ ကြၽန္ေတာ္ေျပာတဲ့အထဲမွာ ဘာရယ္စရာပါလို႔လဲ"
"မင္းက ငါ့လို ကေမာၻဒီးယားသားကို ၿမီးရွည္မစားဖူးဘူး ထင္ေနတာလား"
"ကေမာၻဒီးယားသား....အဲ့တာဆို ခင္ဗ်ားကႏိုင္ငံျခားသားလား"
"အဲ့လိုေတာ့မဟုတ္ဘူး ကို႔မွာ ျမန္မာႏိုင္ငံသားစိစစ္ေရးကတ္ျပားရွိသလို ....ကေမာၻဒီးယားရဲ႕ ႏိုင္ငံသားကတ္ျပားလည္းရွိတယ္"
"ဝါး.....မိုက္သားဘဲ"
"ဘာမိုက္တာလဲ ကို႔မ်က္ႏွာကေခ်ာလို႔မိုက္ေနတာလား စတိုင္ကမိုက္ေနတာလား"
"ဟာ....အဲ့လိုမဟုတ္ပါဘူး မိုက္တယ္ဆိုတာက ဘယ္မွာေနေန ေနလို႔ရတယ္ေလ၊ ႏိုင္ငံသားကတ္ျပားကႏွစ္ခုရွိေနတာကို"
"ဟုတ္ပါၿပီ ခုဘယ္သြားရမွာလဲ"
"ညာဘက္ခ်ိဳးလိုက္ ပထမဆိုင္ဆို ေရာက္ၿပီ"
ဒီလိုနဲ႔ စိုင္း၀ီလ်ံဟိဏ္းနဲ႔မိုးထက္တို႔ ၿမီးရွည္ဆိုင္ကို ေရာက္သြားေတာ့သည္။
႐ုပ္ရွင္ၾကည့္ၿပီးလို႔ ေဇယ်ာႏွင့္ဇာမဏီဟိဏ္းတို႔ အတူ ထြက္လာၾကေလသည္။ ႐ုပ္ရွင္က ဆယ္နာရီခြဲကေနျပတာ တစ္နာရီထိုးခါနီးမွ ၿပီးေတာ့သည္။ ဒီၾကားထဲ ႐ုပ္ရွင္ၾကည့္ေနလို႔ သရဲကထြက္လာရင္ ေဇယ်ာမွာ ဇာမဏီဟိဏ္းဘက္ကို တိုးတိုးသြား ေတာ့သည္။ ဟိုကလည္း ဂြင္ဖန္တာလားေတာ့မသိ ေဇယ်ာတိုးသြားရင္ သူကအားႀကီးနဲ႔ ေဇယ်ာ့ကို ဖက္ဖက္ထားေသးတာ။ သရဲက မရွိေတာ့ဘူးဆိုရင္လည္းေလ "မၾကည့္ေသးနဲ႔ သရဲရွိေနေသးတယ္"ဆိုၿပီး ဖက္ထားတာကေန မလြတ္ဘူး။ ဒီမွာေတာ့ သူဖက္ထားလို႔ ရင္ခုန္တာလြန္ၿပီး ေသေတာ့မယ္။ ေျပာကိုမေျပာခ်င္ဘူး။
"အင္း......ဟား.....အေမွာင္ထဲက ထြက္လာတာဆိုေတာ့ လန္းဆန္းသြားတာဘဲ၊ ႐ုပ္ရွင္ကလည္းေနာ္ သရဲေတြခဏခဏထြက္လာတာဘဲ" ဆိုၿပီး ဇာမဏီဟိဏ္း တစ္ေယာက္ အေညာင္းဆန႔္ရင္း ေျပာလိုက္ေတာ့ ေဇယ်ာမွာ မ်က္ေစာင္းထိုးကာ ကားရပ္ထားတဲ့ေနရာသို႔ ေကာ့ေတာ့ေကာ့ေတာ့ျဖင့္ ေလွ်ာက္သြားေလ ေတာ့သည္။
ကားထဲ၀င္ၿပီး ေဇယ်ာ ထိုင္ေနလိုက္သည္။ ေဇယ်ာထိုင္ေနၿပီးမၾကာပါဘူး ကိုဟိဏ္းလည္း ၀င္လာေတာ့သည္။
"ဘယ္သြားၾကမလဲ ေဇယ်ာ"
"ဆိုင္ကိုျပန္မယ္"
"ဟုတ္ၿပီေလ"
ကားေလးဟာ တေ႐ြ႕ေ႐ြ႕ႏွင့္ ႐ုပ္ရွင္႐ုံ၀န္းထဲက ထြက္သြားေတာ့သည္။ ေဇယ်ာ ရွာစရာရွိတယ္ဆိုၿပီး ဖုန္းကိုယူၿပီး လိုင္းဖြင့္လိုက္ေတာ့ "တိန္"ကနဲ စာ၀င္လာေတာ့သည္။ ေဇယ်ာ ပို႔ထားတဲ့စာကို ၾကည့္ၿပီးေတာ့ ဇာမဏီဟိဏ္းဘက္ လွည့္ကာ ေျပာလိုက္သည္။
"ဆိုင္မသြားေတာ့ဘူး"
"ဟမ္ ဘာလို႔လဲ"
"မိုးထက္က သြားစရာရွိလို႔တဲ့ ဆိုင္ပိတ္သြားတယ္"
"ဟုတ္လား အဲ့တာဆို တစ္ခုခုသြားစားၾကမလား"
"အင္း ဟုတ္ၿပီေလ"
ေဇယ်ာႏွင့္ ဇာမဏီတို႔ ေန႔လည္စာစားဖို႔ ဆိုင္တစ္ဆိုင္ကို ဦးတည္လိုက္ၾကေတာ့သည္။ ေန႔လည္စာ စားတာဘယ္ေလာက္ၾကာသြားမွန္းမသိ ညေနေလးနာရီေတာင္ ရွိသြားၿပီေလ။ ထားပါေတာ့....ေဇယ်ာတို႔ သြားစားတဲ့ဆိုင္ကလည္း လူမ်ားေတာ့ ေစာင့္ေနရေသးတာကိုး။ ေျပာရရင္လည္း ဆိုင္ေၾကာင့္လည္းပါတာေပါ့။
အခု ေဇယ်ာတို႔ ပန္းၿခံထဲမွာေနေနၾကတာ ျဖစ္သည္။ ေဆာင္းတြင္းဆိုေတာ့လည္း ညေနဘက္ေရာက္ရင္ အေအးဓာတ္ေလးက ရလာေရာ။ ေကာ္ဖီသြား၀ယ္မယ္ ေျပာၿပီး ထြက္သြားတဲ့သူက ခုထိ ျပန္မေရာက္ေသးဘူးေလ။ ညကလည္း ေမွာင္လာေနၿပီ။ ေဇယ်ာလည္း ကားနားမွာ မေစာင့္ခ်င္ေတာ့တာနဲ႔ ခုံမွာထိုင္ေစာင့္မယ္ဆိုၿပီး ခုံတန္းလ်ားရွည္မွာ ထိုင္ေနလိုက္သည္။
ေတာ္ေတာ္ႏွင့္ မလာေသးပါ။ ေမွာင္လာလို႔ ပန္းၿခံထဲေတာင္ မီးထြန္းေနေလၿပီ။ မၾကာပါဘူး ေရာက္ခ်လာေလၿပီ။ လက္ထဲမွာ ေကာ္ဖီခြက္ႏွစ္ခြက္ရယ္ အ႐ုပ္ရယ္ကိုင္ရင္းနဲ႔ေပါ့။
"ဟူး...ေမာလိုက္တာ .....ေစာင့္ရတာၾကာသြားလား"
"မၾကာပါဘူး နာရီ၀က္ေလးပါဘဲ"
"ေဆာရီး ကိုအာလူးပစ္ေနတာ အ႐ုပ္ရေအာင္လို႔....အဲ့တာေၾကာင့္ၾကာသြားတာထင္တယ္.... ေရာ့ နပ္ေကာဖီေလး"
ဆိုၿပီး ေကာ္ဖီခြက္ေလးကို ေဇယ်ာ့ေရွ႕ ကမ္းေပးလာသည္။
ေဇယ်ာလည္း ေကာ္ဖီခြက္ကိုယူရင္း...
"အ႐ုပ္ကေပးဖို႔မလား ေပးေလ" ဟု ေျပာလိုက္သည္။
"ဟုတ္ပါဘူး"
"အဲ့တာဆို လူကိုေတာ့ ေစာင့္ရေအာင္လုပ္ၿပီး ဘာလို႔ အ႐ုပ္ယူေနေသးတာလဲ"
"ဟီး....အ႐ုပ္ကိုသေဘာက်လို႔...အ႐ုပ္က ေဇယ်ာနဲ႔တူလို႔"
"ဘယ္မွာတူလို႔လဲ"
"စိတ္ဆိုးရင္တူတယ္ေလ"
သူေျပာတာလည္း ဟုတ္ေတာ့ဟုတ္သည္။ အ႐ုပ္က ဆူပုတ္ေနတဲ့မ်က္ႏွာႀကီးနဲ႔ေလ။
"ဒါနဲ႔ ေနပါအုန္း မူဆယ္လိုက္လာတုန္းက ရွင္းျပမယ္ဆိုတာက ခုထိ ရွင္းမျပရေသးဘူးေနာ္"
"ေအာ္ ဟုတ္လား....ကိုေျပာျပမယ္ေနာ္"
"ေျပာ...ဘာလို႔သုံးႏွစ္ေလာက္ ႐ုတ္တရက္ ေပ်ာက္သြားရတာလဲ"
"ကို အေဖ့ေၾကာင့္ ကေမာၻဒီးယားမွာ ေက်ာင္းသြားတက္ရတယ္၊ အဲ့တာေၾကာင့္မလို႔ပါ.....ၿပီးေတာ့ ကို႔ကို အေဖက မ်က္စိေတာက္ေထာက္ ၾကည့္ေနေတာ့ ကို အဆက္အသြယ္ျဖတ္ထားရတာ"
"အင္း...ထားပါေတာ့ေလ.... လက္ခံလို႔ရပါတယ္.... ႐ုတ္တရက္ေပၚလာတာကေရာ"
"အဲ့တာက ကိုကေက်ာင္းၿပီးသြားေတာ့ အေဖ့လုပ္ငန္းကို ၀င္လုပ္လိုက္တာေလ၊ ၿပီးေတာ့ အေဖက လုပ္ငန္းခ်ဲ႕ခ်င္တယ္ဆိုေတာ့ ကိုက လားရႈိးကိုၫႊန္းလိုက္တာေပါ့"
"အင္း ဒါလည္း နားေထာင္ရတာ အဆီအေလ်ာ္တည့္ပါတယ္"
"ဒါနဲ႔ ဟိုေရာက္ေတာ့ ဒီကကေလးကိုမလြမ္းဘူးလား"
"ဘယ္ကကေလးလဲ"ဆိုၿပီး ဇာမဏီဟိဏ္း ေနာက္ေနာက္ေျပာင္ေျပာင္ျဖင့္ ေျပာလိုက္ေလသည္။
"ဘယ္ကိုၾကည့္ေနတာလဲ ဒီကကေလး...ဒီကေလးကိုေျပာေနတာ"ဆိုၿပီး ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းကို ႐ိုက္လည္း႐ိုက္ကာ ကိုယ့္ကိုယ္ကို လက္ညိဳးထိုးၿပီး ေျပာလိုက္ေလသည္။
"ဟီး...လြမ္းတာေပါ့လို႔....အူထဲအသည္းထဲကကို လြမ္းတာ"
"အပိုေတြ"
"တစ္ကယ္ေျပာတာပါ....ကေလးေကာ ကို႔ကိုမလြမ္းဘူးလားဟင္"
ေဇယ်ာ မ်က္ရည္မ်ားဝဲတက္လာေသာေၾကာင့္ မ်က္ႏွာကိုတစ္ဖက္လွည့္လိုက္ကာ ျပန္ေျဖေလသည္။
"မလြမ္းပါဘူး"
"ေဇယ်ာကလည္း ကို႔ကို မရက္စက္ပါနဲ႔ေတာ့"
"အ႐ူးႀကီး ဒီေလာက္ ငိုသံပါပါနဲ႔ ေျပာေနတာကို မလြမ္းဘဲေနမလား အ႐ူးႀကီးရဲ႕.....ေန႔တိုင္း ကိုဟိဏ္းကို လြမ္းေနခဲ့တာ.......ဟင့္"
"မငိုနဲ႔ေတာ့..... သိပ္ေတာ့ေနာ္"
"ဟင္...လူဆိုးႀကီး....ဒီမွာေတာ့ သူ႔ကိုလိုက္ရွာရင္းနဲ႔ကို သုံးႏွစ္ေလာက္ အခ်ိန္ကုန္ခဲ့ရတာ"
"သိပ္ေတာ့ေနာ္" ဆိုၿပီး ဇာမဏီဟိဏ္းမွာ ေဇယ်ာ့ ပါးျပင္က မ်က္ရည္ေလးကို အသာေလး သုတ္လိုက္ကာ ႏႈတ္ခမ္းကို စနမ္းလိုက္ပါေတာ့သည္။ အေတာ္ၾကာၿပီးမွ ဇာမဏီဟိဏ္း ႏႈတ္ခမ္းကို နမ္းေနရာမွ ခြာလိုက္ေတာ့သည္။ ေဇယ်ာလည္း မ်က္ႏွာပူလာကာ ရွက္ယန္းယန္းနဲ႔ ေကာ္ဖီကို ေသာက္လိုက္ေတာ့သည္။
"အား...ပူတယ္"
"ကေလးကလည္း မႈတ္ၿပီးေသာက္မွေပါ့...ေပးေပး ကိုေအးေအာင္ မႈတ္ေပးမယ္"ဆိုၿပီး ေဇယ်ာ့ဆီက ခြက္ကို ယူသြားေတာ့၏။
"ကိုဟိဏ္း ေဇယ်ာ့ကို ကေလးလို႔ မေခၚပါနဲ႔ေတာ့လား"
"ဟင္ ဘာလို႔လဲ"ဆိုကာ ဇာမဏီဟိဏ္း ေကာ္ဖီေလးကို မႈတ္ရင္းေျပာလိုက္သည္။
"ဟိုေလ ေဇယ်ာလည္း အသက္ႀကီးလာၿပီေလ"
"အင္း အဲ့တာဆို ကိုဘယ္လိုေခၚရမလဲ"
ဆိုကာ ေကာ္ဖီကို ေဇယ်ာ့ဆီ ကမ္းရင္း ေျပာလိုက္သည္။
"ဟိုေလ ခ်စ္တို႔ဘာတို႔...အဲ့လို႔ေလးေခၚေလ"
"ဟုတ္ၿပီေလ ခ်စ္လို႔ဘဲေခၚေတာ့မယ္...အဲ့တာဆို ေဇယ်ာကကို႔ကို ဘယ္လိုျပန္ေခၚမွာလဲ"
"ကိုဟိဏ္းလို႔ေခၚမယ္ေလ"
"အင္း ရတယ္....ေခၚ...ခ်စ္ေလး"
"ေပး အ႐ုပ္ေပး"
"ဟာ ခ်စ္နဲ႔တူလို႔ေလ ခ်စ္ကိုလြမ္းရင္ဖတ္ထားခ်င္လို႔ ကိုယူထားမယ္ေလေနာ္"
"အင္း....အင္း"
"ျပန္ခ်င္ေနၿပီလား"
"ျပန္ခ်င္ေသးပါဘူး ခုမွအရင္ကလို ကိုဟိဏ္းနဲ႔ တူတူေနရတာကို"
"ဟုတ္ပါၿပီ ခ်စ္ေလး အလိုက်အတိုင္းပါဘဲ"ဆိုကာ တစ္ေယာက္နဲ႔ တစ္ေယာက္အၾကည္စိုက္ကာ ၿပဳံးေနၾကေတာ့သည္။
ညေမွာင္လာေတာ့ ေဇယ်ာတို႔ ပန္းၿခံကေန ျပန္လာခဲ့လိုက္ၾကသည္။ ဇာမဏီဟိဏ္းမွာ ေဇယ်ာကို အိမ္ျပန္လိုက္ၿပီးေတာ့ ကိုယ့္အိမ္ကို ျပန္လာခဲ့လိုက္သည္။ ဇာမဏီဟိဏ္း တစ္ေယာက္ အ႐ုပ္ေလးကိုကိုင္ရင္း အိမ္ထဲ၀င္လာေလေတာ့သည္။ ဧည့္ခန္းက ဆိုဖာမွာထိုင္ေနတဲ့ စိုင္း၀ီလ်ံဟိဏ္းက ညီျဖစ္သူကို ျမင္ေတာ့ စုံစမ္းခန္း ဖြင့္ေလေတာ့သည္။
"ျပန္လာတာ ေနာက္က်လွပါလား"
"ဟုတ္တယ္...အကိုေကာ ေျမကြက္ေတြ သြားၾကည့္ျဖစ္လား"
စိုင္းဝီလ်ံဟိဏ္း အေတာ္ၾကာ စဥ္းစားၿပီးကာမွ ျပန္ေျဖေလသည္။
"ၾကည့္ျဖစ္ပါတယ္ မဆိုးပါဘူး"
"ဟုတ္ၿပီ ကြၽန္ေတာ္သြားနားေတာ့မယ္"
"ဟုတ္ၿပီ"
စိုင္းဝီလ်ံဟိဏ္းလည္း ဇာမဏီဟိဏ္း တက္သြားတာကို ၾကည့္ၿပီးေတာ့ စာအုပ္ဖတ္ေနလိုက္သည္။ အမွန္ေတာ့ စိုင္း၀ီလ်ံဟိဏ္း တစ္ေယာက္ လိမ္လိုက္တာျဖစ္သည္။ ဒီေန႔တစ္ေန႔လုံး ေျမကြက္သြားၾကည့္ေနတာမဟုတ္။ ဟိုခ်ာတိတ္ေလးက အထင္ကရေနရာေတြ လိုက္ပို႔မယ္ဆိုတာေၾကာင့္ သူနဲ႔ဘဲ အခ်ိန္ကုန္ေနမိတာ ညေနအိမ္ျပန္တဲ့အခ်ိန္ထိပါဘဲေပါ့။ စိုင္း၀ီလ်ံဟိဏ္းသည္ အရင္က အလုပ္ကို ေစ့ေစ့စပ္စပ္လုပ္တတ္သူျဖစ္သည္။ ခုတာ့ သူလည္း တစ္ခါမွမလုပ္ဖူးတာေတြ လုပ္ေနေလေတာ့သည္။
ဇာမဏီဟိဏ္း အခန္းတံခါးကို ပိတ္လိုက္ကာ ကုတင္ေပၚ ခုန္တက္လိုက္သည္။ ၿပီးေတာ့ ကိုင္လာတဲ့ အ႐ုပ္ေလးကိုၾကည့္ကာ ဖက္လိုက္ေလသည္။
"ေဟာဒီလို တင္းတင္းၾကပ္ၾကပ္ဖက္ထားခ်င္တာ ခ်စ္ေရ၊
လက္ကကို မလြတ္ခ်င္ေလာက္ေအာင္ ဖက္ျဖစ္မွာ"
ဆိုၿပီး အ႐ုပ္ကိုၾကည့္ကာ နမ္းလိုက္သည္။
"ဟာ အ႐ုပ္ေနရာမွာ ေဇယ်ာတာဆိုရင္ အသည္းယားမိမွာဘဲကြာ" ဆိုၿပီး တရစပ္နမ္းပါေလေရာ။
"ေဒါက္....ေဒါက္....ေဒါက္"
တံခါးေခါက္သံလည္း ၾကားေရာ ဇာမဏီဟိဏ္း ကုတင္ကေနထလိုက္ကာ တံခါးသြားဖြင့္လိုက္သည္။ တံခါးကို လွပ္လိုက္ေတာ့ အကိုျဖစ္သူကို ေတြ႕လိုက္ရေလသည္။
ဒါနဲ႔ ဇာမဏီဟိဏ္းလည္း
"အကို ဘာေျပာစရာရွိလို႔လဲ" ဟု စေမးလိုက္ေလသည္။
"မနက္ျဖန္ သီေပါက ဟိုတယ္ကို သြားေလ့လာမလို႔ အျပင္အဆင္ေတြကလည္း ထူးျခားတယ္ေျပာလို႔ေလ...
အဲ့တာ ငါနဲ႔လိုက္ခဲ့ေပး"
"ဟိုတယ္နာမည္ကေရာ ဘယ္လိုေခၚလဲ"
"အဲ့တာေတာ့ ငါလည္းေသေသခ်ာခ်ာမဖတ္လိုက္မိဘူး
မနက္ျဖန္သြားခါနီးမွ ျပန္ၾကည့္လိုက္မယ္"
"အင္း ဟုတ္ၿပီေလ"
"အင္း ဟုတ္ၿပီေလဆိုတာက လိုက္ခဲ့မွာလား မလိုက္ဘူးလား"
"လိုက္မယ္ ဗ်ာ"
"ေအ...ဟုတ္ၿပီ.... အဲ့တာဆို နားေတာ့ေလ"
"ေအာ္ ဒါနဲ႔အကို" ဆိုၿပီး ဇာမဏီဟိဏ္း တစ္ေယာက္ အကိုျဖစ္သူကို ၿပဳံးစိစိျဖင့္ ၾကည့္လိုက္သည္။
"ေျပာေလ....ဘာလို႔ငါ့ကိုအဲ့လိုမ်က္ႏွာနဲ႔ ၾကည့္ေနတာလဲ"
"ဟဲ....ဟဲ....တစ္ျခားလူေခၚလို႔ရလား"
"ေခၚခဲ့...ရတယ္"
"ဟုတ္ၿပီ အဲ့တာဆို အကိုလည္းနားေတာ့ေလေနာ္"
"ေအေအ"
ဇာမဏီဟိဏ္း တစ္ေယာက္ အကိုျဖစ္သူလည္း ထြက္သြားေရာ ဖုန္းကိုယူကာ ေဇယ်ာကို ခ်က္ခ်င္း စာပို႔လိုက္ေတာ့သည္။
ေဇယ်ာ အိမ္ျပန္ေရာက္ထဲက ဖုန္းကိုအားသြင္းထားကာ ေရခ်ိဳးေနေလသည္။ ေရခ်ိဳးၿပီးေတာ့ ဖုန္းကိုယူလိုက္သည္။
လိုင္းဖြင့္ထားမိတာေၾကာင့္ စာပို႔ထားတာ ရွိေနေလသည္။
ပို႔ထားတဲ့သူကလည္း ေဇယ်ာရဲ႕ခ်စ္ရသူပင္။
"အိပ္ေနၿပီလား"တဲ့ေလ။
"မအိပ္ေသးဘူး"လို႔ပို႔လိုက္ၿပီးေတာ့
အစက္ကေလးေတြေပၚလာေလသည္။ typingလုပ္ေနလို႔ထင္ပါရဲ႕။
"မနက္ျဖန္ သီေပါသြားမလို႔ လိုက္မွာလား"
"သီေပါလား သြားခ်င္တာေပါ့"
"လိုက္ခဲ့ေလ ေပ်ာ္စရာေလးျဖစ္မယ္ထင္တယ္"
"အင္း ခ်စ္.... မိုးထက္ကိုေခၚခဲ့လို႔ရလား"
"မိုးထက္ကဘယ္သူလဲ....ေအာ္ ဆိုင္ကေကာင္ေလးလား"
"အင္း"
"ရတယ္ေလ ေခၚခဲ့ေလ"
"ဟုတ္ၿပီ....မနက္ျဖန္ဘာနဲ႔သြားမွာလဲ"
"ရထားနဲ႔သြားမွာထင္တယ္"
"ရထားနဲ႔ဆိုေတာ့ ေစာေစာထရမွာဆိုေတာ့ အိပ္ေတာ့မယ္
ကိုဟိဏ္း"
"အင္း ခ်စ္ေလး good night"
"good night ကို"
"ခ်စ္တယ္ အာဘြား ကို႔ခ်စ္ေလး"
"ခ်စ္ပါတယ္ေနာ္"
"အိပ္ေတာ့ေနာ္ ခ်စ္"
"အင္း"
လို႔ စာျပန္ပို႔ၿပီး ေဇယ်ာ လိုင္းပိတ္ကာ အိပ္လိုက္ေတာ့သည္။
×××××××××××××××××××
ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ voteနဲ႔ commentsေပးခဲ့လို႔ရတယ္ေနာ္။ အိမ္မွာေနပါ စာဖတ္ပါေနာ္ readersတို႔ေရ၊ လိုအပ္တဲ့ေနရာေတြရွိခဲ့ရင္လည္း ေဝဖန္ေထာက္ျပေပးပါလို႔ ေတာင္းဆိုပါတယ္