Imaginary You(Completed)

Por Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... Más

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 19

5.6K 744 16
Por Kirara-16

Schizophrenia....

အလြယ္ေျပာရမယ္ဆိုရင္ေတာ့ တကယ္မ႐ွိတာကို ႐ွိတယ္လို႔ ျမင္ေယာင္ ၾကားေယာင္ေနတတ္တဲ့ စိတ္ေရာဂါတစ္မ်ိဳး။ ဒီေရာဂါဟာ stressမ်ားလြန္းတဲ့သူေတြ၊ ပတ္ဝန္းက်င္ရဲ႕ ခြဲျခားဆက္ဆံမႈနဲ႔ ဖိႏွိပ္မႈကို ခံရတဲ့
သူေတြ၊ အထီးက်န္လြန္းတဲ့သူေတြမွာ အျဖစ္မ်ားတယ္။

လူေတြက သိပ္ကို အထီးက်န္ဆန္လြန္းတဲ့ အခါမ်ိုး၊
ခိုကိုးရာမဲ့ ျဖစ္ေနတဲ့ အခါမ်ိဳးနဲ့ တစ္စံုတစ္ေယာက္ကို
အျပင္းအထန္ လိုအပ္လာတဲ့ အေျခအေနမ်ိဳးမွာ
သူတို႔ကို စိတ္သက္သာရာရသြားေစဖို့ ပံုရိပ္ေယာင္
ေတြကို ဖန္တီးေလ့႐ွိတယ္။

သူတို႔ရဲ႕ စိတ္လိုရာအတိုင္း ပံုရိပ္ေယာင္ေတြက
စြမ္းေဆာင္ႏိုင္တယ္။ သူတို႔ဟာ သူတို႔ ဖန္တီးတဲ့ ကမၻာ
မွာ ​ေပ်ာ္ေမြ႔ၾကတယ္။ လက္ေတြ႔ဘဝမွာ သူတို႔ရင္မဆိုင္ႏိုင္မယ့္ အျဖစ္အပ်က္ေတြကို သူတို႔ဖန္တီးတဲ့
ပံုရိပ္ေယာင္ကမၻာမွာ ရင္ဆိုင္ေက်ာ္လႊားႏိုင္ခဲ့ၿပီလို႔
စိတ္ကူးယဥ္ၾကတယ္။

ဖန္တီးသူရဲ႕ စိတ္အေျခအေနအတိုင္း ပံုရိပ္ေယာင္
ေတြရဲ႕ အက်င့္စ႐ိုက္ေတြ ျဖစ္ေပၚလာၿပီး
သူ႔ရဲ႕မသိစိတ္က အေတြးေတြက သူဖန္တီးထားတဲ့
ပံုရိပ္ေယာင္မွာ သြားၿပီး ထင္ဟပ္တယ္။

ေ႐ွာင္းက်န္႔ဟာလည္း ဒီလိုပဲ။ နယ္ေျမျခားမွာ တစ္ေယာက္တည္း အထီးက်န္ေနခဲ့တဲ့ ​ေ႐ွာင္းက်န္႔ဟာ
သာမန္လူလည္း မဟုတ္တာေၾကာင့္ ပိုလို႔
စိတ္ပင္ပန္းရျပန္တယ္။ သူ႔ဘဝဟာ သိပ္ကို မြန္းၾကပ္
လြန္းတာေၾကာင့္ သူ႔ကို အားေပးမယ့္၊ သူ႔အနားမွာ
႐ွိေနေပးမယ့္၊ သူ႔ကိုေပ်ာ္ရႊင္ေစမယ့္ တစ္စံုတစ္ေယာက္ကို သူ႔ရဲ႕မသိစိတ္က ဖန္တီးတယ္။ ဝမ္ရိေပၚဆိုတဲ့
ေကာင္ေလးဟာ ရယ္သံခ်ိဳခ်ိဳေလးေတြကို ပိုင္ဆိုင္
ထားၿပီး သြက္လက္တဲ့ ခ်စ္စဖြယ္ လူငယ္ေလးတစ္ေယာက္။ တကယ္ေတာ့ ဒီlife styleက ​ေ႐ွာင္းက်န္႔ အျမဲလိုခ်င္ေနခဲ့တဲ့ပံုစံ။ တစ္နည္းအားျဖင့္
ေ႐ွာင္းက်န္႔ဟာ အထီးက်န္လြန္းတဲ့ သူ႔ကိုယ္သူအားေပးႏွစ္သိမ့္ဖို႔ လြတ္လပ္ၿပီး ​ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူ႔ရဲ႕
တစ္ဖက္ျခမ္းကို သူကိုယ္တိုင္ ဖန္တီးလိုက္တယ္။

အသိစိတ္နဲ႔ မသိစိတ္ အားၿပိဳင္လာတာနဲ႔အမ်ွ ​ေ႐ွာင္းက်န္႔ဟာ ကိုယ့္ကိုယ္ကိုယ္ သံသယေတြ ဝင္လာတယ္။ တစ္ဆက္တည္းမွာပဲ ဝမ္ရိေပၚရဲ႕ျဖစ္တည္မႈအေပၚ သံသယေတြ ဝင္လာခဲ့ျပန္တယ္။
ေနာက္ဆံုးမွာေတာ့ ဝမ္ရိေပၚဟာ တကယ္မ႐ွိဘဲ ​ေ႐ွာင္းက်န္႔ဖန္တီးခဲ့တဲ့ ပံုရိပ္ေယာင္သပ္သပ္ပဲဆိုတာကို ​ေ႐ွာင္းက်န္႔သိသြားခဲ့
ျပီး မသိစိတ္က ဖန္တီးခဲ့တဲ့ ပံုရိပ္ေယာင္ကို အသိစိတ္
က ဖ်က္ဆီးပစ္လိုက္ေတာ့တယ္။
.
.
.
.
.
.
.
.
.
.
.
.
.
.

ဒါေတြဟာ....ဝမ္ရိေပၚရဲ႕ ​ေပ်ာက္ဆံုးသြားတဲ့ ျဖစ္တည္မႈနဲ႔ ပတ္သတ္ၿပီး သူတို႔ေပးခဲ့ၾကတဲ့ အေၾကာင္းျပ
ခ်က္.....။

ေ႐ွာင္းက်န္႔ကေတာ့ လက္မခံႏိုင္ဘူး။ သူ႔စိတ္ကို သူသိတယ္။ သူခံစားမိတယ္။ ဝမ္ရိေပၚဟာ ပံုရိပ္ေယာင္ဆို
တာ လံုးဝမျဖစ္ႏိုင္ဘူး။ သူအထီးက်န္္ဆိုတာ မွန္တယ္။
သူ႔ရဲ႕ မသိစိတ္က တစ္စံုတစ္ေယာက္ကို လိုအပ္ေနခဲ့တယ္ ဆိုတာလည္း မွန္တယ္။ဒါေပမယ့္ ဝမ္ရိေပၚကို
ဖန္တီးဖို္ု႔ ဆိုတာကေတာ့ လံုးဝမျဖစ္ႏိုင္ဘူး။ ဝမ္ရိေပၚ
ဟာ ေ႐ွာင္းက်န္႔ကိုယ္တိုင္ေတာင္ နားမလည္ႏိုင္တဲ့
ျဖစ္တည္မႈမ်ိဳးနဲ႔တည္႐ွိခဲ့တာ။

ပတ္ဝန္းက်င္ဆိုတဲ့ အရာႀကီးကလည္း အခက္သား။
လူတစ္ဖက္သားကို လႊမ္းမိုးႏိုင္ဖို႔ ႀကိဳးစားၾကတယ္။သူတို႔ယံုၾကည္ရာသည္သာ အမွန္ျဖစ္ေၾကာင္း သက္ေသ
ျပဖို႔အတြက္ တစ္ဖက္လူကို မွားယြင္းေၾကာင္း စြပ္စြဲ
ေျပာဆိုၾကျပန္တယ္။ တစ္ႏွစ္ဆိုတဲ့ အခ်ိန္အတြင္းမွာ
ျငင္းရခုံရတာကိုလည္း ​ေ႐ွာင္းက်န္႔ ပင္ပန္းလွၿပီ။
ေနာက္ဆံုးေတာ့ လ်စ္လ်ဴ႐ႈဖို႔ကိုပဲ ​ေ႐ွာင္းက်န္႔ ​ေရြးခ်ယ္
လိုက္တယ္။ ဆိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းလို႔
လိုရာဆြဲေတြးတတ္ၾကတဲ့ လူေတြဟာ ေ႐ွာင္းက်န္႔ရဲ႕
တိတ္ဆိတ္မႈကို ဝန္ခံျခင္းလို႔ လြဲမွားစြာ အဓိပၸါယ္ဖြင့္
ဆိုၾကတယ္။ တကယ္ေတာ့ ​ေ႐ွာင္းက်န္႔က ဝန္ခံတာ
မဟုတ္သလို သူတို႔ရဲ႕ လြဲမွားတဲ့ အယူအဆကို
လက္ခံလိုက္တာလည္း မဟုတ္ပါဘူး။ ​ေ႐ွာင္းက်န္႔က
ကိုယ္ယံုၾကည္ရာကို တစ္ေယာက္တည္းပဲ ဆက္လက္ ထိန္းသိမ္းထားဖို႔ကို ​ေရြးခ်ယ္လိုက္ျခင္း ျဖစ္တယ္။

တစ္ေလာကလံုးမွာ ဝမ္ရိေပၚရဲ႕ ျဖစ္တည္မႈဟာ အစစ္
အမွန္ပါဆိုတာကို သူတစ္ေယာက္ပဲ ယံုၾကည္ေနရမယ္ဆိုရင္ေတာင္ အရာအားလံုးကို ဆန္႔က်င္ၿပီး ဆက္
ယံုၾကည္ေနဦးမွာပဲ။ သူဟာ ဝမ္ရိေပၚရဲ႕ ျဖစ္တည္မႈကို
သက္ေသခံေပးမယ့္ တစ္ဦးတည္းေသာသူအျဖစ္
တည္႐ွိေနမယ္။

ဒီတစ္ႏွစ္အတြင္းမွာ ​ေ႐ွာင္းက်န္႔ဘဝက ဘာေတြေျပာင္းလဲသြားလဲဆိုရင္ ဟိုးအရင္က ​ေ႐ွာင္းက်န္႔အျဖစ္
ကို ျပန္ေရာက္သြားတယ္လို႔ ဆိုရမယ္။ ျပန္လာဖို႔ မေသခ်ာေတာ့တဲ့ တစ္စံုတစ္ေယာက္ကို ​ေစာင့္ေမ်ွာ္ေနတတ္တာကလြဲရင္ ​ေ႐ွာင္းက်န္႔ဟာ အရင္လို အထီးက်န္ဆန္ေနတုန္းပါပဲ။ ၾကားဖူးတဲ့ ရယ္သံခ်ိဳခ်ိဳ်လးေတြက
လံုေလာက္တဲ့ ​ေအးခ်မ္းမႈကို မေပးစြမ္းႏိုင္ခဲ့ဘူး ဆို
ေပမယ့္ တြယ္တာရမယ့္ တစ္ခုတည္းေသာ အမွတ္တရေလးေတြ ျဖစ္တယ္။

နာက်င္မႈကို ရင္နဲ႔မဆံ့ေအာင္ ခံစားၿပီးရတဲ့ေနာက္မွာ
ၾကင္နာမႈကိုလည္း မ႐ွာေဖြခ်င္ေတာ့ဘူး။
အထီးက်န္ဆန္ျခင္းေတြကို မင္းႀကိဳက္တတ္တဲ့ ခ်ိဳခ်ဥ္
ေလးေတြကပဲ အေဖာ္ျပဳေပးပါလိမ့္မယ္။

ေနာက္တစ္ႀကိမ္ေတာ့ ​ေတြ႔ခ်င္ေသးတယ္၊
ေတာင္းပန္ပါတယ္လို႔ ေျပာဖို႔ပဲျဖစ္ျဖစ္၊
ျပန္လာခဲ့ပါလို႔ ​ေျပာဖို႔ပဲျဖစ္ျဖစ္
ေနာက္ဆံုးတစ္ႀကိမ္ေလာက္ေတာ့ ​ေတြ႔ခ်င္ေသးတယ္။

ဒီတစ္ခါျပန္လာခဲ့ရင္ အရင္ကထပ္ ပိုလို႔ခ်စ္ေပးႏိုင္
ေအာင္ ႀကိဳးစားပါမယ္။ဟင့္အင္း...မင္းကို မခ်စ္မိေအာင္
ႀကိဳးစားပါမယ္။ ဒါေၾကာင့္မို႔ ပုန္းလို႔၊ေ႐ွာင္လို႔ဝရင္
ဒီရင္ခြင္မွာ တစ္ခါျပန္လာနားလွည့္ပါ လိပ္ျပာငယ္
ေလးရယ္။ ပိုင္ခြင့္ဆိုင္ခြင့္ မရေတာင္ ေငးခြင့္ေမာခြင့္
ေလးေတာ့ ​ေပးပါ။

နီးဖို႔ႀကိဳးစားရင္း ​ေဝးခဲ့ရတယ္။
ပံုျပင္ေလးရဲ႕ အဆံုးသတ္မွာေတာ့
ဝမ္ရိေပၚဟာ ​ေ႐ွာင္းက်န္႔ ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ ပံုရိပ္
ေလးအျဖစ္ ​ေပ်ာက္ကြယ္သြားခဲ့တယ္။
______________________________

Americanoတစ္ခြက္ကို ​ေ႐ွ႕ခ်လို႔ ပ်ံ့လြင့္ေနတဲ့
အေတြးစေတြမွာ ဝမ္ရိေပၚဆိုတဲ့ အမည္နာမေလးကို
႐ွာေဖြေတြ႔႐ွိႏိုင္တယ္။ ​ေတြးမိတဲ့အေၾကာင္းအရာ ေတြက ရယ္သံခ်ိဳခ်ိဳေလးေတြအေၾကာင္း ျဖစ္ႏိုင္သလို၊
ကေလးဆန္ဆန္ အျပဳအမူေလးေတြ အေၾကာင္းလည္း ျဖစ္ႏိုင္တယ္။ျပန္မလာႏိုင္ေတာ့ဘူးဆိုတဲ့ အေတြး
ကိုေတာ့ မေတြးမိေအာင္ေနပါတယ္။ ​ေစာင့္ေမ်ွာ္ျခင္း
ဆိုတဲ့ ​ေမ်ွာ္လင့္ခ်က္ေလးမွာ အသက္ဝိဥာဥ္ေလး
ခ်ိတ္ဆြဲထားတာမို႔။

ဆိုင္ထဲက ဖြင့္ထားတဲ့ သီခ်င္းသံသဲ့သဲ့က ပ်ံ့လြင့္ေနတဲ့
စိတ္အစံုကို ျပန္လည္စုစည္းေစတယ္။ သို႔ေသာ္
ပိုလို႔ လြမ္းရေဆြးရေအာင္ စြမ္းေဆာင္ျပန္တယ္။
နားထဲကို တိုးဝင္လာတဲ့ သီခ်င္းစာသားအခ်ိဳ႕ကို
ႏႈတ္က လိုက္လို႔ သီဆိုမိတယ္။

*If I see you next to never
How can we say forever...

Wherever you go.Whatever you do
I will be right here waiting for you.....

Whatever it takes or how my heart break
I will be right here waiting for you.......*

ေရရြတ္မိတဲ့ သီခ်င္းစာသားအခ်ိဳ႕နဲ႔အတူ မ်က္ဝန္းထဲက မ်က္ရည္စအခ်ိဳ႕ကလည္း ပါးျပင္ေပၚ သက္ဆင္းတယ္။ မင္းနဲ႔ပတ္သတ္လာရင္ ကိုယ္က အခုခ်ိန္ထိ ​ေပ်ာ့ညံ့ေနတုန္းပါပဲလား။

ဘယ္ေတာ့ ျပန္လာမလဲ
မင္းႀကိဳက္တတ္တဲ့ခ်ိဳခ်ဥ္ေလးေတြ ဝယ္သိမ္းထားလို႔
သူတို႔ေလးေတြေတာင္ အထီးက်န္ေနၿပီ။

ႏႈတ္မဆက္ပဲ ထြက္သြားတဲ့မင္းကို
ေမ်ွာ္ရတာလည္း ​ေမာလွပါၿပီကြာ။

သက္ျပင္းတစ္ခ်က္ခ်လို႔ ဆိုင္ျပင္ကို ထြက္လာခဲ့တယ္။
ပိုင္ဆိုင္ခြင့္မရခဲ့တဲ့ ​ေကာင္ေလးတစ္ေယာက္
အေၾကာင္းကို ​ေတြးရင္းေဆြးရင္းနဲ႔ပဲ ဘဝရဲ႕ လက္က်န္အခ်ိန္ေလးေတြကို ကုန္ဆံုးရမယ္ ထင္ပါရဲ႕။

စိတ္ကူးတည့္ရာ ​ေလ်ွာက္သြားဖို႔ မစြမ္းသာတဲ့ဘဝမွာ
မင္းမ်ားလိုက္႐ွာမလားဆိုတဲ့ အေတြးနဲ႔ ထြက္ေျပးပစ္
ခ်င္ေနစိတ္ကို ထိန္းခ်ုပ္ေနရတာ လြယ္ကူမေနဘူး။

ေလးလံစြာနဲ႔ လွမ္းလိုက္တဲ့ ​ေျခလွမ္းတိုင္းမွာ မင္းနဲ႔
ျပန္ဆံုခ်င္တဲ့ ဆႏၵေလးက ကပ္လို႔ပါလာတယ္။
မျပည့္ႏိုင္ေသာ ​ေတာင္းဆုတစ္ခုေပါ့...။

"ေ႐ွာင္းက်န္႔...."

မရင္းႏွီးတဲ့ အသံတစ္သံက မိမိနာမည္ကို ​ေခၚလိုက္
တာေၾကာင့္ ​ေ႐ွာင္းက်န္႔ အံ့ဩသြားမိတယ္။

"မင္းကေ႐ွာင္းက်န္႔လား"

"ဟုတ္ပါတယ္။ဘယ္သူလဲမသိဘူး"

"ဦးနဲ႔စကားခနေျပာရေအာင္"

"ဦးေလးကဘယ္သူလဲဗ်။ကြၽန္ေတာ့ကိုသိလို႔လား။
ကြၽန္ေတာ္ေတာ့ ဦးေလးအသံကို မၾကားဖူးဘူး"

"ဦးလည္း မင္းကို အခုမွပထမဆံုး စကားေျပာဖူးတာပါ"

"ဒါဆိုကြၽန္ေတာ္တို႔ စကားေျပာစရာ အေၾကာင္းမ႐ွိ
ဘူးထင္တယ္။ စိတ္မ႐ွိပါနဲ႔။ ကြၽန္ေတာ္ကိစၥေလး႐ွိလို႔"

မလိုအပ္ဘဲ ဘယ္သူနဲ႔မွ မပတ္သတ္ခ်င္ေတာ့ဘူး။
လူေတြအေၾကာင္းကို ပိုသိလာတဲ့ ​ေ႐ွာင္းက်န္႔က ဘယ္သူ႔ကိုမွ လြယ္လြယ္လက္မခံႏိုင္တဲ့ အက်င့္ေလး
စြဲသြားေတာ့တယ္။

"ဝမ္ရိေပၚ....."

ထိုလူရဲ႕ ႏႈတ္ဖ်ားက ထြက္လာတဲ့ နာမည္ေလးကိုၾကား
လိုက္ရတဲ့အခ်ိန္မွာေတာ့ ​ေ႐ွာင္းက်န္႔ကမၻာႀကီး ရပ္တန္႔
သြားသလို ခံစားရတယ္။ ဒီတစ္ႏွစ္လံုးလံုး သူ႔ႏႈတ္ဖ်ားကလြဲရင္ ဘယ္သူ႔ဆီကမွ မၾကားခဲ့ရတဲ့ အမည္နာမေလး။ လူတိုင္း ျငင္းဆန္ခဲ့တဲ့ ျဖစ္တည္မႈေလးက တစ္ဖန္ျပန္အသက္ဝင္လာသလို။

"ဝမ္ရိေပၚဆိုတဲ့ နာမည္ကို မင္းမေမ့ေသးဘူးထင္ပါတယ္"

"......."

"ဒီေလာက္ဆို ဦးတို႔ စကားဆက္ေျပာလို႔ရၿပီလား"

"ဦးေလးက ရိေပၚကိုသိတယ္ေပါ့။ ဒါဆို...ဒါဆို
ရိေပၚက တကယ္႐ွိတယ္ေပါ့ေနာ္။ ကြၽန္ေတာ့္ရဲ႕
စိတ္ကူးယဥ္သပ္သပ္ မဟုတ္ဘဲ တကယ္႐ွိေနခဲ့တာ
မဟုတ္လားဟင္"

"ဝမ္ရိေပၚက....တကယ္႐ွိေနတဲ့ျဖစ္တည္မႈပါ"

ေ႐ွာင္းက်န္႔ေပ်ာ္လြန္းလို႔ မ်က္ရည္မ်ားပင္က်လာခဲ့တယ္။ သူသိေနခဲ့တယ္။ ဒီေကာင္ေလးရဲ႕ ျဖစ္တည္မႈက
အတုအေယာင္ သပ္သပ္မဟုတ္ဘူးဆိုတာကို သူ
သိေနခဲ့တယ္။ သူယံုၾကည္ေနခဲ့တာက တကယ္ကို
အမွန္တရားျဖစ္ေနခဲ့တာပဲ။

"ရိေပၚ...ရိေပၚ အခုဘယ္မွာလဲ။သူအဆင္ေျပေန
တယ္မလားဟင္။ဒီတစ္ႏွစ္လံုးလံုးဘယ္ေရာက္ေနတာလဲ"

"မင္းသိခ်င္တာေတြအားလံုးကို ဦးေျပာျပပါမယ္။
မင္းမသိခဲ့တဲ့ ရိေပၚနဲ႔ ပတ္သတ္တဲ့ အမွန္တရားေတြကို
ေရာေပါ့...."

ေမွးမွိန္ေနတဲ့ ​ေမ်ွာ္လင့္ခ်က္ေလးဟာ
ျပန္လည္ အသက္ဝင္လာခဲ့တယ္။
ဒီေမ်ွာ္လင့္ခ်က္ေလးက ထာဝရ လင္းလက္ႏိုင္ပါ့မလား.....

________________________________
A/N
*ေက်ာ္မသြားပဲဖတ္ေပးေစခ်င္ပါတယ္💢*

ေနာက္အပိုင္းကစၿပီးရိေပၚရဲ႕POVစပါၿပီ။
အစကေတာ့ရိေပၚPOVကိုတစ္ပိုင္းႏွစ္ပိုင္းပဲေရးဖို႔
စဥ္းစားခဲ့ေပမယ့္ကိုယ့္အေရးအသားကိုယ္သိတာ
ေၾကာင့္တစ္ပိုင္းႏွစ္ပိုင္းနဲ႔Yiboကိုနားလည္ႏိုင္ေအာင္မေရးႏိုင္တာမို႔ဇာတ္လမ္းတစ္ခုလံုးကိုအစကျပန္
ၿပီးေရးျပသြားမွာပါ။ဒီတစ္ခါကေတာ့Yiboရဲ႕အေတြး
ကိုေရးမွာေပါ့ေနာ္။အစကျပန္စသလိုျဖစ္ၿပီးပ်င္းစရာ
ေကာင္းသြားရင္ႀကိဳၿပီးေတာင္းပန္ခ်င္ပါတယ္။
_______________________________

Unicode

Chapter 19

Schizophrenia....

အလွယ်ပြောရမယ်ဆိုရင်တော့ တကယ်မရှိတာကို ရှိတယ်လို့ မြင်ယောင် ကြားယောင်နေတတ်တဲ့ စိတ်ရောဂါတစ်မျိုး။ ဒီရောဂါဟာ stressများလွန်းတဲ့သူတွေ၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုကို ခံရတဲ့
သူတွေ၊ အထီးကျန်လွန်းတဲ့သူတွေမှာ အဖြစ်များတယ်။

လူတွေက သိပ်ကို အထီးကျန်ဆန်လွန်းတဲ့ အခါမျိုး၊
ခိုကိုးရာမဲ့ ဖြစ်နေတဲ့ အခါမျိုးနဲ့ တစ်စုံတစ်ယောက်ကို
အပြင်းအထန် လိုအပ်လာတဲ့ အခြေအနေမျိုးမှာ
သူတို့ကို စိတ်သက်သာရာရသွားစေဖို့ ပုံရိပ်ယောင်
တွေကို ဖန်တီးလေ့ရှိတယ်။

သူတို့ရဲ့ စိတ်လိုရာအတိုင်း ပုံရိပ်ယောင်တွေက
စွမ်းဆောင်နိုင်တယ်။ သူတို့ဟာ သူတို့ ဖန်တီးတဲ့ ကမ္ဘာ
မှာ​ပျော်မွေ့ကြတယ်။ လက်တွေ့ဘဝမှာ သူတို့ရင်မဆိုင်နိုင်မယ့် အဖြစ်အပျက်တွေကို သူတို့ဖန်တီးတဲ့
ပုံရိပ်ယောင်ကမ္ဘာမှာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီလို့
စိတ်ကူးယဉ်ကြတယ်။

ဖန်တီးသူရဲ့ စိတ်အခြေအနေအတိုင်း ပုံရိပ်ယောင်
တွေရဲ့ အကျင့်စရိုက်တွေ ဖြစ်ပေါ်လာပြီး
သူ့ရဲ့မသိစိတ်က အတွေးတွေက သူဖန်တီးထားတဲ့
ပုံရိပ်ယောင်မှာ သွားပြီး ထင်ဟပ်တယ်။

ရှောင်းကျန့်ဟာလည်း ဒီလိုပဲ။ နယ်မြေခြားမှာ တစ်ယောက်တည်း အထီးကျန်နေခဲ့တဲ့​ရှောင်းကျန့်ဟာ
သာမန်လူလည်း မဟုတ်တာကြောင့် ပိုလို့
စိတ်ပင်ပန်းရပြန်တယ်။ သူ့ဘဝဟာ သိပ်ကို မွန်းကြပ်
လွန်းတာကြောင့် သူ့ကို အားပေးမယ့်၊ သူ့အနားမှာ
ရှိနေပေးမယ့်၊ သူ့ကိုပျော်ရွှင်စေမယ့် တစ်စုံတစ်ယောက်ကို သူ့ရဲ့မသိစိတ်က ဖန်တီးတယ်။ ဝမ်ရိပေါ်ဆိုတဲ့
ကောင်လေးဟာ ရယ်သံချိုချိုလေးတွေကို ပိုင်ဆိုင်
ထားပြီး သွက်လက်တဲ့ ချစ်စဖွယ် လူငယ်လေးတစ်ယောက်။ တကယ်တော့ ဒီlife styleက​ရှောင်းကျန့် အမြဲလိုချင်နေခဲ့တဲ့ပုံစံ။ တစ်နည်းအားဖြင့်
ရှောင်းကျန့်ဟာ အထီးကျန်လွန်းတဲ့ သူ့ကိုယ်သူအားပေးနှစ်သိမ့်ဖို့ လွတ်လပ်ပြီး​ပျော်ပျော်နေတတ်တဲ့ သူ့ရဲ့
တစ်ဖက်ခြမ်းကို သူကိုယ်တိုင် ဖန်တီးလိုက်တယ်။

အသိစိတ်နဲ့ မသိစိတ် အားပြိုင်လာတာနဲ့အမျှ​ရှောင်းကျန့်ဟာ ကိုယ့်ကိုယ်ကိုယ် သံသယတွေ ဝင်လာတယ်။ တစ်ဆက်တည်းမှာပဲ ဝမ်ရိပေါ်ရဲ့ဖြစ်တည်မှုအပေါ် သံသယတွေ ဝင်လာခဲ့ပြန်တယ်။
နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ဟာ တကယ်မရှိဘဲ​ရှောင်းကျန့်ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်သပ်သပ်ပဲဆိုတာကို​ရှောင်းကျန့်သိသွားခဲ့
ပြီး မသိစိတ်က ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်ကို အသိစိတ်
က ဖျက်ဆီးပစ်လိုက်တော့တယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.

ဒါတွေဟာ....ဝမ်ရိပေါ်ရဲ့​ပျောက်ဆုံးသွားတဲ့ ဖြစ်တည်မှုနဲ့ ပတ်သတ်ပြီး သူတို့ပေးခဲ့ကြတဲ့ အကြောင်းပြ
ချက်.....။

ရှောင်းကျန့်ကတော့ လက်မခံနိုင်ဘူး။ သူ့စိတ်ကို သူသိတယ်။ သူခံစားမိတယ်။ ဝမ်ရိပေါ်ဟာ ပုံရိပ်ယောင်ဆို
တာ လုံးဝမဖြစ်နိုင်ဘူး။ သူအထီးကျန်ဆိုတာ မှန်တယ်။
သူ့ရဲ့ မသိစိတ်က တစ်စုံတစ်ယောက်ကို လိုအပ်နေခဲ့တယ် ဆိုတာလည်း မှန်တယ်။ဒါပေမယ့် ဝမ်ရိပေါ်ကို
ဖန်တီးဖိုု့ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ ဝမ်ရိပေါ်
ဟာ ရှောင်းကျန့်ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့
ဖြစ်တည်မှုမျိုးနဲ့တည်ရှိခဲ့တာ။

ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီးကလည်း အခက်သား။
လူတစ်ဖက်သားကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားကြတယ်။သူတို့ယုံကြည်ရာသည်သာ အမှန်ဖြစ်ကြောင်း သက်သေ
ပြဖို့အတွက် တစ်ဖက်လူကို မှားယွင်းကြောင်း စွပ်စွဲ
ပြောဆိုကြပြန်တယ်။ တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ
ငြင်းရခုံရတာကိုလည်း​ရှောင်းကျန့် ပင်ပန်းလှပြီ။
နောက်ဆုံးတော့ လျစ်လျူရှုဖို့ကိုပဲ​ရှောင်းကျန့်​ရွေးချယ်
လိုက်တယ်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းလို့
လိုရာဆွဲတွေးတတ်ကြတဲ့ လူတွေဟာ ရှောင်းကျန့်ရဲ့
တိတ်ဆိတ်မှုကို ဝန်ခံခြင်းလို့ လွဲမှားစွာ အဓိပ္ပါယ်ဖွင့်
ဆိုကြတယ်။ တကယ်တော့​ရှောင်းကျန့်က ဝန်ခံတာ
မဟုတ်သလို သူတို့ရဲ့ လွဲမှားတဲ့ အယူအဆကို
လက်ခံလိုက်တာလည်း မဟုတ်ပါဘူး။​ရှောင်းကျန့်က
ကိုယ်ယုံကြည်ရာကို တစ်ယောက်တည်းပဲ ဆက်လက် ထိန်းသိမ်းထားဖို့ကို​ရွေးချယ်လိုက်ခြင်း ဖြစ်တယ်။

တစ်လောကလုံးမှာ ဝမ်ရိပေါ်ရဲ့ ဖြစ်တည်မှုဟာ အစစ်
အမှန်ပါဆိုတာကို သူတစ်ယောက်ပဲ ယုံကြည်နေရမယ်ဆိုရင်တောင် အရာအားလုံးကို ဆန့်ကျင်ပြီး ဆက်
ယုံကြည်နေဦးမှာပဲ။ သူဟာ ဝမ်ရိပေါ်ရဲ့ ဖြစ်တည်မှုကို
သက်သေခံပေးမယ့် တစ်ဦးတည်းသောသူအဖြစ်
တည်ရှိနေမယ်။

ဒီတစ်နှစ်အတွင်းမှာ​ရှောင်းကျန့်ဘဝက ဘာတွေပြောင်းလဲသွားလဲဆိုရင် ဟိုးအရင်က​ရှောင်းကျန့်အဖြစ်
ကို ပြန်ရောက်သွားတယ်လို့ ဆိုရမယ်။ ပြန်လာဖို့ မသေချာတော့တဲ့ တစ်စုံတစ်ယောက်ကို​စောင့်မျှော်နေတတ်တာကလွဲရင်​ရှောင်းကျန့်ဟာ အရင်လို အထီးကျန်ဆန်နေတုန်းပါပဲ။ ကြားဖူးတဲ့ ရယ်သံချိုချိုလးတွေက
လုံလောက်တဲ့​အေးချမ်းမှုကို မပေးစွမ်းနိုင်ခဲ့ဘူး ဆို
ပေမယ့် တွယ်တာရမယ့် တစ်ခုတည်းသော အမှတ်တရလေးတွေ ဖြစ်တယ်။

နာကျင်မှုကို ရင်နဲ့မဆံ့အောင် ခံစားပြီးရတဲ့နောက်မှာ
ကြင်နာမှုကိုလည်း မရှာဖွေချင်တော့ဘူး။
အထီးကျန်ဆန်ခြင်းတွေကို မင်းကြိုက်တတ်တဲ့ ချိုချဉ်
လေးတွေကပဲ အဖော်ပြုပေးပါလိမ့်မယ်။

နောက်တစ်ကြိမ်တော့​တွေ့ချင်သေးတယ်၊
တောင်းပန်ပါတယ်လို့ ပြောဖို့ပဲဖြစ်ဖြစ်၊
ပြန်လာခဲ့ပါလို့​ပြောဖို့ပဲဖြစ်ဖြစ်
နောက်ဆုံးတစ်ကြိမ်လောက်တော့​တွေ့ချင်သေးတယ်။

ဒီတစ်ခါပြန်လာခဲ့ရင် အရင်ကထပ် ပိုလို့ချစ်ပေးနိုင်
အောင် ကြိုးစားပါမယ်။ဟင့်အင်း...မင်းကို မချစ်မိအောင်
ကြိုးစားပါမယ်။ ဒါကြောင့်မို့ ပုန်းလို့၊ရှောင်လို့ဝရင်
ဒီရင်ခွင်မှာ တစ်ခါပြန်လာနားလှည့်ပါ လိပ်ပြာငယ်
လေးရယ်။ ပိုင်ခွင့်ဆိုင်ခွင့် မရတောင် ငေးခွင့်မောခွင့်
လေးတော့​ပေးပါ။

နီးဖို့ကြိုးစားရင်း​ဝေးခဲ့ရတယ်။
ပုံပြင်လေးရဲ့ အဆုံးသတ်မှာတော့
ဝမ်ရိပေါ်ဟာ​ရှောင်းကျန့် ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ ပုံရိပ်
လေးအဖြစ်​ပျောက်ကွယ်သွားခဲ့တယ်။
______________________________

Americanoတစ်ခွက်ကို​ရှေ့ချလို့ ပျံ့လွင့်နေတဲ့
အတွေးစတွေမှာ ဝမ်ရိပေါ်ဆိုတဲ့ အမည်နာမလေးကို
ရှာဖွေတွေ့ရှိနိုင်တယ်။​တွေးမိတဲ့အကြောင်းအရာ တွေက ရယ်သံချိုချိုလေးတွေအကြောင်း ဖြစ်နိုင်သလို၊
ကလေးဆန်ဆန် အပြုအမူလေးတွေ အကြောင်းလည်း ဖြစ်နိုင်တယ်။ပြန်မလာနိုင်တော့ဘူးဆိုတဲ့ အတွေး
ကိုတော့ မတွေးမိအောင်နေပါတယ်။​စောင့်မျှော်ခြင်း
ဆိုတဲ့​မျှော်လင့်ချက်လေးမှာ အသက်ဝိဥာဉ်လေး
ချိတ်ဆွဲထားတာမို့။

ဆိုင်ထဲက ဖွင့်ထားတဲ့ သီချင်းသံသဲ့သဲ့က ပျံ့လွင့်နေတဲ့
စိတ်အစုံကို ပြန်လည်စုစည်းစေတယ်။ သို့သော်
ပိုလို့ လွမ်းရဆွေးရအောင် စွမ်းဆောင်ပြန်တယ်။
နားထဲကို တိုးဝင်လာတဲ့ သီချင်းစာသားအချို့ကို
နှုတ်က လိုက်လို့ သီဆိုမိတယ်။

*If I see you next to never
How can we say forever...

Wherever you go.Whatever you do
I will be right here waiting for you.....

Whatever it takes or how my heart break
I will be right here waiting for you.......*

ရေရွတ်မိတဲ့ သီချင်းစာသားအချို့နဲ့အတူ မျက်ဝန်းထဲက မျက်ရည်စအချို့ကလည်း ပါးပြင်ပေါ် သက်ဆင်းတယ်။ မင်းနဲ့ပတ်သတ်လာရင် ကိုယ်က အခုချိန်ထိ​ပျော့ညံ့နေတုန်းပါပဲလား။

ဘယ်တော့ ပြန်လာမလဲ
မင်းကြိုက်တတ်တဲ့ချိုချဉ်လေးတွေ ဝယ်သိမ်းထားလို့
သူတို့လေးတွေတောင် အထီးကျန်နေပြီ။

နှုတ်မဆက်ပဲ ထွက်သွားတဲ့မင်းကို
မျှော်ရတာလည်း​မောလှပါပြီကွာ။

သက်ပြင်းတစ်ချက်ချလို့ ဆိုင်ပြင်ကို ထွက်လာခဲ့တယ်။
ပိုင်ဆိုင်ခွင့်မရခဲ့တဲ့​ကောင်လေးတစ်ယောက်
အကြောင်းကို​တွေးရင်းဆွေးရင်းနဲ့ပဲ ဘဝရဲ့ လက်ကျန်အချိန်လေးတွေကို ကုန်ဆုံးရမယ် ထင်ပါရဲ့။

စိတ်ကူးတည့်ရာ​လျှောက်သွားဖို့ မစွမ်းသာတဲ့ဘဝမှာ
မင်းများလိုက်ရှာမလားဆိုတဲ့ အတွေးနဲ့ ထွက်ပြေးပစ်
ချင်နေစိတ်ကို ထိန်းချုပ်နေရတာ လွယ်ကူမနေဘူး။

လေးလံစွာနဲ့ လှမ်းလိုက်တဲ့​ခြေလှမ်းတိုင်းမှာ မင်းနဲ့
ပြန်ဆုံချင်တဲ့ ဆန္ဒလေးက ကပ်လို့ပါလာတယ်။
မပြည့်နိုင်သော​တောင်းဆုတစ်ခုပေါ့...။

"ရှောင်းကျန့်...."

မရင်းနှီးတဲ့ အသံတစ်သံက မိမိနာမည်ကို​ခေါ်လိုက်
တာကြောင့်​ရှောင်းကျန့် အံ့ဩသွားမိတယ်။

"မင်းကရှောင်းကျန့်လား"

"ဟုတ်ပါတယ်။ဘယ်သူလဲမသိဘူး"

"ဦးနဲ့စကားခနပြောရအောင်"

"ဦးလေးကဘယ်သူလဲဗျ။ကျွန်တော့ကိုသိလို့လား။
ကျွန်တော်တော့ ဦးလေးအသံကို မကြားဖူးဘူး"

"ဦးလည်း မင်းကို အခုမှပထမဆုံး စကားပြောဖူးတာပါ"

"ဒါဆိုကျွန်တော်တို့ စကားပြောစရာ အကြောင်းမရှိ
ဘူးထင်တယ်။ စိတ်မရှိပါနဲ့။ ကျွန်တော်ကိစ္စလေးရှိလို့"

မလိုအပ်ဘဲ ဘယ်သူနဲ့မှ မပတ်သတ်ချင်တော့ဘူး။
လူတွေအကြောင်းကို ပိုသိလာတဲ့​ရှောင်းကျန့်က ဘယ်သူ့ကိုမှ လွယ်လွယ်လက်မခံနိုင်တဲ့ အကျင့်လေး
စွဲသွားတော့တယ်။

"ဝမ်ရိပေါ်....."

ထိုလူရဲ့ နှုတ်ဖျားက ထွက်လာတဲ့ နာမည်လေးကိုကြား
လိုက်ရတဲ့အချိန်မှာတော့​ရှောင်းကျန့်ကမ္ဘာကြီး ရပ်တန့်
သွားသလို ခံစားရတယ်။ ဒီတစ်နှစ်လုံးလုံး သူ့နှုတ်ဖျားကလွဲရင် ဘယ်သူ့ဆီကမှ မကြားခဲ့ရတဲ့ အမည်နာမလေး။ လူတိုင်း ငြင်းဆန်ခဲ့တဲ့ ဖြစ်တည်မှုလေးက တစ်ဖန်ပြန်အသက်ဝင်လာသလို။

"ဝမ်ရိပေါ်ဆိုတဲ့ နာမည်ကို မင်းမမေ့သေးဘူးထင်ပါတယ်"

"......."

"ဒီလောက်ဆို ဦးတို့ စကားဆက်ပြောလို့ရပြီလား"

"ဦးလေးက ရိပေါ်ကိုသိတယ်ပေါ့။ ဒါဆို...ဒါဆို
ရိပေါ်က တကယ်ရှိတယ်ပေါ့နော်။ ကျွန်တော့်ရဲ့
စိတ်ကူးယဉ်သပ်သပ် မဟုတ်ဘဲ တကယ်ရှိနေခဲ့တာ
မဟုတ်လားဟင်"

"ဝမ်ရိပေါ်က....တကယ်ရှိနေတဲ့ဖြစ်တည်မှုပါ"

ရှောင်းကျန့်ပျော်လွန်းလို့ မျက်ရည်များပင်ကျလာခဲ့တယ်။ သူသိနေခဲ့တယ်။ ဒီကောင်လေးရဲ့ ဖြစ်တည်မှုက
အတုအယောင် သပ်သပ်မဟုတ်ဘူးဆိုတာကို သူ
သိနေခဲ့တယ်။ သူယုံကြည်နေခဲ့တာက တကယ်ကို
အမှန်တရားဖြစ်နေခဲ့တာပဲ။

"ရိပေါ်...ရိပေါ် အခုဘယ်မှာလဲ။သူအဆင်ပြေနေ
တယ်မလားဟင်။ဒီတစ်နှစ်လုံးလုံးဘယ်ရောက်နေတာလဲ"

"မင်းသိချင်တာတွေအားလုံးကို ဦးပြောပြပါမယ်။
မင်းမသိခဲ့တဲ့ ရိပေါ်နဲ့ ပတ်သတ်တဲ့ အမှန်တရားတွေကို
ရောပေါ့...."

မှေးမှိန်နေတဲ့​မျှော်လင့်ချက်လေးဟာ
ပြန်လည် အသက်ဝင်လာခဲ့တယ်။
ဒီမျှော်လင့်ချက်လေးက ထာဝရ လင်းလက်နိုင်ပါ့မလား.....

________________________________
A/N
*ကျော်မသွားပဲဖတ်ပေးစေချင်ပါတယ်💢*

နောက်အပိုင်းကစပြီးရိပေါ်ရဲ့POVစပါပြီ။အစကတော့ရိပေါ်POVကိုတစ်ပိုင်းနှစ်ပိုင်းပဲရေးဖို့စဉ်းစားခဲ့ပေမယ့်ကိုယ့်အရေးအသားကိုယ်သိတာကြောင့်တစ်ပိုင်းနှစ်ပိုင်းနဲ့Yiboကိုနားလည်နိုင်အောင်မရေးနိုင်တာမို့ဇာတ်လမ်းတစ်ခုလုံးကိုအစကပြန်ပြီးရေးပြသွားမှာပါ။ဒီတစ်ခါကတော့Yiboရဲ့အတွေးကိုရေးမှာပေါ့နော်။အစကပြန်စသလိုဖြစ်ပြီးပျင်းစရာကောင်းသွားရင်ကြိုပြီးတောင်းပန်ချင်ပါတယ်။








Seguir leyendo

También te gustarán

174K 13.6K 41
​အေး​အေး ငြိမ့်ငြိမ့်​လေးပါပဲ။ စာ​ရေးသူအသစ်မို့ လိုအပ်ချက်​တွေအများကြီးရှိပါ​သေးသည်။
179K 18.3K 92
နတ္ဘုရား မ်က္ရည္စက္ တစ္ခုကေန အစျပဳကာ သက္ေရာက္ခဲ့သည့္ လူသားတစ္ဦးႏွင့္ နတ္ဘုရားတစ္ပါး.. ဘဝျခင္း မတူေသာ္လည္း ခ်စ္ျခင္းေမတၱာ သည္မွာေတာ့ တူညီေနခဲ့သည္...
3.6K 227 9
လေလွင့်နတ်ဘုရား နှင့် အမွှေနတ်ဘုရားလေး တို့၏အချစ် ချွင်းချက်တစ်ခုကတော့စာရေးသူသည်တရုတ်စာမတတ်ပါဘူး။ဒီအတွက်တစ်ချို့နေရာတွေမှာလိုအပ်ချက်ရှိကောင်းရှိနိုင...
234K 24.6K 31
Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ႕ Season 2 လို႔ ေျပာလို႔ရတာမို႔ Impe...