နမ္ဂြၽန္း အ႐ွင့္ရဲ႕ ဆင့္ေခၚမႈေၾကာင့္ အ႐ွင္ဓားေရးေလ့က်င့္ရာ ေနရာသို႔ေရာက္လာသည္။
"အ႐ွင့္ကို ဂါရဝျပဳပါတယ္"
နမ္ဂြၽန္းက အ႐ွင့္ကို ေခါင္းငံု႔ဂါရဝျပဳေတာ့ အ႐ွင္က ဓားေရးေလ့က်င့္ေနရာမွ နမ္ဂြၽန္းဆီသို႔ တစ္လွမိးခ်င္းေလွ်ာက္လာသည္။
ႏႈတ္ခမ္းထက္တြင္လည္း မဲ့ျပံဳးတစ္ခုကို ေဖာ္ေဆာင္ထားလ်က္။
"ေျမာက္ဘက္မွာ သူပုန္ေတြ ထႂကြေနတယ္ အဲ့ဒါ မင္းသြား႐ွင္းလိုက္ ဂိုေလ်ာဘက္ကလည္း ဘာမွမလႈပ္႐ွားေသးေတာ့ အဲ့ဘက္ကိုပဲ အရင္သြား႐ွင္းလိုက္ "
"အမိန္႔အတိုင္းပါ အ႐ွင္"
နမ္ဂြၽန္းျငင္းဆန္စရာမ႐ွိသလို အာခံစရာလည္းမ႐ွိပါ။
ဒါ အ႐ွင့္အမိန္႔ေတာ္ေၾကာင့္ျပဳလုပ္ရသည့္ သူ႔ရဲ႕တာဝန္တစ္ခုသာ။
အ႐ွင္အေပၚလည္း ေဆာ့ဂ်င္နဲ႔ပတ္သက္ၿပီး စိတ္႐ွင္းသြားၿပီဆိုေတာ့ သူ႔အတြက္ပိုၿပီး အဆင္ေျပေနသည္။
ခရီးေတြဆက္တိုက္ျဖစ္ေနတာမို႔ ေဆာ့ဂ်င္နဲ႔ ဆက္တိုက္ခြဲေနရမွာမို႔ နမ္ဂြၽန္း စိတ္ေတာ့မေကာင္း။
ဒါေပမယ့္ ဒါဟာ ထာဝရမလြန္ဆန္ဝံ့တဲ့ အ႐ွင့္ရဲ႕ အမိန္႔ေတာ္ေၾကာင့္သာ...။
____________________
အ႐ွင္ယြန္းဂီဓားေရးေလ့က်င့္ရာမွအေဆာင္သို႔ျပန္လာခဲ့သည္
မေန႔က အေနာက္မိဖုရားဂီနဲ႔ သူ႔ရဲ႕ မဂၤလာဦးညျဖစ္ေနေပမယ့္ အ႐ွင္ယြန္းဂီ မိဖုရားဂီႏွင့္အတူ မေနခဲ့။
တစ္ညလံုး ထယ္ေယာင္းကို တစိမ့္စိမ့္ထိုင္ၾကည့္ရင္း အခ်ိန္ကုန္ခဲ့တာျဖစ္သည္။
အခုလည္း ေလ့က်င့္ေရးကြင္းမွျပန္လာေတာ့ နန္းေဆာင္ကိုသာ ခ်က္ခ်င္းျပန္လာခဲ့သည္။
နန္းေဆာင္မွာ ထယ္ေယာင္း႐ွိေနေသးသည္ဟု အ႐ွင္ယြန္းဂီ ယံုၾကည္မိသည္။
သို႔ေသာ္ အ႐ွင္ယြန္းဂီေရာက္ေတာ့ ထယ္ေယာင္း႐ွိမေန။
အ႐ွင္ယြန္းဂီ ေဒါသတို႔ေထာင္းခနဲ ထြက္သြားသည္။
"ေတာက္ ကင္မ္ထယ္ေယာင္း ငါ့ခြင့္ျပာခ်က္မရေသးဘဲျပန္ရဲတယ္ေပါ့ ကင္မ္ထယ္ေယာင္းကို ေခၚစမ္း"
အ႐ွင္ယြန္းဂီ ေဒါသေၾကာင့္ ျဖဴေဖြးေဖြးမ်က္ႏွာဟာ နီရဲလာသည္။ေဒါသအ႐ွိန္ေၾကာင့္ ပစၥည္းေတြကို ႐ိုက္ခြဲပစ္ၿပီးမွ ထိုင္ခံုေပၚတြင္ထိုင္ကာ စိတ္ၿငိမ္ေအာင္ ေန,ေနရသည္။
သူမုန္းသည္ ဘုရင္ျဖစ္ကတည္းက..
သူ၏ အမိန္႔ႏွင့္ခြင့္ျပဳခ်က္ကို မရေသးဘဲ ျပဳလုပ္တာကို။
က်န္တဲ့ကိစၥေတြဆို ခြင့္လႊတ္ႏိုင္ေပမယ့္ ဒီလိုကိစၥမ်ိဳးမွာေတာ့ အ႐ွင္ယြန္းဂီ ေသေလာက္ေအာင္မုန္းသည္...။
______________________
ထယ္ေယာင္းတစ္ေယာက္ မနက္အိပ္ယာႏိုးေတာ့ အ႐ွင္ မ႐ွိတာနဲ႔ ေဆာင္ၾကာၿမိဳင္သို႔သာ ျပန္လာခဲ့မိသည္။
အ႐ွင့္အတြက္ သူသည္ အေပ်ာ္သာသာ ဆိုတာကို ထယ္ေယာင္းနားလည္မိသည္။
အခုဆို အ႐ွင့္မွာ အေနာက္မိဖုရားပါ ႐ွိေနၿပီမို႔ ထယ္ေယာင္း
ျပန္လာခဲ့မိျခင္း။
အ႐ွင္ဟာ သူ႔လို အေပ်ာ္ေတာ္ေယာက်္ားတစ္ေယာက္ကို မေန႔ကဂ႐ုစိုက္ထားတာႏွင့္တင္ အ႐ွင့္အတြက္ လြန္လြန္ေနၿပီဟု ထယ္ေယာင္းထင္မိသည္။
ဒါကို အ႐ွင္က အျပစ္ျမင္ခဲ့မည္ဆိုတာကို ျဖဴစင္လြန္းတဲ့ ထယ္ေယာင္း မသိခဲ့။
"အံမယ္ ထယ္ထယ္တို႔မ်ား အ႐ွင့္ရဲ႕ျမတ္ႏိုးမႈကို ခံေနရၿပီ ထင္တယ္"
ထယ္ေယာင္း သခင္ေလးေဆာ့ဂ်င္ကို ေစာင္းတီးသင္ဖို႔အတြက္ အစမ္းက်င့္ေနတုန္း အပ်ိဳေတာ္ အခ်ိဳ႕ရဲ႕ အရႊန္းေဖာက္သံ။
ထယ္ေယာင္းလည္း ျပဴးေၾကာက္ေၾကာင္ေလးႏွင့္ ၾကည့္ေနမိေတာ့ သူမတို႔က တဟိဟိႏွင့္ရယ္ၾကၿပီး ထယ္ေယာင္းေဘးဝင္ထိုင္ၾကသည္။
"အ႐ွင္က ထယ္ထယ္ ကို အခ်စ္ေတာ္ခန္႔အပ္လိုက္ၿပီေလ အံမယ္ မင္းကေတာ္ေလးကေတာ့ "
ထယ္ေယာင္း မ်က္လံုးတို႔ ႏွစ္ဆ ျပဴးက်ယ္သြားရသည္။
အ႐ွင္က..ျဖစ္ႏိုင္လို႔လား။
"မသိခ်င္ေယာင္ေဆာင္ေနျပန္ၿပီ ငါတို႔ ထယ္ထယ္ကေတာ့ မေန႔က အ႐ွင္ အေနာက္မိဖုရားတင္ေျမႇာက္တဲ့ ညီလာခံမႈ တရားဝင္ေၾကညာတာေလ"
"ဟင္ ဟုတ္ ဟုတ္ လို႔လား အ႐ွင့္မွာ အခ်စ္ေတာ္ေတြ ႐ွိတယ္လို႔ၾကားဖူးေပမယ့္ "
ထယ္ေယာင္းက အူေၾကာင္ေၾကာင္ေလးျပန္ေျပာေတာ့ အပ်ိဳေတာ္တို႔က မခ်ိဳမခ်ဥ္ျပံဳးၾကသည္။
ထယ္ေယာင္းလည္း မေနတတ္စြာ ေခါင္းငံု႔ေနမိသည္။
တကယ္မ်ားလား....။
"ကင္မ္ထယ္ေယာင္း႐ွိလား အ႐ွင္ဆင့္ေခၚေနတယ္"
အ႐ွင္ယြန္းဂီရဲ႕ မႉးမတ္အခ်ိဳ႕..။
ထို႔အသံၾကားေတာ့ အပ်ိဳေတာ္တို႔က ထယ္ေယာင္းကို ဝိုင္းၾကည့္ၾကသည္။
"သြား သြား အ႐ွင္ေခၚေနတာကို ေနာက္က်ရင္စိတ္ဆိုး ေနလိမ့္မယ္"
ထယ္ေယာင္းလည္း ႀကိတ္ရယ္မိၿပီး မႉးမတ္တို႔ႏွင့္ လိုက္သြားသည္။
ထယ္ေယာင္း အပ်ိဳေတာ္တို႔ရဲ႕ စကားကို မယံုၾကည္ရဲေသး။
ဒါေပမယ့္လည္း တစ္ကယ္ဆိုရင္ေတာ့ သူပီတိျဖစ္မိသည္။
ထယ္ေယာင္း မသိခဲ့႐ိုးအမွန္ပါ။
သူက အ႐ွင့္ကို ေဒါသထြက္ေစမိခဲ့တာကို။။။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
နမ်ဂျွန်း အရှင့်ရဲ့ ဆင့်ခေါ်မှုကြောင့် အရှင်ဓားရေးလေ့ကျင့်ရာ နေရာသို့ရောက်လာသည်။
"အရှင့်ကို ဂါရဝပြုပါတယ်"
နမ်ဂျွန်းက အရှင့်ကို ခေါင်းငုံ့ဂါရဝပြုတော့ အရှင်က ဓားရေးလေ့ကျင့်နေရာမှ နမ်ဂျွန်းဆီသို့ တစ်လှမိးချင်းလျှောက်လာသည်။
နှုတ်ခမ်းထက်တွင်လည်း မဲ့ပြုံးတစ်ခုကို ဖော်ဆောင်ထားလျက်။
"မြောက်ဘက်မှာ သူပုန်တွေ ထကြွနေတယ် အဲ့ဒါ မင်းသွားရှင်းလိုက် ဂိုလျောဘက်ကလည်း ဘာမှမလှုပ်ရှားသေးတော့ အဲ့ဘက်ကိုပဲ အရင်သွားရှင်းလိုက် "
"အမိန့်အတိုင်းပါ အရှင်"
နမ်ဂျွန်းငြင်းဆန်စရာမရှိသလို အာခံစရာလည်းမရှိပါ။
ဒါ အရှင့်အမိန့်တော်ကြောင့်ပြုလုပ်ရသည့် သူ့ရဲ့တာဝန်တစ်ခုသာ။
အရှင်အပေါ်လည်း ဆော့ဂျင်နဲ့ပတ်သက်ပြီး စိတ်ရှင်းသွားပြီဆိုတော့ သူ့အတွက်ပိုပြီး အဆင်ပြေနေသည်။
ခရီးတွေဆက်တိုက်ဖြစ်နေတာမို့ ဆော့ဂျင်နဲ့ ဆက်တိုက်ခွဲနေရမှာမို့ နမ်ဂျွန်း စိတ်တော့မကောင်း။
ဒါပေမယ့် ဒါဟာ ထာဝရမလွန်ဆန်ဝံ့တဲ့ အရှင့်ရဲ့ အမိန့်တော်ကြောင့်သာ...။
____________________
အရှင်ယွန်းဂီဓားရေးလေ့ကျင့်ရာမှအဆောင်သို့ပြန်လာခဲ့သည်
မနေ့က အနောက်မိဖုရားဂီနဲ့ သူ့ရဲ့ မင်္ဂလာဦးညဖြစ်နေပေမယ့် အရှင်ယွန်းဂီ မိဖုရားဂီနှင့်အတူ မနေခဲ့။
တစ်ညလုံး ထယ်ယောင်းကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း အချိန်ကုန်ခဲ့တာဖြစ်သည်။
အခုလည်း လေ့ကျင့်ရေးကွင်းမှပြန်လာတော့ နန်းဆောင်ကိုသာ ချက်ချင်းပြန်လာခဲ့သည်။
နန်းဆောင်မှာ ထယ်ယောင်းရှိနေသေးသည်ဟု အရှင်ယွန်းဂီ ယုံကြည်မိသည်။
သို့သော် အရှင်ယွန်းဂီရောက်တော့ ထယ်ယောင်းရှိမနေ။
အရှင်ယွန်းဂီ ဒေါသတို့ထောင်းခနဲ ထွက်သွားသည်။
"တောက် ကင်မ်ထယ်ယောင်း ငါ့ခွင့်ပြာချက်မရသေးဘဲပြန်ရဲတယ်ပေါ့ ကင်မ်ထယ်ယောင်းကို ခေါ်စမ်း"
အရှင်ယွန်းဂီ ဒေါသကြောင့် ဖြူဖွေးဖွေးမျက်နှာဟာ နီရဲလာသည်။ဒေါသအရှိန်ကြောင့် ပစ္စည်းတွေကို ရိုက်ခွဲပစ်ပြီးမှ ထိုင်ခုံပေါ်တွင်ထိုင်ကာ စိတ်ငြိမ်အောင် နေ,နေရသည်။
သူမုန်းသည် ဘုရင်ဖြစ်ကတည်းက..
သူ၏ အမိန့်နှင့်ခွင့်ပြုချက်ကို မရသေးဘဲ ပြုလုပ်တာကို။
ကျန်တဲ့ကိစ္စတွေဆို ခွင့်လွှတ်နိုင်ပေမယ့် ဒီလိုကိစ္စမျိုးမှာတော့ အရှင်ယွန်းဂီ သေလောက်အောင်မုန်းသည်...။
______________________
ထယ်ယောင်းတစ်ယောက် မနက်အိပ်ယာနိုးတော့ အရှင် မရှိတာနဲ့ ဆောင်ကြာမြိုင်သို့သာ ပြန်လာခဲ့မိသည်။
အရှင့်အတွက် သူသည် အပျော်သာသာ ဆိုတာကို ထယ်ယောင်းနားလည်မိသည်။
အခုဆို အရှင့်မှာ အနောက်မိဖုရားပါ ရှိနေပြီမို့ ထယ်ယောင်း
ပြန်လာခဲ့မိခြင်း။
အရှင်ဟာ သူ့လို အပျော်တော်ယောက်ျားတစ်ယောက်ကို မနေ့ကဂရုစိုက်ထားတာနှင့်တင် အရှင့်အတွက် လွန်လွန်နေပြီဟု ထယ်ယောင်းထင်မိသည်။
ဒါကို အရှင်က အပြစ်မြင်ခဲ့မည်ဆိုတာကို ဖြူစင်လွန်းတဲ့ ထယ်ယောင်း မသိခဲ့။
"အံမယ် ထယ်ထယ်တို့များ အရှင့်ရဲ့မြတ်နိုးမှုကို ခံနေရပြီ ထင်တယ်"
ထယ်ယောင်း သခင်လေးဆော့ဂျင်ကို စောင်းတီးသင်ဖို့အတွက် အစမ်းကျင့်နေတုန်း အပျိုတော် အချို့ရဲ့ အရွှန်းဖောက်သံ။
ထယ်ယောင်းလည်း ပြူးကြောက်ကြောင်လေးနှင့် ကြည့်နေမိတော့ သူမတို့က တဟိဟိနှင့်ရယ်ကြပြီး ထယ်ယောင်းဘေးဝင်ထိုင်ကြသည်။
"အရှင်က ထယ်ထယ် ကို အချစ်တော်ခန့်အပ်လိုက်ပြီလေ အံမယ် မင်းကတော်လေးကတော့ "
ထယ်ယောင်း မျက်လုံးတို့ နှစ်ဆ ပြူးကျယ်သွားရသည်။
အရှင်က..ဖြစ်နိုင်လို့လား။
"မသိချင်ယောင်ဆောင်နေပြန်ပြီ ငါတို့ ထယ်ထယ်ကတော့ မနေ့က အရှင် အနောက်မိဖုရားတင်မြှောက်တဲ့ ညီလာခံမှု တရားဝင်ကြေညာတာလေ"
"ဟင် ဟုတ် ဟုတ် လို့လား အရှင့်မှာ အချစ်တော်တွေ ရှိတယ်လို့ကြားဖူးပေမယ့် "
ထယ်ယောင်းက အူကြောင်ကြောင်လေးပြန်ပြောတော့ အပျိုတော်တို့က မချိုမချဉ်ပြုံးကြသည်။
ထယ်ယောင်းလည်း မနေတတ်စွာ ခေါင်းငုံ့နေမိသည်။
တကယ်များလား....။
"ကင်မ်ထယ်ယောင်းရှိလား အရှင်ဆင့်ခေါ်နေတယ်"
အရှင်ယွန်းဂီရဲ့ မှူးမတ်အချို့..။
ထို့အသံကြားတော့ အပျိုတော်တို့က ထယ်ယောင်းကို ဝိုင်းကြည့်ကြသည်။
"သွား သွား အရှင်ခေါ်နေတာကို နောက်ကျရင်စိတ်ဆိုး နေလိမ့်မယ်"
ထယ်ယောင်းလည်း ကြိတ်ရယ်မိပြီး မှူးမတ်တို့နှင့် လိုက်သွားသည်။
ထယ်ယောင်း အပျိုတော်တို့ရဲ့ စကားကို မယုံကြည်ရဲသေး။
ဒါပေမယ့်လည်း တစ်ကယ်ဆိုရင်တော့ သူပီတိဖြစ်မိသည်။
ထယ်ယောင်း မသိခဲ့ရိုးအမှန်ပါ။
သူက အရှင့်ကို ဒေါသထွက်စေမိခဲ့တာကို။။။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili