Girl With Philophobia (comple...
By NangLaminNwe
86.3K 5.2K 264
(Zawgyi) ချစ်​ရမှာ​ကြောက်​​နေတဲ့​ကောင်​မ​လေးတစ်​​ယောက်​ နဲ့ မချစ်​တတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​။ ပြီး​တော့ေ... More
Part 1(Zawgyi)
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
တောင်းပန်​လွှာ ❤❤
Special Part :Happy New Year
Season 2
Part 1 (unicode)
Part 2
Part 3 (U)
Part 4 (U)
Part 5 (u)
Part 6 (u)
Part 7 (u)
Part 8 (u)
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 36
Special Part:Happy New Year
Season 2
Part 35
471 30 0
By NangLaminNwe
အဲ့ဒါကြောင့် ကျွန်မပြောခဲ့တာ၊ အချစ်ကိုမယုံဘူးလို့။ အခုဆို ကျွန်မနဲ့ဘုန်းဝေ စကားမပြောဖြစ်တော့ဘူး။ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားကြတယ်။ ဒါက အချစ်တစ်ခုရဲ့ နိဂုံးပဲလေ။ ချစ်ကြမယ် ၊ လမ်းခွဲကြမယ်၊ မုန်းကြမယ် ၊
ပြီးရင် ဘယ်တုန်းကမှ မပတ်သက်ခဲ့သလို တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုကြမယ်။
အဲ့ဒါကြောင့် မချစ်ချင်ခဲ့တာ။
သူနဲ့အတူစာကြည့်ဖူးခဲ့တဲ့နေရာတွေရောက်ရင်၊
သူနဲ့အတူကြည့်ဖူးတဲ့ ရုပ်ရှင်ရုံတွေရောက်ရင်၊
လျှောက်လည်ဖူးတဲ့နေရာတွေရောက်ရင်၊
အနည်းနဲ့အများတော့ နာကျင်ရတာပါပဲ။
သူရောဘယ်လိုနေမယ်မသိ၊ သူကတော့ဘာမှခံစားရမှာမဟုတ်ပါဘူးလေ၊ ချစ်ခဲ့တာမှမဟုတ်တာ။
ပြတင်းပေါက် အပြင်ဘက်ကိုငေးနေတဲ့ မြူနှင်း ကိုကြည့်လိုက်ရင်း ကျွန်တော်သူမကို ဆုံးရှူံး လိုက်ရပြီဆိုတာ ပိုသေချာလာခဲ့တယ်။ သူ့ရင်ထဲက ကျွန်တော့နေရာမှာ အခြားတစ်ယောက်က နေရာယူသွားပြီပဲ။ သူက စာသင်ချိန်မှာ ပျင်းနေရင် ဖတ်စာအုပ်တွေမှာ နာမည်အတိုကောက်တွေထိုင်ရေးလေ့ရှိတယ်။ First year နဲ့ Second year ဖတ်စာအုပ် တွေမှာ HMT ဆိုတဲ့ ကျွန်တော့နာမည်အတိုကောက်စာလုံးလေးတွေက နေရာယူခဲ့ပေမယ့်
အခု Third year ဖတ်စာအုပ် တွေမှာ သူရေးနေတာ ကျွန်တော့နာမည်မဟုတ်တော့မှာတော့ သေချာသည်။
လူတွေက ရှိနေတုန်းမှာတန်ဖိုးမထားတတ်ကြဘူး။
ကျွန်တော်လည်း သူ့ကိုတန်ဖိုးမထားမိခဲ့တဲ့အတွက် အခု ခံစားနေရတာတွေက ထိုက်တန်ပါတယ်။
Welcome မှာ သူ့အတွက် ရည်ရွယ်ပြီး သီချင်းဆိုပြတာတောင် ဘုန်းဝေလက်ကိုဆွဲပြီးထွက်သွားခဲ့သူ။ အဲ့ကတည်းက သူရွေးချယ်ပြီး ဖြစ်လောက်တယ်။သူတခါပြောဖူးတယ်။ တဖက်လူရဲ့ မေတ္တာကစစ်လွန်းရင် မေတ္တာစူးတတ်တယ်တဲ့။
ကျွန်တော် အခု သူပြောတဲ့အတိုင်း မေတ္တာစူးနေတာ။
"On your wedding day"ထဲမှာ မင်းသားပြောတဲ့စကားတစ်ခွန်းက
"အချစ်ဆိုတာ အချိန်ကိုက်မှုပဲ။ ကျွန်တော် သူမကိုဘယ်လောက်ထိချစ်တယ်ဆိုတာထက် ကျွန်တော်နဲ့သူမ ဘယ်အချိန်မှာတွေ့ကြသလဲ ဆိုတာကပိုအရေးကြီးတယ်" တဲ့။
သူမ ကျွန်တော့ကို ချစ်နေတုန်းအချိန်မှာသာ
ကျွန်တော် သူမကို အခုလိုချစ်ခဲ့ရင်
ကျွန်တော်တို့နှစ်ယောက်က အရမ်းပျော်ရွှင်ရတဲ့
Relationship တစ်ခုဖြစ်မှာ အသေအချာပဲ။
အချစ်မှာအချိန်ကအရေးကြီးတယ်။
သူမျှော်လင့်နေတဲ့အချိန်မှာ ကိုယ်မပေးခဲ့မိရင်
အချိန်တွေလွန်သွားရင် အဲ့ဒီအချစ်တွေက
အလကားဖြစ်သွားရော။
သူ့အိပ်မက်က ခိုင်မာတဲ့ rs တစ်ခုတည်ဆောက်ပြီး အဲ့ဒီသူနဲ့ပဲ အကြာကြီးတွဲပြီး ၊ သူနဲ့ပဲ လက်ထပ်ချင်တာတဲ့။ ကျွန်တော်က သူ့အိပ်မက်တွေ ၊ မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့မိသူ။ သူ့မျက်ရည်တွေကို လျစ်လျူရှု ခဲ့မိသူ။
တချို့အချစ်တွေက တန်ဖိုးမထားသူနဲ့တွေ့တဲ့အခါ
ဒဏ်ရာတွေဖြစ်ကုန်တယ်။
ကိုယ့်ကိုချစ်တဲ့သူကို ဒဏ်ရာတွေပေးမိတဲ့အခါ၊
နောင်တရတဲ့အချိန်ရောက်ရင် မမီတော့ဘူး။
••••••••••••••••••••••••••••••••••••••
"ဘုန်းဝေ YTU ပြောင်းတော့မှာတဲ့"
ဆုမွန်ပြောလိုက်သောစကားကြောင့် ကျွန်မ ထထိုင်လိုက်မိသည်။
(A/N: အရင်ကတော့ စီနီယာ တွေလက်ထက်ကတော့ MTU YTU transfer ရတယ် ။ ကျွန်မတို့ first year စတက်တဲ့နှစ် 2017 ကစပြီး transfer မရတော့တာ။ အကောင်ကြီးကြီး သားသမီးဆိုရင်တော့ရတယ်😷😷)
ကျွန်မကို အဲ့လောက်တောင် မုန်းတယ်လား။
သူထွက်သွားမယ်ဆိုတာဒါကိုပြောတာပေါ့။
ဒီတခါ သူပြန်ရင် ဒီကိုပြန်မလာတော့ဘူးပေါ့။
ကျွန်မရှိတဲ့နေရာမှာ သူမနေတော့ဘူးဆိုတဲ့သဘောလား။
"မနက်ဖြန် ကျောင်းထွက်လက်မှတ်ယူပြီး
ရန်ကုန်ပြန်တော့မှာတဲ့"
"စာမေးပွဲ ပြီးပြီးချင်းကြီးကို"
"အေးဟယ် ဘာတွေများ အဲ့လောက်လောနေလည်းမသိဘူး"
ဆုမွန်က မြူနှင်း ငိုင်သွားသည်ကို ကြည့်နေပြီး
"နင့်ကိုသနားလိုက်တာ။ နင်သူ့ကိုချစ်တယ်မလားဟင်။ သူ့ကိုသွားတားပါလား"
ငါတားရင်ရော ရမှာတဲ့လား။ ငါ့ကိုမုန်းနေတဲ့လူတစ်ယောက်ကို ထွက်မသွားဖို့ ငါတားရမယ်ပေါ့။
"သူသွားချင်လို့သွားတာပဲလေ။ သူ့အိမ်ကရန်ကုန်မှာပဲလေ။ သူ့အတွက် အဆင်ပြေတာပေါ့။ ဂရုစိုက်မယ့်သူလည်းရှိ.."
"နင်သူ့ကိုချစ်တယ်ဆိုပြီး သူ့အကြောင်းနင်ဘာမှမသိပါလား မြူနှင်း ၊ သူ့မှာ မိဘတွေမရှိတော့ဘူး၊
အိမ်မှာ တစ်ယောက်တည်း နေရတာ"
"ဟင်"
မြူနှင်း အံ့သြသွားသည်။ အဲ့ဒါကြောင့် သူကအိမ်မှာ တစ်ယောက်တည်း လို့အမြဲပြောနေတာကိုး။
သူ့မိဘတွေ ခရီးသွားတာတို့ ဘာတို့ပဲထင်ခဲ့တာ။
သူနဲ့ပတ်သက်ပြီး ဘာမှကို မသိခဲ့ပါလား။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း....."
ဘုန်းဝေ ဖုန်းမကိုင်ပါ။ ငါဒီတခါတော့ နင့်ကို ဆွဲထားတော့မယ် ဘုန်းဝေ။ နင်မချစ်ဘူးဆိုရင်တောင် ငါဆွဲထားတော့မယ်။ ငါနင့်ကိုချစ်နေပြီဆိုတာ
သေချာနေပြီမို့လို့။
Continue Reading
You'll Also Like
12.9K 431 21
" ရန်ရီရှင်း " ဟာ ယောင်္ကျားလျာတစ်ယောက်ဖြစ်ပြီး သူ့မှာ ငယ်စဉ်ကလေးဘဝကတည်းကအတူကြီးပြင်းလာတဲ့ " ယွန်းဟန်နီ" ဆိုတဲ့ချစ်သူကောင်မလေးရှိပါတယ်။ သူတို့နှစ်ယော...
15.9K 509 16
လျန်ရိဆိုတဲ့ ယောင်္ကျားလျာကောင်မလေးဟာ နာမည်ကြီးမင်းသား ရွှီကျန့်ရှီး@Ken ရဲ့ Guardian Angel ဆိုတဲ့ Drama series မှာ မထင်မှတ်ပဲ သရုပ်ဆောင်ရဖို့ဖြစ်လာပ...
1.2M 63.4K 50
241K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest