မိမိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး အိမ့်မြတ်တစ်ယောက် လက်သီးကိုတင်းတင်းဆုပ်ကာ အံကြိတ်လိုက်မိသည်။ ဒါဘယ်လိုတွေ ခွေးဇာတ်ခင်းနေကြတာပါလိမ့်။ မိမိစိတ်ကောက်နေသည်ကို တစ်ပတ်လုံးလုံးဖုန်းမဆက် message တစ်စောင်တောင်မပို့ဘဲ နေနေသူ မိမိချစ်သူဆိုသူက သူ့ရည်းစားဟောင်းကကိုကျ လူမြင်ကွင်းမရှောင် ဖက်ထားတယ်တဲ့လေ။
မြူနှင်း သည် အိမ့်မြတ်ကိုတွေ့သွားပြီး ဟိန်းမြတ်ရင်ခွင်ထဲမှ ထွက်လိုက်သည်။ အိမ့်မြတ် အထင်လွဲသွားလောက်ပြီ။ ကိုယ်က သူ့အမြင်မှာ စနိုက်ကြော်မဖြစ်နေပြီလားမသိ။ တောင်းပန်ပါတယ် အိမ့်မြတ်ရယ်။ နင်ထင်နေသလိုမျိုး မဟုတ်ဘူးဟ။
"တော်တော်လေး အရှက်မရှိဘူးနော်၊ ဟိန်းမြတ်သူ"
အိမ့်မြတ် အကြည့်များမှာ မီးဝင်းဝင်းတောက်လျက်ရှိသည်။
ဟိန်းမြတ်ထံမှ ဘာစကားမှထွက်မလာဘဲ တိတ်ဆိတ်နေသည်။
"နင်ထင်နေသလိုမျိုး မဟုတ်ပါဘူး ။ အိမ့်မြတ် "
ဟု မြူနှင်းက ဝင်ပြောလိုက်သည်။
"မြူနှင်းဝေ၊ အစကတော့ နင့်ကိုသနားခဲ့တာဟ။
နင်အရမ်းသေမတတ်လိုချင်ခဲ့တဲ့လူကို ပြန်ရပြီဆိုတော့ ပျော်လားဟင်"
အိမ့်မြတ် က ခနဲ့ ပြီးပြောသည်။
"သူများဆီကလုယူပြီးမှရတဲ့ပျော်ရွှင်မှုက အကြာကြီး ခံမယ်ထင်လို့လားဟင်။ မိန်းကလေးချင်း ကိုယ်ချင်းမစာမနာ"
"အဲ့လိုမဟုတ်ဘူး။ ငါနဲ့သူနဲ့က သူငယ်ချင်းတွေပဲ။
သူလည်းငါ့ကို သူငယ်ချင်းလိုပဲ သဘောထားသလို၊ ငါလည်းသူ့ကို သူငယ်ချင်း လိုပဲသဘောထားတာ"
"တော်စမ်းပါ အရှက်မရှိ"
"အိမ့်ထင်နေသလိုမဟုတ်ဘူး။ ကိုကိုနဲ့သူက သူငယ်ချင်း ပဲ၊ ကိုကို့ဘက်ကတော့လုံးဝပြတ်သားတယ်။"
ဟိန်းမြတ်ပြောလိုက်သည်ကိုမြူနှင်းဒေါသထွက်သွားသည်။ သြော်..သူ့ဘက်ကပြတ်သားတယ်ဆိုတော့ ကိုယ်ကလိုက်ကပ်နေတဲ့သဘောလား။
မြူနှင်း ဘက်က ဘယ်လောက်ချစ်ချစ် အခြားမိန်းကလေး၏ ရည်းစားဖြစ်နေသူကို လိုက်ပြီးတွယ်ကပ်နေစရာလား။
မြူနှင်း ရှက်သွားသည်။
IT အုပ်စုများလည်း သူတို့နားရောက်လာခါနီးပြီဖြစ်၍ အိမ့်မြတ်က မျက်စောင်းတချက်ထိုး၍ ထွက်သွားသည်။ ဒီပြဿနာကိုလူသိမခံစေချင်။
အကဲ့ရဲ့လည်းမခံနိုင်။
"တောင်းပန်ပါတယ် ဟိန်းမြတ်၊ ငါ့ကြောင့်.."
ဟိန်းမြတ်က ဘာမှမပြောဘဲထွက်သွားသည်။
သူလည်းစိတ်ရှုပ်နေပုံပင်။
နောက်ဆုံးတွင် မြူနှင်းတစ်ယောက်တည်းသာ
ကျန်ခဲ့သည်။ သူ ကျွန်မကို ထပ်ပြီးထားသွားပြန်ပြီ။
ဘုန်းဝေ မျက်မှောင်ကြုတ် လိုက်မိပြန်သည်။
ကိုရီးယားကားရိုက်နေကြတာလားဟ။
ဟိုအငိုမင်းသမီးလေးကတော့ ထိုင်ချလိုက်သည်။
ငိုဦးမှာနေမှာပေါ့။ ငိုပဲငိုနိုင်လွန်းတယ်။
"ဟေ့ ..နင်ထပ်ငိုနေပြန်ပြီလား"
ထိုဂျပုမလေးဆီမှာ အမြဲတွေ့နေကျဖြစ်သော ထိုခိုကိုးရာမဲ့ မျက်ဝန်းတွေ။
"ထတော့၊ နင်တို့မေဂျာမှာနင်ပဲကျန်တော့တယ်"
ဟုပြော၍ လက်ကမ်းပေးလိုက်သည်။
မြူနှင်း က ဘုန်းဝေလက်ကို လှမ်းမဆွဲဘဲ ထလိုက်သည်။ ဘုန်းဝေအလိုမကျဖြစ်သွားမိသည်။
ဟိုကောင်လက်ကိုကျဆွဲပြီး သူ့လက်ကိုကျ..
အေးလေ။ ကွာတာကိုး...
မြူနှင်း ဘာစကားမှမပြောဘဲ ရှေ့ကိုလျှောက်သွားသည်။ ဘုန်းဝေက နောက်ကလိုက်သည်။
သူ့ကိုလည်းစောင့်ခေါ်ရသေး။ စေတနာကိုအသိအမှတ်မပြုဘူး။
မြူနှင်း ခြေလှမ်းတွေလေးနေသည်။ စိတ်ပင်ပန်းသည်ကတမျိုး၊ လူကလည်းပင်ပန်းနေသဖြင့်
ဆက်မလှမ်းနိုင်တော့ဘဲ လဲကျသွားသည်။
ထိုခြေထောက်တွေကိုသယ်နိုင်စွမ်းမရှိတော့။
ဘုန်းဝေက မြူနှင်းဘေးနားတွင်ထိုင်ချလိုက်ကာ
"နင် ရရဲ့လား။"
မြူနှင်း ခေါင်းခါပြလိုက်သည်။ ကျွန်မတကယ်မရတော့။ အရမ်းပင်ပန်းနေလေပြီ။ တောင်အောက်ကိုပင်ပြန်ဆင်းချင်နေပြီ။
"တောင်အောက်ပြန်ဆင်းကြမလား။ နင်လည်းဆက်တက်နိုင်တော့မှာမဟုတ်ဘူး။ ငါလည်း ငါ့ crush လေးမပါလာတော့ တက်ရမှာပျင်းလာပြီ"
ဟုပြောရင်း မြူနှင်းကိုဆွဲထူသည်။
မြူနှင်း ခေါင်းညိတ်ပြလိုက်သည်။
ဘုန်းဝေက မြူနှင်းကိုတွဲပြီး ဖြည်းဖြည်းချင်းဆင်းသည်။ နည်းနည်းသွားပြီး ခဏနားရသည်။
"နင်ကအပင်ပန်းမခံနိုင်ဘူးလား"
မြူနှင်း ခေါင်းညိတ်ပြသည်။
"အဲ့ဒါများလိုက်လာနေသေးတယ်"
"အစက ဆုမွန်နဲ့အတူတူတက်ဖို့လုပ်ထားတာ။
ဆုမွန်က အိမ်ပြန်သွားလို့"
ဘုန်းဝေက မြူနှင်း ရှေ့တွင် ကျောပေး၍ထိုင်ချလိုက်ကာ..
"ငါ့ပေါ်တက်"
"ဟင်"
"နင်လမ်းမလျှောက်နိုင်တော့ဘူးမလား။
ငါကျောပိုးမယ်"
(A/N: မီယမ်မာကားတွေဆန်သွားရင် မီရာနဲ 😢
Idea လည်းမထွက်တော့လို့😖)