Girl With Philophobia (comple...
By NangLaminNwe
86.3K 5.2K 264
(Zawgyi) ချစ်​ရမှာ​ကြောက်​​နေတဲ့​ကောင်​မ​လေးတစ်​​ယောက်​ နဲ့ မချစ်​တတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​။ ပြီး​တော့ေ... More
Part 1(Zawgyi)
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
တောင်းပန်​လွှာ ❤❤
Special Part :Happy New Year
Season 2
Part 1 (unicode)
Part 2
Part 3 (U)
Part 4 (U)
Part 5 (u)
Part 6 (u)
Part 7 (u)
Part 8 (u)
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Special Part:Happy New Year
Season 2
Part 11
530 33 1
By NangLaminNwe
အရပ်ရှည်ရှည်ပုံသဏ္ဍာန်ကြောင့် ဘုန်းဝေယျာညိမ်း ဟု ခန့်မှန်းလိုက်မိသည်။ဘာလို့သူတစ်ယောက်တည်းဆိုနေပါလိမ့်။
နောက်တော့ အုပ်စုလိုက်အသံကဟိန်းထွက်လာ
သည်။ဝိုင်ဝိုင်း၏" ဖြေသိမ့်လိုက်" ပြီးသွားတော့
"နင်နာကျင်နေပါစေ ပြန်လှည့်မကြည့်ဘူး
မင်းအတွက်ကိုယ်ချင်းစာစိတ် လုံးဝမရှိဘူး
အို...မေ့လိုက်ပါ
ကြိတ်မှိတ်ပြီးမေ့လိုက်ပါ"
ဝိုင်ဝိုင်းနှင့်ကြိုးကြာ၏ "မဆုံတဲ့ဖူးစာ"သီချင်းကို
မြူနှင်း တိုးတိုးလေး လိုက်ညည်းနေမိသည်။
"စွန့်ပစ်ကာ မင်းမျက်ရည်...မင်းမျက်ရည် "
ဟုတ်ဟုတ်မဟုတ်ဟုတ် မြူနှင်း အတွက်လာဆိုနေသည်ဟုပဲ သဘောထားလိုက်သည်။
နည်းနည်းတော့ စိတ်ပြေသွားသလိုပင်။
သီချင်းလာဆိုသူများကိုပင်ကျေးဇူးတင်နေမိသည်။
မြူနှင်း အခန်းထဲပြန်ဝင်လာတော့ ဆုမွန်က ရေခဲမုန့် ထိုင်စားနေသည်။ ရေခဲမုန့် တစ်ခုကို မြူနှင်းဆီ ကမ်းပေးရင်း
"ငိုလို့ဝသွားပြီလား"ဟုမေးလိုက်သည်။
"ရော့..စား။ ငါ့ oppa ကိုလာပို့ခိုင်းလိုက်တာ။
မသာမ feel ပဲ feel မနေနဲ့။ "
မြူနှင်း ရေခဲမုန့်ကိုလှမ်းယူလိုက်ကာ ဆုမွန်ကောင်လေးက တောင်ငူမှာမဟုတ်ဘူးလား။ ဒါမှမဟုတ် ဒီကျောင်းမှာတစ်ယောက်ရှိနေတာလား ဟုတွေးနေမိသည်။
"ဟဲ့..နင်ဒီမှာ ရည်းစားအသစ်ရနေတာလား။
နင့်ကိုကိုကရော"
"ငါ့ကိုကိုလား ဒီနေ့မနက်ကပဲပြတ်သွားတာ"
"မုန့်လာပို့တဲ့တစ်ယောက်ကရော"
"သူနဲ့က မဖြစ်သေးဘူး ။ Just friends ပဲရှိသေးတယ်"
ဆုမွန်က ရယ်ရင်းပြောသည်။
"ဘယ်year ကလဲ။ ငါတို့ batch ကပဲလား။"
"အဲ့ဒါက secret"
"အေးပါ အေးပါ။ ဖြစ်သွားရင်လည်း ငါနဲ့အရင်ဆုံးမိတ်ဆက်ပေးဦး"
"အေးပါဟယ်"
ထို့နောက် ဆုမွန်က အစချီ၍ "နင့်အကောင်က..ဘာညာ" ဆိုပြီး အားရပါးရ ပြောတော့သည်။
မြူနှင်း ခမျာ ငြိမ်ကုပ်ပြီးနားထောင်နေရှာသည်။
*********************
Carpentary shop ဝင်ရမည့်နေ့ဖြစ်သည်။
ယောက်ျားလေးတစ်ယောက်၊ မိန်းကလေး တစ်ယောက်ဖြစ်၍ ဟိန်းမြတ်သူနှင့်ကျပါစေဟု မြူနှင်း ဆုတောင်းနေမိသည်။ မြူနှင်း ဆုတောင်းမပြည့်လိုက်ပါ။ ဘုန်းဝေယျာညိမ်း နှင့်အတူတွဲလုပ်ရသည်။
"မနေ့က အဆောင်ရှေ့မှာသီချင်းလာဆိုသေးလား"
မြူနှင်းက သစ်သားတုံးကိုကမ်းပေးရင်းမေးလိုက်သည်။ အရှည် ၁၈လက်မှရှိသော သစ်သားချောင်းကို တစ်ဝက်စီဖြတ်၍ T joint လုပ်ရမည်ဖြစ်သည်။ တစ်ဝက်မဖြတ်ခင် သစ်သားတုံးကို အရင်
ရွှေပေါ်ထိုးရသည်။ ဘုန်းဝေက သစ်ချောင်းကို လှမ်းယူလိုက်ပြီး ခုံတွင်ညှပ်လိုက်ကာ
"အင်း ဟုတ်တယ်။ ဒါပေမယ့် အစကတော့
သီချင်းဆိုဖို့လာတာမဟုတ်ဘူး" ဟုပြော၍ ရွေပေါ်ထိုးရန် အသင့်ပြင်လိုက်သည်။
"ညီမညီကြည့်ထားပေး"
အခြားအဖွဲ့များသည် ရွေပေါ်ထိုးသည်ကို ယောက်ျားလေးတလှည့် ၊ မိန်းကလေးတလှည့် လုပ်နေကြသည်။ မြူနှင်းလည်း ဘုန်းဝေကိုအားနာလာသဖြင့်
"ငါလည်းလုပ်မယ်"
ထိုအခါ ဘုန်းဝေက ကျွန်မကိုကြည့်၍ပြုံးလိုက်ပြီး
"နင်ကဒီစက်ကိုနိုင်မှာမို့လို့လား"
အမှန်အတိုင်းပြောရလျှင် စက်ကိုင်ရမှာကြောက်မိသည်။ စက်ကအလေးကြီး ။ သို့သော်မခံချင်စိတ်ဖြင့်
"ငါ့များအထင်သေးလို့။ ပေးစမ်းပါ"
အမှန်တကယ်လုပ်ကြည့်တော့ထင်သလောက်မလွယ်။ လုံးဝမလွယ်တာဖြစ်သည်။ စက်ကိုရှေ့ရောက်အောင်ပင်မလုပ်နိုင်။ တဝီးဝီးမြည်နေပြီး တုန်ခါနေသောကြောင့်မထိန်းနိုင်ပဲ သစ်သားက အထစ်အထစ်တွေဖြစ်သွားသည်။
"ဆောရီး"ဟုပြော၍ အသားကုန်ရယ်ပြလိုက်သည်။ကိုယ့်အပြစ်နှင့်ကိုယ်ပဲကိုး။
ဘုန်းဝေကတော့ ငါမပြောခဲ့ဘူးလား ဟူသောအကြည့်ဖြင့်ကြည့်ကာ
"ဖယ် ငါပဲလုပ်တော့မယ်"
ဘုန်းဝေသည်အတော်လေးခင်ဖို့ကောင်းသည်။
မြူနှင်း ဘာမှသိပ်မလုပ်လိုက်ရ။ သူပဲအကုန်လုပ်သွားသည်။ ၅ပေ ၁၀လက်မ ခန့်ရှိသောအရပ်အမောင်းနှင့် အသားညိုညို၊ ကြည့်ကောင်းသော ရုပ်ရည်နှင့် အလွန်ဆွဲဆောင်မှုရှိသော ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ မြူနှင်း သူနှင့်ယှဉ်ရပ်လိုက်လျှင် မြူနှင်းက သူ့ပုခုံးသာသာလောက်ပဲရှိသည်။
ချွေးတွေထွက်နေတာတောင်သူကကြည့်ကောင်းနေတုန်းပဲ။ ဘုန်းဝေက မြူနှင်း အတွက် လုံးဝ ideal typeမျိုး။ အရပ်ရှည်ပြီး ကြည့်ကောင်းသည်။ မိန်းကလေး တစ်ယောက်ကိုပျော်ရွှင်အောင်
ထားနိုင်မည့်ပုံစံမျိုး။ ခင်တတ်မင်တတ်ပြီး ဟာသညဏ်ရှိသည်။ ဘုန်းဝေနှင့်ရှိနေသည့်အချိန်တခဏ
တွင် ဟိန်းမြတ်ကိုမေ့ထားနိုင်သည်။ဟိန်းမြတ်ဘက်ကိုလည်းမကြည့်မိတော့။
ဟိန်းမြတ်ကလည်း ခင်မင်ပြီး ဖော်ရွေသည့်ပုံစံမျိုးပင်။ သို့သော် ဟန်ဆောင်မှုများပါသည်ဟု မြူနှင်း ထင်သည်။ အေးတိအေးစက်နှင့် နွဲ့ဆိုးဆိုးချင်သောထိုကောင်လေးသည် မြူနှင်း typeမဟုတ်။
မြူနှင်း က ဆိုးချင်သည်။ အချစ်ခံချင်သည်။
သို့သော် ချစ်မိသွားပြီဆိုလျှင်ဖြင့် ကိုယ့်အကြိုက်ပုံစံမဟုတ်သောသူကိုလည်း အပြစ်မမြင်နိုင်လောက်အောင် ချစ်ရပါသည်။
ဟိန်းမြတ် က အတ္တကြီးသည်။ ဘယ်လိုအတ္တမျိုးလဲဆိုတာတော့ မပြောပြတတ်။ အိမ်မှာ အငယ်ဆုံးဆိုသော အကြောင်းပြချက်ဖြင့် မြူနှင်း အပေါ်အလွန်ဆိုးသည်။ သူပျော်ဖို့သာကြည့်၍ သူများခံစားချက်ကိုအလေးမထားသည့်လူမျိုး။ အားလုံးကို သူ့အတွက်သူသာ တွေးသည်။ တောင်းပန်ပါတယ်
ဟုပြောရန်ပင်ဝန်လေးသူ၊ ပြဿနာကိုချက်ချင်းမဖြေရှင်းတတ်သူဖြစ်သည်။
T joint ပုံစံငယ်လေးပေါ်တွင် ကော်ရက်ရှက်ပန်
ဖြင့် roll no. နှစ်ခုကို မြူနှင်း ချရေးလိုက်သည်။
မြူနှင်း နှင့်ဘုန်းဝေသည်နောက်ဆုံးကျန်သောအဖွဲ့ပင်ဖြစ်သည်။
Continue Reading
You'll Also Like
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
423K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.2M 63.2K 50