Hate is Love { Complete }

By yoon_085

860K 51.7K 2.1K

အမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့... More

Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II

Part - 5 ~ Losing Family

21.5K 1.4K 26
By yoon_085

Hate is Love

Zawgyi











"မကြာပါဘူး ''






''အင်း အိမ်ရောက်မှ ''



''ယုန်ဆိုးလေးက မြူစွယ်မှတော့ ခြသေ့ကြီးက ဥပုပ်စောင့်ရရိုးလား ''



''မရဘူး ''



''ပါး ပါး သတိထားဦး ''

''ရိပေါ် ဘာဖြစ်တာလဲ ''















''အင်း... ''

"ပါး သတိရပြီလား ''









တီ ~တီ ~ တီ ~ တီ~


တီ~ တီ~ တီ~ တီ







edaz
4:49 a.m.

_____________<<<<<<<<<<__________

Hate is Love

Unicode

ရှောင်ကျန့်နဲ့ရိပေါ် မားကိုကြည့်ပြီး ဆေးရုံက
နေပြန်ဖို့ထွက်လာတော့ ဆေးရုံကကြေငြာတစ်ခုကို
ရှောင်ကျန့်တွေ့လိုက်သည် ။

"ရိပေါ်..ဟို အရင်ကားပေါ်သွားနှင့်လိုက်ပါလား ကျန့် toilet သွားလိုက်ဦးမယ် ကားပေါ်ကစောင့်နှင့်နော် ''

"ဟမ်...ဘာလို့လဲ ကိုယ်လဲလိုက်ခဲ့မယ်လေ ''

"အာ..ရိပေါ်ကလဲသွားပါ ပြီးတော့  အောက်ထပ်ကwardမှာ ကျန့်အတွက်ice americano ဝယ်ထားပေး''

"အမ်...ညဘက်ကြီးကော်ဖီသောက်မလို့လား ''

"အာ..သွားပါမြန်မြန်သွားဝယ် ပြန်လာတာနဲ့ကော်ဖီဝယ် ထားတာမြင်ချင်တယ်သွား သွား ''

ရိပေါ်ထွက်သွားပြီးတော့ရှောင်ကျန့်လဲ ဆေးရုံကကြေငြာထားတဲ့စာရွက်လေးသွားယူလိုက်သည်။

"အမ ဒီကုထုံးအတွက်စာရင်းသွင်းချင်လို့''

ကားparking မှာamericano ဘူးကိုကိုင်ကာကားကိုမှီပြီးရပ်နေတဲ့ ရိပေါ်က တကယ့်မိန်းကလေးတွေရဲ့ideal type

"ရိပေါ် စောင့်ရတာကြာသွားလား ''

"မကြာပါဘူး ''

ရိပေါ်ကရှောင်ကျန့်ကို ကားခါးပတ်ပတ်ပေးတော့ ရှောင်ကျန့်ကရိပေါ်ကိုပြုံးပြီးကြည့်နေသည် ။

"ဘာလို့လဲ ကိုယ့်မျက်နှာမှာဘာပေနေလို့လဲ ''

''အင်း ပေနေတယ် ချောမောခြင်းတွေလေ ခ်ခ်'' ရှောင်ကျန့်ကပြောပြီး ရိပေါ်ပါးလေးကို နမ်းလိုက်သည်။

''အာ ဒီလို ပါးကိုနမ်းရုံနဲ့ ဘယ်ရမလဲ '' ရိပေါ်ကရှောင်ကျန့် ပါးကလက်နဲ့ညစ်လိုက်တော့ နှုတ်ခမ်းလေးဆူထွက်လာတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည် ။

'' အာ ရိပေါ် တော်တော့ ကားparking ကြီးမှာ ''

''အင်း အိမ်ရောက်မှ ''
ရိပေါ်ကနောက်ပြီးပြောတော့ ရှောင်ကျန့်က ရိပေါ်လက်မောင်းကို ထုတော့သည် ဘာတွေပဲဖြစ်ဖြစ် သူတို့အတွက် ကြည်နူးစရာအချိန်လေးတွေက ရွှေထက်တောင် ပိုတန်ဖိုးရှိနေတဲ့ အချိန်လေးတွေ......

အိမ်ပြန်ရောက်တော့ ရှောင်ကျန့်က ညအိပ်၀တ်စုံလေး လဲထားသည် ညအိပ်၀တ်စုံလေးက ပခုံးသားလေးတွေ ပေါ်နေတာက သူ့ကိုလာစားလှည့်ပါ မြူစွယ်နေသလိုပဲ ရိပေါ်တံတွေး တစ်ချက်မျိုချလိုက်ပြီး ရှောင်ကျန့်ဆီသွားလိုက်သည် ရှောင်ကျန့်ရဲ့ လက်နှစ်ဖက်ကိုနံရံမှာ ကပ်လိုက်တော့...

'' အာ ရိပေါ် ဘာဖြစ်နေတာလဲ ''

''ယုန်ဆိုးလေးက မြူစွယ်မှတော့ ခြင်္သေ့ကြီးက ဥပုပ်စောင့်ရရိုးလား ''
ရိပေါ်ကပြောပြီး ရှောင်ကျန့်ကိုနမ်းကာ လည်ပင်နားလေးကိုအသာလေး မှုတ်လိုက်သည် ။

''အား..ရိပေါ် ခ်ခ်  ယားတယ်လို့ ''
ရိပေါ်ကရှောင်ကျန့်ရဲ့ အထိမခံတဲ့လည်ပင်းနားလေးတွေ နားအနောက်နားလေးတွေကို တဖူးဖူး မှုတ်တော့ ရှောင်ကျန့်ကယားလို့ တလှိမ့်လှိမ့် ရယ်တော့သည် ။ ရိပေါ်ကလဲ အ​လျော့မပေးဘဲရှောင်ကျန့်ရဲ့ရင်ဘတ် သူ့ရဲ့လက်နဲ့ ပွတ်လိုက် ကျောကုန်းကိုပွတ်လိုက်နဲ့ ။

'' ရိပေါ် မင်းတစ်ရက်လောက် အလွတ်ပေးလို့မရဘူးလား'' ရှောင်ကျန့်ကရိပေါ်ရဲ့ခါးကိုဖတ်ကာ ပြောသည် ။

''မရဘူး ''
ပြောပြီးရှောင်ကျန့် ကိုမချီလိုက်တယ် ရှောင်ကျန့်ကလဲ ရိပေါ်ခါးကို ခြေထောက်နှစ်ချောင်းနဲ့ ခွချိတ်လိုက်သည် သူ့ကိုချိတ်ပြီးပါလာတဲ့ ရှောင်ကျန့်ကြောင့် သူတစ်ချက်ပြုံးမိတယ် ရှောင်ကျန့်ရဲ့တင်ပါးလေးကို တစ်ချက်ရိုက်လိုက်ပီး ကုတင်ပေါ်ကိုချလိုက်သည် ။

ဒီနေ့ညအတွက်အချစ်စခန်း ထလို့အပြီးမှာ ရှောင်ကျန့်ကတော့နှစ်ချိုက်စွာ အိပ်ပျော်သွားသည် ရိပေါ်ကတော့ ရေဆာလို့ အိမ်အောက်ထပ်ကို ဆင်းမလို့လုပ်တော့ အိပ်ပျော်နေတဲ့ ရှောင်ကျန့်မျက်နှာလေးကို ငုံနမ်းလိုက်ကာစောင်ကို ရင်ဘတ်ထိဆွဲခြုံပေးပြီး ရေသောက်ဖို့ အောက်ကိုဆင်းလာခဲ့သည် ။

ရိပေါ် ထမင်းစားခန်းထဲ မီးမဖွင့်တော့ဘဲ ရေထည့်သောက်ပြီး ပြန်အထွက်တစ်ခုခုကို ထိမိတာကြောင့် ငုံကြည့်လိုက်သည် ။

''ပါး ပါး သတိထားဦး  ''
ပါးကထမင်းစားခန်းထဲမှာ မေ့လဲနေတာကို ရိပေါ်တွေ့တော့ ပါးကိုဆွဲထူပြီး ခေါ်သော်လဲ နိုးမလာတာကြောင့် ရိပေါ်ကားသော့ကိုယူကာ ဆေးရုံကိုသွားဖို့ လုပ်ရတော့တယ် အသံတွေကြောင့် ရှောင်ကျန့်လဲနိုးလာပြီး ညအိပ်၀တ်စုံဖရိုဖရဲနဲ့ အောက်ထပ်ကို ပြေးဆင်းလာသည် ။

''ရိပေါ် ဘာဖြစ်တာလဲ ''

"ပါး ပါး မေ့လဲသွားလို့ ဆေးရုံပို့မှဖြစ်မယ် ''

''ကျန့်လဲလိုက်ခဲ့မယ်လေ ရိပေါ်တစ်ယောက်တည်း ဖြစ်ရဲ့လား ''

'' အင်း ရတယ် ကိုယ်အရင်သွားလိုက်မယ် ကျန့်ပြီးမှလိုက်ခဲ့လိုက် ''
ရိပေါ်က ပါးကိုပွေ့ချီပြီးကားထဲထည့်လိုက်တော့ ရှောင်ကျန့်ကအနောက်ကနေကားတံခါး ဖွင့်ပေးသည် ရိပေါ်တို့ထွက်သွားပြီးတော့ ရှောင်ကျန့်လဲ အ၀တ်စားလဲကာဆေးရုံကို လိုက်သွားလိုက်သည် ။ ရှောင်ကျန့်ဆေးရုံရောက်တော့ ရိပေါ်က ခွဲစိတ်ခန်းရှေ့မှာ စိတ်လှုပ်ရှားနေပုံရသည် ဒူးကိုလှုပ်ကာလက်သည်းကို ကိုက်နေတာမို့ ရိပေါ်နားကိုသွားကာ ပခုံးကိုဖက်ပေးလိုက်တော့ ရိပေါ်ကရှောင်ကျန့်ရင်ဘတ်ထဲ မျက်နှာအပ်ကာ ငိုတော့တယ် ။

''ပါး ပါး တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ ''

''ရိပေါ် ပါးက အဆင်ပြေသွားမှာပါ စိတ်အေးအေးထားနော် ''
ရှောင်ကျန့်လဲရိပေါ်ကို နှစ်သိမ့်ပေးနေပေမယ့် အခုခံစားနေရတဲ့ ခံစားချက်ကို သူကောင်းကောင်းကြီးသိတာပေါ့ သူ့ပါးဆုံးတုန်းကလဲ ကမ္ဘာပျက်မတက်ဘဲ ရိပေါ်ဆိုပိုဆိုးမှာ ငယ်ငယ်တည်းက အမေနဲ့အတူမနေခဲ့ရတဲ့အပြင် တစ်ဦးတည်းသော မိသားစုပါးက အခုလိုဖြစ်မှတော့ ကမ္ဘာမပျက်ဘဲနေပါ့ မလား ။ ရှောင်ကျန့်ရဲ့ရင်ခွင်ထဲမှာ ငိုကျွေးနေတဲ့ရိပေါ်ကို သူနှစ်သိမ့်ပေးရုံ အပြင်မတက်နိုင်ခဲ့...

ခွဲစိတ်ခန်းထဲကဆရာ၀န်ကြီးတွေ ထွက်လာတာမြင်တော့ ရိပေါ်အပြေးထသွားလိုက်သည် ။

''ဆရာ ပါး ပါး ကဘာဖြစ်တာလဲ ''

''အခု ကင်ဆာ ဆဲလ်တွေကအခြားကိုယ်တွင်း အစိတ်အပိုင်းတွေပါ ပျံသွားပြီ မို့ဘာမှလုပ်လို့မရတော့ဘူး စိတ်ကိုပြင်ဆင်ထားရင်ကောင်းမယ် ''

ထိုစကားကိုကြားပြီး ရိပေါ် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်မိသည် ပါးပြင်ပေါ်ကမျက်ရည်များလဲ ဖြတ်စီးလို့ ရှောင်ကျန့်ကတော့ရိပေါ်ရဲ့ ပခုံးနှစ်ဖက်ကိုအနောက်ကနေ ကိုင်ထားပေးပြီး  နှစ်သိမ့်ပေးနေရှာသည် ။

ရှောင်ကျန့်က reception counter မှာ ဆေးစာရွက်တွေသွားထုတ်တော့ ရိပေါ်ကပါးရဲ့ လူနာကုတင်ဘေးနားမှာမတ်တပ်ရပ်ပြီး ပါးကိုကြည့်နေသည် ။

''တစ်သက်လုံးအတွက် လျစ်လျူရူလာခဲ့ပြီးမှ အခုလိုထွက်သွားလို့ရမယ်တဲ့လား မရဘူးနော် ကျွန်တော် တို့ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ အသက် အရှည်ကြီးနေပြီးကြည့်ဦး အဲ့ဒါကြောင့် အဲ့ဒါကြောင့် ကျန့်နဲ့ပေးစားပြီး အမွေကိစ္စတွေအကုန်လုပ်ပြီး ထွက်သွားတော့မို့ပေါ့ မရဘူး ကျွန်တော့်အပေါ် အဖေတစ်ယောက်တာ၀န်မကျေသေးဘူး ကျွန်တော့်ကို ဂရုစိုက်မှုတွေ နားလည်မှုတွေ မပေးသေးဘဲ ထွက်မသွားရဘူး''

ရိပေါ်ကပါးကို စကားတွေပြောရင်း မျက်ရည်ကျလာသည် ရှောင်ကျန့်လဲ အခန်းတံခါးနား ရောက်ခါနီးမှ ရိပေါ်ရဲ့စကားသံကြောင့် အခန်းပြင်ကခုံမှာပဲ ထိုင်နေလိုက်သည် ရိပေါ်လိုအဖေတစ်ခုသားတစ်ခုပဲ ကျန်တော့တဲ့မိသားစု မှာ သူအရမ်းခံစားနေရမှာပဲအခုချိန်ပေးငို ထားသင့်တယ်မလား .......

''ရိပေါ် တစ်ရေးလောက်ဖြစ်ဖြစ်အိပ်လိုက်ပါလား ညတည်းကမအိပ်ရသေးဘူးမလား ကျန့်ဆက်စောင့်လိုက်မယ် ''

''ဟင့်အင်း ပါး သတိရတဲ့အခါ ကျိန်းသေပြောစရာရှိတယ် ကိုယ်မအိပ်ဘူးကျန့်အိပ်ချင် အိပ်လိုက်ပါ ''
ရှောင်ကျန့်လဲ ရိပေါ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေရသည် ညကတည်းကပါးဘေးမှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာ

''အင်း... ''

"ပါး သတိရပြီလား ''

''ကျန့်ဆရာ၀န် သွားခေါ်လိုက်မယ် ''
ရှောင်ကျန့်အခန်းပြင်ကို ပြေးထွက်သွားပြီး ဆရာ၀န်သွားခေါ်လိုက်သည် ။

ပါးကရိပေါ်ကိုတစ်ခုခု ပြောချင်နေတာမို့ ရိပေါ်ကပါးကို ထိုင်လို့ရအောင်ထူပေးလိုက်သည် ။

''သား... ပါးပြောတာနားထောင် ပါးမရှိတော့ရင် အားကျန့်လေးကို သေချာဂရုစိုက် အဟွတ် အဟွတ် '' ပါးကရိပေါ်ကိုတခွန်းချင်း အားတင်းကာပြောနေရသည် ပြောနေရင်းချောင်းဆိုးတော့ သွေးတွေပါ ပါလာတာမို့ ရိပေါ် မျက်ရည်အဝဲသားနဲ့ ကြည့်နေရသည် ။

''အဟွတ် ပါးပြောသလိုလုပ်ပါ ပါး သားဘေးမှာမရှိနိုင်တာတွေတောင်းပန်တယ် ပြီးတော့ပါးကြောင့်ကျန့်လေးကို မမုန်းပါနဲ့ အားလုံးက ပါးအပြစ်တွေပါပဲ ပါးကိုခွင့်လွှတ်ပါ ''
ပါးကရိပေါ် ရဲ့ပါးကို ကိုင်စကားပြောနေတာမို့ ရိပေါ် မျက်ရည်မကျအောင် ထိန်းချုပ်နိုင်စွမ်းလဲ မရှိတော့ဘူး

ဆရာ၀န်တွေ၀င်လာတာမို့ ရိပေါ်လဲ ဘေးဖယ်ပေးလိုက်တယ် မျက်ရည်တွေလဲ အဆက်မပြတ်ကျနေတာလဲ သတိမရတော့ဘူး ရှောင်ကျန့်ကရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်ပေးလိုက်တော့ သူ့လက်ကို ခပ်တင်တင်းပြန်ဆုပ်ကိုင်လာသည် ။

''သူဌေး၀မ် သတိထားဦး သတိကိုလုံး၀မလွှတ်ချနဲ့နော် ''

'' ဆရာ သွေးပေါင်ထိုးကျသွားပြီ ''

''သွေးကြောထဲကို ဆေးသွင်းလိုက် သူဌေး၀မ်လုံး၀ သတိ လွတ်လို့မရဘူးနော် ''

တီ ~တီ ~ တီ ~ တီ~

''ဆရာ သွေးပေါင်ကတက်မလာတော့ဘူး ''

တီ~ တီ~ တီ~ တီ

နှလုံးခုန်နှုန်းတိုင်းတဲ့ စက်မှာသွေးခုန်နှုန်း လှိုင်းလေးက တန်းလို့

'' မဟုတ်ဘူး ပါး ပါး မသေဘူး ပါး ..''

ရိပေါ်ကပါးကိုအတင်းလှုပ်ပြီး နှိုးနေတာမို့ ရှောင်ကျန့်ကအနောက်ကနေထိန်းထားရသည် ။

''လူနာ၀မ်ဖေးချန် သေဆုံးချိန်မနက် 8 နာရီ  ''

''မဟုတ်ဘူး ပါးကမသေသေးဘူး မဟုတ်ဘူးလို့ '' ရိပေါ်ကအော်ကာငိုနေတော့သည် သူ့ရဲ့မိသားစုဆိုတာ ဘယ်သူမှ မကျန်တော့ဘူး ရှောင်ကျန့်ကလဲကြမ်းပြင်မှာ ဒူးထောက်ရက်ငိုနေတဲ့ ရိပေါ်ကို ဖက်ထားနှစ်သိမ့်ပေးလိုက်သည် ။

ကိုယ်အလေးမထားခဲ့တဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးအရာ ဆုံးရူံးသွားရတဲ့အခါ ဆုံးရူံးမှုက အခြားအရာတွေထက် အလျော်အစားပိုကြီးနေတက်တယ် နောက်ထပ်ဆုံးရူံးမှုတွေမရှိရအောင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ကာကွယ်ဖို့လိုတယ်.....

edaz
4:49 a.m.
_____________<<<<<<<<<<__________

Continue Reading

You'll Also Like

335K 18.3K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
142K 9.5K 23
မိသားစုနှစ်စုလုံးကဘိုးဘေးစဉ်ဆက်ခင်မင်လာမှုကြောင့် မိခင်၀မ်းဗိုက်မှာသန္ဓေတည်ခဲ့တဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတဲ့ကောင်လေးနှစ်ယာက်ရဲ့ မတည့်အတူနေဘ၀ကနေ တဖြည်...
488K 30.8K 40
ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ေ...
404K 26.4K 34
#zawgyi ညီမရဲ့ဒုတိယမြောက်fic‌လေးကိုအား‌ပေးကြပါဦး‌နော်၊😘 Top 1 ဆိုတဲ့အဖွဲ့နဲ့ king ဆိုတဲ့အဖွဲ့ နှစ်ဖွဲ့ ရှိတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ yibo...