သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း

1.6K 378 2
By MayKingMK119

Chapter (27) – ပစၥည္းအသစ္ ရရွိျခင္း

Chen Ge က ဒီအခန္းေတြနဲ႔ အကြ်မ္းတဝင္ရွိေအာင္ အခန္းေတြကို ေလွ်ာက္ၾကည့္လိုက္သည္။ ဒီမွာရႉရသည့္ ေလထုကေတာင္ စိတ္လႈပ္ရွားၿပီး နာက်င္စရာေကာင္းေနသည္။ အခန္းေတြထဲမွာ ေထာင္ေခ်ာက္ေတြရွိၿပီး တစ္ခန္းနဲ႔တစ္ခန္း လွ်ိဳ႕ဝွက္လမ္းနဲ႔ ဆက္သြယ္ထားသည္။ ဒါ့အျပင္ ဖံုးကြယ္ထားသည့္ ရတနာမ်ားလည္း ရွိေသးသည္။ ဒီအခန္းေတြက တကယ္လိုမ်ိဳး ခံစားရေစၿပီး အခန္းထဲကလြတ္ေအာင္ ႀကိဳးစားရသည့္ အကြက္မ်ားအတြက္ အေကာင္းဆံုးျဖစ္သည္။ မၾကာခင္ ဧည့္သည္ေတြနဲ႔စမ္းၾကည့္ဖို႔ ရည္ရြယ္ထားသည္။

အခန္းထဲမွာ မတ္တပ္ရပ္ေနရင္း မေန႔ညက အေတြ႕အၾကံဳေတြက ေခါင္းထဲမွာ ျပန္ေပၚလာခဲ့သည္။ သူက တကယ့္အေတြ႕အၾကံဳကို အမ်ားဆံုး ပိုင္ဆိုင္ထားၿပီးျဖစ္သည္။ အခ်ိန္မရွိလို႔ Chen Ge က အၾကမ္းဖ်င္းပတ္ၾကည့္ၿပီး ေအာက္ထပ္ ဧည့္သည္ေတြေစာင့္ေနသည့္ေနရာကို ဆင္းလာခဲ့သည္။ သူ သရဲအိမ္ဂိတ္ဝမေရာက္ခင္ Xiao Wan ရဲ႕အသံကို ၾကားလိုက္ရသည္။

“ေက်းဇူးျပဳၿပီး ခဏသည္းခံေပးၾကပါ.. ေဘာ့စ္က ေသခ်ာေပါက္ လာမွာပါ.. ဒီအခ်ိန္အတြင္း ပန္းျခံထဲက တျခားေနရာေတြကို သြားၾကည့္ထားၾကပါလားရွင္..”

“ဂါး.. မင္းေဘာ့စ္က သရဲအိမ္ထဲမွာ တကယ္ေရာရွိလို႔လား.. မေန႔ညက ငါတို႔ livestream ကိုၾကည့္ေနတာ လူဆယ္ေယာက္ေက်ာ္ေလာက္ ေတာထဲမွာ သူ႔ကို လိုက္ဖမ္းေနၾကတယ္.. သူက ဒီအၾကပ္အတည္းထဲကေန တကယ္လြတ္လာႏိုင္လို႔လား..”

“မင္း ေနာက္ေနတာလား.. ငါလည္း မေန႔ညက တစ္ညလံုး ၾကည့္ေနတာပါကြ.. သူက တိုက္ခန္းႀကီးထဲမွာ အရူးတစ္သိုက္ၾကား ပိတ္မိေနတာ ဘယ္လိုမွ မလြတ္ႏိုင္ဘူးေနာ္..”

“မင္းတို႔ live လႊင့္တာၾကည့္ေနတာ ဟုတ္လို႔လား.. မေန႔ညက screen က ေမွာင္မည္းေနတာ.. မင္းတို႔ေကာင္ေတြ ဒီအခ်က္အလက္ေတြ ဘယ္ကေနရလာတာတုန္း..”

“ဘာျဖစ္ျဖစ္ သူဒီမွာ ရွိသလားဆိုတာပဲ ငါတို႔သိခ်င္တယ္.. သူမရွင္ႏိုင္ရင္ေတာင္ သူ႔အေလာင္းေတာ့ က်န္မွာပဲ..”

လူအုပ္ႀကီးရဲ႕ ဆူညံသံေၾကာင့္ မန္ေနဂ်ာဦးေလး Xu က စိတ္ဝင္စားၿပီးေရာက္လာေတာ့ လူအုပ္ႀကီးကိုၾကည့္ၿပီး စိတ္ပူသလို ဂုဏ္လည္းယူမိသည္။

သရဲအိမ္က ဖ်က္သိမ္းရေတာ့မယ္ ထင္ထားေပမယ့္ ရုတ္တရက္ လူေတြကို ဆြဲေဆာင္လာႏိုင္ၿပီး မနက္ေစာေစာ လူတန္းႀကီးလာေစာင့္တဲ့အထိ ျဖစ္လာသည္။ ဒါက ပံုမွန္ဆို သတင္းေကာင္းေပမယ့္ ဧည့္သည္ေတြေျပာတာကိုၾကားၿပီး စိတ္ပူလာခဲ့သည္။ သူ႔အေနနဲ႔ Xiao Chen ကိုေတြ႕ရင္ ေသခ်ာေျပာရဦးမည္။ သူအလုပ္ႀကိဳးစားတာ သိေပမယ့္ မေကာင္းတဲ့လမ္းေၾကာင္းေပၚ မေရာက္ေအာင္ တားမွျဖစ္မည္။

ဂိတ္တံခါးပြင့္သြားၿပီး Chen Ge က အျပင္ကိုထြက္လာကာ ႏႈတ္ဆက္လိုက္သည္။

“အားလံုး ေစာင့္ရတဲ့အတြက္ ေတာင္းပန္ပါတယ္.. လက္မွတ္တစ္ေစာင္ ယြမ္ ၂၀ ပါ.. ကေလးေတြ ဝင္ခြင့္မျပဳပါဘူး..”

လူအုပ္ႀကီးက Chen Ge ဆီဝန္းရံၿပီး ေမးခြန္းေတြေမးၾကသျဖင့္ ၅မိနစ္ေလာက္ေျဖေပးၿပီးေတာ့မွ လူေတြက တန္းစီၿပီး လက္မွတ္ဝယ္ကာ သရဲအိမ္ထဲ ဝင္သြားၾကသည္။ ၿပီးခဲ့သည့္ အေတြ႕အၾကံဳေၾကာင့္ Black Friday တီးလံုးကို မဖြင့္ရဲေတာ့ဘဲ ဧည့္သည္ေတြကို ဒီအတိုင္း သရဲအိမ္ထဲမွာ က်ပန္း ဝင္ေရာက္ေလ့လာကာ ကစားေစသည္။

Chen Ge က Xiao Wan ကို မိတ္ကပ္ကူလိမ္းေပးၿပီး သူလက္မွတ္ေရာင္းစဥ္ Xiao Wan က ဝိညာဥ္သတို႔သမီး အခန္းမွာေနၿပီး ဧည့္သည္ေတြကို ေျခာက္လွန္႔ေနသည္။ ဧည့္သည္အေရအတြက္က တျဖည္းျဖည္းတက္လာၿပီး သရဲအိမ္က နာမည္ပိုႀကီးလာသည္။ ဒီႏႈန္းအတိုင္းဆိုရင္ မၾကာခင္ သတ္မွတ္ထားသည့္စံခ်ိန္ကို ေရာက္ေလာက္သည္။

Chen Ge က ဖုန္းအနက္ကိုထုတ္ၿပီး ဧည့္သည္အေရအတြက္ကိုစစ္ရင္း daily mission ဘာရွိသလဲ ၾကည့္လိုက္သည္။

Easy mission - ဧည့္သည္မ်ား၏ ေၾကာက္ရြံ႕မႈအေျခအေနကို ေစာင့္ၾကည့္ဖို႔ ကင္မရာထပ္တပ္ရန္။

Normal mission - အေကာင္းဆံုးေျခာက္လွန္႔ျခင္းက အံ့အားသင့္ေအာင္ လုပ္ျခင္းျဖစ္သည္။ ဒီအခန္းနဲ႔ကိုက္ညီဖို႔ သူတို႔မေမွ်ာ္လင့္ထားသည့္ ေျခာက္လွန္႔စရာအကြက္ကို စဥ္းစားပါ။

Nightmare mission - ေရခ်ိဳးခန္းထဲမွာ ညသန္းေခါင္ယံေရာက္တိုင္း ထူးဆန္းသည့္အသံ ထြက္ေနသည္။ ဘာေၾကာင့္လဲဆိုတာ သိခ်င္ရင္ ငါ့ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ပါ။

ဒီမစ္ရွင္၃ခုကိုၾကည့္ၿပီး Nightmare mission ကို ပယ္လိုက္သည္။ သူအိပ္ေရးပ်က္တာ ၂ညဆက္တိုက္ရွိေနလို႔ ဒီညေတာ့ အိပ္ေရးဝဝအိပ္မွျဖစ္မည္။ ၿပီးေတာ့ ဒီခက္ခဲတဲ့မစ္ရွင္က အသက္နဲ႔ရင္းၿပီးလုပ္ရလို႔ စြန္႔စားမႈမ်ားသည္။ လြယ္ကူသည့္မစ္ရွင္က ကင္မရာတပ္ဖို႔ျဖစ္ၿပီး ေလာေလာဆယ္ ပိုက္ဆံမရွိေသးေပ။ Wang Qi ကိုဖမ္းေပးလို႔ ဆုေငြမရမခ်င္း ဒီမစ္ရွင္ လုပ္လို႔မရေသးေပ။

သူ႔အတြက္ ပံုမွန္မစ္ရွင္ပဲ က်န္ေတာ့သည္။ ၿပီးေတာ့ သူ႔သရဲအိမ္ထဲက ေျခာက္လွန္႔သည့္အခန္းအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ စဥ္းစားၾကည့္တာက လက္ေတြ႕လည္း အသံုးဝင္သည္။

Normal mission ကို လက္ခံၿပီးေနာက္ Chen Ge က Xiao Wan နဲ႔ ဆက္သြယ္စကားေျပာရင္း ဝင္ေပါက္တံခါးကို မွီၿပီးရပ္ေနသည္။ ေန႔လည္ခင္း ဧည့္သည္ပါးသြားေတာ့မွ Xiao Wan ကို ေန႔လည္စာစားဖို႔ လႊတ္လိုက္ၿပီး သူတစ္ေယာက္တည္း ဝိညာဥ္သတို႔သမီးအခန္းထဲ တစ္ေယာက္တည္းေနၿပီး အခန္းအျပင္အဆင္ကို လွည့္ပတ္ၾကည့္ရင္း ဧည့္သည္ေတြ ပိုလန္႔မယ့္အကြက္ကို စဥ္းစားေနသည္။

ပံုမွန္ဆိုရင္ သရဲအိမ္ထဲဝင္လာရင္ ဧည့္သည္ေတြက စိတ္ကို ျပင္ဆင္ထားၿပီးသားျဖစ္လို႔ အလြယ္တကူ ေျခာက္လို႔မရေပ။ ဒါေၾကာင့္ သူတို႔အာရံုကို တစ္ခုခုမွာေရာက္ေအာင္ အရင္ဆြဲေဆာင္ၿပီး သူတို႔မထင္ထားတဲ့ေနရာက ေျခာက္လိုက္ရင္ တကယ္ကို လန္႔သြားလိမ့္မည္။

Normal mission က Chen Ge ထင္ထားတာထက္ ပိုလြယ္ကူသည္။ တစ္နာရီေလာက္ၾကာေတာ့ ဖုန္းအနက္က စာပို႔လာၿပီး မစ္ရွင္ၿပီးဆံုးေၾကာင္း ေျပာလာသည္။

>>ဂုဏ္ယူပါတယ္။ သင့္ရဲ႕မစ္ရွင္ ၿပီးဆံုးပါၿပီ။ လူကိုေျခာက္လွန္႔ဖို႔ အေကာင္းဆံုးနည္းကေတာ့ မေမွ်ာ္လင့္ထားတဲ့ အံ့အားသင့္မႈပဲျဖစ္ပါတယ္။ ဆုလာဘ္အတြက္ - ေဒါက္တာအရိုးေခါင္း၏ ေဆးရံုဝတ္စံု<<

>>ေဒါက္တာအရိုးေခါင္းသည္ စိတၱဇေဆးရံုတြင္ ႏွစ္ေပါင္း 20 တိတိ အလုပ္လုပ္ခဲ့ၿပီး စိတၱဇလူနာမ်ားႏွင့္ အျမဲထိေတြ႕ေနရသျဖင့္ ဘဝႏွင့္ပတ္သက္သည့္ သူ၏ခံယူခ်က္မ်ား ၿပိဳလဲသြားရသည္။ သူက ရူးသြပ္ျခင္းဆိုတာ ဦးေႏွာက္ထဲကို စိမ့္ဝင္သြားျခင္းဟု ယူဆၿပီး လူနာေတြကို ကုသဖို႔နည္းလမ္းက ဦးေခါင္းခြံကိုဖြင့္ၿပီး လူနာမ်ား၏ဦးေႏွာက္ထဲမွ ရူးသြပ္ျခင္းျဖစ္ေစသည့္အပိုင္းကို ဖယ္ရွားသင့္သည္ဟု ယူဆခဲ့သည္။ သူ၏လုပ္ေဆာင္ခ်က္တိုင္းက လူနာမ်ားကို ကယ္တင္ရန္ျဖစ္သည္ဟု ေျပာဆိုခဲ့သည္။<<

Black Friday ၿပီးေနာက္ သူရလိုက္သည့္ ေနာက္ထပ္ဆုလာဘ္တစ္ခုျဖစ္သည္။ ဖုန္းအနက္ထဲက ေျပာၾကားခ်က္အရ ပစၥည္းထားသည့္အခန္းထဲ ထိုေဆးရံုဝတ္စံု ရွိသည္ဟုဆိုသည္။ ခုက သန္းေခါင္ယံည လူသတ္သမားအခန္းကို အသံုးျပဳေတာ့မွာဆိုေတာ့ ကြက္တိျဖစ္ေနသည္။

အေတြးအျမင္တခ်ိဳ႕ ေခါင္းထဲေပၚလာလို႔ Chen Ge က စာရြက္ႏွင့္ခ်ေရးကာ မွတ္ထားလိုက္သည္။ ထိုစဥ္ ဖုန္းျမည္လာၿပီး He San ဆီကမွန္းသိလို႔ ဖုန္းကိုင္လိုက္သည္။

“ဘာလဲ He San..”

“ကြ်န္ေတာ္ အရင္ကေျပာခဲ့တာ မွတ္မိလား.. သရဲအိမ္ထဲက ငိုသြားရတဲ့ Gao Ru Xue အတြက္ ကလဲ့စားေခ်ဖို႔ အတန္းႀကီးအုပ္စုက အခု သရဲအိမ္ကိုလာေနၿပီ.. ခင္ဗ်ား ျပင္ဆင္ထားေပေတာ့..”

He San က သူမ်ားၾကားမွာစိုးလို႔ တိုးတိုးေျပာလိုက္သည္။

💖💖💖💖💖💖💖💖

Chapter (27) – ပစ္စည်းအသစ် ရရှိခြင်း

Chen Ge က ဒီအခန်းတွေနဲ့ အကျွမ်းတဝင်ရှိအောင် အခန်းတွေကို လျှောက်ကြည့်လိုက်သည်။ ဒီမှာရှူရသည့် လေထုကတောင် စိတ်လှုပ်ရှားပြီး နာကျင်စရာကောင်းနေသည်။ အခန်းတွေထဲမှာ ထောင်ချောက်တွေရှိပြီး တစ်ခန်းနဲ့တစ်ခန်း လျှို့ဝှက်လမ်းနဲ့ ဆက်သွယ်ထားသည်။ ဒါ့အပြင် ဖုံးကွယ်ထားသည့် ရတနာများလည်း ရှိသေးသည်။ ဒီအခန်းတွေက တကယ်လိုမျိုး ခံစားရစေပြီး အခန်းထဲကလွတ်အောင် ကြိုးစားရသည့် အကွက်များအတွက် အကောင်းဆုံးဖြစ်သည်။ မကြာခင် ဧည့်သည်တွေနဲ့စမ်းကြည့်ဖို့ ရည်ရွယ်ထားသည်။

အခန်းထဲမှာ မတ်တပ်ရပ်နေရင်း မနေ့ညက အတွေ့အကြုံတွေက ခေါင်းထဲမှာ ပြန်ပေါ်လာခဲ့သည်။ သူက တကယ့်အတွေ့အကြုံကို အများဆုံး ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အချိန်မရှိလို့ Chen Ge က အကြမ်းဖျင်းပတ်ကြည့်ပြီး အောက်ထပ် ဧည့်သည်တွေစောင့်နေသည့်နေရာကို ဆင်းလာခဲ့သည်။ သူ သရဲအိမ်ဂိတ်ဝမရောက်ခင် Xiao Wan ရဲ့အသံကို ကြားလိုက်ရသည်။

“ကျေးဇူးပြုပြီး ခဏသည်းခံပေးကြပါ.. ဘော့စ်က သေချာပေါက် လာမှာပါ.. ဒီအချိန်အတွင်း ပန်းခြံထဲက တခြားနေရာတွေကို သွားကြည့်ထားကြပါလားရှင်..”

“ဂါး.. မင်းဘော့စ်က သရဲအိမ်ထဲမှာ တကယ်ရောရှိလို့လား.. မနေ့ညက ငါတို့ livestream ကိုကြည့်နေတာ လူဆယ်ယောက်ကျော်လောက် တောထဲမှာ သူ့ကို လိုက်ဖမ်းနေကြတယ်.. သူက ဒီအကြပ်အတည်းထဲကနေ တကယ်လွတ်လာနိုင်လို့လား..”

“မင်း နောက်နေတာလား.. ငါလည်း မနေ့ညက တစ်ညလုံး ကြည့်နေတာပါကွ.. သူက တိုက်ခန်းကြီးထဲမှာ အရူးတစ်သိုက်ကြား ပိတ်မိနေတာ ဘယ်လိုမှ မလွတ်နိုင်ဘူးနော်..”

“မင်းတို့ live လွှင့်တာကြည့်နေတာ ဟုတ်လို့လား.. မနေ့ညက screen က မှောင်မည်းနေတာ.. မင်းတို့ကောင်တွေ ဒီအချက်အလက်တွေ ဘယ်ကနေရလာတာတုန်း..”

“ဘာဖြစ်ဖြစ် သူဒီမှာ ရှိသလားဆိုတာပဲ ငါတို့သိချင်တယ်.. သူမရှင်နိုင်ရင်တောင် သူ့အလောင်းတော့ ကျန်မှာပဲ..”

လူအုပ်ကြီးရဲ့ ဆူညံသံကြောင့် မန်နေဂျာဦးလေး Xu က စိတ်ဝင်စားပြီးရောက်လာတော့ လူအုပ်ကြီးကိုကြည့်ပြီး စိတ်ပူသလို ဂုဏ်လည်းယူမိသည်။

သရဲအိမ်က ဖျက်သိမ်းရတော့မယ် ထင်ထားပေမယ့် ရုတ်တရက် လူတွေကို ဆွဲဆောင်လာနိုင်ပြီး မနက်စောစော လူတန်းကြီးလာစောင့်တဲ့အထိ ဖြစ်လာသည်။ ဒါက ပုံမှန်ဆို သတင်းကောင်းပေမယ့် ဧည့်သည်တွေပြောတာကိုကြားပြီး စိတ်ပူလာခဲ့သည်။ သူ့အနေနဲ့ Xiao Chen ကိုတွေ့ရင် သေချာပြောရဦးမည်။ သူအလုပ်ကြိုးစားတာ သိပေမယ့် မကောင်းတဲ့လမ်းကြောင်းပေါ် မရောက်အောင် တားမှဖြစ်မည်။

ဂိတ်တံခါးပွင့်သွားပြီး Chen Ge က အပြင်ကိုထွက်လာကာ နှုတ်ဆက်လိုက်သည်။

“အားလုံး စောင့်ရတဲ့အတွက် တောင်းပန်ပါတယ်.. လက်မှတ်တစ်စောင် ယွမ် ၂၀ ပါ.. ကလေးတွေ ဝင်ခွင့်မပြုပါဘူး..”

လူအုပ်ကြီးက Chen Ge ဆီဝန်းရံပြီး မေးခွန်းတွေမေးကြသဖြင့် ၅မိနစ်လောက်ဖြေပေးပြီးတော့မှ လူတွေက တန်းစီပြီး လက်မှတ်ဝယ်ကာ သရဲအိမ်ထဲ ဝင်သွားကြသည်။ ပြီးခဲ့သည့် အတွေ့အကြုံကြောင့် Black Friday တီးလုံးကို မဖွင့်ရဲတော့ဘဲ ဧည့်သည်တွေကို ဒီအတိုင်း သရဲအိမ်ထဲမှာ ကျပန်း ဝင်ရောက်လေ့လာကာ ကစားစေသည်။

Chen Ge က Xiao Wan ကို မိတ်ကပ်ကူလိမ်းပေးပြီး သူလက်မှတ်ရောင်းစဉ် Xiao Wan က ဝိညာဉ်သတို့သမီး အခန်းမှာနေပြီး ဧည့်သည်တွေကို ခြောက်လှန့်နေသည်။ ဧည့်သည်အရေအတွက်က တဖြည်းဖြည်းတက်လာပြီး သရဲအိမ်က နာမည်ပိုကြီးလာသည်။ ဒီနှုန်းအတိုင်းဆိုရင် မကြာခင် သတ်မှတ်ထားသည့်စံချိန်ကို ရောက်လောက်သည်။

Chen Ge က ဖုန်းအနက်ကိုထုတ်ပြီး ဧည့်သည်အရေအတွက်ကိုစစ်ရင်း daily mission ဘာရှိသလဲ ကြည့်လိုက်သည်။

Easy mission - ဧည့်သည်များ၏ ကြောက်ရွံ့မှုအခြေအနေကို စောင့်ကြည့်ဖို့ ကင်မရာထပ်တပ်ရန်။

Normal mission - အကောင်းဆုံးခြောက်လှန့်ခြင်းက အံ့အားသင့်အောင် လုပ်ခြင်းဖြစ်သည်။ ဒီအခန်းနဲ့ကိုက်ညီဖို့ သူတို့မမျှော်လင့်ထားသည့် ခြောက်လှန့်စရာအကွက်ကို စဉ်းစားပါ။

Nightmare mission - ရေချိုးခန်းထဲမှာ ညသန်းခေါင်ယံရောက်တိုင်း ထူးဆန်းသည့်အသံ ထွက်နေသည်။ ဘာကြောင့်လဲဆိုတာ သိချင်ရင် ငါ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။

ဒီမစ်ရှင်၃ခုကိုကြည့်ပြီး Nightmare mission ကို ပယ်လိုက်သည်။ သူအိပ်ရေးပျက်တာ ၂ညဆက်တိုက်ရှိနေလို့ ဒီညတော့ အိပ်ရေးဝဝအိပ်မှဖြစ်မည်။ ပြီးတော့ ဒီခက်ခဲတဲ့မစ်ရှင်က အသက်နဲ့ရင်းပြီးလုပ်ရလို့ စွန့်စားမှုများသည်။ လွယ်ကူသည့်မစ်ရှင်က ကင်မရာတပ်ဖို့ဖြစ်ပြီး လောလောဆယ် ပိုက်ဆံမရှိသေးပေ။ Wang Qi ကိုဖမ်းပေးလို့ ဆုငွေမရမချင်း ဒီမစ်ရှင် လုပ်လို့မရသေးပေ။

သူ့အတွက် ပုံမှန်မစ်ရှင်ပဲ ကျန်တော့သည်။ ပြီးတော့ သူ့သရဲအိမ်ထဲက ခြောက်လှန့်သည့်အခန်းအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားကြည့်တာက လက်တွေ့လည်း အသုံးဝင်သည်။

Normal mission ကို လက်ခံပြီးနောက် Chen Ge က Xiao Wan နဲ့ ဆက်သွယ်စကားပြောရင်း ဝင်ပေါက်တံခါးကို မှီပြီးရပ်နေသည်။ နေ့လည်ခင်း ဧည့်သည်ပါးသွားတော့မှ Xiao Wan ကို နေ့လည်စာစားဖို့ လွှတ်လိုက်ပြီး သူတစ်ယောက်တည်း ဝိညာဉ်သတို့သမီးအခန်းထဲ တစ်ယောက်တည်းနေပြီး အခန်းအပြင်အဆင်ကို လှည့်ပတ်ကြည့်ရင်း ဧည့်သည်တွေ ပိုလန့်မယ့်အကွက်ကို စဉ်းစားနေသည်။

ပုံမှန်ဆိုရင် သရဲအိမ်ထဲဝင်လာရင် ဧည့်သည်တွေက စိတ်ကို ပြင်ဆင်ထားပြီးသားဖြစ်လို့ အလွယ်တကူ ခြောက်လို့မရပေ။ ဒါကြောင့် သူတို့အာရုံကို တစ်ခုခုမှာရောက်အောင် အရင်ဆွဲဆောင်ပြီး သူတို့မထင်ထားတဲ့နေရာက ခြောက်လိုက်ရင် တကယ်ကို လန့်သွားလိမ့်မည်။

Normal mission က Chen Ge ထင်ထားတာထက် ပိုလွယ်ကူသည်။ တစ်နာရီလောက်ကြာတော့ ဖုန်းအနက်က စာပို့လာပြီး မစ်ရှင်ပြီးဆုံးကြောင်း ပြောလာသည်။

>>ဂုဏ်ယူပါတယ်။ သင့်ရဲ့မစ်ရှင် ပြီးဆုံးပါပြီ။ လူကိုခြောက်လှန့်ဖို့ အကောင်းဆုံးနည်းကတော့ မမျှော်လင့်ထားတဲ့ အံ့အားသင့်မှုပဲဖြစ်ပါတယ်။ ဆုလာဘ်အတွက် - ဒေါက်တာအရိုးခေါင်း၏ ဆေးရုံဝတ်စုံ<<

>>ဒေါက်တာအရိုးခေါင်းသည် စိတ္တဇဆေးရုံတွင် နှစ်ပေါင်း 20 တိတိ အလုပ်လုပ်ခဲ့ပြီး စိတ္တဇလူနာများနှင့် အမြဲထိတွေ့နေရသဖြင့် ဘဝနှင့်ပတ်သက်သည့် သူ၏ခံယူချက်များ ပြိုလဲသွားရသည်။ သူက ရူးသွပ်ခြင်းဆိုတာ ဦးနှောက်ထဲကို စိမ့်ဝင်သွားခြင်းဟု ယူဆပြီး လူနာတွေကို ကုသဖို့နည်းလမ်းက ဦးခေါင်းခွံကိုဖွင့်ပြီး လူနာများ၏ဦးနှောက်ထဲမှ ရူးသွပ်ခြင်းဖြစ်စေသည့်အပိုင်းကို ဖယ်ရှားသင့်သည်ဟု ယူဆခဲ့သည်။ သူ၏လုပ်ဆောင်ချက်တိုင်းက လူနာများကို ကယ်တင်ရန်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။<<

Black Friday ပြီးနောက် သူရလိုက်သည့် နောက်ထပ်ဆုလာဘ်တစ်ခုဖြစ်သည်။ ဖုန်းအနက်ထဲက ပြောကြားချက်အရ ပစ္စည်းထားသည့်အခန်းထဲ ထိုဆေးရုံဝတ်စုံ ရှိသည်ဟုဆိုသည်။ ခုက သန်းခေါင်ယံည လူသတ်သမားအခန်းကို အသုံးပြုတော့မှာဆိုတော့ ကွက်တိဖြစ်နေသည်။

အတွေးအမြင်တချို့ ခေါင်းထဲပေါ်လာလို့ Chen Ge က စာရွက်နှင့်ချရေးကာ မှတ်ထားလိုက်သည်။ ထိုစဉ် ဖုန်းမြည်လာပြီး He San ဆီကမှန်းသိလို့ ဖုန်းကိုင်လိုက်သည်။

“ဘာလဲ He San..”

“ကျွန်တော် အရင်ကပြောခဲ့တာ မှတ်မိလား.. သရဲအိမ်ထဲက ငိုသွားရတဲ့ Gao Ru Xue အတွက် ကလဲ့စားချေဖို့ အတန်းကြီးအုပ်စုက အခု သရဲအိမ်ကိုလာနေပြီ.. ခင်ဗျား ပြင်ဆင်ထားပေတော့..”

He San က သူများကြားမှာစိုးလို့ တိုးတိုးပြောလိုက်သည်။

💚💚💚💚💚💚💚💚

Continue Reading

You'll Also Like

443K 69.1K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
217K 46K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
22K 1.8K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
412K 36.6K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...