ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

Oleh god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ Lebih Banyak

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၅ ( ၁၃ - ၁၈ )

7.1K 1K 135
Oleh god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  35
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၅၊ အခန္း ၁၃ ။  အသံုးမက်ဘူး

စီရွားသည္ ရီ၀မ္၀မ္ သူမကုိယ္တုိင္ အရာရာကို ကြဲကြဲၿပားၿပားၿမင္လာ သည္အထိ အခ်ိန္အၾကာၾကီး ေဘးကေန ေစာင့္ေနခဲ့ၿခင္းၿဖစ္သည္ ။
သုိ ့ေသာ္ သူ မေမွ်ာ္လင့္ထားမိေလာက္ေအာင္
သူမက လမ္းမွားေပၚ ဇြတ္တုိးသြားေနေခ်သည္ ။

စီရွား သူမအား ခပ္ထန္ထန္သတိေပးလုိက္၏ ။
“ခ်င္းရူရွီရဲ့လူေတြအေၾကာင္းက ထားပါဦး ။ မင္းက စီရိက်ဲ့ရဲ့ေၿခေထာက္ တစ္ဖက္ကုိ ရုိက္ခ်ိဳးထားခဲ့တာ ။ စီမင္းလိက မင္းအသက္ကို လိုခ်င္ေန မွာပဲ။ မင္း ထြက္သြားခ်င္ရင္ေတာင္မွ ထြက္သြားခြင့္ေပးမွာမဟုတ္ဘူး”

ရီ၀မ္၀မ္ စားပြဲေပၚကပစၥညး္တုိ ့အား တစ္ခ်က္ၾကည့္လုိက္သည္ ။
စီရွားသည္ စီရီဟန္ တစ္ခုခုၿဖစ္သြားလ်ွင္ၿဖစ္သြားခ်င္း ဒါေတြကို လာပို ့ေပးၿခင္းၿဖစ္ေလရာ ၾကိဳတင္ၿပင္ဆင္ထားၿခင္းသာ ၿဖစ္ရမည္ ။

အဓိပၸာယ္မွာ သူသည္ ဤအၿခင္းအရာအတြက္ အၿမဲၿပင္ဆင္ထားေနၿခင္းဟုပင္…

သူမလို ေဆးပညာအသိမရွိသည့္ လူတစ္ေယာက္သည္ စီရီဟန္အား ကုသေပးနိုင္လိမ့္မည္ဟု မည္သူကမွ မယံုၾကည္ပါေခ် - စီမင္းလိနွင့္ ဖန္ယီပင္းတုိ ့သည္ ဤယံုၾကည္ခ်က္ကို စြဲကိုင္ထားၾကသလုိ
စီရွားသည္လည္း ထုိ ့အတူပင္ ။

“ေက်းဇူး…တူေလး ။ နင္ ဒီေလာက္ထိ ငါ့အေပၚ ေကာင္းမယ္လုိ ့ မထင္ထားမိခဲ့ဘူး…”

ရီ၀မ္၀မ္သည္ ၿပံဳးၿပလုိက္၏ ။ ထုိ ့ေနာက္
အၿပံဳးသည္ ၿပယ္လြင့္သြားၿပီး ထူးမၿခားနားသည့္အမူအရာကို ေဆာင္လုိက္ကာ ။  “နင္ ဒီလိုလုပ္စရာ မလုိဘူး”

စီရွား ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လုိက္သည္ ။
“ရီ၀မ္၀မ္…မင္း ရူးေနလား”

ရီ၀မ္၀မ္သည္ ဟတ္ခနဲ ရယ္ခ်လာသည္ ။
“ေဒါသမထြက္ပါနဲ ့။ နင္ ေဒါသထြက္ရင္ မလွဘဲ ေနလိမ့္မယ္”

ဤရင္းနွီးက်ြမ္း၀င္ေနသည့္စကားလံုးကို ၾကားလုိက္ရသၿဖင့္…
စီရွား အသိဥာဏ္တုိ ့ ေ၀၀ါးသြားေတာ့၏…

သူမအသံသည္ သူမ၏ေအးေဆးတည္ၿငိမ္ေနၿခင္းေၾကာင့္ ေဒါသထြက္ေနသည့္ စီရွား အား ကေလးတစ္ေယာက္ကို ေခ်ာၿမွဴေနသည့္ဟန္ ၿဖစ္ေနသည္မဟုတ္ပါလား ။

“အဲ့ဒီလူက မင္းရဲ့တည္ရွိမႈကုိ ဖ်က္ပစ္ၿပီး မင္းကုိ အက်ဥ္းခ်ၿပီးေတာ့ သူ ့အနားမွာ ေခၚထားခ်င္ေနတယ္ ဆုိရင္ေတာင္မွ - အဲ့ဒါက သူ မင္းကုိ တကယ္ခ်စ္လုိ ့လုိ့ ထင္ေနတာလား ။ မင္းရဲ့မုိက္ရူးရဲဆန္မႈေၾကာင့္ တေန ့က်ရင္ မင္း ေသရလိမ့္မယ္ကြ”

ရီ၀မ္၀မ္သည္ တခစ္ခစ္ရယ္လာသည္ ။
“အင္း…ေသလုိက္တာက ပုိမေကာင္းဘူးလား ။ အဲ့ဒီလုိ ေလ်ွာက္လုပ္လုိက္တာက ခါးသက္တဲ့အက်ိဳးဆက္ကို ၿဖစ္ေစနုိင္တယ္…”

ဒါေပမယ့္…ငါ့ရဲ့တည္ရွိမႈကို ဖ်က္ပစ္တယ္ဆုိတာက ဘာအဓိပၸာယ္လဲ ။

“မင္း…” စီရွားသည္ စားပြဲအား ဘုန္းခနဲရုိက္ခ်ပစ္သည္ ။

သူတုိ့နွစ္ဦးသား တိတ္က်သြားမိၿပီး ေလထုသည္ ၿပန္လည္ၿငိမ္သက္ သြားသည္ ။

ရုတ္တရက္၊ စီရွားက မတ္တပ္ထရပ္လုိက္ၿပီး
လ်ွပ္စီးကဲ့သုိ ့ၿမန္ဆန္သည့္ အၿမန္ႏႈန္းၿဖင့္ သူမထံ ေၿပး၀င္လာၿပီး တုိက္ခုိက္လာၿပီ…

ရီ၀မ္၀မ္သည္ စိတ္တုိ ့ေထြၿပားေနေသာ္လည္း သူမ၏ခႏၶာကိုယ္သည္ ကေတာ့ အလုိလုိတံု ့ၿပန္လာကာ
သူ ့တုိက္ခုိက္မႈကို ေရွာင္တိမ္းပစ္လုိက္သည္ ။

အခုေနသာ သူ ့ရဲ့ထုိးခ်က္ကို ခံလုိက္ရပါလ်ွင္
သူမ သတိေမ့သြားေပလိမ့္မည္ပင္…

အဓိပၸာယ္မရွိေခ်သည္တကား -
သူသည္ သူမအား သတိေမ့ေအာင္လုပ္ၿပီး အတင္းေခၚထုတ္သြားခ်င္သည္တဲ့လား ။

ရီ၀မ္၀မ္ မတံု ့ၿပန္နုိင္ခင္ စီရွားက ဆက္တုိက္ခုိက္လာသည္ ။ မၾကာခင္ပင္ နွစ္ေယာက္သားသည္ အကြက္တစ္ရာေက်ာ္ေအာင္ ဖလွယ္ၿပီးသြားခဲ့ၿပီး ရီ၀မ္၀မ္ အေတာ္ေလးအံ့ၿသသြားရ၏ - စီရွားသည္ ဒီေလာက္ထိ သိုင္းေတာ္ေနလိမ့္မည္ဟု သူမ မထင္ထားခဲ့မိဖူးေပ…

အဆံုးသတ္တြင္၊ နွစ္ေယာက္စလံုး ရပ္လုိက္ၾကသည္…

စီရွားက အက်ီၤေကာ္လံကို ဆြဲဆန္ ့လုိက္၏ ။
သူမအား ေမွာင္မုိက္စြာ စုိက္ၾကည့္ေနၿပီး၊
ေနာက္ ရႈံ ့ခ်ေၿပာဆုိလာသည္ ။
“ဟားဟား…အကြက္တစ္ရာ ။ အကြက္တစ္ရာရွိတာေတာင္ မင္း ငါ့ကို ထိေအာင္မတုိက္နုိင္ဘူး - အသံုးမက်ဘူး”

ထုိ ့ေနာက္ စီရွားသည္ စားပြဲေပၚက ပစၥညး္တုိ ့ကို သူမလက္ထဲ အတင္းထုိးထည့္ေပးလုိက္ၿပီး ေၿပးထြက္သြားသည္ ။
“မင္း ေသေသခ်ာခ်ာ စဥ္းစားထားတာ ပုိေကာင္းမယ္”

ရီ၀မ္၀မ္သည္ သူမလက္ထဲက ပစၥည္းတုိ ့ကို ၾကည့္လုိက္၊ ထြက္သြားသည့္ စီရွားအား ၾကည့္လုိက္ၿဖင့္ ။ အလြန္အမင္းကို စိတ္ရႈပ္ေထြးေနသည္ ။

စီရွားသည္ အလြန္ပင္ သုိင္းေတာ္ေခ်သည္ ။ သူမအေနၿဖင့္ သူ ့ဆီက သုိင္းကြက္ ၁၀၀ ကို ေတာင့္ခံနုိင္ေလရာ ဤသည္မွာ အလြန္ေတာ္ေနၿပီဟု ယူဆ၍ရနုိင္ေနၿပီ မဟုတ္ပါလား…

စီ မိသားစု၏အနက္ေရာင္အဖြဲ ့ကိုယ္ရံေတာ္အားလံုး သည္ပင္လ်ွင္ သူမ၏အစြမး္အစကို သိသြားၾကၿပီး သည့္ေနာက္ ပါးစပ္အေဟာင္းသား ၿဖစ္ကုန္ခဲ့ၾကသည္၊
သုိ ့ေသာ္ စီရွားကေတာ့ သူမအား အသံုးမက်ဘူးဟု ေၿပာေနေလသည္ ။

ဒီကေလးရဲ့ခံယူထားမႈက ဘယ္လုိၾကီးလဲ ။

ညဥ့္သည္ နက္ရိႈင္းလာေခ်ၿပီ ။
ရီ၀မ္၀မ္ က်င္း ဥယ်ာဥ္သုိ ့ ၿပန္သြားလုိက္သည္ ။

ၾကီးမားလွသည့္ဥယ်ာဥ္ၾကီးထဲတြင္ အသံတစ္သံပင္ မရွိ ။ တိတ္ဆိတ္ၿငိမ္သက္ေနမႈတုိ ့သာ ၾကီးစုိးေနလ်က္ ။

ရီ၀မ္၀မ္သည္ စီရီဟန္၏အခန္းဆီသုိ ့ေလ်ွာက္သြားလုိက္ၿပီး အ၀တ္အစား လဲလုိက္သည္ ။ ထုိ ့ေနာက္
စီရွား ၿပင္ဆင္ထားခဲ့သည့္အရာတုိ ့အား ယူလုိက္ၿပီး ၀ရံတာတြင္ ထြက္ထုိင္လုိက္သည္ ။

စီရွားသည္ သူမအတြက္ လုိအပ္သည့္အရာအားလံုးကုိ ၿပင္ဆင္ထားခဲ့သည္ - မွတ္ပံုတင္အသစ္၊ လိပ္စာအသစ္ နွင့္ ဟုိဘက္ေရာက္သြားလ်ွင္ သူမအား လာၾကိဳမည့္သူေရာပါ အဆင္သင့္…

သူမသာ တကယ္ထြက္သြားလုိက္လ်ွင္ အစကေန ၿပန္စတင္ရေတာ့မည္ ။

သူမ ၿပန္လည္မေမြးဖြားလာစဥ္ကဆုိပါလ်ွင္ သူမ၏လြတ္လပ္မႈကို ရရွိနုိင္သည့္ ဤရခဲလွသည့္ အခြင့္အေရးေၾကာင့္ သူမ အေပ်ာ္ၾကီးေပ်ာ္မိသြားေပမည္ ။

သုိ ့ေသာ္ အခုခ်ိန္တြင္ေတာ့ သူမသည္ တစ္ေယာက္တည္း မဟုတ္ေတာ့ပါေခ် ။ သူမထံတြင္ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းတုိ ့နွင့္ အသိအက်ြမ္းတုိ ့ အမ်ားၾကီး ရွိေနေလၿပီ….

ေနာက္ဆံုးတြင္ မီးၿခစ္တစ္လံုးကုိ ၿခစ္ခနဲ ၿခစ္လုိက္ၿပီး ထုိပစၥည္းတုိ ့မွာ ညထုထဲတြင္ ေလာင္က်ြမ္းသြားၿပီး ၿပာအၿဖစ္ အသြင္ေၿပာင္းသြားေတာ့ၿပီ…

……………………………………………………

စာစဥ္ ၃၅၊ အခန္း ၁၄ ။  အက်ိဳးဆက္

ဤညအဖို ့ အိပ္ေရးပ်က္သည့္ညဟု ဆုိရေပမည္ ။

နွင္းဆီအိမ္ေတာ္ေလးတြင္ ငါးေယာက္ေသာေၾကးစား
အဖြဲ ့သည္ စိုးရိမ္ပူပန္လ်က္ ၀ုိင္းဖြဲ ့ကာ တတြတ္တြတ္ ေၿပာေနၾကသည္ ။

“အင္း…စီရီဟန္ က ေနမေကာင္းၿဖစ္ၿပီး ေသေတာ့မွာလား ။ ငါတုိ ့သခင္မေတာ့ ၀မ္းနည္းေနမွာပဲ….”

“အဲ့လုိ မဟုတ္ေသးဘူး - သခင္မက သူ ့အေပၚ ခံစားခ်က္ရွိေနတယ္ ဆုိေပမယ့္ ဒီအေခ်ာေလး ေသသြားခဲ့ရင္ေတာင္မွ ေနာက္ထပ္အေခ်ာအလွေတြ သန္းခ်ီေအာင္ ရွိေနေသးတာပဲဟာ”

“အဓိကအခ်က္က စီရီဟန္ ေသသြားခဲ့ရင္ ငါတုိ ့ေတြ ေနရာေၿပာင္းရေတာ့မွာမလား ။
သခင္မက သူ ့ေၾကာင့္သာ ဒီမွာ ေနေနတာေလ…”

“ၿဖစ္နုိင္တယ္…အာ…ငါ ဒီေနရာကို တကယ္မခြဲခ်င္ဘူး -
ငါ စိုက္ထားတဲ့ ပန္းခင္းေတြကုိ ၾကည့္ပါဦး ။ အရမ္းကို စိတ္ခ်မ္းခ်မ္းသာသာေနလာရတာ ၾကာၿပီ…”

“ေက်ာက္ေက်ာက္လည္းပဲ မသြားခ်င္ဘူး…”

….

ခ်င္း အိမ္ေတာ္တြင္ ။

ခ်င္းရူရွီ၏အေဖ၊ ခ်င္းဖုန္းသည္ ညတြင္းခ်င္း နုိင္ငံၿခားကေန အၿမန္ၿပန္ေရာက္လာသည္ ။

“အေဖ”

“အခု အေၿခအေနဘယ္လုိလဲ”

“အခုေတာ့ ဘာသတင္းမွ မၾကားရေသးဘူး ။ ဒါေမပယ့္ လက္ရွိအေၿခအေနကို ၾကည့္ရတာေတာ့ အေၿခအေန မေကာင္းဘူး… အရင္တုန္းက စီရီဟန္ ေၿခာက္လပဲ ခံမယ္လုိ ့ စုန္ ့ပုိင္ေခ်ာင္ ခန္ ့မွန္းထားၿပီးသားပါ ။
အခုေတာ့ သူ ့အဆံုးသတ္ကုိ ေရာက္သြားၿပီ ထင္တယ္ ။ က်ြန္မတုိ ့ေတြ ့ခဲ့ၾကတဲ့ က်န္းမာေရးတုိးတက္လာတယ္ ဆုိတာက ေနမ၀င္ခင္ေနာက္ဆံုးေရာင္ၿခည္ထြက္လာတာပဲ ၿဖစ္လိမ့္မယ္…”

“အဟတ္…အဲ့ဒီေကာင္က ကန္းလြန္းအားၾကီးတယ္ ။ သူသာ သမီးကို ေရြးခဲ့မယ္ဆုိရင္ နွစ္နည္းနည္းေလာက္ ပိုေနရမွာ ။ အခုေတာ့ အားလံုး မေသခ်ာေသးခင္ ဘာမွ မလႈပ္ရွားနဲ့ဦး ။ သမီးအတြက္ အဲ့ဒီမိန္းမကို ကိုင္တြယ္မယ့္သူေတြ အမ်ားၾကီးရွိတယ္”
ခ်င္းဖုန္းက မာထန္ထန္ၿဖင့္ ေၿပာသည္ ။

“ဟုတ္ကဲ့ အေဖ”

ခ်င္းရူရွီ၏မ်က္လံုးတို ့သည္ ေရခဲအလား ေအးစက္ေနသည္ ။

ငါ သူ ့ကို မရနုိင္ဘူးဆုိမွေတာ့…ဖ်က္စီးပစ္ရံုပဲေပါ့…

…..

ေနာက္တစ္ေန ့၊ ေပက်င္း ေဆးရံု ။

အၾကီးအကဲအားလံုးသည္ အခန္းအၿပင္ဘက္တြင္ စိုးရိမ္စိတ္ပူစြာၿဖင့္ ေဆးစစ္ခ်က္အေၿဖကို ေစာင့္ေနၾကသည္ ။

စီမင္းလိက ေ၀့၀ုိက္ၾကည့္လာၿပီး
ရည္ရြယ္ခ်က္ရွိရွိ ေမးလာသည္ ။
“အဲ့ဒီမိန္းမ ဘယ္ေရာက္သြားၿပီလဲ”

ဖန္ယီပင္းက မေထ့တေထ့ေၿပာလာသည္ ။
“ဘယ္သိမွာလဲ ။ မေန ့ညကတည္းက မၿမင္ေတာ့တာ ။ အၿပစ္ေပးခံရမွာ ေၾကာက္ၿပီး ၿမိဳ့ထဲကေန လစ္သြားတာမ်ား ၿဖစ္နုိင္မလား”

“ဟာ…ငါတုိ ့ေတြ မေန ့က ၿပန္မလႊတ္လုိက္သင့္တာ”

အၾကီးအကဲတုိ ့သည္ ေဒါသတအံုအံုၿဖစ္လာၾကစဥ္ လာလမ္းတစ္ေလ်ွာက္ကေန ေၿခလွမ္းသံတုိ ့ကို ၾကားလုိက္ရသည္ ။

ၿဖဴေရာ္ေနသည့္ ခ်င္းရူရွီနွင့္ စာေသာ္ ၊ ရီ၀မ္၀မ္သည္ ရဲေတာက္ေနသည့္ အနီေရာင္၀တ္စံုကို ၀တ္ဆင္ထားၿပီး မိတ္ကပ္လိမ္းၿခယ္ထားသည္ ။
ကုိယ့္ကုိယ္ကုိ အၿပစ္ရွိသည္ဟုေတြးထင္ၿပီး အၿပစ္ေပးခံရမည္ကုိ စုိးေၾကာက္ေနသည္ကုိ ထားဘိဦး ။ သူတုိ ့ေတြးထင္ေနၾကသက့ဲသုိ ့ နည္းနည္းေလးမ်ွပင္ ေၾကာက္ရံြ ့တုန္လႈပ္ၿခင္း ရွိမေန ။
ၿဖည္းၿဖည္းေဆးေဆးသာ ေလွ်ာက္လွမ္းလာေနသည္ ။

ရီ၀မ္၀မ္၏အၿပဳအမူကို ၿမင္လုိက္ရသၿဖင့္
ဖန္ယီပင္းက ရြံရွာသည့္အၾကည့္တစ္ခု ထုတ္ၿပလာသည္ ။
“သခင္ၾကီးက ေသမလားရွင္မလား မသိရဘူး ။ ဒါကိုေတာင္မွ ဒီလုိမ်ိဳး ေတာက္ပေနတဲ့အ၀တ္အစားေတြ ၀တ္ၿပီး ေပၚခ်လာရဲေသးတယ္ ။ ဘယ္လိုေတာင္ က်က္သေရမဲ့လုိက္သလဲ”

အခုထိ စကားတစ္ခြန္းမွ ေၿပာၿခင္းမရွိေသးသည့္ စီမင္းရုန္သည္ ရီ၀မ္၀မ္အား ၾကည့္လုိက္ၿပီး မ်က္နွာပ်က္ယြင္းလာသည္ ။
သူ ေၿပာေတာ့မည္အၿပဳ၊ စုန္ ့ပိုင္ေခ်ာင္နွင့္တၿခားဆရာမ်ား အဖြဲ ့သည္ အခန္းအၿပင္ ထြက္လာၾကသည္ ။

စီမင္းရုန္ ။  “ေဒါက္တာ…အေၿခအေနဘယ္လုိရွိလဲ”

လူတုိင္း အၿမန္ပင္ ေရွ ့တက္သြားၾကသည္ ။
စီမင္းလိသည္ပင္ ရီ၀မ္၀မ္အား ဂရုမစိုက္အားေတာ့ ။
သူ ့မ်က္နွာထက္တြင္ သိခ်င္စိတ္တုိ ့ ေပၚလြင္ေနလ်က္
စုန္ ့ပိုင္ေခ်ာင္အား စုိက္ၾကည့္ေနသည္ ။

“လူနာက အခုခ်ိန္မွာ ကုိမာ၀င္ေနတယ္ ။ အသက္ရွဴတာက အရမ္းေနွးေနၿပီး အေၿခအေနကေတာ့ သိပ္မေကာင္းဘူး ။ အေၾကာင္းရင္းကို က်ြန္ေတာ္တုိ ့ ရွာေဖြေနတုန္းပါ.. အဆိုးဆံုးအတြက္ ၿပင္ထားၿပီးေတာ့… လုပ္စရာရွိတာ လုပ္ထားၾကပါေတာ့…” ဆရာ၀န္ထဲကတစ္ေယာက္သည္ လက္မိႈင္ခ်ထားသည့္အမူအရာၿဖင့္ ဆုိလာသည္ ။

“ဒါက…”

ဤသည္မွာ ေသဖို ့အတြက္ ၿပင္ဆင္ထားေတာ့ဟု
ေသမိန္ ့ခ်လုိက္သည္ပင္ မဟုတ္ပါလား ။

ဤသည္ကို ၾကားလုိက္သည့္အခုိက္
လူတုိင္း ေပါက္ကြဲကုန္ၾကသည္ ။

စီမင္းလိက ခ်က္ခ်င္းပင္ ဟိန္းေဟာက္လာသည္ ။
“ကိုယ္ရံေတာ္ေတြ…အဲ့ဒီမိန္းမကုိ ဖမ္းလုိက္ၾကစမ္း ။
သူမကုိ အက်ဥ္းခ်ထား - ငါကိုယ္တုိင္ စစ္ေမးမယ္”

ရုတ္တရက္ ၊ အရပ္ရွည္ေမာင္းၿပီး ရက္စက္ပံုရသည့္ ကုိယ္ရံေတာ္နွစ္ေယာက္  ရီ၀မ္၀မ္ဆီ ေလွ်ာက္လာၾကသည္ ။

မ်က္နွာထက္တြင္ ေႏြးေထြးမႈတစိုးတစိေလးပင္ ရွိမေနဘဲ
စီမင္းလိအား ၾကည့္ေနရင္း ရီ၀မ္၀မ္ ေၿပာလုိက္သည္ ။
“စီ မင္း လိ…”

စီမင္းလိ၏မ်က္ခံုးတုိ ့ ပင့္တက္သြားသည္ ။
“ဘာလဲ…ငါတုိ ့ရဲ့အိမ္ေတာ္အရွင္မေလာင္းက တစ္ခုခုမ်ား ေၿပာခ်င္လုိ ့လား”

ဗလာဟင္းက်င္းေနသည့္အမူအရာၿဖင့္
ရီ၀မ္၀မ္ ၿပန္ေၿဖလာသည္ ။
“သခင္ၾကီးရဲ့ေနာက္ဆံုးေဆးစစ္ခ်က္ရလဒ္က မထြက္လာ ေသးဘူး ။ ဒါကိုေတာင္မွ ဦးေလး ၄…ရွင္က ပုဂၢိဳလ္ေရး အညွိဳးအေတးအတြက္နဲ ့ ေကာလဟလေတြထုတ္ၿပီး ပါးစပ္ထဲရွိတုိင္း အမိန္ ့ခ်လိုခ်ထုတ္လုိထုတ္ နဲ ့ ပုိင္စုိးပုိင္နင္းလုပ္ရဲတယ္ေပါ့ေလ ။
က်ြန္မမွာ အၿပစ္ကင္းတယ္လုိ ့ သက္ေသၿပနုိင္ရင္
ဦးေလး ၄ ဘယ္လုိၿဖစ္သြားမယ္ထင္လဲ”

စီမင္းလိသည္ အေၾကာက္အလန္ ့ကင္းသူပင္ ။
ခ်က္ခ်င္းဆုိသလုိ တဟားဟားရယ္ခ်လာသည္ ။
“ဟားဟားဟားဟား…မင္းက အၿပစ္ကင္းတယ္…။ မင္းကေလ….။ ဒီလုိအခ်ိန္မ်ိဳးမွာေတာင္မွ လာေလၾကီး ေနရဲေသးတယ္…အဟတ္”

အခုခ်ိန္မွာ စီရီဟန္ကုိ ေသမင္းလက္ကေန ၿပန္ေခၚနုိင္ဖုိ ့ေနေနသာသာ အိပ္ရာကေန ထထုိင္နုိင္ေအာင္ေတာင္ မလုပ္နိုင္ေတာ့ဘဲနဲ ့… ။ ဒီၿပသနာထဲက လြတ္နုိင္မယ္လုိ ့ ထင္ေနေသးတယ္…ဟာသပဲ ။

စီမင္းလိက ရံႈ ့ခ်ေၿပာဆိုလာသည္ ။
“မင္းမွာ အၿပစ္ကင္းတယ္ဆုိရင္ ငါ စီမင္းလိက အက်ိဳးဆက္ကုိ ခံယူမယ္”

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၁၅ ။ အၿပင္ထြက္လာနုိင္ဖုိ ့ မေတာင္းပန္နဲ ့

ရီ၀မ္၀မ္သည္ စီမင္းရုန္နွင့္တၿခားအၾကီးအကဲတုိ ့အား တစ္ခ်က္ၾကည့္ လုိက္သည္ ။
“ဒုတိယ ဦးေလး နဲ ့ အၾကီးအကဲေတြအားလံုးလည္း ဒီမွာ ရွိေနၾကတယ္ ။ ရွင္တုိ ့အားလံုး ဦးေလး ၄ ေၿပာသြားတာကို သက္ေသခံနုိင္မယ္လုိ ့ ေမ်ွာ္လင့္ပါတယ္”

အၾကီးအကဲအားလံုးတြင္ ေမွာင္မိုက္ေနသည့္အမူအရာ၊ စက္ဆုပ္သည့္ အၾကည့္တုိ ့ ရွိလာသည္ ။ သူတုိ ့သည္လည္း ရီ၀မ္၀မ္၏ေၿပာဆုိၿခင္းကို သေဘာမေတြ ့ၾကပါေခ် ။

စီမင္းရုန္သည္ အခုခ်ိန္တြင္ စီ မိသားစုတစ္စုလံုး ရႈပ္ေထြးေနသည္ကုိ ၿမင္လုိက္ရသၿဖင့္ ေနာင္တရသည္ကုိ ခံစားေနရသည္ - သူ ့အေနၿဖင့္ သခင္ၾကီး စိတ္တုိင္းက် လုပ္ခြင့္မၿပဳေပးထားခဲ့သင့္ေပ ။
သူတုိ ့သာ ေစာေစာစီးစီးကတည္းက ဤမိန္းမအား အေရးယူနုိင္ခဲ့ပါက
ဒီေန ့ ဒီအေၿခအေနသို ့ေရာက္လာရလိမ့္မဟုတ္ဟု ။

ထုိအခ်ိန္ကသာ အဂါီအစားထုိးၿခင္းကုိ လုပ္ခဲ့ၾကပါက သခင္ၾကီးသည္ အနည္းဆံုးေတာ့ နွစ္နည္းနည္းေလာက္ ပိုေနသြားရလိမ့္မည္ဟု…

စီမင္းလိသည္ စီမင္းရုန္၏နံေဘးသို ့ ေလ်ွာက္သြားလိုက္ၿပီး တေလးတစားေၿပာလာသည္ ။
“အစ္ကုိ ၂ … အခုခ်ိန္မွာ အစ္မကလည္း ေနမေကာင္းဘူး ။ အစ္ကုိ ၂ ကပဲ ေဆးရံုကိစၥေတြကုိ ကိုင္တြယ္ရမွာ ။ ဒီလုိကိစၥေသးေသးေလးေတြကုိ က်ြန္ေတာ္နဲ ့ လႊဲထားလုိက္ ။ ဒီမိန္းမကို က်ြန္ေတ္ာ ေသေသခ်ာခ်ာေလး စစ္ေမးလုိက္ မယ္”

စီမင္းရုန္က စီမင္းလိအား တစ္ခ်က္ၾကည့္လိုက္သည္ ။
စကားေတာ့ ေၿပာမလာ - ဤသည္က စီမင္းလိ၏ အၾကံၿပဳခ်က္ကို ဆိတ္ဆိတ္ေနၿပီး ၀န္ခံလုိက္ၿခင္းနွင့္ တူေပသည္ ။

စီမင္းရုန္က သေဘာမတူၿခင္းမရွိသၿဖင့္
ရႊီခ်န္းကုံသည္ ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လာသည္ ။
“သခင္မေလး ၀မ္၀မ္ က ခြဲစိတ္ဖုိ ့ကို သေဘာမတူခဲ့ဘူး ဆုိေပမယ့္လုိ ့ အဲ့ဒါက သခင္ၾကီးရဲ့က်န္းမာေရးအတြက္ပဲ လုပ္ခဲ့တာပါ ။ ၿပီးေတာ့ ဒီလုိၿဖစ္လာလိမ့္မယ္လုိ ့ ဘယ္သူကမွ မထင္ထားမိၾကပါဘူး ။ က်ြန္ေတာ္တုိ ့ေတြ သခင္မေလး ၀မ္၀မ္ကို လူသတ္မႈလုပ္ပါတယ္လုိ ့ ဘယ္လုိလုပ္စြပ္စြဲလုိ ့ရပါ့မလဲ ။ ၿပီးေတာ့လည္း၊ သခင္ၾကီးက…”

“ရႊီ ခ်န္း ကုံ”

စီမင္းလိသည္ စိတ္ပ်က္လက္ပ်က္ၿဖင့္ သူ ့အား ၿဖတ္ေၿပာလာသည္ ။

“ဒီမိန္းမက မင္းသားရဲ့အသက္ကုိ အရင္က ကယ္ဖူးတယ္ဆုိတာနဲ ့ပဲ ဒီလုိမေခ်ရာတဲ့စကားမ်ိဳးကို ဘယ္လုိလုပ္ေၿပာထြက္တာလဲ…ဟမ္”

ရႊီခ်န္းကံု ။  “က်ြန္ေတာ္က အမွန္တရားကို ေထာက္ၿပရံုပါ”

“အမွန္တရားက သူမက ငါတုိ ့သခင္ၾကီးကုိ ဆြဲေဆာင္ခဲ့ၿပီး
သူ ့အသက္ကို ႏႈတ္ယူဖုိ ့အကြက္ခ်ခဲ့တာပဲ ။
စီ မိသားစုထဲမွာ ပြက္ေလာရုိက္သြားေအာင္ လုပ္ခဲ့တယ္ ။ ဒီမိန္းမက စီ မိသားစုအေပၚမွာ ရာဇ၀တ္မႈေတြ က်ဴးလြန္ ထားတယ္၊ မင္းက ဘယ္လုိလုပ္ၿပီးေတာ့ ရာဇ၀တ္သား တစ္ေယာက္ကို ကာကြယ္ေပးေနရတာလဲ”

“စီမင္းလိ..မင္း….”

ရီ၀မ္၀မ္ ေရွ ့တက္လုိက္ၿပီး ေဒါသထြက္ေနသည့္ ရႊီခ်န္းကံုအား ၿပန္ဆြဲထားလုိက္သည္ ။ တပ်စ္ေတာက္ေတာက္ေၿပာဆုိေနသည့္ စီမင္းလိအား စိတ္ပ်က္လက္ပ်က္ တစ္ခ်က္ၾကည့္လုိက္ၿပီး ဘြင္းဘြင္းေၿပာခ်လာသည္ကား ။
“က်ြန္မ အက်ဥ္းေထာင္ထဲ သြားလုိ ့ရတယ္ ။ ဒါေပမယ့္ အဲ့ဒီက်ရင္ ဦးေလး ၄ က်ြန္မ ထြက္လာဖုိ ့ကို ေတာင္းပန္ဖုိ ့ ့မစဥ္းစားနဲ့ေတာ့”

“ဟားဟားဟားဟားဟား အေၿခအၿမစ္မရွိလုိက္တာ”
စီမင္းလိသည္ ေအးစက္စြာ ရႈံ ့ခ်လာသည္ ။
“မိန္းကေလး ရီ…ဒီလုိေတြ ၿဖစ္ေနမွေတာ့
ထြက္လာဖို ့ကို စိတ္ေတာင္မကူးနဲ ့”

“ဒီမိန္းမကုိ ေခၚသြားၾကစမ္း”

“ဟုတ္ကဲ့”

ေကာင္းစြာေလ့က်င့္သင္ၾကားခံထားရၿပီး တုိက္ခုိက္ေရးစြမး္ရည္ၿမင့္သည့္ ကိုယ္ရံေတာ္နွစ္ေယာက္ သည္ ေရွ ့သုိ ့တက္လာၾကၿပီး ရီ၀မ္၀မ္အား ေခၚထုတ္သြား ၾကသည္ ။

ေနာက္ဆံုးတြင္ေတာ့ ဤမိန္းမသည္ သူ ့လက္ထဲ ေရာက္ရွိလာၿပီ ျဖစ္သၿဖင့္ စီမင္းလိသည္ အားအရၾကီးအားရေက်နပ္ေနၿပီး စိုးရိမ္ပူပန္ၿခင္းတုိ ့သည္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ၿဖစ္သြားရသည္ ။

ေခြးမ…စီ မိသားစုရဲ့အက်ဥ္းေထာင္ကေန အသက္ရွင္ရက္ ထြက္သြားဖုိ ့မစဥ္းစားနဲ ့ ။

စီရီဟန္၏လက္ရွိအေၿခအေနအရ သူသည္ အခ်ိန္မေရြး ကြယ္လြန္တိမ္းပါးသြားနုိင္သၿဖင့္ အၾကီးအကဲမ်ားအားလံုး အခန္းထဲတြင္ ေစာင့္ေနၾကသည္ ။ သူတုိ ့ လံုး၀ကုိ ထြက္သြား၀ံ့ၿခင္းမရွိၾကေပ ။ စီမင္းလိသည္ သၿဂိၤဳလ္မည့္ကိစၥ အ၀၀ကိုပင္ စိတ္ထက္ထက္သန္သန္ၿဖင့္ ၾကိဳၾကိဳတင္တင္ ေဆာင္ရြက္ၿပီးေနေခ်ၿပီ…

စီ မိသားစု၏အက်ဥ္းေထာင္တြင္ ။

ရီ၀မ္၀မ္ အထဲ၀င္လုိက္သည့္အခုိက္ သူမ၏အေၾကာအၿခင္တုိ ့အထိ ေအးစိမ့္သြားရ၏ ။ ေလထဲတြင္ ေသြးစိမ္းရွင္ရွင္ရနံ ့တုိ့ ့ ရွိေနၿပီး
ဖုန္ထူကာ မိႈင္းညစ္ေနသည့္သံေခ်းနံ ့တုိ ့ ရွိေနသည္ ။
ဤသည္မွာ အလြန္အမင္းေသြးပ်က္ေခ်ာက္ခ်ားဖြယ္ရာပင္ ။

“အား အား အား ------” ေၾကာက္စရာေကာင္းလွသည့္ေအာ္သံဟစ္သံတို ့ ဟုိးအတြင္းဆီကေန ေပၚထြက္လာသည္ ။

ရီ၀မ္၀မ္သည္ ဤေနရာအေၾကာင္း ၾကားဖူးေနသည္မွာ ၾကာေပၿပီ ။ ဤေနရာသည္ မိသားစုကလန္အား သစၥာေဖာက္သြားၾကသည့္သူအားလံုးကုိ ဖမ္းခ်ဳပ္ထားၿခင္းၿဖစ္ၿပီး ရန္သူဘက္က လ်ိဳ့လ်ိဳ့၀ွက္၀ွက္ထည့္ထားသည့္ သူလ်ိဳတုိ ့ကုိ ဖမ္းခ်ဳပ္ထားသည့္ေနရာလည္း ၿဖစ္သည္ - စီ မိသားစုု၏ ပိုင္နက္ထဲက အေမွာင္အက်ဆံုးေသာေနရာလည္း ၿဖစ္ေခ်သည္ ။

သူမသည္ ငယ္ငယ္ေလးကတည္းက အလြန္တရာခ်ဴခ်ာကာ
ေသြးၿမင္လ်ွင္ လန္ ့တတ္သူ ၿဖစ္၏ ။ အတိတ္တုန္းကဆုိပါလွ်င္ ဤေသြးသံရဲရဲၿမင္ကြင္းနွင့္ နာက်င္စြာဟစ္ေအာ္ေနသံတုိ ့ကို ၾကားမိပါက အေၾကာက္လန္ ့လြန္ၿပီး အသက္ထြက္သြားေပေလာက္ၿပီ ။ သုိ ့ေသာ္၊ သူမသည္ အမ်ားၾကီးၾကံဳေတြ ့လာခဲ့ရၿခင္းေၾကာင့္ ၿဖစ္လိမ့္မည္ ။ ဒီအခ်ိန္တြင္မူ မည္သည့္ေၾကာက္လန္ ့မႈကိုမ်ွ မခံစားမိပါေခ် ။

သူမအား ဖမ္းေခၚလာၾကသည့္လူနွစ္ေယာက္သည္
စီမင္းလိ၏ ေနာက္လုိက္တုိ ့ ၿဖစ္ၾက၏ ။
ရီ၀မ္၀မ္ အံ့ၿသမင္သက္ေနသည္ကုိ ၿမင္လုိက္ၾကသၿဖင့္
ေသမတတ္ေၾကာက္ေနၿခင္းဟု ေတြးထင္လုိက္ၾက၏ ။

သူတို ့ထဲက တစ္ေယာက္က ၿခိမ္းေၿခာက္သည့္ေလသံၿဖင့္ ေၿပာလာ သည္ ။
“မင္းက မိသားစုေခါင္းေဆာင္ကို အကြက္ခ်ဖုိ ့ ့ၾကံစည္ရဲတယ္ဆုိမွေတာ့ မင္းလည္း ဒီလူေတြလုိမ်ိဳးပဲ အဆံုးသတ္ရမယ္”

……………………………………………………

စာစဥ္ ၃၅၊ အခန္း ၁၆ ။ သင္ေပးဖုိ ့လုိေသးလား

သူ ေၿပာလုိုက္သည့္အခုိက္ မွိန္ပ်ပ်အခန္း၏ေထာင့္နားကေန ေအာ္ဟစ္သံတုိ ့ ထြက္လာသည္ ။ ေယာက်ာ္းတစ္ေယာက္သည္
ရင္ဘတ္ေပၚ ရဲရဲခ်ိတ္ေနသည့္သံမီးပူ အကပ္ခံလုိက္ရသၿဖင့္ စူးစူး၀ါး၀ါးေအာ္ဟစ္ၿပီး ၾကမ္းေပၚ နာနာက်င္က်င္လဲက် သြားသည္ ။

ရီ၀မ္၀မ္ ဤသည္ကုိ ၿမင္လုိက္သည့္အခ်ိန္ သူမ၏ႏႈတ္ခမ္းေထာင့္စြန္းတုိ ့ တြန္ ့ေကြးသြားသည္ ။
“အခုက ဘယ္ေခတ္ပဲေရာက္ေနၿပီလဲ ။ ရွင္တုိ ့ေတြ ဒီလိုမ်ိဳး ဒိတ္ေအာက္ေနတဲ့နွိပ္စက္နညး္ကို သံုးေနၾကေသးတုန္းပဲ လား”

က်ိန္းေသေပါက္ စီမင္းရုန္ရဲ့ေခတ္ကုန္ေနတဲ့နည္းလမ္းပဲ ၿဖစ္ရမယ္…

ဘာေၾကာင့္လဲ မသိေပ ။
သူမအေနၿဖင့္ ဤလုပ္နည္းလုပ္ဟန္တုိ ့ၿဖင့္ ေတာ္ေတာ္ေလးအက်ြမ္း၀င္ေနၿပီး ရုတ္တရက္ဆုိသလုိ မရင္းနွီးသည့္ ပံုရိပ္တုိ ့သည္ သူမေခါင္းထဲကေန ထြက္ထြက္လာေနသည္…

ရီ၀မ္၀မ္ သူမနံေဘးက ကုိယ္ရံေတာ္နွစ္ေယာက္ကို ၾကည့္လုိက္ၿပီး စိတ္ပ်က္လက္ပ်က္ ေၿပာလာသည္ ။
“ဒီလုိနွိပ္စက္နည္းမ်ိဳးက အေကာင္အေသးေသးေလးေတြေပၚမွာပဲ အလုပ္ၿဖစ္တာ ။ တကယ့္တကယ္ ေသေသခ်ာခ်ာသင္တန္းေပးခံ ထားရတဲ့ ကုိယ္ရံေတာ္ေတြနဲ ့ လ်ိဳ ့၀ွက္ေထာက္လွမ္းေရးသမား ေတြအတြက္က ဒီဒဏ္ရာေလးေတြဆုိတာက ပမႊားေလးပဲရွိတာ - ဒါေလာက္ေလးနဲ ့ သူတုိ ့ပါးစပ္ကို ပြင့္လာေအာင္လုပ္လုိ ့ရမယ္ ထင္ေနၾကတာလား”

ကိုယ္ရံေတာ္နွစ္ေယာက္ ။  “…”

သူတို ့သည္ ရီ၀မ္၀မ္အား ၿဖဲေၿခာက္ဖုိ ့ၾကံထားခဲ့ၾကသည္ ။ ဤသည္ကုိ ၿမင္လုိက္သည္နွင့္ ေၾကာက္လန္ ့သြားၿပီး ေသမတတ္ေအာ္ဟစ္ငိုေၾကြး လိမ့္မည္ဟုပင္ ထင္ထားခဲ့ၾက သည္ ။

အခုေတာ့…

သူမေလးသည္ ကိုယ္ပုိင္ပန္းခင္းထဲ ေလ်ွာက္သြားေနရ သည့္အလား အလြန္တရာတည္ၿငိမ္ေအးေဆးေနသည့္အၿပင္ သူတုိ ့ နွိပ္စက္သည့္ နည္းလမ္းကိုပါ ၀င္စြက္ဖက္ေၿပာဆုိေန ပါေရာ့လား ။

ရီ၀မ္၀မ္ ။  “ေဟး…ရွင္တုိ ့ေတြ စိတ္ပုိင္းဆုိင္ရာနွိပ္စက္တယ္ဆုိတာကုိ ၾကားဖူးၾကလား ။ သင္ေပးရဦးမလား ။ အဲ့ဒါက လူတစ္ေယာက္ရဲ့ စိတ္စြမ္းအင္ကို ဖ်က္စီးပစ္နုိင္တဲ့အထူးနည္းလမ္းေနာ္ ။ ရွင္တုိ ့ရဲ့နွိပ္စက္နည္းထက္ အမ်ားၾကီးပုိသာတယ္….”

ရီ၀မ္၀မ္၏နွိပ္စက္နည္းအေၾကာင္း ေၿပာေနသည္ကုိ နားေထာင္ေနရသည့္ ကိုယ္ရံေတာ္နွစ္ေယာက္ ။  “…”

နွစ္ေယာက္သားသည္ သူမအား အခ်ဳပ္ထဲ ေခၚသြားၿပီး လွစ္ခနဲပင္ ထြက္ေၿပးသြားၾကေတာ့သည္ ။
သူတုိ ့အေနာက္ကေန မြန္းစတားတစ္ေကာင္ လုိက္ပါလာသည့္အလားပင္ ။

“အာ…သူတုိ ့ ဘာလုိ ့သြားကုန္ၾကတာလဲ၊
ငါ ေၿပာလုိ ့မၿပီးေသးဘူးေလ--”

ရီ၀မ္၀မ္သည္ သံတုိင္တြင္ မွီခ်လုိက္ၿပီး ေနာင္တရဟန္ ေပၚေနသည္ ။

သူတုိ ့နွစ္ေယာက္သည္ အရိပ္အေယာင္ေတာင္မေပၚဘဲ ေပ်ာက္သြားၾကၿပီ ၿဖစ္သၿဖင့္ ရီ၀မ္၀မ္သည္ ေမးေစ့ကို လက္နွင့္ေထာက္ကာ သံသယအၾကည့္တစ္ခ်က္ ထုတ္ေဖာ္လာသည္ ။

ထူးဆန္းလုိက္တာ…အခုနက ေၿပာသြားတဲ့ဟာေတြကုိ
ငါ ဘယ္လုိလုပ္သိေနတာလဲ ။

မဂၢဇင္းေတြထဲမွာ ဖတ္ထားဖူးတာမ်ားလား ။
ဘာလို ့ မမွတ္မိရတာလဲ…

သုိ ့ေသာ္၊ သူမေလးသည္ နွစ္ဘ၀ကို ၿဖတ္ေက်ာ္ေနထုိင္လာခဲ့ရသည္ ၿဖစ္၍ တခ်ဳိ ့အရာတုိ ့ကို ေမ့ေမ့ေလ်ာ့ေလ်ာ့ၿဖစ္ေနတတ္သည္မွာ လံုး၀ကုိ ပံုမွန္က် လြန္းသည္ မဟုတ္ပါလား…

….

နတ္ဘုရားမ်ားေခတ္ အစည္းအေ၀းခန္းထဲတြင္ ၊
ဇာတ္ညႊန္းအေၾကာင္း ေဆြးေႏြးေနၾကခ်ိန္ ။

“၀ုိး--------သတင္းၾကီး…သတင္းၾကီးကြ”

အတင္းအဖ်င္းဘုရင္ေလး ကုန္ရႊီသည္ ေရာက္လာသည္နွင့္ ရံုးခန္းထဲကုိ ေၿပး၀င္လာသည္ ။

“ကုန္ရႊီ…မင္း ေနာက္က်ၿပန္ၿပီ”

ရီမူဖန္သည္ သူ ့အား မ်က္လံုးလွန္ၾကည့္လာသည္ ။
“ဘာသတင္းလဲ ။ မင္း လူပ်ိဳဘ၀က က်ြတ္ၿပီဆုိတာလား ။
ဒါမွမဟုတ္ လက္ထပ္ေတာ့မယ္လုိ ့ေၾကညာေတာ့မလို ့ ့လား”

“ဘယ္သူက က်ြတ္မွာလဲ…အဟြန္ ့။
ခင္ဗ်ားကသာ က်ြတ္မဲ့သူ”

ကုန္ရႊီသည္ ရီမူဖန္အား ၾကည့္လုိက္ၿပီးေနာက္
သူ ့ဖုန္းကုိ ကုိင္ၿပီး စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာဆုိလာသည္ ။
“စီ မိသားစုသတင္း….အဲ့ဒီ ဒ႑ာရီလာ စီ မိသားစု သတင္း…”

“စီ မိသားစု ဘာၿဖစ္လုိ ့လဲ” ဟန္ရွန္းယြီ ေမးၿခင္းပင္ ။

ကုန္ရႊီ ။  “စီ မိသားစုရဲ့သခင္ၾကီး ေနမေကာင္းၿဖစ္ၿပီး ေသသြားၿပီတဲ့ ။ ဒီမနက္ကမွ တက္လာတာ”

ရီမူဖန္ အံ့ၿသသြားသည္ ။
“ဘာရယ္ ။ စီ မိသားစုရဲ့သခင္ၾကီးက ေနမေကာင္းၿဖစ္ၿပီး ေသသြားတယ္ ဟုတ္လား ။ မၿဖစ္နုိင္တာ…”

လူတိုင္း၏ေလးစားၿခင္းကုိ ခံရသည့္…ထုိ စီ မိသားစုသည္ တရုတ္နုိင္ငံ တြင္ ဟုိးလက္လွမ္းမမွီနုိင္ေလာက္သည့္ ၿသဇာလႊမ္းမုိးမႈရွိေသာလူကံုတန္မိသားစု ၿဖစ္သည္ ။ တရုတ္ၿပည္တြင္ အင္ပါယာတစ္ခုအလား ေတာင့္တင္းၾကီးမားလွသည့္ စီးပြားေရးလုပ္ငန္းၾကီးကုိ တည္ေဆာက္ထားၿပီး စီရီဟန္သည္ စီ မိသားစုတစ္ခုလံုးကုိ ခ်ဳပ္ကုိင္ထားသည့္ အင္ပါယာဘုရင္ၾကီးတစ္ပါး ၿဖစ္ေခ်သည္ ။

သူသာ ေသသြားပါလ်ွင္ စီးပြားေရးၾကီးတစ္ခုလံုး ၿပိဳကြဲသြားၿပီး တုိင္းၿပည္၏စီးပြားေရးလုပ္ငန္းတုိ ့သည္လည္း ကေမာက္ကမ ၿဖစ္ကုန္လိမ့္မည္…

ဟန္ရွန္းယြီ က ေၿပာလာသည္ ။
“ေကာလဟလပဲ ေနမွာပါ - စီ မိသားစုနဲ ့ပတ္သက္တဲ့ သတင္းေတြကုိ ဘယ္သူကမ်ား လက္လြတ္စပယ္ထုတ္ရဲ မွာလဲ”

ကုန္ရႊီ ။  “ဟုတ္တာေပါ့ ။ ဒီသတင္းက တင္ထားတာ
ငါး မိနစ္ေလာက္ပဲ ရွိေသးတယ္ ။ ၿပန္ဖ်က္သြားၾကၿပီ ။
က်ြန္ေတာ္ စခရင္မ္ေရွာ့ ရုိက္ထားတယ္”

ရီမူဖန္ ။  “…”  အနံ ့ခံေကာင္းလွခ်ည္လား ။ သတင္းတက္လာတာ ငါးမိနစ္ပဲ ရွိလုိက္တာကို သူက ဖတ္ၿပီးသြားတဲ့အၿပင္ စခရင္မ္ေရွာ့ပါ ရုိက္ယူထားလုိက္ ေသးတယ္လား…

ဇာတ္ညႊန္းကိုသာ အာရံုစူးစုိက္ဖတ္ေနသည့္ လ်ိဳခ်န္းသည္
ေခါင္းေမာ့လာၿပီး ေမးလုိက္သည္ ။
“အစ္ကုိ ရီ ဘယ္မွာလဲ ။ ဒီကုိ မေရာက္လာေသးဘူးလား”

ရီမူဖန္က ပုခံုးတြန္ ့ၿပလုိက္သည္ ။
“ဒီေန ့ေတာ့ သူ ့ကုိ ေစာင့္ေနစရာမလုိေတာ့ဘူး ။
ငါ့ကုိ မက္ေဆ့ခ်္ ပို ့ထားတယ္၊ ေနာက္နွစ္ရက္လံုးလံုး သူ အလုပ္မ်ားေနတယ္တဲ့”

……………………………………………………

စာစဥ္ ၃၅၊ အခန္း ၁၇ ။  မေသဘူး

ေဆး႐ုံခန္းအျပင္ဘက္တြင္ ။

႐ႊီခ်န္းကုံသည္ ေခါင္းငိုက္စိုက္က်ေနသည့္ အမူအရာျဖင့္ ။
“ငါတို႔ နည္းလမ္းအျမန္စဥ္းစားမွ ျဖစ္မယ္ - စီမင္းလိရဲ႕လူေတြ ဒီလိုမ်ိဳး ေခၚသြားၾကတာက သခင္မေလး ဝမ္ဝမ္အတြက္ အရမ္းအႏၲရာယ္မ်ား တယ္။ ဒါေပမယ့္ အခု သခင္မႀကီးကလည္း လဲေနတယ္ ။ စီ မိသားစု တစ္ခုလုံးက အႀကီးအကဲေတြရဲ႕ထိန္းခ်ဳပ္မႈေအာက္ ေရာက္ေနၿပီးေတာ့
ငါတို႔ကိုလဲ နီးနီးကပ္ကပ္ေစာင့္ၾကည့္ေနၾကတယ္…”

႐ႊီရီ ထိုသည္ကို ၾကားလိုက္သည္ႏွင့္ ေျပာဖို႔ေတြေဝေနလ်က္
သူ႔အေဖအား ၾကည့္လိုက္သည္ ။

ေျခာက္လသာ ေနရေတာ့မည္ဟု ေဒါက္တာ စုန္႔ ေျပာလာကတည္းက သခင္ေလး ၉ သည္ ေသျခင္းတရားအတြက္ ႀကိဳတင္ျပင္ဆင္ထားခဲ့ၿပီးသလို ဤကဲ့သို႔ျဖစ္လာမည္ကိုလည္း ႀကိဳတင္မွန္းဆထားခဲ့ၿပီးသား ျဖစ္သည္ ။

သူ မမွန္းဆထားခဲ့မိသည္မွာ…သခင္မေလး ဝမ္ဝမ္ ကိုယ္တိုင္က ထြက္သြားလိုစိတ္ရွိမေနမည္ကိုသာလွ်င္ ျဖစ္သည္…

ေသာက္က်ိဳးနဲ… ဘာလို႔ဒီလိုမ်ိဳးျဖစ္ကုန္ရတာလဲ ။
သခင္ေလး ၉ ရဲ႕က်န္းမာေရးက ေကာင္းလာေနၿပီ မဟုတ္ဘူးလား…

ေဆး႐ုံခန္းထဲတြင္ ။

ေဒါက္တာ စုန္႔သည္ မ်က္လုံးတို႔ကို မွိတ္ထားၿပီး အာ႐ုံစူးစိုက္ကာ စီရီဟန္၏ေသြးခုန္ႏႈန္းအား စမ္းသပ္ေနသည္ ။
“နဲနဲေလာက္ ထပ္ေစာင့္ၾကတာေပါ့…”

ကုတ္အက်ႌအျဖဴကို ဝတ္ထားသည့္ အထူးကုဆရာဝန္ႀကီးသည္ ေျမာက္ႂကြႂကြဟန္ေပၚေနၿပီး ေသခ်ာက်ိန္းေသသည့္ ေလသံျဖင့္ ေျပာဆိုေနသည္ ။
“စုန္႔ႀကီးရာ…မင္းက တ႐ုတ္ေဆးပညာမွာ အေတာ္ဆုံးသူ ဆိုေပမယ့္လဲ စီရီဟန္ရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ သံသယဝင္ေနစရာကို မလိုဘူး။ သူတို႔ကို အခုခ်က္ခ်င္းပဲ ေျပာျပလိုက္ေတာ့၊ မဟုတ္ရင္ ေနာက္ဆုံးအေနနဲ႔ သူတို႔ မေတြ႕လိုက္ရဘဲ ေနလိမ့္မယ္”

ထိုဆရာႀကီး၏ေမးခြန္းထုတ္လာခ်ိန္ ေဒါက္တာ စုန္႔သည္ မ်က္ႏွာပ်က္သြား ျခင္း မရွိေပ ။ သူ ျငင္းဆန္လာသည္ ။
“သူ႔မွာ ေဝဒနာေတြအမ်ားႀကီး ခံစားထားရတာဆိုေတာ့ ကိုယ္ခံအားနည္းၿပီး ေသြးလည္ပတ္မႈ ေႏွးလာတာက သဘာဝက်ပါ တယ္ ။ သူ႔ႏွလုံးဟိုးေအာက္ ဘက္မွာ ေသြးေတြခဲၿပီး ပိတ္ဆို႔ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီ ။ သခင္ေလး ၉ က ေသြးအန္ထုတ္လိုက္ၿပီးတဲ့ေနာက္ ခႏၶာကိုယ္က အရမ္းအားနည္းသြား ၿပီး ေသမလားရွင္မလား ျဖစ္ေနရတဲ့ပုံေပၚတယ္ဆိုေပမယ့္ တကယ္တမ္းက သူ႔ရဲ႕ေသြးေတြက အခုမွ သန္႔ရွင္းသြားတာ ။ အခုခ်ိန္မွာ သူ႔အတြက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီး ေနျပန္ေကာင္းလာဖို႔ အခ်ိန္နဲနဲေလာက္ လို႐ုံပါ…”

အထူးကုေခါင္းေဆာင္သည္ ေဒါက္တာ စုန္႔၏စကားကို ၾကားလိုက္သည့္ အခ်ိန္ အလိုမက်မႈန္မႈိင္းသည့္အၾကည့္တို႔ ေပးလာသည္ ။
“စုန္႔ႀကီး…ဒါေတြအားလုံးက မင္းယူဆခ်က္ေတြပဲေလ ။
ဒါေပမယ့္ ငါ ျမင္ေနတာကေတာ့ စီရီဟန္ က ေန႔တစ္ပိုင္း ေတာင္ ခံမွာမဟုတ္ေတာ့ဘူး”

ဟိုအရင္တုန္းက ခြဲစိတ္ကုသဖို႔ရာအတြက္ကို သူသည္ အျပင္းအထန္ အႀကံေပးခဲ့ပါ၏ ။ သို႔ေသာ္ ေနာက္ဆုံးတြင္ စုန္႔ပိုင္ေခ်ာင္သည္ ထိုမိန္းမ ေျပာလာသည့္အတိုင္း လုပ္ဖို႔ရာ ေ႐ြးခ်ယ္သြားခဲ့သည္ ။
စုန္႔ပိုင္ေခ်ာင္၏ စကားတစ္ခြန္းသည္ သူ႔ထက္ ပို၍အေရးပါ အရာေရာက္ေပသည္ - သခင္ႀကီးႏွင့္ အဘြားသည္
သူ႔အား ပို၍ယုံၾကည္ကိုးစားခဲ့ၾကသျဖင့္ အခု အရာအားလုံး ဤပုံဤနည္းျဖစ္လာခ်ိန္တြင္ သူသည္ သူ၏ေဝဖန္ပိုင္းျခားႏိုင္ ခဲ့မႈအေပၚ အလြန္ပင္ ႏွစ္ေထာင္းအားရျဖစ္သြားခဲ့ရသည္ ။

တျခားဆရာဝန္တို႔သည္လည္း အေတြးတို႔ထပ္တူပင္ ။
သူသည္ ေနာက္ဆုံးေသာထြက္သက္ကိုပင္ ေရာက္ေနေခ်ၿပီ ။ ဤသည္ကို အိပ္ေပ်ာ္ေနျခင္းဟု ယူဆသည္တဲ့လား ။

“အဟြတ္…”

ေဒါက္တာ စုန္႔ႏွင့္ ဆရာဝန္အဖြဲ႕တို႔ စီရီဟန္အေၾကာင္း ေဆြးေႏြးေနၾကစဥ္ အခန္းထဲတြင္ ေခ်ာင္းဆိုးသံသဲ့သဲ့ေလးကို ၾကားလိုက္ၾကရသည္ ။

႐ုတ္ျခည္းဆိုသလိုပင္ ဆရာဝန္အားလုံး ေဆး႐ုံကုတင္ေပၚ လွည့္ၾကည့္လိုက္ၾကရာ ။

သူတို႔ျမင္လိုက္ရသည္မွာ…

“ေသေတာ့မည္” ဟု ေျပာထားခဲ့သည့္ထိုေယာက်ာ္းသည္ တျဖည္းျဖည္းခ်င္း မ်က္လႊာတို႔ပြင့္လာေခ်သည္ ။ သူ၏အၾကည့္သည္ ေသခါနီးလူတစ္ေယာက္ကဲ့သို႔ အသက္မဲ့ေနျခင္းမရွိသလို ေဖ်ာ့ေတာ့ေနျခင္းလည္းမရွိ ။ ၾကည္လင္ၿပီး ႐ႊန္းပလို႔ေနသည္ ။

“စီ…သခင္ေလး စီ…”

တစ္ခ်ိန္တည္းမွာပင္ ဆရာဝန္အားလုံးသည္ ေမာ္နီတာအား ၾကည့္လိုက္မိၾကရာ အံ့ၾသမင္သက္သြားၾက၏ ။
ေမာ္နီတာတြင္ ျပေနသည္ကား… စီရီဟန္၏ေသေစႏိုင္ေလာက္သည့္လကၡဏာတို႔ အားလုံးသည္ စတင္ျပန္လည္ေကာင္းမြန္လာေနေပၿပီ…

ေဆး႐ုံကုတင္ေပၚတြင္၊ စီရီဟန္သည္ အလြန္႔အလြန္ရွည္လ်ားသည့္ လမ္းမႀကီးတစ္ခုေပၚ ေလွ်ာက္လွမ္းေနခဲ့ရသလို ခံစားေနရ၏ ။
သူ ႏိုးလာၿပီးသည့္ေနာက္ တစ္ကိုယ္လုံးသည္ ဘယ္တုန္းကမွ
ဒီေလာက္ထိေနလို႔ထိုင္လို႔ မေကာင္းခဲ့ဖူးေပ ။

အၾကည့္တို႔ တျဖည္းျဖည္းခ်င္း ျဖန္႔ဝဲလာသည္မွာ ေနာက္ဆုံးတြင္ ျပတင္းေပါက္အျပင္ဘက္က သစ္႐ြက္တို႔အၾကားကေန တိုးဝင္လာေနသည့္ေနေရာင္ျခည္တို႔တြင္ ရပ္တန္႔သြား၏…

ဤလမ္းမႀကီး၏အဆုံးသတ္သည္ သူ႔အဆုံးသတ္ျဖစ္သည္ ဟု ေတြးထင္ထားခဲ့၏ ။
သို႔ေသာ္ သူ မေမွ်ာ္လင့္ထားခဲ့သည္မွာ…

သူ မေသေသးပါလား…

ဝမ္ဝမ္ ေရာ…အားလုံးကို ႀကိဳတင္ၿပီးေတာ့ စီစဥ္ထားခဲ့ၿပီးၿပီ…

ဒီအခ်ိန္မွာ…သူမ ထြက္သြားေလာက္ပါၿပီေလ…

ဆရာဝန္တို႔ ေယာက္ယတ္ခတ္ကုန္ၾကသည္ ။
“ျမန္-ျမန္-ျမန္-ျမန္ျမန္ေလး…အႀကီးအကဲေတြကို သြားေျပာၾက…”

….

အခန္းအျပင္ဘက္တြင္ စီရီဟန္ကို သၿဂိၤုလ္ဖို႔ရာအတြက္ သၿဂိၤုလ္ခန္းမ သြားျပင္ဆင္သည့္ စီမင္းလိသည္ အျမန္ျပန္ေရာက္ခ်လာၿပီး စီမင္း႐ုန္အား ေျပာေနသည္ ။
“အစ္ကို ၂…အကုန္လုံး ျပင္ထားၿပီးၿပီ ။
အကုန္ အဆင္သင့္ပဲ”

စီမင္း႐ုန္သည္ စိတ္ေလးလံစြာျဖင့္ ေခါင္းညိတ္လာသည္ ။
“ေကာင္းၿပီ…”

ေဆး႐ုံခန္းထဲကေန ဆူဆူညံညံအသံတို႔ ေပၚထြက္လာဟန္ တူ၏ ။ ထို႔ေနာက္ တံခါးသည္ တြန္းပြင့္လာၿပီး ဆရာဝန္တို႔ ေဝါခနဲ ထြက္ခ်လာၾကသည္ ။

သၿဂိဳလ္ဖို႔ကိစၥ အသင့္ျပင္ထားၾကေတာ့ဖို႔ သူတို႔အား ေျပာထားခဲ့သည့္ အထူးကုဆရာဝန္ႀကီးသည္ ေခါင္းငိုက္စိုက္က်လ်က္ ထြက္လာသည္ကို ျမင္လိုက္ရသည့္အခ်ိန္
မ်က္ႏွာထက္တြင္ ေခြၽးေအးတို႔စပ်ံလာရေတာ့ၿပီ ။

ထိုအထူးကုဆရာဝန္၏အမူအရာကို ျမင္လိုက္ၾကသည့္အခ်ိန္ အားလုံး၏ရင္ထဲ ေလးလံတင္းဆို႔သြားၾကသည္ ။

သခင္ႀကီးမ်ား…ကြယ္လြန္သြားၿပီလား…

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၁၈ ။  ေသၿပီ

႐ႊီရီ၏ကိုယ္မွာ အနည္းငယ္တုန္ရီလာသည္ ။
“သခင္ေလး ၉…”

စီမင္း႐ုန္သည္ ဝမ္းနည္းပန္းနည္းျဖစ္လာဟန္ ေပၚသည္ ။
“သခင္ႀကီးက ကြၽန္ေတာ္တို႔အတြက္ စကားခ်န္ထားခဲ့တာ ရွိလား…”

စီရီဟန္သည္ ႐ုတ္တရက္ႀကီး ဗုံးဗုံးလဲသြားခဲ့ျခင္းျဖစ္၍
စကားတစ္ခြန္းမွ ခ်န္ထားခဲ့ႏိုင္မည္မဟုတ္ပါေခ် ။

ဝမ္းပန္းတနည္းျဖစ္လာမိခ်ိန္ စီမင္းလိသည္ စီမင္း႐ုန္၏ပုခုံးအား ခပ္ဖြဖြပုတ္ေပးလာသည္ ။
“အစ္ကို ၂…စိတ္ကိုေျဖသိမ့္ပါဗ်ာ ။ သခင္ႀကီးက အခုထိ အသက္ရွင္လာႏိုင္ခဲ့တာပဲ ေတာ္ေတာ္ႀကီးကံေကာင္းေန ပါၿပီ…
စီ မိသားစုမွာ ကြၽန္ေတာ္တို႔ေတြ ရွိေနပါေသးတယ္…”

ဆရာဝန္ႀကီးသည္ သူ႔စကားကို ၾကားလိုက္သည့္အခါ ပိုလို႔ပင္ ႐ုပ္အဆိုးႀကီးဆိုးလာေတာ့သည္ ။ ေဖာ္ျပလို႔မရႏိုင္သည့္အမူအရာျဖင့္ စီမင္းလိအား တစ္ခ်က္ၾကည့္လိုက္ၿပီး ေခ်ာင္းအသာဟမ့္လာကာ ။
“စီ သခင္ႀကီး ႏိုးလာပါၿပီ”

႐ုတ္တရက္ဆိုသလို အေပ်ာ္ႀကီးေပ်ာ္သြားသည့္ စီမင္း႐ုန္ ။
“ဘာေျပာလိုက္တယ္…ႏိုးလာၿပီ ဟုတ္လား”

“ဟုတ္ပါတယ္၊ စီ သခင္ႀကီးက...”

ဆရာဝန္ခမ်ာ စကားဆုံးေအာင္ပင္ မေျပာလိုက္ရေပ ။ စီမင္းလိသည္ အံ့အားသင့္မိသြားၿပီး မေသခင္ ခနတာသတိလည္လာျခင္းသာ ျဖစ္သည္ဟု ေတြးထင္သြား၏ ။ ျမန္ျမန္သြက္သြက္ပင္ ဆရာဝန္အား ျဖတ္ေျပာလာသည္ ။  “ဒါဆို အထဲဝင္ရေအာင္။ အစ္မ ႏိုးလာၿပီလား သြားၾကည့္ၾက၊ ႏိုးလာၿပီဆို တစ္ခါတည္း ေခၚလာခဲ့ၾက…ျမန္ျမန္ေလး ။ မဟုတ္လို႔ရွိရင္ သူ႔ရဲ႕ေနာက္ဆုံး ထြက္သက္ကို မမွီလိုက္ဘဲေနလိမ့္ မယ္…”

“ဟုတ္ကဲ့”

အနားတြင္ရွိေနသည့္ကိုယ္ရံေတာ္တို႔သည္ အျမန္အဆန္ပင္ သခင္မႀကီးအား သြားေခၚၾကေလၿပီ ။

ဆရာဝန္ ။  “…”

ထားလိုက္ေတာ့ ၊ သူတို႔ ဝင္သြားရင္ သိသြားၾကမွာပဲဟာ…

သို႔ျဖင့္ အႀကီးအကဲအဖြဲ႕သည္ ဆရာဝန္ေနာက္က ကေသာကေမ်ာ လိုက္ပါသြားၾကၿပီး အခန္းထဲ ဝင္သြားၾကသည္ ။

စီမင္းလိသည္ စိတ္ကိုျပင္ဆင္ထားၿပီးေခ်ၿပီ ။ သူ အထဲကို ေျခခ်လိုက္သည္ႏွင့္ မ်က္လုံးတို႔မွာ နီရဲခ်ိတ္လာၿပီး ေဆး႐ုံကုတင္ဆီ ျမားတစ္စင္းအလားႏွယ္ ေျပးဝင္သြားကာ ၾကမ္းေပၚ ဒူးေထာက္ခ်လိုက္ရင္း ။

“သခင္ႀကီး…သခင္ႀကီး…အီးဟီးဟီး - ကြၽန္ေတာ္တို႔အတြက္ မစိုးရိမ္ပါနဲ႔…” သြားမွာရွိသြားပါ….

ေနာက္တစ္စကၠန္႔ ငိုေနရာလမ္းတစ္ဝက္အေရာက္တြင္ ထိုငိုႀကီးခ်က္မ အမူအရာသည္ မ်က္ႏွာထက္တြင္ ေရခဲလို ေအးစက္ေတာင့္တင္းသြားရ၏ ။

သူ ျမင္လိုက္ရသည္မွာ ေဆး႐ုံကုတင္ေပၚတြင္ ဘယ္သူမွ လွဲမေန ။
သူ႔အေရွ႕တြင္ ေျဖာင့္စင္းရွည္လ်ားသည့္ေျခတံတစ္စုံ ရွိေန၏ ။

စီမင္းလိ၏ေနာက္ေက်ာ ေတာင့္ခဲသြားၿပီး ဘယ္တုန္းကမွ မခံစားဖူးသည့္ ေၾကာက္႐ြံ႕ျခင္းတို႔ကို ခံစားမိလာကာ တျဖည္းျဖည္းခ်င္း ေမာ့ၾကည့္လိုက္ခ်ိန္….

“ဦးေလး ၄ က ဘာလို႔အဲ့ေလာက္ႀကီး ဝမ္းနည္းေနရတာလဲ”

စီရီဟန္သည္ အက်ီလၤက္ကို ခါခပ္လိုက္ရင္း သူ႔ေျခေထာက္ရင္းတြင္ ရွိေနသည့္ စီမင္းလိ အား ငုံ႔ၾကည့္လာသည္ ။

အိပ္ရာေပၚတြင္ လွဲေနရမည့္ စီရီဟန္သည္ ေဆး႐ုံဝတ္စုံကို လဲထားၿပီးေနၿပီး ရီဝမ္ဝမ္ ခ်ဳပ္ေပးထားသည့္ဝတ္စုံကို ဝတ္ထားသည္ ။ သူ႔ရင္ဘတ္အိပ္ကပ္ တြင္ အနက္ေရာင္ႏွင္းဆီတစ္ပြင့္ပုံပင္ ထိုးထားၿပီး သူ၏ေခ်ာေမာလွသည့္ မ်က္ႏွာမွာ ပိုလို႔ပင္ ရႈမၿငီးဖြယ္ေကာင္းလာေခ် သည္ ။

ထိုအခိုက္အတန္႔၊ သူသည္ ျပတင္းေပါက္က အလင္းေရာင္ကို ကာရပ္ထားၿပီး သူ႔ရဲ႕အက်ီတို႔ကို ေသသပ္ေအာင္ခါထုတ္ေနသည္ ။
သူသည္ကား ေသေတာ့မည့္သူႏွင့္ လားလားမွ်မတူ ။
အၾကည့္တို႔သည္ကား ေအးခဲမႈတို႔ျဖင့္ ျဖာထြက္ေနသည္…

“အား သရဲ --” 

စီမင္းလိ၏မ်က္လုံးတို႔ က်ဥ္းက်ဳံ႕သြားသည္ ။ ေၾကာက္လြန္းမက ေၾကာက္လန္႔သြားၿပီး သရဲတစ္ေကာင္ကို ျမင္လိုက္ေတြ႕လိုက္ရသည့္အလားႏွယ္ ေနာက္သို႔ေျခႏွစ္လွမ္း ဆုတ္သြားရင္း ။ 
“မင္း…မင္း-မင္း…”

စီမင္းလိ သာလွ်င္မဟုတ္ ။ စီမင္း႐ုန္ႏွင့္ တျခားသူတို႔ သည္လည္း သရဲစစ္စစ္ကို ျမင္လိုက္ရသကဲ့သို႔ လုံးဝအတိေၾကာင္အမ္းမင္သက္ သြားၾကျခင္းပင္ ။

သို႔ျဖစ္သျဖင့္ စုန္႔ပိုင္ေခ်ာင္က ရွင္းျပလာသည္ ။
“ဂုဏ္ယူပါတယ္ဗ်ာ…ဂုဏ္ယူပါတယ္ ။
သခင္ေလး ၉ က အခု က်န္းမာေရး ေကာင္းသြားပါၿပီ ။ အေစာနက သူ အန္ထုတ္လိုက္တဲ့ ေသြးေတြက သူ႔ကိုယ္ထဲမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေအာင္းေနခဲ့တဲ့ ေသြးပုပ္ေတြပါ ။ တခနေလာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားခဲ့ေတာ့ ခႏၶာကိုယ္က သူ႔အလိုလို ကုစားသြားတာပါ”

စီမင္း႐ုန္သည္ တည္ၿငိမ္မႈရဖို႔ရာ အခ်ိန္တစ္ခနေလာက္ ယူလိုက္ရၿပီးမွ ျပန္ေျပာလာသည္ ။
“ဒါဆို…သခင္ႀကီးရဲ႕က်န္းမာေရးက…အခုခ်ိန္မွာ အသက္အႏၲရာယ္ ရွိေနေသးတုန္းပဲလား”

စုန႔္ပိုင္ေခ်ာင္က ရယ္ေမာလာသည္ ။
“သခင္ေလး ၉ ရဲ႕ေနမေကာင္းျဖစ္တာက လုံးဝအရွင္းႀကီး သက္သာသြားတာ မဟုတ္ေသးဘူးဆိုေပမယ့္ သူ႔ရဲ႕အေျခအေနက တည္ၿငိမ္ေနပါၿပီ ။ ဆက္ၿပီးေတာ့ က်န္းမာေရးကို ဂ႐ုစိုက္ေနသေ႐ြ႕ အရွင္းေပ်ာက္ကင္းသြားဖို႔ ဆိုတာက အခ်ိန္တစ္ခုပဲလိုေတာ့တာပါ”

“ဒါေတြအားလုံးက အခုတေလာ ရီဝမ္ဝမ္ရဲ႕ အားသြန္ခြန္စိုက္ ဂ႐ုစိုက္မႈေတြေၾကာင့္ပါ ။ သခင္ေလး ၉ ရဲ႕ဆရာဝန္ တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို ရွက္မိပါ တယ္ ။ ခင္ဗ်ားတို႔အားလုံး သူမကို ေကာင္းေကာင္းႀကီး ေက်းဇူးတင္သင့္တယ္”

စုန္႔ပိုင္ေခ်ာင္ ေျပာသည္ကို ၾကားလိုက္ရၿပီးေနာက္ စီမင္းလိသည္ မယုံၾကည္ႏိုင္စြာျဖင့္ ပါးစပ္အေဟာင္းသားျဖစ္သြားသည္ ။
သူကား လုံးဝအတိကို ေၾကာင္အမ္းေနေခ်ၿပီ ။

ေစာနကပဲ ေသေတာ့မလိုျဖစ္ေနခဲ့တဲ့ စီရီဟန္က ဘယ္လိုလုပ္ၿပီးေတာ့ ခ်က္ခ်င္းႀကီး သန္သန္မာမာနဲ႔ အင္ျပည့္အားျပည့္ရွိလာရတာလဲ ။

ငါ…ငါ အဲ့ဒီက်က္သတုံးမကို အက်ဥ္းေထာင္ထဲ ပို႔ပစ္လိုက္ၿပီ ။

ေသၿပီ…ငါေတာ့ ေသၿပီ…

ျမန္ျမန္ေလး၊ အဲ့ဒီမိန္းမကို အဲ့ဒီကေန ျမန္ျမန္ေလးထုတ္လိုက္ၾကစမ္း ။

………………………………………………………ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၅ တစ္ခုလုံးကို တစ္ခါတည္း အၿပီးဖတ္လိုပါက ၅၀၀ က်ပ္ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  35
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၅၊ အခန်း ၁၃ ။  အသုံးမကျဘူး

စီရှားသည် ရီဝမ်ဝမ် သူမကိုယ်တိုင် အရာရာကို ကွဲကွဲပြားပြားမြင်လာ သည်အထိ အချိန်အကြာကြီး ဘေးကနေ စောင့်နေခဲ့ခြင်းဖြစ်သည် ။
သို့သော် သူ မမျှော်လင့်ထားမိလောက်အောင်
သူမက လမ်းမှားပေါ် ဇွတ်တိုးသွားနေချေသည် ။

စီရှား သူမအား ခပ်ထန်ထန်သတိပေးလိုက်၏ ။
“ချင်းရူရှီရဲ့လူတွေအကြောင်းက ထားပါဦး ။ မင်းက စီရိကျဲ့ရဲ့ခြေထောက် တစ်ဖက်ကို ရိုက်ချိုးထားခဲ့တာ ။ စီမင်းလိက မင်းအသက်ကို လိုချင်နေ မှာပဲ။ မင်း ထွက်သွားချင်ရင်တောင်မှ ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး”

ရီဝမ်ဝမ် စားပွဲပေါ်ကပစ္စည်းတို့အား တစ်ချက်ကြည့်လိုက်သည် ။
စီရှားသည် စီရီဟန် တစ်ခုခုဖြစ်သွားလျှင်ဖြစ်သွားချင်း ဒါတွေကို လာပို့ပေးခြင်းဖြစ်လေရာ ကြိုတင်ပြင်ဆင်ထားခြင်းသာ ဖြစ်ရမည် ။

အဓိပ္ပာယ်မှာ သူသည် ဤအခြင်းအရာအတွက် အမြဲပြင်ဆင်ထားနေခြင်းဟုပင်…

သူမလို ဆေးပညာအသိမရှိသည့် လူတစ်ယောက်သည် စီရီဟန်အား ကုသပေးနိုင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်ပါချေ - စီမင်းလိနှင့် ဖန်ယီပင်းတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသလို
စီရှားသည်လည်း ထို့အတူပင် ။

“ကျေးဇူး…တူလေး ။ နင် ဒီလောက်ထိ ငါ့အပေါ် ကောင်းမယ်လို့ မထင်ထားမိခဲ့ဘူး…”

ရီဝမ်ဝမ်သည် ပြုံးပြလိုက်၏ ။ ထို့နောက်
အပြုံးသည် ပြယ်လွင့်သွားပြီး ထူးမခြားနားသည့်အမူအရာကို ဆောင်လိုက်ကာ ။  “နင် ဒီလိုလုပ်စရာ မလိုဘူး”

စီရှား ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည် ။
“ရီဝမ်ဝမ်…မင်း ရူးနေလား”

ရီဝမ်ဝမ်သည် ဟတ်ခနဲ ရယ်ချလာသည် ။
“ဒေါသမထွက်ပါနဲ့။ နင် ဒေါသထွက်ရင် မလှဘဲ နေလိမ့်မယ်”

ဤရင်းနှီးကျွမ်းဝင်နေသည့်စကားလုံးကို ကြားလိုက်ရသဖြင့်…
စီရှား အသိဉာဏ်တို့ ေ၀ဝါးသွားတော့၏…

သူမအသံသည် သူမ၏အေးဆေးတည်ငြိမ်နေခြင်းကြောင့် ဒေါသထွက်နေသည့် စီရှား အား ကလေးတစ်ယောက်ကို ချောမြှူနေသည့်ဟန် ဖြစ်နေသည်မဟုတ်ပါလား ။

“အဲ့ဒီလူက မင်းရဲ့တည်ရှိမှုကို ဖျက်ပစ်ပြီး မင်းကို အကျဉ်းချပြီးတော့ သူ့အနားမှာ ခေါ်ထားချင်နေတယ် ဆိုရင်တောင်မှ - အဲ့ဒါက သူ မင်းကို တကယ်ချစ်လို့လို့ ထင်နေတာလား ။ မင်းရဲ့မိုက်ရူးရဲဆန်မှုကြောင့် တနေ့ကျရင် မင်း သေရလိမ့်မယ်ကွ”

ရီဝမ်ဝမ်သည် တခစ်ခစ်ရယ်လာသည် ။
“အင်း…သေလိုက်တာက ပိုမကောင်းဘူးလား ။ အဲ့ဒီလို လျှောက်လုပ်လိုက်တာက ခါးသက်တဲ့အကျိုးဆက်ကို ဖြစ်စေနိုင်တယ်…”

ဒါပေမယ့်…ငါ့ရဲ့တည်ရှိမှုကို ဖျက်ပစ်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ။

“မင်း…” စီရှားသည် စားပွဲအား ဘုန်းခနဲရိုက်ချပစ်သည် ။

သူတို့နှစ်ဦးသား တိတ်ကျသွားမိပြီး လေထုသည် ပြန်လည်ငြိမ်သက် သွားသည် ။

ရုတ်တရက်၊ စီရှားက မတ်တပ်ထရပ်လိုက်ပြီး
လျှပ်စီးကဲ့သို့မြန်ဆန်သည့် အမြန်နှုန်းဖြင့် သူမထံ ပြေးဝင်လာပြီး တိုက်ခိုက်လာပြီ…

ရီဝမ်ဝမ်သည် စိတ်တို့ထွေပြားနေသော်လည်း သူမ၏ခန္ဓာကိုယ်သည် ကတော့ အလိုလိုတုံ့ပြန်လာကာ
သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းပစ်လိုက်သည် ။

အခုနေသာ သူ့ရဲ့ထိုးချက်ကို ခံလိုက်ရပါလျှင်
သူမ သတိမေ့သွားပေလိမ့်မည်ပင်…

အဓိပ္ပာယ်မရှိချေသည်တကား -
သူသည် သူမအား သတိမေ့အောင်လုပ်ပြီး အတင်းခေါ်ထုတ်သွားချင်သည်တဲ့လား ။

ရီဝမ်ဝမ် မတုံ့ပြန်နိုင်ခင် စီရှားက ဆက်တိုက်ခိုက်လာသည် ။ မကြာခင်ပင် နှစ်ယောက်သားသည် အကွက်တစ်ရာကျော်အောင် ဖလှယ်ပြီးသွားခဲ့ပြီး ရီဝမ်ဝမ် အတော်လေးအံ့သြသွားရ၏ - စီရှားသည် ဒီလောက်ထိ သိုင်းတော်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိဖူးပေ…

အဆုံးသတ်တွင်၊ နှစ်ယောက်စလုံး ရပ်လိုက်ကြသည်…

စီရှားက အကျီၤကော်လံကို ဆွဲဆန့်လိုက်၏ ။
သူမအား မှောင်မိုက်စွာ စိုက်ကြည့်နေပြီး၊
နောက် ရှုံ့ချပြောဆိုလာသည် ။
“ဟားဟား…အကွက်တစ်ရာ ။ အကွက်တစ်ရာရှိတာတောင် မင်း ငါ့ကို ထိအောင်မတိုက်နိုင်ဘူး - အသုံးမကျဘူး”

ထို့နောက် စီရှားသည် စားပွဲပေါ်က ပစ္စည်းတို့ကို သူမလက်ထဲ အတင်းထိုးထည့်ပေးလိုက်ပြီး ပြေးထွက်သွားသည် ။
“မင်း သေသေချာချာ စဉ်းစားထားတာ ပိုကောင်းမယ်”

ရီဝမ်ဝမ်သည် သူမလက်ထဲက ပစ္စည်းတို့ကို ကြည့်လိုက်၊ ထွက်သွားသည့် စီရှားအား ကြည့်လိုက်ဖြင့် ။ အလွန်အမင်းကို စိတ်ရှုပ်ထွေးနေသည် ။

စီရှားသည် အလွန်ပင် သိုင်းတော်ချေသည် ။ သူမအနေဖြင့် သူ့ဆီက သိုင်းကွက် ၁၀၀ ကို တောင့်ခံနိုင်လေရာ ဤသည်မှာ အလွန်တော်နေပြီဟု ယူဆ၍ရနိုင်နေပြီ မဟုတ်ပါလား…

စီ မိသားစု၏အနက်ရောင်အဖွဲ့ကိုယ်ရံတော်အားလုံး သည်ပင်လျှင် သူမ၏အစွမ်းအစကို သိသွားကြပြီး သည့်နောက် ပါးစပ်အဟောင်းသား ဖြစ်ကုန်ခဲ့ကြသည်၊
သို့သော် စီရှားကတော့ သူမအား အသုံးမကျဘူးဟု ပြောနေလေသည် ။

ဒီကလေးရဲ့ခံယူထားမှုက ဘယ်လိုကြီးလဲ ။

ညဉ့်သည် နက်ရှိုင်းလာချေပြီ ။
ရီဝမ်ဝမ် ကျင်း ဥယျာဉ်သို့ ပြန်သွားလိုက်သည် ။

ကြီးမားလှသည့်ဥယျာဉ်ကြီးထဲတွင် အသံတစ်သံပင် မရှိ ။ တိတ်ဆိတ်ငြိမ်သက်နေမှုတို့သာ ကြီးစိုးနေလျက် ။

ရီဝမ်ဝမ်သည် စီရီဟန်၏အခန်းဆီသို့လျှောက်သွားလိုက်ပြီး အဝတ်အစား လဲလိုက်သည် ။ ထို့နောက်
စီရှား ပြင်ဆင်ထားခဲ့သည့်အရာတို့အား ယူလိုက်ပြီး ဝရံတာတွင် ထွက်ထိုင်လိုက်သည် ။

စီရှားသည် သူမအတွက် လိုအပ်သည့်အရာအားလုံးကို ပြင်ဆင်ထားခဲ့သည် - မှတ်ပုံတင်အသစ်၊ လိပ်စာအသစ် နှင့် ဟိုဘက်ရောက်သွားလျှင် သူမအား လာကြိုမည့်သူရောပါ အဆင်သင့်…

သူမသာ တကယ်ထွက်သွားလိုက်လျှင် အစကနေ ပြန်စတင်ရတော့မည် ။

သူမ ပြန်လည်မမွေးဖွားလာစဉ်ကဆိုပါလျှင် သူမ၏လွတ်လပ်မှုကို ရရှိနိုင်သည့် ဤရခဲလှသည့် အခွင့်အရေးကြောင့် သူမ အပျော်ကြီးပျော်မိသွားပေမည် ။

သို့သော် အခုချိန်တွင်တော့ သူမသည် တစ်ယောက်တည်း မဟုတ်တော့ပါချေ ။ သူမထံတွင် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတို့နှင့် အသိအကျွမ်းတို့ အများကြီး ရှိနေလေပြီ….

နောက်ဆုံးတွင် မီးခြစ်တစ်လုံးကို ခြစ်ခနဲ ခြစ်လိုက်ပြီး ထိုပစ္စည်းတို့မှာ ညထုထဲတွင် လောင်ကျွမ်းသွားပြီး ပြာအဖြစ် အသွင်ပြောင်းသွားတော့ပြီ…

……………………………………………………

စာစဉ် ၃၅၊ အခန်း ၁၄ ။  အကျိုးဆက်

ဤညအဖို့ အိပ်ရေးပျက်သည့်ညဟု ဆိုရပေမည် ။

နှင်းဆီအိမ်တော်လေးတွင် ငါးယောက်သောကြေးစား
အဖွဲ့သည် စိုးရိမ်ပူပန်လျက် ဝိုင်းဖွဲ့ကာ တတွတ်တွတ် ပြောနေကြသည် ။

“အင်း…စီရီဟန် က နေမကောင်းဖြစ်ပြီး သေတော့မှာလား ။ ငါတို့သခင်မတော့ ဝမ်းနည်းနေမှာပဲ….”

“အဲ့လို မဟုတ်သေးဘူး - သခင်မက သူ့အပေါ် ခံစားချက်ရှိနေတယ် ဆိုပေမယ့် ဒီအချောလေး သေသွားခဲ့ရင်တောင်မှ နောက်ထပ်အချောအလှတွေ သန်းချီအောင် ရှိနေသေးတာပဲဟာ”

“အဓိကအချက်က စီရီဟန် သေသွားခဲ့ရင် ငါတို့တွေ နေရာပြောင်းရတော့မှာမလား ။
သခင်မက သူ့ကြောင့်သာ ဒီမှာ နေနေတာလေ…”

“ဖြစ်နိုင်တယ်…အာ…ငါ ဒီနေရာကို တကယ်မခွဲချင်ဘူး -
ငါ စိုက်ထားတဲ့ ပန်းခင်းတွေကို ကြည့်ပါဦး ။ အရမ်းကို စိတ်ချမ်းချမ်းသာသာနေလာရတာ ကြာပြီ…”

“ကျောက်ကျောက်လည်းပဲ မသွားချင်ဘူး…”

….

ချင်း အိမ်တော်တွင် ။

ချင်းရူရှီ၏အဖေ၊ ချင်းဖုန်းသည် ညတွင်းချင်း နိုင်ငံခြားကနေ အမြန်ပြန်ရောက်လာသည် ။

“အဖေ”

“အခု အခြေအနေဘယ်လိုလဲ”

“အခုတော့ ဘာသတင်းမှ မကြားရသေးဘူး ။ ဒါမေပယ့် လက်ရှိအခြေအနေကို ကြည့်ရတာတော့ အခြေအနေ မကောင်းဘူး… အရင်တုန်းက စီရီဟန် ခြောက်လပဲ ခံမယ်လို့ စုန့်ပိုင်ချောင် ခန့်မှန်းထားပြီးသားပါ ။
အခုတော့ သူ့အဆုံးသတ်ကို ရောက်သွားပြီ ထင်တယ် ။ ကျွန်မတို့တွေ့ခဲ့ကြတဲ့ ကျန်းမာရေးတိုးတက်လာတယ် ဆိုတာက နေမဝင်ခင်နောက်ဆုံးရောင်ခြည်ထွက်လာတာပဲ ဖြစ်လိမ့်မယ်…”

“အဟတ်…အဲ့ဒီကောင်က ကန်းလွန်းအားကြီးတယ် ။ သူသာ သမီးကို ရွေးခဲ့မယ်ဆိုရင် နှစ်နည်းနည်းလောက် ပိုနေရမှာ ။ အခုတော့ အားလုံး မသေချာသေးခင် ဘာမှ မလှုပ်ရှားနဲ့ဦး ။ သမီးအတွက် အဲ့ဒီမိန်းမကို ကိုင်တွယ်မယ့်သူတွေ အများကြီးရှိတယ်”
ချင်းဖုန်းက မာထန်ထန်ဖြင့် ပြောသည် ။

“ဟုတ်ကဲ့ အဖေ”

ချင်းရူရှီ၏မျက်လုံးတို့သည် ရေခဲအလား အေးစက်နေသည် ။

ငါ သူ့ကို မရနိုင်ဘူးဆိုမှတော့…ဖျက်စီးပစ်ရုံပဲပေါ့…

…..

နောက်တစ်နေ့၊ ပေကျင်း ဆေးရုံ ။

အကြီးအကဲအားလုံးသည် အခန်းအပြင်ဘက်တွင် စိုးရိမ်စိတ်ပူစွာဖြင့် ဆေးစစ်ချက်အဖြေကို စောင့်နေကြသည် ။

စီမင်းလိက ဝေ့ဝိုက်ကြည့်လာပြီး
ရည်ရွယ်ချက်ရှိရှိ မေးလာသည် ။
“အဲ့ဒီမိန်းမ ဘယ်ရောက်သွားပြီလဲ”

ဖန်ယီပင်းက မထေ့တထေ့ပြောလာသည် ။
“ဘယ်သိမှာလဲ ။ မနေ့ညကတည်းက မမြင်တော့တာ ။ အပြစ်ပေးခံရမှာ ကြောက်ပြီး မြို့ထဲကနေ လစ်သွားတာများ ဖြစ်နိုင်မလား”

“ဟာ…ငါတို့တွေ မနေ့က ပြန်မလွှတ်လိုက်သင့်တာ”

အကြီးအကဲတို့သည် ဒေါသတအုံအုံဖြစ်လာကြစဉ် လာလမ်းတစ်လျှောက်ကနေ ခြေလှမ်းသံတို့ကို ကြားလိုက်ရသည် ။

ဖြူရော်နေသည့် ချင်းရူရှီနှင့် စာသော် ၊ ရီဝမ်ဝမ်သည် ရဲတောက်နေသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်လိမ်းခြယ်ထားသည် ။
ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟုတွေးထင်ပြီး အပြစ်ပေးခံရမည်ကို စိုးကြောက်နေသည်ကို ထားဘိဦး ။ သူတို့တွေးထင်နေကြသကဲ့သို့ နည်းနည်းလေးမျှပင် ကြောက်ရွံ့တုန်လှုပ်ခြင်း ရှိမနေ ။
ဖြည်းဖြည်းဆေးဆေးသာ လျှောက်လှမ်းလာနေသည် ။

ရီဝမ်ဝမ်၏အပြုအမူကို မြင်လိုက်ရသဖြင့်
ဖန်ယီပင်းက ရွံရှာသည့်အကြည့်တစ်ခု ထုတ်ပြလာသည် ။
“သခင်ကြီးက သေမလားရှင်မလား မသိရဘူး ။ ဒါကိုတောင်မှ ဒီလိုမျိုး တောက်ပနေတဲ့အဝတ်အစားတွေ ဝတ်ပြီး ပေါ်ချလာရဲသေးတယ် ။ ဘယ်လိုတောင် ကျက်သရေမဲ့လိုက်သလဲ”

အခုထိ စကားတစ်ခွန်းမှ ပြောခြင်းမရှိသေးသည့် စီမင်းရုန်သည် ရီဝမ်ဝမ်အား ကြည့်လိုက်ပြီး မျက်နှာပျက်ယွင်းလာသည် ။
သူ ပြောတော့မည်အပြု၊ စုန့်ပိုင်ချောင်နှင့်တခြားဆရာများ အဖွဲ့သည် အခန်းအပြင် ထွက်လာကြသည် ။

စီမင်းရုန် ။  “ဒေါက်တာ…အခြေအနေဘယ်လိုရှိလဲ”

လူတိုင်း အမြန်ပင် ရှေ့တက်သွားကြသည် ။
စီမင်းလိသည်ပင် ရီဝမ်ဝမ်အား ဂရုမစိုက်အားတော့ ။
သူ့မျက်နှာထက်တွင် သိချင်စိတ်တို့ ပေါ်လွင်နေလျက်
စုန့်ပိုင်ချောင်အား စိုက်ကြည့်နေသည် ။

“လူနာက အခုချိန်မှာ ကိုမာဝင်နေတယ် ။ အသက်ရှူတာက အရမ်းနှေးနေပြီး အခြေအနေကတော့ သိပ်မကောင်းဘူး ။ အကြောင်းရင်းကို ကျွန်တော်တို့ ရှာဖွေနေတုန်းပါ.. အဆိုးဆုံးအတွက် ပြင်ထားပြီးတော့… လုပ်စရာရှိတာ လုပ်ထားကြပါတော့…” ဆရာဝန်ထဲကတစ်ယောက်သည် လက်မှိုင်ချထားသည့်အမူအရာဖြင့် ဆိုလာသည် ။

“ဒါက…”

ဤသည်မှာ သေဖို့အတွက် ပြင်ဆင်ထားတော့ဟု
သေမိန့်ချလိုက်သည်ပင် မဟုတ်ပါလား ။

ဤသည်ကို ကြားလိုက်သည့်အခိုက်
လူတိုင်း ပေါက်ကွဲကုန်ကြသည် ။

စီမင်းလိက ချက်ချင်းပင် ဟိန်းဟောက်လာသည် ။
“ကိုယ်ရံတော်တွေ…အဲ့ဒီမိန်းမကို ဖမ်းလိုက်ကြစမ်း ။
သူမကို အကျဉ်းချထား - ငါကိုယ်တိုင် စစ်မေးမယ်”

ရုတ်တရက် ၊ အရပ်ရှည်မောင်းပြီး ရက်စက်ပုံရသည့် ကိုယ်ရံတော်နှစ်ယောက်  ရီဝမ်ဝမ်ဆီ လျှောက်လာကြသည် ။

မျက်နှာထက်တွင် နွေးထွေးမှုတစိုးတစိလေးပင် ရှိမနေဘဲ
စီမင်းလိအား ကြည့်နေရင်း ရီဝမ်ဝမ် ပြောလိုက်သည် ။
“စီ မင်း လိ…”

စီမင်းလိ၏မျက်ခုံးတို့ ပင့်တက်သွားသည် ။
“ဘာလဲ…ငါတို့ရဲ့အိမ်တော်အရှင်မလောင်းက တစ်ခုခုများ ပြောချင်လို့လား”

ဗလာဟင်းကျင်းနေသည့်အမူအရာဖြင့်
ရီဝမ်ဝမ် ပြန်ဖြေလာသည် ။
“သခင်ကြီးရဲ့နောက်ဆုံးဆေးစစ်ချက်ရလဒ်က မထွက်လာ သေးဘူး ။ ဒါကိုတောင်မှ ဦးလေး ၄…ရှင်က ပုဂ္ဂိုလ်ရေး အညှိုးအတေးအတွက်နဲ့ ကောလဟလတွေထုတ်ပြီး ပါးစပ်ထဲရှိတိုင်း အမိန့်ချလိုချထုတ်လိုထုတ် နဲ့ ပိုင်စိုးပိုင်နင်းလုပ်ရဲတယ်ပေါ့လေ ။
ကျွန်မမှာ အပြစ်ကင်းတယ်လို့ သက်သေပြနိုင်ရင်
ဦးလေး ၄ ဘယ်လိုဖြစ်သွားမယ်ထင်လဲ”

စီမင်းလိသည် အကြောက်အလန့်ကင်းသူပင် ။
ချက်ချင်းဆိုသလို တဟားဟားရယ်ချလာသည် ။
“ဟားဟားဟားဟား…မင်းက အပြစ်ကင်းတယ်…။ မင်းကလေ….။ ဒီလိုအချိန်မျိုးမှာတောင်မှ လာလေကြီး နေရဲသေးတယ်…အဟတ်”

အခုချိန်မှာ စီရီဟန်ကို သေမင်းလက်ကနေ ပြန်ခေါ်နိုင်ဖို့နေနေသာသာ အိပ်ရာကနေ ထထိုင်နိုင်အောင်တောင် မလုပ်နိုင်တော့ဘဲနဲ့… ။ ဒီပြသနာထဲက လွတ်နိုင်မယ်လို့ ထင်နေသေးတယ်…ဟာသပဲ ။

စီမင်းလိက ရှုံ့ချပြောဆိုလာသည် ။
“မင်းမှာ အပြစ်ကင်းတယ်ဆိုရင် ငါ စီမင်းလိက အကျိုးဆက်ကို ခံယူမယ်”

………………………………………………………

စာစဉ် ၃၅၊ အခန်း ၁၅ ။ အပြင်ထွက်လာနိုင်ဖို့ မတောင်းပန်နဲ့

ရီဝမ်ဝမ်သည် စီမင်းရုန်နှင့်တခြားအကြီးအကဲတို့အား တစ်ချက်ကြည့် လိုက်သည် ။
“ဒုတိယ ဦးလေး နဲ့ အကြီးအကဲတွေအားလုံးလည်း ဒီမှာ ရှိနေကြတယ် ။ ရှင်တို့အားလုံး ဦးလေး ၄ ပြောသွားတာကို သက်သေခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အကြီးအကဲအားလုံးတွင် မှောင်မိုက်နေသည့်အမူအရာ၊ စက်ဆုပ်သည့် အကြည့်တို့ ရှိလာသည် ။ သူတို့သည်လည်း ရီဝမ်ဝမ်၏ပြောဆိုခြင်းကို သဘောမတွေ့ကြပါချေ ။

စီမင်းရုန်သည် အခုချိန်တွင် စီ မိသားစုတစ်စုလုံး ရှုပ်ထွေးနေသည်ကို မြင်လိုက်ရသဖြင့် နောင်တရသည်ကို ခံစားနေရသည် - သူ့အနေဖြင့် သခင်ကြီး စိတ်တိုင်းကျ လုပ်ခွင့်မပြုပေးထားခဲ့သင့်ပေ ။
သူတို့သာ စောစောစီးစီးကတည်းက ဤမိန်းမအား အရေးယူနိုင်ခဲ့ပါက
ဒီနေ့ ဒီအခြေအနေသို့ရောက်လာရလိမ့်မဟုတ်ဟု ။

ထိုအချိန်ကသာ အဂါီအစားထိုးခြင်းကို လုပ်ခဲ့ကြပါက သခင်ကြီးသည် အနည်းဆုံးတော့ နှစ်နည်းနည်းလောက် ပိုနေသွားရလိမ့်မည်ဟု…

စီမင်းလိသည် စီမင်းရုန်၏နံဘေးသို့ လျှောက်သွားလိုက်ပြီး တလေးတစားပြောလာသည် ။
“အစ်ကို ၂ … အခုချိန်မှာ အစ်မကလည်း နေမကောင်းဘူး ။ အစ်ကို ၂ ကပဲ ဆေးရုံကိစ္စတွေကို ကိုင်တွယ်ရမှာ ။ ဒီလိုကိစ္စသေးသေးလေးတွေကို ကျွန်တော်နဲ့ လွှဲထားလိုက် ။ ဒီမိန်းမကို ကျွန်တေ်ာ သေသေချာချာလေး စစ်မေးလိုက် မယ်”

စီမင်းရုန်က စီမင်းလိအား တစ်ချက်ကြည့်လိုက်သည် ။
စကားတော့ ပြောမလာ - ဤသည်က စီမင်းလိ၏ အကြံပြုချက်ကို ဆိတ်ဆိတ်နေပြီး ဝန်ခံလိုက်ခြင်းနှင့် တူပေသည် ။

စီမင်းရုန်က သဘောမတူခြင်းမရှိသဖြင့်
ရွှီချန်းကုံသည် ချက်ချင်းပင် မတ်တပ်ထရပ်လာသည် ။
“သခင်မလေး ဝမ်ဝမ် က ခွဲစိတ်ဖို့ကို သဘောမတူခဲ့ဘူး ဆိုပေမယ့်လို့ အဲ့ဒါက သခင်ကြီးရဲ့ကျန်းမာရေးအတွက်ပဲ လုပ်ခဲ့တာပါ ။ ပြီးတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားမိကြပါဘူး ။ ကျွန်တော်တို့တွေ သခင်မလေး ဝမ်ဝမ်ကို လူသတ်မှုလုပ်ပါတယ်လို့ ဘယ်လိုလုပ်စွပ်စွဲလို့ရပါ့မလဲ ။ ပြီးတော့လည်း၊ သခင်ကြီးက…”

“ရွှီ ချန်း ကုံ”

စီမင်းလိသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့အား ဖြတ်ပြောလာသည် ။

“ဒီမိန်းမက မင်းသားရဲ့အသက်ကို အရင်က ကယ်ဖူးတယ်ဆိုတာနဲ့ပဲ ဒီလိုမချေရာတဲ့စကားမျိုးကို ဘယ်လိုလုပ်ပြောထွက်တာလဲ…ဟမ်”

ရွှီချန်းကုံ ။  “ကျွန်တော်က အမှန်တရားကို ထောက်ပြရုံပါ”

“အမှန်တရားက သူမက ငါတို့သခင်ကြီးကို ဆွဲဆောင်ခဲ့ပြီး
သူ့အသက်ကို နှုတ်ယူဖို့အကွက်ချခဲ့တာပဲ ။
စီ မိသားစုထဲမှာ ပွက်လောရိုက်သွားအောင် လုပ်ခဲ့တယ် ။ ဒီမိန်းမက စီ မိသားစုအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် ထားတယ်၊ မင်းက ဘယ်လိုလုပ်ပြီးတော့ ရာဇဝတ်သား တစ်ယောက်ကို ကာကွယ်ပေးနေရတာလဲ”

“စီမင်းလိ..မင်း….”

ရီဝမ်ဝမ် ရှေ့တက်လိုက်ပြီး ဒေါသထွက်နေသည့် ရွှီချန်းကုံအား ပြန်ဆွဲထားလိုက်သည် ။ တပျစ်တောက်တောက်ပြောဆိုနေသည့် စီမင်းလိအား စိတ်ပျက်လက်ပျက် တစ်ချက်ကြည့်လိုက်ပြီး ဘွင်းဘွင်းပြောချလာသည်ကား ။
“ကျွန်မ အကျဉ်းထောင်ထဲ သွားလို့ရတယ် ။ ဒါပေမယ့် အဲ့ဒီကျရင် ဦးလေး ၄ ကျွန်မ ထွက်လာဖို့ကို တောင်းပန်ဖို့မစဉ်းစားနဲ့တော့”

“ဟားဟားဟားဟားဟား အခြေအမြစ်မရှိလိုက်တာ”
စီမင်းလိသည် အေးစက်စွာ ရှုံ့ချလာသည် ။
“မိန်းကလေး ရီ…ဒီလိုတွေ ဖြစ်နေမှတော့
ထွက်လာဖို့ကို စိတ်တောင်မကူးနဲ့”

“ဒီမိန်းမကို ခေါ်သွားကြစမ်း”

“ဟုတ်ကဲ့”

ကောင်းစွာလေ့ကျင့်သင်ကြားခံထားရပြီး တိုက်ခိုက်ရေးစွမ်းရည်မြင့်သည့် ကိုယ်ရံတော်နှစ်ယောက် သည် ရှေ့သို့တက်လာကြပြီး ရီဝမ်ဝမ်အား ခေါ်ထုတ်သွား ကြသည် ။

နောက်ဆုံးတွင်တော့ ဤမိန်းမသည် သူ့လက်ထဲ ရောက်ရှိလာပြီ ဖြစ်သဖြင့် စီမင်းလိသည် အားအရကြီးအားရကျေနပ်နေပြီး စိုးရိမ်ပူပန်ခြင်းတို့သည် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရသည် ။

ခွေးမ…စီ မိသားစုရဲ့အကျဉ်းထောင်ကနေ အသက်ရှင်ရက် ထွက်သွားဖို့မစဉ်းစားနဲ့ ။

စီရီဟန်၏လက်ရှိအခြေအနေအရ သူသည် အချိန်မရွေး ကွယ်လွန်တိမ်းပါးသွားနိုင်သဖြင့် အကြီးအကဲများအားလုံး အခန်းထဲတွင် စောင့်နေကြသည် ။ သူတို့ လုံးဝကို ထွက်သွားဝံ့ခြင်းမရှိကြပေ ။ စီမင်းလိသည် သဂြိၤုလ်မည့်ကိစ္စ အ၀၀ကိုပင် စိတ်ထက်ထက်သန်သန်ဖြင့် ကြိုကြိုတင်တင် ဆောင်ရွက်ပြီးနေချေပြီ…

စီ မိသားစု၏အကျဉ်းထောင်တွင် ။

ရီဝမ်ဝမ် အထဲဝင်လိုက်သည့်အခိုက် သူမ၏အကြောအခြင်တို့အထိ အေးစိမ့်သွားရ၏ ။ လေထဲတွင် သွေးစိမ်းရှင်ရှင်ရနံ့တို့ ရှိနေပြီး
ဖုန်ထူကာ မှိုင်းညစ်နေသည့်သံချေးနံ့တို့ ရှိနေသည် ။
ဤသည်မှာ အလွန်အမင်းသွေးပျက်ချောက်ချားဖွယ်ရာပင် ။

“အား အား အား ------” ကြောက်စရာကောင်းလှသည့်အော်သံဟစ်သံတို့ ဟိုးအတွင်းဆီကနေ ပေါ်ထွက်လာသည် ။

ရီဝမ်ဝမ်သည် ဤနေရာအကြောင်း ကြားဖူးနေသည်မှာ ကြာပေပြီ ။ ဤနေရာသည် မိသားစုကလန်အား သစ္စာဖောက်သွားကြသည့်သူအားလုံးကို ဖမ်းချုပ်ထားခြင်းဖြစ်ပြီး ရန်သူဘက်က လျို့လျို့ဝှက်ဝှက်ထည့်ထားသည့် သူလျိုတို့ကို ဖမ်းချုပ်ထားသည့်နေရာလည်း ဖြစ်သည် - စီ မိသားစု၏ ပိုင်နက်ထဲက အမှောင်အကျဆုံးသောနေရာလည်း ဖြစ်ချေသည် ။

သူမသည် ငယ်ငယ်လေးကတည်းက အလွန်တရာချူချာကာ
သွေးမြင်လျှင် လန့်တတ်သူ ဖြစ်၏ ။ အတိတ်တုန်းကဆိုပါလျှင် ဤသွေးသံရဲရဲမြင်ကွင်းနှင့် နာကျင်စွာဟစ်အော်နေသံတို့ကို ကြားမိပါက အကြောက်လန့်လွန်ပြီး အသက်ထွက်သွားပေလောက်ပြီ ။ သို့သော်၊ သူမသည် အများကြီးကြုံတွေ့လာခဲ့ရခြင်းကြောင့် ဖြစ်လိမ့်မည် ။ ဒီအချိန်တွင်မူ မည်သည့်ကြောက်လန့်မှုကိုမျှ မခံစားမိပါချေ ။

သူမအား ဖမ်းခေါ်လာကြသည့်လူနှစ်ယောက်သည်
စီမင်းလိ၏ နောက်လိုက်တို့ ဖြစ်ကြ၏ ။
ရီဝမ်ဝမ် အံ့သြမင်သက်နေသည်ကို မြင်လိုက်ကြသဖြင့်
သေမတတ်ကြောက်နေခြင်းဟု တွေးထင်လိုက်ကြ၏ ။

သူတို့ထဲက တစ်ယောက်က ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလာ သည် ။
“မင်းက မိသားစုခေါင်းဆောင်ကို အကွက်ချဖို့ကြံစည်ရဲတယ်ဆိုမှတော့ မင်းလည်း ဒီလူတွေလိုမျိုးပဲ အဆုံးသတ်ရမယ်”

……………………………………………………

စာစဉ် ၃၅၊ အခန်း ၁၆ ။ သင်ပေးဖို့လိုသေးလား

သူ ပြောလိုက်သည့်အခိုက် မှိန်ပျပျအခန်း၏ထောင့်နားကနေ အော်ဟစ်သံတို့ ထွက်လာသည် ။ ယောကျာ်းတစ်ယောက်သည်
ရင်ဘတ်ပေါ် ရဲရဲချိတ်နေသည့်သံမီးပူ အကပ်ခံလိုက်ရသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ကြမ်းပေါ် နာနာကျင်ကျင်လဲကျ သွားသည် ။

ရီဝမ်ဝမ် ဤသည်ကို မြင်လိုက်သည့်အချိန် သူမ၏နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားသည် ။
“အခုက ဘယ်ခေတ်ပဲရောက်နေပြီလဲ ။ ရှင်တို့တွေ ဒီလိုမျိုး ဒိတ်အောက်နေတဲ့နှိပ်စက်နည်းကို သုံးနေကြသေးတုန်းပဲ လား”

ကျိန်းသေပေါက် စီမင်းရုန်ရဲ့ခေတ်ကုန်နေတဲ့နည်းလမ်းပဲ ဖြစ်ရမယ်…

ဘာကြောင့်လဲ မသိပေ ။
သူမအနေဖြင့် ဤလုပ်နည်းလုပ်ဟန်တို့ဖြင့် တော်တော်လေးအကျွမ်းဝင်နေပြီး ရုတ်တရက်ဆိုသလို မရင်းနှီးသည့် ပုံရိပ်တို့သည် သူမခေါင်းထဲကနေ ထွက်ထွက်လာနေသည်…

ရီဝမ်ဝမ် သူမနံဘေးက ကိုယ်ရံတော်နှစ်ယောက်ကို ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလာသည် ။
“ဒီလိုနှိပ်စက်နည်းမျိုးက အကောင်အသေးသေးလေးတွေပေါ်မှာပဲ အလုပ်ဖြစ်တာ ။ တကယ့်တကယ် သေသေချာချာသင်တန်းပေးခံ ထားရတဲ့ ကိုယ်ရံတော်တွေနဲ့ လျို့ဝှက်ထောက်လှမ်းရေးသမား တွေအတွက်က ဒီဒဏ်ရာလေးတွေဆိုတာက ပမွှားလေးပဲရှိတာ - ဒါလောက်လေးနဲ့ သူတို့ပါးစပ်ကို ပွင့်လာအောင်လုပ်လို့ရမယ် ထင်နေကြတာလား”

ကိုယ်ရံတော်နှစ်ယောက် ။  “…”

သူတို့သည် ရီဝမ်ဝမ်အား ဖြဲခြောက်ဖို့ကြံထားခဲ့ကြသည် ။ ဤသည်ကို မြင်လိုက်သည်နှင့် ကြောက်လန့်သွားပြီး သေမတတ်အော်ဟစ်ငိုကြွေး လိမ့်မည်ဟုပင် ထင်ထားခဲ့ကြ သည် ။

အခုတော့…

သူမလေးသည် ကိုယ်ပိုင်ပန်းခင်းထဲ လျှောက်သွားနေရ သည့်အလား အလွန်တရာတည်ငြိမ်အေးဆေးနေသည့်အပြင် သူတို့ နှိပ်စက်သည့် နည်းလမ်းကိုပါ ဝင်စွက်ဖက်ပြောဆိုနေ ပါရော့လား ။

ရီဝမ်ဝမ် ။  “ဟေး…ရှင်တို့တွေ စိတ်ပိုင်းဆိုင်ရာနှိပ်စက်တယ်ဆိုတာကို ကြားဖူးကြလား ။ သင်ပေးရဦးမလား ။ အဲ့ဒါက လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကို ဖျက်စီးပစ်နိုင်တဲ့အထူးနည်းလမ်းနော် ။ ရှင်တို့ရဲ့နှိပ်စက်နည်းထက် အများကြီးပိုသာတယ်….”

ရီဝမ်ဝမ်၏နှိပ်စက်နည်းအကြောင်း ပြောနေသည်ကို နားထောင်နေရသည့် ကိုယ်ရံတော်နှစ်ယောက် ။  “…”

နှစ်ယောက်သားသည် သူမအား အချုပ်ထဲ ခေါ်သွားပြီး လှစ်ခနဲပင် ထွက်ပြေးသွားကြတော့သည် ။
သူတို့အနောက်ကနေ မွန်းစတားတစ်ကောင် လိုက်ပါလာသည့်အလားပင် ။

“အာ…သူတို့ ဘာလို့သွားကုန်ကြတာလဲ၊
ငါ ပြောလို့မပြီးသေးဘူးလေ--”

ရီဝမ်ဝမ်သည် သံတိုင်တွင် မှီချလိုက်ပြီး နောင်တရဟန် ပေါ်နေသည် ။

သူတို့နှစ်ယောက်သည် အရိပ်အယောင်တောင်မပေါ်ဘဲ ပျောက်သွားကြပြီ ဖြစ်သဖြင့် ရီဝမ်ဝမ်သည် မေးစေ့ကို လက်နှင့်ထောက်ကာ သံသယအကြည့်တစ်ချက် ထုတ်ဖော်လာသည် ။

ထူးဆန်းလိုက်တာ…အခုနက ပြောသွားတဲ့ဟာတွေကို
ငါ ဘယ်လိုလုပ်သိနေတာလဲ ။

မဂ္ဂဇင်းတွေထဲမှာ ဖတ်ထားဖူးတာများလား ။
ဘာလို့ မမှတ်မိရတာလဲ…

သို့သော်၊ သူမလေးသည် နှစ်ဘဝကို ဖြတ်ကျော်နေထိုင်လာခဲ့ရသည် ဖြစ်၍ တချို့အရာတို့ကို မေ့မေ့လျော့လျော့ဖြစ်နေတတ်သည်မှာ လုံးဝကို ပုံမှန်ကျ လွန်းသည် မဟုတ်ပါလား…

….

နတ်ဘုရားများခေတ် အစည်းအဝေးခန်းထဲတွင် ၊
ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေကြချိန် ။

“ဝိုး--------သတင်းကြီး…သတင်းကြီးကွ”

အတင်းအဖျင်းဘုရင်လေး ကုန်ရွှီသည် ရောက်လာသည်နှင့် ရုံးခန်းထဲကို ပြေးဝင်လာသည် ။

“ကုန်ရွှီ…မင်း နောက်ကျပြန်ပြီ”

ရီမူဖန်သည် သူ့အား မျက်လုံးလှန်ကြည့်လာသည် ။
“ဘာသတင်းလဲ ။ မင်း လူပျိုဘဝက ကျွတ်ပြီဆိုတာလား ။
ဒါမှမဟုတ် လက်ထပ်တော့မယ်လို့ကြေညာတော့မလို့လား”

“ဘယ်သူက ကျွတ်မှာလဲ…အဟွန့်။
ခင်ဗျားကသာ ကျွတ်မဲ့သူ”

ကုန်ရွှီသည် ရီမူဖန်အား ကြည့်လိုက်ပြီးနောက်
သူ့ဖုန်းကို ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည် ။
“စီ မိသားစုသတင်း….အဲ့ဒီ ဒဏ္ဍာရီလာ စီ မိသားစု သတင်း…”

“စီ မိသားစု ဘာဖြစ်လို့လဲ” ဟန်ရှန်းယွီ မေးခြင်းပင် ။

ကုန်ရွှီ ။  “စီ မိသားစုရဲ့သခင်ကြီး နေမကောင်းဖြစ်ပြီး သေသွားပြီတဲ့ ။ ဒီမနက်ကမှ တက်လာတာ”

ရီမူဖန် အံ့သြသွားသည် ။
“ဘာရယ် ။ စီ မိသားစုရဲ့သခင်ကြီးက နေမကောင်းဖြစ်ပြီး သေသွားတယ် ဟုတ်လား ။ မဖြစ်နိုင်တာ…”

လူတိုင်း၏လေးစားခြင်းကို ခံရသည့်…ထို စီ မိသားစုသည် တရုတ်နိုင်ငံ တွင် ဟိုးလက်လှမ်းမမှီနိုင်လောက်သည့် သြဇာလွှမ်းမိုးမှုရှိသောလူကုံတန်မိသားစု ဖြစ်သည် ။ တရုတ်ပြည်တွင် အင်ပါယာတစ်ခုအလား တောင့်တင်းကြီးမားလှသည့် စီးပွားရေးလုပ်ငန်းကြီးကို တည်ဆောက်ထားပြီး စီရီဟန်သည် စီ မိသားစုတစ်ခုလုံးကို ချုပ်ကိုင်ထားသည့် အင်ပါယာဘုရင်ကြီးတစ်ပါး ဖြစ်ချေသည် ။

သူသာ သေသွားပါလျှင် စီးပွားရေးကြီးတစ်ခုလုံး ပြိုကွဲသွားပြီး တိုင်းပြည်၏စီးပွားရေးလုပ်ငန်းတို့သည်လည်း ကမောက်ကမ ဖြစ်ကုန်လိမ့်မည်…

ဟန်ရှန်းယွီ က ပြောလာသည် ။
“ကောလဟလပဲ နေမှာပါ - စီ မိသားစုနဲ့ပတ်သက်တဲ့ သတင်းတွေကို ဘယ်သူကများ လက်လွတ်စပယ်ထုတ်ရဲ မှာလဲ”

ကုန်ရွှီ ။  “ဟုတ်တာပေါ့ ။ ဒီသတင်းက တင်ထားတာ
ငါး မိနစ်လောက်ပဲ ရှိသေးတယ် ။ ပြန်ဖျက်သွားကြပြီ ။
ကျွန်တော် စခရင်မ်ရှော့ ရိုက်ထားတယ်”

ရီမူဖန် ။  “…”  အနံ့ခံကောင်းလှချည်လား ။ သတင်းတက်လာတာ ငါးမိနစ်ပဲ ရှိလိုက်တာကို သူက ဖတ်ပြီးသွားတဲ့အပြင် စခရင်မ်ရှော့ပါ ရိုက်ယူထားလိုက် သေးတယ်လား…

ဇာတ်ညွှန်းကိုသာ အာရုံစူးစိုက်ဖတ်နေသည့် လျိုချန်းသည်
ခေါင်းမော့လာပြီး မေးလိုက်သည် ။
“အစ်ကို ရီ ဘယ်မှာလဲ ။ ဒီကို မရောက်လာသေးဘူးလား”

ရီမူဖန်က ပုခုံးတွန့်ပြလိုက်သည် ။
“ဒီနေ့တော့ သူ့ကို စောင့်နေစရာမလိုတော့ဘူး ။
ငါ့ကို မက်ဆေ့ချ် ပို့ထားတယ်၊ နောက်နှစ်ရက်လုံးလုံး သူ အလုပ်များနေတယ်တဲ့”

……………………………………………………

စာစဉ် ၃၅၊ အခန်း ၁၇ ။  မသေဘူး

ဆေးရုံခန်းအပြင်ဘက်တွင် ။

ရွှီချန်းကုံသည် ခေါင်းငိုက်စိုက်ကျနေသည့် အမူအရာဖြင့် ။
“ငါတို့ နည်းလမ်းအမြန်စဉ်းစားမှ ဖြစ်မယ် - စီမင်းလိရဲ့လူတွေ ဒီလိုမျိုး ခေါ်သွားကြတာက သခင်မလေး ဝမ်ဝမ်အတွက် အရမ်းအန္တရာယ်များ တယ်။ ဒါပေမယ့် အခု သခင်မကြီးကလည်း လဲနေတယ် ။ စီ မိသားစု တစ်ခုလုံးက အကြီးအကဲတွေရဲ့ထိန်းချုပ်မှုအောက် ရောက်နေပြီးတော့
ငါတို့ကိုလဲ နီးနီးကပ်ကပ်စောင့်ကြည့်နေကြတယ်…”

ရွှီရီ ထိုသည်ကို ကြားလိုက်သည်နှင့် ပြောဖို့တွေဝေနေလျက်
သူ့အဖေအား ကြည့်လိုက်သည် ။

ခြောက်လသာ နေရတော့မည်ဟု ဒေါက်တာ စုန့် ပြောလာကတည်းက သခင်လေး ၉ သည် သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသလို ဤကဲ့သို့ဖြစ်လာမည်ကိုလည်း ကြိုတင်မှန်းဆထားခဲ့ပြီးသား ဖြစ်သည် ။

သူ မမှန်းဆထားခဲ့မိသည်မှာ…သခင်မလေး ဝမ်ဝမ် ကိုယ်တိုင်က ထွက်သွားလိုစိတ်ရှိမနေမည်ကိုသာလျှင် ဖြစ်သည်…

သောက်ကျိုးနဲ… ဘာလို့ဒီလိုမျိုးဖြစ်ကုန်ရတာလဲ ။
သခင်လေး ၉ ရဲ့ကျန်းမာရေးက ကောင်းလာနေပြီ မဟုတ်ဘူးလား…

ဆေးရုံခန်းထဲတွင် ။

ဒေါက်တာ စုန့်သည် မျက်လုံးတို့ကို မှိတ်ထားပြီး အာရုံစူးစိုက်ကာ စီရီဟန်၏သွေးခုန်နှုန်းအား စမ်းသပ်နေသည် ။
“နဲနဲလောက် ထပ်စောင့်ကြတာပေါ့…”

ကုတ်အင်္ကျီအဖြူကို ဝတ်ထားသည့် အထူးကုဆရာဝန်ကြီးသည် မြောက်ကြွကြွဟန်ပေါ်နေပြီး သေချာကျိန်းသေသည့် လေသံဖြင့် ပြောဆိုနေသည် ။
“စုန့်ကြီးရာ…မင်းက တရုတ်ဆေးပညာမှာ အတော်ဆုံးသူ ဆိုပေမယ့်လဲ စီရီဟန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ သံသယဝင်နေစရာကို မလိုဘူး။ သူတို့ကို အခုချက်ချင်းပဲ ပြောပြလိုက်တော့၊ မဟုတ်ရင် နောက်ဆုံးအနေနဲ့ သူတို့ မတွေ့လိုက်ရဘဲ နေလိမ့်မယ်”

ထိုဆရာကြီး၏မေးခွန်းထုတ်လာချိန် ဒေါက်တာ စုန့်သည် မျက်နှာပျက်သွား ခြင်း မရှိပေ ။ သူ ငြင်းဆန်လာသည် ။
“သူ့မှာ ဝေဒနာတွေအများကြီး ခံစားထားရတာဆိုတော့ ကိုယ်ခံအားနည်းပြီး သွေးလည်ပတ်မှု နှေးလာတာက သဘာဝကျပါ တယ် ။ သူ့နှလုံးဟိုးအောက် ဘက်မှာ သွေးတွေခဲပြီး ပိတ်ဆို့နေတာ နှစ်ပေါင်းများစွာကြာပြီ ။ သခင်လေး ၉ က သွေးအန်ထုတ်လိုက်ပြီးတဲ့နောက် ခန္ဓာကိုယ်က အရမ်းအားနည်းသွား ပြီး သေမလားရှင်မလား ဖြစ်နေရတဲ့ပုံပေါ်တယ်ဆိုပေမယ့် တကယ်တမ်းက သူ့ရဲ့သွေးတွေက အခုမှ သန့်ရှင်းသွားတာ ။ အခုချိန်မှာ သူ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး နေပြန်ကောင်းလာဖို့ အချိန်နဲနဲလောက် လိုရုံပါ…”

အထူးကုခေါင်းဆောင်သည် ဒေါက်တာ စုန့်၏စကားကို ကြားလိုက်သည့် အချိန် အလိုမကျမှုန်မှိုင်းသည့်အကြည့်တို့ ပေးလာသည် ။
“စုန့်ကြီး…ဒါတွေအားလုံးက မင်းယူဆချက်တွေပဲလေ ။
ဒါပေမယ့် ငါ မြင်နေတာကတော့ စီရီဟန် က နေ့တစ်ပိုင်း တောင် ခံမှာမဟုတ်တော့ဘူး”

ဟိုအရင်တုန်းက ခွဲစိတ်ကုသဖို့ရာအတွက်ကို သူသည် အပြင်းအထန် အကြံပေးခဲ့ပါ၏ ။ သို့သော် နောက်ဆုံးတွင် စုန့်ပိုင်ချောင်သည် ထိုမိန်းမ ပြောလာသည့်အတိုင်း လုပ်ဖို့ရာ ရွေးချယ်သွားခဲ့သည် ။
စုန့်ပိုင်ချောင်၏ စကားတစ်ခွန်းသည် သူ့ထက် ပို၍အရေးပါ အရာရောက်ပေသည် - သခင်ကြီးနှင့် အဘွားသည်
သူ့အား ပို၍ယုံကြည်ကိုးစားခဲ့ကြသဖြင့် အခု အရာအားလုံး ဤပုံဤနည်းဖြစ်လာချိန်တွင် သူသည် သူ၏ဝေဖန်ပိုင်းခြားနိုင် ခဲ့မှုအပေါ် အလွန်ပင် နှစ်ထောင်းအားရဖြစ်သွားခဲ့ရသည် ။

တခြားဆရာဝန်တို့သည်လည်း အတွေးတို့ထပ်တူပင် ။
သူသည် နောက်ဆုံးသောထွက်သက်ကိုပင် ရောက်နေချေပြီ ။ ဤသည်ကို အိပ်ပျော်နေခြင်းဟု ယူဆသည်တဲ့လား ။

“အဟွတ်…”

ဒေါက်တာ စုန့်နှင့် ဆရာဝန်အဖွဲ့တို့ စီရီဟန်အကြောင်း ဆွေးနွေးနေကြစဉ် အခန်းထဲတွင် ချောင်းဆိုးသံသဲ့သဲ့လေးကို ကြားလိုက်ကြရသည် ။

ရုတ်ခြည်းဆိုသလိုပင် ဆရာဝန်အားလုံး ဆေးရုံကုတင်ပေါ် လှည့်ကြည့်လိုက်ကြရာ ။

သူတို့မြင်လိုက်ရသည်မှာ…

“သေတော့မည်” ဟု ပြောထားခဲ့သည့်ထိုယောကျာ်းသည် တဖြည်းဖြည်းချင်း မျက်လွှာတို့ပွင့်လာချေသည် ။ သူ၏အကြည့်သည် သေခါနီးလူတစ်ယောက်ကဲ့သို့ အသက်မဲ့နေခြင်းမရှိသလို ဖျော့တော့နေခြင်းလည်းမရှိ ။ ကြည်လင်ပြီး ရွှန်းပလို့နေသည် ။

“စီ…သခင်လေး စီ…”

တစ်ချိန်တည်းမှာပင် ဆရာဝန်အားလုံးသည် မော်နီတာအား ကြည့်လိုက်မိကြရာ အံ့သြမင်သက်သွားကြ၏ ။
မော်နီတာတွင် ပြနေသည်ကား… စီရီဟန်၏သေစေနိုင်လောက်သည့်လက္ခဏာတို့ အားလုံးသည် စတင်ပြန်လည်ကောင်းမွန်လာနေပေပြီ…

ဆေးရုံကုတင်ပေါ်တွင်၊ စီရီဟန်သည် အလွန့်အလွန်ရှည်လျားသည့် လမ်းမကြီးတစ်ခုပေါ် လျှောက်လှမ်းနေခဲ့ရသလို ခံစားနေရ၏ ။
သူ နိုးလာပြီးသည့်နောက် တစ်ကိုယ်လုံးသည် ဘယ်တုန်းကမှ
ဒီလောက်ထိနေလို့ထိုင်လို့ မကောင်းခဲ့ဖူးပေ ။

အကြည့်တို့ တဖြည်းဖြည်းချင်း ဖြန့်ဝဲလာသည်မှာ နောက်ဆုံးတွင် ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်တို့အကြားကနေ တိုးဝင်လာနေသည့်နေရောင်ခြည်တို့တွင် ရပ်တန့်သွား၏…

ဤလမ်းမကြီး၏အဆုံးသတ်သည် သူ့အဆုံးသတ်ဖြစ်သည် ဟု တွေးထင်ထားခဲ့၏ ။
သို့သော် သူ မမျှော်လင့်ထားခဲ့သည်မှာ…

သူ မသေသေးပါလား…

ဝမ်ဝမ် ရော…အားလုံးကို ကြိုတင်ပြီးတော့ စီစဉ်ထားခဲ့ပြီးပြီ…

ဒီအချိန်မှာ…သူမ ထွက်သွားလောက်ပါပြီလေ…

ဆရာဝန်တို့ ယောက်ယတ်ခတ်ကုန်ကြသည် ။
“မြန်-မြန်-မြန်-မြန်မြန်လေး…အကြီးအကဲတွေကို သွားပြောကြ…”

….

အခန်းအပြင်ဘက်တွင် စီရီဟန်ကို သဂြိၤုလ်ဖို့ရာအတွက် သဂြိၤုလ်ခန်းမ သွားပြင်ဆင်သည့် စီမင်းလိသည် အမြန်ပြန်ရောက်ချလာပြီး စီမင်းရုန်အား ပြောနေသည် ။
“အစ်ကို ၂…အကုန်လုံး ပြင်ထားပြီးပြီ ။
အကုန် အဆင်သင့်ပဲ”

စီမင်းရုန်သည် စိတ်လေးလံစွာဖြင့် ခေါင်းညိတ်လာသည် ။
“ကောင်းပြီ…”

ဆေးရုံခန်းထဲကနေ ဆူဆူညံညံအသံတို့ ပေါ်ထွက်လာဟန် တူ၏ ။ ထို့နောက် တံခါးသည် တွန်းပွင့်လာပြီး ဆရာဝန်တို့ ဝေါခနဲ ထွက်ချလာကြသည် ။

သဂြိုလ်ဖို့ကိစ္စ အသင့်ပြင်ထားကြတော့ဖို့ သူတို့အား ပြောထားခဲ့သည့် အထူးကုဆရာဝန်ကြီးသည် ခေါင်းငိုက်စိုက်ကျလျက် ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်
မျက်နှာထက်တွင် ချွေးအေးတို့စပျံလာရတော့ပြီ ။

ထိုအထူးကုဆရာဝန်၏အမူအရာကို မြင်လိုက်ကြသည့်အချိန် အားလုံး၏ရင်ထဲ လေးလံတင်းဆို့သွားကြသည် ။

သခင်ကြီးများ…ကွယ်လွန်သွားပြီလား…

………………………………………………………

စာစဉ် ၃၅၊ အခန်း ၁၈ ။  သေပြီ

ရွှီရီ၏ကိုယ်မှာ အနည်းငယ်တုန်ရီလာသည် ။
“သခင်လေး ၉…”

စီမင်းရုန်သည် ဝမ်းနည်းပန်းနည်းဖြစ်လာဟန် ပေါ်သည် ။
“သခင်ကြီးက ကျွန်တော်တို့အတွက် စကားချန်ထားခဲ့တာ ရှိလား…”

စီရီဟန်သည် ရုတ်တရက်ကြီး ဗုံးဗုံးလဲသွားခဲ့ခြင်းဖြစ်၍
စကားတစ်ခွန်းမှ ချန်ထားခဲ့နိုင်မည်မဟုတ်ပါချေ ။

ဝမ်းပန်းတနည်းဖြစ်လာမိချိန် စီမင်းလိသည် စီမင်းရုန်၏ပုခုံးအား ခပ်ဖွဖွပုတ်ပေးလာသည် ။
“အစ်ကို ၂…စိတ်ကိုဖြေသိမ့်ပါဗျာ ။ သခင်ကြီးက အခုထိ အသက်ရှင်လာနိုင်ခဲ့တာပဲ တော်တော်ကြီးကံကောင်းနေ ပါပြီ…
စီ မိသားစုမှာ ကျွန်တော်တို့တွေ ရှိနေပါသေးတယ်…”

ဆရာဝန်ကြီးသည် သူ့စကားကို ကြားလိုက်သည့်အခါ ပိုလို့ပင် ရုပ်အဆိုးကြီးဆိုးလာတော့သည် ။ ဖော်ပြလို့မရနိုင်သည့်အမူအရာဖြင့် စီမင်းလိအား တစ်ချက်ကြည့်လိုက်ပြီး ချောင်းအသာဟမ့်လာကာ ။
“စီ သခင်ကြီး နိုးလာပါပြီ”

ရုတ်တရက်ဆိုသလို အပျော်ကြီးပျော်သွားသည့် စီမင်းရုန် ။
“ဘာပြောလိုက်တယ်…နိုးလာပြီ ဟုတ်လား”

“ဟုတ်ပါတယ်၊ စီ သခင်ကြီးက...”

ဆရာဝန်ခမျာ စကားဆုံးအောင်ပင် မပြောလိုက်ရပေ ။ စီမင်းလိသည် အံ့အားသင့်မိသွားပြီး မသေခင် ခနတာသတိလည်လာခြင်းသာ ဖြစ်သည်ဟု တွေးထင်သွား၏ ။ မြန်မြန်သွက်သွက်ပင် ဆရာဝန်အား ဖြတ်ပြောလာသည် ။  “ဒါဆို အထဲဝင်ရအောင်။ အစ်မ နိုးလာပြီလား သွားကြည့်ကြ၊ နိုးလာပြီဆို တစ်ခါတည်း ခေါ်လာခဲ့ကြ…မြန်မြန်လေး ။ မဟုတ်လို့ရှိရင် သူ့ရဲ့နောက်ဆုံး ထွက်သက်ကို မမှီလိုက်ဘဲနေလိမ့် မယ်…”

“ဟုတ်ကဲ့”

အနားတွင်ရှိနေသည့်ကိုယ်ရံတော်တို့သည် အမြန်အဆန်ပင် သခင်မကြီးအား သွားခေါ်ကြလေပြီ ။

ဆရာဝန် ။  “…”

ထားလိုက်တော့ ၊ သူတို့ ဝင်သွားရင် သိသွားကြမှာပဲဟာ…

သို့ဖြင့် အကြီးအကဲအဖွဲ့သည် ဆရာဝန်နောက်က ကသောကမျော လိုက်ပါသွားကြပြီး အခန်းထဲ ဝင်သွားကြသည် ။

စီမင်းလိသည် စိတ်ကိုပြင်ဆင်ထားပြီးချေပြီ ။ သူ အထဲကို ခြေချလိုက်သည်နှင့် မျက်လုံးတို့မှာ နီရဲချိတ်လာပြီး ဆေးရုံကုတင်ဆီ မြားတစ်စင်းအလားနှယ် ပြေးဝင်သွားကာ ကြမ်းပေါ် ဒူးထောက်ချလိုက်ရင်း ။

“သခင်ကြီး…သခင်ကြီး…အီးဟီးဟီး - ကျွန်တော်တို့အတွက် မစိုးရိမ်ပါနဲ့…” သွားမှာရှိသွားပါ….

နောက်တစ်စက္ကန့် ငိုနေရာလမ်းတစ်ဝက်အရောက်တွင် ထိုငိုကြီးချက်မ အမူအရာသည် မျက်နှာထက်တွင် ရေခဲလို အေးစက်တောင့်တင်းသွားရ၏ ။

သူ မြင်လိုက်ရသည်မှာ ဆေးရုံကုတင်ပေါ်တွင် ဘယ်သူမှ လှဲမနေ ။
သူ့အရှေ့တွင် ဖြောင့်စင်းရှည်လျားသည့်ခြေတံတစ်စုံ ရှိနေ၏ ။

စီမင်းလိ၏နောက်ကျော တောင့်ခဲသွားပြီး ဘယ်တုန်းကမှ မခံစားဖူးသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားမိလာကာ တဖြည်းဖြည်းချင်း မော့ကြည့်လိုက်ချိန်….

“ဦးလေး ၄ က ဘာလို့အဲ့လောက်ကြီး ဝမ်းနည်းနေရတာလဲ”

စီရီဟန်သည် အကျီင်္လက်ကို ခါခပ်လိုက်ရင်း သူ့ခြေထောက်ရင်းတွင် ရှိနေသည့် စီမင်းလိ အား ငုံ့ကြည့်လာသည် ။

အိပ်ရာပေါ်တွင် လှဲနေရမည့် စီရီဟန်သည် ဆေးရုံဝတ်စုံကို လဲထားပြီးနေပြီး ရီဝမ်ဝမ် ချုပ်ပေးထားသည့်ဝတ်စုံကို ဝတ်ထားသည် ။ သူ့ရင်ဘတ်အိပ်ကပ် တွင် အနက်ရောင်နှင်းဆီတစ်ပွင့်ပုံပင် ထိုးထားပြီး သူ၏ချောမောလှသည့် မျက်နှာမှာ ပိုလို့ပင် ရှုမငြီးဖွယ်ကောင်းလာချေ သည် ။

ထိုအခိုက်အတန့်၊ သူသည် ပြတင်းပေါက်က အလင်းရောင်ကို ကာရပ်ထားပြီး သူ့ရဲ့အကျီတို့ကို သေသပ်အောင်ခါထုတ်နေသည် ။
သူသည်ကား သေတော့မည့်သူနှင့် လားလားမျှမတူ ။
အကြည့်တို့သည်ကား အေးခဲမှုတို့ဖြင့် ဖြာထွက်နေသည်…

“အား သရဲ --” 

စီမင်းလိ၏မျက်လုံးတို့ ကျဉ်းကျုံ့သွားသည် ။ ကြောက်လွန်းမက ကြောက်လန့်သွားပြီး သရဲတစ်ကောင်ကို မြင်လိုက်တွေ့လိုက်ရသည့်အလားနှယ် နောက်သို့ခြေနှစ်လှမ်း ဆုတ်သွားရင်း ။ 
“မင်း…မင်း-မင်း…”

စီမင်းလိ သာလျှင်မဟုတ် ။ စီမင်းရုန်နှင့် တခြားသူတို့ သည်လည်း သရဲစစ်စစ်ကို မြင်လိုက်ရသကဲ့သို့ လုံးဝအတိကြောင်အမ်းမင်သက် သွားကြခြင်းပင် ။

သို့ဖြစ်သဖြင့် စုန့်ပိုင်ချောင်က ရှင်းပြလာသည် ။
“ဂုဏ်ယူပါတယ်ဗျာ…ဂုဏ်ယူပါတယ် ။
သခင်လေး ၉ က အခု ကျန်းမာရေး ကောင်းသွားပါပြီ ။ အစောနက သူ အန်ထုတ်လိုက်တဲ့ သွေးတွေက သူ့ကိုယ်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် အောင်းနေခဲ့တဲ့ သွေးပုပ်တွေပါ ။ တခနလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့တော့ ခန္ဓာကိုယ်က သူ့အလိုလို ကုစားသွားတာပါ”

စီမင်းရုန်သည် တည်ငြိမ်မှုရဖို့ရာ အချိန်တစ်ခနလောက် ယူလိုက်ရပြီးမှ ပြန်ပြောလာသည် ။
“ဒါဆို…သခင်ကြီးရဲ့ကျန်းမာရေးက…အခုချိန်မှာ အသက်အန္တရာယ် ရှိနေသေးတုန်းပဲလား”

စုန့်ပိုင်ချောင်က ရယ်မောလာသည် ။
“သခင်လေး ၉ ရဲ့နေမကောင်းဖြစ်တာက လုံးဝအရှင်းကြီး သက်သာသွားတာ မဟုတ်သေးဘူးဆိုပေမယ့် သူ့ရဲ့အခြေအနေက တည်ငြိမ်နေပါပြီ ။ ဆက်ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်နေသရွေ့ အရှင်းပျောက်ကင်းသွားဖို့ ဆိုတာက အချိန်တစ်ခုပဲလိုတော့တာပါ”

“ဒါတွေအားလုံးက အခုတလော ရီဝမ်ဝမ်ရဲ့ အားသွန်ခွန်စိုက် ဂရုစိုက်မှုတွေကြောင့်ပါ ။ သခင်လေး ၉ ရဲ့ဆရာဝန် တစ်ယောက်အနေနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို ရှက်မိပါ တယ် ။ ခင်ဗျားတို့အားလုံး သူမကို ကောင်းကောင်းကြီး ကျေးဇူးတင်သင့်တယ်”

စုန့်ပိုင်ချောင် ပြောသည်ကို ကြားလိုက်ရပြီးနောက် စီမင်းလိသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။
သူကား လုံးဝအတိကို ကြောင်အမ်းနေချေပြီ ။

စောနကပဲ သေတော့မလိုဖြစ်နေခဲ့တဲ့ စီရီဟန်က ဘယ်လိုလုပ်ပြီးတော့ ချက်ချင်းကြီး သန်သန်မာမာနဲ့ အင်ပြည့်အားပြည့်ရှိလာရတာလဲ ။

ငါ…ငါ အဲ့ဒီကျက်သတုံးမကို အကျဉ်းထောင်ထဲ ပို့ပစ်လိုက်ပြီ ။

သေပြီ…ငါတော့ သေပြီ…

မြန်မြန်လေး၊ အဲ့ဒီမိန်းမကို အဲ့ဒီကနေ မြန်မြန်လေးထုတ်လိုက်ကြစမ်း ။

………………………………………………………ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၅ တစ်ခုလုံးကို တစ်ခါတည်း အပြီးဖတ်လိုပါက ၅၀၀ ကျပ် ထဲနဲ့ ဖတ်လို့ရပါပြီ ။

Lanjutkan Membaca

Kamu Akan Menyukai Ini

290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
922K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်