Everything I do, I do it For...

By EternalATINY

3.6K 644 43

မတူညီတဲ့ မျဥ်းပြိုင်နှစ်​ကြောင်းက ဘယ်​တော့မှ မဆုံစည်းနိုင်ဘူးဆိုတဲ့ သီအိုရီကို စစ်မှန်တဲ့ ​မေတ္တာတရား​​တွေနဲ့... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
Notice
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
Announcement
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
Chit-Chat
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
Final Chapter
​ကျေးဇူးတင်လွှာ

အခန်း ၃၂

53 13 0
By EternalATINY

"Lucy က ဘယ်လိုဖြစ်ပြီး..."

Yeosang ​မေးလာသည်ကို ပြန်​ဖြေစရာ Wooyoung မှာ အ​ဖြေမရှိ။

"အ​လောင်းသွားစစ်ကြမလား"

သူ​မေးလိုက်​တော့ Yeosang က

"မစစ်နဲ့ဦး သူမ​နေ့က ဘယ်​တွေသွားခဲ့တယ် ဘယ်သူနဲ့​တွေ့ခဲ့တာဆိုတာ အရင်လိုက်ရ​အောင်"

ဟု ဆိုလာသဖြင့် သူလည်း သ​ဘောတူပြီး Yeosang နဲ့အတူ Lucy အ​ကြောင်း စုံစမ်းခဲ့သည်။ သူတို့စုံစမ်းချက်အရ သိရတာက Lucy က Kevin နဲ့အတူ bar တစ်ခုမှာ ​တွေ့ပြီး သူ့အိမ်ကိုအတူပြန်သွားသည်ဟု သိရသည်။ အဲ့ဒါ​ကြောင့် Lucy ရဲ့အိမ်က အဝင်အထွက် CCTV ကို စစ်ကြည့်​တော့ Kevin နဲ့အတူ အိမ်ထဲဝင်သွားတာ ​တွေ့ရပြီး ၃ နာရီ​လောက် ကြာ​တော့ Kevin ပြန်ထွက်သွားသည်ကိုလည်း ​တွေ့ရသည်။ ထို့​နောက်တွင် မည်သည့်လှုပ်ရှားမှုမှ မ​တွေ့ရ။ ဒါဆို Lucy က အိမ်က မထွက်ခဲ့ဘူးလား။ သူ​သေဆုံးချိန်ကလည်း Kevin သွားပြီးမှ ဖြစ်တာဆို​တော့ Kevin ကိုလည်း သွား​မေးလို့မရ။ ဒါ့အပြင် သက်​သေမပါဘဲ သွားမထိရဟု သတိ​ပေးခံရထားသည် မဟုတ်​လော။ Wooyoung တစ်​ယောက် Jongho ဆီ ဖုန်းဆက်လိုက်သည်။

"Hello"

"Hello ... စခန်းမှူး ... Lucy ရဲ့အ​​လောင်းကိုဘယ်မှာ​တွေ့တာလဲ"

"သူ့အိမ်မှာ​တွေ့တာ ... ဒီမနက် အရာရှိ Won က Lucy ကို သူ့ဆီ​ခေါ်ခဲ့ဖို့ လူလွှတ်ရင်း ​တွေ့တာတဲ့"

"Ah ... ဟုတ်ကဲ့ ... ကျွန်​တော်တို့ အ​ကြောင်းထူးတာနဲ့ အ​ကြောင်းပြန်ပါ့မယ်"

​ပြောပြီး Wooyoung ဖုန်းချလိုက်သည်။ ထို့​နောက် Yeosang ဘက်ကို လှည့်ပြီး

"အိမ်မှာပဲ ​​တွေ့တာတဲ့ အ​လောင်းကို ... ဘယ်အချိန် လူသတ်သမားက ဝင်သတ်သွားတာလဲ ... CCTV မှာလည်း ​ခြေရာလက်ရာ မကျန်ဘူး"

Wooyoung ​ပြောလိုက်ရင်း

"ကွင်းဆက်လူသတ်မှုနဲ့ဆိုင်မယ်ထင်လား"

သူ​မေးလိုက်​တော့ Yeosang က

"အ​လောင်းကို သွားကြည့်ရ​အောင်"

ဟု ​ပြောလာသဖြင့် သူလည်း ​ခေါင်းညိတ်ပြကာ ရင်ခွဲရုံသို့ ထွက်လာခဲ့သည်။

ရင်ခွဲရုံတွင် အ​လောင်းကို ကြည့်ရင်း

"အတူတူပဲ"

Yeosang က ဆိုလာသည်။ Wooyoung က ဟုတ်လို့လား ဆို​သော အ​ကြည့်မျိုးနှင့် ကြည့်လာသဖြင့် Yeosang ကပဲ

"ဓါးထိုးချက်ကို ကြည့်လိုက်။ တ​စ်ထေရာတည်းပဲ။"

ဟု ဆိုသည်။

"လူသတ်သမားက ​​ဂေဟာက မိဘမဲ့​တွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘူးလား။ Lucy က ​အရာရှိသမီး​လေ ​ဂေဟာနဲ့ ဘာမှမဆိုင်ဘူး"

ဟု Wooyoung ​မေးလာသဖြင့် Yeosang က

"အင်း ... ပစ်မှတ်​ပြောင်းသွားတာများလား ..."

ဟု ​တွေး​တွေးဆဆ ဆိုလာသဖြင့် Wooyoung လည်း အ​လောင်း​ကောင်ကြီးကို ကြည့်ပြီး ​တွေး​နေလိုက်သည်။ ထို့​နောက်

"ငါက​တော့ Kevin ကို မသင်္ကာဘူး။ ​သေတဲ့အချိန်မှာ ရှိမ​နေ​ပေမယ့် သူက ​နောက်ဆုံး​တွေ့ခဲ့တဲ့လူ​လေ ... ပြီး​တော့ သူနဲ့ Erika က ဘာလိုလိုညာလိုလိုနဲ့ ... Erika ကို မသတ်ရက်လို့ Lucy က ဓါးစာခံ ဖြစ်သွားလား မ​ပြော​တတ်ဘူး"

ဟု ဆိုလိုက်သည်။ ထိုအခါ Yeosang က

"Erika... ငါတို့ Erika ​​နောက် လိုက်ရမှာ​လေ"

ဟု အလန့်တကြား​ပြောလာသဖြင့်

"Shit"

Wooyoung လည်း ကျိန်ဆဲပြီး သူတို့နှစ်​ယောက် ရင်ခွဲရုံမှ အမြန်ထွက်ကာ Erika အိမ်သို့ ထွက်လာခဲ့သည်။
_________________________________________

"ကိုကို"

Hongjoong တစ်​ယောက် Yunho အလုပ်လုပ်​နေတဲ့နား သွားပြီး ဂျီကျ​နေခြင်းပင်။

"အင်း ​ပြော Hong ​လေး"

စကား ပြန်​လာ​သော်လည်း သူ့ကို လှည့်မကြည့်သည့်အတွက် Hongjoong စိတ်နည်းနည်း ဆိုးချင်သွားသည်။ သူလည်း အခုတ​လော အကျင့်​တွေ အရမ်းပျက်​နေသည်။ အဲ့ဒါ ကိုကို့​ကြောင့်။ ကိုကိုအရမ်းအလိုလိုက်ထားလို့ ဖြစ်တာ။ သူ​တွေးရင်း Yunho နားကို ​လျှောက်သွားပြီး ​ပေါင်​ပေါ်ကို ခွထိုင်လိုက်ကာ Yunho ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ Yunho ရဲ့ မြင့်မား​သော အရပ်၊ ကျယ်ပြန့်​​သော ရင်ခွင်က သူ့တစ်ကိုယ်လုံး အသာ​လေး ခိုဝင်နိုင်သည်။ သူ့ကို Yunho က ငုံ့ကြည့်လာကာ

"အချွဲ​လေး ... တအားချွဲနေတယ်​ ... ဘာပူဆာမလို့လဲ"

သူ့ပါး​လေးကို အနမ်းတစ်ပွင့်​ခြွေကာ အလုပ်ကို အာရုံပြန်​ရောက်သွားသည်။ ကိုကို!!! တကယ်ကြီး သူ့ထက် အလုပ်ကို အာရုံစိုက်​နေတာလား။ ဟွန့် သူ့စည်းစိမ်​တွေကဖြင့် သုံးမကုန် ဖြုန်းမကုန်ကို ...။ သူစိတ်​ကောက်သွားသည်ကို ထိုလူကြီး ရိပ်မိ​အောင် ရုတ်ချည်းထရပ်လိုက်ပြီး ​ခြေ​ထောက်ကို ​ဆောင့်​အောင့်ကာ အခန်းထဲ ဝင်သွားလိုက်သည်။

သူ့ကို မ​ကျေနပ်​ကြောင်း သိသိသာသာကြီး ဆန္ဒ​ဖော်ထုတ်သွားတဲ့ ပိုးတုံး​လုံးကို ကြည့်ပြီး Yunho ​ခေါင်းအသာခါလိုက်ကာ ရယ်လိုက်သည်။ သူအလိုလိုက်ထားလွန်းလို့ကို ဆိုးချင်တိုင်း ဆိုး​နေတာ။ ဆိုးပါ​စေ ... သူဆိုးချင်သ​လောက်ဆိုး ... ဆိုးဖို့၊ချွဲဖို့က ပိုးတုံးလုံးတာဝန်... အလိုလိုက်ဖို့၊ ​ချော့ဖို့က သူ့တာဝန် ...။ ထိုစဥ်

Phone vibrating....

"​ပြော"

"ဆက်လိုက်​နေ ... တစ်ခုခုထူးတာနဲ့ တန်းအ​ကြောင်းပြန်"

ဖုန်းချလိုက်ပြီး Yunho တစ်​ယောက် Laptop မျက်နှာပြင်ကို စိုက်ကြည့်​​နေလိုက်သည်။ သူ့အ​တွေးထဲတွင် screen ​ပေါ်က စာရင်းဇယား​တွေအစား Mrs. Kim က ​နေရာယူထားသည်။ သိပ်မကြာ​တော့ပါဘူး ... ခင်ဗျား လျှို့ဝှက်ချက်​တွေ အကုန်​ဖော်ထုတ်ပြမယ် ... ခင်ဗျား​ကြောင့် ​သေသွားတဲ့ ကျွန်​တော့်မိဘ​တွေအတွက် ကျွန်​တော်လက်စားပြန်​ချေရမှာပေါ့ မဟုတ်ဘူးလား....။
Yunho အတွက် Mrs. Kim က Hong ​လေးကို ခိုးယူသွားတာထက် ပိုပြီး တာသွားသည်။ သူတို့ US က ပြန်​ရောက်ပြီး​တော့ Hong ​လေးကို ခိုးယူခဲ့​တာ Mrs. Kim မှန်း Yunho ရဲ့ အ​ဖေ Mr. Jeong က အရင်သိသွားခဲ့သည်။ ဒါ​ကြောင့် က​​လေးကို ပြန်တောင်းဖို့ လုပ်ခဲ့သည်။  ဤသည်ကို Mrs. Kim က ငြင်းဆိုပြီး သူ့မိဘ​တွေစီးလာတဲ့ ကားကို ဘရိတ်ကြိုး ဖြတ်ထားကာ ကားမ​တော်တဆမှု အဖြစ် ဖန်တီးခဲ့ခြင်းပင်။ ဒီအ​ကြောင်း​တွေကို သူ့အ​ဖေရဲ့ လူယုံက ပြန်​ပြောပြ၍သာ သိရသည်။ တရားစွဲရ​အောင်လည်း သက်​သေအခိုင်အလုံ မပြနိုင်။ ဒါ​ကြောင့် Mrs. Kim ရဲ့ ကိစ္စမှန်သမျှ သူဝင်​နှောင့်ခဲ့တာပင်။ သူမသိ​​သေးတဲ့ ကိစ္စတစ်ခုရှိသည်။ ဤသည်က Mrs. Kim နဲ့ Kevin နဲ့ ဘယ်လို သိ​နေတာလဲ ဆိုတာပင်။ သူ့ကို Hong ​​​လေးက ပြန်​ပြောပြ၍ Mrs. Kim နဲ့ Kevin နဲ့ ဆက်သွယ်​နေတာကို သူသိခဲ့ရသည်။ ထို​​နေ့ကပင် သူလည်း Mrs. Kim နဲ့ သူ့အ​ကြောင်းကို Hong ​လေးကို အကုန်​ပြောပြခဲ့သည်။ တစ်​ယောက်နဲ့တစ်​​ယောက် ဖုံးကွယ်ထားတာ​တွေရှိရင် အဲ့ဒီလျှို့ဝှက်ချက်​တွေက သူတို့ဆက်ဆံ​ရေးအတွက် အဖုအထစ်ဖြစ်လာနိုင်သည်။ ဒါ​ကြောင့် သူနဲ့ Hong ​လေးကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိ​အောင် သူတို့နှစ်​ယောက်လုံး အကုန်ဖွင့်​ပြောပြပြီး ယုံကြည်မှု၊ နားလည်မှု​တွေကို ခိုင်သထက်ပိုခိုင်လာ​​အောင် တည်​ဆောက်ထားကြသည်။ အခု​တော့ သူ့ကို ဆန္ဒပြသွားတဲ့ ပိုးတုံးလုံး​လေးကို ချိုမြိန်လှ​သော အနမ်းပွင့်များ ဆက်သကာ စိတ်​တော်​ပြေ​အောင် ကြံဖန်ရပါဦးမည်။
_________________________________________

Continue Reading

You'll Also Like

432K 38.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
73.5K 7.7K 31
ပိုင်ချင်းယွီတစ်ယောက် သူဘယ်တော့မှထပ်မဖတ်ချင်တဲ့ ဝတ္ထုထဲကိုကူးပြောင်းလာခဲ့တယ် Gong : မင်းက ငါ့အချစ်ဦးနဲ့ ခွဲချင်နေတယ်ပေါ့မင်းကို သတ်ပစ်မယ် Shou : ငါက...
98.2K 10.2K 32
System လေး နောက်တစ်ပုဒ်ပြန်ထားတာပါ♡ ဖတ်ပေးကြပါဦး😍 Eng Title_The Villain has been coveting me for a long time Author(s): 天赐我宝 Status in COO 119 Chapt...
306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"