(Completed )The Transmigratio...
By Xiao_Yiii
1.3M 195K 3.1K
မနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တု... More
Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You
Real World
13K 1.7K 46
By Xiao_Yiii
Unicode
Real World
လီလျိုကသတိမရှိသည့်အခြေအနေမှ တစ်ဖြည်းဖြည်းခြင်းဆီနိုးလာခဲ့သည်။ မျက်စိဖွင့်ဖွင့်ခြင်းမြင်ရသည်ကနှစ်ပေါင်း များစွာရင်းနှီးကျွမ်းဝင်ခဲ့သည့်မျက်နှာ ကျက်ဖြစ်၏။
လီလျိုကခဏမှဗလာဖြစ်နေပြီးမှ အလျင်အမြန်ထထိုင်လိုက်ပြီးသူနှင့် အကျွမ်းတဝင်ဖြစ်နေသည့်ပရိဘောဂ များအားလုံးကိုလှည့်ပတ်ကြည့်လိုက်သည်။
သူတကယ်ပဲ....ပြန်လာခဲ့ပြီပဲ
လီလျိုမှာပျော်ရွှင်မှုတစ်စုံတစ်ရာမျှပင် မခံစားရပေ။သူကသူ့ဘယ်ဘက်လက် အားရှေ့သို့မြှောက်ကြည့်လိုက်သည်။ သူ့လက်ဖဝါးထဲမှာမည်သည့်အရာမျှ ရှိမနေသော်လည်းလီလျိုမှာထိုနေရာ ကထောင်ပေါင်းများစွာသောအလေးချိန် ရှိနေသလိုမျိုးအရမ်းကိုလေးလံနေသကဲ့လသို့ပင်ခံစားနေရ၏။
လီလျိုကချင်ယုရဲ့ပူနွေးသည့်မျက်ရည် များသူ့လက်ဖဝါးအတွင်းသို့ယိုစိမ့်နေသ ကဲ့သို့သူ့လက်ဖဝါးကိုဆုပ်ကိုင်ထား လိုက်မိသည်။
"ကိုယ့်ကိုမထားခဲ့ပါနဲ့!"
ချင်ယုရဲ့အသံကသူ့နားထဲတွင်ကြား နေရသေးသကဲ့သို့ပင်။
【ကြီးမြတ်တဲ့hostရေမူလကမ္ဘာ မှပြန်လည်ကြိုဆိုပါတယ်နော် ~】
လီလျိုကထိုအချိန်မှာချင်ယုရဲ့ကြေကွဲ ဝမ်းနည်းနေသည့်အမူအယာကသူ့စိတ် တစ်ခုလုံးတွင်ပြည့်နှက်နေသောကြောင့် ုပြန်မဖြေနိုင်သေးပေ။
【.......ကြီးမြတ်တဲ့host ဘာဖြစ်လို့လဲဟင်?】
လီလျိုရဲ့နှလုံးသားတစ်ခုလုံးက တင်းကြပ်နေပြီးသူ့ရဲ့ဘယ်ဘက် လက်ကိုသူ့ညာဘက်လက်ဖြင့် ုပြန်ဆုပ်ကိုင်ထားလိုက်သည်။
အခုသူကအဲ့ဒီငါးနှစ်လိုမဟုတ်ပဲ ချင်ယုရဲ့ကမ္ဘာကြီးကိုလုံးဝစွန့်ခွာခဲ့ပြီ ဖြစ်သည်။အခုတော့သူချင်ယုကိုပြန် တွေ့ခြင်တယ်ဆိုရင်တောင်တွေ့ဖို့ မဖြစ်နိုင်တော့ဘူး
အကယ်၍သူသာဒီလိုကမ္ဘာတွေကို စွန့်ခွာတိုင်းအရမ်းဝမ်းနည်းရမယ်၊ ပြန်ထွက်ဖို့ခက်ခဲနေမယ်ဆိုရင်.... အခုမှသူကပထမကမ္ဘာကိုပဲတွေ့ကြုံ ရသေးတာနောက်ပိုင်းတစ်ခြားကမ္ဘာ တွေကိုသွားတဲ့အချိန်သူဘယ်လိုလုပ်ရမလဲ?
【ကြီးမြတ်တဲ့hostရေကျွန်တော် hostရဲ့ခံစားချက်တွေထဲမှာအရမ်း ကိုမြင့်တဲ့အနှုတ်လက္ခတွေကိုမြင်နေ ရပါတယ်..systemကအလကား ထောက်ပံ့ပေးမယ့်'ခံစားချက်ဖယ်ရှား တဲ့ဆိုဒါ'ကိုလိုအပ်ပါသလား?】
[အဲ့ဒါဘာပစ္စည်းလဲ?] လီလျိုကမေးလိုက်သည်။
【ကျွန်တော်တို့ကကမ္ဘာမျိုးစုံကိုဖြတ် သန်းသွားလာရမယ့်hostတစ်ချို့ကို ဝန်ဆောင်မှုပေးနေပေမယ့်လည်း နောက်ဆုံးတော့ကျွန်တော်တို့အကုန်လုံး မူလကမ္ဘာကိုပြန်လာရမှာပါhostတွေ တော်တော်များများကသူတို့ဖြတ်သန်း သွားတဲ့ကမ္ဘာတွေမှာရှိတဲ့လူတွေအတွက် ခံစားချက်အမျိုးမျိုးကျန်ခဲ့ပါတယ်။ hostတစ်ယောက်ကကမ္ဘာတစ်ခုမှာ လုပ်ငန်းဆောင်တာပြီးလို့ပြန်လာတဲ့ အချိန်hostရဲ့မူလဘဝကိုမထိခိုက်စေ ဖို့အတွက်ကျွန်တော်တို့ကhostတို့ ကမ္ဘာကဒဏ္ဍရီဖြစ်တဲ့မန်ပိုရဲ့မေ့လျော့ ခြင်းဟင်းချိုလိုမျိုး'ခံစားချက်ဖယ်ရှား တဲ့ဆိုဒါ'ကိုထောက်ပံ့ပေးပါတယ်... ဒါပေမဲ့အကျိုးသက်ရောက်မှုက အရမ်းကြီးမကြီးမားပါဘူးအဲ့ဒါက hostနောက်ဆုံးကမ္ဘာမှာခံစားခဲ့ရတဲ့ ခံစားချက်တွေကိုမေ့လျှော့သွားစေ ရုံလောက်ပါပဲ】
ရှောင်းချီကဂရုတစိုက်ဖြင့်သေချာစွာ ရှင်းပြလေသည်။
လီလျိုကခဏမျှတိတ်ဆိတ်နေပြီးမှ ခေါင်းခါပြလိုက်သည်။
[မလိုဘူး...ငါနောက်ကမ္ဘာတစ်ခုကို မသွားခင်ရက်နည်းနည်းလောက် အနားယူလိုက်ဦးမယ်]
【ကောင်းပါပြီတကယ်လို့လိုအပ်တာ တစ်ခုခုရှိရင်ကျွန်တော်ဘယ်အချိန် မဆိုထောက်ပံ့ပေးပါ့မယ်နော်】
လီလျိုရဲ့စိတ်အခြေအနေကသိပ်မ ကောင်းမှန်းရှောင်းချီသိလိုက်သော ကြောင့်လီလျိုရဲ့စိတ်ထဲမှာချစ်စရာ ကောင်းတဲ့ပုံစံလုပ်ပြမနေတော့ပဲ ပြောစရာရှိတာပြောပြီးနောက်အသင့် အနေအထားမှာပဲရှိနေသလိုမျိုးအလျင် အမြန်ပင်တိတ်ဆိတ်သွားတော့သည်။
လီလျိုကအိပ်ယာပေါ်မှာပြန်လှဲချလိုက် တော့၏။သူအခုအချိန်မှာတကယ်ပဲ ဘာမှလုပ်ကိုင်ခြင်စိတ်မရှိသောကြောင့် အိပ်မပျော်ခင်လေးမှာအတွေးပေါင်းများ စွာတွေးနေမိသည်။
သူ့ရဲ့အိမ်မက်ကမ္ဘာထဲမှာချောမော ခန့်ညားသောအမျိုးသားတစ်ယောက် ကမျက်လုံးထဲတွင်မျက်ရည်များပြည့် နှက်နေပြီးစိတ်ပျက်လက်ပျက်ဖြင့် သူ့ကိုဝမ်းနည်းကြေကွဲစွာဖြင်ကြည့် ရင်းမေးလာခဲ့သည်ဟုအိမ်မက်မက် ပုံပေါ်သည်။
"မင်းတကယ်ပဲယောကျာ်းလေး တစ်ယောက်နဲ့မချစ်နိုင်ဘူးလား?"
............
လီလျိုကဖုန်းခေါ်သံတစ်ခုကြောင့် နိုးလာခဲ့သည်။သူကနိုးဖို့ကိုတွန့်ဆုတ် နေမိပြီးအနည်းငယ်ညည်းညူလိုက်ရင်း မျက်မှောင်ကျုံ့လိုက်မိ၏။ထို့နောက် မျက်လုံးများပိတ်နေရင်းဖြင့်ပင်အိပ် ယာဘေးမှာရှိသည့်အသံမည်နေသော ဖုန်းအားလှမ်းဆွဲလိုက်ရင်းမူးနောက် နောက်ဖြင့်ဖြေမည့်ခလုပ်အား နှိပ်လိုက်သည်။
"Hello?"
"Helloဘာhelloလဲ?! ငါနင့်အမကြီးဟဲ့...ဒီကလေးစုတ် လေးကတော့နင်ထွက်မလာတာ ဘယ်လောက်တောင်ကြာနေပြီလဲ? အဲ့ဒီနေရာကထွက်လာပြီးငါနဲ့တစ်ခုခု လာစားဦး...ငါပြောတာကြားလား?! "
အမျိုးသမီးတစ်ယောက်၏အသံက ဆန့်ကျင်ဘက်မှထွက်ပေါ်လာပြီး သူ့နားထဲတွင်တိုက်ရိုက်မြည်ဟီး သွားတော့သည်။
လီလျိကရုတ်တရက်အိပ်ယာပေါ်မှ ထထိုင်လိုက်မိတော့သည်။သူ့အတွေး ရထားကြီးထဲမှာတော့ချင်ယုရဲ့မျက် ရည်များကျဆင်းနေသည့်မျက်လုံး များကသူ့ကိုကြည့်နေသည့်မြင်ကွင်း ကကျန်ရှိနေဆဲဖြစ်၏။လီလျိုကသူ့ ဆံပင်များအားဆုတ်ဆွဲလိုက်ပြီး စိတ်ဓာတ်ကျနေသည့်ခံစားချက် များဖြင့်ပြန်ပြောလိုက်သည်။
"မသွားခြင်ဘူး—"
"ကောင်းပြီနင်အဲ့ဒီမှာပဲစောင့်နေ ငါနင့်ကိုအခုလာခေါ်မယ်"
"Hello..ခဏလေးနေပါဦး မမကြီး....မမကြီး?!"
လီလျိုမှာ'တူတူတူ'ဆိုသည့်ဖုန်းမအား သည့်အသံကိုသာကြားလိုက်ရပြီး ရွေးချယ်စရာမရှိတော့ပဲဖုန်းချလိုက် ယုံပဲတတ်နိုင်တော့သည်။
နာရီဝက်ခန့်ကြာပြီးနောက်သူ့တံခါးအား အလျင်အမြန်ခေါက်နေသည့်အသံအား ကြားလိုက်ရပြီးလီလျိုမှာသူ့ရဲ့ငှက်သိုက် ဆံပင်ဖြင့်ပင်ဖိနပ်ပါးအားဝတ်ပြီးတံခါး ဖွင့်ရန်သွားလိုက်လေသည်။
တံခါးအပြင်ဘက်မှာတော့ဆံပင်ရှည် ရှည်ဖြင့်ခပ်ဟော့ဟော့အမျိုးသမီး တစ်ယောက်ကမတ်တပ်ရပ်နေပြီး အနက်ရောင်ဒေါက်မြင့်ဖိနပ်ဖြင့်တွဲဖက် ထားသည့်ပရော်ဖက်ရှင်နယ်ဝတ်စုံအား ဝတ်ဆင်ထားသည်။သူမရဲ့ပုံစံကအတော် လေးစွမ်းရည်ရှိပုံပေါ်ပြီးသပ်ရပ်သည့် အလှတရားမျိုးဖြစ်၏—သူမကလီလျို ၏အမကြီးဖြစ်သောလီနင်ပင်...
လီလျိုကိုတွေ့သည့်အခါလီနင်က လက်ကိုမြန်မြန်ပင်ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့ဖြူဖွေးပြီးနူးညံ့သည့်ပါးအား လှမ်းဆွဲလိုက်လေသည်။ပြီးမှသာ သူ့ရဲ့ရှုပ်ပွနေသောဆံပင်အားတစ်ချက် ကြည့်လိုက်သည်။အနီရောင်လက်သည်း နှင့်ဖုံးအုပ်ထားသောလက်ချောင်း တစ်ချောင်းကလီလျိုရဲ့ခေါင်းအား တောက်လိုက်ပြီးပြောလိုက်သည်။
"ငါနင့်ကိုအပြင်သွားဖို့အဆင်သင့်ပြင် ထားလို့မပြောဘူးလား?ဘာလို့အခု အချိန်ထိဒီလိုမသပ်မရပ်ပုံဖြစ်နေရတာလဲ?"
"အစ်မကြီးကျွန်တော်အပြင်မထွက်ခြင်ဘူး" လီလျိုကခေါင်းကိုငုံ့ထားရင်းဖြင့် ပြန်ပြောလိုက်သည်။
လီနင်ကသူမရဲ့မျက်ခုံးတစ်ချက်ကို မြှင့်လိုက်ပြီးလီလျိုအားတစ်စက္ကန့် မျှကြည့်နေလိုက်ပြီးမှပြောလိုက်သည်။
"ကောင်းပြီအဝတ်အစားမြန်မြန်သွား လဲမဟုတ်ရင်နင့်အဝတ်တွေလဲဖို့ အမကြီးရဲ့အကူအညီလိုတာလား?"
လီလျိုမှာကူကယ်ရာမဲ့စွာပဲအိပ်ခန်းထဲ သို့ပြန်ဝင်ပြီးတီရှပ်နှင့်ဂျင်းပင်အားသွား လဲလိုက်ရတော့သည်။သူ့ဆံပင်ကိုလည်း ရေဖြင့်ပွတ်ပြီးဖိလိုက်လေ၏။နောက်ဆုံး တော့လီလျိုကလီနင်၏ဘေးသို့စိတ် ပျက်အားလျှော့နေသည့်ပုံစံဖြင့် သွားလိုက်သည်။
လီနင်ကလီလျိုအားဆွဲခေါ်သွားပြီး တံခါးအားပိတ်ကာအောက်သို့အတင်း ဆွဲခေါ်၍ကားပေါ်သို့တင်လိုက်သည်။ သူမကကားမောင်းသူထိုင်ခုံတွင်ထိုင် လိုက်ပြီးနောက်လီနင်ကသူမရဲ့ sports ကား၏အပေါ်မိုးနှင့်ပြတင်းပေါက်များ အားဖွင့်လိုက်သည်။ကားကလုံးဝကို ပုံစံပြောင်းသွားပြီဆိုမှသာလီနင်က ဂီယာကိုဆွဲလိုက်ပြီးမောင်းထွက် လိုက်တော့လေသည်။
နွေဦးပေါက်ရာသီ၏လေထုကပန်းများ ၏မွှေးရနံ့ဖြင့်ရောနှောနေသည်။ထို လေများကလီလျိုရဲ့ပါးပြင်အားဖြတ် သန်းတိုက်ခတ်သွားပြီးသူ့တစ်ကိုယ်လုံး မှအညစ်အကြေးများအားလုံးကိုရှုထုတ် လိုက်သလိုမျိုးလတ်ဆတ်သည့်လေထု အားရှုရှိုက်လိုက်လေသည်။ထို့အပြင် ညနေပိုင်းနီးလာပြီဖြစ်တာကြောင့် ပူနွေးသောနေရောင်ခြည်ကအခုလို ရာသီမျိုးတွင်အတော်လေးနွေးထွေး ပြီးနူးညံ့သိမ်မွေ့လှသည်။
လီနင်ကအသက်ကိုပြင်းပြင်းရှုလိုက် ပြီးမှပြုံးလိုက်၍သူ့ဘေးမှာထိုင်နေ သည့်လီလျိုအားကြည့်လိုက်သည်။
"ပိုပြီးနေလို့ကောင်းသွားပြီလား?"
လီလျိုရဲ့မူလကစိတ်ပျက်အားလျော့ နေသည့်အကြည့်ကအနည်းငယ်တိုး တက်လာတာကိုမြင်သောအခါမှသူမ ကဆက်ပြောလိုက်သည်။
"စိတ်ထဲနေလို့မကောင်းတဲ့အချိန်မှာ အိမ်မှာပဲမနေနဲ့အဲ့ဒါကနင့်ကိုပိုပြီးပဲ စိတ်ဓာတ်ကျစေမှာနင်နင့်ရဲ့အမတွေနဲ့ အပြင်လေးဘာလေးထွက်ပြီးစား သောက်သင့်တယ်ကားတွေဘာတွေ လျှောက်မောင်းပေါ့...တစ်ချိန်လုံး အဲ့ဒီအခန်းလေးထဲမှာပဲအောင်းနေ တာကတော့...နင်နဲ့ရင်းနှီးတဲ့သူတွေ အတွက်ကတော့နင်ကစာရေးတဲ့အလုပ် ကိုအရမ်းစွဲနေတာကိုသိပေမယ့်နင်နဲ့မ ရင်းနှီးတဲ့သူတွေကနင့်ကိုအခန်းထဲမှာ ပဲမှိုစွဲနေပြီလို့ထင်ကြလိမ့်မယ်!"
လီလျိုကဆယ်မိနစ်ကျော်မျှလေရဲ့ တိုက်ခတ်မှုကိုခံလိုက်ရသောကြောင့် သူ့စိတ်နှလုံးသားထဲကမသက်မသာ ခံစားရမှုများကလေနှင့်အတူအတော် လေးပါသွားခဲ့ပုံပေါ်သည်။ထိုအချိန်မှာ လီနင်ပြောသောစကားကိုကြားသည့် အခါမှာတော့မနေနိုင်ပဲပြုံးလိုက် မိတော့သည်။
လီလျိုရဲ့ပြုံးနေသည့်အမူအယာကို မြင်မှသာလီနင်မှာစိတ်သက်သာရာ ရသွားရသည်။
"အမကြီးကိုပြောပြ...ဘာဖြစ်လို့ မပျော်မရွှင်ဖြစ်နေတာလဲ?"
"ဘာမှမဟုတ်ပါဘူးဒီအတိုင်းပဲ စာရေးရင်းပြဿနာတစ်ချို့ပေါ်နေလို့"
လီလျိုမှာသူ့ရဲ့တကယ့်ပြဿနာအစစ် အမှန်အားထုတ်ပြော၍မရသောကြောင့် အနည်းငယ်သာလိမ်ပြောလိုက်နိုင် တော့သည်။
"အိုး...အဲ့ဒါဆိုရင်တော့အဲ့ဒီပြဿနာ ကိုခဏလောက်ဘေးဖယ်ထားပြီး လမ်းလေးဘာလေးလျှောက်ပေးလေ အခုတော့အမကြီးကနင့်ကိုညစာစားဖို့ ခေါ်သွားပေးမယ်အခုအချိန်မှာဘာမှ စဉ်းစားနေစရာမလိုဘူး"
"အင်း"
လီလျိုကပြုံးလိုက်လေသည်။သူ့ရဲ့မဲ မှောင်နေသည့်ခံစားချက်များကသူ့အမ ရဲ့စွမ်းအင်ပြည့်နေသည့်ရောဂါကူးစက် ခံရပြီးသူ့ရဲ့စိတ်ပျက်ဖွယ်ကောင်းသော ခံစားချက်များသည်လည်းရွှင်လန်း လာရသည်။
လီနင်ကသူမ၏ကားကိုကိုယ်ပိုင်စား သောက်ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်လိုက် ပြီးမှအရှေ့မှာရှိသည့်စားပွဲခုံဆီသို့ လမ်းလျှောက်သွားလိုက်သည်။ဧည့် ကြိုနေရာမှာထိုင်နေသည့်သူက လီနင်အားတွေ့သောအခါအလျင် အမြန်ပင်ထပြီးနှုတ်ဆက်လိုက်သည်။
"ဒါကMsလီမှတ်လား?Msမှာထားတဲ့ သီးသန့်ခန်းကအခန်းနံပါတ်A22 ပါရှင်..ဒီမှာခဏလောက်စောင့်ပေး ပါနော်စားပွဲထိုးကိုသွားပြောပြီးMs ကိုနေရာလိုက်ပြခိုင်းလိုက်ပါ့မယ်"
"Okay."
လီနင်ကဧည့်ကြိုအားယဉ်ယဉ်ကျေး ကျေးပင်ခေါင်းညိမ့်ပြလိုက်ပြီးဝန်ထမ်း ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီး လေးတစ်ယောက်လာပြီးသူတို့အား လမ်းပြသည့်အထိစောင့်နေလိုက်သည်။ ပြီးမှသာသူမနဲ့လီလျိုတို့ကအခန်းထဲ သို့ဝင်သွားကြလေ၏။
သူမကြိုက်သည့်အစားအသောက် များကိုမှာပြီးသည့်အချိန်မှသာလီနင် ကတစ်စုံတစ်ခုအားသတိရလိုက်ပုံ ပေါ်ပြီးသူမရဲ့ဆန့်ကျင်ဘက်မှာထိုင် နေသည့်လီလျိုအားမျက်နှာခြင်း ဆိုင်လိုက်ကာပြောလိုက်သည်။
"လျိုလေး...နင်ဒီမနက်သတင်းစာ ဖတ်လိုက်သေးလား?"
"မဖတ်ဖြစ်လိုက်ဘူးဘာကိစ္စဖြစ်လို့လဲ?"
လီလျိုကနားမလည်သည့်ပုံဖြင့်မေးလိုက်၏။
"ဟေး...နင့်ရဲ့ကောလိပ်တုန်းက အခန်းဖော်သူငယ်ချင်းဂျင်ချန်းဂျီ ကိုမှတ်မိသေးလား"
"အင်?သူဘာဖြစ်လို့လဲ?"
လီလျိုကသူ့တူအားကိုက်လိုက်ပြီး နားမလည်သည့်ပုံဖြင့်ထပ်မေးလိုက် ပြန်သည်။
"သူကားမတော်တဆမှုတစ်ခုဖြစ်ပွား ခဲ့ပြီးအခုမနက်မှာအန္တာရယ်ရှိတဲ့ အခြေအနေမှာရောက်နေတယ်လို့ ကြားတယ်....အခုတော့ဆေးရုံမှာရှိ တဲ့အထူးကြပ်မတ်ကုသရေးဌာနမှာ ရှိနေတယ်ဆိုပေမယ့်သတိမရသေးဘူးတဲ့"
"ကားမတော်တဆမှု?!"
လီလျိုရဲ့မျက်လုံးများကမယုံကြည်နိုင် သည့်ပုံဖြင့်ပြူးကျယ်သွားရတော့လေသည်။
ဂျင်ချန်းဂျီကလီလျိုရဲ့ကောလိပ်တုန်း ကအခန်းဖော်အတန်းဖော်အဖြစ်လေး နှစ်နေခဲ့သူဖြစ်ပြီးနီးကပ်သည့်သူငယ်ချင်း မရှိသည့်ချောမောသောအမျိုးသား တစ်ယောက်ဖြစ်သည်။သူကချောမော ယုံသာမကပဲအရမ်းကိုကောင်းသည့် မိသားစုနောက်ခံလည်းရှိသည်။ထပ် ပေါင်းပြောရရင်တော့သူကအားလုံး သောကဏ္ဍများမှာထူးချွန်သည့်သူလည်း ဖြစ်ပြီးတကယ့်ကိုစံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်လေ။
ပြောကြတာကတော့ဂျင်ချန်းဂျီက အထက်တန်းတုန်းကတည်းကသူတို့ ပိုင်တဲ့ကုမ္ပဏီမှာအလုပ်သင်အဖြစ် ဝင်ပြီးသွားပြီဟုပင်။အထက်တန်း ကျောင်းပြီးသောအခါသူသည်ယွမ် ဆယ်သန်းတန်ဖိုးရှိစီမံကိန်းတစ်ခုကို လွှဲပြောင်းရယူခဲ့ပြီးပုံမှန်အမြတ်ကို နှစ်ဆတိုးစေခဲ့သည်။
တက္ကသိုလ်တက်ပြီးနောက်မှာလည်း ကုမ္ပဏီတွင်အလုပ်လုပ်ရန်နှင့်ကျောင်း တက်ရန်အချိန်လိုအပ်ခဲ့သော်လည်း ၎င်းကိုစနစ်တကျချိန်ညှိနိုင်ခဲ့ပြန်သည်။ ဒါအပြင်သူကကောလိပ်ရှိကျောင်းသား ကောင်စီ၏ဥက္ကဌလည်းဖြစ်သောကြောင့် novelများတွင်ဖော်ပြတတ်သည့် အထင်ကရဇာတ်လိုက်CEOလိုမျိုး သူတစ်ယောက်ဖြစ်သည်။
ထိုကဲ့သို့သောမင်းသားလေးအဆင့် အမျိုးသားတစ်ယောက်နှင့်အခန်းဖော် အတန်းဖော်ဖြစ်လာခဲ့ရတာကသာမာန် လူတွေကတော့ရွှေပေါင်လုံးဖက်မိတယ် လို့ထင်ကြမှာဖြစ်သော်လည်းတကယ် တော့လီလျိုကအမြဲတမ်းသူတို့ရဲ့ပုဂ္ဂိုလ် ရေးခံယူချက်များကကိုက်ညီမှုမရှိဘူး ဟုတွေးမိသည်။လုံးဝကိုအတူတူအပြင် ထွက်လို့မရသည့်အခြေအနေမျိုးဖြစ်ခဲ့ ပြီးအဖြစ်အပျက်တစ်ခုဖြစ်ပြီးမှသာ ထိုအရာကသူတို့ရဲ့ဆက်ဆံရေးကို ပြောင်းလဲစေရုံသာမကသူတို့ကိုပါ သူငယ်ချင်းဖြစ်သွားစေခဲ့သည်။
သို့သော်လည်းဘွဲ့ရပြီးနောက်ပိုင်းမှာ သူတို့ရဲ့အဆက်အသွယ်များကတစ် ဖြည်းဖြည်းဖြင့်လျှော့နည်းလာခဲ့၏။ ဒါ့အပြင်ဂျင်ချန်းဂျီကသူ့မိသားစုကုမ္ပဏီ ၏CEOရာထူးအားလွှဲပြောင်းယူခဲ့ရ သောကြောင့်အလုပ်များလှသော ဂျင်ချန်းဂျီသူလိုနေ့တိုင်းအိမ်မှာပဲ ဘယ်လိုနေရမလဲသိတဲ့အမာခံotaku တစ်ယောက်အားမေ့သွားမည်ကို ကြောက်ရွံံ့ခဲ့မိ၏။
အခုတော့ရုတ်တရက်ဂျင်ချန်းဂျီနဲ့ ပတ်သတ်ပြီးမကောင်းတာတစ်ခုခု ကြားလိုက်ရသောအခါလီလျိုမှာ မနေနိုင်တော့ပဲတောင့်တင်းသွားမိ တော့သည်။
"တကယ်ပဲအတိအကျဘာတွေ ဖြစ်သွားခဲ့လို့လဲ?"
..............................................
15.6.2020(4:00PM)
..............................................
Zawgyi
Real World
............
"Hello?"
"မသွားခြင်ဘူး—"
"အင်း"
"Okay."
"အင်?သူဘာဖြစ်လို့လဲ?"
"ကားမတော်တဆမှု?!"
..............................................
15.6.2020(4:00PM)
..............................................
Continue Reading
You'll Also Like
2.1M 366K 159
Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan
39K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
80.9K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.