သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ

1.3K 335 4
By MayKingMK119

Chapter (24) – လူသတ္သမားကို ဖမ္းမိၿပီ

Chen Ge စာကို စစ္ၾကည့္လိုက္ေတာ့ ညတိုင္း သန္းေခါင္ယံမွာပို႔ထားတာ ေတြ႕ရသည္။ ဒီဟာက Wang Qi နဲ႔ ကြက္တိကိုက္ေနသည္။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့ နံရံထဲကအေလာင္းက ညသန္းေခါင္ယံ စာပို႔ႏိုင္လို႔လား။ သဘာဝလြန္ ျဖစ္ရပ္တစ္ခုလား။

တကယ္လို႔ သရဲမက တကယ္စြမ္းတယ္ဆိုရင္ သူ႔အေလာင္းကို ေရႊ႕တဲ့လူေတြက ဘာေၾကာင့္ အသက္ရွင္ေနေသးလဲ။

Chen Ge က သဲလြန္စေတြကို ဆက္စပ္စဥ္းစားၾကည့္ေတာ့ ညတိုင္း message ပို႔တဲ့သူက သူနဲ႔ေစ့စပ္ထားတဲ့ ေကာင္မေလးကိုသတ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက တိုက္ခန္းကိုမီးရႈိ႕ခဲ့သည့္ လူသတ္သမားျဖစ္ေနတာကို သိလိုက္ရသည္။

Wang Qi ကို အရူးလို႔ထင္ၿပီး တိုက္ခန္းရွင္က ေတြ႕တိုင္း ေမာင္းထုတ္ခဲ့တယ္။ ၿပီးေတာ့ ငါေတြ႕ခဲ့တဲ့လူေတြထဲမွာ တိုက္ခန္းငွားမဟုတ္တဲ့လူက Wang Qi တစ္ေယာက္တည္း။ ဒါေပမယ့္ သူက တိုက္ခန္းဆီ ေရာက္ေရာက္လာတယ္ဆိုေတာ့ ဒီအနီးတစ္ဝိုက္မွာ ေနတာျဖစ္ရမယ္။ သူ အိမ္ငွားခ ေစ်းႀကီးတယ္ေျပာတုန္းက တိုက္ခန္းရွင္က ဒီနားတစ္ဝိုက္မွာ တည္းခိုစရာ ေနရာမရွိဘူးလို႔ ေျပာခဲ့တာဆိုေတာ့ Wang Qi က ဒီနားက ဟိုတယ္၊ တိုက္ခန္းတစ္ခုခုမွာ ေနတာမျဖစ္ႏိုင္ဘူး။ ဒါဆို ဒီလူမသိတဲ့ သစ္လံုးအိမ္မွာ ေနတာပဲျဖစ္ရမယ္။

ေန႔တိုင္း သူနဲ႔ေစ့စပ္ထားတဲ့ မိန္းကေလးေပ်ာက္သြားလို႔ သနားစရာစံုစမ္းေနတဲ့လူက တကယ့္လူသတ္သမား ျဖစ္ေနသည္။ Chen Ge က ေသြးေအးလူသတ္သမားႏွင့္ စကားလက္ဆံုက်ၿပီး သူ႔ကိုနားလည္ေအာင္လုပ္မိတာကို ျပန္ေတြးၿပီး ေက်ာထဲက စိမ့္ေၾကာက္လာမိသည္။ ဒီအရူးက သူသတ္လိုက္တဲ့ ေကာင္မေလးရဲ႕အဝတ္ကိုဝတ္ၿပီး ေကာင္မေလးဖုန္းနဲ႔ ညသန္းေခါင္တိုင္း message ပို႔ၿပီး သူ႔ကိုယ္သူ ႏွိပ္စက္ေနပံုရသည္။ သူအိပ္ေပ်ာ္သြားၿပီးေနာက္ သူ႔ကိုယ္ထဲက တျခားကိုယ္ရည္ကိုယ္ေသြး ထြက္လာပံုရသည္။

စဥ္းစားေလ သဲလြန္စပိုရေလျဖစ္လို႔ ဖုန္းကိုစစ္ၾကည့္ဖို႔ Chen Ge ၾကည့္လိုက္သည္။ ဖုန္းမွာ လက္ေဗြရာေတြ ထင္ေနႏိုင္လို႔ သူ ဂရုတစိုက္ ကိုင္လိုက္သည္။ ဖုန္း screen ကိုၾကည့္လိုက္ေတာ့ 18 ႏွစ္ 19 ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္က ေသြးေတြစိုရႊဲေနသည့္ ေက်ာင္းယူနီေဖာင္း ဝတ္ထားတဲ့ပံု ေပၚလာသည္။ သူ႔မ်က္လံုးကိုပြတ္ၿပီး ေသခ်ာၾကည့္မလို႔လုပ္တုန္း လည္ကုတ္ကို ေလေအးတိုးသြားၿပီး ကိုယ္ေပၚကေမႊးညင္းေတြ ေထာင္ထသြားလို႔ ခုန္ၿပီး ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ သစ္လံုးအိမ္တံခါးက အသံမျမည္ဘဲ တိတ္တဆိတ္ပြင့္သြားၿပီး သူ႔ေနာက္မွာ Wang Qi က ပုဆိန္ကိုေလထဲေျမႇာက္ကာ ရပ္ေနတာ ေတြ႕လိုက္ရသည္။ Wang Qi ရဲ႕မ်က္လံုးေတြက ရဲရဲနီေနၿပီး လူႏွစ္ေယာက္က မလႈပ္ရွားဘဲ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနၾကသည္။

"အရမ္းနီးေနၿပီ.."

Wang Qi ရဲ႕အသံက လံုးဝကြဲျပားေနၿပီး သူ႔ၾကည့္ရတာ သြက္သြက္ခါ ရူးသြားသလိုပင္။ Chen Ge ဘာမွျပန္မေျပာလိုက္ဘဲ Wang Qi ရဲ႕လႈပ္ရွားမႈကို မ်က္ေျခမျပတ္ၾကည့္ၿပီး လက္ထဲကတူကို ဆုပ္ကိုင္ထားသည္။ သူ႔ကိုသတိေပးလိုက္သည့္ ဝိညာဥ္ကို ေက်းဇူးတင္လိုက္မိသည္။ ဝိညာဥ္တစ္ခုက သတိေပးလိုက္လို႔ သူ ေခါင္းမျပတ္သြားတာျဖစ္သည္။

"အလကားပဲ.."

Wang Qi က ေရွ႕တစ္လွမ္းတိုးလာလို႔ Chen Ge က တူကို ကာကြယ္ဖို႔ အသင့္ကိုင္ထားၿပီး ေျပာလိုက္သည္။

"စိတ္ေအးေအးထား.. မင္းဖုန္းထဲကလူကို ျမင္လိုက္လား.. တကယ္ေတာ့ မင္းကို ငါ မလိမ္ပါဘူး.."

Chen Ge က အေစာပိုင္းကျမင္ရတဲ့ Wang Qi ပံုစံက လံုးဝေပ်ာက္သြားၿပီး Wang Qi ၾကည့္ရတာ စိတ္လႈပ္ရွားေနပံုရသည္။ Chen Ge ကို သူညဦးပိုင္းက စကားေျပာခဲ့တဲ့လူမွန္း လံုးဝမမွတ္မိဘဲ လူသစ္တစ္ဦးလို႔ ထင္ေနပံုရသည္။

"မင္းတိုက္ခန္းထဲမွာ ငါ့ကို စကားလာေျပာတုန္းက ငါ့ေကာင္မေလးက ဒီတိုက္ခန္းထဲမွာ ဝွက္ထားခံရတယ္လို႔ ေျပာခဲ့တယ္ေလ.. ငါမင္းကို မလိမ္ဘူးေတြ႕လား.. အားလံုးၿပီးေတာ့ သူမကို တိုက္ခန္းနံရံထဲ ျမႇဳပ္ထားတာ ငါပဲ.."

Wang Qi က ပုဆိန္နဲ႔ အဝတ္အစားေတြကို ခုတ္လိုက္သည္။ Wang Qi ရဲ႕ေလသံေတြက စိတ္ထိခိုက္စရာကို အမွတ္ရၿပီး ေလသံေျပာင္းသြားခဲ့သည္။

"ငါ ဘာအမွားမွ မလုပ္ခဲ့ဘူး.. သူမပဲ အမွားလုပ္ခဲ့တာ.. သူမက ငါ့ကို စြန္႔ခြာသြားခ်င္တယ္.. ဒါေၾကာင့္ သူမကို ငါ့နားေနဖို႔ပဲ လုပ္ခဲ့တာ.."

Wang Qi က ပုဆိန္ကိုကိုင္ၿပီး တံခါးကိုပိတ္ကာ ေျပာလိုက္သည္။

"ငါ ဒီလိုမလုပ္ခ်င္ခဲ့ဘူး.. မင္း သိရဲ႕လား.. ငါ မရည္ရြယ္ဘူး.."

Wang Ge က ဘာေတြပဲေျပာေနပါေစ သူ လူသတ္ခဲ့တာ တစ္ေယာက္မကတဲ့ပံု ေပၚေနလို႔ Chen Ge က နားမေထာင္ေတာ့ဘဲ မိန္းကေလးဖုန္းကို အိတ္ထဲထည့္ၿပီး ဒီအိမ္ကေန ထြက္ေျပးဖို႔ ၾကည့္လိုက္သည္။ ထိုလူက တံခါးမွာ ပိတ္ရပ္ထားေသာေၾကာင့္ လြတ္လမ္းမရွိသေလာက္ ျဖစ္ေနသည္။

"ငါက မုန္းစရာလူတဲ့.. ငါ့ေဘးကလူေတြက ေျပာၾကတယ္.. သူတို႔ပါးစပ္က ဖြင့္မေျပာရင္ေတာင္ မ်က္လံုးထဲက ဒီလိုထင္ေနတယ္.. ငါ ဘယ္လိုခံစားရသလဲဆိုတာ သူတို႔မသိၾကဘူး.."

Wang Qi ရဲ႕စိတ္အေျခအေနက ၿပိဳကြဲေနပံုရၿပီး သူ႔ဘာသာ တစ္ေယာက္တည္း စကားေျပာတဲ့အက်င့္ ရွိပံုရသည္။ သူ႔စိတ္ထဲမွာ ပိတ္မိေနၿပီး ထြက္ေပါက္မရွိ ျဖစ္ေနပံုရသည္။

Wang Qi စကားေျပာေနတုန္း Chen Ge က သူရပ္ေနသည့္ေထာင့္ကေန မသိမသာ ေရွ႕တိုးလာသည္။ ဒီအရူး တစ္ခုခုမွာ အာရံုေရာက္ေနတုန္း လြတ္လမ္းကို ေတြးေနေပမယ့္ ဒီအိမ္ေလးက က်ဥ္းလြန္းလို႔ မျဖစ္ႏိုင္လို႔ ပယ္ခ်လိုက္ရသည္။ Wang Qi စကားဆက္ေျပာေနတုန္း သူေရွ႕တိုးလာလို႔ စကားသံရပ္သြားသည္။ ဒီတဲထဲမွာ ၾကာၾကာေနေလ သူ႔အတြက္ ပိုအႏၱရာယ္မ်ားေလျဖစ္သည္။

Chen Ge က စလႈပ္ရွားဖို႔ ဆံုးျဖတ္လိုက္တာနဲ႔ တစ္ကိုယ္လံုးကႂကြက္သားေတြ တင္းသြားခဲ့သည္။ Wang Qi ရဲ႕ပုဆိန္က ေလထဲ တယမ္းယမ္းႏွင့္ ထိန္းခ်ဳပ္မႈလြတ္ထြက္စျပဳတာ သိလိုက္ရေတာ့ Chen Ge အရွိန္ႏွင့္ ေျပးဝင္သြားလိုက္သည္။ ႏွစ္ႏွစ္ဆယ္အတြင္း Chen Ge က အမွန္ကန္ဆံုး ဆံုးျဖတ္ၿပီး လုပ္လိုက္မိတာျဖစ္သည္။ ေခ်ာင္မွာပိတ္မိၿပီး အတြဲလိုက္လူသတ္သမားႏွင့္ ရင္ဆိုင္မိခ်ိန္ ေရွ႕ကိုတိုးလိုက္သည္။

အေမွာင္ထဲမွာ Wang Qi ရဲ႕ပုဆိန္ခုတ္ခ်က္က ေႏွးေနၿပီး Chen Ge ရဲ႕တူက ပိုျမန္ကာ Wang Qi ရဲ႕ေခါင္းကို ရိုက္မိသြားသည္။ ဦးေရျပားႏွင့္ ေခါင္းခြံကို ရိုက္မိသံၾကားလိုက္ရေပမယ့္ Chen Ge မေပါ့ရဲဘဲ Wang Qi ၏ဗိုက္ကို ကန္လိုက္ေတာ့ တံခါးကိုတိုက္မိၿပီး အျပင္ကို လြင့္က်သြားသည္။

Chen Ge လည္း အျပင္ကိုေျပးထြက္ၿပီး သစ္ေတာထဲ ဝင္လာခဲ့သည္။ ဒီတစ္ႀကိမ္ေတာ့ သူဦးတည္ရမည့္အရပ္ကို ေသခ်ာေရြးခဲ့လို႔ သစ္ပင္ေတြ တျဖည္းျဖည္းပါးလာၿပီး လမ္းက ပိုေခ်ာေမြ႕လာသည္။ ဒါေပမယ့္ သူ႔ေနာက္မွာ သစ္ကိုင္းတိုးသံႏွင့္ ဓာတ္မီးေရာင္ကိုျမင္ရလို႔ တစ္ေယာက္ေယာက္ လိုက္ဖမ္းေနတာသိၿပီး Chen Ge မွာ အသက္ပင္မရႉႏိုင္ဘဲ အသက္လုေျပးရေတာ့သည္။ ကြန္ကရစ္လမ္းကို ျမင္ရတဲ့အခါမွ ေနာက္ကေျခသံက ေပ်ာက္ကြယ္သြားေတာ့သည္။

"ဒီလူေတြ ထြက္သြားေလာက္ၿပီ.."

ရဲကားသံ မၾကားရခင္ထိ ကြန္ကရစ္လမ္းအတိုင္း Chen Ge ေျပးလာခဲ့မိသည္။ သူၾကည့္လိုက္ေတာ့ သူ႔ဆီလာေနတဲ့ ကားမီးေရာင္ေတြကို ေတြ႕လိုက္ရသည္။

"ငါ လြတ္ၿပီကြ.."

သူက လမ္းလယ္ေခါင္မွာ ခုန္ေပါက္ေနမိသည္။

"ကြ်န္ေတာ္က ရဲကို ေခၚလိုက္တဲ့လူပါ.. လြန္ခဲ့တဲ့ေလးႏွစ္က လူသတ္သမားကို ကြ်န္ေတာ္ဖမ္းခဲ့တယ္.."

==========================
Chapter (24) – လူသတ်သမားကို ဖမ်းမိပြီ

Chen Ge စာကို စစ်ကြည့်လိုက်တော့ ညတိုင်း သန်းခေါင်ယံမှာပို့ထားတာ တွေ့ရသည်။ ဒီဟာက Wang Qi နဲ့ ကွက်တိကိုက်နေသည်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ နံရံထဲကအလောင်းက ညသန်းခေါင်ယံ စာပို့နိုင်လို့လား။ သဘာဝလွန် ဖြစ်ရပ်တစ်ခုလား။

တကယ်လို့ သရဲမက တကယ်စွမ်းတယ်ဆိုရင် သူ့အလောင်းကို ရွှေ့တဲ့လူတွေက ဘာကြောင့် အသက်ရှင်နေသေးလဲ။

Chen Ge က သဲလွန်စတွေကို ဆက်စပ်စဉ်းစားကြည့်တော့ ညတိုင်း message ပို့တဲ့သူက သူနဲ့စေ့စပ်ထားတဲ့ ကောင်မလေးကိုသတ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တိုက်ခန်းကိုမီးရှို့ခဲ့သည့် လူသတ်သမားဖြစ်နေတာကို သိလိုက်ရသည်။

Wang Qi ကို အရူးလို့ထင်ပြီး တိုက်ခန်းရှင်က တွေ့တိုင်း မောင်းထုတ်ခဲ့တယ်။ ပြီးတော့ ငါတွေ့ခဲ့တဲ့လူတွေထဲမှာ တိုက်ခန်းငှားမဟုတ်တဲ့လူက Wang Qi တစ်ယောက်တည်း။ ဒါပေမယ့် သူက တိုက်ခန်းဆီ ရောက်ရောက်လာတယ်ဆိုတော့ ဒီအနီးတစ်ဝိုက်မှာ နေတာဖြစ်ရမယ်။ သူ အိမ်ငှားခ ဈေးကြီးတယ်ပြောတုန်းက တိုက်ခန်းရှင်က ဒီနားတစ်ဝိုက်မှာ တည်းခိုစရာ နေရာမရှိဘူးလို့ ပြောခဲ့တာဆိုတော့ Wang Qi က ဒီနားက ဟိုတယ်၊ တိုက်ခန်းတစ်ခုခုမှာ နေတာမဖြစ်နိုင်ဘူး။ ဒါဆို ဒီလူမသိတဲ့ သစ်လုံးအိမ်မှာ နေတာပဲဖြစ်ရမယ်။

နေ့တိုင်း သူနဲ့စေ့စပ်ထားတဲ့ မိန်းကလေးပျောက်သွားလို့ သနားစရာစုံစမ်းနေတဲ့လူက တကယ့်လူသတ်သမား ဖြစ်နေသည်။ Chen Ge က သွေးအေးလူသတ်သမားနှင့် စကားလက်ဆုံကျပြီး သူ့ကိုနားလည်အောင်လုပ်မိတာကို ပြန်တွေးပြီး ကျောထဲက စိမ့်ကြောက်လာမိသည်။ ဒီအရူးက သူသတ်လိုက်တဲ့ ကောင်မလေးရဲ့အဝတ်ကိုဝတ်ပြီး ကောင်မလေးဖုန်းနဲ့ ညသန်းခေါင်တိုင်း message ပို့ပြီး သူ့ကိုယ်သူ နှိပ်စက်နေပုံရသည်။ သူအိပ်ပျော်သွားပြီးနောက် သူ့ကိုယ်ထဲက တခြားကိုယ်ရည်ကိုယ်သွေး ထွက်လာပုံရသည်။

စဉ်းစားလေ သဲလွန်စပိုရလေဖြစ်လို့ ဖုန်းကိုစစ်ကြည့်ဖို့ Chen Ge ကြည့်လိုက်သည်။ ဖုန်းမှာ လက်ဗွေရာတွေ ထင်နေနိုင်လို့ သူ ဂရုတစိုက် ကိုင်လိုက်သည်။ ဖုန်း screen ကိုကြည့်လိုက်တော့ 18 နှစ် 19 နှစ်အရွယ် မိန်းကလေးတစ်ယောက်က သွေးတွေစိုရွှဲနေသည့် ကျောင်းယူနီဖောင်း ဝတ်ထားတဲ့ပုံ ပေါ်လာသည်။ သူ့မျက်လုံးကိုပွတ်ပြီး သေချာကြည့်မလို့လုပ်တုန်း လည်ကုတ်ကို လေအေးတိုးသွားပြီး ကိုယ်ပေါ်ကမွှေးညင်းတွေ ထောင်ထသွားလို့ ခုန်ပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ သစ်လုံးအိမ်တံခါးက အသံမမြည်ဘဲ တိတ်တဆိတ်ပွင့်သွားပြီး သူ့နောက်မှာ Wang Qi က ပုဆိန်ကိုလေထဲမြှောက်ကာ ရပ်နေတာ တွေ့လိုက်ရသည်။ Wang Qi ရဲ့မျက်လုံးတွေက ရဲရဲနီနေပြီး လူနှစ်ယောက်က မလှုပ်ရှားဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

"အရမ်းနီးနေပြီ.."

Wang Qi ရဲ့အသံက လုံးဝကွဲပြားနေပြီး သူ့ကြည့်ရတာ သွက်သွက်ခါ ရူးသွားသလိုပင်။ Chen Ge ဘာမှပြန်မပြောလိုက်ဘဲ Wang Qi ရဲ့လှုပ်ရှားမှုကို မျက်ခြေမပြတ်ကြည့်ပြီး လက်ထဲကတူကို ဆုပ်ကိုင်ထားသည်။ သူ့ကိုသတိပေးလိုက်သည့် ဝိညာဉ်ကို ကျေးဇူးတင်လိုက်မိသည်။ ဝိညာဉ်တစ်ခုက သတိပေးလိုက်လို့ သူ ခေါင်းမပြတ်သွားတာဖြစ်သည်။

"အလကားပဲ.."

Wang Qi က ရှေ့တစ်လှမ်းတိုးလာလို့ Chen Ge က တူကို ကာကွယ်ဖို့ အသင့်ကိုင်ထားပြီး ပြောလိုက်သည်။

"စိတ်အေးအေးထား.. မင်းဖုန်းထဲကလူကို မြင်လိုက်လား.. တကယ်တော့ မင်းကို ငါ မလိမ်ပါဘူး.."

Chen Ge က အစောပိုင်းကမြင်ရတဲ့ Wang Qi ပုံစံက လုံးဝပျောက်သွားပြီး Wang Qi ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရသည်။ Chen Ge ကို သူညဦးပိုင်းက စကားပြောခဲ့တဲ့လူမှန်း လုံးဝမမှတ်မိဘဲ လူသစ်တစ်ဦးလို့ ထင်နေပုံရသည်။

"မင်းတိုက်ခန်းထဲမှာ ငါ့ကို စကားလာပြောတုန်းက ငါ့ကောင်မလေးက ဒီတိုက်ခန်းထဲမှာ ဝှက်ထားခံရတယ်လို့ ပြောခဲ့တယ်လေ.. ငါမင်းကို မလိမ်ဘူးတွေ့လား.. အားလုံးပြီးတော့ သူမကို တိုက်ခန်းနံရံထဲ မြှုပ်ထားတာ ငါပဲ.."

Wang Qi က ပုဆိန်နဲ့ အဝတ်အစားတွေကို ခုတ်လိုက်သည်။ Wang Qi ရဲ့လေသံတွေက စိတ်ထိခိုက်စရာကို အမှတ်ရပြီး လေသံပြောင်းသွားခဲ့သည်။

"ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး.. သူမပဲ အမှားလုပ်ခဲ့တာ.. သူမက ငါ့ကို စွန့်ခွာသွားချင်တယ်.. ဒါကြောင့် သူမကို ငါ့နားနေဖို့ပဲ လုပ်ခဲ့တာ.."

Wang Qi က ပုဆိန်ကိုကိုင်ပြီး တံခါးကိုပိတ်ကာ ပြောလိုက်သည်။

"ငါ ဒီလိုမလုပ်ချင်ခဲ့ဘူး.. မင်း သိရဲ့လား.. ငါ မရည်ရွယ်ဘူး.."

Wang Ge က ဘာတွေပဲပြောနေပါစေ သူ လူသတ်ခဲ့တာ တစ်ယောက်မကတဲ့ပုံ ပေါ်နေလို့ Chen Ge က နားမထောင်တော့ဘဲ မိန်းကလေးဖုန်းကို အိတ်ထဲထည့်ပြီး ဒီအိမ်ကနေ ထွက်ပြေးဖို့ ကြည့်လိုက်သည်။ ထိုလူက တံခါးမှာ ပိတ်ရပ်ထားသောကြောင့် လွတ်လမ်းမရှိသလောက် ဖြစ်နေသည်။

"ငါက မုန်းစရာလူတဲ့.. ငါ့ဘေးကလူတွေက ပြောကြတယ်.. သူတို့ပါးစပ်က ဖွင့်မပြောရင်တောင် မျက်လုံးထဲက ဒီလိုထင်နေတယ်.. ငါ ဘယ်လိုခံစားရသလဲဆိုတာ သူတို့မသိကြဘူး.."

Wang Qi ရဲ့စိတ်အခြေအနေက ပြိုကွဲနေပုံရပြီး သူ့ဘာသာ တစ်ယောက်တည်း စကားပြောတဲ့အကျင့် ရှိပုံရသည်။ သူ့စိတ်ထဲမှာ ပိတ်မိနေပြီး ထွက်ပေါက်မရှိ ဖြစ်နေပုံရသည်။

Wang Qi စကားပြောနေတုန်း Chen Ge က သူရပ်နေသည့်ထောင့်ကနေ မသိမသာ ရှေ့တိုးလာသည်။ ဒီအရူး တစ်ခုခုမှာ အာရုံရောက်နေတုန်း လွတ်လမ်းကို တွေးနေပေမယ့် ဒီအိမ်လေးက ကျဉ်းလွန်းလို့ မဖြစ်နိုင်လို့ ပယ်ချလိုက်ရသည်။ Wang Qi စကားဆက်ပြောနေတုန်း သူရှေ့တိုးလာလို့ စကားသံရပ်သွားသည်။ ဒီတဲထဲမှာ ကြာကြာနေလေ သူ့အတွက် ပိုအန္တရာယ်များလေဖြစ်သည်။

Chen Ge က စလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ကိုယ်လုံးကကြွက်သားတွေ တင်းသွားခဲ့သည်။ Wang Qi ရဲ့ပုဆိန်က လေထဲ တယမ်းယမ်းနှင့် ထိန်းချုပ်မှုလွတ်ထွက်စပြုတာ သိလိုက်ရတော့ Chen Ge အရှိန်နှင့် ပြေးဝင်သွားလိုက်သည်။ နှစ်နှစ်ဆယ်အတွင်း Chen Ge က အမှန်ကန်ဆုံး ဆုံးဖြတ်ပြီး လုပ်လိုက်မိတာဖြစ်သည်။ ချောင်မှာပိတ်မိပြီး အတွဲလိုက်လူသတ်သမားနှင့် ရင်ဆိုင်မိချိန် ရှေ့ကိုတိုးလိုက်သည်။

အမှောင်ထဲမှာ Wang Qi ရဲ့ပုဆိန်ခုတ်ချက်က နှေးနေပြီး Chen Ge ရဲ့တူက ပိုမြန်ကာ Wang Qi ရဲ့ခေါင်းကို ရိုက်မိသွားသည်။ ဦးရေပြားနှင့် ခေါင်းခွံကို ရိုက်မိသံကြားလိုက်ရပေမယ့် Chen Ge မပေါ့ရဲဘဲ Wang Qi ၏ဗိုက်ကို ကန်လိုက်တော့ တံခါးကိုတိုက်မိပြီး အပြင်ကို လွင့်ကျသွားသည်။

Chen Ge လည်း အပြင်ကိုပြေးထွက်ပြီး သစ်တောထဲ ဝင်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူဦးတည်ရမည့်အရပ်ကို သေချာရွေးခဲ့လို့ သစ်ပင်တွေ တဖြည်းဖြည်းပါးလာပြီး လမ်းက ပိုချောမွေ့လာသည်။ ဒါပေမယ့် သူ့နောက်မှာ သစ်ကိုင်းတိုးသံနှင့် ဓာတ်မီးရောင်ကိုမြင်ရလို့ တစ်ယောက်ယောက် လိုက်ဖမ်းနေတာသိပြီး Chen Ge မှာ အသက်ပင်မရှူနိုင်ဘဲ အသက်လုပြေးရတော့သည်။ ကွန်ကရစ်လမ်းကို မြင်ရတဲ့အခါမှ နောက်ကခြေသံက ပျောက်ကွယ်သွားတော့သည်။

"ဒီလူတွေ ထွက်သွားလောက်ပြီ.."

ရဲကားသံ မကြားရခင်ထိ ကွန်ကရစ်လမ်းအတိုင်း Chen Ge ပြေးလာခဲ့မိသည်။ သူကြည့်လိုက်တော့ သူ့ဆီလာနေတဲ့ ကားမီးရောင်တွေကို တွေ့လိုက်ရသည်။

"ငါ လွတ်ပြီကွ.."

သူက လမ်းလယ်ခေါင်မှာ ခုန်ပေါက်နေမိသည်။

"ကျွန်တော်က ရဲကို ခေါ်လိုက်တဲ့လူပါ.. လွန်ခဲ့တဲ့လေးနှစ်က လူသတ်သမားကို ကျွန်တော်ဖမ်းခဲ့တယ်.."

==========================

Continue Reading

You'll Also Like

242K 32.9K 130
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
217K 46.1K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
265K 40.5K 33
Horror
412K 36.6K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...