Hate is Love { Complete }

By yoon_085

860K 51.7K 2.1K

အမုန္းဆိုတာ အခ်စ္ကေနအစျပဳတာမို႔ ကိုယ္ခ်စ္တဲ့သူကို မနာက်ည္းႏိုင္သေရြ႔ ခ်စ္ေနမိဦးမွာလဲ လူတိုင္းလဲ ကိုယ္ခ်စ္တဲ့... More

Part -1 ~ Beginning of story
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II

Part -2 ~ First Meet

32.2K 2K 24
By yoon_085

Hate is Love

Unicode

ညနေတည်းက ငိုထားတာမလို့ မျက်လုံးများကမို့ကာ ဖောင်းအစ်နေသည် စိတ်ညစ်ညစ်နဲ့အရက်သောက်ဖို့ အောက်ထပ်ကိုဆင်းလာတော့ ပါးနဲ့ကောင်လေးတစ်ယောက် ။

အိမ်ကိုတစ်ခါမျှ သူစိမ်းခေါ်မလာဖူးတဲ့ပါးက
ထူးဆန်းစွာဖြင့် အိမ်ကိုလူတစ်ယောက် ခေါ်လာသတဲ့လား။

"ရိပေါ် လာထိုင်ဦး မိတ်ဆက်ပေးမယ်''

ရိပေါ်လဲ စကားအများကြီးမပြောချင်သောကြောင့် ဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။

" ပါး သူကဘယ်သူလဲ''
ရိပေါ်ကမေးလိုက်တော့ ထိုကောင်လေးက ရိပေါ်ကိုပြုံးပြုံးလေးနဲ့နှုတ်ဆက်သည်။

"အင်း ပါးသူငယ်ချင်းရဲ့သား အခုလောလောဆယ် အခြေနေတစ်ခုကြောင့်ပါးတို့အိမ်မှာအတူနေဖို့
ဖြစ်လာလို့ ''

"သား ဒါကဦးရဲ့သား ဝမ်ရိပေါ်တဲ့''

"အာ...ဟုတ်ကဲ့ ကျွန်တော်က
ရှောင် ရှောင်ကျန့်ပါ''
ရှောင်ကျန့်ကလက်ဆွဲနှုတ်ဆက်ဖို့
လက်ကမ်းလိုက်တော့ ဝမ်ရိပေါ် ကြောင်ပြီးကြည့်နေမိသည်ဒီကောင်လေးက တကယ်လှသည် အပြစ်ကင်းစွာပြုံးနေတဲ့အပြုံးရယ်၊ အပြုံးအောက်ကမှဲ့ နက်ကလေးရယ် တကယ်ကိုဆွဲဆောင်မှုရှိသည်။ မရည်ရွယ်ဘဲမျက်လုံးက နှုတ်ခမ်းလေးဆီရောက်တဲ့အခါ ရေငတ်သွားသလိုပင်။

"ရိပေါ် ရှောင်ကျန့်လေးအတွက် အခန်းလိုက်ပြလိုက်ပါဦး''

"ဟုတ်ကဲ့ပါး''
ရိပေါ်လဲဘာမှဆက်မပြောတော့ဘဲ ရှေ့ကထွက်လာတော့ အနောက်ကရှောင်ကျန့်က လိုက်လာသည်။ လှေကားပေါ်တက်တော့ luggage အိတ်ကြောင့် အခက်အခဲ ဖြစ်နေသောကြောင့် ရိပေါ်, ရှောင်ကျန့်ရဲ့အိတ်ကိုကိုင်ပြီး အပေါ် တက်သွားလိုက်သည်။ ရိပေါ်ရဲ့မျက်စောင်းထိုးအခန်းတံခါးကိုဖွင့်ပြီး luggageအိတ်ကိုချပေးလိုက်သည်။
"မင်းနေရမယ့်အခန်းပဲ ''

"အာ...ဟုတ်ကဲ့ ကျေးဇူးပါ''
ရိပေါ် လည်းဘာမှထွေထွေထူးထူး
ထပ်ပြောမနေတော့ဘဲ ပြန်လာခဲ့လိုက်သည်။ ခုနကဝိုင်သောက်မို့အောက်ထပ်ကို ဆင်းပေမယ့်မယူလာလိုက်ရသောကြောင့် ရိပေါ်ဝိုင်ယူဖို့ဆင်းလာသည် ရိပေါ်ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်ကိုယူပြီး အပေါ်တက်မလို့လုပ်နေစဥ်..

"ရိပေါ် ခဏလာပါဦး ''
ရိပေါ်လည်း ပါးအခန်းထဲဝင်သွားလိုက်သည်။ ပါးအတွက်ဝိုင်ထည့်ပေးလိုက်ပြီး
သူ့ခွက်ထဲကိုလည်းဝိုင်ထည့်လိုက်သည် ပါးက ဝိုင်ခွက်ကိုယူလိုက်ပြီး မသောက်သေးဘဲ ဝိုင်ခွက်ကိုမွှေနေလေသည်။

"ရိပေါ် မနက်ဖြန်ကစပြီး ကုမ္ပဏီမှာအလုပ်ဆင်းတော့''

ရိပေါ်ဝိုင်ကိုသောက်ဖို့နှုတ်ခမ်းနားတေ့ခါနီး ပါးရဲ့စကားကြောင့် ခပ်ဟဟရယ်လိုက်ကာ ဝိုင်ကိုတစ်ငုံသောက်လိုက်သည်။

"အော် ကျွန်တော့်ကိုရှိမှန်းသိသေးသားပဲ ဘယ်တုန်းကများ ကျွန်တော့်အကြောင်းကို စိတ်ဝင်စားသွားတာလဲ''

"ဝမ်ရိပေါ်!! ''

"ကျွန်တော့်နာမည်ကိုတောင်မေ့နေပြီထင်တာ အိမ်ကိုပြန်မလာတာကြာတဲ့ပါးက အိမ်ကိုပြန်လာပြီး သူစိမ်းတစ်ယောက်ကိုပါ ခေါ်လာပုံထောက်ရင်သူက ပါးအတွက် တော်တော်အရေးပါမယ့်သူထင်တယ်နော် ''

"ဝမ်ရိပေါ်တော်တော့ မင်းနဲ့ ဒီလိုစကားများဖို့ခေါ်တာမဟုတ်ဘူး''

"ဘာလဲ မနက်ဖြန် ကုမ္ပဏီ မှာအလုပ်ဝင်လုပ်ဖို့မလား ကျွန်တော် ဘယ်တုန်းကများပါးစကားကို လွန်ဆန်လို့ရခဲ့ဖူးလို့လဲ ပြောချင်တာဒါပဲမလား ကျွန်တော်ပင်ပန်းလို့သွားတော့မယ် ''
ရိပေါ်အခန်းထဲကထွက်ဖို့တံခါးဖွင့်ခါနီး

"မင်း ဟိုကလေးကို ဂရုစိုက်လိုက်ပါကွာ''
ရိပေါ် မဲ့ပြုံးပြုံးပြီး ရယ်လိုက်မိသည်။

"Hk ! သားအရင်းကို နှစ် ၂၀လောက် လျစ်လျူရူခဲ့ပြီး၊ အခုသူစိမ်းကိုကျ သူငယ်ချင်းသားမလို့ ဂရုစိုက်ပေးတယ်တဲ့လား ကျွန်တော်က သူစိမ်းလောက်တောင် တန်ဖိုးမရှိဘူးလား တစ်ခါတလေ စဉ်းစားမိတယ် ကျွန်တော်က ပါးရဲ့သားအရင်းမှဟုတ်ရဲ့လားလို့ ''

ရိပေါ်, ပါးရဲ့အမိန့်ကြောင့်ရုံးသွားဖို့ အင်္ကျီရွေးနေချိန်,
တံခါးခေါက်သံကြောင့် သွားဖွင့်လိုက်သည်။

"ဟို...ဟို အောက်မှာ ဦးလေးက ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ''

ရိပေါ်အပေါ်အင်္ကျီ ဝတ်မထားသောကြောင့်
ရှောင်ကျန့်ရှက်ပြီး ခေါင်းကိုငုံ့ကာ စကားပြောနေသည့် ပုံလေးကချစ်စရာ ။
စကားပြောပြီး,ပြီးချင်းထွက်သွားတဲ့ ရှောင်ကျန့်ကိုရိပေါ်မျက်စိတဆုံးလိုက်ကြည့်နေမိသည်။

"အိမ်မှာတစ်ခါမျှ မနက်စာမစားတဲ့ပါးက မနက်စာစားဖို့ ခေါ်သည်တဲ့လား.. hk တော်တော်ထူးဆန်းတာပဲ။ မင်းရောက်လာပြီးမှအိမ်မှာထူးဆန်းတာတွေ
ဖြစ်နေပါရောလား စိတ်ဝင်စားစရာပဲ ဘယ်အရာကများပါးကို ပြောင်းလဲစေတာပါလိမ့်''

ရိပေါ်ထမင်းစားဝိုင်းကိုလာတော့ ပါးနဲ့ရှောင်ကျန့်ဆိုတဲ့ကောင်လေးက စကားကျနေသည်။ သူ့ကိုတစ်ခါမျှကြင်ကြင်နာနာမပြောဖူးတဲ့ပါးက, ရှောင်ကျန့်ကိုကျကြင်နာနေလိုက်တာ သူ့အဖြစ်ကရယ်ရမလို,ငိုရမလိုနဲ့ အခုတော့ပါးနဲ့ တစ်ဝိုင်းတည်းထမင်းစားဖူးပြီပေါ့
သူ့မျက်စိရှေ့က မြင်ကွင်းကိုဘယ်လိုမှ သည်းခံပြီးမကြည့်နိုင်တော့ပါ မိဘမေတ္တာငတ်နေခဲ့သူ့ကို တစ်ခါမျှလှည့်မကြည့်ခဲ့တဲ့ပါးက အခြားသူကိုကျ ကြင်နာနေလိုက်တာ ။

~~~~~~~~~~~~~~

"ယွီပင်း ဒါငါ့ရဲ့သားပဲ သူ့ကို ကုမ္ပဏီအကြောင်းသေချာရှင်းပြလိုက်ပါဦး''

"ဟုတ်ကဲ့ပါ ဥက္ကဠ ''

ရိပေါ်တို့ထွက်သွားပြီးတော့အတွင်းရေးမှူးက
ဝင်လာသည်။

"ဥက္ကဠ ရှေ့နေ့ရောက်နေပါပြီ ''

"ကောင်းပြီ ဝင်လာခိုင်းလိုက်''

"ဥက္ကဠ ကျွန်တော့်ကိုခေါ်တယ်ဆို ''

"ဟုတ်တယ် ကိစ္စအားလုံးကိုအဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ထင်လို့လေ ''

"ဒါဆို အမွေကိစ္စကိုစီစဉ်တော့မှာလား''

"အင်းအချိန်မဆွဲချင်တော့ဘူး စာချုပ်ကိုအသင့်ပြင်ထားလိုက်တော့ ''

"ကျုပ်ပြောတဲ့အတိုင်းပဲလုပ်ထားလိုက်တော့ ခင်ဗျားလည်းသိတာပဲ ကျုပ်ကကြာကြာမနေရတော့ဘူးဆိုတာ နောက်ဆုံးအချိန်မှာ ကလေးတွေအတွက် စိတ်ချသွားချင်တယ် ရှေ့နေကြီးကကူညီပေးပါဦး ''

"ဟုတ်ကဲ့ကျွန်တော် အကောင်းဆုံးဖြစ် အောင်ကူညီပေးပါ့မယ် ''

"ပြီးတော့ဒါလေး ဒီdiaryလေးကို ကျုပ်ဆုံးပြီး တစ်နှစ်ကြာရင် ရိပေါ်လက်ထဲဆက်ဆက်ထည့်ပေးပါ ပြီးတော့ရှောင်ကျန့်လေးကိုလည်းမမုန်းဘဲ စောင့်ရှောက်ပေးပါလို့''

"ဟုတ်ကဲ့ပါ ကျွန်တော် ဥက္ကဠ ပြောတဲ့အတိုင်းဆောင်ရွက်လိုက်ပါ့မယ်''

________<<<<<_______

"ရိပေါ်က အခုမှအလုပ်ဝင်ပေမယ့် အတက်မြန်သားပဲ''

"ကျေးဇူးပါ ''

"အခုလိုပုံနဲ့ဆို မြန်မြန်ပဲ အလုပ်ကိစ္စတွေလုပ်နိုင်တော့မယ်''

"အင်း...''

ယွီပင်း တစ်ယောက် ဥက္ကဠရဲ့သားကစကားနည်းတယ် ဆိုတာသိထားပေမယ့် ဒီလောက်ထိအေးလိမ့်မည်ထင်မထားပေ။

ရှောင်ကျန့်ကိုဦးလေးက အလုပ်မသွားလဲဖြစ်သည်ဟု ပြောသော်လည်း သူများအိမ်မှာချည်းပဲ အလကားမနေနိုင်သောကြောင့်လုပ်နေကျ cafeဆိုင်လေးမှာပဲ အလုပ်ဝင်လုပ်ပြီး ဆေးရုံမှာမားအတွက်လိုအပ်တာတွေဝယ်ရသည်။

မားကိုပါးဆုံးပြီးနောက်မှ ဦးနှောက်မှာအကျိတ်ဖြစ်မှန်းသိ၍ ခွဲစိတ်လိုက်ရတော့ coma လိုဖြစ်သွားပြီးမျောနေခဲ့သည် ဒုတိယအကြိမ်ခွဲဖို့က ပိုက်ဆံမလောက်သောကြောင့် ရှောင်ကျန့်ကြိုးစားပြီးစုနေရဆဲပင် ။

ရှောင်ကျန့်လဲ ဦးလေးဝမ်တို့အိမ်မှာနေတာ ၅လပင်ရှိသွားလေပြီ ဦးလေးဝမ်ကလည်း ရုံးမှာသာ,နေတာများပြီး တစ်ခါတစ်လေမှသာ အိမ်ပြန်လာတက်သည် ဝမ်ရိပေါ်ဆိုတဲ့လူကြတော့လည်း ရုံးကပြန်လာပြီးလျှင်အခန်းထဲမှာပဲနေပြီး ထွက်မလာတော့ချေ။

အိမ်မှာအလကားမနေချင်သောကြောင့်
ရှောင်ကျန့်လည်း အိမ်အတွက်ညစာချက်ပေးသည် ရိပေါ်ကညစာစားပြီးသည်နှင့် အခန်းထဲတန်းဝင်သွားသည်မို့ ရှောင်ကျန့်လည်း ပန်းကန်တွေကို အိမ်အကူအဒေါ်ကြီးနဲ့ကူဆေးပေးပြီး ဦးလေးဝမ်ကခေါ် ထားတာကြောင့် အခန်းထဲသွားလိုက်သည်။

ရှောင်ကျန့်အခန်းထဲဝင်တော့ အခန်းထဲမှာရှိနေသောသူကြောင့် အံသြသွားရသည်။

"မင်းက ဒီကိုဘာလာလုပ်တာလဲ''
ရိပါ်ကရှောင်ကျန့်ကိုမေးလိုက်တော့,ရှောင်ကျန့်ကပြန်ပြောမလို့ ပြင်နေစဥ်

"ငါ ခေါ်ထားတာ ''

"ပါး '' ''ဦးလေးဝမ်''

အခန်းထဲဝင်လာတဲ့ဝမ်ဖေးချန်ကို ရှောင်ကျန့်ရောရိပေါ်ရော ကြည့်လိုက်မိသည်။

"ပါး သူ့ကို ဘာကိစ္စရှိလို့ခေါ်ထားတာလဲ''

"အင်း မင်းတို့နှစ်ယောက်လုံးကိုပြောစရာရှိလို့
ခေါ်ထားတာ''

"ပါးပြောတာသေချာနားထောင် အခုပြောမယ့်စကားကအရေးကြီးတယ် ပြီးတော့မင်းတို့နှစ်ယောက်လုံးလက်ခံပေးစေချင်တယ် ပါးရဲ့ရှေ့နေ့က မင်းတို့ကို စာချုပ်လာပေးလိမ့်မယ် အမွေစာချုပ်''

"အမွေစာချုပ် ? ဘာလုပ်ဖို့အစောကြီးစီစဉ်နေတာလဲ ပါးက ဘာလုပ်ဖို့လဲ''

"ငါပြောလို့မပြီးသေးဘူးရိပေါ် အခုဝမ်ကုမ္ပဏီနဲ့ စက်ရုံတွေကို မင်းကိုလွှဲပေးခဲ့မယ် ကျန်တဲ့ဟာတွေကို ရှောင်ကျန့်လေးကိုပေးမယ် ''

"ဗျာ!ဟို ဦးလေးဝမ် ကျွန်တော့်အတွက်မလိုပါဘူးခင်ဗျ မယူပါရစေနဲ့ ''

"ရှောင်ကျန့်လေး သားအတွက်အကြွေးတင်နေတာတွေ ဦးဆပ်ပေးပြီးပြီ''

"ဗျာ! မလုပ်ပါနဲ့ ကျွန်တော့်အဲ့လိုအချောင်မလိုချင်ပါဘူး''

"မရတော့ဘူး စာချုပ်မှာပြင်ဆင်ပြီးသွားပြီ ဦးကိုမင်းပြန်ဆပ်ချင်တယ်ဆို တစ်နည်းပဲရှိတော့တယ် ''

"ဟုတ် ကျွန်တော်ဘာလုပ်ပေးရမလဲ ''

"ရိပေါ်နဲ့ရှောင်ကျန့် မင်းတို့နှစ်ယောက်လက်ထပ်ရမယ် ''

"ပါး.... '' ''ဦးလေးဝမ်''

"ပါး ဖြစ်နိုင်တာကိုပြောလေ ကျွန်တော်က
ဘာလို့ယောကျ်ားလေးတစ်ယောက်နဲ့လက်ထပ်ရမှာလဲ''

"မင်းမှာငြင်းပိုင်ခွင့်မရှိဘူး ရိပေါ် ငါခိုင်းတဲ့အတိုင်းလုပ် ရှောင်ကျန့်,သားရော ဒီလက်ထပ်ပွဲကိုလက်ခံပေးမယ်လို့ ယုံကြည်တယ် ဒါအဖေတစ်ယောက်အနေနဲ့ နောက်ဆုံးတောင်းဆိုချက်ပဲ''

ရိပေါ် ,ပါးကိုနားမလည်နိုင်အောင်ပဲ ဖြစ်မိသည် ဘယ်လောက်မှတွေ့တာမရှိသေးတဲ့သူနဲ့ လက်ထပ်ခိုင်းသည် ပြီးတော့အဲ့တာကလည်း ယောကျ်ားလေးတစ်ယောက် ပါးကဘာတွေကိုဘယ်လို
ဖြစ်စေချင်နေတာလဲဆိုတာ တကယ်ကိုနားမလည်နိုင်တော့ချေ ။

_________<<<<<<________

မနေ့ညက အခြေအနေကြောင့် ထမင်းစားဝိုင်းကတိတ်ဆိတ်လို့ ထိုအခြေနေကိုဖြိုခွင်းလိုက်သူက....

"ရိပေါ် မင်းနဲ့ရှောင်ကျန့်တို့ မင်္ဂလာပွဲအတွက် အဆင်သင့်လုပ်ထားကြ''

"ပါး သားတို့ရဲ့သဘောတောင်မမေးဘဲ ဘာလို့မင်္ဂလာပွဲ လုပ်ဖို့ချည်းပဲ ပြောနေတာလဲ ''

"မင်းအတွက်ရှောင်ကျန့်မှာဘာ
ပြစ်ချက်များရှိနေလို့လဲ ယောကျ်ားလေးဖြစ်နေတာကလွဲရင် အကုန်အဆင်ပြေနေတာပဲမလား အခုခေတ်မှာ
ယောကျ်ားချင်းယူတဲ့သူတွေမှအများကြီး ဘာတွေများထူးဆန်းနေလို့ငါ့ကိုမေးနေတာလဲ မင်္ဂလာ ခန်းမကို ယွီပင်းကိုစီစဉ်ခိုင်းလိုက်မယ် မင်းတို့က မင်းတို့သဘောကျဝတ်စုံသွားရွေးကြ''

ပါးကပြောပြီး ထွက်သွားသောကြောင့် ရိပေါ်,ရှောင်ကျန့် ကိုကြည့်လိုက်တော့ခေါင်းငုံ့ပြီး ရှက်နေသည်ထင်ပါရဲ့
' အင်း..သူရှက်လည်း ရှက်ချင်စရာအခြေအနေပင် '

"ရှောင်ကျန့်''
ရိပေါ်ကရှောင်ကျန့်လို့ခေါ်လိုက်တော့ ကြည်လင် ရွှန်းလက်တဲ့မျက်ဝန်းအစုံနဲ့ ပြန်ကြည့်လာတဲ့သူကြောင့် ရိပေါ်ရဲ့ ရင်ခုန်သံတွေက ဗရမ်းဗတာ။ ဘာလို့အဲ့လောက်တောင်လှရက်တာလဲ ရင်ထဲမှာတော့ ယောက်ယက်ခတ်နေပေမယ့်တည်ငြိမ်စွာပဲ..

"ငါတို့စကားပြောဖို့လိုပြီထင်တယ် မင်း
စားပြီးရင် ငါ့အခန်းထဲကိုလာခဲ့ ''

"အာ ဟုတ်ကဲ့''

ရိပေါ်အခန်းထဲကစားပွဲမှာ ထိုင်ပြီး tablet ထိုင်ကြည့်နေစဥ် ရှောင်ကျန့်, ကော်ဖီဗန်းကိုယူလာပြီး အခန်းထဲသို့ဝင်လာသည်။

ရိပေါ်ကရှောင်ကျန့် ကော်ဖီဗန်းကိုကိုင်ကာ အခန်းထဲဝင်လာတာကို မျက်စိထောင့်ကနေခိုးကြည့်နေတာမို့ သိပေမယ့် မသိချင်ယောင်ဆောင်ကာ tablet ထိုင်သုံးချင် ယောင်ဆောင်နေလိုက်သည်။

"ရိပေါ်။ ဒီမှာ ကော်ဖီ ''
ရိပေါ်ကဘာမှမပြောဘဲ နေတာကြောင့်ရှောင်ကျန့်ကပဲစကား စလိုက်သည်။
"ဟို ရိပေါ် ပြောစရာရှိတယ်ဆိုတာ..''

"အွန်း ဟုတ်တယ် ထိုင်လေ''

ရိပေါ်က tabletကိုစားပွဲပေါ်တင်လိုက်ပြီး
ရှောင်ကျန့်ကို ကြည့်လိုက်သည်။

"မင်းဒီလက်ထပ်ပွဲကို ဘယ်လိုသဘောရလဲ ''

"ဟင်... ''
ရှောင်ကျန့်ကခေါင်းငုံ့ထားရာကနေရိပေါ်အမေးကြောင့်ခေါင်းကိုမော့ကြည့်လိုက်သည်။

"သဘောတူလားဒါမှမဟုတ်ရင်ဖျက်သိမ်းချင်လား''

"........''
ရှောင်ကျန့်ဘာအဖြေမှပြန်မပေးမိ မပြောတာထက် ဘာအဖြေပေးရမှန်းကိုမသိပေ သူငြင်းလဲမငြင်းချင် ငြင်းလိုက်ရင်ရော ဘာဖြစ်မလဲ သူမစဉ်းစားချင်
သူ့အတွေးနဲ့သူ ရူပ်နေသည်။

"ကောင်းပြီလေ ငါတို့လက်ထပ်ကြတာပေါ့ရှောင်ကျန့်''
ရိပေါ်ရဲ့စကားအဆုံးရှောင်ကျန့်,ရိပေါ်ကို
နားမလည်နိုင်စွာ ကြည့်မိသည်။

ရိပေါ်ကသူ့ကိုငြင်းမည်ထင်တာလက်ထပ်မည်တဲ့လား သူကရော ဘာလို့လက်ထပ်မည် ပြောတာကိုပျော်နေရတာလဲမသိ မိန်းကလေးလဲမဟုတ်ပါဘဲနဲ့ ယောကျ်ားလေးတစ်ယောက်က
သူ့ကိုလက်ထပ်မည်ပြောတာပျော်စရာလား မဟုတ်မှလွဲရော သူကွေးနေပြီလား ။

ရှောင်ကျန့်,သူ့အတွေးနဲ့သူ
ယောက်ယက်ခတ်နေသည်ကို ရိပေါ် ကြည့်ပြီး ပြုံးလိုက်မိသည်။ ယောကျ်ားလေးတစ်ယောက်ကို လှသည်ဟု မသုံးနှုန်းသင့်သော်လည်း သူကတကယ်ကိုလှသည်။

"ကြိုက်တယ် ''

"ဟမ်.... ''
ရိပေါ်ကဒီနေ့သူ့ကို အံသြမှုတွေတစ်ခုပြီး တစ်ခုပေးနေတော့သည်။

"တကယ်တော့ ငါမင်းကို...''

တီ ~ တီ

ရိပေါ်စကားပြောနေရင်း ဖုန်းလာသည်မလို့ ပြောလက်စ,စကားကို ဖြတ်လိုက်သည် ။

" အင်းပြော ကုမ္ပဏီကိုအခုလာခဲ့မယ် ''
ရိပေါ်ဖုန်းပြောနေရင်း ဖုန်းကိုခွာလိုက်ပြီး

"သွေ့ပုချိ ကိုယ်အခု ရုံးကိုသွားလိုက်ဦးမယ် နောက်မှဆက်ပြောကြတာပေါ့''
ရှောင်ကျန့်လဲ နားလည်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။

ရိပေါ်အခန်းတံခါးပိတ်ခါနီး ရှောင်ကျန့်ကိုကြည့်လိုက်ကာ
"ကြိုက်တယ်....''

"Humm...''

"ငါမင်းကိုကြိုက်တယ်လို့''
ရိပေါ်ထိုစကားကိုပြောကာ ဖုန်းကိုဆက်ပြောပြီး အခန်းထဲက ထွက်သွားလေသည်။
ပြောပြီးထွက်သွားတဲ့ ရိပေါ်ကတော့ ဘယ်လိုနေမလဲမသိပေမယ့်, ကျန်ခဲ့တဲ့ရှောင်ကျန့်ကတော့
ရင်တွေခုန်တာထိန်းမရနိုင်အောင်ပင် ။

___________<<<<<<<<__________

"ဥက္ကဠဝမ် ခင်ဗျားရဲ့ရောဂါအခြေနေကပိုဆိုးလာပြီ ဒီအခြေနေရောက်တာတောင် ခွဲစိတ်ဖို့ငြင်းနေဦးမှာလား ပထမအဆင့်မှာတည်းက ခွဲစိတ်လို့ရပေမယ့်အခုဆို ကင်ဆာဆဲလ်တွေတော်တော်ပျံ့နေပြီ''

"ကျွန်တော်ခွဲစိတ်လို့မဖြစ်ဘူး ကျန်နေသေးတဲ့အချိန်မှာ လုပ်သင့်တာတွေလုပ်ရဦးမယ် တကယ်လို့များခွဲစိတ်တာ တစ်ခုခုဖြစ်သွားရင် ကျွန်တော့်သားကို တစ်သက်လုံးစိတ်ချနိုင်မှာမဟုတ်ဘူး သူရဲ့အနာဂတ်အတွက် ပြင်ဆင်ပေးခဲ့ရဦးမယ်''

"ဥက္ကဠ သားကိုရော,ပေးမသိဘူးလား ''

"မသိစေချင်ဘူး အဲ့ကလေးကငယ်ငယ်လေးထဲက ဒုက္ခတွေခံစားလာရတာ သူသာ ဒီအကြောင်းတွေသိရင် မလိုအပ်ပဲ ခံစားရလိမ့်မယ် ဒီအရွယ်ထိ ဒီလောက်ထိခံစားပြီးရင် တော်ပြီပေါ့ဗျာ ကျွန်တော့်အပြစ်တွေအတွက် ကျွန်တော် ပေးဆပ်ရဦးမယ် ''
ဥက္ကဠဝမ်က နံရံကို တွေတွေလေးကြည့်ကာ ပြောလိုက်သည်။

အပြစ်ဆိုတာလုပ်ထားပြီးရင်
ဆပ်ရမှာသဘာဝပဲလေ သူရဲ့ကျန်ရှိတဲ့ဘဝကို ထိုအပြစ်တွေဆပ်ပြီးမှ လောကကြီးထဲက ထွက်သွားသင့်သည်မဟုတ်လား။

#edaz
2:28 a.m.

နောက်တပိုင်းမှောင်ပီနော် 🙈

______________<<<<<<<<______________

Hate is Love

Zawgyi

ညေနတည္းက ငိုထားတာမလို႔ မ်က္လုံးမ်ားကမို႔ကာ ေဖာင္းအစ္ေနသည္ စိတ္ညစ္ညစ္နဲ႕အရက္ေသာက္ဖို႔ ေအာက္ထပ္ကိုဆင္းလာေတာ့ ပါးနဲ႕ေကာင္ေလးတစ္ေယာက္ ။

အိမ္ကိုတစ္ခါမွ် သူစိမ္းေခၚမလာဖူးတဲ့ပါးက
ထူးဆန္းစြာျဖင့္ အိမ္ကိုလူတစ္ေယာက္ ေခၚလာသည္တဲ့လား။

"ရိေပၚ လာထိုင္ဦး မိတ္ဆက္ေပးမယ္''

ရိေပၚလဲ စကားအမ်ားႀကီးမေျပာခ်င္ေသာေၾကာင့္ ဆိုဖာေပၚမွာဝင္ထိုင္လိုက္သည္။

" ပါး သူကဘယ္သူလဲ''
ရိေပၚကေမးလိုက္ေတာ့ ထိုေကာင္ေလးက ရိေပၚကိုၿပဳံးၿပဳံးေလးနဲ႕ႏႈတ္ဆက္သည္။

"အင္း ပါးသူငယ္ခ်င္းရဲ႕သား အခုေလာေလာဆယ္ အေျခေနတစ္ခုေၾကာင့္ပါးတို႔အိမ္မွာအတူေနဖို႔
ျဖစ္လာလို႔ ''

"သား ဒါကဦးရဲ႕သား ဝမ္ရိေပၚတဲ့''

"အာ...ဟုတ္ကဲ့ ကြၽန္ေတာ္က
ေရွာင္ ေရွာင္က်န႔္ပါ''
ေရွာင္က်န႔္ကလက္ဆြဲႏႈတ္ဆက္ဖို႔
လက္ကမ္းလိုက္ေတာ့ ဝမ္ရိေပၚ ေၾကာင္ၿပီးၾကည့္ေနမိသည္ဒီေကာင္ေလးက တကယ္လွသည္ အျပစ္ကင္းစြာၿပဳံးေနတဲ့အၿပဳံးရယ္၊ အၿပဳံးေအာက္ကမွဲ႕ နက္ကေလးရယ္ တကယ္ကိုဆြဲေဆာင္မႈရွိသည္။ မရည္႐ြယ္ဘဲမ်က္လုံးက ႏႈတ္ခမ္းေလးဆီေရာက္တဲ့အခါ ေရငတ္သြားသလိုပင္။

"ရိေပၚ ေရွာင္က်န႔္ေလးအတြက္ အခန္းလိုက္ျပလိုက္ပါဦး''

"ဟုတ္ကဲ့ပါး''
ရိေပၚလဲဘာမွဆက္မေျပာေတာ့ဘဲ ေရွ႕ကထြက္လာေတာ့ အေနာက္ကေရွာင္က်န႔္က လိုက္လာသည္။ ေလွကားေပၚတက္ေတာ့ luggage အိတ္ေၾကာင့္ အခက္အခဲ ျဖစ္ေနေသာေၾကာင့္ ရိေပၚ, ေရွာင္က်န႔္ရဲ႕အိတ္ကိုကိုင္ၿပီး အေပၚ တက္သြားလိုက္သည္။ ရိေပၚရဲ႕မ်က္ေစာင္းထိုးအခန္းတံခါးကိုဖြင့္ၿပီး luggageအိတ္ကိုခ်ေပးလိုက္သည္။
"မင္းေနရမယ့္အခန္းပဲ ''

"အာ...ဟုတ္ကဲ့ ေက်းဇူးပါ''
ရိေပၚ လည္းဘာမွေထြေထြထူးထူး
ထပ္ေျပာမေနေတာ့ဘဲ ျပန္လာခဲ့လိုက္သည္။ ခုနကဝိုင္ေသာက္မို႔ေအာက္ထပ္ကို ဆင္းေပမယ့္မယူလာလိုက္ရေသာေၾကာင့္ ရိေပၚဝိုင္ယူဖို႔ဆင္းလာသည္ ရိေပၚဝိုင္ပုလင္းနဲ႕ ဝိုင္ခြက္ကိုယူၿပီး အေပၚတက္မလို႔လုပ္ေနစဥ္..

"ရိေပၚ ခဏလာပါဦး ''
ရိေပၚလည္း ပါးအခန္းထဲဝင္သြားလိုက္သည္။ ပါးအတြက္ဝိုင္ထည့္ေပးလိုက္ၿပီး
သူ႕ခြက္ထဲကိုလည္းဝိုင္ထည့္လိုက္သည္ ပါးက ဝိုင္ခြက္ကိုယူလိုက္ၿပီး မေသာက္ေသးဘဲ ဝိုင္ခြက္ကိုေမႊေနေလသည္။

"ရိေပၚ မနက္ျဖန္ကစၿပီး ကုမၸဏီမွာအလုပ္ဆင္းေတာ့''

ရိေပၚဝိုင္ကိုေသာက္ဖို႔ႏႈတ္ခမ္းနားေတ့ခါနီး ပါးရဲ႕စကားေၾကာင့္ ခပ္ဟဟရယ္လိုက္ကာ ဝိုင္ကိုတစ္ငုံေသာက္လိုက္သည္။

"ေအာ္ ကြၽန္ေတာ့္ကိုရွိမွန္းသိေသးသားပဲ ဘယ္တုန္းကမ်ား ကြၽန္ေတာ့္အေၾကာင္းကို စိတ္ဝင္စားသြားတာလဲ''

"ဝမ္ရိေပၚ!! ''

"ကြၽန္ေတာ့္နာမည္ကိုေတာင္ေမ့ေနၿပီထင္တာ အိမ္ကိုျပန္မလာတာၾကာတဲ့ပါးက အိမ္ကိုျပန္လာၿပီး သူစိမ္းတစ္ေယာက္ကိုပါ ေခၚလာပုံေထာက္ရင္သူက ပါးအတြက္ ေတာ္ေတာ္အေရးပါမယ့္သူထင္တယ္ေနာ္ ''

"ဝမ္ရိေပၚေတာ္ေတာ့ မင္းနဲ႕ ဒီလိုစကားမ်ားဖို႔ေခၚတာမဟုတ္ဘူး''

"ဘာလဲ မနက္ျဖန္ ကုမၸဏီ မွာအလုပ္ဝင္လုပ္ဖို႔မလား ကြၽန္ေတာ္ ဘယ္တုန္းကမ်ားပါးစကားကို လြန္ဆန္လို႔ရခဲ့ဖူးလို႔လဲ ေျပာခ်င္တာဒါပဲမလား ကြၽန္ေတာ္ပင္ပန္းလို႔သြားေတာ့မယ္ ''
ရိေပၚအခန္းထဲကထြက္ဖို႔တံခါးဖြင့္ခါနီး

"မင္း ဟိုကေလးကို ဂ႐ုစိုက္လိုက္ပါကြာ''
ရိေပၚ မဲ့ၿပဳံးၿပဳံးၿပီး ရယ္လိုက္မိသည္။

"Hk ! သားအရင္းကို ႏွစ္ ၂၀ေလာက္ လ်စ္လ်ဴ႐ူခဲ့ၿပီး၊ အခုသူစိမ္းကိုက် သူငယ္ခ်င္းသားမလို႔ ဂ႐ုစိုက္ေပးတယ္တဲ့လား ကြၽန္ေတာ္က သူစိမ္းေလာက္ေတာင္ တန္ဖိုးမရွိဘူးလား တခါတေလစဥ္းစားမိတယ္ ကြၽန္ေတာ္က ပါးရဲ႕သားအရင္းမွဟုတ္ရဲ႕လားလို႔ ''

ရိေပၚ, ပါးရဲ႕အမိန႔္ေၾကာင့္႐ုံးသြားဖို႔ အကၤ်ီေ႐ြးေနခ်ိန္,
တံခါးေခါက္သံေၾကာင့္ သြားဖြင့္လိုက္သည္။

"ဟို...ဟို ေအာက္မွာ ဦးေလးက ထမင္းစားဖို႔ေခၚခိုင္းလိုက္ လို႔ပါ''

ရိေပၚအေပၚအကၤ်ီ ဝတ္မထားေသာေၾကာင့္
ေရွာင္က်န႔္ရွက္ၿပီး ေခါင္းကိုငုံ႕ကာ စကားေျပာေနသည့္ ပုံေလးကခ်စ္စရာ ။
စကားေျပာၿပီး,ၿပီးခ်င္းထြက္သြားတဲ့ ေရွာင္က်န႔္ကိုရိေပၚမ်က္စိတဆုံးလိုက္ၾကည့္ေနမိသည္။

"အိမ္မွာတစ္ခါမွ် မနက္စာမစားတဲ့ပါးက မနက္စာစားဖို႔ ေခၚသည္တဲ့လား.. hk ေတာ္ေတာ္ထူးဆန္းတာပဲ။ မင္းေရာက္လာၿပီးမွအိမ္မွာထူးဆန္းတာေတြ
ျဖစ္ေနပါေရာလား စိတ္ဝင္စားစရာပဲ ဘယ္အရာကမ်ားပါးကို ေျပာင္းလဲေစတာပါလိမ့္''

ရိေပၚထမင္းစားဝိုင္းကိုလာေတာ့ ပါးနဲ႕ေရွာင္က်န႔္ဆိုတဲ့ေကာင္ေလးက စကားက်ေနသည္။ သူ႕ကိုတစ္ခါမွ်ၾကင္ၾကင္နာနာမေျပာဖူးတဲ့ပါးက, ေရွာင္က်န႔္ကိုက်ၾကင္နာေနလိုက္တာ သူ႕အျဖစ္ကရယ္ရမလို,ငိုရမလိုနဲ႕ အခုေတာ့ပါးနဲ႕ တစ္ဝိုင္းတည္းထမင္းစားဖူးၿပီေပါ့
သူ႕မ်က္စိေရွ႕က ျမင္ကြင္းကိုဘယ္လိုမွ သည္းခံၿပီး မၾကည့္နိုင္ေတာ့ပါ မိဘေမတၱာငတ္ေနခဲ့သူ႕ကို တစ္ခါမွ်လွည့္မၾကည့္ခဲ့တဲ့ပါးက အျခားသူကိုက် ၾကင္နာေနလိုက္တာ ။

~~~~~~~~~~~~~~

"ယြီပင္း ဒါငါ့ရဲ႕သားပဲ သူ႕ကို ကုမၸဏီအေၾကာင္းေသခ်ာရွင္းျပလိုက္ပါဦး''

"ဟုတ္ကဲ့ပါ ဥကၠဠ ''

ရိေပၚတို႔ထြက္သြားၿပီးေတာ့အတြင္းေရးမႉးက
ဝင္လာသည္။

"ဥကၠဠ ေရွ႕ေန႕ေရာက္ေနပါၿပီ ''

"ေကာင္းၿပီ ဝင္လာခိုင္းလိုက္''

"ဥကၠဠ ကြၽန္ေတာ့္ကိုေခၚတယ္ဆို ''

"ဟုတ္တယ္ ကိစၥအားလုံးကိုအဆုံးသတ္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ထင္လို႔ေလ ''

"ဒါဆို အေမြကိစၥကိုစီစဥ္ေတာ့မွာလား''

"အင္းအခ်ိန္မဆြဲခ်င္ေတာ့ဘူး စာခ်ဳပ္ကိုအသင့္ျပင္ထားလိုက္ေတာ့ ''

"က်ဳပ္ေျပာတဲ့အတိုင္းပဲလုပ္ထားလိုက္ေတာ့ ခင္ဗ်ားလည္းသိတာပဲ က်ဳပ္ကၾကာၾကာမေနရေတာ့ဘူးဆိုတာ ေနာက္ဆုံးအခ်ိန္မွာ ကေလးေတြအတြက္ စိတ္ခ်သြားခ်င္တယ္ ေရွ႕ေနႀကီးကကူညီေပးပါဦး ''

"ဟုတ္ကဲ့ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ ေအာင္ကူညီေပးပါ့မယ္ ''

"ၿပီးေတာ့ဒါေလး ဒီdiaryေလးကို က်ဳပ္ဆုံးၿပီး တစ္ႏွစ္ၾကာရင္ ရိေပၚလက္ထဲဆက္ဆက္ထည့္ေပးပါ ၿပီးေတာ့ေရွာင္က်န႔္ေလးကိုလည္းမမုန္းဘဲ ေစာင့္ေရွာက္ေပးပါလို႔''

"ဟုတ္ကဲ့ပါ ကြၽန္ေတာ္ ဥကၠဠ ေျပာတဲ့အတိုင္းေဆာင္႐ြက္လိုက္ပါ့မယ္''

________<<<<<_______

"ရိေပၚက အခုမွအလုပ္ဝင္ေပမယ့္ အတက္ျမန္သားပဲ''

"ေက်းဇူးပါ ''

"အခုလိုပုံနဲ႕ဆို ျမန္ျမန္ပဲ အလုပ္ကိစၥေတြလုပ္နိုင္ေတာ့မယ္''

"အင္း...''

ယြီပင္း တစ္ေယာက္ ဥကၠဠရဲ႕သားကစကားနည္းတယ္ ဆိုတာသိထားေပမယ့္ ဒီေလာက္ထိေအးလိမ့္မည္
ထင္မထားေပ။

ေရွာင္က်န႔္ကိုဦးေလးက အလုပ္မသြားလဲျဖစ္သည္ဟု ေျပာေသာ္လည္း သူမ်ားအိမ္မွာခ်ည္းပဲ အလကားမေနနိုင္ေသာေၾကာင့္လုပ္ေနက် cafeဆိုင္ေလးမွာပဲ အလုပ္ဝင္လုပ္ၿပီး ေဆး႐ုံမွာမားအတြက္လိုအပ္တာေတြဝယ္ရသည္။

မားကိုပါးဆုံးၿပီးေနာက္မွ ဦးႏွောက္မွာအက်ိတ္ျဖစ္မွန္းသိ၍ ခြဲစိတ္လိုက္ရေတာ့ coma လိုျဖစ္သြားၿပီးေမ်ာေနခဲ့သည္ ဒုတိယအႀကိမ္ခြဲဖို႔က ပိုက္ဆံမေလာက္ေသာေၾကာင့္ ေရွာင္က်န႔္ႀကိဳးစားၿပီးစုေနရဆဲပင္ ။

ေရွာင္က်န႔္လဲ ဦးေလးဝမ္တို႔အိမ္မွာေနတာ ၅လပင္ရွိသြားေလၿပီ ဦးေလးဝမ္ကလည္း ႐ုံးမွာသာ,ေနတာမ်ားၿပီး တစ္ခါတစ္ေလမွသာ အိမ္ျပန္လာတက္သည္ ဝမ္ရိေပၚဆိုတဲ့လူၾကေတာ့လည္း ႐ုံးကျပန္လာၿပီးလွ်င္အခန္းထဲမွာပဲေနၿပီး ထြက္မလာေတာ့ေခ်။

အိမ္မွာအလကားမေနခ်င္ေသာေၾကာင့္
ေရွာင္က်န႔္လည္း အိမ္အတြက္ညစာခ်က္ေပးသည္ ရိေပၚကညစာစားၿပီးသည္ႏွင့္ အခန္းထဲတန္းဝင္သြားသည္မို႔ ေရွာင္က်န႔္လည္း ပန္းကန္ေတြကို အိမ္အကူအေဒၚႀကီးနဲ႕ကူေဆးေပးၿပီး ဦးေလးဝမ္ကေခၚ ထားတာေၾကာင့္ အခန္းထဲသြားလိုက္သည္။
ေရွာင္က်န႔္အခန္းထဲဝင္ေတာ့ အခန္းထဲမွာရွိေနေသာသူေၾကာင့္ အံၾသသြားရသည္။

"မင္းက ဒီကိုဘာလာလုပ္တာလဲ''
ရိပၚကေရွာင္က်န႔္ကိုေမးလိုက္ေတာ့,ေရွာင္က်န႔္ကျပန္ေျပာမလို႔ ျပင္ေနစဥ္

"ငါ ေခၚထားတာ ''

"ပါး '' ''ဦးေလးဝမ္''

အခန္းထဲဝင္လာတဲ့ဝမ္ေဖးခ်န္ကို ေရွာင္က်န႔္ေရာရိေပၚေရာ ၾကည့္လိုက္မိသည္။

"ပါး သူ႕ကို ဘာကိစၥရွိလို႔ေခၚထားတာလဲ''

"အင္း မင္းတို႔ႏွစ္ေယာက္လုံးကိုေျပာစရာရွိလို႔
ေခၚထားတာ''

"ပါးေျပာတာေသခ်ာနားေထာင္ အခုေျပာမယ့္စကားကအေရးႀကီးတယ္ ၿပီးေတာ့မင္းတို႔ႏွစ္ေယာက္လုံး
လက္ခံေပးေစခ်င္တယ္ ပါးရဲ႕ေရွ႕ေန႕က မင္းတို႔ကို စာခ်ဳပ္လာေပးလိမ့္မယ္ အေမြစာခ်ဳပ္''

"အေမြစာခ်ဳပ္ ? ဘာလုပ္ဖို႔အေစာႀကီးစီစဥ္ေနတာလဲ ပါးက ဘာလုပ္ဖို႔လဲ''

"ငါေျပာလို႔မၿပီးေသးဘူးရိေပၚ အခုဝမ္ကုမၸဏီနဲ႕ စက္႐ုံေတြကို မင္းကိုလႊဲေပးခဲ့မယ္ က်န္တဲ့ဟာေတြကို ေရွာင္က်န႔္ေလးကိုေပးမယ္ ''

"ဗ်ာ!ဟို ဦးေလးဝမ္ ကြၽန္ေတာ့္အတြက္မလိုပါဘူးခင္ဗ် မယူပါရေစနဲ႕ ''

"ေရွာင္က်န႔္ေလး သားအတြက္အေႂကြးတင္ေနတာေတြ ဦးဆပ္ေပးၿပီးၿပီ''

"ဗ်ာ! မလုပ္ပါနဲ႕ ကြၽန္ေတာ့္အဲ့လိုအေခ်ာင္မလိုခ်င္ပါဘူး''

"မရေတာ့ဘူး စာခ်ဳပ္မွာျပင္ဆင္ၿပီးသြားၿပီ ဦးကိုမင္းျပန္ဆပ္ခ်င္တယ္ဆို တစ္နည္းပဲရွိေတာ့တယ္ ''

"ဟုတ္ ကြၽန္ေတာ္ဘာလုပ္ေပးရမလဲ ''

"ရိေပၚနဲ႕ေရွာင္က်န႔္ မင္းတို႔ႏွစ္ေယာက္လက္ထပ္ရမယ္ ''

"ပါး.... '' ''ဦးေလးဝမ္''

"ပါး ျဖစ္နိုင္တာကိုေျပာေလ ကြၽန္ေတာ္က
ဘာလို႔ေယာက်္ားေလးတစ္ေယာက္နဲ႕လက္ထပ္ရမွာလဲ''

"မင္းမွာျငင္းပိုင္ခြင့္မရွိဘူး ရိေပၚ ငါခိုင္းတဲ့အတိုင္းလုပ္ ေရွာင္က်န႔္,သားေရာ ဒီလက္ထပ္ပြဲကိုလက္ခံေပးမယ္လို႔ ယုံၾကည္တယ္ ဒါအေဖတစ္ေယာက္အေနနဲ႕ ေနာက္ဆုံးေတာင္းဆိုခ်က္ပဲ''

ရိေပၚ ,ပါးကိုနားမလည္နိုင္ေအာင္ပဲ ျဖစ္မိသည္ ဘယ္ေလာက္မွေတြ႕တာမရွိေသးတဲ့သူနဲ႕ လက္ထပ္ခိုင္းသည္ ၿပီးေတာ့အဲ့တာကလည္း ေယာက်္ားေလးတစ္ေယာက္ ပါးကဘာေတြကိုဘယ္လို
ျဖစ္ေစခ်င္ေနတာလဲဆိုတာ တကယ္ကိုနားမလည္နိုင္ေတာ့ေခ် ။

_________<<<<<<________

မေန႕ညက အေျခအေနေၾကာင့္ ထမင္းစားဝိုင္းကတိတ္ဆိတ္လို႔ ထိုအေျခေနကိုၿဖိဳခြင္းလိုက္သူက....

"ရိေပၚ မင္းနဲ႕ေရွာင္က်န႔္တို႔ မဂၤလာပြဲအတြက္ အဆင္သင့္လုပ္ထားၾက''

"ပါး သားတို႔ရဲ႕သေဘာေတာင္မေမးဘဲ ဘာလို႔မဂၤလာပြဲ လုပ္ဖို႔ခ်ည္းပဲ ေျပာေနတာလဲ ''

"မင္းအတြက္ေရွာင္က်န႔္မွာဘာ
ျပစ္ခ်က္မ်ားရွိေနလို႔လဲ ေယာက်္ားေလးျဖစ္ေနတာကလြဲရင္ အကုန္အဆင္ေျပေနတာပဲမလား အခုေခတ္မွာ
ေယာက်္ားခ်င္းယူတဲ့သူေတြမွအမ်ားႀကီး ဘာေတြမ်ားထူးဆန္းေနလို႔ငါ့ကိုေမးေနတာလဲ မဂၤလာ ခန္းမကို ယြီပင္းကိုစီစဥ္ခိုင္းလိုက္မယ္ မင္းတို႔က မင္းတို႔သေဘာက်ဝတ္စုံသြားေ႐ြးၾက''

ပါးကေျပာၿပီး ထြက္သြားေသာေၾကာင့္ ရိေပၚ,ေရွာင္က်န႔္ ကိုၾကည့္လိုက္ေတာ့ေခါင္းငုံ႕ၿပီး ရွက္ေနသည္ထင္ပါရဲ႕
' အင္း..သူရွက္လည္း ရွက္ခ်င္စရာအေျခအေနပင္ '

"ေရွာင္က်န႔္''
ရိေပၚကေရွာင္က်န႔္လို႔ေခၚလိုက္ေတာ့ ၾကည္လင္ ႐ႊန္းလက္တဲ့မ်က္ဝန္းအစုံနဲ႕ ျပန္ၾကည့္လာတဲ့သူေၾကာင့္ ရိေပၚရဲ႕ ရင္ခုန္သံေတြက ဗရမ္းဗတာ။ ဘာလို႔အဲ့ေလာက္ေတာင္လွရက္တာလဲ ရင္ထဲမွာေတာ့ ေယာက္ယက္ခတ္ေနေပမယ့္တည္ၿငိမ္စြာပဲ..

"ငါတို႔စကားေျပာဖို႔လိုၿပီထင္တယ္ မင္း
စားၿပီးရင္ ငါ့အခန္းထဲကိုလာခဲ့ ''

"အာ ဟုတ္ကဲ့''

ရိေပၚအခန္းထဲကစားပြဲမွာ ထိုင္ၿပီး tablet ထိုင္ၾကည့္ေနစဥ္ ေရွာင္က်န႔္, ေကာ္ဖီဗန္းကိုယူလာၿပီး အခန္းထဲသို႔ဝင္လာသည္။
ရိေပၚကေရွာင္က်န႔္ ေကာ္ဖီဗန္းကိုကိုင္ကာ အခန္းထဲဝင္လာတာကို မ်က္စိေထာင့္ကေနခိုးၾကည့္ေနတာမို႔ သိေပမယ့္ မသိခ်င္ေယာင္ေဆာင္ကာ tablet ထိုင္သုံးခ်င္ ေယာင္ေဆာင္ေနလိုက္သည္။

"ရိေပၚ။ ဒီမွာ ေကာ္ဖီ ''
ရိေပၚကဘာမွမေျပာဘဲ ေနတာေၾကာင့္ေရွာင္က်န႔္ကပဲစကား စလိုက္သည္။
"ဟို ရိေပၚ ေျပာစရာရွိတယ္ဆိုတာ..''

"အြန္း ဟုတ္တယ္ ထိုင္ေလ''
ရိေပၚက tabletကိုစားပြဲေပၚတင္လိုက္ၿပီး
ေရွာင္က်န႔္ကို ၾကည့္လိုက္သည္။

"မင္းဒီလက္ထပ္ပြဲကို ဘယ္လိုသေဘာရလဲ ''

"ဟင္... ''
ေရွာင္က်န႔္ကေခါင္းငုံ႕ထားရာကေနရိေပၚအေမးေၾကာင့္ေခါင္းကိုေမာ့ၾကည့္လိုက္သည္။

"သေဘာတူလား ဒါမွမဟုတ္ရင္ဖ်က္သိမ္းခ်င္လား''

"........''
ေရွာင္က်န႔္ဘာအေျဖမွျပန္မေပးမိ မေျပာတာထက္ ဘာအေျဖေပးရမွန္းကိုမသိေပ သူျငင္းလဲမျငင္းခ်င္ ျငင္းလိုက္ရင္ေရာ ဘာျဖစ္မလဲ သူမစဥ္းစားခ်င္
သူ႕အေတြးနဲ႕သူ ႐ူပ္ေနသည္။

"ေကာင္းၿပီေလ ငါတို႔လက္ထပ္ၾကတာေပါ့ေရွာင္က်န႔္''
ရိေပၚရဲ႕စကားအဆုံးေရွာင္က်န႔္,ရိေပၚကို
နားမလည္နိုင္စြာ ၾကည့္မိသည္။

ရိေပၚကသူ႕ကိုျငင္းမည္ထင္တာလက္ထပ္မည္တဲ့လား သူကေရာ ဘာလို႔လက္ထပ္မည္ ေျပာတာကိုေပ်ာ္ေနရတာလဲမသိ မိန္းကေလးလဲမဟုတ္ပါဘဲနဲ႕ ေယာက်္ားေလးတစ္ေယာက္က
သူ႕ကိုလက္ထပ္မည္ေျပာတာေပ်ာ္စရာလား မဟုတ္မွလြဲေရာ သူေကြးေနၿပီလား ။

ေရွာင္က်န႔္,သူ႕အေတြးနဲ႕သူ
ေယာက္ယက္ခတ္ေနသည္ကို ရိေပၚ ၾကည့္ၿပီး ၿပဳံးလိုက္မိသည္။ ေယာက်္ားေလးတစ္ေယာက္ကို လွသည္ဟု မသုံးႏႈန္းသင့္ေသာ္လည္း သူကတကယ္ကိုလွသည္။

"ႀကိဳက္တယ္ ''

"ဟမ္.... ''
ရိေပၚကဒီေန႕သူ႕ကို အံၾသမႈေတြတစ္ခုၿပီး တစ္ခုေပးေနေတာ့သည္။

"တကယ္ေတာ့ ငါမင္းကို...''

တီ ~ တီ

ရိေပၚစကားေျပာေနရင္း ဖုန္းလာသည္မလို႔ ေျပာလက္စ,စကားကို ျဖတ္လိုက္သည္ ။

" အင္းေျပာ ကုမၸဏီကိုအခုလာခဲ့မယ္ ''
ရိေပၚဖုန္းေျပာေနရင္း ဖုန္းကိုခြာလိုက္ၿပီး

"ေသြ႕ပုခ်ိ ကိုယ္အခု ႐ုံးကိုသြားလိုက္ဦးမယ္ ေနာက္မွဆက္ေျပာၾကတာေပါ့''
ေရွာင္က်န႔္လဲ နားလည္ေၾကာင္းေခါင္းၿငိမ့္ျပလိုက္သည္။

ရိေပၚအခန္းတံခါးပိတ္ခါနီး ေရွာင္က်န႔္ကိုၾကည့္လိုက္ကာ
"ႀကိဳက္တယ္....''

"Humm...''

"ငါမင္းကိုႀကိဳက္တယ္လို႔''
ရိေပၚထိုစကားကိုေျပာကာ ဖုန္းကိုဆက္ေျပာၿပီး အခန္းထဲက ထြက္သြားေလသည္။
ေျပာၿပီးထြက္သြားတဲ့ ရိေပၚကေတာ့ ဘယ္လိုေနမလဲ
မသိေပမယ့္, က်န္ခဲ့တဲ့ေရွာင္က်န႔္ကေတာ့
ရင္ေတြခုန္တာထိန္းမရနိုင္ေအာင္ပင္ ။

___________<<<<<<<<__________

"ဥကၠဠဝမ္ ခင္ဗ်ားရဲ႕ေရာဂါအေျခေနကပိုဆိုးလာၿပီ ဒီအေျခေနေရာက္တာေတာင္ ခြဲစိတ္ဖို႔ျငင္းေနဦးမွာလား ပထမအဆင့္မွာတည္းက ခြဲစိတ္လို႔ရေပမယ့္အခုဆို ကင္ဆာဆဲလ္ေတြေတာ္ေတာ္ပ်ံ့ေနၿပီ''

"ကြၽန္ေတာ္ခြဲစိတ္လို႔မျဖစ္ဘူး က်န္ေနေသးတဲ့အခ်ိန္မွာ လုပ္သင့္တာေတြလုပ္ရဦးမယ္ တကယ္လို႔မ်ားခြဲစိတ္တာ တစ္ခုခုျဖစ္သြားရင္ ကြၽန္ေတာ့္သားကို တစ္သက္လုံးစိတ္ခ်နိဳင္မွာမဟုတ္ဘူး သူရဲ႕အနာဂတ္အတြက္ ျပင္ဆင္ေပးခဲ့ရဦးမယ္''

"ဥကၠဠ သားကိုေရာ,ေပးမသိဘူးလား ''

"မသိေစခ်င္ဘူး အဲ့ကေလးကငယ္ငယ္ေလးထဲက ဒုကၡေတြခံစားလာရတာ သူသာ ဒီအေၾကာင္းေတြသိရင္ မလိုအပ္ပဲ ခံစားရလိမ့္မယ္ ဒီအ႐ြယ္ထိ ဒီေလာက္ထိခံစားၿပီးရင္ ေတာ္ၿပီေပါ့ဗ်ာ ကြၽန္ေတာ့္အျပစ္ေတြအတြက္ ကြၽန္ေတာ္ ေပးဆပ္ရဦးမယ္ ''
ဥကၠဠဝမ္က နံရံကို ေတြေတြေလးၾကည့္ကာ ေျပာလိုက္သည္။

အျပစ္ဆိုတာလုပ္ထားၿပီးရင္
ဆပ္ရမွာသဘာဝပဲေလ သူရဲ႕က်န္ရွိတဲ့ဘဝကို ထိုအျပစ္ေတြဆပ္ၿပီးမွ ေလာကႀကီးထဲက ထြက္သြားသင့္သည္မဟုတ္လား။

#edaz
2:28 a.m.

ေနာက္တပိုင္းေမွာင္ပီေနာ္ 🙈

______________<<<<<<<<______________

Continue Reading

You'll Also Like

75.1K 403 1
"၃လပြည့်တဲ့နေ့မှာ ကျန့်ကျန့်က ကိုကို့ကို supriseပေးမလို့လုပ်ထားတာ ခုတော့ ကိုကို ပေးတဲ့ supriseက ကျန့်ကျန့်ရင်တစ်ခုလုံး ကွဲမတတ်ပါပဲ ကိုကိုရယ်"
489K 30.8K 40
ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးေပလြန္းတဲ့ ဝမ္လူဆိုးေလးတြင္ 'ေမာင္ ' လို႔ေ...
149K 16.8K 21
ဘာတွေဘယ်လိုဖြစ်သွားမှန်းမသိပင်မဲ့ ငါချစ်သူရသွားပြီတဲ့ ဘာေတြဘယ္လိုျဖစ္သြားမွန္းမသိပင္မဲ့ ငါခ်စ္သူရသြားၿပီတဲ့
32.5K 2.7K 15
ဘဝမှာရှားရှားပါးပါးရထားတဲ့ ချစ်သူလေးတစ်ယောက်ကိုမှ ဖြတ်ခုတ်သွားတဲ့ သူနဲ့ အတင်းအကြပ်ပေးစားခံရပြီး အငြိုးတွေပြည့်နေတဲ့ စံအိမ်ကြီးကို အမွေဆက်ခံရဖို့ ဖြစ...