Hongjoong အိမ်တော်သို့ ပြန်လာရင်း အပြန်လမ်းမှာ ကိတ်မုန့်ဆိုင်တွေ့တာနဲ့ ကိတ်မုန့်ဝယ်ဖို့ ဆိုင်ထဲ ဝင်လာခဲ့သည်။ ကိုယ်ရံတော်တွေကိုတော့ ခဏပဲမို့လို့ မလိုက်လာဘဲ ကားမှာပဲ စောင့်နေပေးဖို့ ပြောလိုက်သည်။ ကိတ်မုန့်မှာရင်း ဆိုင်ကို တစ်ချက်ကြည့်လိုက်တော့ သူ့အမေကိုတွေ့လို့ နှုတ်ဆက်ဖို့ ပြင်လိုက်သည်။ နှုတ်ဆက်ဖို့ အသွားမှာ သူ့အမေက တစ်ယောက်တည်း မဟုတ်ဘဲ တစ်ဖက်လူနဲ့ စကားပြောနေတာ တွေ့တော့ သူရပ်လိုက်ပြီး သူ့အမေနဲ့ စကားပြောနေတဲ့သူကို ကြည့်လိုက်သည်။ Kevin နဲ့အမေနဲ့က ဘယ်လိုလုပ်သိတာလဲ။ သိချင်စိတ်ပြင်းပြလာတာမို့ ထိုသူနှစ်ဦး မမြင်အောင် ပုန်းလျှိုးကွယ်လျှိုးနှင့် သူတို့နားရောက်အောင် သွားလိုက်သည်။
"ဆိုတော့ ခင်ဗျားဘယ်လိုဆက်လုပ်ဖို့ စဥ်းစားထားလဲ"
Kevin ရဲ့ ခက်ထန်နေတဲ့ အသံကို ကြားလိုက်ရသည်။
"ရှေ့လျှောက်ဆက်မတွေ့ဘဲ နေရအောင် ... တွေ့စရာအကြောင်းလည်း မရှိတော့ဘူးလေ"
သူ့အမေရဲ့ အသံကို ကြားလိုက်ရသည်။
"ဟား ... ဘာလို့မရှိရမှာလဲ ... ဆက်တွေ့ဖို့ အကြောင်းပြချက်က ကျွန်တော့်မှာ ကောင်းကောင်းကြီး ရှိတယ်။ အဲ့ဒါကို ခင်ဗျားလည်း သိပါတယ် ... "
Kevin ပြောလိုက်တော့ သူ့အမေက ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်ပဲ နေနေတယ်။
"သြော် ဒါနဲ့ Jeong Yunho က ခင်ဗျားစားကျက်တွေအကုန် ဖြတ်လုနေတာဆို ... နောက်ကြောင်းလည်း စုံစမ်းနေတယ်ဆိုလားပဲ ..."
Kevin ရဲ့ ခပ်ထေ့ထေ့အသံ ကြားလိုက်တော့ Hongjoong စဥ်းစားလိုက်သည်။ ကိုကိုက ငါ့ကို ခေါ်ထုတ်ဖို့ စုံစမ်းတာ မဟုတ်ဘူးလား ... ငါမသိတာတွေ ရှိသေးတာလား။
"ပြီးတော့ အခု Jeong Yunho တွဲနေတဲ့ ကောင်လေးက Hongjoong ဆိုလားပဲ ... ခင်ဗျားနဲ့ ရင်းနှီးမယ် ထင်တယ်နော် ..."
ဟု ပြောရင်း Kevin က သူ့အမေဆီကို ကပ်သွားကာ တစ်ခုခုပြောလိုက်သည်။ ထိုစကားကို ကြားတာနဲ့ သူ့အမေမျက်နှာ လုံးဝပျက်ယွင်းသွားသည်။
"မလုပ်ပါနဲ့ ... သူ့ကို ဒီအတိုင်းပဲ ထားလိုက်ပါ ... မင်း မကျေနပ်တာ ငါ့ကိုမလား ... ငါ့ကိုပဲ တိုက်ခိုက်ပါ ... သူ့ကိုတော့ မထိခိုက်ပါနဲ့"
သူ့အမေပြောတာကို ကြားပြီး Hongjoong ရင်ထဲ နွေးထွေးမှုလေး ဖြတ်စီးဆင်းသွားသည်။ သူ့အမေက အခုထိ သူ့ကို ချစ်နေတုန်းပဲ...
"အဟက် ... သူ့ကိုကျတော့ မထိခိုက်ပါနဲ့ပေါ့ ... အထိခိုက်မခံနိုင်ဘူးပေါ့ ... ကျွန်တော့်ကိုကျတော့ရော ... ကျွန်တော့်ကျတော့ရော ..."
ပြောရင်း Kevin အသံက တိုးညှင်းသွားသည်။ ထို့နောက် ဆက်၍
"ဒီမျက်နှာဖုံး ... ဘယ်သူ့ကြောင့် တပ်ရတာလဲ ... ဘယ်သူ့ကြောင့်လဲ"
Kevin ရဲ့ အသံက တဖြည်းဖြည်း ခက်ထန်လာသည်။
"တောင်းပန်ပါတယ် ... တကယ် တောင်းပန်ပါတယ်"
သူ့အမေက တောင်းပန်စကားဆိုရင်း ငိုနေသည်။ Hongjoong ပြေးသွားပြီး ဖက်ချင်ပေမယ့်လည်း သေချာ သိချင်သေး၍ စိတ်ကို ချုပ်ထိန်းထားလိုက်သည်။
"မရဘူး ... အဲ့လိုပြောရုံနဲ့ မကျေအေးပေးနိုင်ဘူး ... အတုံ့အလှည့်ပေါ့ ... Mrs. Kim"
ဟု ပြောပြီး Kevin ဆိုင်ထဲမှ ထွက်သွားသည်။ ထို့နောက် သူ့အမေလည်း ဆိုင်ထဲမှ ထွက်သွားတော့သည်။ Hongjoong စဥ်းသားနေသည်မှာ သူ့အမေနဲ့ Kevin နဲ့က ဘယ်လိုပတ်သက်တာလဲ။ Kevin က Yoyo ဆိုတော့ ... နေဦး Yoyo ကြောင့်မို့လို့ အမေတို့က ဂေဟာကို ထောက်ပံ့တာလား။ ဘာအကြောင်းတွေ ရှိနေသေးတာလဲ။ Mr. Choi ကရော Kevin နဲ့ ဘာအကြောင်းတွေ ရှိခဲ့တာလဲ။ Hongjoong တွေးရင်း ကိတ်မုန့်ယူကာ ထိုဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။
_________________________________________
"Mingi"
Jongho ကို စခန်းက ဖုန်းဆက်ခေါ်သည့်အတွက် စခန်းသို့ ထွက်လာခဲ့ရသည်။ Kevin ကို နောက်ဆို သက်သေအခိုင်အလုံ မရှိဘဲ သွားမထိဖို့ အထက်အရာရှိ၏ သတိပေးချက်များကို နားထောင်ပြီး အခန်းထဲသို့ ပြန်လာတော့ ထိုလူသားကို တွေ့လိုက်ရခြင်းပင်။
"Jongho အလုပ်များနေလား"
သူ့ကို ပြုံးပြရင်း မေးလာသောသူကြောင့် ခေါင်းရမ်းပြရင်း
"သိပ်မများပါဘူး ... ဘာလို့လဲ"
"အဲ့ဒါဆို နေ့လယ်စာသွားစားရအောင် ... ကျွန်တော်ဗိုက်ဆာနေပြီ"
ဟု ဆိုလာကာ သူ့ကို ဗိုက်ကလေး ပွတ်ပြလာသော ထိုချစ်စဖွယ် လူသားကြောင့် သူခေါင်းညိတ်ပြကာ စခန်းနားက စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။
စားသောက်ဆိုင်တွင် ...
"Mingi ဘာစားမလဲ"
"ကျွန်တော် ဒီဆိုင်မှာ မစားဖူးတော့ မသိဘူး ... Jongho ပဲ အဆင်ပြေရာ မှာပေးပါလား"
"Okay"
ဟု ဆိုလိုက်ကာ ကျွန်တော်တို့အတွက် မှာလိုက်တော့သည်။ ထိုစဥ်
"Mingi?"
မိန်းကလေးအသံကြားလိုက်ရ၍ သူရော Mingi ရော လှမ်းကြည့်လိုက်သည်။ ကောင်မလေးက တက္ကသိုလ်ကျောင်းသုအရွယ်လောက် ဖြစ်မည်။ ဆံပင်ကုတ်ဝဲလေူနဲ့ ချစ်စရာလေးပင်။ သို့သော် Mingi ကို ပြုံးပြပြီး Mingi ရဲ့ ပေါင်ပေါ် တက်ထိုင်လုမတက် အနားကပ်လာချိန်တွင် ထိုချစ်စရာကောင်းမှုများ ပျောက်သွားပြီး သူ့စိတ်ထဲ ဘဝင်မကျမှုများ ပေါ်လာသည်။
"Daisy နေ့လယ်စာ လာစားတာလား"
Mingi က ဝတ်ကျေတန်းကျေ မေးလိုက်ပုံ ရသော်လည်း ထိုကောင်မလေးက ရယ်ပြပြီး Mingi အနား ပိုးတိုးလာပြီး Mingi ရဲ့လက်ကို ကိုင်လိုက်ကာ
"အင်း ... Daisy တစ်ယောက်တည်း လာစားတာ ... အဖော်လုပ်ပေးမယ့်သူ မရှိလို့"
ဟု ကညုတုတုနဲ့ ပြောလာသည်။ တော်ပြီ ... သူထပ်သည်းမခံနိုင်တော့ဘူး။ သူပြောဖို့ ပြင်နေတုန်း စားစရာတွေ ရောက်လာသည်။ အတော်ပဲပေါ့။
"အဟမ်း ... Mr. Song ဒါပြီးရင် စခန်းသွားရမှာမို့ စားစရာရှိတာ မြန်မြန်သွက်သွက် စားပါ"
ပြောပြီး သူထိုကောင်မလေးကို ကြည့်လိုက်သည်။
"ကဲ Daisy ကျွန်တော်မအားသေးလို့ နောက်မှပဲ တွေ့တာပေါ့"
ဟု Mingi ပြောလိုက်တော့ ထိုကောင်မလေးက မကျေနပ်သလို ဆူအောင့်ပြီး ထွက်သွားတော့သည်။
"Mr. Song ကောင်မလေးလား"
သူမေးလိုက်တော့
"အဟွတ် ... ဘယ်ကလာ ... ကျွန်တော့်အသိရဲ့ ညီမလေးပါ ... ငယ်ငယ်ကတည်းက ကျွန်တော့်ကို သိတာမို့လို့"
"သြော် ..."
သူပြောပြီး ထမင်းသာ ဆက်စားနေလိုက်တော့သည်။ သူ့ကို ဘာမှ ထပ်မပြောဘဲ ထမင်းပဲ စားနေသူ Mingi ကြောင့် သူမနေတတ်တော့။ ဒါပဲလား ... ဖြေရှင်းချက်က...
"အဟမ်း ..."
"Jongho ရေသောက်မလား"
သေလိုက် အဲ့မှာတင် လဲသေလိုက်တော့ ... Song Mingi ။
_________________________________________