ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၅ ( ၁ - ၆ )

7.8K 1K 145
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  35
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၅ ၊ အပုိင္း ၁ ။ သေဘာထားၾကီးၿခင္း

နွစ္ေယာက္စလံုးသည္ လက္ထပ္ဖုိ ့ ရည္စူးထားၾကၿပီး သားပင္ ။
သို ့ေသာ္၊ ေမြးေန ့ပြဲတြင္ ရီ၀မ္၀မ္ဘက္က ေစ့စပ္ထားၿခင္းကုိ ရုတ္တရက္ၾကီး ဖ်က္ပစ္ လုိက္ေသာေၾကာင့္
ဂူရြဲ ့က်ီမွာ အံ့အားသင့္သြားခဲ့ရၿပီး အရွက္ရခဲ့ရသၿဖင့္
ေနာက္သုိ ့ရက္ဆုတ္သြားၾကၿခင္းၿဖစ္သည္ ။

ရီ၀မ္၀မ္ စိတ္ထိခုိက္သြားမည္ကုိ စုိးသၿဖင့္ ရီမူဖန္က သူမေလးအား ၿမန္ၿမန္ဆန္ဆန္ပင္ ေၿဖသိမ့္ေပးလာသည္ ။
“၀မ္၀မ္…အဲ့လုိေယာက်္ားမ်ိဳးအတြက္နဲ ့ ၀မ္းနည္းဖုိ ့ မတန္ဘူး… ညီမေလး မေပ်ာ္မရႊင္ၿဖစ္ေနရင္ ကုိကို သူ ့ကုိ သြားရုိက္ေပးမယ္”

စိတ္ထဲ ကူကယ္ရာမဲ့သြားမိသလုိ ရင္ထဲလည္း ဟတ္ထိသြားရ၏ ။
ရီ၀မ္၀မ္ ၿပန္ေၿပာလုိက္သည္ ။
“ကုိကိုရာ…ညီမေလးက ကေလးမဟုတ္ေတာ့ပါဘူး…”

ထို ့ေနာက္ ရီမူဖန္အား မ်က္လံုးတစ္ဖက္မွိတ္ၿပလုိက္၏ ။
“ကိုကို...ဒါကို ၾကားဖူးလား ။ ‘ရည္းစားေဟာင္းကို တသသၿဖစ္ေနတယ္ဆိုတာက ခ်စ္သူအသစ္က…’ ”

ထိုစကားအစကို ၾကားလိုက္ရံုနွင့္ ဆက္လာေတာ့မည့္စကား ကို ရီမူဖန္ သိေနေလၿပီ။ ရႈတည္တည္မ်က္နွာၿဖင့္ သူမစကားအား ၿဖတ္ေၿပာပစ္လုိက္၏ ။
“ခ်စ္သူအသစ္က မေကာင္းလုိ ့…ဟုတ္တယ္မလား ။ ေတာ္ေတာ့…ထပ္ၿပီး ဂုဏ္မဆာေတာ့နဲ ့ ။ မင္းခ်စ္သူအသစ္က အမ်ားၾကီးေကာင္းတယ္ဆိုတာကုိ
ငါ သိတယ္ ၊ ဟုတ္ပီလား…”

ရီ၀မ္၀မ္ ရယ္ေမာလာသည္ ။
“ကိုကို ဘာေတြေတြးေနတာလဲ ။ ညီမေလးက ဘယ္တုန္းက ဂုဏ္ဆာဖူးလုိ ့လဲ။ ရည္းစားေဟာင္းကုိ တသသၿဖစ္ေနတယ္ ဆုိတာက အရင္တုန္းက ညီမေလး ဦးေနွာက္ပ်က္ေနခဲ့လုိ ့လုိ ့ ေၿပာမလုိ ့ပါ ။ ဒါေပမယ့္ အခုေတာ့ ညီမေလး ေခါင္းၿပန္ေကာင္းသြားၿပီ ။ ဟုတ္တယ္ေလ ညီမေလးရဲ့ ေဘဘီက တစ္ၿမိဳ့လံုးပါ ေၾကြက်သြားေစနုိင္ေလာက္ေအာင္ကို ေခ်ာလြန္းေန တာကုိး…အင္း…ဒါက အဓိကအခ်က္ေတြထဲကလည္း တစ္ခုပဲေလ…”

ရီမူဖန္ ။  “…”

ေၿပာေတာ့ ဂုဏ္မဆာဘူးဆုိ…အခုပဲ ဂုဏ္ဆာေနတာမဟုတ္လုိ ့လား…။

….

ညဥ့္သန္းေခါင္ခ်ိန္၊ က်င္း ဥယ်ာဥ္ ။

စီရီဟန္သည္ ဧည့္ခန္းထဲတြင္ အလုပ္လုပ္ေနသည္ ။ ဘယ္အခ်ိန္ကစၿပီးေတာ့ အလုပ္လုပ္ဖုိ ့အတြက္ ဧည့္ခန္းကုိ သံုးလာတတ္ခဲ့သလဲေတာ့ မသိပါေခ် ။

ရႊီရီသည္ ေဘးနားတြင္ တေလးတစားၿဖင့္ မတ္တပ္ရပ္ေန သည္ ။

အခုတေလာတြင္ သခင္ေလး၏က်န္းမာေရးသည္ အတန္ငယ္ တုိးတက္လာခဲ့၏ ။ အခုခ်ိန္တြင္ ကုမၸဏီထဲ၌ အလုပ္ေတြအမ်ားၾကီး ေပၚလာသလုိ သခင္မေလး ၀မ္၀မ္သည္လည္း အလြန္အလုပ္ရႈပ္ေန၏ ။ သခင္မေလး ၀မ္၀မ္သည္ သခင္ေလးရဲ့က်န္းမာေရးကုိ ရႊီရီနဲ ့အတူ စစ္ၾကည့္ၾကတုန္းကပင္လ်ွင္ သူတုိ ့နွစ္ဦးသားသည္ ေကာင္းေကာင္း မေတြ ့ခဲ့ၾကရေပ ။

သူ ့သခင္ေလး၏ေအးစက္ေနသည့္မ်က္နွာကုိ ၾကည့္ရင္း ရႊီရီခမ်ာ အၾကာၾကီးၾကာေအာင္ လြန္ဆြဲေနမိ၏ ။ ေနာက္ဆံုးတြင္ ဘယ္လုိမွ ၿမိဳသိပ္မထားနုိင္သၿဖင့္ ေၿပာလာသည္ ။
“သခင္ေလး…သခင္ေလးအရင္ သခင္မေလး ၀မ္၀မ္ ကို
သြားေတြ ့လုိက္ပါလား…စပရုိက္စ္လည္းၿဖစ္သြားတာေပါ့…”

စီရီဟန္ ။  “စပရုိက္စ္…”

သူ ့ရဲ့သခင္ေလးသည္ ဘာလုပ္ရမည္ကုိ သေဘာမေပါက္ၿဖစ္ေနမည္ စုိးလ်က္ ထပ္တလဲလဲေခါင္းညိတ္လာသည့္ ရႊီရီ ။
သူ ၿမန္ၿမန္ဆန္ဆန္ပင္ ရွင္းၿပလာသည္ ။
“စဥ္းစားၾကည့္ပါ - အရင္တုန္းက သခင္ေလးဆီကုိ သခင္မေလး ၀မ္၀မ္ ရုတ္တရက္ၾကီးေရာက္လာခဲ့တဲ့ အခ်ိန္တုန္းက သခင္ေလး မေပ်ာ္သြားဘူးလား”

စီရီဟန္ ။  “…”

တကယ္ေတာ့ သူ ့သခင္ေလးသည္ ေရခဲတံုးၾကီး ၿဖစ္ေနလ်ွင္ေတာင္မွ
ထုိစဥ္က သူ အေပ်ာ္ၾကီးေပ်ာ္ရႊင္သြားခဲ့သည္ကုိ ရႊီရီ သိေနခဲ့ပါ၏ ။ ထုိ ့ေၾကာင့္ပင္၊ သူ ဆက္ေၿပာလုိက္သည္ ။
“အဲ့ဒီေတာ့…သခင္ေလးကသာ သခင္မေလး ၀မ္၀မ္ ကုိ သူမရံုးခန္းမွာ သြားေတြ ့ၿပီးေတာ့ လက္ေဆာင္တစ္ခုခု ေပးလုိက္မယ္၊ ဒါမွမဟုတ္ မုန္ ့တစ္ခုခုယူသြားလုိက္မယ္ ဆုိရင္ သခင္မေလး ေပ်ာ္မသြားနုိင္ဘူးလား”

စီရီဟန္၏မ်က္လံုးထဲတြင္ အလင္းေရာင္ေလးတစ္ခ်က္ ဖ်တ္ခနဲ ၿပိဳးၿပက္သြားသလုိ စိတ္ထဲတြင္ သူ ့အား “ပ်င္းစရာေကာင္းသည္” ဟု ေၿပာခဲ့သည့္လူကုိ ၿမင္ေယာင္လာမိ၏…

….

သိပ္မၾကာခင္ပင္ ရီ၀မ္၀မ္သည္ ဟန္ရွန္းယြီ ကုမၸဏီထဲ ၀င္လာၿပီၿဖစ္သည့္ အေၾကာင္းကုိ ေၾကညာခ်က္ ထုတ္ၿပန္လုိက္သည္ ။

ရလဒ္သည္ကား သူတုိ ့ေတြးဆထားၾကသည့္အတုိုင္းပင္ - ခ်ိဳင္းယံုရွန္းဘက္က အလြန္အမင္း တိတ္က်သြားၿပီး
သူတုိ ့နွင့္ပတ္သက္၍ ဘာဆုိဘာမွ မလုပ္ရဲခဲ့ ။

ကမာ႓သည္ ရီပုိင္ ကုမၸဏီသစ္ဖြင့္သည့္အေပၚ ဂုဏ္ယူပါ ေၾကာင္း တရား၀င္ေၾကညာခ်က္ ထုတ္ၿပန္လာသည္ ။
ထုိ ့ေနာက္၊ ဟန္ရွင္းယြီ အား ခ်ီးက်ဴးဂုဏ္ၿပဳစကားဆုိကာ  “အနာဂတ္မွာ ေအာင္ၿမင္ပါေစ” အစရွိသၿဖင့္ ဆုေတာင္းစကားတုိ ့ ပါးလာၾကသည္ - အရင္တုန္းက
သူတို ့အား လက္စသတ္ပစ္ခ်င္ခဲ့သည့္သေဘာထားသည္ လံုး၀အေၿပာင္းလဲၾကီး ေၿပာင္းလဲသြားေခ်ၿပီ…

လူထု၏စိတ္ခံစားခ်က္တုိ ့ကို ေကာင္းေကာင္းၾကီး သိထားသည့္ ခ်ဴးဟုန္ဂြမ္း သည္ သူတုိ့အား တုိက္ခုိုက္ပါက ဘာေကာင္းက်ိဳးမွရမည္မဟုတ္သည္ကုိ သိေနသၿဖင့္ သူတုိ့ ့အား သေဘာထားၾကီးစြာၿဖင့္ ေတာင္းဆုေၿခြေပးေနၿခင္း ၿဖစ္သည္ ။

ကုမၸဏီကုိ သြားသည့္လမ္းတြင္ ကမာ႓၏ Weibo ပုိ ့့စ္ကို ၿမင္လုိက္ရသၿဖင့္ ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ ့ တြန္ ့ေကြးတက္ သြားသည္ ။

အေပၚယံတြင္ ခ်ဴးဟုန္ဂြမ္းသည္ အလြန္တရာပင္ သေဘာထားၾကီးလွပါ၏ ။ သို ့ေသာ္၊ ရင္ထဲတြင္မူ သူမအား အရုိးထိတုိင္မုန္းကာ ကုမၸဏီကုိ ပိတ္သိမ္းသြားရၿပီး ငမြဲစာရင္း၀င္သြားေအာင္ လုပ္ပစ္ခ်င္ေလာက္ေနေလၿပီ ။

…………………………………………………

စာစဥ္ ၃၅၊ အခန္း ၂ ။ စပရုိက္စ္အၾကီးစား

ဟန္ရွန္းယြီသည္ သူတုိ ့ဆီက ထြက္သြားၿပီး ကုိယ္ပုိင္စလုပ္ၿခင္းက မဆုိးေသးေပ ။
သုိ ့ေသာ္၊ သူသည္ ကမာ႓ထက္ေသးသည့္ စေထာင္ခါစ ကုမၸဏီေသးေသးေလးဟု ဆုိနုိင္သည့္ ရီပုိင္၏ကုမၸဏီကုိ ၀င္သြားခဲ့ၿခင္း ၿဖစ္သည္ ။
ဤတစ္ေခါက္တြင္ ခ်ဴးဟုန္ဂြမ္း၏မ်က္နွာကုိ အမွတ္တကယ္ ၿဖတ္ရုိက္ပစ္လုိက္ၿခင္းပင္….

အခုခ်ိန္တြင္ ရီ၀မ္၀မ္နွင့္တၿခားသူတုိ ့သည္ အလုပ္ထဲ စိတ္ကုိနွစ္ထားၾက သည္ ။

ယေန ့တြင္ ရီမူဖန္သည္ ဖက္ရွင္အစည္းေ၀းက က်င္းပသည့္ပြဲတစ္ခုအား တက္ေရာက္ေနသည္ ။ ဟန္ရွန္းယြီသည္ ေဖးယန္အား ေခၚလ်က္ အင္ပါရီယာၿမိဳ့ေတာ္က တီဗြီစတူဒီယိုတစ္ခုတြင္
အင္တာဗ်ဴး ေၿဖေနသည္ ။ လ်ိဳခ်န္းနွင့္ကုန္ရႊီသည္ လက္ေထာက္အသီးသီးကုိ ေခၚသြားကာ ဖန္မ်ားနွင့္ မိတ္ဆက္ေတြ ့ဆံုပြဲ လုပ္ေနသည္ ။ ရီ၀မ္၀မ္သည္လည္း အခုနကပင္ ရုိက္ကြင္းကုိ အတည္ၿပဳ၊ စာခ်ဳပ္ခ်ဳပ္ၿပီးခဲ့ၿပီး အခုရံုးခန္းဆီ အၿမန္ၿပန္လာေနၿခင္း ၿဖစ္၏…

သူမအတြက္ အလုပ္ဆက္မလုပ္ခင္ ေန့လည္ပုိင္း နွစ္နာရီေလာက္ အခ်ိန္ရေနသည္ ။ ဤနွစ္နာရီအတြင္း
စီ ေကာ္ပိုေရးရွင္းသုိ ့သြားကာ စီရီဟန္ကုိ သြားေတြ ့ရမလား ဟု သူမ ေ၀ခြဲမရၿဖစ္ေန၏ ။ အခုတေလာတြင္ သူတုိ့နွစ္ေယာက္စလံုး အေတာ္ေလးအလုပ္မ်ားေနၾကသၿဖင့္ မေတြ ့ရတာ ၾကာၿပီ မဟုတ္ပါလား - ဤတစ္ေခါက္တြင္ တစ္ေယာက္နွင့္တစ္ေယာက္ မေတြ ့ၿဖစ္တာ သံုးရက္ေလာက္ေတာင္ ရွိသြားၿပီထင္၏ ။

ရီ၀မ္၀မ္ ေတြးဆေနရင္း သူမဖုန္းေလးကို ထုတ္ယူလုိက္ သည္ ။ သုိ ့ေသာ္၊ သူမ ထုတ္လုိက္သည့္အခုိက္ ဖုန္းသံ၀င္လာသည္ ။ စီရီဟန္ ေခၚၿခင္းပင္ ။

ရီ၀မ္၀မ္ ၿမန္ၿမန္ပင္ ဖုန္းကိုင္လုိက္၏ ။
“ဟယ္လုိ…ကုိကုိ ~ တုိက္ဆုိင္လုိက္တာ - အခုပဲ ကိုကို ့အေၾကာင္း စဥ္းစားေနတာ ။ အခု ရံုးမွာလား…ခ်စ္ အခုလာခဲ့မယ္ ။ ေန ့လည္စာ အတူစားၾကတာေပါ့…ဘယ္လုိလဲ”

“မင္းရံုးခန္းမွာ”

သူ၏ခါတုိင္းလုိ ေအးစက္ေနသည့္ အသံတစ္သံ ဖုန္ုးထဲကေန ထြက္လာသည္ ။

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။
“ဘယ္လုိ…ခ်စ္ ရံုးခန္းမွာလား ။ ကိုကို ခ်စ္ရံုးခန္းကို ေရာက္ေနတာလား”

စီရီဟန္ ။  “ေန ့လည္စာ ယူလာတယ္ ။ ဒီကုိပဲ တန္းလာလုိက္ေတာ့”

ရီ၀မ္၀မ္ နတ္ဘံုနတ္နန္း ေရာက္သြားသလုိ ခံစားလုိက္ရ၏ ။

စီရီဟန္သည္ အခ်စ္ေတြထည့္ထားတဲ့ေန ့လည္စာကုိ တကယ္ၾကီး လာပို ့ေပးတယ္တဲ့လား ။

သူ ့ရဲ့အီးက်ဴ တုိးတက္လာတာက လ်ွပ္စီးလုိပဲ ၿမန္လွခ်ည္လား…ဟီးဟီး..

ရီ၀မ္၀မ္ ၀မ္းသာအားရၿဖင့္ ေခါင္းညိတ္ၿပလုိက္သည္ ။
“အြန္း အြန္း အြန္း..အခုခ်က္ခ်င္း ေၿပးလာခဲ့မယ္ ။
ခ်စ္ကုိ ေစာင့္ေနဦးေနာ္ ။ ခ်စ္ ၀င္ေပါက္ကို ေရာက္ေနၿပီ - ခနေလးဆုိရင္ အဲံဒီကို ေရာက္ၿပီ”

“မင္း…”

စီရီဟန္သည္ တစ္ခုခုကို ေၿပာခ်င္ေနဟန္ပင္ ၊ သုိ ့ေသာ္၊ ရီ၀မ္၀မ္သည္ အၿမန္ေဇာနွင့္ ဖုန္းခ်ပစ္လုိက္ေခ်ၿပီ ။

ရီ၀မ္၀မ္သည္ ကားကို ရပ္လုိက္ၿပီးေနာက္ အၿမန္အဆန္ပင္ ဓာတ္ေလွကားခလုတ္ကို နွိပ္လုိက္၏ ။

ဓာတ္ေလွကားသည္ သူတုိ ့၏ရံုးခန္းကို တစ္ခါတည္းေရာက္ေအာင္ ခ်ိတ္ထားၿပီးသားၿဖစ္သၿဖင့္ အလြန္တရာပင္ အဆင္ေၿပလွသည္ ။

သူမ အေပၚထပ္ကုိ ေရာက္သြားၿပီးသည့္ေနာက္
ရံုးခန္းထဲသို ့ ကပ်ာကယာေၿပး၀င္သြားသည္ ။

သူမေလး တံခါးကုိ တြန္းဖြင့္လုိက္သည့္အခ်ိန္
စီရီဟန္သည္ သူမရံုးခန္းထဲက ဆုိဖာေပၚတြင္ ထုိင္ေနသည္ ။

အေပၚထပ္ကို ခ်ြတ္ထားၿပီး ေအာက္တြင္ အၿဖဴေရာင္စြပ္က်ယ္ကုိ ခံထားကာ မီးခုိးေဖ်ာ့ေရာင္အက်ီၤကုိ ၀တ္ဆင္ထားသည္ ။ လက္ထဲတြင္ သူမေလး၏စင္ေပၚက အလွဆင္သည့္သေဘာၿဖင့္ ထားထားသည့္ နုိင္ငံၿခားဘာသာနွင့္ေရးထားသည့္စာအုပ္ကို ကိုင္ထားၿပီး စူးစုိက္ကာ ဖတ္ေနသည္ ။
ေနေရာင္ၿခည္သည္ ၿပတင္းေပါက္ကေန ထုိး၀င္ေနၿပီး အခန္းတစ္ခုလံုးကုိ အလင္းေရာင္ၿဖန္ ့ေပးထား၏ ။ ဤၿမင္ကြင္းသည္ ပန္းခ်ီကားတစ္ခုနွယ္ လွပရက္လြန္းေခ် သည္…

ကိုယ္ခ်စ္ရသူနွင့္ တစ္ရက္ေလာက္ေ၀းေနရၿခင္းသည္ တစ္ကမာ႓ၿခားသည္ဟု ထင္မွတ္ရေစသည္ မဟုတ္ပါလား ~

ရီ၀မ္၀မ္ခမ်ာ ထုိအလွေလးထံတြင္သာ အာရံုအလံုးစံု က်ေရာက္ေနေခ်ၿပီ ။
သူမ ရံုးခန္းတံခါးကို ေလာ့ခ္ခ်ပစ္လုိက္၏ ။
အိတ္နွင့္ ကားေသာ့တုိ ့ကို ပစ္ခ်ပစ္လုိက္ကာ၊ ထုိ ့ေနာက္ ေၿပးသြားေတာ့သည္ ။ သူမလက္နွစ္ဖက္စလံုးသည္ စီရီဟန္၏အေနာက္ဘက္ဆုိဖာေနာက္ေက်ာကေန သုိင္းဖက္လာၿပီး ငံု ့ကိုင္းကာ သူ ့အား ခ်ိဳၿမိန္သည့္အနမ္းတစ္ပြင့္ ေပးလုိက္ရင္း ။ 
“မြ…အမ်ားၾကီး ခ်စ္တယ္..အရမ္းၾကီးခ်စ္တယ္”

ရုတ္တရက္ၾကီး သူမေလး၏အနမ္း ခံလုိက္ရသၿဖင့္ စီရီဟန္သည္ အဓိပၸာယ္ေဖာ္၍မရသည့္အမူအရာၿဖင့္ သူမေလးအား ၾကည့္လာသည္…

ဟမ္…စီရီဟန္ ငါ့ကို ဘာလုိ ့တမ်ိဳးၾကီးၾကည့္ေနတာလဲ ။

ရီ၀မ္၀မ္ သံသ၀င္၀င္မိလုိက္ခ်ိန္၊ ရုတ္တရက္ၾကီး
ေဘးနားကေန “ဂြက္” အသံတစ္ခုကို ၾကားလုိက္ရ၏…

ပန္းသီးတစ္လံုး သူမေၿခဖ၀ါးဆီ လိမ့္လာေခ်သည္…
ထုိ ့ေနာက္ အလွေလးရဲ့ဖမ္းစားထားၿခင္းခံေနရရင္း 
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ ေခါင္းလွည့္လာရာ….
သူမ ၿမင္လုိက္ရသည္မွာ…
အခန္းထဲတြင္…စီရီဟန္အၿပင္ တၿခားသူေတြပါ ရွိေနၿခင္း…

ကုန္ရီႊသည္ ပန္းသီးကို ကိုင္ထားသည့္အေနအထားအတုိင္း ေတာင့္ေတာင့္ၾကီးၿဖစ္ေနသည္၊
သူသည္ လံုး၀ကုိ ေၾကာင္အေန၏ ။ အေစာက ဟန္ရွန္းယီြနွင့္ စကားေၿပာေနခဲ့သည့္ လ်ိဳခ်န္းသည္ ပါးစပ္အေဟာင္းသားၿဖစ္ေနၿပီး ဟန္ရွန္းယြီသည္ လံုး၀ကုိ မင္သက္ေနသည္…

ရံုးခန္းတစ္ခုလံုး တိတ္ဆိတ္သြားသည္ ။
လူတုိင္း အသိနွင့္ကိုယ္ လံုး၀ မကပ္ၾကေတာ့ဘဲ ေက်ာက္ရုပ္ၾကီးအလားနွယ္…

ရီ၀မ္၀မ္၏ရင္ဘတ္ထဲတြင္ ေပါက္ကြဲထြက္ေတာ့မည့္မီးေတာင္လုိ ေအာ္ဟစ္ေနမိေခ်သည္...။

ေသစမ္း….။

ဘာေတြၿဖစ္ကုန္တာလဲ ။

ရံုးခန္းထဲမွာ ဘာလုိ ့တၿခားသူေတြပါ ရွိေနတာလဲ ။

ဒီရက္ေတြမွာ သူတို ့ ဘာမွလုပ္စရာ မရွိၾကဘူးလား ။

စီရီဟန္…တၿခားသူေတြရွိေနတာကို ရွင္ ဘာလုိ ့ က်ြန္မကို မေၿပာၿပခဲ့ရတာလဲ…အားးးးးးးးးးးး။

ရီ၀မ္၀မ္သည္ လန္ ့ၿဖန္ ့ေနသည့္မ်က္၀န္းတုိ ့ၿဖင့္ စိတ္ထဲကေန ပလံုစီေအာင္ ေၿပာဆုိေနမိေလၿပီ ။

ဤအခုိက္တြင္ ရီ၀မ္၀မ္ခမ်ာ ေက်ာက္ရုပ္ၾကီးပမာသာ ၿဖစ္ေနေသး၏ ။

စီရီဟန္သည္ အနည္းငယ္မသပ္မရပ္ၿဖစ္သြားသည့္ အက်ီၤေကာ္လံကို ဆြဲဆန္ ့လိုက္ရင္း ေၿပာလာသည္ ။  “ကိုယ့္ကို ေၿပာခြင့္မွမေပးတာ”

ရီ၀မ္၀မ္ ။  “…”

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၃ ။  ဆင္ေၿခေပးၿခင္း

ဘာ…။ သူ ့ကုိ ေၿပာခြင့္မေပးခဲ့လုိ ့ ဟုတ္လား။

ဘယ္လုိလုပ္ၿဖစ္နုိင္မွာလဲ ။

ရီ၀မ္၀မ္သည္ ၿပန္ ့က်ဲေနသည့္စိတ္တုိ့ၿဖင့္ ေတြးေတာၾကည့္ေနသည္ ။ သူမ နားလည္လုိက္ရသည္မွာ သူမ ဖုန္းမခ်လုိက္ခင္ စီရီဟန္သည္ တစ္ခုခုကို ေၿပာခ်င္ေနဟန္ပင္၊ သုိ ့ေသာ္ သူမက နားမေထာင္ေန ေတာ့ဘဲ ဖုန္းခ်ပစ္လုိက္ခဲ့သည္ပင္ ။ ထုိ ့အၿပင္၊ ဒီေန ့ ရံုးမွာ
ဘယ္သူမွ ရိွမေနေလာက္ဘူးဟု သူမ တြက္ဆထားခဲ့၏ ။
ရံုးခန္းထဲ ၀င္လုိက္လွ်င္၀င္လုိက္ခ်င္း သူမအေရွ့က ကုိလူေခ်ာေလး၏ အဆြဲေဆာင္ခံလုိက္ရသၿဖင့္ သူမခမ်ာ ထိုၾကီးေကာင္ၾကီးမား အသက္အရွိၾကီးရွိေနၾကေသးသည့္ လူသားၾကီးတုိ ့ကို လံုး၀ကို မၿမင္မိေတာ့ၿခင္းၿဖစ္သြားရ၏ ။ သူမ စီရီဟန္ဆီ တန္းေၿပးခ်သြားၿပီး ေမႊးေမႊးေပးပစ္လုိက္မိသည္ မဟုတ္ပါလား ။
သူမသည္ အမွန္တကယ္ကုိ သူ ့အား စကားတစ္ခြန္းမွ ေၿပာခြင့္မေပးခဲ့မိပါေခ်…

ေသာက္က်ိဳးနဲလွေခ်သည္…

သူမ၏တစ္ဘ၀လံုးလံုး ဒီေလာက္ထိ စမတ္က်ေအာင္ေနလာခဲ့ၿပီးမွ ဒီလုိအမွားၾကီးတစ္ခုကို လုပ္ခ်ပစ္လုိက္မိသည္တဲ့လား ။

ကံေကာင္းသြားသည့္ အခ်က္ေလးတစ္ခ်က္သည္ ေယာက်ာ္းေလးလုိ ရုပ္ဖ်က္ထားသည့္အခ်ိန္တုိင္း သူမသည္ ဘယ္ေတာ့မွ မိန္းကေလးအသံကုိ မသံုးခဲ့ၿခင္းပင္ - သုိ ့ေသာ္ ထုိသုိ ့ဆုိေတာ့ေရာ ဘာလုပ္ရေတာ့မည္နည္း ။

အေၿခအေနကုိ ရွင္းၿပဖုိ ့ရာအတြက္ သူမ အေၿပးအလႊား စဥ္းစားေနမိသည္ ။ သို ့ေသာ္၊ ဤတစ္ၾကိမ္တြင္ ၿငင္းမရနုိင္သည့္သက္ေသအေထာက္အထားၾကီး ရွိေနေပၿပီ မဟုတ္လား ။ သူမအေနၿဖင့္ ၿမစ္၀ါၿမစ္ထဲ ခုန္ခ်ပစ္လွ်င္ေတာင္ သူမ၏နာမည္ကို ရွင္းလင္း၍ ရေတာ့မည္မဟုတ္ေပ…

ဤသုိ ့ဆုိေသာ္လည္း ရီ၀မ္၀မ္အေနၿဖင့္ လက္ေလ်ွာ့အရႈံးေပးလိမ့္မည္ မဟုတ္ေပ၊
နဲနဲေလးၿဖစ္ေစ…အေၿခအေနကို အတတ္နုိင္စြမ္းထိန္းညွိဖုိ ့ ၾကိဳးစားဦးမည္သာ…

ၿမန္ၿမန္ေလး…တစ္ခုခု စဥ္းစားစမ္းပါဟ၊ စဥ္းစား ။

ဟုိတစ္ေခါက္တုန္းက လ်ိဳခ်န္းနဲ ့ဟန္ရွန္းယြီတုိ ့ တံခါး၀ကို ေရာက္လာတုန္းက ငါ စီရီဟန္အေပၚ ခုန္အုပ္လုိက္တာကုိ ၿမင္သြားၾကတဲ့အခ်ိန္မွာ သူတုိ့ကို ဘယ္လုိရွင္းၿပလုိက္လဲ…ဟမ္…

ရီ၀မ္၀မ္၏ဦးေနွာက္သည္ အၿမန္ဆံုးႏႈန္းၿဖင့္ အေၿပးအလႊားအလုပ္လုပ္ေနခ်ိန္ သူမသည္ အေပၚယံတြင္ ကိုယ့္ကိုယ္ကုိ တည္ၿငိမ္ေအာင္လုပ္ယူေန၏ ။ စီရီဟန္၏ေနာက္ေက်ာကို သုိင္းဖက္ထားသည့္လက္တုိ ့ကို ရုတ္လုိက္ၿပီး အက်ီၤတုိ ့ကို ဆြဲဆန္ ့လုိက္သည္ ။

ေသာက္က်ိဳးနဲ…။ ဒီေလာက္အေရးၾကီးတဲ့အခ်ိန္က်မွ အၾကံက တစ္ခုမွ ထြက္မလာဘူး ။ စီရီဟန္ ငါ့ဆီကုိ ကိုယ္တုိင္ေရာက္လာတယ္ဆုိတာက ခပ္ရွားရွားရယ္ ။ စိတ္ခ်ရေအာင္လို ့ ငါ တံခါးကို ေလာ့ခ္ပါ ခ်လုိက္ေသးတ့ဲဟာကုိ… ဒါကိုေတာင္ ဒီလုိ ၿဖစ္လာရေသးတယ္လုိ ့…

သုိ ့ေသာ္လည္း ရီ၀မ္၀မ္သည္ အလြန္တရာ တည္တည္ၿငိမ္ၿဖင့္ မတ္တပ္ထရပ္လုိက္သည္သာ ။

သူမသည္ ကုန္ရႊီအား လံုး၀ကို မစုိးရိမ္ ။ ဟန္ရွန္းယြီသည္လည္း နဲနဲရွင္းၿပလုိက္သည္နွင့္ ရေပသည္ ။ အေရးၾကီးဆံုးသူမွာ လ်ိဳခ်န္း - အားးး..လ်ိဳခ်န္း…. ။

ထို ့ေၾကာင့္ ရီ၀မ္၀မ္…အလြန္အမင္း ေႏြးေထြးသည့္အၿပံဳးတစ္ပြင့္ကို လွစ္ဟၿပလုိက္ၿပီး လ်ိဳခ်န္းအား တည့္တည့္ၾကည့္လုိက္၏ ။

“ဟားဟား…မင္းတုိ ့အားလံုး ဒီေရာက္ေနၾကတာလား ။
လ်ိဳခ်န္း…မင္းတုိ ့ ပရိသတ္ေတြ ့ဆံုပြဲရွိတယ္ မဟုတ္ဘူး လား”

လ်ိဳခ်န္းသည္ ဆုိဖာေပၚက စီရီဟန္အား ၾကည့္ေနသည္၊
ထုိ ့ေနာက္ ရီ၀မ္၀မ္ဘက္သို ့လွည့္ၾကည့္လာသည္ ။ အခ်ိန္အၾကာၾကီးၾကာေတာ့မွ စကားေၿပာနုိင္လာၿပီး နားလုိက္ရပ္လုိက္ၿဖင့္ ၿပန္ေၿဖလာသည္ ။
“ေစာေစာ…ေစာေစာၿပီးသြားလုိ ့…က်ြန္ေတာ္တုိ ့ ေစာေစာၿပန္လာခဲ့ၾကတာ…”

ကုန္ရႊီက လွည့္လာၿပီး ရီ၀မ္၀မ္အား ၾကည့္လာသည္ ။
ထိုအၾကည့္မွာ “ဆက္ေၿပာေလ…တစ္ခုခုဆင္ေၿခ ေပးစမ္းပါဦး။ ဘယ္လုိပံုၿပင္ေၿပာဦးမလဲ ၾကည့္ေနမယ္”ဟု ေၿပာေနသေယာင္ေယာင္။

ရီ၀မ္၀မ္က စိမ္ေၿပနေၿပၿဖင့္ ေၿပာလာသည္ ။
“ေအာ္…အဲ့ဒီလုိလား *အဟမ္း*
ငါ အေစာနက ငါ့သူငယ္ခ်င္းကုိ ေနာက္ေနတာ”

ကုႏ္ရီႊ ။  “…”

ဟန္ရွန္းယြီ ။  “…”

ေကာင္းတယ္ ေကာင္းတယ္ ေကာင္းတယ္။ ဒီဆင္ေၿခကိုပဲ ထပ္သံုးလာၿပန္တာပဲ ။ ငါတုိ ့အားလံုးကုိ ငတံုးေတြလုိ ့မ်ား မွတ္ေနတာလား ။ ေနာက္ဆံုးတစ္ေခါက္တုန္းက စီရီဟန္ေပၚကို ခုန္အုပ္ခဲ့ရံုပဲ၊ မနမ္းခဲ့ဘူး ။ အဲ့ဒီေတာ့ စေနာက္ေနတာလုိ ့ ညာေၿပာလုိ ့ရေသးတယ္ ။ ဒါေပမယ့္ အခုက ဘာထပ္လုပ္လုိက္တာလဲ ။ ဒီတစ္ေခါက္ေတာ့ လံုး၀ကိုမရေတာ့ဘူး။

သူမသည္လည္း ဤအေၾကာင္းၿပခ်က္ကလြဲၿပီး ေနာက္ထပ္ဘာကိုမွ စဥ္းစားလုိ ့မရပါေခ်…

ကုန္ရႊီ၏ေခါင္းထက္တြင္ ေမွာင္မုိက္လုိ ့ေနေခ်ၿပီ ။
သူ ပါးစပ္အေေဟာင္းသားၿဖင့္ ရီ၀မ္၀မ္အား တစ္ခ်က္ၾကည့္လုိက္၏ -

ကိုကို ရီ…ကိုကို က်ြန္ေတာ္တုိ့ကို ငတံုးေတြလုိ ့မ်ား ထင္ေနတာလား…ဟမ္ ။

ရီ၀မ္၀မ္ ။  “…”

ေကာင္းၿပီ…ငါ အရမ္း ေပါ့ဆသြားမိခဲ့တယ္…

“အင္း…*အဟမ္း* ဟဲဟဲ…အဲ့ဒါနဲ ့ပတ္သက္ၿပီးေတာ့ ေတာင္းပန္ပါတယ္ ။ ငါ့ရဲ့သူငယ္ခ်င္းက ငါ့အတြက္ ေန့လည္စာယူလာေပးလုိ ့ ငါ စိတ္မထိန္းနုိင္ၿဖစ္သြားတာ၊ မင္းတုိ ့ ေပါက္တတ္ကရေတြ ေလ်ွာက္မေတြးေနၾကနဲ ့…”

ရီ၀မ္၀မ္ အေၿပးအလႊားစဥ္းစားရင္း ဆက္ကာရွင္းၿပလုိက္သည္ ။

ကုန္ရႊီ ဆက္ၿပီးၿငိမ္နားေထာင္မေနနုိင္ေတာ့ေခ် ။
သူ၏ႏႈတ္ခမ္းတုိ ့ တြန္ ့ေကြးလာၿပီး ေၿပာလာသည္ ။
“အခ်စ္ေတြအၿပည့္ပါတဲ့…ေန ့လည္စာလား…”

ကိုကို ရီ…ကိုကိုက ပိုဆုိးေအာင္လုပ္ေနတယ္ဆုိတာကိုေရာ သိရဲ့လား ။

ရီ၀မ္၀မ္ ။  “…”

လခြမ္း…ငါ့ဦးေနွာက္က ဘာလုိ ့အဲ့ေလာက္ေတာင္ နည္းသြားရတာလဲ…

လ်ိဳခ်န္း…။ ငါ ရွင္းၿပတာကို နားေထာင္…

“က်ြန္ေတာ္ သေဘာေပါက္ၿပီ…” 

လ်ိဳခ်န္းသည္ ထုိရွင္းၿပခ်က္ကို ၾကားလုိက္သည္နွင့္
မ်က္နွာထား ေၿပေလ်ာ့လာၿပီး သက္ၿပင္းတစ္ခ်က္ခ်လာသည္ ။
“အစ္ကုိ ရီ…ေန ့လည္စာစားစရာရွိတာ သြားစားပါ ။
တစ္မနက္လံုး ေၿပးလႊားထားရတာ ဆာေနေလာက္ေရာေပါ့”

ရီ၀မ္၀မ္ ။  “…” ဟမ္..

ကုန္ရႊီ ။  “…???”

ဟန္ရွန္းယြီ ။  “…”

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၄ ။ ရုပ္ေခ်ာလြန္းၿခင္း

အလုပ္ၿဖစ္သြားၿပီလား ။

ငါ ဒီတစ္ေခါက္ေတာ့ သြားၿပီလို ့ထင္ေနတာ….

လ်ိဳခ်န္းအား အယုံသြင္းနုိင္လိမ့္မည္ဟု ရီ၀မ္၀မ္ကိုယ္တုိင္သည္ပင္လ်ွင္ မထင္ထားခဲ့မိေလရာ တၿခားသူေတြဆုိ အဘယ္ဆုိဖြယ္ရာ ရွိပါမည္နည္း။

ကုန္ရႊီသည္ ေမးေအာက္ကို ၿပဳတ္က်သြားၿပီး
လ်ိဳခ်န္းအား ၿပဴးၿပဴးၿပဲၿပဲ စုိက္ၾကည့္ေနသည္ ။
“လ်ိဳခ်န္း…မင္ တကယ္ၾကီးလား ။ သူက ၀င္၀င္ခ်င္း အဲ့ဒီေယာက်္ားေပၚ ခုန္အုပ္ၿပီး နမ္းခဲ့တာေနာ္ ။
ခ်စ္တယ္လုိ ့ေတာင္ ေၿပာလုိက္ေသးတယ္ - အဲ့ဒါက စေနာက္တာဟုတ္ပါ့မလားကြ…”

လ်ိဳခ်န္း မ်က္ေမွာင္ၾကဳတ္လာသည္ ။
“မင္း ဘာေၿပာခ်င္ေနတာလဲ ။
အစ္ကို ရီ အခုနကပဲ ရွင္းမၿပသြားဘူးလား”

ကုန္ရႊီ ပါးစပ္အေဟာင္းသားၿဖစ္သြားသည္ ။
“ခ်ီးပဲ…မင္းဦးေနွာက္ကေတာ့…”

ရီ၀မ္၀မ္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ ေရွ့တက္သြားၿပီး
ကုန္ရႊီ၏ေခါင္းကုိ ထုပစ္လုိက္၏ ။ ထို ့ေနာက္
အသံတုိးတုိးၿဖင့္ သတိေပးစကား ဆုိလုိက္သည္ ။
“ပါးစပ္ပိတ္ထားစမ္း”

ထုိ ့ေနာက္၊ ခ်က္ခ်င္းပင္ သူမ လ်ိဳခ်န္းဘက္ လွည့္လုိက္သည္ ။
*အဟမ္း*  “အားလံုးက ပံုမွန္ပဲ..လ်ိဳခ်န္း…သူ ေပါက္တတ္ကရ ေၿပာတာေတြကို နားမေယာင္နဲ ့။ ဒီေကာင္က ၿပသနာေမႊခ်င္ေနတာ။
သူ ေၿပာတဲ့စကားတစ္ခြန္းကိုမွ နားမေထာင္နဲ့ေနာ္…နားလည္လား”

လ်ိဳခ်န္းက ေခါင္းညိတ္ၿပလာသည္ ။
“အင္း”

ကုန္ရႊီ ။  “…”

ဘယ္သူက ေပါက္တတ္ကရေလ်ွာက္ေၿပာေနတာလဲ..ဟမ္ ။ အစ္ကုိၾကီး…ခင္ဗ်ားကသာ ေပါက္တတ္ကရေတြေၿပာေနတဲ့ လူလိမ္ၾကီးဗ် ။

ကံေကာင္းေထာက္မစြာၿဖင့္…
လ်ိဳခ်န္းသည္ သူမအား လံုး၀ကုိ သံသယ မ၀င္ေတာ့ေပ…

ၿပသနာအၾကီးဆံုးၾကီးကို ေၿဖရွင္းၿပီးသြားသၿဖင့္
ရီ၀မ္၀မ္ စိတ္ေအးသြား၏။ ထုိ ့ေနာက္ ကုန္ရႊီအား ခပ္ၾကမ္းၾကမ္းဆြဲေခၚလုိက္ကာ ခပ္မာမာသတိေပး လုိက္သည္ ။
“မင္း လ်ိဳခ်န္းကုိ ေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာေနဦး မယ္ဆုိရင္ ငါ မင္းကုိ သတ္ပစ္မယ္ - ၾကားလား”

ကုန္ရႊီခမ်ာ တရားမမွ်တမႈကို ခံစားလုိက္ရေခ်ၿပီ။ သူ၏မ်က္လံုးတုိ ့တြင္ မ်က္ရည္တုိ ့ေ၀့သီလာၿပီး
လ်ိဳခ်န္းအား မနာလိုစြာၿဖင့္ ၾကည့္လုိက္သည္ ။

အိမ္ထဲတြင္ တန္ဖုိးအနိမ့္ဆံုးသူမွာ လ်ိဳခ်န္း ၿဖစ္သည္ဟု
သူ ေတြးထားခဲ့၏ ။ သုိ ့ေသာ္ အခုေတာ့ အစ္ကို ရီ သည္ 
သူ ့ထက္ပင္ လ်ိဳခ်န္းကို ပုိၿပီးတန္ဖိုးထားေနပါေရာ့လား…

“အားးး…ရင္နာလုိက္တာ ။ အစ္ကုိရဲ့အခ်စ္ဆံုးသူက က်ြန္ေတာ္ မဟုတ္ဘူးလား ။ ဘာလုိ ့ အဲ့လုိၾကီး ေၿပာထြက္ရက္တာလဲဗ်ာ…”

ကုန္ရႊီသည္ တရိႈက္ရိႈက္ငိုလ်က္ ရံုးခန္းထဲကေန ေၿပးထြက္သြားသည္ ။

ရီ၀မ္၀မ္၊ သူမ၏ေခါင္းအား ကိုင္ထားမိေခ်ၿပီ ။  “…”

အင္း…ဗံုးကေတာ့ ထြက္သြားၿပီ…

ဒါေပမယ့္၊ ၿပသနာကုိေတာ့ အခုထိ မေၿဖရွင္းရေသးဘူး…

ရီ၀မ္၀မ္သည္ ဟန္ရွန္းယြီအား ေတြးဆစြာၿဖင့္ ၾကည့္လုိက္သည္ - လ်ိဳခ်န္းသည္ ၿဖဴစင္ရိုးသားၿပီး သူမအေပၚတြင္ လြန္လြန္ကဲကဲယံုၾကည္ထားသၿဖင့္ လံုး၀သံသယမ၀င္ၿခင္းၿဖစ္သည္ ။
သူမ ေၿပာလုိက္သည္ကုိ သူ ယံုေကာင္းယံုနုိင္သည္ ။
သို ့ေသာ္၊ ဟန္ရွန္းယြီသည္ကေတာ့…

ရီ၀မ္၀မ္ မ်က္ရုိးအား နွိပ္နယ္ေနမိ၏ ။
“အင္း…ဟန္ရွန္းယြီ…”

ဟန္ရွန္းယြီသည္လည္း ထပ္တူညီစြာပင္ ။
မ်က္နွာထက္တြင္ ေႏြးေထြးသည့္အၿပံဳးတစ္ပြင့္ကုိ ဆင္ထားလ်က္ ေၿပာလာသည္ ။
“သြားပါ၊ ေန ့လည္စာသြားစားပါ ။ ငါ မေနွာင့္ယွက္ေတာ့ဘူး။ ေနာက္ေတာ့မွပဲ ရုိက္ကြင္းအေၾကာင္း ေၿပာေတာ့မယ္”

ရီ၀မ္၀မ္ ။  “အမ္…အင္း…”

လ်ိဳခ်န္း ။  “အစ္ကုိ ရီ..က်ြန္ေတာ္လည္း သြားေတာ့မယ္”

“သြားပါ…”

ဟန္ရွန္းယြီနွင့္လ်ိဳခ်န္းတုိ ့ တစ္ေယာက္ၿပီးတစ္ေယာက္ ရံုးခန္းကေန ထြက္သြားၾကသည္ ။

အၿပင္ဘက္တြင္ ။

ရံုးခန္းထဲကေန မထြက္ခင္ ဟန္ရွန္းယြီသည္ သြားေနရာမွ ရပ္လုိက္ၿပီး ဆုိဖာေပၚကေယာက်ာ္းအား တစ္ခ်က္လွမ္း ၾကည့္လုိက္၏ ။

လ်ိဳခ်န္း ။  “စီနီယာ ရွန္းယြီ…ဘာၿဖစ္လုိ ့လဲ”

ဟန္ရွန္းယြီ ၿမန္ၿမန္ဆန္ဆန္ပင္ နဂိုပံုစံအတုိင္း ၿပန္ထိန္းလုိက္သည္ ။
“ဘာမွမၿဖစ္ဘူး…သြားၾကမယ္”

ရံုးခန္းထဲတြင္ ။

ကုန္ရႊီ၊ လ်ိဳခ်န္းနွင့္ဟန္ရွန္းယြီတုိ ့ ထြက္သြားၾကသၿဖင့္
အခန္းထဲတြင္ ရီ၀မ္၀မ္နွင့္ စီရီဟန္သာလွ်င္ က်န္ခဲ့ၾကသည္ ။

သံုးေယာက္သား ထြက္သြားတာေသခ်ာၿပီဆုိေတာ့မွ
ရီ၀မ္၀မ္သည္ ဆုိဖာေပၚသို ့ အရုပ္ၾကိဳးၿပတ္လွဲခ်ပစ္လုိက္၏ ။
“အအအ-အလွ…အလွမက္ရင္ ညစာခက္တယ္တဲ့…တကယ္ကုိ အဲ့လုိၿဖစ္ေနၿပီ…”

သူမ စီရီဟန္ဘက္သုိ ့လွည့္လုိက္ၿပီး လက္တံတုိ ့ကို
ဆန္ ့ထုတ္လုိက္ရင္း ။
“အဲ့ဒါေတြအားလံုး ရွင့္ေၾကာင့္ၿဖစ္ရတာ - ရွင္ ဘာလို ့ ့အဲ့ေလာက္ေတာင္မွ ေသေလာက္ေအာင္ ေခ်ာေနရတာလဲ”

ရီ၀မ္၀မ္၏လက္ေခ်ာင္းတုိ့ သူ ့အား မလွမ္းမိခင္
စီရီဟန္ ေၿပာလာသည္ ။

“ဟန္ရွန္းယြီ…”

ခ်က္ခ်င္းပင္ “၀ွစ္ခ်္” ခနဲ…ရီ၀မ္၀မ္ လက္ကို ၿပန္ရုတ္ပစ္လုိက္၏ ။ အလန့္တၾကား မတ္တပ္ထရပ္လုိက္ၿပီး ေတာင္ၾကည့္ေၿမာက္ၾကည့္ ၾကည့္လိုက္ရင္း ။ 
“ဘယ္မွာလဲ ဘယ္မွာလဲ ဘယ္မွာလဲ”

စီရီဟန္ ဆြံ ့အသြားရၿပီး ဆက္ေၿပာလာသည္ ။ 
“ဟန္ရွန္းယြီက မင္းေၿပာလုိက္တာကို ယံုလား”

ရီ၀မ္၀မ္ သူမရင္ဘတ္သူမ ဖိထားလုိက္ရင္း ။
“ကိုကိုရာ…ေၿပာမယ့္အေရးကို အဲ့ေလာက္အၾကာၾကီး ရပ္မထားပါနဲ ့လား ။ ဒီမွာ လန္ ့လုိ ့ေသေတာ့မယ္”

စီရီဟန္ ။  “…မင္းကိုယ္မင္း သူခုိးလူမိသလုိ ခံစားရၿပီး မလံုမလဲၿဖစ္ေနတာလား”

ငါ ဘယ္တုန္းက…။

ရီ၀မ္၀မ္ စုတ္သပ္လုိက္ၿပီး ေၿခေထာက္ကို ေဆာင့္ၾကီးေအာင့္ၾကီးလုပ္ကာ။
“ခ်စ္က သူခုိးမို ့လုိ ့လား ။ ဘယ္တုန္းက ခုိးမိလုိ ့လဲ ။ ဘယ္တုန္းက မ်ား မလံုမလဲၿဖစ္လုိ ့လဲ ။
ဟုိးအစကတည္းက ကုိကုိက ခ်စ္လူပဲဟာ”

ဟန္ရွန္းယြီကုိ ေၿပာရလ်ွင္…

“သူ ယံုလားမယံုလားဆိုတာကိုေတာ့  ခ်စ္လည္း မေၿပာတတ္ဘူး…”

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၅ ။  သိသြားၿပီ

လ်ိဳခ်န္းသည္ သူမအေပၚ အၾကြင္းမဲ့ယံုၾကည္ထားသူ ၿဖစ္သည္ ။
သူမ ေၿပာသည့္စကားအခြန္းတုိင္းကို ယံုၾကည္သည္ခ်ည္း ၿဖစ္သည္ ။ မည္မ်ွပင္ ေၾကာင္းက်ိဳးမဆီေလ်ာ္ပါေစ သူမကို ယံုၾကည္ေပးမည္သာ ။ သုိ ့ေသာ္ ဟန္ရွန္းယြီ၏အေတြးတုိ ့ ့သည္ကေတာ့ ဖမ္းဆုပ္ၾကည့္ဖုိ ့ရာ ခက္ခဲေပသည္…

“ေမ့လုိက္တာ့…ေမ့လိုက္ေတာ့ ။ အခု အဲ့ဒီအေၾကာင္းကုိ မစဥ္းစားေသးဘူး…ေန ့လည္စာက ပိုအေရးၾကီးတယ္ ။ ခ်စ္စရာေကာင္းတဲ့ေန ့လည္စာဘူးက ဘယ္မွာလဲ”

မေကာင္းဆိုး၀ါးၾကီးကိုယ္တုိင္ ထည့္လာခဲ့သည့္ ထမင္းထုပ္သည္ အင္မတန္မွ စားရခဲ၏ ။
သူမသည္ ဤဘ၀တြင္ေတာ့ အခ်စ္ေတြနဲ ့ ထည့္လာခဲ့တဲ့ဒီေန ့လည္စာကုိ စားဖူးေပေတာ့မည္ ။

ဒီေန ့တြင္ သူမ ေရွာ့အၾကီးၾကီးရခဲ့ရသည္မဟုတ္ပါလား ။
ထုိ ့ေၾကာင့္ ဤေန ့လည္စာကုိ ၿမိန္ၿမိန္ယွက္ယွက္ၾကီးကုိ သံုးေဆာင္ရေပမည္ပင္ ။

တန္ဖိုးၾကီးလွသည့္ သံုးဆင့္ပါေသာထမင္းဘူးသည္ ပြင့္လာေခ်ၿပီ ။ ေနာက္ဆံုးတြင္ေတာ့ ရီ၀မ္၀မ္၏ဒဏ္ရာအၾကီးၾကီးရသြားခဲ့သည့္ နွလံုးသားေလးမွာ အနည္းငယ္ ကုစားခြင့္ရေပေတာ့မည္ ။

ဒီေန ့ သူမ ခံစားခဲ့ရသည့္စိတ္ဒုကၡသည္ ပမႊားအေသးအဖြဲေလး မဟုတ္ေခ်ဘူး မဟုတ္ပါလား ။

ရီ၀မ္၀မ္သည္ အစားအေသာက္တြင္သာ ေခါင္းနွစ္ေနမိၿပီး ၊ ေနာက္မွ စီရီဟန္ သူမေလးအား တစိမ့္စိမ့္ၾကည့္ေနသည္ကုိ သတိၿပဳမိသြား၏ ။
သူမ ေမာ့ၾကည့္လုိက္ၿပီး မ်က္ေတာင္မွတ္ခတ္မွိတ္ခတ္လုပ္လုိက္ရင္း ။
“ဘာ-ဘာၿဖစ္လုိ ့လဲ”

စီရီဟန္က သူမေလးအား တစ္ခနေလာက္ ၾကည့္ေနသည္ ။
“မင္း စပရုိက္စ္ၿဖစ္သြားလား”

ရီ၀မ္၀မ္ ။  “အဲ…အရမ္းကုိ ၿဖစ္တာေပါ့…”

ဟီးဟီး…

ဘယ္လုိလုပ္ စပရုိက္စ္မၿဖစ္မိဘဲ ေနမွာလဲ…အသက္တစ္၀က္ေလာက္ ထြက္သြားေတာ့မေလာက္ကို စပရုိက္စ္ၿဖစ္သြားတာပါေနာ္…

သို ့ေသာ္လည္း ဤအထိတ္အလန္ ့ၿဖစ္ခဲ့ရသည့္ကိစၥသာ မရွိခဲ့ဘူးဆုိလ်ွင္ သူမသည္ ေတာ္ေတာ္ေလးစပရုိက္စ္ၿဖစ္မိမည္မဟုတ္ပါေပ ။ သာမန္ရုိးရုိး ရုိမန္တစ္ဆန္ေနမိၾကရံုမ်ွသာ ခံစားမိလိမ့္ေပမည္ ။

သူမ မွတ္မိေနသေလာက္ သူမသည္ သေဘာတူညီခ်က္တုိ ့ ့ၿပဳၿပီးမွသာ အၿပင္ကိုထြက္ၿပီး အမ်ားနွင့္ရင္ေဘာင္တန္းကာ အလုပ္လုပ္ခြင့္ရခဲ့ၿခင္း ၿဖစ္သည္ ။ ထုိ ့ေၾကာင့္ သူမရဲ့ဘ၀ အဆင္ေၿပေခ်ာေမြ ့ေစဖုိ ့ရာအတြက္ ေယာက်ာ္းေလးအသြင္ ေၿပာင္းထားခဲ့ရၿခင္း ၿဖစ္၏…

စီရီဟန္သာ တစ္ခ်ိန္လံုး သ၀န္တိုမေနဘူးဆိုပါလ်ွင္
အေကာင္းဆံုးခ်ည္းသာ ၿဖစ္ေနေပလိမ့္မည္ ။

ထိုအေၾကာင္းနွင့္ပတ္သက္လ်ွင္...သ၀န္တုိၿခင္းသည္ တၿခားသူတုိ ့အဖို ့ ေပ်ာ္ရႊင္ရယ္ေမာစရာပင္၊ သို ့ေသာ္ စီရီဟန္၏သ၀န္တုိၿခင္းသည္ကေတာ့ တစ္ေယာက္ေသာသူူ၏ဘ၀ကို ၿပန္ယူသြားဖို ့တတ္နုိင္ေပ သည္….

ရီ၀မ္၀မ္ ေန ့လည္စာစားၿပီးသြားသၿဖင့္ စီရီဟန္သည္ မတ္တပ္ရပ္ၿပီး ၿပန္သြားေတာ့ဖုိ ့ၿပင္လုိက္၏ ။
သူမသည္ သူ ့အား ၾကာၾကာေနဖုိ ့ရာ ဆြဲထားခ်င္ေနမိ၏ ။
သုိ ့ေသာ္ အေစာနကကိစၥေၾကာင့္ သူမအေနၿဖင့္ သူ ့အား အတင္းမေနခုိင္းရဲေပ ။

စီရီဟန္ တံခါးကို တြန္းဖြင့္ထြက္သြားသည္ ။ ေလ်ွာက္လမ္းအဆံုးကို ေရာက္ခ်ိန္တြင္ ၿပတင္းေပါက္နား၌ ဟန္ရွန္းယြီတစ္ေယာက္တည္း ထုိင္ေနၿခင္းကုိ ၿမင္လုိက္ရ သည္ ။

ဟန္ရွန္းယြီ၏မ်က္လံုးတို ့သည္ သူ ့အား ဒုိင္းခနဲ ။ သတိပင္ မထားမိလုိက္ဘဲ သတိၾကီးၾကီးထားမိသြားသည့္ ဟန္ရွန္းယြီ ။ ခ်က္ခ်င္းဆုိသလုိပင္ သူ ့မ်က္၀န္းတုိ ့ က်ဥ္းက်ံဳ ့လာ သည္…

စီရီဟန္သည္လည္း သူ ့အား ေစ့ေစ့စပ္စပ္ၾကည့္လုိက္ၿပီး ေနာက္ ေလ်ွာက္ထြက္သြားေတာ့၏ ။

ကားရပ္နားစခန္းတြင္ ။

အခ်ိန္အၾကာၾကီးၾကာေအာင္ ရင္တမမၿဖင့္ ေစာင့္ေနပါသည့္ ရႊီရီ ။ သူ ့သခင္ၾကီး ဆင္းခ်လာသည္ကုိ ၿမင္လုိက္သည္နွင့္ ၿမန္ၿမန္ဆန္ဆန္ ေမးလုိက္သည္ ။ 

“သခင္ေလး…ဘယ္လုိလဲ ၊ အေၿခအေန ဘယ္လုိလဲ ။ သခင္မေလး ၀မ္၀မ္ အရမ္းေပ်ာ္သြားတယ္မလား”

စီရီဟန္ ။  “အင္း”

ရႊီရီ သက္ၿပင္းခ်လုိက္မိ၏ ။
“ေကာင္းတာေပါ့၊ ေကာင္းတယ္ ။ သခင္ေလးကုိ ေၿပာသားပဲ… မိန္းကေလးေတြက စပရုိက္စ္ၾကိဳက္ပါ တယ္ဆုိ…”

စီရီဟန္ ။  “ဒီလ မင္းရဲ့ေဘာနပ္စ္ နွစ္ဆေပးမယ္”

ရႊီရီ ေပ်ာ္ရႊင္မႈအေပါင္း လႊမ္းထံုသြားေခ်ၿပီ ။
“ေက်းဇူးတင္ပါတယ္…သခင္ေလး ၉”

ၾကည့္ရတာ ၀မ္၀မ္ သခင္မေလး နဲနဲေလးပဲ ေပ်ာ္တာမကဘူး ထင္တယ္…ဟီးဟီး ။

ေနာက္တစ္ေခါက္က်ရင္ ငါ သခင္ေလး ၉ ကို အၾကံေတြအမ်ားၾကီး ေပးရမယ္ ။ ငါ ေသေသခ်ာခ်ာ ဦးေနွာက္ကို ညွစ္ထုတ္ၿပီးစဥ္းစားရမယ္…

“ေဒါက္ ေဒါက္ ေဒါက္” တံခါးေခါက္သံ ေပၚလာသည္ ။

ရီ၀မ္၀မ္ ။  “၀င္ခဲ့ပါ”

ဟန္ရွန္းယြီ ၿဖစ္ေနသည္ကို ၿမင္လုိက္ရသၿဖင့္ ရီ၀မ္၀မ္၏အေၾကာအၿခင္တုိ ့ အနည္းငယ္ေတာင့္တင္းသြားရသည္ ။
သို ့ေသာ္ သူမ၏မ်က္နွာထက္တြင္ မေပၚလာေစရဘဲ သဘာ၀က်စြာပင္  ေၿပာလုိက္သည္ ။

“ရွန္းယြီ…ထိုင္ေလ ။ ငါ ရုိက္ကူးေရးေနရာေတြ သြားၾကည့္ၿပီးသြားၿပီ၊ အဲ့ထဲက နွစ္ခုကိုေတာ့ သေဘာက်တယ္ - တစ္ခုက ရုပ္ရွင္ၿမိဳ ့ေတာ္ ၿဖစ္ၿပီး ေနာက္တစ္ခုက ဘားမွာ ။ နဲနဲလုပ္ရခက္မဲ့ ခန္းမ ၿပသနာလည္း ရွိေနေသးတယ္ ။ ငါတုိ ့ေတြ….”

ဟန္ရွန္းယြီ ။  “ရီပုိင္..ေယာက်ာ္းေတြကုိ ၾကိဳက္လား”

ရီ၀မ္၀မ္ ။  “…”

….

သူမ အေၾကာက္ဆံုးၿဖစ္သည့္…ေလထု ၿပန္ေရာက္လာ ေလၿပီ…

ဟန္ရွန္းယြီ၏ရုတ္တရက္ေမးခ်လာသည့္ေမးခြန္းေၾကာင့္
ရီ၀မ္၀မ္ ေတာင့္တင္းသြားရ၏ ။

ထုိသည္မွာ ေမးခြန္းတစ္ခုၿဖစ္ေသာ္လည္း ဟန္ရွႏ္းယြီ၏ေလသံထဲတြင္ ေသခ်ာေနမႈက အၿပည့္ပါေနသည္ ။

တကယ္ေတာ့ ထုိကဲ့သို ့ေသာဆင္ေၿခမ်ိဳးသည္ လ်ိဳခ်န္းအေပၚတြင္သာလွ်င္ အလုပ္ၿဖစ္ေခ်သည္ ။

လ်ိဳခ်န္းသည္ လံုး၀အရုိးခံအၿဖဴထည္ေလးၿဖစ္ၿပီး ဟန္ရွန္းယြီသည္ကေတာ့ အၿဖဴထည္ေယာင္ေဆာင္ခဲ့ၿခင္းမ်ွသာၿဖစ္၏ ။ အေစာနက သူမေလးအား အေနရ မက်ဥ္းက်ပ္ေစဖုိ ့ရာအတြက္ ယံုၾကည္ခ်င္ဟန္ေဆာင္ခဲ့ရံုမ်ွသာ ၿဖစ္သည္ ။

ရီ၀မ္၀မ္ သက္ၿပင္းအရွည္ၾကီးဆြဲခ်လုိက္ေတာ့ၿပီး
ကံတရားေပၚ ပံုအပ္လုိက္ေတာ့သည္ ။

“မင္း သိသြားၿပီလား…”

ဟန္ရွန္းယြီ၏မ်က္နွာေပၚတြင္မူ
သူ သံသယၿဖစ္ေနသည္မွာ ဒါ ပထမဆံုးေန ့မဟုတ္ဟု ေၿပာေနသေယာင္ေယာင္ ။

“မင္း ဘယ္ကတည္းက ခန္ ့မွန္းမိတာလဲ”
ရီ၀မ္၀မ္ ေမးလုိက္၏ ။

ရီ၀မ္၀မ္ ေၿပာလုိက္သည့္စကားသည္ ၀န္ခံလုိက္ၿခင္းနွင့္ တူညီေနေလၿပီ ။

………………………………………………………

စာစဥ္ ၃၅၊ အခန္း ၆ ။  ေကာင္မေလးရွိတယ္

ဘယ္တုန္းကလဲ…

မင္း မူးတဲ့အခ်ိန္တုန္းက အဲ့လူေပၚ တြယ္ကုပ္ထားတဲ့အခ်ိန္ကလား… ဘားမွာ ေတြ ့ဆံုပြဲ ျပီးသြားေတာ့ မင္း သူနဲ ့ ၿပန္သြားတဲ့အခ်ိန္ကလား ။
မင္း မဟုတ္တာလုပ္ဖုိ ့ၾကိဳးစားေနတဲ့အခ်ိန္ တံခါးပိတ္ဖို ့ ့ေမ့သြားခဲ့လုိ ့ ငါ အကုန္ၿမင္ခဲ့တဲ့အခ်ိန္ကလား ။

ဒါမွမဟုတ္ အဲ့ဒီထက္ေစာေစာကပဲလား…

အ့ဲေယာက်ာ္း နဲနဲမူးေနတုန္းက ငါ့ေရွ့တည့္တည့္မွာ ရီပုိင္ကုိ နမ္းခဲ့တာကေန ငါ့ရဲ့သံသယေတြ စၿဖစ္လာခဲ့တာပဲလား…

သူတုိ ့နွစ္ေယာက္စလံုးက ေယာက်္ားသားေတြခ်ည္း ၿဖစ္ၾကသည္ ။
၉ စီ သည္ တမင္ရည္ရြယ္ခ်က္ရွိရွိ ဟန္ရွန္းယြီေရွ ့ ့လုပ္ၿပသြားခဲ့ၿခင္းမွာ သိသာလွေပသည္ - ဤအရာမ်ိဳးကိုမွ သံသယမ၀င္မိဘူးဆုိသည္မွာ မၿဖစ္နုိ္င္ပါေခ် ။

လူတစ္ေယာက္ကို အမွန္တကယ္ခ်စ္ၿမတ္နုိ္းေနပါလ်ွင္ ထိုသည္ကုိ ဖံုး၍ဖိ၍ခက္ခဲလွသည္ မဟုတ္ပါလား ။

ဤသည္မွာ ေၾကာင္အမ္းအမ္းေမးခြန္းၾကီးၿဖစ္ၿပီး ဟန္ရွန္းယီက ဘာကိုမွ ထပ္ေၿပာမလာေတာ့သၿဖင့္
ရီ၀မ္၀မ္ ထပ္ၿပီးေမးမေနေတာ့ ။
သူမသည္ မတတ္နုိင္စြာ ေၿပာလုိက္သည္ ။

“ရွန္းယြီ…ေတာင္းပန္ပါတယ္ ။ ငါ မင္းကို ဖံုးထားဖုိ ့ ့မရည္ရြယ္ပါဘူး ။ ဒါေပမယ့္ ဒီလိုအရာမ်ိဳးက အရင္းဆံုးသူငယ္ခ်င္းၾကီးဆုိရင္ေတာင္မွ ေၿပာၿပဖုိ ့က ခက္တယ္ေလ…”

“ငါ နားလည္ပါတယ္”
ဟန္ရွန္းယြီသည္ ေခါင္းတညိတ္ညိတ္လုပ္လာၿပီး ေမးလုိက္သည္ ။  “ဒီအေၾကာင္းကို ကုန္ရႊီ သိၿပီးၿပီလား”

ရီ၀မ္၀မ္ ေခါင္းကုိ ေထာက္ထားမိ၏ ။
“ကုန္ရႊီ မေတာ္တဆ သိသြားတယ္ - အဲ့ဒီေန ့က ေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာၿပီးေတာ့ ငါ့ရဲ့အာရံုစိုက္ခံရေအာင္ လုပ္ေနတာ ။
အဲ့မွာ ၉ စီ လည္း ရွိေနခဲ့တယ္ ။ သူကေတာ့ ဒီတုိင္း ေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာေနတာပဲ ။
ဒါေပမယ့္ ငါနဲ ့ကုန္ရႊီကို ၉ စီ အထင္လြဲသြားမွာ စုိးတာနဲ ့
ငါ ၿဖဴစင္ေၾကာင္းသက္ေသၿပဖုိ ့အတြက္ ကုန္ရႊီရဲ့အေရွ ့မွာ လက္ေတြ ့လုပ္ၿပရံုပဲ တတ္နုိင္တယ္”

ထပ္ဖံုးထားဖို ့မၿဖစ္နုိင္ေတာ့သၿဖင့္ ရီ၀မ္၀မ္ အမွန္အတုိင္း
မခ်ြင္းမခ်န္ထုတ္ေၿပာလုိက္ရသည္ ။

ဟန္ရွန္းယြီသည္ သူမအား ပေဟဠိဆန္စြာ ၾကည့္ေနသည္ ။
“မင္းတုိ ့နွစ္ေယာက္ အခုတြဲေနၿပီလား ။ ဒါဆုိ မင္း အရင္က ေၿပာဖူးတဲ့ေကာင္မေလး ဆုိတာကေရာ…”

ရီ၀မ္၀မ္ ရွင္းၿပလုိက္သည္ ။
“တကယ္ေတာ့ အဲ့ဒါက သူ ့ကို ေၿပာတာပါ - ေကာင္မေလးဆုိတာက ဒီတုိင္းကာဗာသက္သက္ပဲ ။ အထူးသၿဖင့္ လ်ိဳခ်န္းအတြက္ပဲ ။ ဒီလုိ ကိစၥမ်ိဳးကုိ သူက နဲနဲအထိမခံနုိင္ဘူး…သူ လန္ ့သြားမွာစုိးလုိ ့ လ်ိဳ ့၀ွက္ထား တာပါ ။ ဒါနဲ ့…မင္း ဒါကုိ လ်ိဳ ့၀ွက္ထားေပးရမယ္ေနာ္ ။ လႊတ္ခနဲ ေၿပာမထြက္မိေစနဲ ့၊ အဓိကက သူ သိမသြားေစနဲ ့ ့…”

ဟန္ရွန္းယြီ မ်က္ခံုးတစ္ဖက္ ပင့္တက္သြား၏ ။
သူမအား ၾကည့္လာသည္ ။

“လ်ိဳခ်န္းကုိ လန္ ့သြားမွာစုိးတယ္လား ။ ဒါဆုိ ငါ့က်ေတာ့ေရာ”

ရီ၀မ္၀မ္ အနည္းငယ္သီးသြားရသည္ ။
“အမ္…”

ဟန္ရွန္းယြီ တုိးတုိးညင္းညင္းရယ္ခ်လာသည္ ။
“အင္းပါ…ငါ မင္းကို ထပ္မစေတာ့ဘူး ။ သူငယ္ခ်င္းတစ္ေယာက္ အေနနဲ ့ မင္းရဲ့ေရြးခ်ယ္မႈကို ေလးစားေပးရမွာေပါ့ ။ မင္းဟာမင္း ေယာက်ာ္းေတြကို ၾကိဳက္ၾကိဳက္၊ မိန္းမေတြကို ၾကိဳက္ၾကိဳက္၊ အဲ့ဒါက မင္းရဲ့လြတ္လပ္ခြင့္ပါ ။ တၿခားသူေတြကုိ လုိက္ဒုကၡေပးေနတာမွ မဟုတ္ဘဲ ။ အဲ့ဒါက ရွက္စရာ ေကာင္းတဲ့အရာလည္း မဟုတ္ပါဘူးေလ”

ရီ၀မ္၀မ္ ဤသည္ကို ၾကားလုိက္ရသၿဖင့္ ဟတ္ထိသြားရ၏ ။
ဟန္ရွန္းယြီရဲ့ဖန္ေတြက သူ ့ကို “နတ္သားေလး” လုိ ့
ေခၚေခၚေနၾကတာ မထူးဆန္းေတာ့ဘူး ။

ဟန္ရွန္းယြီက အရမ္းကို ၾကင္နာတတ္ၿပီး နားလည္မႈအၿပည့္ရွိတာပဲ ။

ဟန္ရွန္းယြီ၏မ်က္နွာသည္ အနည္းငယ္သုန္မႈန္လာသည္ ။
ထုိ ့ေနာက္ သူ ေၿပာလာသည္ ။
“ဒါေပမယ့္ မင္း သိထားသင့္တာတစ္ခု ရွိတယ္”

ရီ၀မ္၀မ္ မေကာင္းသည့္ခံစားခ်က္တစ္ခု ရေနၿပီ ။
“ဘာကိုလဲ”

ဟန္ရွန္းယြီသည္ စကားလံုးတုိ ့ကို ဂရုတစိုက္ၿဖင့္ ေရြးေၿပာလာသည္။
“တစ္ခါတုန္းက အစ္မ ရွင္း နဲ ့ ငါ ရုပ္ရွင္သြားၾကည့္ၾက တုန္းက ၉ စီ ကုိ ေတြ ့ခဲ့တယ္။ ငါတုိ ့ၿမင္ခဲ့တာက…သူ ့မွာ ေကာင္မေလးတစ္ေယာက္ ပါလာတယ္ ။ အဲ့ဒီေကာင္မေလးက ဘယ္လုိရုပ္ရည္ရွိလဲဆုိိတာကို မၿမင္ခဲ့ရေပမယ့္ သူတုိ ့နွစ္ေယာက္က အရမ္းကုိ ပြတ္သီးပြတ္သပ္ရွိလြန္းတယ္…မင္း အဲ့ဒီအေၾကာင္းကုိ သိထားလား”

ေသစမ္း..ငါ အဲ့ဒီအေၾကာင္းကို လုံး၀ေမ့ေနမိတာပဲ ။

ထုိအခ်ိန္တြင္ သူမသည္ စီရီဟန္အား ရုပ္ရွင္အတူၾကည့္ဖုိ ့ ့ေခၚသြားခဲ့ၿခင္း ၿဖစ္သည္ ။ သုိ ့ေသာ္ အဆံုးသတ္တြင္ ရုပ္ရွင္ရံု၌ ဟန္ရွန္းယြီနွင့္ေခ်ာင္ကဲရွင္း အား ေတြ ့ခဲ့ၾကရသည္ ။ ဟန္ရွန္းယြီနွင့္ေခ်ာင္ကဲရွင္းသည္ ရုတ္တရက္ၾကီး အေနာက္သုိ ့လွည့္ၾကည့္လာခဲ့ၾကသၿဖင့္ သူမေလး၏မ်က္နွာအား မၿမင္ေတြ ့သြားေစဖုိ ့ရာအတြက္ စီရီဟန္သည္ သူမေလးအား နမ္းပစ္ခဲ့ၿခင္း ၿဖစ္၏…

ၿဖစ္ရပ္တစ္ခုလံုးကို ၿမင္သြားခဲ့သည့္ဟန္ရွန္းယြီသည္ သူမေလးအား မၿမင္ေတြ ့သြားခဲ့ေသာ္လည္း
စီရီဟန္ကိုမူ လံုး၀မွတ္မိသြားခဲ့သည္ ။

ဟားဟား..မင္းရဲ့ေဘာ္ဒါက အဲ့ဒီမိန္းကေလးပါလုိ ့…ေၿပာလုိက္ရင္ - ယံုမွာလား ။

ရီ၀မ္၀မ္ သက္ၿပင္းခ်လုိက္သည္ ။
“အင္း..တကယ္ေတာ့ သူက ငါ့ေၾကာင့္ ေဂးသြားရတာပါ…ငါတုိ့နွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မသိခင္က နွစ္ေယာက္စလံုး ေဂးေနတာ မဟုတ္ဘူး ။ ဒါေပမယ့္ အခု ငါတုိ ့ ့ၾကိဳက္သြားမိၾကတာက ေယာက်ာ္းေလးေတြၿဖစ္ေန တာ…”

ဟန္ရွန္းယြီ ။  “…” မင္းေၾကာင့္ သူ ေဂးသြားတာေပါ့…

………………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၅ တစ္ခုလံုးကို တစ္ခါတည္း အၿပီးဖတ္လိုပါက ၅၀၀ က်ပ္ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  35
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၅ ၊ အပိုင်း ၁ ။ သဘောထားကြီးခြင်း

နှစ်ယောက်စလုံးသည် လက်ထပ်ဖို့ ရည်စူးထားကြပြီး သားပင် ။
သို့သော်၊ မွေးနေ့ပွဲတွင် ရီဝမ်ဝမ်ဘက်က စေ့စပ်ထားခြင်းကို ရုတ်တရက်ကြီး ဖျက်ပစ် လိုက်သောကြောင့်
ဂူရွဲ့ကျီမှာ အံ့အားသင့်သွားခဲ့ရပြီး အရှက်ရခဲ့ရသဖြင့်
နောက်သို့ရက်ဆုတ်သွားကြခြင်းဖြစ်သည် ။

ရီဝမ်ဝမ် စိတ်ထိခိုက်သွားမည်ကို စိုးသဖြင့် ရီမူဖန်က သူမလေးအား မြန်မြန်ဆန်ဆန်ပင် ဖြေသိမ့်ပေးလာသည် ။
“ဝမ်ဝမ်…အဲ့လိုယောကျ်ားမျိုးအတွက်နဲ့ ဝမ်းနည်းဖို့ မတန်ဘူး… ညီမလေး မပျော်မရွှင်ဖြစ်နေရင် ကိုကို သူ့ကို သွားရိုက်ပေးမယ်”

စိတ်ထဲ ကူကယ်ရာမဲ့သွားမိသလို ရင်ထဲလည်း ဟတ်ထိသွားရ၏ ။
ရီဝမ်ဝမ် ပြန်ပြောလိုက်သည် ။
“ကိုကိုရာ…ညီမလေးက ကလေးမဟုတ်တော့ပါဘူး…”

ထို့နောက် ရီမူဖန်အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏ ။
“ကိုကို...ဒါကို ကြားဖူးလား ။ ‘ရည်းစားဟောင်းကို တသသဖြစ်နေတယ်ဆိုတာက ချစ်သူအသစ်က…’ ”

ထိုစကားအစကို ကြားလိုက်ရုံနှင့် ဆက်လာတော့မည့်စကား ကို ရီမူဖန် သိနေလေပြီ။ ရှုတည်တည်မျက်နှာဖြင့် သူမစကားအား ဖြတ်ပြောပစ်လိုက်၏ ။
“ချစ်သူအသစ်က မကောင်းလို့…ဟုတ်တယ်မလား ။ တော်တော့…ထပ်ပြီး ဂုဏ်မဆာတော့နဲ့ ။ မင်းချစ်သူအသစ်က အများကြီးကောင်းတယ်ဆိုတာကို
ငါ သိတယ် ၊ ဟုတ်ပီလား…”

ရီဝမ်ဝမ် ရယ်မောလာသည် ။
“ကိုကို ဘာတွေတွေးနေတာလဲ ။ ညီမလေးက ဘယ်တုန်းက ဂုဏ်ဆာဖူးလို့လဲ။ ရည်းစားဟောင်းကို တသသဖြစ်နေတယ် ဆိုတာက အရင်တုန်းက ညီမလေး ဦးနှောက်ပျက်နေခဲ့လို့လို့ ပြောမလို့ပါ ။ ဒါပေမယ့် အခုတော့ ညီမလေး ခေါင်းပြန်ကောင်းသွားပြီ ။ ဟုတ်တယ်လေ ညီမလေးရဲ့ ဘေဘီက တစ်မြို့လုံးပါ ကြွေကျသွားစေနိုင်လောက်အောင်ကို ချောလွန်းနေ တာကိုး…အင်း…ဒါက အဓိကအချက်တွေထဲကလည်း တစ်ခုပဲလေ…”

ရီမူဖန် ။  “…”

ပြောတော့ ဂုဏ်မဆာဘူးဆို…အခုပဲ ဂုဏ်ဆာနေတာမဟုတ်လို့လား…။

….

ညဉ့်သန်းခေါင်ချိန်၊ ကျင်း ဥယျာဉ် ။

စီရီဟန်သည် ဧည့်ခန်းထဲတွင် အလုပ်လုပ်နေသည် ။ ဘယ်အချိန်ကစပြီးတော့ အလုပ်လုပ်ဖို့အတွက် ဧည့်ခန်းကို သုံးလာတတ်ခဲ့သလဲတော့ မသိပါချေ ။

ရွှီရီသည် ဘေးနားတွင် တလေးတစားဖြင့် မတ်တပ်ရပ်နေ သည် ။

အခုတလောတွင် သခင်လေး၏ကျန်းမာရေးသည် အတန်ငယ် တိုးတက်လာခဲ့၏ ။ အခုချိန်တွင် ကုမ္ပဏီထဲ၌ အလုပ်တွေအများကြီး ပေါ်လာသလို သခင်မလေး ဝမ်ဝမ်သည်လည်း အလွန်အလုပ်ရှုပ်နေ၏ ။ သခင်မလေး ဝမ်ဝမ်သည် သခင်လေးရဲ့ကျန်းမာရေးကို ရွှီရီနဲ့အတူ စစ်ကြည့်ကြတုန်းကပင်လျှင် သူတို့နှစ်ဦးသားသည် ကောင်းကောင်း မတွေ့ခဲ့ကြရပေ ။

သူ့သခင်လေး၏အေးစက်နေသည့်မျက်နှာကို ကြည့်ရင်း ရွှီရီခမျာ အကြာကြီးကြာအောင် လွန်ဆွဲနေမိ၏ ။ နောက်ဆုံးတွင် ဘယ်လိုမှ မြိုသိပ်မထားနိုင်သဖြင့် ပြောလာသည် ။
“သခင်လေး…သခင်လေးအရင် သခင်မလေး ဝမ်ဝမ် ကို
သွားတွေ့လိုက်ပါလား…စပရိုက်စ်လည်းဖြစ်သွားတာပေါ့…”

စီရီဟန် ။  “စပရိုက်စ်…”

သူ့ရဲ့သခင်လေးသည် ဘာလုပ်ရမည်ကို သဘောမပေါက်ဖြစ်နေမည် စိုးလျက် ထပ်တလဲလဲခေါင်းညိတ်လာသည့် ရွှီရီ ။
သူ မြန်မြန်ဆန်ဆန်ပင် ရှင်းပြလာသည် ။
“စဉ်းစားကြည့်ပါ - အရင်တုန်းက သခင်လေးဆီကို သခင်မလေး ဝမ်ဝမ် ရုတ်တရက်ကြီးရောက်လာခဲ့တဲ့ အချိန်တုန်းက သခင်လေး မပျော်သွားဘူးလား”

စီရီဟန် ။  “…”

တကယ်တော့ သူ့သခင်လေးသည် ရေခဲတုံးကြီး ဖြစ်နေလျှင်တောင်မှ
ထိုစဉ်က သူ အပျော်ကြီးပျော်ရွှင်သွားခဲ့သည်ကို ရွှီရီ သိနေခဲ့ပါ၏ ။ ထို့ကြောင့်ပင်၊ သူ ဆက်ပြောလိုက်သည် ။
“အဲ့ဒီတော့…သခင်လေးကသာ သခင်မလေး ဝမ်ဝမ် ကို သူမရုံးခန်းမှာ သွားတွေ့ပြီးတော့ လက်ဆောင်တစ်ခုခု ပေးလိုက်မယ်၊ ဒါမှမဟုတ် မုန့်တစ်ခုခုယူသွားလိုက်မယ် ဆိုရင် သခင်မလေး ပျော်မသွားနိုင်ဘူးလား”

စီရီဟန်၏မျက်လုံးထဲတွင် အလင်းရောင်လေးတစ်ချက် ဖျတ်ခနဲ ပြိုးပြက်သွားသလို စိတ်ထဲတွင် သူ့အား “ပျင်းစရာကောင်းသည်” ဟု ပြောခဲ့သည့်လူကို မြင်ယောင်လာမိ၏…

….

သိပ်မကြာခင်ပင် ရီဝမ်ဝမ်သည် ဟန်ရှန်းယွီ ကုမ္ပဏီထဲ ဝင်လာပြီဖြစ်သည့် အကြောင်းကို ကြေညာချက် ထုတ်ပြန်လိုက်သည် ။

ရလဒ်သည်ကား သူတို့တွေးဆထားကြသည့်အတိုင်းပင် - ချိုင်းယုံရှန်းဘက်က အလွန်အမင်း တိတ်ကျသွားပြီး
သူတို့နှင့်ပတ်သက်၍ ဘာဆိုဘာမှ မလုပ်ရဲခဲ့ ။

ကမ္ဘာသည် ရီပိုင် ကုမ္ပဏီသစ်ဖွင့်သည့်အပေါ် ဂုဏ်ယူပါ ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လာသည် ။
ထို့နောက်၊ ဟန်ရှင်းယွီ အား ချီးကျူးဂုဏ်ပြုစကားဆိုကာ  “အနာဂတ်မှာ အောင်မြင်ပါစေ” အစရှိသဖြင့် ဆုတောင်းစကားတို့ ပါးလာကြသည် - အရင်တုန်းက
သူတို့အား လက်စသတ်ပစ်ချင်ခဲ့သည့်သဘောထားသည် လုံးဝအပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ…

လူထု၏စိတ်ခံစားချက်တို့ကို ကောင်းကောင်းကြီး သိထားသည့် ချူးဟုန်ဂွမ်း သည် သူတို့အား တိုက်ခိုက်ပါက ဘာကောင်းကျိုးမှရမည်မဟုတ်သည်ကို သိနေသဖြင့် သူတို့အား သဘောထားကြီးစွာဖြင့် တောင်းဆုခြွေပေးနေခြင်း ဖြစ်သည် ။

ကုမ္ပဏီကို သွားသည့်လမ်းတွင် ကမ္ဘာ၏ Weibo ပို့စ်ကို မြင်လိုက်ရသဖြင့် ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ကွေးတက် သွားသည် ။

အပေါ်ယံတွင် ချူးဟုန်ဂွမ်းသည် အလွန်တရာပင် သဘောထားကြီးလှပါ၏ ။ သို့သော်၊ ရင်ထဲတွင်မူ သူမအား အရိုးထိတိုင်မုန်းကာ ကုမ္ပဏီကို ပိတ်သိမ်းသွားရပြီး ငမွဲစာရင်းဝင်သွားအောင် လုပ်ပစ်ချင်လောက်နေလေပြီ ။

…………………………………………………

စာစဉ် ၃၅၊ အခန်း ၂ ။ စပရိုက်စ်အကြီးစား

ဟန်ရှန်းယွီသည် သူတို့ဆီက ထွက်သွားပြီး ကိုယ်ပိုင်စလုပ်ခြင်းက မဆိုးသေးပေ ။
သို့သော်၊ သူသည် ကမ္ဘာထက်သေးသည့် စထောင်ခါစ ကုမ္ပဏီသေးသေးလေးဟု ဆိုနိုင်သည့် ရီပိုင်၏ကုမ္ပဏီကို ဝင်သွားခဲ့ခြင်း ဖြစ်သည် ။
ဤတစ်ခေါက်တွင် ချူးဟုန်ဂွမ်း၏မျက်နှာကို အမှတ်တကယ် ဖြတ်ရိုက်ပစ်လိုက်ခြင်းပင်….

အခုချိန်တွင် ရီဝမ်ဝမ်နှင့်တခြားသူတို့သည် အလုပ်ထဲ စိတ်ကိုနှစ်ထားကြ သည် ။

ယနေ့တွင် ရီမူဖန်သည် ဖက်ရှင်အစည်းဝေးက ကျင်းပသည့်ပွဲတစ်ခုအား တက်ရောက်နေသည် ။ ဟန်ရှန်းယွီသည် ဖေးယန်အား ခေါ်လျက် အင်ပါရီယာမြို့တော်က တီဗွီစတူဒီယိုတစ်ခုတွင်
အင်တာဗျူး ဖြေနေသည် ။ လျိုချန်းနှင့်ကုန်ရွှီသည် လက်ထောက်အသီးသီးကို ခေါ်သွားကာ ဖန်များနှင့် မိတ်ဆက်တွေ့ဆုံပွဲ လုပ်နေသည် ။ ရီဝမ်ဝမ်သည်လည်း အခုနကပင် ရိုက်ကွင်းကို အတည်ပြု၊ စာချုပ်ချုပ်ပြီးခဲ့ပြီး အခုရုံးခန်းဆီ အမြန်ပြန်လာနေခြင်း ဖြစ်၏…

သူမအတွက် အလုပ်ဆက်မလုပ်ခင် နေ့လည်ပိုင်း နှစ်နာရီလောက် အချိန်ရနေသည် ။ ဤနှစ်နာရီအတွင်း
စီ ကော်ပိုရေးရှင်းသို့သွားကာ စီရီဟန်ကို သွားတွေ့ရမလား ဟု သူမ ဝေခွဲမရဖြစ်နေ၏ ။ အခုတလောတွင် သူတို့နှစ်ယောက်စလုံး အတော်လေးအလုပ်များနေကြသဖြင့် မတွေ့ရတာ ကြာပြီ မဟုတ်ပါလား - ဤတစ်ခေါက်တွင် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်တာ သုံးရက်လောက်တောင် ရှိသွားပြီထင်၏ ။

ရီဝမ်ဝမ် တွေးဆနေရင်း သူမဖုန်းလေးကို ထုတ်ယူလိုက် သည် ။ သို့သော်၊ သူမ ထုတ်လိုက်သည့်အခိုက် ဖုန်းသံဝင်လာသည် ။ စီရီဟန် ခေါ်ခြင်းပင် ။

ရီဝမ်ဝမ် မြန်မြန်ပင် ဖုန်းကိုင်လိုက်၏ ။
“ဟယ်လို…ကိုကို ~ တိုက်ဆိုင်လိုက်တာ - အခုပဲ ကိုကို့အကြောင်း စဉ်းစားနေတာ ။ အခု ရုံးမှာလား…ချစ် အခုလာခဲ့မယ် ။ နေ့လည်စာ အတူစားကြတာပေါ့…ဘယ်လိုလဲ”

“မင်းရုံးခန်းမှာ”

သူ၏ခါတိုင်းလို အေးစက်နေသည့် အသံတစ်သံ ဖုန်ုးထဲကနေ ထွက်လာသည် ။

ရီဝမ်ဝမ် အံ့သြသွား၏ ။
“ဘယ်လို…ချစ် ရုံးခန်းမှာလား ။ ကိုကို ချစ်ရုံးခန်းကို ရောက်နေတာလား”

စီရီဟန် ။  “နေ့လည်စာ ယူလာတယ် ။ ဒီကိုပဲ တန်းလာလိုက်တော့”

ရီဝမ်ဝမ် နတ်ဘုံနတ်နန်း ရောက်သွားသလို ခံစားလိုက်ရ၏ ။

စီရီဟန်သည် အချစ်တွေထည့်ထားတဲ့နေ့လည်စာကို တကယ်ကြီး လာပို့ပေးတယ်တဲ့လား ။

သူ့ရဲ့အီးကျူ တိုးတက်လာတာက လျှပ်စီးလိုပဲ မြန်လှချည်လား…ဟီးဟီး..

ရီဝမ်ဝမ် ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
“အွန်း အွန်း အွန်း..အခုချက်ချင်း ပြေးလာခဲ့မယ် ။
ချစ်ကို စောင့်နေဦးနော် ။ ချစ် ဝင်ပေါက်ကို ရောက်နေပြီ - ခနလေးဆိုရင် အဲံဒီကို ရောက်ပြီ”

“မင်း…”

စီရီဟန်သည် တစ်ခုခုကို ပြောချင်နေဟန်ပင် ၊ သို့သော်၊ ရီဝမ်ဝမ်သည် အမြန်ဇောနှင့် ဖုန်းချပစ်လိုက်ချေပြီ ။

ရီဝမ်ဝမ်သည် ကားကို ရပ်လိုက်ပြီးနောက် အမြန်အဆန်ပင် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်၏ ။

ဓာတ်လှေကားသည် သူတို့၏ရုံးခန်းကို တစ်ခါတည်းရောက်အောင် ချိတ်ထားပြီးသားဖြစ်သဖြင့် အလွန်တရာပင် အဆင်ပြေလှသည် ။

သူမ အပေါ်ထပ်ကို ရောက်သွားပြီးသည့်နောက်
ရုံးခန်းထဲသို့ ကပျာကယာပြေးဝင်သွားသည် ။

သူမလေး တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်
စီရီဟန်သည် သူမရုံးခန်းထဲက ဆိုဖာပေါ်တွင် ထိုင်နေသည် ။

အပေါ်ထပ်ကို ချွတ်ထားပြီး အောက်တွင် အဖြူရောင်စွပ်ကျယ်ကို ခံထားကာ မီးခိုးဖျော့ရောင်အကျီၤကို ဝတ်ဆင်ထားသည် ။ လက်ထဲတွင် သူမလေး၏စင်ပေါ်က အလှဆင်သည့်သဘောဖြင့် ထားထားသည့် နိုင်ငံခြားဘာသာနှင့်ရေးထားသည့်စာအုပ်ကို ကိုင်ထားပြီး စူးစိုက်ကာ ဖတ်နေသည် ။
နေရောင်ခြည်သည် ပြတင်းပေါက်ကနေ ထိုးဝင်နေပြီး အခန်းတစ်ခုလုံးကို အလင်းရောင်ဖြန့်ပေးထား၏ ။ ဤမြင်ကွင်းသည် ပန်းချီကားတစ်ခုနှယ် လှပရက်လွန်းချေ သည်…

ကိုယ်ချစ်ရသူနှင့် တစ်ရက်လောက်ဝေးနေရခြင်းသည် တစ်ကမ္ဘာခြားသည်ဟု ထင်မှတ်ရစေသည် မဟုတ်ပါလား ~

ရီဝမ်ဝမ်ခမျာ ထိုအလှလေးထံတွင်သာ အာရုံအလုံးစုံ ကျရောက်နေချေပြီ ။
သူမ ရုံးခန်းတံခါးကို လော့ခ်ချပစ်လိုက်၏ ။
အိတ်နှင့် ကားသော့တို့ကို ပစ်ချပစ်လိုက်ကာ၊ ထို့နောက် ပြေးသွားတော့သည် ။ သူမလက်နှစ်ဖက်စလုံးသည် စီရီဟန်၏အနောက်ဘက်ဆိုဖာနောက်ကျောကနေ သိုင်းဖက်လာပြီး ငုံ့ကိုင်းကာ သူ့အား ချိုမြိန်သည့်အနမ်းတစ်ပွင့် ပေးလိုက်ရင်း ။ 
“မွ…အများကြီး ချစ်တယ်..အရမ်းကြီးချစ်တယ်”

ရုတ်တရက်ကြီး သူမလေး၏အနမ်း ခံလိုက်ရသဖြင့် စီရီဟန်သည် အဓိပ္ပာယ်ဖော်၍မရသည့်အမူအရာဖြင့် သူမလေးအား ကြည့်လာသည်…

ဟမ်…စီရီဟန် ငါ့ကို ဘာလို့တမျိုးကြီးကြည့်နေတာလဲ ။

ရီဝမ်ဝမ် သံသဝင်ဝင်မိလိုက်ချိန်၊ ရုတ်တရက်ကြီး
ဘေးနားကနေ “ဂွက်” အသံတစ်ခုကို ကြားလိုက်ရ၏…

ပန်းသီးတစ်လုံး သူမခြေဖဝါးဆီ လိမ့်လာချေသည်…
ထို့နောက် အလှလေးရဲ့ဖမ်းစားထားခြင်းခံနေရရင်း 
ရီဝမ်ဝမ် ချက်ချင်းပင် ခေါင်းလှည့်လာရာ….
သူမ မြင်လိုက်ရသည်မှာ…
အခန်းထဲတွင်…စီရီဟန်အပြင် တခြားသူတွေပါ ရှိနေခြင်း…

ကုန်ရွီှသည် ပန်းသီးကို ကိုင်ထားသည့်အနေအထားအတိုင်း တောင့်တောင့်ကြီးဖြစ်နေသည်၊
သူသည် လုံးဝကို ကြောင်အနေ၏ ။ အစောက ဟန်ရှန်းယွီနှင့် စကားပြောနေခဲ့သည့် လျိုချန်းသည် ပါးစပ်အဟောင်းသားဖြစ်နေပြီး ဟန်ရှန်းယွီသည် လုံးဝကို မင်သက်နေသည်…

ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည် ။
လူတိုင်း အသိနှင့်ကိုယ် လုံး၀ မကပ်ကြတော့ဘဲ ကျောက်ရုပ်ကြီးအလားနှယ်…

ရီဝမ်ဝမ်၏ရင်ဘတ်ထဲတွင် ပေါက်ကွဲထွက်တော့မည့်မီးတောင်လို အော်ဟစ်နေမိချေသည်...။

သေစမ်း….။

ဘာတွေဖြစ်ကုန်တာလဲ ။

ရုံးခန်းထဲမှာ ဘာလို့တခြားသူတွေပါ ရှိနေတာလဲ ။

ဒီရက်တွေမှာ သူတို့ ဘာမှလုပ်စရာ မရှိကြဘူးလား ။

စီရီဟန်…တခြားသူတွေရှိနေတာကို ရှင် ဘာလို့ ကျွန်မကို မပြောပြခဲ့ရတာလဲ…အားးးးးးးးးးးး။

ရီဝမ်ဝမ်သည် လန့်ဖြန့်နေသည့်မျက်ဝန်းတို့ဖြင့် စိတ်ထဲကနေ ပလုံစီအောင် ပြောဆိုနေမိလေပြီ ။

ဤအခိုက်တွင် ရီဝမ်ဝမ်ခမျာ ကျောက်ရုပ်ကြီးပမာသာ ဖြစ်နေသေး၏ ။

စီရီဟန်သည် အနည်းငယ်မသပ်မရပ်ဖြစ်သွားသည့် အကျီၤကော်လံကို ဆွဲဆန့်လိုက်ရင်း ပြောလာသည် ။  “ကိုယ့်ကို ပြောခွင့်မှမပေးတာ”

ရီဝမ်ဝမ် ။  “…”

………………………………………………………

စာစဉ် ၃၅၊ အခန်း ၃ ။  ဆင်ခြေပေးခြင်း

ဘာ…။ သူ့ကို ပြောခွင့်မပေးခဲ့လို့ ဟုတ်လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

ရီဝမ်ဝမ်သည် ပြန့်ကျဲနေသည့်စိတ်တို့ဖြင့် တွေးတောကြည့်နေသည် ။ သူမ နားလည်လိုက်ရသည်မှာ သူမ ဖုန်းမချလိုက်ခင် စီရီဟန်သည် တစ်ခုခုကို ပြောချင်နေဟန်ပင်၊ သို့သော် သူမက နားမထောင်နေ တော့ဘဲ ဖုန်းချပစ်လိုက်ခဲ့သည်ပင် ။ ထို့အပြင်၊ ဒီနေ့ ရုံးမှာ
ဘယ်သူမှ ရှိမနေလောက်ဘူးဟု သူမ တွက်ဆထားခဲ့၏ ။
ရုံးခန်းထဲ ဝင်လိုက်လျှင်ဝင်လိုက်ချင်း သူမအရှေ့က ကိုလူချောလေး၏ အဆွဲဆောင်ခံလိုက်ရသဖြင့် သူမခမျာ ထိုကြီးကောင်ကြီးမား အသက်အရှိကြီးရှိနေကြသေးသည့် လူသားကြီးတို့ကို လုံးဝကို မမြင်မိတော့ခြင်းဖြစ်သွားရ၏ ။ သူမ စီရီဟန်ဆီ တန်းပြေးချသွားပြီး မွှေးမွှေးပေးပစ်လိုက်မိသည် မဟုတ်ပါလား ။
သူမသည် အမှန်တကယ်ကို သူ့အား စကားတစ်ခွန်းမှ ပြောခွင့်မပေးခဲ့မိပါချေ…

သောက်ကျိုးနဲလှချေသည်…

သူမ၏တစ်ဘဝလုံးလုံး ဒီလောက်ထိ စမတ်ကျအောင်နေလာခဲ့ပြီးမှ ဒီလိုအမှားကြီးတစ်ခုကို လုပ်ချပစ်လိုက်မိသည်တဲ့လား ။

ကံကောင်းသွားသည့် အချက်လေးတစ်ချက်သည် ယောကျာ်းလေးလို ရုပ်ဖျက်ထားသည့်အချိန်တိုင်း သူမသည် ဘယ်တော့မှ မိန်းကလေးအသံကို မသုံးခဲ့ခြင်းပင် - သို့သော် ထိုသို့ဆိုတော့ရော ဘာလုပ်ရတော့မည်နည်း ။

အခြေအနေကို ရှင်းပြဖို့ရာအတွက် သူမ အပြေးအလွှား စဉ်းစားနေမိသည် ။ သို့သော်၊ ဤတစ်ကြိမ်တွင် ငြင်းမရနိုင်သည့်သက်သေအထောက်အထားကြီး ရှိနေပေပြီ မဟုတ်လား ။ သူမအနေဖြင့် မြစ်ဝါမြစ်ထဲ ခုန်ချပစ်လျှင်တောင် သူမ၏နာမည်ကို ရှင်းလင်း၍ ရတော့မည်မဟုတ်ပေ…

ဤသို့ဆိုသော်လည်း ရီဝမ်ဝမ်အနေဖြင့် လက်လျှော့အရှုံးပေးလိမ့်မည် မဟုတ်ပေ၊
နဲနဲလေးဖြစ်စေ…အခြေအနေကို အတတ်နိုင်စွမ်းထိန်းညှိဖို့ ကြိုးစားဦးမည်သာ…

မြန်မြန်လေး…တစ်ခုခု စဉ်းစားစမ်းပါဟ၊ စဉ်းစား ။

ဟိုတစ်ခေါက်တုန်းက လျိုချန်းနဲ့ဟန်ရှန်းယွီတို့ တံခါးဝကို ရောက်လာတုန်းက ငါ စီရီဟန်အပေါ် ခုန်အုပ်လိုက်တာကို မြင်သွားကြတဲ့အချိန်မှာ သူတို့ကို ဘယ်လိုရှင်းပြလိုက်လဲ…ဟမ်…

ရီဝမ်ဝမ်၏ဦးနှောက်သည် အမြန်ဆုံးနှုန်းဖြင့် အပြေးအလွှားအလုပ်လုပ်နေချိန် သူမသည် အပေါ်ယံတွင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ယူနေ၏ ။ စီရီဟန်၏နောက်ကျောကို သိုင်းဖက်ထားသည့်လက်တို့ကို ရုတ်လိုက်ပြီး အကျီၤတို့ကို ဆွဲဆန့်လိုက်သည် ။

သောက်ကျိုးနဲ…။ ဒီလောက်အရေးကြီးတဲ့အချိန်ကျမှ အကြံက တစ်ခုမှ ထွက်မလာဘူး ။ စီရီဟန် ငါ့ဆီကို ကိုယ်တိုင်ရောက်လာတယ်ဆိုတာက ခပ်ရှားရှားရယ် ။ စိတ်ချရအောင်လို့ ငါ တံခါးကို လော့ခ်ပါ ချလိုက်သေးတဲ့ဟာကို… ဒါကိုတောင် ဒီလို ဖြစ်လာရသေးတယ်လို့…

သို့သော်လည်း ရီဝမ်ဝမ်သည် အလွန်တရာ တည်တည်ငြိမ်ဖြင့် မတ်တပ်ထရပ်လိုက်သည်သာ ။

သူမသည် ကုန်ရွှီအား လုံးဝကို မစိုးရိမ် ။ ဟန်ရှန်းယွီသည်လည်း နဲနဲရှင်းပြလိုက်သည်နှင့် ရပေသည် ။ အရေးကြီးဆုံးသူမှာ လျိုချန်း - အားးး..လျိုချန်း…. ။

ထို့ကြောင့် ရီဝမ်ဝမ်…အလွန်အမင်း နွေးထွေးသည့်အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်ပြီး လျိုချန်းအား တည့်တည့်ကြည့်လိုက်၏ ။

“ဟားဟား…မင်းတို့အားလုံး ဒီရောက်နေကြတာလား ။
လျိုချန်း…မင်းတို့ ပရိသတ်တွေ့ဆုံပွဲရှိတယ် မဟုတ်ဘူး လား”

လျိုချန်းသည် ဆိုဖာပေါ်က စီရီဟန်အား ကြည့်နေသည်၊
ထို့နောက် ရီဝမ်ဝမ်ဘက်သို့လှည့်ကြည့်လာသည် ။ အချိန်အကြာကြီးကြာတော့မှ စကားပြောနိုင်လာပြီး နားလိုက်ရပ်လိုက်ဖြင့် ပြန်ဖြေလာသည် ။
“စောစော…စောစောပြီးသွားလို့…ကျွန်တော်တို့ စောစောပြန်လာခဲ့ကြတာ…”

ကုန်ရွှီက လှည့်လာပြီး ရီဝမ်ဝမ်အား ကြည့်လာသည် ။
ထိုအကြည့်မှာ “ဆက်ပြောလေ…တစ်ခုခုဆင်ခြေ ပေးစမ်းပါဦး။ ဘယ်လိုပုံပြင်ပြောဦးမလဲ ကြည့်နေမယ်”ဟု ပြောနေသယောင်ယောင်။

ရီဝမ်ဝမ်က စိမ်ပြေနပြေဖြင့် ပြောလာသည် ။
“အော်…အဲ့ဒီလိုလား *အဟမ်း*
ငါ အစောနက ငါ့သူငယ်ချင်းကို နောက်နေတာ”

ကုန်ရွီှ ။  “…”

ဟန်ရှန်းယွီ ။  “…”

ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ ဒီဆင်ခြေကိုပဲ ထပ်သုံးလာပြန်တာပဲ ။ ငါတို့အားလုံးကို ငတုံးတွေလို့များ မှတ်နေတာလား ။ နောက်ဆုံးတစ်ခေါက်တုန်းက စီရီဟန်ပေါ်ကို ခုန်အုပ်ခဲ့ရုံပဲ၊ မနမ်းခဲ့ဘူး ။ အဲ့ဒီတော့ စနောက်နေတာလို့ ညာပြောလို့ရသေးတယ် ။ ဒါပေမယ့် အခုက ဘာထပ်လုပ်လိုက်တာလဲ ။ ဒီတစ်ခေါက်တော့ လုံးဝကိုမရတော့ဘူး။

သူမသည်လည်း ဤအကြောင်းပြချက်ကလွဲပြီး နောက်ထပ်ဘာကိုမှ စဉ်းစားလို့မရပါချေ…

ကုန်ရွှီ၏ခေါင်းထက်တွင် မှောင်မိုက်လို့နေချေပြီ ။
သူ ပါးစပ်အေဟောင်းသားဖြင့် ရီဝမ်ဝမ်အား တစ်ချက်ကြည့်လိုက်၏ -

ကိုကို ရီ…ကိုကို ကျွန်တော်တို့ကို ငတုံးတွေလို့များ ထင်နေတာလား…ဟမ် ။

ရီဝမ်ဝမ် ။  “…”

ကောင်းပြီ…ငါ အရမ်း ပေါ့ဆသွားမိခဲ့တယ်…

“အင်း…*အဟမ်း* ဟဲဟဲ…အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တောင်းပန်ပါတယ် ။ ငါ့ရဲ့သူငယ်ချင်းက ငါ့အတွက် နေ့လည်စာယူလာပေးလို့ ငါ စိတ်မထိန်းနိုင်ဖြစ်သွားတာ၊ မင်းတို့ ပေါက်တတ်ကရတွေ လျှောက်မတွေးနေကြနဲ့…”

ရီဝမ်ဝမ် အပြေးအလွှားစဉ်းစားရင်း ဆက်ကာရှင်းပြလိုက်သည် ။

ကုန်ရွှီ ဆက်ပြီးငြိမ်နားထောင်မနေနိုင်တော့ချေ ။
သူ၏နှုတ်ခမ်းတို့ တွန့်ကွေးလာပြီး ပြောလာသည် ။
“အချစ်တွေအပြည့်ပါတဲ့…နေ့လည်စာလား…”

ကိုကို ရီ…ကိုကိုက ပိုဆိုးအောင်လုပ်နေတယ်ဆိုတာကိုရော သိရဲ့လား ။

ရီဝမ်ဝမ် ။  “…”

လခွမ်း…ငါ့ဦးနှောက်က ဘာလို့အဲ့လောက်တောင် နည်းသွားရတာလဲ…

လျိုချန်း…။ ငါ ရှင်းပြတာကို နားထောင်…

“ကျွန်တော် သဘောပေါက်ပြီ…” 

လျိုချန်းသည် ထိုရှင်းပြချက်ကို ကြားလိုက်သည်နှင့်
မျက်နှာထား ပြေလျော့လာပြီး သက်ပြင်းတစ်ချက်ချလာသည် ။
“အစ်ကို ရီ…နေ့လည်စာစားစရာရှိတာ သွားစားပါ ။
တစ်မနက်လုံး ပြေးလွှားထားရတာ ဆာနေလောက်ရောပေါ့”

ရီဝမ်ဝမ် ။  “…” ဟမ်..

ကုန်ရွှီ ။  “…???”

ဟန်ရှန်းယွီ ။  “…”

………………………………………………………

စာစဉ် ၃၅၊ အခန်း ၄ ။ ရုပ်ချောလွန်းခြင်း

အလုပ်ဖြစ်သွားပြီလား ။

ငါ ဒီတစ်ခေါက်တော့ သွားပြီလို့ထင်နေတာ….

လျိုချန်းအား အယုံသွင်းနိုင်လိမ့်မည်ဟု ရီဝမ်ဝမ်ကိုယ်တိုင်သည်ပင်လျှင် မထင်ထားခဲ့မိလေရာ တခြားသူတွေဆို အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။

ကုန်ရွှီသည် မေးအောက်ကို ပြုတ်ကျသွားပြီး
လျိုချန်းအား ပြူးပြူးပြဲပြဲ စိုက်ကြည့်နေသည် ။
“လျိုချန်း…မင် တကယ်ကြီးလား ။ သူက ဝင်ဝင်ချင်း အဲ့ဒီယောကျ်ားပေါ် ခုန်အုပ်ပြီး နမ်းခဲ့တာနော် ။
ချစ်တယ်လို့တောင် ပြောလိုက်သေးတယ် - အဲ့ဒါက စနောက်တာဟုတ်ပါ့မလားကွ…”

လျိုချန်း မျက်မှောင်ကြုတ်လာသည် ။
“မင်း ဘာပြောချင်နေတာလဲ ။
အစ်ကို ရီ အခုနကပဲ ရှင်းမပြသွားဘူးလား”

ကုန်ရွှီ ပါးစပ်အဟောင်းသားဖြစ်သွားသည် ။
“ချီးပဲ…မင်းဦးနှောက်ကတော့…”

ရီဝမ်ဝမ်သည် မြန်မြန်ဆန်ဆန်ပင် ရှေ့တက်သွားပြီး
ကုန်ရွှီ၏ခေါင်းကို ထုပစ်လိုက်၏ ။ ထို့နောက်
အသံတိုးတိုးဖြင့် သတိပေးစကား ဆိုလိုက်သည် ။
“ပါးစပ်ပိတ်ထားစမ်း”

ထို့နောက်၊ ချက်ချင်းပင် သူမ လျိုချန်းဘက် လှည့်လိုက်သည် ။
*အဟမ်း*  “အားလုံးက ပုံမှန်ပဲ..လျိုချန်း…သူ ပေါက်တတ်ကရ ပြောတာတွေကို နားမယောင်နဲ့။ ဒီကောင်က ပြသနာမွှေချင်နေတာ။
သူ ပြောတဲ့စကားတစ်ခွန်းကိုမှ နားမထောင်နဲ့နော်…နားလည်လား”

လျိုချန်းက ခေါင်းညိတ်ပြလာသည် ။
“အင်း”

ကုန်ရွှီ ။  “…”

ဘယ်သူက ပေါက်တတ်ကရလျှောက်ပြောနေတာလဲ..ဟမ် ။ အစ်ကိုကြီး…ခင်ဗျားကသာ ပေါက်တတ်ကရတွေပြောနေတဲ့ လူလိမ်ကြီးဗျ ။

ကံကောင်းထောက်မစွာဖြင့်…
လျိုချန်းသည် သူမအား လုံးဝကို သံသယ မဝင်တော့ပေ…

ပြသနာအကြီးဆုံးကြီးကို ဖြေရှင်းပြီးသွားသဖြင့်
ရီဝမ်ဝမ် စိတ်အေးသွား၏။ ထို့နောက် ကုန်ရွှီအား ခပ်ကြမ်းကြမ်းဆွဲခေါ်လိုက်ကာ ခပ်မာမာသတိပေး လိုက်သည် ။
“မင်း လျိုချန်းကို ပေါက်တတ်ကရတွေ လျှောက်ပြောနေဦး မယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ် - ကြားလား”

ကုန်ရွှီခမျာ တရားမမျှတမှုကို ခံစားလိုက်ရချေပြီ။ သူ၏မျက်လုံးတို့တွင် မျက်ရည်တို့ဝေ့သီလာပြီး
လျိုချန်းအား မနာလိုစွာဖြင့် ကြည့်လိုက်သည် ။

အိမ်ထဲတွင် တန်ဖိုးအနိမ့်ဆုံးသူမှာ လျိုချန်း ဖြစ်သည်ဟု
သူ တွေးထားခဲ့၏ ။ သို့သော် အခုတော့ အစ်ကို ရီ သည် 
သူ့ထက်ပင် လျိုချန်းကို ပိုပြီးတန်ဖိုးထားနေပါရော့လား…

“အားးး…ရင်နာလိုက်တာ ။ အစ်ကိုရဲ့အချစ်ဆုံးသူက ကျွန်တော် မဟုတ်ဘူးလား ။ ဘာလို့ အဲ့လိုကြီး ပြောထွက်ရက်တာလဲဗျာ…”

ကုန်ရွှီသည် တရှိုက်ရှိုက်ငိုလျက် ရုံးခန်းထဲကနေ ပြေးထွက်သွားသည် ။

ရီဝမ်ဝမ်၊ သူမ၏ခေါင်းအား ကိုင်ထားမိချေပြီ ။  “…”

အင်း…ဗုံးကတော့ ထွက်သွားပြီ…

ဒါပေမယ့်၊ ပြသနာကိုတော့ အခုထိ မဖြေရှင်းရသေးဘူး…

ရီဝမ်ဝမ်သည် ဟန်ရှန်းယွီအား တွေးဆစွာဖြင့် ကြည့်လိုက်သည် - လျိုချန်းသည် ဖြူစင်ရိုးသားပြီး သူမအပေါ်တွင် လွန်လွန်ကဲကဲယုံကြည်ထားသဖြင့် လုံးဝသံသယမဝင်ခြင်းဖြစ်သည် ။
သူမ ပြောလိုက်သည်ကို သူ ယုံကောင်းယုံနိုင်သည် ။
သို့သော်၊ ဟန်ရှန်းယွီသည်ကတော့…

ရီဝမ်ဝမ် မျက်ရိုးအား နှိပ်နယ်နေမိ၏ ။
“အင်း…ဟန်ရှန်းယွီ…”

ဟန်ရှန်းယွီသည်လည်း ထပ်တူညီစွာပင် ။
မျက်နှာထက်တွင် နွေးထွေးသည့်အပြုံးတစ်ပွင့်ကို ဆင်ထားလျက် ပြောလာသည် ။
“သွားပါ၊ နေ့လည်စာသွားစားပါ ။ ငါ မနှောင့်ယှက်တော့ဘူး။ နောက်တော့မှပဲ ရိုက်ကွင်းအကြောင်း ပြောတော့မယ်”

ရီဝမ်ဝမ် ။  “အမ်…အင်း…”

လျိုချန်း ။  “အစ်ကို ရီ..ကျွန်တော်လည်း သွားတော့မယ်”

“သွားပါ…”

ဟန်ရှန်းယွီနှင့်လျိုချန်းတို့ တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းကနေ ထွက်သွားကြသည် ။

အပြင်ဘက်တွင် ။

ရုံးခန်းထဲကနေ မထွက်ခင် ဟန်ရှန်းယွီသည် သွားနေရာမှ ရပ်လိုက်ပြီး ဆိုဖာပေါ်ကယောကျာ်းအား တစ်ချက်လှမ်း ကြည့်လိုက်၏ ။

လျိုချန်း ။  “စီနီယာ ရှန်းယွီ…ဘာဖြစ်လို့လဲ”

ဟန်ရှန်းယွီ မြန်မြန်ဆန်ဆန်ပင် နဂိုပုံစံအတိုင်း ပြန်ထိန်းလိုက်သည် ။
“ဘာမှမဖြစ်ဘူး…သွားကြမယ်”

ရုံးခန်းထဲတွင် ။

ကုန်ရွှီ၊ လျိုချန်းနှင့်ဟန်ရှန်းယွီတို့ ထွက်သွားကြသဖြင့်
အခန်းထဲတွင် ရီဝမ်ဝမ်နှင့် စီရီဟန်သာလျှင် ကျန်ခဲ့ကြသည် ။

သုံးယောက်သား ထွက်သွားတာသေချာပြီဆိုတော့မှ
ရီဝမ်ဝမ်သည် ဆိုဖာပေါ်သို့ အရုပ်ကြိုးပြတ်လှဲချပစ်လိုက်၏ ။
“အအအ-အလှ…အလှမက်ရင် ညစာခက်တယ်တဲ့…တကယ်ကို အဲ့လိုဖြစ်နေပြီ…”

သူမ စီရီဟန်ဘက်သို့လှည့်လိုက်ပြီး လက်တံတို့ကို
ဆန့်ထုတ်လိုက်ရင်း ။
“အဲ့ဒါတွေအားလုံး ရှင့်ကြောင့်ဖြစ်ရတာ - ရှင် ဘာလို့အဲ့လောက်တောင်မှ သေလောက်အောင် ချောနေရတာလဲ”

ရီဝမ်ဝမ်၏လက်ချောင်းတို့ သူ့အား မလှမ်းမိခင်
စီရီဟန် ပြောလာသည် ။

“ဟန်ရှန်းယွီ…”

ချက်ချင်းပင် “ဝှစ်ချ်” ခနဲ…ရီဝမ်ဝမ် လက်ကို ပြန်ရုတ်ပစ်လိုက်၏ ။ အလန့်တကြား မတ်တပ်ထရပ်လိုက်ပြီး တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်ရင်း ။ 
“ဘယ်မှာလဲ ဘယ်မှာလဲ ဘယ်မှာလဲ”

စီရီဟန် ဆွံ့အသွားရပြီး ဆက်ပြောလာသည် ။ 
“ဟန်ရှန်းယွီက မင်းပြောလိုက်တာကို ယုံလား”

ရီဝမ်ဝမ် သူမရင်ဘတ်သူမ ဖိထားလိုက်ရင်း ။
“ကိုကိုရာ…ပြောမယ့်အရေးကို အဲ့လောက်အကြာကြီး ရပ်မထားပါနဲ့လား ။ ဒီမှာ လန့်လို့သေတော့မယ်”

စီရီဟန် ။  “…မင်းကိုယ်မင်း သူခိုးလူမိသလို ခံစားရပြီး မလုံမလဲဖြစ်နေတာလား”

ငါ ဘယ်တုန်းက…။

ရီဝမ်ဝမ် စုတ်သပ်လိုက်ပြီး ခြေထောက်ကို ဆောင့်ကြီးအောင့်ကြီးလုပ်ကာ။
“ချစ်က သူခိုးမို့လို့လား ။ ဘယ်တုန်းက ခိုးမိလို့လဲ ။ ဘယ်တုန်းက များ မလုံမလဲဖြစ်လို့လဲ ။
ဟိုးအစကတည်းက ကိုကိုက ချစ်လူပဲဟာ”

ဟန်ရှန်းယွီကို ပြောရလျှင်…

“သူ ယုံလားမယုံလားဆိုတာကိုတော့  ချစ်လည်း မပြောတတ်ဘူး…”

………………………………………………………

စာစဉ် ၃၅၊ အခန်း ၅ ။  သိသွားပြီ

လျိုချန်းသည် သူမအပေါ် အကြွင်းမဲ့ယုံကြည်ထားသူ ဖြစ်သည် ။
သူမ ပြောသည့်စကားအခွန်းတိုင်းကို ယုံကြည်သည်ချည်း ဖြစ်သည် ။ မည်မျှပင် ကြောင်းကျိုးမဆီလျော်ပါစေ သူမကို ယုံကြည်ပေးမည်သာ ။ သို့သော် ဟန်ရှန်းယွီ၏အတွေးတို့သည်ကတော့ ဖမ်းဆုပ်ကြည့်ဖို့ရာ ခက်ခဲပေသည်…

“မေ့လိုက်တာ့…မေ့လိုက်တော့ ။ အခု အဲ့ဒီအကြောင်းကို မစဉ်းစားသေးဘူး…နေ့လည်စာက ပိုအရေးကြီးတယ် ။ ချစ်စရာကောင်းတဲ့နေ့လည်စာဘူးက ဘယ်မှာလဲ”

မကောင်းဆိုးဝါးကြီးကိုယ်တိုင် ထည့်လာခဲ့သည့် ထမင်းထုပ်သည် အင်မတန်မှ စားရခဲ၏ ။
သူမသည် ဤဘဝတွင်တော့ အချစ်တွေနဲ့ ထည့်လာခဲ့တဲ့ဒီနေ့လည်စာကို စားဖူးပေတော့မည် ။

ဒီနေ့တွင် သူမ ရှော့အကြီးကြီးရခဲ့ရသည်မဟုတ်ပါလား ။
ထို့ကြောင့် ဤနေ့လည်စာကို မြိန်မြိန်ယှက်ယှက်ကြီးကို သုံးဆောင်ရပေမည်ပင် ။

တန်ဖိုးကြီးလှသည့် သုံးဆင့်ပါသောထမင်းဘူးသည် ပွင့်လာချေပြီ ။ နောက်ဆုံးတွင်တော့ ရီဝမ်ဝမ်၏ဒဏ်ရာအကြီးကြီးရသွားခဲ့သည့် နှလုံးသားလေးမှာ အနည်းငယ် ကုစားခွင့်ရပေတော့မည် ။

ဒီနေ့ သူမ ခံစားခဲ့ရသည့်စိတ်ဒုက္ခသည် ပမွှားအသေးအဖွဲလေး မဟုတ်ချေဘူး မဟုတ်ပါလား ။

ရီဝမ်ဝမ်သည် အစားအသောက်တွင်သာ ခေါင်းနှစ်နေမိပြီး ၊ နောက်မှ စီရီဟန် သူမလေးအား တစိမ့်စိမ့်ကြည့်နေသည်ကို သတိပြုမိသွား၏ ။
သူမ မော့ကြည့်လိုက်ပြီး မျက်တောင်မှတ်ခတ်မှိတ်ခတ်လုပ်လိုက်ရင်း ။
“ဘာ-ဘာဖြစ်လို့လဲ”

စီရီဟန်က သူမလေးအား တစ်ခနလောက် ကြည့်နေသည် ။
“မင်း စပရိုက်စ်ဖြစ်သွားလား”

ရီဝမ်ဝမ် ။  “အဲ…အရမ်းကို ဖြစ်တာပေါ့…”

ဟီးဟီး…

ဘယ်လိုလုပ် စပရိုက်စ်မဖြစ်မိဘဲ နေမှာလဲ…အသက်တစ်ဝက်လောက် ထွက်သွားတော့မလောက်ကို စပရိုက်စ်ဖြစ်သွားတာပါနော်…

သို့သော်လည်း ဤအထိတ်အလန့်ဖြစ်ခဲ့ရသည့်ကိစ္စသာ မရှိခဲ့ဘူးဆိုလျှင် သူမသည် တော်တော်လေးစပရိုက်စ်ဖြစ်မိမည်မဟုတ်ပါပေ ။ သာမန်ရိုးရိုး ရိုမန်တစ်ဆန်နေမိကြရုံမျှသာ ခံစားမိလိမ့်ပေမည် ။

သူမ မှတ်မိနေသလောက် သူမသည် သဘောတူညီချက်တို့ပြုပြီးမှသာ အပြင်ကိုထွက်ပြီး အများနှင့်ရင်ဘောင်တန်းကာ အလုပ်လုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် သူမရဲ့ဘ၀ အဆင်ပြေချောမွေ့စေဖို့ရာအတွက် ယောကျာ်းလေးအသွင် ပြောင်းထားခဲ့ရခြင်း ဖြစ်၏…

စီရီဟန်သာ တစ်ချိန်လုံး သဝန်တိုမနေဘူးဆိုပါလျှင်
အကောင်းဆုံးချည်းသာ ဖြစ်နေပေလိမ့်မည် ။

ထိုအကြောင်းနှင့်ပတ်သက်လျှင်...သဝန်တိုခြင်းသည် တခြားသူတို့အဖို့ ပျော်ရွှင်ရယ်မောစရာပင်၊ သို့သော် စီရီဟန်၏သဝန်တိုခြင်းသည်ကတော့ တစ်ယောက်သောသူူ၏ဘဝကို ပြန်ယူသွားဖို့တတ်နိုင်ပေ သည်….

ရီဝမ်ဝမ် နေ့လည်စာစားပြီးသွားသဖြင့် စီရီဟန်သည် မတ်တပ်ရပ်ပြီး ပြန်သွားတော့ဖို့ပြင်လိုက်၏ ။
သူမသည် သူ့အား ကြာကြာနေဖို့ရာ ဆွဲထားချင်နေမိ၏ ။
သို့သော် အစောနကကိစ္စကြောင့် သူမအနေဖြင့် သူ့အား အတင်းမနေခိုင်းရဲပေ ။

စီရီဟန် တံခါးကို တွန်းဖွင့်ထွက်သွားသည် ။ လျှောက်လမ်းအဆုံးကို ရောက်ချိန်တွင် ပြတင်းပေါက်နား၌ ဟန်ရှန်းယွီတစ်ယောက်တည်း ထိုင်နေခြင်းကို မြင်လိုက်ရ သည် ။

ဟန်ရှန်းယွီ၏မျက်လုံးတို့သည် သူ့အား ဒိုင်းခနဲ ။ သတိပင် မထားမိလိုက်ဘဲ သတိကြီးကြီးထားမိသွားသည့် ဟန်ရှန်းယွီ ။ ချက်ချင်းဆိုသလိုပင် သူ့မျက်ဝန်းတို့ ကျဉ်းကျုံ့လာ သည်…

စီရီဟန်သည်လည်း သူ့အား စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး နောက် လျှောက်ထွက်သွားတော့၏ ။

ကားရပ်နားစခန်းတွင် ။

အချိန်အကြာကြီးကြာအောင် ရင်တမမဖြင့် စောင့်နေပါသည့် ရွှီရီ ။ သူ့သခင်ကြီး ဆင်းချလာသည်ကို မြင်လိုက်သည်နှင့် မြန်မြန်ဆန်ဆန် မေးလိုက်သည် ။ 

“သခင်လေး…ဘယ်လိုလဲ ၊ အခြေအနေ ဘယ်လိုလဲ ။ သခင်မလေး ဝမ်ဝမ် အရမ်းပျော်သွားတယ်မလား”

စီရီဟန် ။  “အင်း”

ရွှီရီ သက်ပြင်းချလိုက်မိ၏ ။
“ကောင်းတာပေါ့၊ ကောင်းတယ် ။ သခင်လေးကို ပြောသားပဲ… မိန်းကလေးတွေက စပရိုက်စ်ကြိုက်ပါ တယ်ဆို…”

စီရီဟန် ။  “ဒီလ မင်းရဲ့ဘောနပ်စ် နှစ်ဆပေးမယ်”

ရွှီရီ ပျော်ရွှင်မှုအပေါင်း လွှမ်းထုံသွားချေပြီ ။
“ကျေးဇူးတင်ပါတယ်…သခင်လေး ၉”

ကြည့်ရတာ ဝမ်ဝမ် သခင်မလေး နဲနဲလေးပဲ ပျော်တာမကဘူး ထင်တယ်…ဟီးဟီး ။

နောက်တစ်ခေါက်ကျရင် ငါ သခင်လေး ၉ ကို အကြံတွေအများကြီး ပေးရမယ် ။ ငါ သေသေချာချာ ဦးနှောက်ကို ညှစ်ထုတ်ပြီးစဉ်းစားရမယ်…

“ဒေါက် ဒေါက် ဒေါက်” တံခါးခေါက်သံ ပေါ်လာသည် ။

ရီဝမ်ဝမ် ။  “ဝင်ခဲ့ပါ”

ဟန်ရှန်းယွီ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရီဝမ်ဝမ်၏အကြောအခြင်တို့ အနည်းငယ်တောင့်တင်းသွားရသည် ။
သို့သော် သူမ၏မျက်နှာထက်တွင် မပေါ်လာစေရဘဲ သဘာဝကျစွာပင်  ပြောလိုက်သည် ။

“ရှန်းယွီ…ထိုင်လေ ။ ငါ ရိုက်ကူးရေးနေရာတွေ သွားကြည့်ပြီးသွားပြီ၊ အဲ့ထဲက နှစ်ခုကိုတော့ သဘောကျတယ် - တစ်ခုက ရုပ်ရှင်မြို့တော် ဖြစ်ပြီး နောက်တစ်ခုက ဘားမှာ ။ နဲနဲလုပ်ရခက်မဲ့ ခန်းမ ပြသနာလည်း ရှိနေသေးတယ် ။ ငါတို့တွေ….”

ဟန်ရှန်းယွီ ။  “ရီပိုင်..ယောကျာ်းတွေကို ကြိုက်လား”

ရီဝမ်ဝမ် ။  “…”

….

သူမ အကြောက်ဆုံးဖြစ်သည့်…လေထု ပြန်ရောက်လာ လေပြီ…

ဟန်ရှန်းယွီ၏ရုတ်တရက်မေးချလာသည့်မေးခွန်းကြောင့်
ရီဝမ်ဝမ် တောင့်တင်းသွားရ၏ ။

ထိုသည်မှာ မေးခွန်းတစ်ခုဖြစ်သော်လည်း ဟန်ရှန်းယွီ၏လေသံထဲတွင် သေချာနေမှုက အပြည့်ပါနေသည် ။

တကယ်တော့ ထိုကဲ့သို့သောဆင်ခြေမျိုးသည် လျိုချန်းအပေါ်တွင်သာလျှင် အလုပ်ဖြစ်ချေသည် ။

လျိုချန်းသည် လုံးဝအရိုးခံအဖြူထည်လေးဖြစ်ပြီး ဟန်ရှန်းယွီသည်ကတော့ အဖြူထည်ယောင်ဆောင်ခဲ့ခြင်းမျှသာဖြစ်၏ ။ အစောနက သူမလေးအား အနေရ မကျဉ်းကျပ်စေဖို့ရာအတွက် ယုံကြည်ချင်ဟန်ဆောင်ခဲ့ရုံမျှသာ ဖြစ်သည် ။

ရီဝမ်ဝမ် သက်ပြင်းအရှည်ကြီးဆွဲချလိုက်တော့ပြီး
ကံတရားပေါ် ပုံအပ်လိုက်တော့သည် ။

“မင်း သိသွားပြီလား…”

ဟန်ရှန်းယွီ၏မျက်နှာပေါ်တွင်မူ
သူ သံသယဖြစ်နေသည်မှာ ဒါ ပထမဆုံးနေ့မဟုတ်ဟု ပြောနေသယောင်ယောင် ။

“မင်း ဘယ်ကတည်းက ခန့်မှန်းမိတာလဲ”
ရီဝမ်ဝမ် မေးလိုက်၏ ။

ရီဝမ်ဝမ် ပြောလိုက်သည့်စကားသည် ဝန်ခံလိုက်ခြင်းနှင့် တူညီနေလေပြီ ။

………………………………………………………

စာစဉ် ၃၅၊ အခန်း ၆ ။  ကောင်မလေးရှိတယ်

ဘယ်တုန်းကလဲ…

မင်း မူးတဲ့အချိန်တုန်းက အဲ့လူပေါ် တွယ်ကုပ်ထားတဲ့အချိန်ကလား… ဘားမှာ တွေ့ဆုံပွဲ ပြီးသွားတော့ မင်း သူနဲ့ ပြန်သွားတဲ့အချိန်ကလား ။
မင်း မဟုတ်တာလုပ်ဖို့ကြိုးစားနေတဲ့အချိန် တံခါးပိတ်ဖို့မေ့သွားခဲ့လို့ ငါ အကုန်မြင်ခဲ့တဲ့အချိန်ကလား ။

ဒါမှမဟုတ် အဲ့ဒီထက်စောစောကပဲလား…

အဲ့ယောကျာ်း နဲနဲမူးနေတုန်းက ငါ့ရှေ့တည့်တည့်မှာ ရီပိုင်ကို နမ်းခဲ့တာကနေ ငါ့ရဲ့သံသယတွေ စဖြစ်လာခဲ့တာပဲလား…

သူတို့နှစ်ယောက်စလုံးက ယောကျ်ားသားတွေချည်း ဖြစ်ကြသည် ။
၉ စီ သည် တမင်ရည်ရွယ်ချက်ရှိရှိ ဟန်ရှန်းယွီရှေ့လုပ်ပြသွားခဲ့ခြင်းမှာ သိသာလှပေသည် - ဤအရာမျိုးကိုမှ သံသယမဝင်မိဘူးဆိုသည်မှာ မဖြစ်နိုင်ပါချေ ။

လူတစ်ယောက်ကို အမှန်တကယ်ချစ်မြတ်နိုးနေပါလျှင် ထိုသည်ကို ဖုံး၍ဖိ၍ခက်ခဲလှသည် မဟုတ်ပါလား ။

ဤသည်မှာ ကြောင်အမ်းအမ်းမေးခွန်းကြီးဖြစ်ပြီး ဟန်ရှန်းယီက ဘာကိုမှ ထပ်ပြောမလာတော့သဖြင့်
ရီဝမ်ဝမ် ထပ်ပြီးမေးမနေတော့ ။
သူမသည် မတတ်နိုင်စွာ ပြောလိုက်သည် ။

“ရှန်းယွီ…တောင်းပန်ပါတယ် ။ ငါ မင်းကို ဖုံးထားဖို့မရည်ရွယ်ပါဘူး ။ ဒါပေမယ့် ဒီလိုအရာမျိုးက အရင်းဆုံးသူငယ်ချင်းကြီးဆိုရင်တောင်မှ ပြောပြဖို့က ခက်တယ်လေ…”

“ငါ နားလည်ပါတယ်”
ဟန်ရှန်းယွီသည် ခေါင်းတညိတ်ညိတ်လုပ်လာပြီး မေးလိုက်သည် ။  “ဒီအကြောင်းကို ကုန်ရွှီ သိပြီးပြီလား”

ရီဝမ်ဝမ် ခေါင်းကို ထောက်ထားမိ၏ ။
“ကုန်ရွှီ မတော်တဆ သိသွားတယ် - အဲ့ဒီနေ့က ပေါက်တတ်ကရတွေ လျှောက်ပြောပြီးတော့ ငါ့ရဲ့အာရုံစိုက်ခံရအောင် လုပ်နေတာ ။
အဲ့မှာ ၉ စီ လည်း ရှိနေခဲ့တယ် ။ သူကတော့ ဒီတိုင်း ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပဲ ။
ဒါပေမယ့် ငါနဲ့ကုန်ရွှီကို ၉ စီ အထင်လွဲသွားမှာ စိုးတာနဲ့
ငါ ဖြူစင်ကြောင်းသက်သေပြဖို့အတွက် ကုန်ရွှီရဲ့အရှေ့မှာ လက်တွေ့လုပ်ပြရုံပဲ တတ်နိုင်တယ်”

ထပ်ဖုံးထားဖို့မဖြစ်နိုင်တော့သဖြင့် ရီဝမ်ဝမ် အမှန်အတိုင်း
မချွင်းမချန်ထုတ်ပြောလိုက်ရသည် ။

ဟန်ရှန်းယွီသည် သူမအား ပဟေဠိဆန်စွာ ကြည့်နေသည် ။
“မင်းတို့နှစ်ယောက် အခုတွဲနေပြီလား ။ ဒါဆို မင်း အရင်က ပြောဖူးတဲ့ကောင်မလေး ဆိုတာကရော…”

ရီဝမ်ဝမ် ရှင်းပြလိုက်သည် ။
“တကယ်တော့ အဲ့ဒါက သူ့ကို ပြောတာပါ - ကောင်မလေးဆိုတာက ဒီတိုင်းကာဗာသက်သက်ပဲ ။ အထူးသဖြင့် လျိုချန်းအတွက်ပဲ ။ ဒီလို ကိစ္စမျိုးကို သူက နဲနဲအထိမခံနိုင်ဘူး…သူ လန့်သွားမှာစိုးလို့ လျို့ဝှက်ထား တာပါ ။ ဒါနဲ့…မင်း ဒါကို လျို့ဝှက်ထားပေးရမယ်နော် ။ လွှတ်ခနဲ ပြောမထွက်မိစေနဲ့၊ အဓိကက သူ သိမသွားစေနဲ့…”

ဟန်ရှန်းယွီ မျက်ခုံးတစ်ဖက် ပင့်တက်သွား၏ ။
သူမအား ကြည့်လာသည် ။

“လျိုချန်းကို လန့်သွားမှာစိုးတယ်လား ။ ဒါဆို ငါ့ကျတော့ရော”

ရီဝမ်ဝမ် အနည်းငယ်သီးသွားရသည် ။
“အမ်…”

ဟန်ရှန်းယွီ တိုးတိုးညင်းညင်းရယ်ချလာသည် ။
“အင်းပါ…ငါ မင်းကို ထပ်မစတော့ဘူး ။ သူငယ်ချင်းတစ်ယောက် အနေနဲ့ မင်းရဲ့ရွေးချယ်မှုကို လေးစားပေးရမှာပေါ့ ။ မင်းဟာမင်း ယောကျာ်းတွေကို ကြိုက်ကြိုက်၊ မိန်းမတွေကို ကြိုက်ကြိုက်၊ အဲ့ဒါက မင်းရဲ့လွတ်လပ်ခွင့်ပါ ။ တခြားသူတွေကို လိုက်ဒုက္ခပေးနေတာမှ မဟုတ်ဘဲ ။ အဲ့ဒါက ရှက်စရာ ကောင်းတဲ့အရာလည်း မဟုတ်ပါဘူးလေ”

ရီဝမ်ဝမ် ဤသည်ကို ကြားလိုက်ရသဖြင့် ဟတ်ထိသွားရ၏ ။
ဟန်ရှန်းယွီရဲ့ဖန်တွေက သူ့ကို “နတ်သားလေး” လို့
ခေါ်ခေါ်နေကြတာ မထူးဆန်းတော့ဘူး ။

ဟန်ရှန်းယွီက အရမ်းကို ကြင်နာတတ်ပြီး နားလည်မှုအပြည့်ရှိတာပဲ ။

ဟန်ရှန်းယွီ၏မျက်နှာသည် အနည်းငယ်သုန်မှုန်လာသည် ။
ထို့နောက် သူ ပြောလာသည် ။
“ဒါပေမယ့် မင်း သိထားသင့်တာတစ်ခု ရှိတယ်”

ရီဝမ်ဝမ် မကောင်းသည့်ခံစားချက်တစ်ခု ရနေပြီ ။
“ဘာကိုလဲ”

ဟန်ရှန်းယွီသည် စကားလုံးတို့ကို ဂရုတစိုက်ဖြင့် ရွေးပြောလာသည်။
“တစ်ခါတုန်းက အစ်မ ရှင်း နဲ့ ငါ ရုပ်ရှင်သွားကြည့်ကြ တုန်းက ၉ စီ ကို တွေ့ခဲ့တယ်။ ငါတို့မြင်ခဲ့တာက…သူ့မှာ ကောင်မလေးတစ်ယောက် ပါလာတယ် ။ အဲ့ဒီကောင်မလေးက ဘယ်လိုရုပ်ရည်ရှိလဲဆိုတာကို မမြင်ခဲ့ရပေမယ့် သူတို့နှစ်ယောက်က အရမ်းကို ပွတ်သီးပွတ်သပ်ရှိလွန်းတယ်…မင်း အဲ့ဒီအကြောင်းကို သိထားလား”

သေစမ်း..ငါ အဲ့ဒီအကြောင်းကို လုံးဝမေ့နေမိတာပဲ ။

ထိုအချိန်တွင် သူမသည် စီရီဟန်အား ရုပ်ရှင်အတူကြည့်ဖို့ခေါ်သွားခဲ့ခြင်း ဖြစ်သည် ။ သို့သော် အဆုံးသတ်တွင် ရုပ်ရှင်ရုံ၌ ဟန်ရှန်းယွီနှင့်ချောင်ကဲရှင်း အား တွေ့ခဲ့ကြရသည် ။ ဟန်ရှန်းယွီနှင့်ချောင်ကဲရှင်းသည် ရုတ်တရက်ကြီး အနောက်သို့လှည့်ကြည့်လာခဲ့ကြသဖြင့် သူမလေး၏မျက်နှာအား မမြင်တွေ့သွားစေဖို့ရာအတွက် စီရီဟန်သည် သူမလေးအား နမ်းပစ်ခဲ့ခြင်း ဖြစ်၏…

ဖြစ်ရပ်တစ်ခုလုံးကို မြင်သွားခဲ့သည့်ဟန်ရှန်းယွီသည် သူမလေးအား မမြင်တွေ့သွားခဲ့သော်လည်း
စီရီဟန်ကိုမူ လုံးဝမှတ်မိသွားခဲ့သည် ။

ဟားဟား..မင်းရဲ့ဘော်ဒါက အဲ့ဒီမိန်းကလေးပါလို့…ပြောလိုက်ရင် - ယုံမှာလား ။

ရီဝမ်ဝမ် သက်ပြင်းချလိုက်သည် ။
“အင်း..တကယ်တော့ သူက ငါ့ကြောင့် ဂေးသွားရတာပါ…ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိခင်က နှစ်ယောက်စလုံး ဂေးနေတာ မဟုတ်ဘူး ။ ဒါပေမယ့် အခု ငါတို့ကြိုက်သွားမိကြတာက ယောကျာ်းလေးတွေဖြစ်နေ တာ…”

ဟန်ရှန်းယွီ ။  “…” မင်းကြောင့် သူ ဂေးသွားတာပေါ့…

………………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၅ တစ်ခုလုံးကို တစ်ခါတည်း အပြီးဖတ်လိုပါက ၅၀၀ ကျပ် ထဲနဲ့ ဖတ်လို့ရပါပြီ ။

Continue Reading

You'll Also Like

270K 7.2K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
246K 6.1K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
92.7K 8.1K 22
Triangle LOVE ...