Unicode
Arc(1.32)
The Wild Dragon Proud Day
လီလျိုသတိပြန်ရတဲ့အချိန်မှာတော့ သူ့ကိုယ်သူအိပ်ယာပေါ်မှာလဲလျောင်း နေတာကိုတွေ့ရှိသွားရသည်။သူ့မျက်လုံး များကိုဖွင့်ပြီးပြီးခြင်းလီလျိုကချက်ချင်း ပင်ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့် လိုက်သောအခါအခန်းထဲမှာချင်ယုရဲ့ ပုံသဏ္ဍာန်လုံးဝမတွေ့ရတာကိုသိသွား ရသည်။
လီလျိုကစိတ်သက်သာရာရစွာသာ သက်ပြင်းချလိုက်မိသော်လည်းသူ အိပ်ယာပေါ်မှထရန်ပြင်လိုက်သည့် အချိန်မှာတစ်ခုခုမှားနေသလိုခံစား လိုက်ရသည်။သူ့ခေါင်းကိုအနည်းငယ် ငုံ့ပြီးကြည့်လိုက်သည့်အခါသူ့ကိုယ် အပေါ်ပိုင်းကဗလာဖြစ်နေပြီးသူ့ပုခုံးပေါ် မှာသာပါးလွှာသည့်အနီရောင်ခြုံထည် တစ်ခုကိုလွှမ်းခြုံထားကာအခြေခံအရ ပြောရရင်တော့ဘာမှမဝတ်ထားတာ နဲ့အတူတူပဲဖြစ်သည်။
အဝတ်အစားမှတစ်ဆင့်သူ့ရင်ဘက် ပေါ်မှအစက်သေးသေးလေးနှစ်ခုကို ပင်ရှင်းရှင်းလင်းလင်းမြင်နေရပြီး သူ့ရဲ့နူးညံ့သည့်ကျောက်စိမ်းကဲ့သို့ အသားအရည်ကအဝတ်၏အနီရောင် ကိုရောင်ပြန်နေသောကြောင့်သူ့ အသားအရည်ကိုပိုလို့ပင်နူးညံ့ပြီး ကြည်စိမ်းနေစေသည်။
လီလျို : : "......"
ခဏလေးနေပါဦး!ဒီမှာဘာတွေ ဖြစ်နေတာလဲ?
လီလျိုကသူ့ကိုယ်ပေါ်မှစောင်ကိုဖယ် လိုက်သည့်အခါမှာတော့သေချာပေါက် ပင်....သူလုံးဝဘောင်းဘီမဝတ်ထားဘူး ဖြစ်သည်။ထို့အပြင်သူ့ကိုယ်ခန္တာတစ်ခု လုံးကိုအပေါ်မှအောက်ခြေထိအနီရောင် ခြုံပဝါဖြင့်သာလွှမ်းခြုံထားသည်။ ထပ်ပေါင်းပြောရရင်တော့သူ့ခါးက အနီရောင်ခါးပတ်ကြိုးဖြင့်ခြည်ထား သောကြောင့်သူ့ရဲ့မူလပါးလွှာသည့်ခါး ကပိုလို့ပါးလွှာသည့်ပုံပေါက်နေရသည်။
လီလျိုမှာသူ့ကိုယ်ပေါ်မှအဝတ်အစား များကိုကြည့်ပြီးအားမရှိတော့သလို တောင်ခံစားလိုက်ရသည်။ထို့နောက် အလျင်အမြန်ပဲသူ့စိတ်ထဲမှတိုးတက်မှု ကိုစစ်ဆေးလိုက်သောအခါမှာတော့ အဲ့ဒါက(၉၉%)ထိတိုးတက်နေပြီးနေပြီ ဖြစ်၏။နောက်ဆုံးအကြိမ်သူစစ်ဆေး တုန်းကတော့အဲ့ဒါကအလွန်တိုးတက် နေခဲ့တာဖြစ်သော်လည်းအခုတော့ ချက်ချင်းပင်ထိုနေရာမှာသာရပ်နေပြီး ပြောင်းလဲမှုမရှိတော့ဘူးဖြစ်နေသည်။
သူ့မှာတစ်ခြားနည်းလမ်းလည်းမရှိတော့ ဘူးဖြစ်သောကြောင့်ဒီအတိုင်းသူ့ကိုယ် ကိုသာစောင်ဖြင့်ပြန်လွှမ်းခြုံထားလိုက် ပြီးရှောင်းချီကိုခေါ်ကာsystem၏ သိုလှောင်သည့်နေရာမှာသိမ်းထားသော သူ့အဝတ်အစားများယူရန်ကူညီခိုင်း ရတော့သည်။
ရှောင်းချီကအရင်ကလိုမဟုတ်ပဲ တစ်ဖြည်းဖြည်းခြင်းဆီသာပေါ်လာသည်။
【ကြီးမြတ်တဲ့ host...တစ်ခုခုလိုအပ်တာရှိလို့ပါလား?】
[ရှောင်းချီရေငါ့ကိုအဝတ်အစားတွေ ယူရအောင်ကူညီပေးပါဦး] လီလျိုကအလျင်အမြန်ပဲပြန်ဖြေ လိုက်သည်။ဒီလိုအဝတ်အစားများ ဝတ်ထားရတာကသူ့အတွက်တော့ မသက်မသာခံစားရသည်လေ။
【ကြီးမြတ်တဲ့ host.....ကျွန်တော်မလုပ်နိုင်ဘူး.. ကျွန်တော့ရဲ့တည်ရှိမှုကိုတစ်ခြား သူတွေရှာတွေ့သွားအောင်လုပ်လို့ မရဘူး..ရှောင်းချီဒီအခန်းကိုအခုလေး တင်စစ်ဆေးလိုက်တာဒီမှာဝတ်စရာ ဘာအဝတ်အစားမှရှိမနေဘူး】
ရှောင်းချီရဲ့အသံကတစ်နည်းနည်းနဲ့ ရှက်ရွံ့နေသည့်ပုံပေါ်နေသည်။
လီလျိုကတစ်ခုခုပြောခြင်နေသေး သော်လည်းရှောင်းချီကအလျင်လို သည့်ပုံစံဖြင့်သူ့ခေါင်းထဲမှာပြောလာသည်။
【ကြီး....ကြီးမြတ်တဲ့hostရေ ဇာတ်လိုက်ပြန်လာနေပြီ...ကျွန်တော် အရင်သွားနှင့်မယ်နော်သူထွက်သွားတာ နဲ့ပြန်ခေါ်လိုက်လို့ရတယ်!】
.....မင်းဘာများအသုံးကျတာရှိသေးလဲ!
ဇာတ်လိုက်ဆိုတဲ့သူပြန်လာပြီဆိုတဲ့ ရှောင်းချီရဲ့အသံကြားသောအခါ လီလျိုမှာအံ့အားသင့်သွားပြီးသူ့ကိုယ် ကချက်ချင်းပင်တောင့်တင်းသွားရသည်။
သေချာပေါက်ပင်နောက်ထပ်စက္ကန့် အနည်းငယ်အကြာမှာတော့မူလက တင်းတင်းစေ့ပိတ်ထားသည့်တံခါးက အပြင်မှတွန်းဖွင့်သောကြောင့်ပွင့်လာ ခဲ့သည်။အိပ်ယာပေါ်မှာသာကြောင် တောင်တောင်ဖြင့်ကြည့်နေမိသည့် လီလျိုမှာသူ့မြင်ကွင်းကလုံးဝကွယ် ထားခြင်းခံရသောကြောင့်အပြင်မှ မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမမြင်ရ ဘဲအပြင်ဘက်မှလူကလည်းသူ့ကို မမြင်နိုင်ဘူးဖြစ်သည်။
လီလျိုကခြေသံများစွာကိုကြားလိုက် ရသော်လည်းမကြာခင်ပင်ထိုအသံများ ကအလျင်အမြန်ဝေးသထက်ဝေးသွား ခဲ့သည်။သို့သော်လည်းချင်ယုက မြင်ကွင်းနောက်ကွယ်မှာရပ်နေသည် ကိုတော့လီလျိုကရှင်းရှင်းလင်းလင်းကို ခံစားလို့ရနေသေး၏။
လက်ဖက်ရည်သောက်ချိန်တစ်ဝက် လောက်မှသာမျက်နှာပြင်နောက်ကွယ် မှထိုဖြောင့်မတ်ပြီးအရပ်ရှည်ရှည်နှင့် လူကမြင်ကွင်းနောက်ကွယ်မှလျှောက် ထွက်လာခဲ့ကာသူ့ရဲ့အနက်ရောင် မျက်ဝန်းများကလီလျိုရဲ့ဘက်ကို စူးစိုက်ကြည့်နေသည်။သူ့ရဲ့မျက်ဝန်း များကလီလျိုကိုမြင်လိုက်သည့် တစ်ခဏမှာပဲခပ်မှိန်မှိန်အနက်ရောင် အလင်းတစ်ခုဖြစ်ပြေးသွားသော်လည်း မကြာခင်ပျောက်ကွယ်သွားခဲ့သည်။
အခုချိန်မှာလီလျိုကသူ့မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲပြီးနေပြီဖြစ်ပြီးသူ့ ရဲ့ရှည်လျားသည့်အနက်ရောင်ဆံနွယ် များကမစီးမနှောင်ပဲသူ့ကျောဘက်မှာ ပြန့်ကျဲကျနေသည်။သူ့ပုခုံးကလည်း တစ်ခြားသူထပ်ကျဉ်းမြောင်းပြီးသူ့ ကိုယ်ပေါ်မှအနီရောင်ခြုံထည်အပိုင်း အစကလည်းသူ့ကိုယ်ကိုတင်းတင်း ကြပ်ကြပ်ရစ်ပတ်ထားသည့်အနီရောင် အခိုးအငွေ့များနှင့်တူလှသည်။ သူ့ရင်ဘက်ကအစက်လေးနှစ်စက်က တော့အနီရောင်ခြုံထည်၏ကြားတွင် သိသိသာသာကိုကွဲပြားစွာပါးပါးလေး မြင်နေရ၏။
လီလျိုကမတ်တပ်ရပ်နေသည့်ချင်ယု ကိုလှမ်းကြည့်လိုက်ပြီးချင်ယုကလည်း သူ့ကိုကြည့်နေသောကြောင့်သူတို့အ ကြည့်ကသော့ခတ်ပိတ်သိမ်းနေကြသည်။ သူနဲ့ချင်ယုတို့က(၁၀)စက္ကန့်ကျော်လောက် ထိတစ်ယောက်ယောက်နှင့်တစ်ယောက် ဘာစကားမှမပြောပဲကြည့်နေကြပြီး နောက်ဆုံးတော့လီလျိုကတိတ်ဆိတ် မှုကိုဖြိုခွင်းကာမေးလိုက်တော့သည်။
"ယု...မင်းငါ့ကိုဝတ်စရာအဝတ်တွေ ပေးလို့ရမလား?"
လီလျိုရဲ့စကားကိုနားထောင်ရင်းချင်ယု ကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက် သည်။အပြုံးမမည်သောအပြုံးတစ်ခုရဲ့ အမူအယာနှင့်အတူချင်ယုကသူ့နှုတ်ခမ်း ထောင့်စွန်းများကိုကွေးညွှတ်လိုက်လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲချင်ယုက အိပ်ယာရှေ့သို့ရောက်လာခဲ့ပြီးသူ့ကိုယ် တစ်ဝက်ကိုအိပ်ယာပေါ်သို့ကိုင်းညွှတ်ကာ လီလျိုအားစိုက်ကြည့်နေသည်။ထို့နောက် ချင်ယုကလက်ကိုထုတ်လိုက်ကာလီလျို ၏မေးစေ့ကိုကိုင်လိုက်သောကြောင့် လီလျိုမှာသူ့ကိုပဲကြည့်နေရတော့လေသည်။
"ဒီပုံစံကအရမ်းကြည့်ကောင်းတယ် မဟုတ်ဘူးလား?မင်းဘယ်လိုများမင်း ရဲ့ပုံစံကိုအလွယ်တကူပြောင်းလဲလို့ ရတာလဲတော့မသိပေမယ့်မင်းမှာ အဝတ်တွေမရှိသ၍ငါ့မြင်ကွင်းကနေ ထွက်ပြေးလို့မရတော့ဘူးဟုတ်တယ် မှတ်လား?"
လီလျို : : "......."
သူ့မှာပြောစရာစကားမဲ့သွားရသည်။ သူ့ကိုယ်ပေါ်မှအဝတ်အားလုံးနှင့်သူ့ လည်ပင်းမှယူနီဗာဆယ်အသွင်ပြောင်း ဆေးလုံးပါအပါအဝင်အားလုံးကို ချင်ယုကယူသွားပြီဖြစ်ပြီးဘယ်နေရာ မှာသိမ်းထားလဲဆိုတာတော့သူမသိနိုင် ဘူးဖြစ်သည်။ထိုခဏမှာတော့တကယ်လို့ သူထွက်ပြေးခြင်တယ်ဆိုရင်တောင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ဖြစ်သည်လေ။
လီလျိုမှာချက်ချင်းပင်သူ့မှာsystem
ဆီကလဲလှယ်စရာအခွင့်အရေးတစ်ခု ရှိသေးကြောင်းသတိရသွားသော်လည်း ချင်ယုကသူ့ဘေးမှာရှိနေသ၍ဒါမှမဟုတ် သူ့ဘေးမှာတစ်စုံတစ်ယောက်ရှိနေသ၍ သူ့မှာထိုအခွင့်အရေးကိုအသုံးချခွင့်ရ မည်မဟုတ်ပဲထိုပစ္စည်းကိုထုတ်ယူ လို့လဲရမှာမဟုတ်ပေ။
"ဘာတွေတွေးနေတာလဲ?ငါ့ဆီက ထွက်ပြေးဖို့တွေးနေတုန်းပဲလား?"
ချင်ယုရဲ့ခပ်နိမ့်နိမ့်ဖြင့်နက်ရှိုင်းသည့် အသံကလီလျိုရဲ့နားနားတစ်ဝိုက်မှာ ကြားလိုက်ရပြီးချက်ချင်းပင်သူ့ကို အတွေးများထဲမှဆွဲထုတ်လိုက်သည်။
ချင်ယုကလီလျိုကိုကြည့်နေရင်း သူ့ကိုယ်တစ်ဝက်ကအိပ်ယာပေါ်မှာ လဲလျောင်းနေခဲ့တာဖြစ်၏။သူ့ရဲ့ နက်ရှိုင်းပြီးအဆုံးမရှိသည့်အနက် ရောင်မျက်ဝန်းနှစ်ခုကအရာအားလုံး ကိုမျိုချတော့မတတ်ပင်ဖြစ်နေခဲ့သည်။ သူဘာမှမပြောသော်လည်းလီလျိုကတော့ သူဒေါသထွက်နေတာကိုခံစားလို့ရနေသည်။
အရမ်းအရမ်းကိုဒေါသထွက်နေတာ...
ဒီဒေါသကချင်ယုရဲ့နှလုံးသားထဲမှာ ငါးနှစ်လုံးလုံးတည်ရှိနေခဲ့ရတာဖြစ်ပြီး ထိုခဏမှာတော့ပုန်းကွယ်နေသေးသော် လည်းသူ့ဒေါသကိုဖြစ်ပေါ်စေမည့်မီးပွား များရှိနေသ၍သူ့ခန္တာကိုယ်ကလျင်မြန်စွာ ပေါက်ကွဲထွက်သွားနိုင်ပြီးသူ့တစ်ကိုယ် လုံးလောင်ကျွမ်းသွားစေနိုင်သည်။
လီလျိုကချင်ယုရဲ့ပုံစံကိုကြည့်လိုက်ပြီး သူ့အကြည့်ကတစ်ချက်မျှတောက်ပသွား ကာပါးစပ်ဖွင့်ပြီးပြောလိုက်တော့သည်။
"ငါမလုပ်ပါဘူး"
"လိမ်တယ်"
ချင်ယုရဲ့လက်ချောင်းများကလီလျိုရဲ့ မေးစေ့ကိုအကြိမ်အနည်းငယ်မျှပွတ်သပ် နေပြီးသူ့နှုတ်ခမ်းထောင့်စွန်းမှာအပြုံး တစ်ခုရှိနေသေးသော်လည်းထိုအထဲမှာ နွေးထွေးမှုတစ်စုံတစ်ရာရှိမနေပေ။
"မင်းကဒီအတိုင်းငါ့ကိုလှည့်စားခြင်နေတာ"
လီလျိုမှာခက်ခက်ခဲခဲနဲ့တံတွေးမျိုချ လိုက်ပြီးချင်ယုရဲ့နက်ရှိုင်းသောမျက် လုံးများကိုကြည့်ကာသူ့နှုတ်ခမ်းများ ကိုလှုပ်လိုက်သော်လည်းဘာစကားမှ ထွက်မလာနိုင်တော့ဘူးဖြစ်နေ၏။
ချင်ယုကသူ့ကိုယ်သူလှောင်ပြောင်သရော် သည့်ပုံဖြင့်ရယ်မောလိုက်မိပြီးသူ့မျက်လုံး များမှာတော့ချက်ချင်းပင်ဝမ်းနည်းနေ သည့်အကြည့်များပေါ်လာခဲ့သည်။
သူဒီလူကိုသူ့ရှေ့မှာလွန်ခဲ့တဲ့ငါးနှစ်လုံး မတွေ့ခဲ့ရတာ....ပြီးတော့လီလျိုကတော့ ဒီငါးနှစ်အတွင်းသူဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာနားလည်မှာမဟုတ်ဘူး။
လီလျိုပျောက်သွားတဲ့နေ့ကသူသုံးရက် လုံးစောင့်ခဲ့တယ်ပြီးတော့သူ့ကိုရှာဖွေနိုင် ဖို့နန်းတော်ရဲ့လက်မတိုင်းကိုအပြင်းအထန် ရှာဖွေခဲ့ပြီးပီယန်မြို့တော်ထဲကိုစစ်သား ထောင်ပေါင်းများစွာကိုပါစေလွှတ်ခဲ့တာ.. ဒါပေမဲ့သူဘာမှရှာမတွေ့ခဲ့ရဘူးပြီးတော့ စေလွှတ်လိုက်တဲ့စစ်သားတွေမှာလည်း ဘာရလဒ်မှမရှိခဲ့ဘူး....သူစတင်ပြီး ကြောက်လာခဲ့မိတယ်...ဒီဘဝမှာသူအသက် ကြီးတဲ့အထိသူ့ကိုမတွေ့နိုင်တော့မှာကို ကြောက်တယ်...သူမရှိပဲနဲ့ဒီလွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးအချိန်မှာဘယ်လိုများ ရှင်သန်နိုင်မှာလဲ?
သူ့ရှေ့ကဒီလူကတော့သူ့ရင်ထဲမှာ ဘယ်လောက်တောင်ကြောက်ရွံ့ပြီး ထိတ်လန့်နေခဲ့ရလဲဆိုတာနားလည်မှာ မဟုတ်ဘူး...သူ့ရင်ထဲမှာနှလုံးထဲမှာမ ယုံနိုင်လောက်အောင်နာကျင်တယ်... သူတန်ဖိုးအထားရဆုံးလူကိုဆုံးရှုံးရ တာကသူ့နှလုံးသားတစ်ဝက်ကိုထုတ် ပစ်လိုက်သလိုပဲသူ့ရင်တစ်ခုလုံး နာကျင်ခံစားရတယ်....
ဒီလိုနာကျင်မှုနဲ့ခံစားရမှုတွေကိုသူထပ် မခံစားခြင်တော့ဘူးအဲ့ဒါကြောင့်လီလျို သူ့ဆီကထွက်သွားဖို့ဘယ်တော့မှမစဉ်းစား ရဘူး...ဘာဖြစ်လို့လဲဆိုတော့သူသူ့ကို ဘယ်တော့မှသူ့ဘေးကနေထွက်သွား ခွင့်ပြုမှာမဟုတ်လို့ပဲ....
လီလျိုကချင်ယုမျက်လုံးထဲကဒဏ်ရာ များပြည့်နေသည့်အကြည့်ကိုမြင်လိုက် သောအခါသူပိုပြီးပြောစရာစကားမဲ့ သွားရသည်။
လွန်ခဲ့တဲ့ငါးနှစ်....သူထွက်ခွာသွားတဲ့ အချိန်နှုတ်ဆက်တာကိုတောင်မလုပ်ခဲ့ မိဘူး...သူချင်ယုဆီကပထမဆုံးမြင်တဲ့ အရာကသူသူ့ဆီကနေဘယ်လိုများ လွတ်မြောက်သွားလဲဆိုတာကိုစဉ်းစား နေတဲ့ပုံစံဖြစ်ပြီးအဲ့ဒါကသူချင်ယုရဲ့ မျက်လုံးတွေကိုစေ့စေ့မကြည့်ရဲ လောက်အောင်ဖြစ်စေတယ်။
ဒါပေမဲ့လည်းတကယ်လို့ချင်ယုကသာ သူ့အပေါ်မှာလုပ်နေတဲ့အဲ့ဒီလိုအရာမျိုး တွေကိုရပ်ပေးဖို့စဉ်းစားမယ်လို့သူ့ကို ကတိပေးခဲ့မယ်ဆိုရင်သူလည်းသူနဲ့အတူ သူငယ်ချင်းလိုညီအစ်ကိုလိုဆက်နေနိုင် တာပေါ့အဲ့ဒီလိုဆိုရင်သူ့ဆီကနေ ထွက်ပြေးနေစရာလည်းမလိုတော့ဘူး....
လီလျိုကချင်ယုကိုခက်ခက်ခဲခဲပြန် ကြည့်လိုက်ပြီးမှသူ့ပါးစပ်ကိုဖွင့်ပြီး မေးလိုက်လေသည်။
"ချင်ယု...ငါတို့တကယ်ကိုသူငယ်ချင်း သက်သက်ပဲဖြစ်လို့မရဘူးလား?ငါ တကယ်မင်းကိုညီငယ်လေးတစ်ယောက် လိုပဲတွေးလို့ရတယ်...ငါတို့နှစ်ယောက် ကြားထဲမှာသူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးကိုမလိုခြင်ဘူး"
"ဟားဟားဟား..သူငယ်ချင်းတဲ့လား? ငါ့ကိုညီလေးလိုပဲသဘောထားတယ် ပေါ့လေ?"
ချင်ယုကရုတ်တရက်ထရယ်လေ၏
"ဒါပေမဲ့ငါကမင်းနဲ့သူငယ်ချင်းပဲမဖြစ်ခြင် ဘူးလေ..ငါမင်းကိုချစ်သူအနေနဲ့လိုခြင်တာ...ငါအသက်(၁၅)နှစ်ကျော်ထဲကဘယ် အချိန်မှမင်းနဲ့အိပ်လို့ရမလဲလို့အမြဲတမ်း တွေးခဲ့တာ"
ချင်ယုကရယ်မောနေတာကိုရပ်လိုက်သည်။သူ့မျက်နှာကပြုံးနေဆဲဖြစ်သော်လည်း လီလျိုကိုကြည့်တဲ့သူ့မျက်လုံးများထဲမှာ တော့ဝမ်းနည်းမှုနဲ့စိုးရိမ်ပူပန်နေမှုများ ပြည့်နေခဲ့လေ၏။
ထို့နောက်ချင်ယုကခေါင်းကိုအနည်းငယ် နှိမ့်ချလိုက်ကာလီလျိုရဲ့နှုတ်ခမ်းကိုပြင်း ထန်စွာကိုက်လိုက်ပြီးလီလျိုကို အိပ်ယာပေါ်သို့ဖိချ၍ပိုလို့ပင်ပြင်းပြင်း ထန်ထန်နမ်းတော့သည်။သူ့လက်တစ်ဖက် ကိုလည်းဆန့်ထုတ်၍လီလျိုရဲ့ကော်လာ ပေါ်မှာခြုံလွှာကိုဆွဲယူလိုက်ရင်းဖြင့် သူ့ရဲ့တစ်ခြားလက်တစ်ဖက်ကတော့ လီလျိုရဲ့ရင်ဘက်ကိုဖိထားလိုက်ရင်း ထိုခြုံလွှာကလီလျိုရဲ့ကိုယ်ပေါ်မှလုံးဝ ဖယ်ရှားသွားသည့်အခါပေါ်လာသည့် ထိုပန်းရောင်ဖျော့ဖျော့အစက်လေး နှစ်ဖက်အားနီသွားသည်အထိပွတ်သပ် နေလေသည်။
ချင်ယုကသွေးအနည်းငယ်ထွက်နေသည့် လီလျိုရဲ့နှုတ်ခမ်းများကိုကြည့်လိုက်ပြီး နောက်လီလျိုရဲ့နှုတ်ခမ်းကိုထပ်လျှက် လိုက်ကာသူ့မျက်လုံးများကိုကျုံ့လိုက် ပြီးပြောလိုက်သည်။
"ငါတို့အရင်စားကြတာပေါ့"
............................................
6.6.2020(11:20 PM)
............................................
Zawgyi
Arc(1.32)
The Wild Dragon Proud Day
လီလျို : : "......"
လီလျို : : "......."
"ငါမလုပ်ပါဘူး"
"လိမ်တယ်"
......................
6.6.2020(11:20 PM)
......................