ညနေရောက်တော့ Mr. Song နှင့် ချိန်းဆိုထားသော ကော်ဖီဆိုင်သို့ Jongho ထွက်လာခဲ့သည်။ ဆိုင်ထဲသို့ ရောက်သောအခါ ပြတင်းပေါက်နားက ထိုင်ခုံတွင် ထိုင်ပြီး အပြင်သို့ ကြည့်နေသော Mr. Song ကို တွေ့လိုက်ရသည်။ သူ့ဆီလျှောက်သွားလိုက်ရင်း
"ကြာနေပြီလား ရောက်တာ"
"သြော် လာပြီလား...မကြာသေးပါဘူး အခုလေးတင်ပဲ ရောက်တာ"
"အင်း"
ပြောပြီး Mr. Song ရှေ့က နေရာလွတ်တွင် ထိုင်လိုက်သည်။
"Mr. Song မှာပြီးပြီလား"
"Cappuccino မှာထားတယ်...Mingi လို့ပဲ ခေါ်ပါ"
"okay...ကျွန်တော့်ကိုလည်း Jongho လို့ပဲ ခေါ်လေ"
"ဟုတ်ပါပြီ"
"Mingi"
"စခန်းမှူး"
နာမည်ခေါ်သံကြားလိုက်လို့ ကျွန်တော်တို့ နှစ်ယောက်လုံး လှည့်ကြည့်လိုက်သည်။
"အရာရှိ Jeong"
"San"
အရာရှိ Jeong ကို ကျွန်တော် နှုတ်ဆက်လိုက်သလို အရာရှိ Jeong နဲ့ အတူပါလာသူကို Mingi က နှုတ်ဆက်လိုက်သည်။
"ဒါ ကျွန်တော်တို့ စခန်းက အရာရှိ Jeong Wooyoung ပါ"
"အာ...တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က Mingi ပါ...Jongho ဒါက ကျွန်တော့်သူငယ်ချင်း San တဲ့"
Mingi က မိတ်ဆက်ပေးလာ၍ သူလည်း နှုတ်ဆက်လိုက်သည်။
"စခန်းမှူး...Wooyoung"
"အမ်... အရာရှိ Kang"
ဘာလဲဟ စခန်းက လူတွေအကုန် ဒီမှာလာစုနေတာလား။ Jongho တွေးရင်း ရယ်လိုက်မိသည်။
"Yeosang...အာ အစ်ကို Seonghwa"
ဆိုပြီး အရာရှိ Jeong က Yeosang ကိုရော အတူပါလာတဲ့သူကိုရော နှုတ်ဆက်လိုက်သည်။
"စခန်းမှူး ဒါက ကျွန်တော့်...မိတ်ဆွေ...အစ်ကို Seonghwa ပါ"
"သြော်...ဟုတ်ကဲ့...တွေ့ရတာ ဝမ်းသာပါတယ်...ကျွန်တော်က Jongho ပါ"
"စခန်းမှူး ဒီကို ဘာလာလုပ်တာလဲ"
အရာရှိ Kang က မေးလာသလို အရာရှိ Jeong ကလည်း သူ့အဖြေကို စောင့်နေသည့်ဟန် လှမ်းကြည့်နေသည်။
"ကျွန်တော့်မိတ်ဆွေနဲ့ ကော်ဖီလာသောက်တာပါ...အရာရှိ Kang ကရော"
"ကျွန်တော်က အသိအစ်ကို တစ်ယောက်နဲ့ ချိန်းထားလို့...အာ ဟိုမှာလာပြီ...အစ်ကို Hong"
အရာရှိ Kang လက်လှမ်းပြရာကို ကြည့်လိုက်တော့ Hongjoong။
"Hongjoong မလား"
"Jongho လား"
ကျွန်တော် Hongjoong ကို နှုတ်ဆက်လိုက်တော့ အရာရှိ Kang က သိနေတာလား ဆိုသည့်ပုံစံနှင့် အံ့သြနေသည်။
"Yunho"
ထိုစဥ် Mingi ဆီမှ နာမည်ခေါ်သံကြားရာ လှမ်းကြည့်လိုက်တော့ Mr. Jeong Yunho ။ ထိုသူကို သူမသိစရာ အကြောင်းမရှိ။ Utopia Enterprise ပိုင်ရှင် Jeong Yunho ကို လူတိုင်းသိကြသည်သာ။ သူသိချင်တာက Hongjoong နဲ့ Mr. Jeong နဲ့က ဘယ်လို ပတ်သက်လဲ ဆိုတာကိုပဲ။ ဘာလို့ဆို သူတို့နှစ်ယောက်က အတူတွဲလာရလောက်တဲ့ထိ ရင်းနှီးစရာ အကြောင်းမရှိဘူးမလား။
"ဒါ ကျွန်တော့်သူငယ်ချင်း Yunho လေ။ Yunho ရယ် San ရယ် ကျွန်တော်ရယ်က တစ်အိမ်ထဲနေတဲ့ ငယ်သူငယ်ချင်းတွေ။ အိမ်မှာက မတွေ့ရဘူးဆိုတော့ ကော်ဖီဆိုင် လာတွေ့ကြတာ။"
ပြောရင်း Mingi က ရယ်မောစနောက်လိုက်သည်။
"Jongho နဲ့ ကျွန်တော်က အိမ်နီးချင်းတွေလေ"
Hongjoong ရှင်းပြလိုက်တော့မှ အားလုံးက နားလည်သွားပုံနှင့် ခေါင်းညိတ်ပြကြသည်။
"အရာရှိ Kang က Hongjoong နဲ့ ဘာကိစ္စရှိလို့လဲ"
သူမေးလိုက်တော့
"ကျွန်တော်တို့ ခရီးထွက်မယ့်ကိစ္စ"
အရာရှိ Kang ဆိုလာသည့်အတွက် သူ Hongjoong ကို လှမ်းကြည့်လိုက်မိသည်။ Hongjoong နဲ့ ဂေဟာနဲ့က ဘယ်လိုပတ်သက်တာလဲ။ သူ အရာရှိ Jeong နဲ့ အရာရှိ Kang ကို မေးမြန်းသလိုကြည့်လိုက်သည်။ ဆိုလိုချင်သည်က သူတို့နဲ့ ပါလာသူတွေက ယုံကြည်ရလား ဆိုတာပင်။ တကယ်လို့သာ ယုံကြည်ရသည်ဆိုပါက ပွဲကတော့ ကြည့်လှပြီ ဖြစ်သည်။ ထိုသူများက စီးပွားရေးလောကတွင် ဒိတ်ဒိတ်ကြဲများ မဟုတ်ပါလော။ သူ့အကြည့်ကို နားလည်စွာ အရာရှိ နှစ်ယောက်က ခေါင်းညိတ်ပြသည်။ ကောင်းပြီလေ...ဒါဆိုလည်း...။
"ဒါဆို အကုန်လုံး ဆုံတဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါလား။ party သဘောမျိုးပေါ့"
ကျွန်တော့်အဆိုတင်သွင်းချက်သည် ကန့်ကွက်မဲမရှိ။ မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။
_________________________________________
Jongho အိမ်၌...
"အစ်ကို Hong"
Yeosang က ခေါ်လိုက်သည့်အတွက် Hongjoong အသားကင် စားနေရင်း Yeosang ကို ကြည့်လိုက်သည်။
"အလင်းရောင်ဂေဟာကို သိလား"
"အလင်းရောင်ဂေဟာ...အာ သိတယ်လေ အမေတို့ လစဥ်ထောက်ပံ့ကြေး ပေးနေတဲ့ ဂေဟာလေ ဘာလို့လဲ"
"ကိစ္စလေးတစ်ခုရှိလို့ပါ"
Yeosang ရဲ့ အဖြေကို Hongjoong က သဘောပေါက်စွာ နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ ကြည့်ရသည်မှာ သူတို့ရေရှည်အလုပ်တွဲလုပ်နိုင်သည်ထင်သည် ဟူ၍ Jongho တွေးလိုက်မိသည်။ ထို့နောက် Yeosang ကပင်
"ထောက်ပံ့တာ တော်တော်ကြာပြီလား"
"အင်း တော်တော်ကြာပြီ...ငါ...၅ နှစ်သားလောက်က စမယ်ထင်တယ်...ဘာလို့ဆို ငါ့ရဲ့ ၅ နှစ်ပြည့်မွေးနေ့ကို အဲ့ဂေဟာမှာ သွားလုပ်တယ်လေ။ အစကတော့ ဒီအတိုင်း မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေပဒေသာပင် သွားစိုက်တာပဲ။ ဒါပေမယ့် နောက်တော့ အမေတို့က လစဥ်ထောက်ပံ့ကြေးပေးဖို့ စီစဥ်လိုက်တာ"
"အခုလို ကျပ်တည်းနေတဲ့အချိန်တောင် ထောက်ပံ့နေတုန်းနော်"
"အင်း...အမေက ကလေးတွေကို အရမ်းသံယောဇဥ်တွယ်နေပုံရပါတယ်...ကလေးတွေဆိုလို့...နေပါဦး...အဲ့တစ်ယောက်..."
သူတို့အတွက် သဲလွန်စ ရတော့မည် ထင်၍ Jongho ရော Wooyoung ရော နားစွင့်နေမိသည်။
"အာ...Yoyo...အဲ့ကလေးကို အမေတို့ တော်တော်ချစ်တယ် ထင်တယ်...သွားတိုင်း အဲ့ကလေးအတွက် အဝတ်အစားတွေ မုန့်တွေ ဝယ်ဝယ်သွားပေးတယ်"
"Yoyo?..."
နာမည်က ထူးဆန်းနေသဖြင့် Yeosang မေးလိုက်သည်။
"အင်း ဟုတ်တယ်...နာမည်အရင်းတော့ ငါလည်း မသိဘူး...သူ့ကို အကုန်လုံးက Yoyo ပဲ ခေါ်ကြတာ...သူ့ကို ကြည့်လိုက်ရင် အမြဲတစ်ယောက်တည်းပဲ...ဘယ်သူနဲ့မှကို မရောဘူး။ အဲ့ဒါကြောင့်များ သနားပြီး အမေတို့က သံယောဇဥ်တွယ်သွားတာလားမသိ။"
"သြော်..."
Yeosang ပြောရင်း ကြက်သားတစ်တုံးကို ယူကာ စားလိုက်သည်။ Yeosang ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့ လိုတာမှန်သမျှ မတောင်းဆိုရဘဲ ဖြည့်ဆည်းပေးနေသူကြီး အစ်ကို Seonghwa ကတော့ နင်သွားမှာစိုးလို့ ထင်ပါရဲ့ Pepsi ဘူးကို အသင့်ဖောက်ပေးနေသည်။ ဘာလဲ...ဒီနှစ်ယောက်ကဟု Jongho တွေးလိုက်မိသည်။ ထိုနှစ်ယောက်ကို ကြည့်နေရင်း သူ့နားတဖြည်းဖြည်းတိုးလာတဲ့ သူကြောင့် အသာငဲ့ကြည့်လိုက်တော့ ရှည်လျားလွန်းလှသည့် အရပ်ကြီးကိုမှ အားမနာ။ သူ့နားအတင်းတိုးထိုင်ပြီး ဟိုထိဒီထိ လုပ်နေသူ အမောင် Song Mingi။ အိပ်ချင်နေလို့များလား။ သူတွေးနေတုန်း
"တကယ်လို့ အစ်ကို Hong အဲ့ဂေဟာကို ရောက်ရင် Yoyo ဘယ်သူလဲဆိုတာ ကျွန်တော်တို့ကို ပြလို့ရလား"
ဘေးမှာထိုင်ရင်း ခွက်ထဲ Pepsi ဖြည့်ပေးလိုက်၊ ကြက်သားခွံ့လိုက်နဲ့ အလုပ်များနေသော San ဆီမှ ထပ်ခွံ့လာသော ကြက်သားကိုစားရင်း Hongjoong ကို Wooyoung လှမ်းမေးလိုက်သည်။
"အင်း...မှတ်မိမယ်ထင်တယ်"
"Okay great မနက်ဖြန် ကျွန်တော်တို့ အဲ့ဂေဟာသွားရအောင် အားလုံးအတူတူ သွားဖူးတယ်ရှိအောင်"
Wooyoung အပြောကို Hongjoong က
"Okay သွားကြတာပေါ့"
ဆိုကာ လက်ခံလိုက်သည်။ မနက်ဖြန် သွားတဲ့ ခရီးကနေ သက်သေတစ်ခုခု ရဖို့ Jongho မျှော်လင့်မိသည်။ ရမည်ဟုလည်း ထင်သည်။ တွေးရင်း Pepsi တစ်ငုံမော့သောက်လိုက်သည်။ ထိုစဥ်
"ပေကုန်ပြီ"
အသံကြားလိုက်၍ ကြည့်မိတော့ Hongjoong နှုတ်ခမ်းနားက ဟင်းအနှစ်ကို တစ်ရှူးနှင့် တယုတယသုတ်ပေးနေသော Yunho ကြောင့် သောက်ထားသော Pepsi များ သီးကုန်သည်။
"အဟွတ် အဟွတ်"
သူသီးသွားတော့ Mingi က "ရရဲ့လား" ဟုဆိုကာ သူ့နောက်ကျောကို ဖွဖွလေး လာပုတ်ပေးသည်။ နောက်ကျော လာပုတ်ပေးနေသည့် Mingi ကို ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေသည်။ နေပါဦး။ ငါများ Pepsi သောက်ပြီး မူးနေတာလား။ ပြောတော့ YunSanGi ဆိုတဲ့ သုံးယောက်ကို သွားမထိမိတာ အကောင်းဆုံးဆို။ ကြောက်စရာကောင်းလှပါတယ်ဆိုပြီး လူတိုင်းဖိမ့်ဖိမ့်တုန်အောင် ကြောက်နေတဲ့ သုံးယောက်ကို ခိုင်းစားနိုင်တဲ့သူတို့ဟာ တော်ရုံစကေးတော့ မဟုတ်ချေ။ သူ့ရှေ့က လူတွေကို ကြည့်ပြီး Jongho အခြေအနေကို ရိပ်စားမိပါသည်။ သူသည်လည်း လူ့အခွင့်အရေးကို နားလည်သူ တစ်ယောက်ပီပီ၊ တန်းတူအခွင့်အရေးကို လိုလားသူပီပီ ဒီအခြေအနေတွေကို နားလည်ပေးနိုင်ပါသည်။ သူကိုယ်တိုင်ကရောလို့ မေးလာရင်တော့ ...သူမသိ ... ဘာလို့ဆို သူမကြုံဖူး မခံစားဖူးသည့် အရာတစ်ခုဖြစ်နေလို့ .... ဤသည်က လူတွေ ပြောကြသည့် အချစ်ဆိုတာပင်။
_________________________________________