သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း

1.5K 366 21
By MayKingMK119

Chapter (19) – လူႀကိဳက္မ်ားမႈ တိုးလာျခင္း

တစ္ဖက္ခန္းက တိုက္ခန္းပိုင္ရွင္ ၾကားသြားမွာစိုးရိမ္ေသာေၾကာင့္ Chen Ge က အသံတိုးတိုးႏွင့္ ေျပာျပေနသျဖင့္ မရည္ရြယ္ဘဲ အေျခအေနတစ္ခုကို ဖန္တီးမိလ်က္သားျဖစ္သြားသည္။ သူအားလံုးေျပာျပအၿပီးမွာ ဖုန္းတစ္ဖက္က He San က အံ့အားသင့္ၿပီး ေၾကာင္သြားသည္။ ေက်းလက္ပိုင္းကေန ၿမိဳ႕ႀကီးကိုတက္ၿပီး ေဆးေက်ာင္းလာတက္ေသာ သူလိုလူငယ္ေလးတစ္ေယာက္က အြန္လိုင္းကသူငယ္ခ်င္းနဲ႔ ပထမဆံုး အရမ္းစိတ္လႈပ္ရွားစရာေကာင္းတဲ့ အေၾကာင္းအရာကို ေျပာေနမိလ်က္သားျဖစ္ေနသည္။

"ခင္ဗ်ား အခု က်ိန္စာသင့္တဲ့တိုက္ခန္းကို ေရာက္ေနတာလား.."

"ဟုတ္တယ္.."

"ေဘးခန္းက တိုက္ခန္းပိုင္ရွင္က လြန္ခဲ့တဲ့ႏွစ္ေတြကျဖစ္တဲ့ လူသတ္မႈေတြရဲ့ တရားခံ ျဖစ္ႏိုင္ေခ်ရွိတာလား.."

"ဟုတ္တယ္.."

"ခဏေလး.. တစ္ခါတည္းေတြးဖို႔က အခ်က္အလက္ေတြ သိပ္မ်ားေနတယ္.. ကၽြန္ေတာ္ အရင္ဆံုးစဥ္းစားပါရေစဦး.."

ဖုန္းတစ္ဖက္တစ္ခ်က္ဆီက အေျခအေနတစ္ခုစီက စိတ္ဝင္စားစရာေကာင္းေအာင္ ဆန္႔က်င္ဘက္ျဖစ္ေနသည္။ ဖုန္းတစ္ဖက္က ေစာင္ကိုၿခံဳၿပီး ေႏြးေထြးစြာျဖင့္ အိပ္ယာထက္မွာရွိေနၿပီး KFC ၾကက္ေၾကာ္စားရင္း အြန္လိုင္းက video ကိုၾကည့္ေနသည္။ ဖုန္းတစ္ဖက္ကလူကေတာ့ သရဲေျခာက္သည့္ တိုက္ခန္းႀကီးထဲေရာက္ရွိေနၿပီး ေမွာင္မိုက္သည့္အခန္းထဲ ဒုကၡပင္လယ္ေဝလ်က္ရွိသည္။

"ေဘာ့စ္.. ခင္ဗ်ား ရဲစခန္းကို သြားအေၾကာင္းၾကားသင့္တယ္ဗ်ာ.. ခင္ဗ်ားဆီမွာ သက္ေသခိုင္ခိုင္လံုလံု မရွိတာမွန္တယ္.. ဒါေပမယ့္ တိုင္ခ်က္အတုဖြင့္ပါတယ္လို႔ ပယ္ခ်ခံရတာနဲ႔ယွဥ္ရင္ ခင္ဗ်ားရဲ့အသက္က ပိုအေရးႀကီးတယ္ဗ်.."

He San က သူ႔အတြက္စဥ္းစားေပးတာျဖစ္ေပမယ့္ Chen Ge က သူ႔အေတြးနဲ႔သူျဖစ္သည္။ သူက ဖုန္းအနက္ထဲက mission ကို ၿပီးေအာင္လုပ္ခ်င္လို႔ ဒီတိုက္ခန္းမွာ ညအိပ္ရမွာျဖစ္သည္။ ရဲေတြပါလာရင္ ဒီ mission ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ေတာ့ေပ။ ဒါဆိုရင္ သူႀကိဳးစားထားသမွ် သဲထဲေရသြန္ျဖစ္သြားႏိုင္သည္။

"ငါ ရဲေတြနဲ႔ပတ္သက္ဖို႔ အခ်ိန္မရွိေသးဘူး.."

"အဓိက ခင္ဗ်ား ေဘးကင္းလံုၿခံဳဖို႔ကို စဥ္းစားသင့္တယ္ဗ်.. ေဘာ့စ္.. ဒီလုိလုပ္ရင္ေကာ.. ခင္ဗ်ားဖုန္းနဲ႔ GPS ကိုဖြင့္ထားၿပီး ဒီတစ္ညလံုး သြားေလရာ ဖုန္းကို ကိုယ္နဲ႔မကြာယူထားလိုက္.. ကၽြန္ေတာ္ ခင္ဗ်ားဘက္ကို အာ႐ံုစိုက္ေပးထားမယ္.. တကယ္လို႔ တစ္ခုခုျဖစ္ရင္ ကၽြန္ေတာ္ ရဲစခန္းကို ခ်က္ခ်င္းအေၾကာင္းၾကားေပးမယ္.. ဘယ္လိုလဲ.."

ဒီအႀကံမဆိုးေပ။ Chen Ge က သူ႔ဖုန္းကိုငံု႔ၾကည့္လိုက္ေတာ့ သူက Video Sharing application ထဲက မထြက္ရေသးသည္ကို ေတြ႕လိုက္ရၿပီး အျခားေသာေၾကျငာမ်ားလည္း ဆက္တိုက္တက္ေနသည္ကို ေတြ႕လိုက္ရသည္။ ႐ုတ္တရက္ Chen Ge ရဲ့စိတ္ထဲ အေတြးတစ္ခုဝင္လာသည္။

"ဘာေၾကာင့္ ငါက သရဲေျခာက္တဲ့တိုက္ခန္းထဲ ေရာက္ေနတာကို Live မလႊင့္ရမွာလဲ.. တကယ္လို႔ ငါ အႏၱရာယ္တစ္ခုခုႀကံဳရင္ ၾကည့္႐ႈသူေတြက ေတြ႕ၿပီး ခ်က္ခ်င္း ရဲကို အေၾကာင္းၾကားႏိုင္ၾကမွာပဲ.. ၿပီးေတာ့ Live လႊင့္ထားတဲ့ video က သက္ေသလည္းျဖစ္ႏိုင္တယ္.. တကယ္လို႔ ဘာမွမျဖစ္ဘူးဆိုရင္လည္း ငါ့ page က ၾကည့္႐ႈသူေတြကို ပိုဆြဲေဆာင္ႏိုင္တာပဲ.. ၿပီးေတာ့ ငါ့သရဲအိမ္ကိုလည္း ေၾကျပာၿပီးသားျဖစ္မွာ ေသခ်ာတယ္.."

မေန႔ညက တင္လိုက္တဲ့ video အပိုင္းတိုေလးေၾကာင့္ သူ႔ page မွာ follower 1000 ေက်ာ္ တိုးသြားၿပီး သူ႔သရဲအိမ္ကိုလာလည္သူက ၂ဆတက္သြားခဲ့သည္။ ဒီဟာက အလုပ္ျဖစ္တာပဲ။ ၿပီးေတာ့ သူ ဒီသရဲေျခာက္တဲ့တိုက္ခန္းထဲကို လာၿပီး မစ္ရွင္ၿပီးေအာင္ေဆာင္ရြက္ရတယ္ ဆိုတာကလည္း သူ႔သရဲအိမ္ကို အဆင့္ျမႇင့္ႏိုင္ဖို႔ အေထာက္အကူေတြကို ရရွိခ်င္လို႔ျဖစ္သည္။ တကယ္လို႔ livestream သာလႊင့္လိုက္ရင္ သူလည္း ေဘးကင္းႏိုင္သလို သူ႔ရဲ့ လူႀကိဳက္မ်ားမႈနဲ႔ ၾကည့္႐ႈသူလည္း တိုးလာမည္။ ဒါေၾကာင့္ ဒီလုိလုပ္ရမည္။

"တကယ္လို႔ ငါ့သရဲအိမ္ကို ေနရာတိုင္းမွာ လိုက္ၿပီးမေၾကျငာႏိုင္ေသးရင္ livestream နဲ႔ video အတိုေလးကိုလႊင့္ၿပီး လူေတြအာ႐ံုစိုက္ေအာင္ ဆြဲေဆာင္လို႔ရေနတာပဲ.."

Chen Ge မွာ digital platform နဲ႔ပတ္သက္ၿပီး ထုတ္လႊင့္ဖို႔ အေတြ႕အႀကံဳဗဟုသုတ မရွိေပမယ့္ သူ လံုးဝစိတ္မပူေပ။ အေစာပိုင္းက သူ႔ကို ေတာက္ေလွ်ာက္စိတ္အေႏွာင့္အယွက္ေပးေနသည့္ studio တစ္ခုရွိေနသည္။ ေခတ္သစ္ေဖ်ာ္ေျဖေရးဆိုတာ အဆင္သင့္သံုးလုိ႔ရေအာင္ လုပ္ေပးႏိုင္တဲ့အရာေတြနဲ႔ ျပည့္ႏွက္ေနသည။ သရဲေျခာက္သည့္တုိက္ခန္းႏွင့္ စိတၱဇလူသတ္သမားႏွင့္ တစ္ညတာအတူရွိျခင္းေလာက္ ပိုစိတ္ဝင္စားစရာေကာင္းတာ ရွိႏိုင္ဦးမွာလား။

အေၾကာင္းအရာေနာက္ကို လိုက္ၿပီး ၾကည့္႐ႈသည့္သူမ်ားႏွင့္ အျခား streamer ေတြထက္ Chen Ge ေျခတစ္လွမ္းေၾကာေနျခင္းက သူ႔မွာ ထူးျခားသည့္ အေျခအေနထဲ ေရာက္ရွိေနေသာေၾကာင့္ျဖစ္သည္။ သူ၏ အေၾကာင္းတရားႏွင့္ ႀကံဳေတြ႕ရသမွ်အားလံုးက တကယ့္အစစ္အမွန္မ်ားျဖစ္ၿပီး ဒီမွာ ဘာဇာတ္ေၾကာင္း၊ ဘာဇာတ္ညႊန္းမွ မရွိသည့္အျပင္ ေနာက္တစ္ခန္းမွာ ဘာျဖစ္မလဲဆုိတာကိုလည္း မသိႏိုင္ေပ။ ဒီဟာက သူႀကံဳေတြ႕သမွ်ကို ဖုန္းအနက္ထဲက mission ကို ေအာင္ျမင္ေအာင္လုပ္ေဆာင္သည့္ မွတ္တမ္းတင္ live video တစ္ခုမွ်သာျဖစ္သည္။

"He San..ငါ ဖုန္းခ်လိုက္ေတာ့မယ္.. မင္း livestream ကိုပဲ တိုက္႐ိုက္ၾကည့္ေနလိုက္.. Live လႊင့္တဲ့ IP က ငါ့ Page ရဲ့ IP နဲ႔ အတူတူပဲ.."

သူက ဖုန္းခ်ၿပီးေနာက္ ဖုန္းရဲ့တည္ေနရာျပစနစ္နဲ႔ 991 စာလံုးကို ခ်ိတ္ဆက္လိုက္သည္။ သူက အားလံုးလုပ္ၿပီးတာနဲ႔ video sharing application ထဲက livestream ဆိုတာကို ေရြးခ်ယ္လိုက္သည္။ ဒီေန႔ေခတ္မွာ ထုတ္လႊင့္သည့္ livestream video ေတြက စကၠန္႔အနည္းငယ္သာ ၾကာျမင့္သည္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ဒီ live လႊင့္တာကေန ေငြမဝင္ေသာေၾကာင့္ျဖစ္သည္။ ဒါေပမယ့္ သူတို႔ fan ေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ video အသစ္ေတြကို ႀကိဳတင္ျပင္ဆင္ထားတာမလုပ္ဘဲ တိုက္႐ိုက္ live လႊင့္ကာ တင္ဆက္ေလ့ရွိသည္။

Video အပိုင္းတိုေလးမ်ားကိုတင္ၿပီး ႀကံဳရာက်ပန္းၾကည့္တတ္သူမ်ားရဲ့ စိတ္ဝင္စားမႈရေအာင္ ဆြဲေဆာင္ၾကၿပီးမွ livestream လႊင့္ၿပီး ထိုသူမ်ားကို follower ျဖစ္လာေအာင္ စိတ္ဝင္စားလာေအာင္ လုပ္ၾကသည္။ တိုက္တိုက္ဆိုင္ဆိုင္ Chen Ge က ဒီလိုအြန္လိုင္းေပၚကေန ကိုယ့္အမွတ္တံဆိပ္ကို လူသိမ်ားေအာင္ လုပ္တဲ့နည္းစနစ္ရဲ့အဆင့္ေတြကို မွန္မွန္ကန္ကန္ လုပ္ေဆာင္မိလ်က္သားျဖစ္ေနသည္။

သရဲေျခာက္သည့္အိမ္မွ တစ္ညတာ..!

ရဲရင့္ေသာ စူးစမ္းရွာေဖြသူတစ္ဦး..!

ေလာကႀကီးက မ်က္စိႏွင့္မျမင္ႏိုင္ေသာ ဖံုးကြယ္ထားသည့္ အရာမ်ားကို ေဖာ္ထုတ္ျခင္း..!

Chen Ge က livestream ရဲ့ေခါင္းစည္းကို သူမ်ားေတြနဲ႔မတူေအာင္ "!" သေကၤတမ်ားစြာကို ထည့္သြင္းေဖာ္ျပထားသည္။

႐ိုး႐ိုးသားသားေျပာရမယ္ဆုိရင္ Chen Ge အေနနဲ႔ ဒီလုိဟာေတြထိလုပ္ဖို႔ မလိုေပ။ Video sharing application ထဲက livestream function ထဲမွာ တျခား stream website ေတြနဲ႔မတူ ထူးျခားမႈရွိၿပီးသားျဖစ္သည္။ ဒီထဲက အမ်ိဳးအစားေတြက ကန္႔သတ္ထားၿပီး အမ်ားအားျဖင့္ အဝတ္အစား အတိုအျပတ္ မေပၚ့တေပၚႏွင့္ မိန္းကေလးေတြ၊ စကားေျပာလို႔ရတာေတြ ပါဝင္ၿပီးသားျဖစ္သည္။

ဒါေၾကာင့္ Chen Ge ရဲ့ livestream က အေၾကာင္းအရာက ႏွင္းဆီခင္းထဲက ေနာက္ေခ်းပံုနဲ႔တူေနၿပီး လူသတိျပဳမိဖို႔ မလြယ္ေပ။

သူ livestream လႊင့္ၿပီးေနာက္ သူ႔ fan ေတြဆီမွာ noti တက္လာမွာျဖစ္ၿပီး သူ႔ page ရဲ့စာမ်က္ႏွာမွာလည္း live လႊင့္ေနေၾကာင္း ေၾကျငာတက္လာလိမ့္မည္။ စကၠန္႔အနည္းငယ္ၾကာေတာ့ ၾကည့္႐ႈသူ ပထမအသုတ္ ေရာက္ရွိလာၾကသည္။

He San က သူ႔ကို အရင္ဆံုးစာပို႔ခဲ့သည္။

"ေဘာ့စ္.. ခင္ဗ်ား.. တကယ္ႀကီးလား.. တကယ္ႀကီး live လႊင့္ေနတာလား.."

Death to all men posted : "မေန႔က video တင္လိုက္တဲ့ သတၱဝါလား.. ေကာင္းတယ္.. မင္းအသက္ကို ႏႈတ္ယူဖို႔ ငါေစာင့္ေနတယ္.."

"fuck..! shit..! မင္း ဘာျဖစ္ေနတာလဲ.. စိတ္ေအးေအးထားစမ္းပါ.. ငါတို႔ အျပင္မွာ ေအးေဆးစကားေျပာလို႔ရပါတယ္.."

အစိမ္းေရာင္ေဘာက္ဖက္ : "တစ္ေယာက္ေယာက္ ဒီ stream ထဲကပါတဲ့ အေၾကာင္းအရာကို သိၾကရဲ့လား.."

ညည္းတြားတတ္ေသာအိမ္ရွင္ : "မင္း စာမဖတ္တတ္ဘူးလား.. ဟိုမွာ ေခါင္းစဥ္ေရးထားတယ္ေလ.."

Chen Ge က livestream ကို စလႊင့္လိုက္တာနဲ႔ ဒီ video ကိုေစာင့္ၾကည့္သူေတြ တျဖည္းျဖည္းတိုးလာခဲ့သည္။

"ေဟ့လူေတြ.. နားလည္မႈလြဲေနၾကၿပီလို႔ ကၽြန္ေတာ္ထင္တယ္.."

Chen Ge က ကင္မရာကို သူ႔ဘက္မလွည့္ခင္ ဘက္စံုသံုးတူကို ေဘးကိုလႊတ္ခ်ၿပီး ေျပာလိုက္သည္။

"မေန႔ညက ကၽြန္ေတာ္တင္လိုက္တဲ့ video က ဟာသမဟုတ္ပါဘူး.. ကၽြန္ေတာ့္အေတြ႕အႀကံဳကို မွတ္တမ္းတင္ထားတာပါ.. တကယ္လို႔ ခင္ဗ်ားတို႔မယံုရင္ supernatural forum မွာ Video အျပည့္အစံု တင္ထားတာ သြားၾကည့္လို႔ရပါတယ္.. ဒီထဲကဟာေတြကို ျပဳျပင္မထားပါဘူး.. ၿပီးေတာ့ မွန္ထဲကဟာကလည္း တကယ္ရွိတာပါ.. ဒီဟာက ယံုဖို႔ခက္တယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္.. တကယ္လို႔ ခင္ဗ်ားတို႔ ကၽြန္ေတာ္ေနာက္ကိုလိုက္ၾကည့္မယ္ဆိုရင္ ဒီေလာကႀကီးမွာ ဖံုးကြယ္ထားတဲ့အရာေတြကို နည္းနည္းခ်င္းဆီ ကၽြန္ေတာ္ ခင္ဗ်ားတို႔ျမင္ေအာင္ ျပသြားေပးပါ့မယ္.."

"Hello.. 001.. ေတာင္းပန္ပါတယ္.. စိတၱဇေဆး႐ံုရဲ့ ဖုန္းနံပါတ္က ဘယ္ေလာက္ပါလိမ့္.. အခု ထြက္ေျပးလြတ္ေျမာက္ေနတဲ့ လူနာတစ္ေယာက္ကို ကၽြန္ေတာ္ေတြ႕ထားတယ္.."

"ခင္ဗ်ားလုပ္တဲ့နည္းလမ္းေတြကို ကၽြန္ေတာ္ ေစာက္ရမ္းသေဘာက်တယ္.."

"Lee Ming.. မင္း livestream ကၾကည့္ေနတာ ငါသိတယ္.. ငါ့အတြက္ ညစာသြားဝယ္ေပးစမ္းပါ.. ေခါက္ဆြဲေၾကာ္ င႐ုပ္သီးမထည့္ဘူး.."

"Fu San စိတ္က်န္းမာေရးေဆး႐ံု အခန္းနံပါတ္ 31၊ ဒီပို႔စ္ပိုင္ရွင္ပါ.. ဖမ္းထည့္လိုက္စမ္းပါ.. ကၽြန္ေတာ္တို႔မိတ္ေဆြႀကီးကို အလုပ္အကိုင္အသစ္ရေအာင္ ကူညီၾကစို႔.."

တက္လာတဲ့ comment အေတာ္မ်ားမ်ားက Chen Ge ကို မယံုၾကည္ၾကဘူးဆုိတာ ထင္ရွားသည္။ ဒီလူေတြကို Chen Ge က ဘာမွမတံု႔ျပန္ဘဲ ေျပာလိုက္သည္။

"ခင္ဗ်ားတို႔ ကၽြန္ေတာ့္ကို ႐ူးေနၿပီလို႔ထင္ၾကတာကို စိတ္မဆိုးပါဘူး.. ဘာေၾကာင့္လဲဆိုေတာ့ မၾကာခင္ ခင္ဗ်ားတို႔အားလံုး မွားယြင္းေနတယ္ဆိုတာ သက္ေသျပႏိုင္ေတာ့မွာပဲေလ.."

ၾကည့္႐ႈသူအေရအတြက္ေတြ ဆက္လက္တိုးပြားလာသည္။ Chen Ge က တျဖည္းျဖည္းေမွာင္လာသည့္ ေကာင္းကင္ကိုၾကည့္လိုက္ၿပီး စီးကရက္ကိုမီးညႇိကာ ထိတ္လန္႔ေျခာက္ျခားဖြယ္ ေသြးလႊမ္းသည့္ Fu An တိုက္ခန္း၏ ရာဇဝင္ကို ၾကည့္႐ႈသူမ်ားကို ရွင္းျပလိုက္သည္။

=====================

Chapter (19) – လူကြိုက်များမှု တိုးလာခြင်း

တစ်ဖက်ခန်းက တိုက်ခန်းပိုင်ရှင် ကြားသွားမှာစိုးရိမ်သောကြောင့် Chen Ge က အသံတိုးတိုးနှင့် ပြောပြနေသဖြင့် မရည်ရွယ်ဘဲ အခြေအနေတစ်ခုကို ဖန်တီးမိလျက်သားဖြစ်သွားသည်။ သူအားလုံးပြောပြအပြီးမှာ ဖုန်းတစ်ဖက်က He San က အံ့အားသင့်ပြီး ကြောင်သွားသည်။ ကျေးလက်ပိုင်းကနေ မြို့ကြီးကိုတက်ပြီး ဆေးကျောင်းလာတက်သော သူလိုလူငယ်လေးတစ်ယောက်က အွန်လိုင်းကသူငယ်ချင်းနဲ့ ပထမဆုံး အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာကို ပြောနေမိလျက်သားဖြစ်နေသည်။

"ခင်ဗျား အခု ကျိန်စာသင့်တဲ့တိုက်ခန်းကို ရောက်နေတာလား.."

"ဟုတ်တယ်.."

"ဘေးခန်းက တိုက်ခန်းပိုင်ရှင်က လွန်ခဲ့တဲ့နှစ်တွေကဖြစ်တဲ့ လူသတ်မှုတွေရဲ့ တရားခံ ဖြစ်နိုင်ချေရှိတာလား.."

"ဟုတ်တယ်.."

"ခဏလေး.. တစ်ခါတည်းတွေးဖို့က အချက်အလက်တွေ သိပ်များနေတယ်.. ကျွန်တော် အရင်ဆုံးစဉ်းစားပါရစေဦး.."

ဖုန်းတစ်ဖက်တစ်ချက်ဆီက အခြေအနေတစ်ခုစီက စိတ်ဝင်စားစရာကောင်းအောင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဖုန်းတစ်ဖက်က စောင်ကိုခြုံပြီး နွေးထွေးစွာဖြင့် အိပ်ယာထက်မှာရှိနေပြီး KFC ကြက်ကြော်စားရင်း အွန်လိုင်းက video ကိုကြည့်နေသည်။ ဖုန်းတစ်ဖက်ကလူကတော့ သရဲခြောက်သည့် တိုက်ခန်းကြီးထဲရောက်ရှိနေပြီး မှောင်မိုက်သည့်အခန်းထဲ ဒုက္ခပင်လယ်ဝေလျက်ရှိသည်။

"ဘော့စ်.. ခင်ဗျား ရဲစခန်းကို သွားအကြောင်းကြားသင့်တယ်ဗျာ.. ခင်ဗျားဆီမှာ သက်သေခိုင်ခိုင်လုံလုံ မရှိတာမှန်တယ်.. ဒါပေမယ့် တိုင်ချက်အတုဖွင့်ပါတယ်လို့ ပယ်ချခံရတာနဲ့ယှဉ်ရင် ခင်ဗျားရဲ့အသက်က ပိုအရေးကြီးတယ်ဗျ.."

He San က သူ့အတွက်စဉ်းစားပေးတာဖြစ်ပေမယ့် Chen Ge က သူ့အတွေးနဲ့သူဖြစ်သည်။ သူက ဖုန်းအနက်ထဲက mission ကို ပြီးအောင်လုပ်ချင်လို့ ဒီတိုက်ခန်းမှာ ညအိပ်ရမှာဖြစ်သည်။ ရဲတွေပါလာရင် ဒီ mission အောင်မြင်ဖို့ မဖြစ်နိုင်တော့ပေ။ ဒါဆိုရင် သူကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်သည်။

"ငါ ရဲတွေနဲ့ပတ်သက်ဖို့ အချိန်မရှိသေးဘူး.."

"အဓိက ခင်ဗျား ဘေးကင်းလုံခြုံဖို့ကို စဉ်းစားသင့်တယ်ဗျ.. ဘော့စ်.. ဒီလိုလုပ်ရင်ကော.. ခင်ဗျားဖုန်းနဲ့ GPS ကိုဖွင့်ထားပြီး ဒီတစ်ညလုံး သွားလေရာ ဖုန်းကို ကိုယ်နဲ့မကွာယူထားလိုက်.. ကျွန်တော် ခင်ဗျားဘက်ကို အာရုံစိုက်ပေးထားမယ်.. တကယ်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော် ရဲစခန်းကို ချက်ချင်းအကြောင်းကြားပေးမယ်.. ဘယ်လိုလဲ.."

ဒီအကြံမဆိုးပေ။ Chen Ge က သူ့ဖုန်းကိုငုံ့ကြည့်လိုက်တော့ သူက Video Sharing application ထဲက မထွက်ရသေးသည်ကို တွေ့လိုက်ရပြီး အခြားသောကြေငြာများလည်း ဆက်တိုက်တက်နေသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် Chen Ge ရဲ့စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။

"ဘာကြောင့် ငါက သရဲခြောက်တဲ့တိုက်ခန်းထဲ ရောက်နေတာကို Live မလွှင့်ရမှာလဲ.. တကယ်လို့ ငါ အန္တရာယ်တစ်ခုခုကြုံရင် ကြည့်ရှုသူတွေက တွေ့ပြီး ချက်ချင်း ရဲကို အကြောင်းကြားနိုင်ကြမှာပဲ.. ပြီးတော့ Live လွှင့်ထားတဲ့ video က သက်သေလည်းဖြစ်နိုင်တယ်.. တကယ်လို့ ဘာမှမဖြစ်ဘူးဆိုရင်လည်း ငါ့ page က ကြည့်ရှုသူတွေကို ပိုဆွဲဆောင်နိုင်တာပဲ.. ပြီးတော့ ငါ့သရဲအိမ်ကိုလည်း ကြေပြာပြီးသားဖြစ်မှာ သေချာတယ်.."

မနေ့ညက တင်လိုက်တဲ့ video အပိုင်းတိုလေးကြောင့် သူ့ page မှာ follower 1000 ကျော် တိုးသွားပြီး သူ့သရဲအိမ်ကိုလာလည်သူက ၂ဆတက်သွားခဲ့သည်။ ဒီဟာက အလုပ်ဖြစ်တာပဲ။ ပြီးတော့ သူ ဒီသရဲခြောက်တဲ့တိုက်ခန်းထဲကို လာပြီး မစ်ရှင်ပြီးအောင်ဆောင်ရွက်ရတယ် ဆိုတာကလည်း သူ့သရဲအိမ်ကို အဆင့်မြှင့်နိုင်ဖို့ အထောက်အကူတွေကို ရရှိချင်လို့ဖြစ်သည်။ တကယ်လို့ livestream သာလွှင့်လိုက်ရင် သူလည်း ဘေးကင်းနိုင်သလို သူ့ရဲ့ လူကြိုက်များမှုနဲ့ ကြည့်ရှုသူလည်း တိုးလာမည်။ ဒါကြောင့် ဒီလိုလုပ်ရမည်။

"တကယ်လို့ ငါ့သရဲအိမ်ကို နေရာတိုင်းမှာ လိုက်ပြီးမကြေငြာနိုင်သေးရင် livestream နဲ့ video အတိုလေးကိုလွှင့်ပြီး လူတွေအာရုံစိုက်အောင် ဆွဲဆောင်လို့ရနေတာပဲ.."

Chen Ge မှာ digital platform နဲ့ပတ်သက်ပြီး ထုတ်လွှင့်ဖို့ အတွေ့အကြုံဗဟုသုတ မရှိပေမယ့် သူ လုံးဝစိတ်မပူပေ။ အစောပိုင်းက သူ့ကို တောက်လျှောက်စိတ်အနှောင့်အယှက်ပေးနေသည့် studio တစ်ခုရှိနေသည်။ ခေတ်သစ်ဖျော်ဖြေရေးဆိုတာ အဆင်သင့်သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့အရာတွေနဲ့ ပြည့်နှက်နေသည။ သရဲခြောက်သည့်တိုက်ခန်းနှင့် စိတ္တဇလူသတ်သမားနှင့် တစ်ညတာအတူရှိခြင်းလောက် ပိုစိတ်ဝင်စားစရာကောင်းတာ ရှိနိုင်ဦးမှာလား။

အကြောင်းအရာနောက်ကို လိုက်ပြီး ကြည့်ရှုသည့်သူများနှင့် အခြား streamer တွေထက် Chen Ge ခြေတစ်လှမ်းကြောနေခြင်းက သူ့မှာ ထူးခြားသည့် အခြေအနေထဲ ရောက်ရှိနေသောကြောင့်ဖြစ်သည်။ သူ၏ အကြောင်းတရားနှင့် ကြုံတွေ့ရသမျှအားလုံးက တကယ့်အစစ်အမှန်များဖြစ်ပြီး ဒီမှာ ဘာဇာတ်ကြောင်း၊ ဘာဇာတ်ညွှန်းမှ မရှိသည့်အပြင် နောက်တစ်ခန်းမှာ ဘာဖြစ်မလဲဆိုတာကိုလည်း မသိနိုင်ပေ။ ဒီဟာက သူကြုံတွေ့သမျှကို ဖုန်းအနက်ထဲက mission ကို အောင်မြင်အောင်လုပ်ဆောင်သည့် မှတ်တမ်းတင် live video တစ်ခုမျှသာဖြစ်သည်။

"He San..ငါ ဖုန်းချလိုက်တော့မယ်.. မင်း livestream ကိုပဲ တိုက်ရိုက်ကြည့်နေလိုက်.. Live လွှင့်တဲ့ IP က ငါ့ Page ရဲ့ IP နဲ့ အတူတူပဲ.."

သူက ဖုန်းချပြီးနောက် ဖုန်းရဲ့တည်နေရာပြစနစ်နဲ့ 991 စာလုံးကို ချိတ်ဆက်လိုက်သည်။ သူက အားလုံးလုပ်ပြီးတာနဲ့ video sharing application ထဲက livestream ဆိုတာကို ရွေးချယ်လိုက်သည်။ ဒီနေ့ခေတ်မှာ ထုတ်လွှင့်သည့် livestream video တွေက စက္ကန့်အနည်းငယ်သာ ကြာမြင့်သည်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီ live လွှင့်တာကနေ ငွေမဝင်သောကြောင့်ဖြစ်သည်။ ဒါပေမယ့် သူတို့ fan တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ video အသစ်တွေကို ကြိုတင်ပြင်ဆင်ထားတာမလုပ်ဘဲ တိုက်ရိုက် live လွှင့်ကာ တင်ဆက်လေ့ရှိသည်။

Video အပိုင်းတိုလေးများကိုတင်ပြီး ကြုံရာကျပန်းကြည့်တတ်သူများရဲ့ စိတ်ဝင်စားမှုရအောင် ဆွဲဆောင်ကြပြီးမှ livestream လွှင့်ပြီး ထိုသူများကို follower ဖြစ်လာအောင် စိတ်ဝင်စားလာအောင် လုပ်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် Chen Ge က ဒီလိုအွန်လိုင်းပေါ်ကနေ ကိုယ့်အမှတ်တံဆိပ်ကို လူသိများအောင် လုပ်တဲ့နည်းစနစ်ရဲ့အဆင့်တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်မိလျက်သားဖြစ်နေသည်။

သရဲခြောက်သည့်အိမ်မှ တစ်ညတာ..!

ရဲရင့်သော စူးစမ်းရှာဖွေသူတစ်ဦး..!

လောကကြီးက မျက်စိနှင့်မမြင်နိုင်သော ဖုံးကွယ်ထားသည့် အရာများကို ဖော်ထုတ်ခြင်း..!

Chen Ge က livestream ရဲ့ခေါင်းစည်းကို သူများတွေနဲ့မတူအောင် "!" သင်္ကေတများစွာကို ထည့်သွင်းဖော်ပြထားသည်။

ရိုးရိုးသားသားပြောရမယ်ဆိုရင် Chen Ge အနေနဲ့ ဒီလိုဟာတွေထိလုပ်ဖို့ မလိုပေ။ Video sharing application ထဲက livestream function ထဲမှာ တခြား stream website တွေနဲ့မတူ ထူးခြားမှုရှိပြီးသားဖြစ်သည်။ ဒီထဲက အမျိုးအစားတွေက ကန့်သတ်ထားပြီး အများအားဖြင့် အဝတ်အစား အတိုအပြတ် မပေါ့်တပေါ်နှင့် မိန်းကလေးတွေ၊ စကားပြောလို့ရတာတွေ ပါဝင်ပြီးသားဖြစ်သည်။

ဒါကြောင့် Chen Ge ရဲ့ livestream က အကြောင်းအရာက နှင်းဆီခင်းထဲက နောက်ချေးပုံနဲ့တူနေပြီး လူသတိပြုမိဖို့ မလွယ်ပေ။

သူ livestream လွှင့်ပြီးနောက် သူ့ fan တွေဆီမှာ noti တက်လာမှာဖြစ်ပြီး သူ့ page ရဲ့စာမျက်နှာမှာလည်း live လွှင့်နေကြောင်း ကြေငြာတက်လာလိမ့်မည်။ စက္ကန့်အနည်းငယ်ကြာတော့ ကြည့်ရှုသူ ပထမအသုတ် ရောက်ရှိလာကြသည်။

He San က သူ့ကို အရင်ဆုံးစာပို့ခဲ့သည်။

"ဘော့စ်.. ခင်ဗျား.. တကယ်ကြီးလား.. တကယ်ကြီး live လွှင့်နေတာလား.."

Death to all men posted : "မနေ့က video တင်လိုက်တဲ့ သတ္တဝါလား.. ကောင်းတယ်.. မင်းအသက်ကို နှုတ်ယူဖို့ ငါစောင့်နေတယ်.."

"fuck..! shit..! မင်း ဘာဖြစ်နေတာလဲ.. စိတ်အေးအေးထားစမ်းပါ.. ငါတို့ အပြင်မှာ အေးဆေးစကားပြောလို့ရပါတယ်.."

အစိမ်းရောင်ဘောက်ဖက် : "တစ်ယောက်ယောက် ဒီ stream ထဲကပါတဲ့ အကြောင်းအရာကို သိကြရဲ့လား.."

ညည်းတွားတတ်သောအိမ်ရှင် : "မင်း စာမဖတ်တတ်ဘူးလား.. ဟိုမှာ ခေါင်းစဉ်ရေးထားတယ်လေ.."

Chen Ge က livestream ကို စလွှင့်လိုက်တာနဲ့ ဒီ video ကိုစောင့်ကြည့်သူတွေ တဖြည်းဖြည်းတိုးလာခဲ့သည်။

"ဟေ့လူတွေ.. နားလည်မှုလွဲနေကြပြီလို့ ကျွန်တော်ထင်တယ်.."

Chen Ge က ကင်မရာကို သူ့ဘက်မလှည့်ခင် ဘက်စုံသုံးတူကို ဘေးကိုလွှတ်ချပြီး ပြောလိုက်သည်။

"မနေ့ညက ကျွန်တော်တင်လိုက်တဲ့ video က ဟာသမဟုတ်ပါဘူး.. ကျွန်တော့်အတွေ့အကြုံကို မှတ်တမ်းတင်ထားတာပါ.. တကယ်လို့ ခင်ဗျားတို့မယုံရင် supernatural forum မှာ Video အပြည့်အစုံ တင်ထားတာ သွားကြည့်လို့ရပါတယ်.. ဒီထဲကဟာတွေကို ပြုပြင်မထားပါဘူး.. ပြီးတော့ မှန်ထဲကဟာကလည်း တကယ်ရှိတာပါ.. ဒီဟာက ယုံဖို့ခက်တယ်ဆိုတာ ကျွန်တော်သိပါတယ်.. တကယ်လို့ ခင်ဗျားတို့ ကျွန်တော်နောက်ကိုလိုက်ကြည့်မယ်ဆိုရင် ဒီလောကကြီးမှာ ဖုံးကွယ်ထားတဲ့အရာတွေကို နည်းနည်းချင်းဆီ ကျွန်တော် ခင်ဗျားတို့မြင်အောင် ပြသွားပေးပါ့မယ်.."

"Hello.. 001.. တောင်းပန်ပါတယ်.. စိတ္တဇဆေးရုံရဲ့ ဖုန်းနံပါတ်က ဘယ်လောက်ပါလိမ့်.. အခု ထွက်ပြေးလွတ်မြောက်နေတဲ့ လူနာတစ်ယောက်ကို ကျွန်တော်တွေ့ထားတယ်.."

"ခင်ဗျားလုပ်တဲ့နည်းလမ်းတွေကို ကျွန်တော် စောက်ရမ်းသဘောကျတယ်.."

"Lee Ming.. မင်း livestream ကကြည့်နေတာ ငါသိတယ်.. ငါ့အတွက် ညစာသွားဝယ်ပေးစမ်းပါ.. ခေါက်ဆွဲကြော် ငရုပ်သီးမထည့်ဘူး.."

"Fu San စိတ်ကျန်းမာရေးဆေးရုံ အခန်းနံပါတ် 31၊ ဒီပို့စ်ပိုင်ရှင်ပါ.. ဖမ်းထည့်လိုက်စမ်းပါ.. ကျွန်တော်တို့မိတ်ဆွေကြီးကို အလုပ်အကိုင်အသစ်ရအောင် ကူညီကြစို့.."

တက်လာတဲ့ comment အတော်များများက Chen Ge ကို မယုံကြည်ကြဘူးဆိုတာ ထင်ရှားသည်။ ဒီလူတွေကို Chen Ge က ဘာမှမတုံ့ပြန်ဘဲ ပြောလိုက်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ရူးနေပြီလို့ထင်ကြတာကို စိတ်မဆိုးပါဘူး.. ဘာကြောင့်လဲဆိုတော့ မကြာခင် ခင်ဗျားတို့အားလုံး မှားယွင်းနေတယ်ဆိုတာ သက်သေပြနိုင်တော့မှာပဲလေ.."

ကြည့်ရှုသူအရေအတွက်တွေ ဆက်လက်တိုးပွားလာသည်။ Chen Ge က တဖြည်းဖြည်းမှောင်လာသည့် ကောင်းကင်ကိုကြည့်လိုက်ပြီး စီးကရက်ကိုမီးညှိကာ ထိတ်လန့်ခြောက်ခြားဖွယ် သွေးလွှမ်းသည့် Fu An တိုက်ခန်း၏ ရာဇဝင်ကို ကြည့်ရှုသူများကို ရှင်းပြလိုက်သည်။

=====================

Continue Reading

You'll Also Like

412K 36.6K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...
261K 8.1K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
274K 13.4K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...