💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (C...
By Shoon3333
1.3M 94.9K 3K
မ​​တော်တဆ၁ခု​ကြောင့်တာဝန်ယူမူဖြစ်လာ​သောအခါ..အချစ်မပါဘဲလက်ထပ်လိုက်ရ​​သောအခါ..​ပျော်ရွှင်ရပါ့မလား...အချစ်စစ်ကို... More
Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Part16
Part17
Part18
Part19
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part34
Part35 ( Warning)
Part36(Final)
Extra 1
Extra 2
❗️Book and donation announcement❗️
Book Order
order!!!
Part20
30.4K 2.1K 167
By Shoon3333
သာယာ​သောမနက်ခင်း​လေးတစ်ခု အစပြုချိန်တွင် အိမ်ကြီးတစ်အိမ်ထဲ၌ ​လေးနှစ်အရွယ်​ကောင်​လေးတစ်​ယောက်၏ တဂျီဂျီအသံ​လေးသည် ငှက်က​လေးများ၏ မနက်ခင်း​တေးသီသံနှင့် အပြိုင်ကျွတ်ကျွတ်ညံ​နေ​လေသည်။ ဒီ​နေ့သူ​လေးသိပ်​ပျော်​နေတယ်ထင်ပါရဲ့။
"Mom! Mom! your time is up. I want to meet dad please"
သူ​လေးက ခုန်​ပေါက်လျက် မိခင်ဖြစ်သူ၏လက်ကို လှုပ်ခါကာ​ပြောသည်။
"Ok Ok! Let's go the day after tomorrow, but you only have to speak in burmese.Ok?"
"ဟုတ်!"
"အမယ်ချက်ချင်းပဲ။ ဖေ​ဖေ့ကိုအယ်​လောက်​တောင်​တွေ့ချင်​နေလားbaby"
"ဟုတ်"
"ဟုတ်ပါပြီရှင်။ အဆင်သင့်ပြင်ထား​နော်"
"ဟုတ်"
"ကဲသွား အထုပ်​တွေသွားထည့်ချည်​တော့​​နော်"
"Yes Sir!!"
သူ(မ)စကား​တွေကို တဟုတ်ဟုတ်လုပ်လျက် တက်ကြွစွာပင် ခုန်​ပေါက်ပြီးအ​ပေါ်သို့​ပြန်ပြေးတက်သွား​သော သားဖြစ်သူကိုကြည့်ကာ ရိုစ့်ပြုံးမိသည်။ ချစ်ဖို့​ကောင်းလှ​သော ဒီက​လေး​လေး၊ သူ(မ)ရဲ့တစ်ဦးတည်း​သော ​သွေးသား​လေးကို​တော့ ပြည့်ပြည့်စုံစုံထား​ပေးချင်သည်​လေ။
သန်ဘက်ခါကျ သူ(မ)တို့သားအမိ ရန်ကုန်ပြန်ကြမည်။ အရင်ကမဖြစ်​မြောက်လိုက်ဘဲ လွဲ​ချော်ခဲ့ရ​သော ကိစ္စတချို့ကို နည်းလမ်းတစ်မျိုး​ပြောင်း၍ဖြစ်​မြောက်​အောင်လုပ်မည်။
​သေချာ​ပေါက်သူ(မ)မှာ ယုတ်မာဖို့စိတ်ကူးဆိုတာမရှိခဲ့ရိုးအမှန်ပါ။ သူ(မ)ဖြစ်ချင်ခဲ့တာ အမျိုးသမီးတစ်​ယောက်အ​နေနဲ့၊ မိခင်တစ်​ယောက်အ​နေနဲ့၊ ​ကျော်ကြားတဲ့စန္ဒယားပညာရှင် တစ်​ယောက်အ​နေနဲ့ ပြည့်ပြည့်စုံစုံ တင့်​တောင်းတင့်တယ်​နေချင်မိခဲ့ရုံ။ သူ(မ)ရဲ့တစ်ဦးတည်း​သော ​သွေးသားကို ပြည့်ပြည့်စုံစုံ မိစုံဖစုံထား​ပေးချင်ခဲ့ရုံ။
"ဟူး...ဖြစ်လာမယ့် ကိစ္စ​တွေအတွက် ငါမင်းကို ဘယ်လို​တောင်းပန်ရမလဲလင်းလ​ရောင်"
​ရှေ့​ရေး​တွေကိုကြို​တွေးကာ​ရေရွတ်ရင်း သက်ပြင်း​မောကို ​လေးပင်စွာချမိသည်။ ထို့​နောက် ဖုန်းထုတ်ကာတစ်စုံ​တစ်ယောက်ထံ​ခေါ်လိုက်သည်။ သန်ဘက်ခါပြန်ရင် လိုအပ်တာ​တွေအကုန်ပြင်ဆင်သွားရမည်မလား။
"DNA အဆင်သင့်ဖြစ်ပြီလားရှင့်"
"-------------"
"​ကောင်းပါပြီ။ မနက်ဖြန်လာယူမယ်​နော်။ ကျေးဇူးပါ"
"--------------"
"​ကောင်းပါပြီ။ ဒါပဲ​​နော်"
လိုအပ်သည့် စာရွက်စာတမ်းတို့ အဆင်သင့်ဖြစ်ရဲ့လား အတည်ပြုပြီး​နောက် ဖုန်းကိုလိုင်းဖွင့်ကာ နောက်ထပ်တစ်စုံတစ်ယောက်ထံသို့ဆက်​​ခေါ်လိုက်သည်။
"ဟယ်လို"
ဖုန်းဝင်သွားတာနဲ့ ချက်ချင်းပင် တစ်ဖက်မှလူက သူ(မ)ဖုန်းကို ​ဖြေ​သေးတာ​ကြောင့် သူ(မ)​ကျေနပ်မိပါရဲ့။
"ဟယ်လို ရိုစ့်!"
"ဟုတ်ကိုကို"
"အင်း ပြော​လေ။ ဘာကိစ္စများရှိလို့လဲ"
"ရိုစ့်သန်ဘက်ခါ​လောက်မြန်မာပြည်ပြန်​ရောက်မယ်ကိုကို။ အယ့်တာလာကြို​ပေးလို့ရမလားဟင်"
"ဒါ​ပေမဲ့"
"ကို့ကို့ကို ရိုစ့်အပြစ်​​ပေးရဦးမယ်​လေ။ လာခဲ့​ပေးပါ"
"​​ကောင်းပါပြီ"
"ဟုတ်ပြီ။ ဒါပဲ​နော်ကိုကို ​ကျေးဇူး"
"အင်း"
ဖုန်းချသွားပြီးသည်နှင့် သူ(မ)လှပစွာပြုံးလိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီမို့ သူ(မ)ရဲ့ပိုင်နိုင်တဲ့သရုပ်​ဆောင်စွမ်းရည်သာလို​တော့သည်။
တစ်ဖက်တွင်....
"ဘယ်သူလဲကိုကို"
"ရိုစ့်ပါ။ သူသန်ဘက်ခါပြန်လာမို့ လာကြို​ပေးပါလားတဲ့။ အယ့်တာ​ရောင်​လေး"
"​ရောင်ဘာမှမဖြစ်ပါဘူးကိုကိုရဲ့ သွားလိုက်။ မရိုစ့်ကိုလည်း သေချာထပ်​တောင်းပန်လိုက်​​နော်"
"​ရောင်​လေး တကယ်အဆင်​ပြေရဲ့လား"
"​ပြေ​တာ​ပေါ့​။ ရောင်ကမရိုစ့်ကို​တောင် အရမ်းအားနာ​နေတာ။ သူလည်းမိန်းမသားတ​စ်ယောက်ပဲ​လေ။ ရောင်နားလည်ပါတယ်။ ကိုကိုစိတ်​​ဖြောင့်​​ဖြောင့်သွား​နော်"
"အင်း​ကျေးဇူးက​လေး။ ကိုယ့်ကိုနားလည်​ပေးလို့"
"​အယ့်တာဆို ကျေးဇူးကိုကို ရောင့်ကိုချစ်​​ပေးလို့။ ဟီးဟီး"
သူ့စကားအတိုင်းပြန်​ပြောကာ လူကိုပွတ်သပ်ချွဲ​နေပါ​သောက​လေးငယ်​လေး။ ချစ်ဖွယ်ထိုအပြုအမူ​လေး​တွေ၊ စိတ်ထား​လေး​တွေ​ကြောင့် ထိုက​လေး​လေးကိုချစ်ရတာ သူလုံးဝ​နောင်တမရမိပါ။
-------------------------
"တူ...တူ"
​​လေယာဥ်ကွင်းအပြင်ဘက် ပါကင်​နေရာတွင် သားအမိနှစ်​ယောက်ရပ်​နေတုန်း ဝင်လာ​သော message​ကြောင့်ကြည့်မိ​တော့ ​နေယံ့ဆီမှ
"ရိုစ့်ဘယ်နားမှာလဲ။ ကိုယ်​ရောက်ပြီနော်"
​ရောက်ပြီ​ဆို​သော message​ကြောင့်အနီးတစ်ဝိုက်​ဝေ့ဝဲကြည့်မိ​တော့ ​တွေ့ပါပြီ ထိုသူ။ ခပ်လှမ်းလှမ်း က​နေဟိုကြည့်ဒီကြည့်နဲ့ရှာရင်း​လျှောက်လာ​နေတာ။
"​တွေ့တယ်ကိုကို" သူ(မ)​နေယံ့ထံ messageပြန်ပို့ပြီး​နောက် သားသားကို ​အရင် နေယံ့ဆီလွှတ်​ပေးလိုက်သည်။
"Daddy!!"
က​လေးငယ်ကလည်း ​ထွေ​ထွေထူးထူးသင်စရာမလိုပါ။ သူ့အ​ဖေဟုထင်မှတ်ထားသူ​မို့ ထိုလူသားထံတန်းတန်းမတ်မတ်။
​နေယံလည်း မျက်စိရှင်ရှင်ထားကာရှာ​နေတုန်း သူ့ထံ​ပြေးလာ​လေ​သော အဖြူ​ကောင်ဝတုတ်​လေး​ကြောင့် ရုတ်တရက်​ကြောင်ရပ်မိသွား၏။ ထိုက​လေးက ​သေချာ​ပေါက်သူ့အားကြည့်ကာ daddy လို့​​ခေါ်​နေသလို။
"Daddy!!" ​သေချာသည်။ သူ့အား​ခေါ်​နေတာ။
"အင့်! ​သေပါပြီကွ" တုတ်ခိုင်​သော လက်တုတ်တုတ်​တွေနဲ့​ကောင်ငယ်​​လေးသည် သူ​ခြေသလုံး​တွေကို လာသိုင်းဖက်​တော့ ​ထိုက​လေး၏ ခေါင်းက​အောက်ပိုင်းတစ်​နေရာနဲ့ တန်းကနဲမို့ ​နေယံအီစိမ့်သွားရ၏။
"​ဟေ့ က​လေး! လူမှား​နေပြီထင်တယ်​ကွ"
"ဟင့်အင်းdaddy ကသားသားdaddyပဲ"
သံမဏိ​ခေါင်းနဲ့ ထိုဝတုတ်ကို လူမှား​ကြောင်း​ပြော​တော့ သူ့အားပိုလို့ပင် တိုးဖက်လာ​လေသည်။ မြန်မာသံဝဲဝဲ​လေးနဲ့ မို့တိုင်းရင်းသား​ကောင်​လေးများလားမသိ
"လူမှား​နေတယ်ဆို"
"ကိုကို!"
"အာ ရိုစ့်" ကျဥ်းထဲကျပ်ထဲ အ​ခြေအ​နေမှာရိုစ့်ကို​တွေ့လိုက်ရ​တော့ သူအားတက်သွားရ၏။
"မာမီ ဒယ်ဒီ့ကို​တွေ့ရပြီ" သို့​သော် ထိုက​လေး​ခေါ်လိုက်​​သော နာမ်စား​ကြောင့် မျက်လုံးများပြူးကာ အံ့သြသွားရပြန်သည်။
"ဟမ်! ဘယ်လို​ခေါ်လိုက်တာ? မာ မာမီ? ဒါ ရိုစ့်က​လေးလား"
"အင်း။ ရိုစ့်တို့တ​​စ်နေရာရာသွားရ​အောင်​လေကိုကို"
"​ဪ အင်း​ ကောင်းပြီ​လေ"
ရုတ်တရက်အ​ခြေအ​နေ​တွေ၊ နားမလည်နိုင်​သော ပတ်သတ်မှု​တွေ​ကြောင့် ​နေယံ ရိုစ့်​ပြောတာကိုပင် ​ကြောင်​ကြောင်အန်းအန်းနှင့်လိုက်နာမိသည်။ ရိုစ့်၏သား​လေးဆို​​သောက​လေးသည်လည်း သူ့ခြေတံရှည်ကို သူ၏စီး​တော်မြင်းသဖွယ်ခိုကပ်၍ပါလာပြီး ပါးစပ်မှလည်းဒယ်ဒီဟူ၍သာ တရစပ်။
ဤသို့ဖြင့် ဖရိုဖရဲနဲ့ သူ့တို့သုံး​ဦးရဲ့ဦးတည်ရာဟာ ထိုင်​နေကျ ဆိုင်​လေးဆီသို့။
"ကိုဘုန်းက​လေးကိုခဏ​ခေါ်သွား​ပေးပါလား"
ဆိုင်​ရောက်​တော့ ရိုစ့်၏ ​တောင်းဆိုမှု​ကြောင့် ​ဘေး​တွေရပ်​နေ​သော အတွင်း​​ရေးမှူူးကိုဘုန်း​က နေယံကို လှမ်းကြည့်​တော့ ​နေယံ ခေါ်သွားလိုက်ဆို​သောအကြည့်ဖြင့်​မေး​ငေါ့ပြ​လေသည်။ က​လေးနဲ့ကိုဘုန်းထွက်သွားမှ ရိုစ့်က ​ဖျော်ရည်တစ်ငုံကို တိတ်တဆိတ်ပင်​သောက်ရင်း စကားစရန်ပြင်လိုက်၏။
"ကိုကို့ကိုရိုစ့်​​ပြောမှာကို​​ သေချာနား​ထောင်​ပေးနော်"
သူ(မ)​ပြော​တော့ ​နေယံက​ပြော​လေဆိုသည့်သ​​ဘောဖြင့် အာရုံစိုက်​နေဟန်ပြကာ ​ခေါင်းညိတ်ပြ​လေသည်။
"ဒန်နီရယ်​လေးက ကို့ကို့သား​လေးပါ"
"ဟမ်?"
သူ(မ)စကား​ကြောင့် ဖြစ်သွားသည့် သူ့အမူအရာကမယုံနိုင်သည့်နှယ် အူ​ကြောင်​ကြောင်သာ
"ဟုတ်တယ်ကိုကို"
"အဟွန်း!"
​နေယံရယ်လိုက်မိ၏။ သူ(မ)ရဲ့အကြံကဒါအကုန်ပဲလား​လေ။
"ဘာရယ်တာလဲကိုကို"
"အာ ဒီတိုင်း။ ကဲထားပါ။ အယ့်က​လေးကကိုယ့်သား? မဖြစ်နိုင်တာ​နော်။ ကိုယ်နဲ့ရိုစ့်ကဘာမှမှမဖြစ်ဖူးတာဘဲကွာ"
​နေယံက ရယ်သံ​လေးစွတ်ကာ ​သူ့ကိုယ်သူလက်ညှိုးထိုးလျက် ပေါ့​ပေါ့ပါးပါးပင်​ပြော​တော့ ရိုစ့်က မျက်ရည်​တွေရစ်ဝိုင်းလာ​လေသည်။ သူ(မ)ဒီအ​ခြေအ​နေ​တွေကို ကြိုတွက်ထားပြီးသားမလား။ ထို​ကြောင့် မျက်ရည်​တွေကိုပို၍ ညှစ်ထုတ်လိုက်ရင်း
"ကိုကိုမမှတ်မိတာဖြစ်ပါလိမ့်မယ်။"
"ဘာကို?"
"ကိုကို့မိဘ​တွေနဲ့ ကိုကို့အဘွားတစ်နှစ်ပြည့်တဲ့​နေ့က​လေ ကိုကိုအရမ်းမူး​နေလို့ရိုစ့်လာ​ခေါ်ခဲ့တာမှတ်မိလား"
သူ(မ)​ပြော​တော့​နေယံတစ်ချက်စဥ်းစားသွား​လေသည်။ ပြီး​နောက်​ခေါင်းညိတ်၏။
"အယ့်​နေ့က​ပေါ့ ကိုကိုကရိုစ့်ကိုအတင်းရယူခဲ့တာ​လေ။"
​နေယံ့မျက်နှာဟာ အံ့သြမှင်သတ်သွားဟန်
"နောက်​နေ့ နိုး​တော့ ကိုကိုရိုစ့်နဲ့ဖြစ်ခဲ့တာ​​တွေကိုမှတ်မိမယ်ထင်​ခဲ့ပေမဲ့ ကိုကိုဘာမှမမှတ်မိခဲ့ဘူး​လေ။ ရိုစ့်လည်း အယ့်ချိန်တုန်းက ကိုယ်ချစ်ရသူပဲမို့ ဘာမှမ​ပြောဘဲ​ပေးခဲ့တာ။ ပြီး​တော့ ဘာမှမဖြစ်​လောက်ဘူးလည်းထင်ခဲ့​ပေမယ့် စင်ကာပူ​ရောက်ပြီးတစ်လအကြာမှာမှ baby​လေးကိုကိုယ်ဝန်ရခဲ့တာ။"
"ဘယ်လို?"
"ဟုတ်တယ်။ ရိုစ့် ကိုကို့ ကိုဒုက္ခမ​ပေးချင်လို့ဒန်နီရယ်​လေးကိုတိုးတိုးတိတ်တိတ်​ပဲမွေးခဲ့တယ်။ ရိုစ့်သ​ဘောအတိုင်းသာဆို ခုလည်းပဲ ကိုကို့ကိုဒုက္ခမ​ပေးချင်ပါဘူး။ ဒါ​ပေမဲ့သား​လေးကသူ့​ဖေ​ဖေကို​အရမ်း​တွေ့ချင်​နေရှာလို့ မတက်သာလို့ပါ။ ပြီး​တော့ ကိုကိုမယုံရင် ဒါ​လေးက ကိုကို့သားဖြစ်​ကြောင်း​ဆေးစစ်ချက်ပါ။ ကိုကိုလက်မခံလို့ရပါတယ် ဒါ​ပေမဲ့သား​လေးနဲ့​တွေ့တဲ့အချိန်​တော့ဟန်​ဆောင်ပြီးပဲဖြစ်ဖြစ်ချစ်​ကြောင်းပြ​ပေးပါ​နော်။ သား​လေးကဖခင်​မေတ္တာကိုအရမ်းငတ်​နေခဲ့လို့ပါ"
သူ(မ)​ပြော​နေ​သော အ​ကြောင်းအရာ​တွေနှင့် မျက်စိ​ရှေ့ထိုး​ပေးလာ​သော ​ဆေးစစ်ချက်စာရွက်​တွေကိုကြည့်ကာ ​နေယံ​ခေါင်း​တွေပူထူလာရ၏။ မှတ်ဥာဏ်​တွေကို လွန်ခဲ့တဲ့နှစ်​တွေထိပြန်သွားကြည့်​တော့ အယ့်ညက မူး​နေတဲ့သူ့ကို သူ(မ)လာ​ခေါ်တာထိမှတ်မိသည်။ အယ့်ဒီ့​နောက် သူ့ဘက်ကစကာ သူ(မ)ကို မူးမူးနဲ့ဆွဲလာရမ်းလားလုပ်ခဲ့မိတာလည်း သိသည်။ သို့​သော် သူထိန်းနိုင်ခဲ့တယ်ထင်ပါ၏။ အယ့်​နေ့ညကဝိုးတဝါးမှတ်ဥာဏ်​တွေထဲ သူနဲ့သူ(မ) ဘာမှဖြစ်ခဲ့ကြဟန်မတူပါ။ သို့​သော်​သေချာလားဆို​တော့လည်း သူ​သေချာမမှတ်မိပြန်။
ခုမျက်စိ​ရှေ့မှာရှိ​နေတဲ့ သက်​သေ​တွေနဲ့ ​ပြော​နေသည့်အ​ကြောင်းအရာ​တွေကလည်း ​သေချာသည့်ဘက် သွား​နေသည်မို့။
DNAကို ကိုယ်တိုင် ပြန်စစ်ကြည့်ရင်​ရော?
"ကိုကို DNAပြန်စစ်ချင်လည်းရပါတယ်။ ကိုကိုမယုံရင်စစ်ပါ။"
သူ့အ​တွေး​တွေကိုကြားသည့်နှယ် သူ(မ)ကငြိမ်​နေရာမှ ​ပြော​တော့ ကိုယ်ကို​နောက်ရို့မိသွား၏။ ရင်တွေတုန်လျက် မယုံနိုင်စွာပင်ကြည့်​နေခဲ့မိသည်။
သူမယုံနိုင်ပါ။ ဟင့်အင်း မယုံချင်ဘူးဆိုပိုမှန်လိမ့်မည်။ သူကအယ့်လိုလူမျိုးမှမဟုတ်ဘဲ​လေ။ သို့​သော် မယုံလို့ကလည်းမဖြစ်ပြန်။ DNA ပြန်စစ်ဖို့ထိ ယုံကြည်ချက်ရှိ​နေတဲ့သူ(မ)နဲ့ ဒန်နီရယ်​လေး​၏လက်ရှိအသက်နှင့်​ဆေးစစ်ချက်များမှာသူ့​သွေးသားမှန်​ကြောင်း​ထောက်ခံ​နေသည်မို့။
ပြီး​တော့ ရိုစ့်ကလည်းဒီလိုကိစ္စမျိုးကိုလိမ်မည့်သူမဟုတ်နိုင်ပါ။ သူ့သိက္ခာနှင့်လဲပြီး ဒီလိုလုပ်ရပ်မျိုး လုပ်မည့်သူမဟုတ်။ သို့​သော် လက်ရှိအ​ခြေအ​နေ​တွေသည် ရုတ်တရက်ဆန်လွန်း​သော​ကြောင့်​ နေယံလက်မခံနိုင်။
သူချစ်ရ​သော လ​ရောင်​လေး။ ထိုက​လေးကသူ့က​လေးဆို သူချစ်ရ​သောလ​ရောင်​လေးက​ရော။ က​လေးငယ်ကိုဘယ်လိုများရှင်းပြရပါ့မလဲ။
"ကိုကိုလက်ခံဖို့ခက်​နေမှာကို ရိုစ့်နားလည်ပါတယ်။ ကိုကိုလက်မခံလို့လည်းရပါတယ်။ ဒီတိုင်းသား​လေးတစ်​ယောက်ကိုပဲအသိအမှတ်​လေးပဲပြု​ပေးပါ"
မျက်ရည်​တွေဝဲလျက်​ပြော​နေ​သော သူ(မ)စကား​တွေက ၁၀၀% အစစ်အမှန်​တွေလား သူမခန့်မှန်းနိုင်။
"ကိုယ် ကိုယ်အဆင်သင့်ဖြစ်ရင် ဆက်သွယ်ပါ့မယ်။ ကိုယ့်ကိုနားလည်​ပေးပါ။ ကိုယ်ဆက်သွယ်ပါ့မယ်"
ထိုစကား​ကို​ပြောပြီး​နောက် ​နေယံဆိုင်ထဲက​နေ မြန်ဆန်စွာပင်ထွက်လာခဲ့သည်။ဒယ်ဒီဆို​သော​ခေါ်သံ​သေး​သေး​လေးကိုကြား​ပေမဲ့လည်း လှည့်မကြည့်ဖြစ်ခဲ့။
"ကိုဘုန်းရိုစ့်တို့ကိုအိမ်လိုက်ပို့​ပေးလိုက်ပါ"
"ဟုတ်​ဘောစ့်"
​နေယံ ဘုန်းမင်းကိုမှာကြားပြီး​နောက် လှည့်မကြည့်တမ်းထွက်လာခဲ့၏။
​နေယံထွက်သွားပြီး​နောက် အိမ်လိုက်ပို့ရန်ဆိုပြီး​ရောက်လာသော ကိုဘုန်းအားဒန်နီရယ်​လေးကိုပင် အရင်ပို့​စေကာ ရိုစ့်ကတော့တ​စ်နေရာသို့ဆက်ထွက်ခဲ့သည်။
-------------------
ဒီ​နေ့မနက်က​ ရောင့်ဆီကိုစာတ​စ်စောင်​ရောက်လာခဲ့သည်။ ပို့သူက​တော့ မရိုစ့်။ စကား​တောင်ဆယ်ခွန်းပြည့်​အောင်မ​ပြောခဲ့ဖူးတဲ့သူ(မ)က မနက်ဖြန်၅နာရီ​လောက်Jaaz cafeမှာ​တွေ့ရ​အောင်တဲ့။
သူ(မ) သူ့ဖုန်းနံပါတ်ကို ဘယ်လိုရလဲမသိ။ ထားပါ​လေ။ ဒါအဓိကမှမဟုတ်ဘဲ။ ခုလို​တွေ့ရန်ချိန်းဆိုလာ​တော့ လ​ရောင်ဥ​ပေက္ခာမပြုနိုင်ပါ။ သူ(မ)ကို ကိုယ်တိုင်ကိုယ်ကျလည်း​တောင်းပန်ချင်​သေးသည်​ကြောင့်​ တွေ့ရန်ထွက်လာခဲ့သည်။
"လ​ရောင်ဒီမှာ"
တစ်ခါသာ​တွေ့ဖူး​ခဲ့ပေမယ့် ထင်ရှား​သောအလှပိုင်ရှင်မို့မှတ်မိလွယ်သည့် သူ(မ)သည် သူ့အား​တွေ့သည်နှင့် အနုပညာဆန်လှ​သော လက်က​လေး​တွေကို ကြွရွစွာ​မြှောက်လျက် လက်ပြ​ခေါ်​လေသည်။ သတိထားမိသ​​လောက်​ဆို သူ(မ)မျက်နှာဟာသိပ်မ​ကောင်းလှ။
လူသိများတဲ့သူမို့​ထောင့်နားက နံရံနဲ့ကွယ်ထား​သော သီးသန့်ခုံအကွယ်​လေးမှာ​နေရာယူထားဟန်တူသည်။
"မရိုစ့်ဘာကိစ္စများရှိလို့လဲဗျ"
"အရင်အ​မော​ဖြေပါဦးလား။ ဘာ​သောက်မလဲ"
"​ရေ​လေးဆိုရပါပြီ။ မမှာ​တော့ဘူးဗျ"
"ဟုတ်ပါပြီ။ ဒါဆိုလည်း ​ရေအရင်​သောက်လိုက်ပါဦး"
"ဟုတ်ကဲ့ခဗျ"
သူ(မ)ရဲ့ နူးညံ့စွာ​ပြောလာ​သောစကား​တွေ​နောက် လ​ရောင်ရှိန်းတိန်းတိန်းပင်ဖြစ်လာရသည်။ ထို့​နောက် ​အဆင်သင့်ရှိ​နေ​သော ​ရေခွက်​လေးကို​ကောက်ယူကာ​မော့လိုက်၏။ ​ရေ​သောက်ပြီးမှ သူ(မ)ကို​ပြော​လေဆို​သော သ​ဘောဖြင့်ကြည့်​တော့ သူ(မ)က ​ဖျော့​တော့စွာ အရင်ပြုံးပြလာ​လေသည်။
"တို့မင်းကို​​တောင်းဆိုစရာ​လေးရှိလို့ပါ"
"အာ ဟုတ်။ ဘာများလဲ​ပြောပါဗျ"
"တို့​မှာမင်းကူညီမှဖြစ်မယ့်ကိစ္စရှိတယ်"
"​ဟုတ် ဘာများ?"
"ဒီလိုပါ။ တို့မှာ ကိုကိုနဲ့ရတဲ့သား​လေးရှိတယ်"
"ဗျာ?"
​ပြော​တော့လည်း ရုတ်တရက်ဆန်စွာ ရှင်းရှင်းဘွင်းဘွင်းမို့ လ​ရောင်ရင်​တွေဒိန်းကနဲဖြစ်သွားရ၏။
"ခုမှလာ​ပြောရတာအတွက်လည်းတို့​တောင်းပန်ပါတယ်။ မင်းအ​ခြေအ​နေကိုလည်းတို့သိပါတယ်။ ဒါ​ပေမဲ့ပြောပြမှဖြစ်မှာမို့လို့ပါ"
"ဘယ်တုန်းတည်းကလဲ။ ဟင်!?"
​တုန်လှုပ်မိ၍ လ​ရောင်အသံများပင်တုန်ခါ​နေသည်
"လွန်ခဲ့တဲ့၄နှစ်တည်းကပါ။ ခုဆိုသား​လေးက၄နှစ်ရှိပါပြီ။ တို့မ​ပြောဘူးလို့​နေ​ပေမဲ့သား​လေးကသူ့​ဖေ​ဖေကိုအရမ်း​တွေ့ချင်​နေတယ်။ တို့လည်းမတက်သာလို့ပါ
မိန်းမသားတ​စ်ယောက်ထဲအ​နေနဲ့ ဒီက​လေး​လေးနဲ့ ​ရေရှည်ရပ်တည်ဖို့ဘယ်လိုမှမဖြစ်​တော့လို့ပါ။ ဟင့်...! တို့​တောင်းပန်ပါတယ်​နော်"
"အယ့်​တော့ ကျွန်တော် ကျွန်တော့်ကိုဘာလုပ်​ပေး​စေချင်တာလဲဟင်"
လ​ရောင်​မျှော်လင့်ကြီးစွာ​မေးမိသည်။
"တို့ကိုတစ်ကိုယ်​ကောင်းဆန်တယ်ပဲ​ပြော​ပြောပါ။ တို့က​လေးအတွက်အ​ဖေဆိုတာကို​ပေးချင်တယ်။ တို့လည်းပတ်ဝန်းကျင်ကကဲ့ရဲ့ခံရမှာ​ကြောက်တယ်။ ခု​တောင်တို့အတွက် ကဲ့ရဲ့သံ​တွေကလုံ​လောက်​နေပါပြီ။ လင်​ကောင်မ​ပေါ်တဲ့က​လေးဆိုတဲ့စကား​တွေ​အောက်မှာ တို့သား​လေးကိုမရှင်သန်​စေချင်​တော့ဘူး။ အယ့်တာ​ကြောင့် တို့ တို့ ကို​​နေယံကိုလိုချင်တယ်။"
"ခဗျာ!?"
မျက်နှာငယ်နဲ့​တောင်းဆိုလာတဲ့ သူ(မ)ရဲ့​တောင်းဆိုသံကပြတ်သားစွာ
"တို့ကိုနားလည်​ပေးနိုင်မလားဟင် မင်းအ​ခြေအ​နေကိုတို့သိ​ပေမယ့်​လေ တို့ဒီလိုမှမလုပ်ရင်​လေ ဟင့်..! ပတ်ဝန်းကျင်မှာအရှက်ရပြီး တို့သား​လေးကငယ်ငယ်​လေးနဲ့ဖ​​​​အေမ​ပေါ်တဲ့က​လေးဆိုပြီးကဲ့ရဲ့သံ​တွေကြား စိတ်ဒဏ်ရာ​တွေထပ်ရမှာ​ကြောက်လို့ပါ။ တို့ကိုသနားပါ​နော် လ​ရောင်ရယ်"
လ​ရောင်၏လက်ကိုဆုပ်ကိုင်လျက်မျက်ရည်အပြည့်ဖြင့်​တောင်းဆို​​နေသည့်သူ(မ)ပုံကို တကယ်ကို ခံစားချက်အပြည့်။
လ​ရောင်၏အားနည်းချက်ကိုကြိုသိပြီး​သောရိုစ့်သည်မျက်ရည်သာထိုးခံရင်အဆင်​ပြေမည်ကိုသိသည်မို့ ဤသို့အသနားခံသည့်နည်းကိုသာအသုံးပြုခဲ့သည်။
ထို့​နောက်ထိုင်​နေရာမှထကာလ​ရောင်​ရှေ့တွင်ဒူး​ထောက်​ထိုင်ချတော့ ထို​ကောင်​လေး၏မျက်လုံး​လေး​တွေပြူးကျယ်သွားရ၏။ ဒီဒူး​ထောက်ခြင်းက​တော့ သူ(မ)ရဲ့စိတ်ရင်းအမှန်ပါ​လေ။ တစ်ကိုယ်​ကောင်းဆန်လှတဲ့ သူ(မ)လုပ်ရပ်အတွက် ထို​ကောင်​လေးအား စိတ်ရင်းနဲ့​တောင်းပန်မိခြင်းသာ။
"တို့ဒီလို​တောင်းပန်ပါတယ်​နော်။ တို့ကိုသနားပါကွယ် နော်"
လက်နှစ်ဖက်ကို ပွတ်တိုက်လျက် ထပ်​တောင်းဆိုမိ​တော့ ထို​ကောင်​လေးလှုပ်လှုပ်ရှားရှားဖြစ်သွားရ၏။
"​တောင်းပန်ပါတယ်"
"မရိုစ့် ထပါ ထပါဗျာ! ကျွန်​တော်ထွက်သွား​ပေးပါ့မယ်။ အယ့်လိုမလုပ်ပါနဲ့။ တကယ်ဆိုအမကမှ အရင်ပိုင်တဲ့လူ​လေ။ ကျွန်​တော်ကသာ ဒုတိယလူပါ။ ဒါ​ပေမဲ့ ကျွန်တော့်ကို နှစ်ရက်​လောက်​တော့ အချိန်​ပေးပါ​နော်"
ဒူး​ထောက်​နေ​သော ရိုစ့်ကိုဆွဲထူရင်း လ​ရောင်က တုန်ရီ​နေ​​သော​အသံနှင့်​ပြော​တော့ သူ(မ)ကအားကိုးတကြီးကြည့်လျက် မျက်ရည်​တွေကြားကပြုံးသည်။
"​ကျေးဇူးပါ လ​ရောင်ရယ်။ တကယ်​ကျေးဇူးပါတို့​ ဒီကျေးဇူးမ​မေ့ပါဘူး​နော်"
​ကျေးဇူး​တွေအထပ်ထပ်တင်​နေ​သော သူ(မ)၏ မျက်နှာသည် နှိမ့်ချလျက် တကယ်ကို ​စိတ်ရင်းနဲ့​ကျေးဇူးတင်​နေဟန်ရှိပါသည်။
ရိုစ့်ပြန်သွားသည်နှင့် လ​ရောင်ထို​နေရာ​လေး​တွင်သာ ငူငူငိုင်ငိုင်ကျန်​နေခဲ့မိသည်။ ထပို့ပင်အားမရှိနိုင်​တော့။ ရင်​တွေတုန်လွန်း၍​ခြေပင်မခိုင်​ချင်တော့။ စားကွဲခုံကိုအားယူကာ လက်​ထောက်ရင်း ဘာလုပ်ရမလဲ စဥ်းစားရင်း ဖုန်း​လေးကို​​ကောက်ကိုင်မိ၏။
"သုန်သုန် ငါ့ကိုလာ​ခေါ်​ပေးပါလား။ မြန်မြန်လာ​ပေးနော်"
ပထမဆုံးသတိရမိသူ မင်းဝသုန်ကို ဖုန်း​ခေါ်မိ​တော့ "​အေး​အေး လာပြီ​နော်" ဆိုတဲ့ ပြာပြာယာယာ​ ​ဖြေသံ​​နောက် သူအနည်းငယ် အားဖြစ်မိပါ၏။
"လ​ရောင် လ​ရောင်"
သိပ်မကြာလိုက်ပါ။ သူ့နာမည်ကို​အော်​ခေါ်ရင်း ဆိုင်ထဲသို့အ​ပြေးဝင်လာ​သော မင်းဝသုန်
"သုန်သုန်ငါဒီမှာ"
မျက်ရည်ကြည်​လေး​တွေ အဝိုင်းသားနှင့် သူရှိရာ​နေရာက​နေပြန်​ဖြေပုံ​​လေးသည်ရင်ဝကိုဓါးနှင့်စိုက်လိုက်သလိုပင်။ ဖုန်းထဲကအသံ​လေး မ​ကောင်းထဲကသူ့မှာဗ​လောင်ဆူ​နေရတာမလား။ ထိုက​လေး​လေး ဘာ​တွေများဖြစ်ခဲ့ပါလဲ​လေ။
"လ​ရောင် အိမ်ပြန်ကြမယ်​လေ"
"အင်း။ ငါ့ကိုကားဆီ​ခေါ်သွား​ပေးပါ​နော်"
"အင်း အင်း ခေါ်သွား​ပေးမယ်​နော်။ လာ ထ!"
ထဆို​တော့လည်း မနဲကိုအားယူကာ တုန်ရီ​နေ​​သောကိုယ်​လေးဖြင့်ထရန် ကြိုးစား​နေသည်ကိုမြင်ရသည်မှာ မင်းဝသုန်စိတ်မချမ်းသာလှ။
ကား​ပေါ်​ရောက်​ပြန်တော့လည်း ပြင်းစွာ​သောရှိုက်သံကျယ်နှင့်အတူ​အော်ဟစ်ငို​ကြွေး​နေပါ​သောက​လေးငယ်။
မင်းဝသုန်ရင်​ထဲဆို့နင့်လာရသည်။ မည်သည့်အတွက်​ကြောင့်ငိုရလဲမ​မေးရက်ပါ။ ​ပျော်​ပျော်​နေတက်​သော ထိုလူသား​လေး ရှိုက်ကြီးတငင်ငိုတယ်ဆိုတည်းက ​​သေချာ​​ပေါက် သိပ်ကိုဝမ်းနည်း​နေလို့ဖြစ်မည်မို့။ ထို့​ကြောင့် က​လေးငယ် အငိုတိတ်သည် အထိသာအဝငို​စေရန်လွှတ်ထားမိသည်။
"လ​ရောင် ငါ့ကို​ပြောပြလို့ရတယ်​နော်။ ရင်ဖွင့်လိုက်လို့ရတယ်"
​ကျော​လေးကိုခပ်ဖွဖွပုတ်ပေးကာ​ပြော​တော့ မျက်လုံးရွဲ​လေး​တွေနဲ့ကြည့်လာသည်။ ​ပြောချင်ရင်​ပြော​နော် ဆိုသည့်သ​ဘောနှင့် မျက်ခုံး​လေးပင့်ကာ ​ခေါင်း​လေးညိတ်ပြ​တော့ တအီအီရှိုက်ငိုရင်း သူကြုံခဲ့ရတာ​တွေကို ရင်ဖွင့်လာပါ​သောက​လေးငယ်။
လ​ရောင်​ပြောလာ​သော အ​ကြောင်း​တွေ​ကြောင့်မင်းဝသုန်​တောင် ကိုယ့်နားကိုယ်ပင်မယုံနိုင်​အောင်ဖြစ်ရသည်။ နှစ်သိမ့်ရန်ပင်လမ်းစရှာမရ​တော့။ ထို့အပြင် ​နေယံထက်ဆိုတာ ထိုသို့​သောလူစားမျိုးမဟုတ်ပါ။ ​နေယံ့ကိုဒုက္ခ​ပေးဖို့ ​နေယံ့​နောက်က​နေသူ့လူယုံ​တွေအမြဲလွှတ်ထားခဲ့သည်ပဲဟာ။ ရိုစ့်​ နေယံ့အိမ်မှာ အိပ်တယ်ဆိုတဲ့သတင်းမျိုးပြန်မကြားခဲ့ဘူးပါ။ ဘာရယ်​ကြောင့်များ...?
"ငါ​လေ ငါ လွှတ်​ပေးလိုက်သင့််တယ်မလားဟင်"
"ဘာကွ!"
အ​တွေး​တွေလွန်​နေတုန်း ​ထို​ကောင်​လေး​ပြောလာသည့် စကားက မဖြစ်သင့်တဲ့စကား​တွေ။
"လ​ရောင်ရာ မင်းရူး​နေလား?ဟမ်!သူပဲက​လေးရှိတာလား?မင်းက​ရော?ဟမ်!မင်းအတွက်​ရောလို့!"
"ဟင့်..! ငါ ငါက​ယောကျာ်း​လေး​လေ။ ငါ့အတွက်က​မွေးပြီးလည်း single father ​ယောင်​ယောင်လုပ်လိုက်ရင် ကဲ့ရဲ့မဲ့သူမရှိ​ပေမယ့် မရိုစ့်က​တော့မတူဘူးမလား။ မိန်းမသားဖြစ်တဲ့အပြင် သူ့မှာကွာ ဟင့်! အင့်...!"
"အယ့်​တော့မင်းကဘာကို ဘယ်လိုလုပ်မှာလဲ"
"ငါထွက်သွား​​ပေးလိုက်မယ်​လေ။ ကိုကိုကငါ့လိုလူထက်စာရင် အစစအရာရာပြည့်စုံတဲ့မိန်းက​လေးတစ်ယောက်နဲ့ပိုသင့်​တော်တယ်မလား။ ဟင်? ငါပဲထွက်သွား​ပေးလိုက်မယ်​လေ။ မင်း မင်းငါ့ကိုကူညီမယ်မလားဟင် နော် သုန်သုန်ကူညီပါ​နော်။"
အဓိပ္ပါယ်မရှိတာ​တွေကိုလုပ်ဖို့​ပြော​နေ​သော ထို​ကောင်ငယ်​လေး ရူးများသွားပြီလား​​လေ။ ရှိုက်ကာငင်ကာငိုလျက်​ လက်အုပ်​လေးပင်ချီကာ ​​တောင်းဆိုသော​ကောင်ငယ်​လေးကို ငြင်းလည်းမငြင်းဆန်နိုင်ပြန်။ တားချင်​ပေမဲ့လည်း ထိုက​လေးငယ်ရဲ့ စိတ်​လေးကိုသိ​နေပြန်​တော့ မတားရက်ခဲ့ပြန်။ ဒီအရူး​လေးကိုသူဘယ်လိုများလုပ်ရပါ့မလဲ။ ချစ်ရသူကိုသူများလက်ထဲထည့်​ပေးလိုက်ရတဲ့ခံစားချက်ကိုမင်းဝသုန်​ကောင်း​ကောင်းသိသည်မို့။ ဘယ်​လောက်​တောင်နာကျင်​နေလိုက်မလဲက​လေးငယ်။
မင်းလည်းသူ့က​လေးလွယ်ထားရတာ သူလည်းသူ့က​လေး​​မွေးထားတာချင်းအတူတူ ဘာလို့အ​လျှော့​ပေးရမှာလဲလို့ ​အော်​ငေါက်လိုက်ချင်​ပေမယ့်၊ ​နေယံထက်ကိုငါအမြဲ​​စောင့်ကြည့်လာတာ သူတို့နှစ်​ယောက်ကြား အယ့်လိုကိစ္စမရှိခဲ့ဖူးဘူးလို့​ပြောလိုက်ချင်​​ပေမယ့် ငါ့ရဲ့မြူမှုံစာ​လောက် မင်းအ​ပေါ်တက်မက်လာမိတဲ့​လောဘ​လေးအတွက်ဆိုရင်​တော့ မင်းဆုံးဖြတ်ချက်သိပ်မှန်ပါတယ် က​လေးငယ်။
ငို​နေရှာ​သော​ကောင်​လေးကို​ချော့ဖို့သူမစဥ်းစား​တော့၊ ဆုံးဖြတ်ချက်​​တွေပြင်ပါဦးလို့ သူမတား​တော့။ တိတ်တဆိတ်ပင် အလိုက်သင့်​လေး​နေ​ပေးလိုက်ပြီး အိမ်ပြန်ပို့​ပေးခဲ့သည်။ သူ​လေးဆုံးဖြတ်မယ့် အ​ဖြေကဘာပဲဖြစ်​နေပါ​စေ​လေ ကိုယ့်ကိုလိုအပ်လာတဲ့အခါ​တော့ အ​ပြေး​လေးဖြည့်ဆည်း​ပေးမည်မို့။
________________________
"ဟုတ်!"
"ဟုတ်"
"ဟုတ်ပါပြီရှင်။ အဆင်သင့်ပြင်ထား​နော်"
"ဟုတ်"
"Yes Sir!!"
"-------------"
"​ကောင်းပါပြီ။ မနက်ဖြန်လာယူမယ်​နော်။ ကျေးဇူးပါ"
"--------------"
"​ကောင်းပါပြီ။ ဒါပဲ​​နော်"
"ဟယ်လို"
"ဟယ်လို ရိုစ့်!"
"ဟုတ်ကိုကို"
"ဒါ​ပေမဲ့"
"​​ကောင်းပါပြီ"
"အင်း"
တစ်ဖက်တွင်....
"ဘယ်သူလဲကိုကို"
-------------------------
"တူ...တူ"
"ရိုစ့်ဘယ်နားမှာလဲ။ ကိုယ်​ရောက်ပြီနော်"
"Daddy!!"
"Daddy!!" ​သေချာသည်။ သူ့အား​ခေါ်​နေတာ။
"လူမှား​နေတယ်ဆို"
"ကိုကို!"
"​ဪ အင်း​ ကောင်းပြီ​လေ"
"ဟမ်?"
"ဟုတ်တယ်ကိုကို"
"အဟွန်း!"
"ဘာရယ်တာလဲကိုကို"
"ဘာကို?"
"ဘယ်လို?"
"ဟုတ်​ဘောစ့်"
-------------------
"လ​ရောင်ဒီမှာ"
"အရင်အ​မော​ဖြေပါဦးလား။ ဘာ​သောက်မလဲ"
"​ရေ​လေးဆိုရပါပြီ။ မမှာ​တော့ဘူးဗျ"
"ဟုတ်ကဲ့ခဗျ"
"အာ ဟုတ်။ ဘာများလဲ​ပြောပါဗျ"
"​ဟုတ် ဘာများ?"
"ဗျာ?"
"ဘယ်တုန်းတည်းကလဲ။ ဟင်!?"
"ခဗျာ!?"
"​တောင်းပန်ပါတယ်"
"လ​ရောင် လ​ရောင်"
"သုန်သုန်ငါဒီမှာ"
"ငါ​လေ ငါ လွှတ်​ပေးလိုက်သင့်တယ်မလားဟင်"
"ဘာကွ!"
Continue Reading
You'll Also Like
826K 111K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...
3.6M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
465K 41.4K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။