နေယံတစ်ယောက် အခန်းထဲတွင် ဟိုလျှောက်သည်လျှောက်နှင့် ပြာယာခတ်နေခဲ့သည်။ ရိုစ့်နဲ့သွားတွေ့ပြီး ပြန်လာတော့ အိမ်တွင် လရောင်လေးကရှိမနေ။ အပြင်သွားမယ်လည်း မပြောထားဘဲ ထွက်သွားသည်မို့ စိတ်ပူလှသည်။ ဖုန်းဆက်တော့လည်း မကိုင်ပြန်။ ထိုကလေးလေး တစ်ယောက်တည်း ဘယ်များသွားပါလဲလေ။
"ချောက်!"
ထိုစဥ် တံခါးဖွင့်သံနှင့်အတူ ပွင့်လာသော အခန်းတံခါးနောက် ဝင်လာသူက မျှော်နေရသူကလေးငယ်။ နေယံ လရောင်နားသို့အပြေးသွားမိသည်။
"လရောင် လရောင် ဘယ်သွားတာလဲကလေး? ဟင်! "
"ဟင့်!"
"ဟင် ငိုနေတာလား? ဘာလို့လဲကလေး။ ကိုယ့်ကိုကြည့်ဦးလေ"
သူကသာစကားတွေတရစပ် ဆိုနေသော်လည်း ထိုကလေးကတော့ ဘာစကားမှပင်မဆို နေယံရင်ခွင်ထဲသို့သာအတင်းတိုးဝှေ့ဝင်လျက် ရင်ခွင်ကျယ်ကိုမျက်နှာအပ်ငိုနေလေသည်။
"ကလေးလေး?"
"ရောင်ဗိုက်အောင့်လွန်းလို့လန့်သွားလို့ပါ"
အသံကိုအနဲငယ်မြှင့်ကာ ခေါ်လိုက်တော့ တအီအီရှိုက်ငိုသံတွေနောက် ထွက်လာသော ဖြေရှင်းသံသေးသေးလေး။
"ဟုတ်လို့လားရောင်ရယ် ကိုယ့်ကိုဘာလို့ဖုန်းမဆက်တာလဲ"
"ဒီတိုင်း ကိုကိုပင်ပန်းနေမှာစိုးလို့ပါ။ ရောင်အဆင်ပြေသွားပြီနော်"
ရင်ခွင်ထဲကနေမော့ကာ မျက်လုံးရွဲလေးတွေနဲ့ကြည့်ပြီးဖြေလေတော့ ခေါင်းလုံးလေးကို တယုတယဖွဖွလေးနမ်းမိသည်။
ဤလူသားလေးကို ဘယ်လိုများပြောပြရပါ့မလဲ။ ဘဝတစ်လျှောက်ရွေးချယ်မှုပေါင်းများစွာ လုပ်ခဲ့ဖူးပေမယ့်၊ ပြသနာပေါင်းများစွာ ဖြေရှင်းခဲ့ဖူးပေမယ့်လည်း လေ ထိုပြသနာတွေကြောင့် တစ်ခုခုကိုဆုံးရှုံးလိုက်ရမှာကို တစ်ခါမှ ဤမျှလောက် အူတွေအသည်းတွေထဲကနေလှိုက်နေအောင် မကြောက်ခဲ့ဖူးပါ။ မတုန်လှုပ်ခဲ့ဖူးပါလေ။
![](https://img.wattpad.com/cover/225681196-288-k5286.jpg)
YOU ARE READING
💓ချစ်ရပါသောရှပ်ပြာလေး💓 (Completed)