Part2

41.2K 3.1K 53
                                    

​ဖျော်​ဖြေပွဲ​လေးစတင်​တော့ ​ပွဲကြည့်ပရိသတ်များ၏​ရှေ့တွင်မျက်လုံး​လေး အသာအယာမှိတ်ကာစန္ဒယားတီး​နေ​သော Roseသည် မြင်သူတိုင်းကမှင်သက်ရ​လောက်​အောင်လှပ​သောနတ်သမီး​လေးတပါးသဖွယ်

"လှရက်လိုက်တာ"

ရှည်သွယ်သွယ် လက်ချောင်းပြည့်ပြည့်လေးတွေက သံစဉ်တွေကိုဖော်ကျူးလို့​ ဟောခန်း၁ခုလုံးသူ(မ)၏ စန္ဒာယားသံညိမ့်ညိမ့်​လေးမှတပါး ဘာမှမကြားရချေ။လူတိုင်းကလိုက်ပါ စီး​​မြော​နေကြသည်။

သို့​သော် ထိုပွဲထဲတွင် ရှိမ​နေခဲ့သူ တစ်ယောက်​​တော့ရှိသည်။
-----------------
ဆိတ်ငြိမ်တိတ်ဆိတ်​​သောပန်းချီဆွဲသည့်အခန်း​လေးထဲတွင် စုတ်တံ​လေးကို​ ပေါ့ပါးစွာကိုင်လျက် ပြတင်း​ပေါက် အပြင်ဘက်မှရူခင်းကို လှပစွာ​ရေးခြစ်​နေ​သော​ ကောင်​လေး၁​ယောက် ။

သူ့ပုံ​လေးက​ အေးချမ်းကာ တစ်​လောကလုံးကို အပိုင်စားရထားသည့်နှယ် စိတ်ဝင်တစား​ရေးဆွဲ​နေ​လေသည်။သို့​သော် သိပ်မကြာလိုက်ပါ  တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်​လေသောခပ်ကျိတ်ကျိတ်အသံ၂ခု​ကြောင့် အမှတ်မထင်နားစွင့်မိသည်။ တကယ်ကို အမှတ်မထင်ရယ်ပါလေ။

"ချစ်​ကမသွားလို့မရဘူးလားကွာ"

"ဟင့်အင်း မရဘူး။သွားမှဖြစ်မယ်ကိုရယ်။ ချစ်ကိုခဏပဲထပ်​စောင့်​​ပေးပါ နော်!"

"ဘယ်​လောက်လဲ ကိုယ်ဘယ်​လောက်တောင်ထပ်​စောင့်ရမှာလဲကွာ။ကို​ယ်စောင့်ခဲ့တာ၁၀နှစ်ရှိပြီ။ ကိုယ်မင်းကိုချစ်လွန်းလို့​စောင့်​နေ​ပေးခဲ့တာကွ "

"ကျစ်! ချစ်​​တောင်းပန်ပါတယ်ကွာ။သွား​ရတော့မယ်။ ချစ်ကို​စောင့်​နေ​ပေးပါကိုရယ် ​​​။နော်"

" ချစ်! မင်း! ဟင်း!!!"

မိမိ၏ တုံ့ပြန်စကားကိုပင်မစောင့် ပြောချင်ရာပြောကာထွက်သွားသော ချစ်ရသူဘိုကပြားမလေး၏ ကျောပြင်ငယ်လေးကို ကြည့်ရင်း နေယံထက်တစ်ယောက် သက်ပြင်းသာချမိသည်။

ပွဲပြီးပြီးချင်းပင် ပြည်ပပြန်ထွက်မယ်ဆို​သောRoseစကား​ကြောင့်သူတို့နှစ်ဦးလူရှင်း​​သော​နေရာတစ်ခုတွင်စကားများကာအ​ချေအတင်ဖြစ်​နေကြခြင်းပင်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now