နေယံတစ်ယောက် မိုးလင်းတာနဲ့ လရောင်အိပ်စက်နေရာ ကုတင်ဘေးတွင်ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ မနေ့ကသူ့ကလေးလေး စိတ်ဆိုးသွားသည်မို့ ချော့ရဦးမှာဖြစ်တာကြောင့်ပင်
"လရောင်!ပေါက်စ၊ ကလေးလေး မနိုးသေးဘူးလား"
နောက်ကနေ အမည်နာမမျိုးစုံကိုခေါ်လျှက်နှိုးမိတော့ ကျောပြင်ငယ်လေးသည် အနည်းငယ်လှုပ်သွားလေသည်။ သေချာပါသည်။ ထိုကလေးလေးနိုးနေလောက်ပြီ။
"ကိုယ်တောင်းပန်ပါတယ်ကွာ။ မလုပ်သင့်တာကိုလုပ်လိုက်မိတယ်။ ကိုယ်ပြောချင်တာ ကိုယ်ရင်ခုန်တာ မင်းလို့ပြောချင်မိတာပါ။ ကိုယ်မင်းကိုချစ်မိနေတာလို့ပြောချင်တာပါ။ တောင်းပန်ပါတယ်။ ကိုယ် မင်းစိတ်ကို မမေးဘဲလုပ်လိုက်မိတာ။ ကိုယ်မှားသွားတယ်။ မင်းမကြိုက်ရင် ကိုယ်မလုပ်တော့ဘူးလေနော် "
နေယံ့အသံသည်ပြောနေရင်း တဖြည်းဖြည်း တိုးသွားလေသည်။ ထိုအခါကျောပေးထားသော ကောင်လေးဟာလှည့်လာကာ မျက်ထောင့်နီလေးနှင့်ကြည့်လေရဲ့။
"တောင်းပန်ပါတယ်လို့။ ဟင်...မင်းမကြိုက်ရင် မပြောတော့ဘူးလေကွာ"
လှည့်ကြည့်လာသော ကောင်လေးကိုကြည့်ကာ မျက်နှာငယ်လေးနဲ့ပြောတော့ ထိုလူသားလေးရဲ့မျက်နှာလေးဟာ အနည်းငယ်ပြုံးယောင်သန်းသွားသလို။ တကယ်တော့ မနေ့ကလုပ်ရပ်မှာ သူမှားတာမှန်သည်။ ဘယ်လောက်ပဲ အသည်းယားပါစေ ချစ်မိပါစေ နှစ်ဦးနှစ်ဖက် သဘောမတူကြသေးတဲ့အခြေအနေမှာ ဒီလိုမလုပ်သင့်ဘူးမလား။
"ကိုနေယံမှားတာသိလား"
"အင်း"
"ကျွန်တော်လန့်သွားတာလေ"
"တောင်းပန်ပါတယ်"
"ဒီတစ်ခါရော ကလေးတွေကိုနမ်းတာပဲလား"
"ဟင့်အင်း ကိုယ်မင်းကိုချစ်လို့နမ်းမိတာပါ။"
နေယံပြောလိုက်သော ထိုစကားကြောင့် လရောင် ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ကာ ခိုးရယ်လိုက်မိသည်။
YOU ARE READING
💓ချစ်ရပါသောရှပ်ပြာလေး💓 (Completed)