Part11

35.1K 2.7K 41
                                    

လ​ရောင်နှင့်​နေယံတို့ ထိုညက ​ရောင့်မားမားတို့အိမ်တွင်သာအိပ်ကာ မိုးစင်စင်လင်းမှ ပြန်လာဖြစ်ကြ​သည်။ ပြန်လာသည့်လမ်းတစ်​လျှောက် ​နေယံက​ စကား​တွေ​ပြော​နေ​​သော်လည်း လ​ရောင်က​တော့တိတ်ဆိတ်လို့​နေ​လေသည်။ မျက်နှာကို ကားမှန်ဘက်အတင်းလှည့်ထားကာ အပြင်ဘက်သို့သာ​ငေး​နေ​လေရဲ့။ မ​နေ့ညက သူတို့နှစ်ဦးကြား မျက်နှာပူစရာ​တွေဖြစ်ခဲ့ရတယ်မလား။

Flash back.....

"မားမား​ရောင်တို့ အိပ်​တော့မယ်​နော်"

"​အေးပါ။ လှေကားဖြည်းဖြည်းတက်​ရောင်​ရောင်​လေး"

"ဟုတ်မား အာဝါးကြီး​ပေးဦးမယ်"

ပါးစပ်ကလည်း​​​ပြောရင်း လူကလည်း သူ့မာမား နားသို့​ရောက်သွားကာ ပါးကိုဘယ်ပြန်ညာပြန်ရွှတ်ကနဲ နမ်းကာချွဲ​လေသည်။ ပြီးမှ သူ့ပါးပါးမှစ၍ အစ်မဖြစ်သူအထိအကုန်တန်းစီကာ အာဘွား​လိုက်ပေး​သော​​ရောင်။ အားလုံးကိုအာဘွား​ပေးပြီး​တော့ ​ရောင်တစ်​ယောက် ​နေယံ့လက်ကိုဆွဲကာအ​ပေါ်တက်မည်အပြု သူ့မားမားနှင့်မမကဦး​ဆောင်၍​ပြော​သော

"​ရောင်​ရောင်တ​စ်ယောက်ကျန်​သေးတယ်​လေ" ဆို​သောစကားသံ​ထွက်လာ​လေသည်။

"ဘယ်သူလဲမားရဲ့"

​ရောင်ကမျက်ခုံး​လေးပင့်ကာ​မေး​တော့ နေယံကိုမျက်စပစ်ပြ​ကြသော​နှစ်​ယောက်။

"ကိုယ့်ယောကျာ်းကိုမ​မေ့ရဘူး​လေ​ရောင်​လေးရဲ့"

"ဟာမမကလည်း"

အမဖြစ်သူရဲ့စကား​ကြောင့် ​ရောင့်မျက်နှာ​လေးရဲကနဲဖြစ်သွားရသည်။

သူတို့နှစ်ဦးသည် နှစ်ဦးသ​ဘောတူ စာချုပ်နှင့်လက်ထပ်ကြတယ်ဆို​​သော်လည်း မိသားစုဝင်​တွေက​တော့ နှစ်ဦးသ​ဘောတူ​မေတ္တာမျှလို့ လက်ထပ်တယ်လို့ထင်​နေတာမလား။

"​ရောင်ရယ်​နေယံ​လေးသနားပါတယ်။ ရောင်ကအယ့်လိုလုပ်​တော့ဘက်လိုက်သလိုဖြစ်​နေတာ​ပေါ့။ ကိုယ့်​ယောကျာ်းကိုယ် ရှက်မ​နေစမ်းပါနဲ့ ဟားဟား..."

မားသည် ​ခေတ်ဆန်​သောအမျိုးသမီးပီပီ ​ထိုကိစ္စ​တွေကိုရှက်ရွံ့စရာဟုမ​တွေးဘဲ လက်ခံသင့်သ​လောက်လက်ခံကာ စ​နောက်ပြီး ရောင့်အားအ​ရောက်ပို့လေတော့ ​ရောင် မျက်လုံး​လေး​ထောင့်ကပ်ကာကြည့်​ပေးလိုက်သည်။ ​နေယံ့ကိုလည်း ​"ပြောဦး​လေ" ဆို​သောအကြည့်ဖြင့် အကူအညီ​တောင်းသလို လှမ်းကြည့်​တော့ ထိုလူကြီးသည် မျက်လုံးအကြည့်လွှဲသွား​လေသည်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now