(Unicode)
***********
Leon လည်း ပြတင်းပေါက်အပြင်ဖက်ကို ကြည့်လိုက်တော့ လမ်းမဘေးတွင် ကလေးတစ်စု ကစားနေကြပြီး ရေခဲမုန့်ရောင်းတဲ့ကားကြီးမှလည်း စပီကာသံကျယ်ကျယ်က
ကျယ်လောင်စွာ ထွက်ပေါ်နေသည်
"hey leon! ဘာတွေ ဖြစ်နေတာလဲ... အဆင်ပြေရဲ့လား "
"အော်...အေး အဆင်ပြေပါတယ်ကွာ... ဒါနဲ့ သချာ်တွေ
ရှင်းပြပေးရမယ်ဆို... ဘယ်ဟာလဲ ပြလေ... "
"Okay ခဏ "
လို့ဆိုလိုက်ကာ kristoff လည်း သူ့ကျောပိုးအိတ်ထဲမှ
စာအုပ်တစ်ချိူ့ကို ထုတ်ယူလိုက်သည်
************************************
9:00 PM (Night)
***************
"အား.....ဒီအခန်းမှာပဲ လှဲနေရတာ မွန်းကျပ်လိုက်တာ "
ဟုဆိုပြီး အိပ်ရာပေါ်တွင် jake လှဲနေရာမှ ထလိုက်ပြီး
အခန်းတံခါးကို ဖွင့်လိုက်သည်
အခန်းတံခါးဖွင့်ပြီး အောက်ထပ်ဆင်းလာသည်နှင့်တစ်ပြိုင်နက်
"သခင်လေး...ဘာများလိုအပ်လို့လဲရှင့်
ဘာကူညီပေးရမလဲ "
"ရတယ်...မလိုဘူး
ငါ့ဘာငါ လုပ်နိုင်တယ်.. "
"ဟုတ်ကဲ့ ဒါပေမယ့် သခင်ကြီးက..... "
"နင် တော်တော်ပြောရဆိုရခက်ပါလား....ငါ ဒီထက်စိတ်တိုမလာခင် သွားတော့ (ဒေါသတကြီးအော်သံဖြင့်) "
"ဟုတ်...ဟုတ်ကဲ့ သခင်လေး... "
"တောက်.....ဒီသောက်အဖိုးကြီး လုပ်တာနဲ့ အိမ်ဖော်တွေကအစ ငါ့စကားကို မနာခံကြတော့ဘူး.. "
စိတ်တိုတိုနဲ့ မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတွာထဲက ရေဘူးကို ထုတ်၍ သောက်လိုက်ပြီး တစ်စုံတစ်ယောက်ကြည့်နေသလို ခံစားရသဖြင့် အနားရှိပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်
အပြင်တွင်လည်း ဘယ်သူမျှ ရှိမနေပေ....
Jake လည်း ရေဘူးကို ပြန်ထည့်လိုက်ပြီး ရေခဲသေတွာထဲမှ
Sandwich တစ်ခုထုတ်ကာ အပေါ်သို့ပြန်တက်သွားလိုက်သည်
Jake သတိမထားမိလိုက်သည့်အရာက သူတို့ခြံထဲရှိ အုန်းပင်နားတွင် မျက်နှာဖုံးနှင့် ထူးဆန်းသည့်သူတစ်ယောက်
ချောင်းကြည့်နေခြင်းကိုပင်....
************************************
{ hey မတွေ့ရတာ ကြာပြီ နေကောင်းလား }
{ငါတို့ လမ်းခွဲကြရင် နှစ်ယောက်စလုံးအတွက် ပိုကောင်းမယ်
ထင်တယ် }
{အမေ.... ဒီနေ့ အိမ်မှာ ဘာဟင်းချက်လဲ }
{ဟင့်အင်း မင်းကို ငါမယုံဘူး....မင်းနဲ့ အဲ့ကောင်နဲ့က ဖောက်ပြန်နေကြတာမလား....}
"ဟူးးးးးးးးးးးးးးးး "
သက်ပြင်းရှည်ကြီး တစ်ချက်ကို Leon ချလိုက်မိသည်
Kristoff ပြန်သွားပြီးတဲ့နောက်ပိုင်းကစပြီး ဒီထူးဆန်းတဲ့
အသံတွေကို တစ်နေ့လုံးကြားနေရတော့သည်
ဘယ်သူတွေမှန်းလည်းသူမသိ....
ထို့ပြင် တစ်နေ့ကုန် ကိုယ့်အိမ်ကိုယ်ယာနဲ့ နေနေတာတောင်မှ
မလုံခြုံသလို ခံစားနေရသည်
တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုလို ဘာလိုလို
နဲ့ အတော်ကို ဆိုးတဲ့ ခံစားချက်ကြီးပဲ လို့တောင် leon တွေးမိသည်
အိမ်က လူတွေကိုလည်း သူဖြစ်နေသမျှ အကြောင်းစုံပြောပြပြီးပြီ....
အိမ်ကလူတွေကတော့ coma ဖြစ်ထားတာရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေလို့သာ ပြောနေကြပေမယ့်
ဒီလို ဖြစ်နေတာတွေကနေ တတ်နိုင်သလောက် မြန်မြန်ရုန်းထွက်ချင်လှပြီ.....
ဒီလိုနဲ့ အခုလို ဖြစ်နေတာတွေကို ချရေးထားဖို့ ဘောပင်ကို
ကိုင်ပြီး diary စာအုပ်ကို လှန်လိုက်တော့ စာအုပ်မှာ ဆက်ရေးရန် စာရွက် မရှိတော့ပေ
"အာ.....စာအုပ်ထွက်ဝယ်ရဦးမယ်
ပျင်းပါတယ်ဆိုမှ.... အင်း ဘာပဲဖြစ်ဖြစ် တစ်နေ့လုံး
အိမ်ထဲမှာပဲ အညောင်းမိနေမယ့်အစား အပြင်ထွက်ဖို့
အခွင့်အရေးရသွားတာပေါ့ "
ဒီလိုနဲ့ပဲ..... အိမ်က အမေကို ခွင့်တောင်းပြီး လမ်းထိပ်က
စတိုးဆိုင်ကို စာအုပ်ဝယ်ဖို့ ထွက်လာခဲ့တယ်
စာအုပ်ဝယ်ပြီး စတိုးဆိုင်ကနေ ပြန်ထွက်လာသည့်အထိ
ပြသာနာမရှိသေး...
အိမ်ပြန်လာရင်းကနေ သူ့နောက်မှ တစ်ယောက်ယောက်
လိုက်လာသလို ခံစားရသဖြင့် လှည့်ကြည့်လိုက်တော့လည်း
ဘယ်သူမှ မရှိ....
စိတ်ထင်တာပဲ နေမှာပါလေ ဆိုပြီး လမ်းဆက်လျှောက်လာရင်းကနေ....
{ကောင်လေး...မင်းအနောက်ကို သတိထား }
ရုတ်တရက် သူ့နားထဲ၌ အသံတစ်ခုကြားလိုက်ရသောကြောင့်
အနောက်ကို လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသည့် မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားသည့် လူတစ်ယောက်
ရုတ်တရက်ပေါ်လာပြီး leon အား ဓားနဲ့ ထိုးရန် ပြင်လိုက်သည်
တော်သေးသည်ဟု ဆိုရမည်လားမသိ... သူ့နားထဲမှ ထူးဆန်းသည့်အသံပြောတဲ့အတိုင်း ရှောင်တိမ်း၍
ထို ထူးဆန်းသည့်မျက်နှာဖုံးနှင့် လူလက်ထဲမှ အိမ်သို့
ရောက်အောင် အသက်လု၍ ပြေးလာခဲ့ရတော့သည်
အိမ်ရောက်သော်လည်း အခုထိ ကြောက်စိတ်က မပြေသေး
"သား ဘာဖြစ်လာတာလဲ အဆင်ပြေရဲ့လား "
"ဟုတ်...ဟုတ်... ကျတော်....နားတော့မယ်နော်.. အမေ
(မောဟိုက်နေသံဖြင့်)"
အခန်းထဲ ရောက်သည်နှင့် အိပ်ရာပေါ်ဝုန်းခနဲလှဲချလိုက်ပြီး
အနားရှိ ရေဘူးအား တစ်ကျိူက်ထဲ မော့သောက်ချလိုက်သည်
သူ့နားထဲတွင်လည်း ထိုအသံတွေက ရပ်မသွားသည့်အပြင် ပို၍ပင် ကျယ်လောင်လာနေတော့သည်
ထိုစဥ်
"ကလင် ကလင် "
ရုတ်တရက် ဖုန်းသံမြည်လာသောကြောင့် leon လည်း အိပ်ရာမှထကာ ဖုန်းအား ကောက်ကိုင်လိုက်သည်
"Hello "
"Heyy Leon! "
"Kristoff လား (မောဟိုက်နေသံဖြင့်) "
"အေး....ဒါနဲ့ မင်းအသံက ဘာဖြစ်နေတာလဲ
အဆင်ပြေရဲ့လား "
"အေး...ပြေပါတယ်...ဒါနဲ့ ဘာလို့ ဖုန်းခေါ်တာလဲ "
"အော်...ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး...
မင်းသိချင်နေလောက်မယ်ထင်လို့...
ငါ့ဦးလေး အလုပ်လုပ်တဲ့ ကုမွဏီက သူဌေးရဲ့သားကလည်း မင်းလိုပဲ coma ဖြစ်သွားတာတဲ့....နောက်ပြီး သူကလည်း
မင်းနဲ့တစ်ရက်တည်း ပြန်နိုးလာတာပဲ...အဲ့တာတွေအပြင်
ပိုပြီး ထူးဆန်းတာက အဲ့ကောင်လေးနာမည်က Jake Kennedy တဲ့.... မင်း ခဏခဏ ပြောနေတဲ့ နာမည်ပေါ့"
______________________________________
(Zawgyi)
***********
Leon လည္း ျပတင္းေပါက္အျပင္ဖက္ကို ၾကည့္လိုက္ေတာ့ လမ္းမေဘးတြင္ ကေလးတစ္စု ကစားေနၾကၿပီး ေရခဲမုန့္ေရာင္းတဲ့ကားႀကီးမွလည္း စပီကာသံက်ယ္က်ယ္က
က်ယ္ေလာင္စြာ ထြက္ေပၚေနသည္
"hey leon! ဘာေတြ ျဖစ္ေနတာလဲ... အဆင္ေျပရဲ႕လား "
"ေအာ္...ေအး အဆင္ေျပပါတယ္ကြာ... ဒါနဲ႕ သခ်ာ္ေတြ
ရွင္းျပေပးရမယ္ဆို... ဘယ္ဟာလဲ ျပေလ... "
"Okay ခဏ "
လို႔ဆိုလိုက္ကာ kristoff လည္း သူ႕ေက်ာပိုးအိတ္ထဲမွ
စာအုပ္တစ္ခ်ိဴ႕ကို ထုတ္ယူလိုက္သည္
************************************
9:00 PM (Night)
***************
"အား.....ဒီအခန္းမွာပဲ လွဲေနရတာ မြန္းက်ပ္လိုက္တာ "
ဟုဆိုၿပီး အိပ္ရာေပၚတြင္ jake လွဲေနရာမွ ထလိုက္ၿပီး
အခန္းတံခါးကို ဖြင့္လိုက္သည္
အခန္းတံခါးဖြင့္ၿပီး ေအာက္ထပ္ဆင္းလာသည္ႏွင့္တစ္ၿပိဳင္နက္
"သခင္ေလး...ဘာမ်ားလိုအပ္လို႔လဲရွင့္
ဘာကူညီေပးရမလဲ "
"ရတယ္...မလိုဘူး
ငါ့ဘာငါ လုပ္နိုင္တယ္.. "
"ဟုတ္ကဲ့ ဒါေပမယ့္ သခင္ႀကီးက..... "
"နင္ ေတာ္ေတာ္ေျပာရဆိုရခက္ပါလား....ငါ ဒီထက္စိတ္တိုမလာခင္ သြားေတာ့ (ေဒါသတႀကီးေအာ္သံျဖင့္) "
"ဟုတ္...ဟုတ္ကဲ့ သခင္ေလး... "
"ေတာက္.....ဒီေသာက္အဖိုးႀကီး လုပ္တာနဲ႕ အိမ္ေဖာ္ေတြကအစ ငါ့စကားကို မနာခံၾကေတာ့ဘူး.. "
စိတ္တိုတိုနဲ႕ မီးဖိုေခ်ာင္ထဲဝင္ကာ ေရခဲေသတြာထဲက ေရဘူးကို ထုတ္၍ ေသာက္လိုက္ၿပီး တစ္စုံတစ္ေယာက္ၾကည့္ေနသလို ခံစားရသျဖင့္ အနားရွိျပတင္းေပါက္ကို လွမ္းၾကည့္လိုက္သည္
အျပင္တြင္လည္း ဘယ္သူမွ် ရွိမေနေပ....
Jake လည္း ေရဘူးကို ျပန္ထည့္လိုက္ၿပီး ေရခဲေသတြာထဲမွ
Sandwich တစ္ခုထုတ္ကာ အေပၚသို႔ျပန္တက္သြားလိုက္သည္
Jake သတိမထားမိလိုက္သည့္အရာက သူတို႔ၿခံထဲရွိ အုန္းပင္နားတြင္ မ်က္ႏွာဖုံးႏွင့္ ထူးဆန္းသည့္သူတစ္ေယာက္
ေခ်ာင္းၾကည့္ေနျခင္းကိုပင္....
************************************
{ hey မေတြ႕ရတာ ၾကာၿပီ ေနေကာင္းလား }
{ငါတို႔ လမ္းခြဲၾကရင္ ႏွစ္ေယာက္စလုံးအတြက္ ပိုေကာင္းမယ္
ထင္တယ္ }
{အေမ.... ဒီေန႕ အိမ္မွာ ဘာဟင္းခ်က္လဲ }
{ဟင့္အင္း မင္းကို ငါမယုံဘူး....မင္းနဲ႕ အဲ့ေကာင္နဲ႕က ေဖာက္ျပန္ေနၾကတာမလား....}
"ဟူးးးးးးးးးးးးးးးး "
သက္ျပင္းရွည္ႀကီး တစ္ခ်က္ကို Leon ခ်လိဳက္မိသည္
Kristoff ျပန္သြားၿပီးတဲ့ေနာက္ပိုင္းကစၿပီး ဒီထူးဆန္းတဲ့
အသံေတြကို တစ္ေန႕လုံးၾကားေနရေတာ့သည္
ဘယ္သူေတြမွန္းလည္းသူမသိ....
ထို႔ျပင္ တစ္ေန႕ကုန္ ကိုယ့္အိမ္ကိုယ္ယာနဲ႕ ေနေနတာေတာင္မွ
မလုံၿခဳံသလို ခံစားေနရသည္
တစ္ေယာက္ေယာက္က ေစာင့္ၾကည့္ေနသလိုလို ဘာလိုလို
နဲ႕ အေတာ္ကို ဆိုးတဲ့ ခံစားခ်က္ႀကီးပဲ လို႔ေတာင္ leon ေတြးမိသည္
အိမ္က လူေတြကိုလည္း သူျဖစ္ေနသမွ် အေၾကာင္းစုံေျပာျပၿပီးၿပီ....
အိမ္ကလူေတြကေတာ့ coma ျဖစ္ထားတာရဲ႕ ေနာက္ဆက္တြဲျဖစ္စဥ္ေတြလို႔သာ ေျပာေနၾကေပမယ့္
ဒီလို ျဖစ္ေနတာေတြကေန တတ္နိုင္သေလာက္ ျမန္ျမန္႐ုန္းထြက္ခ်င္လွၿပီ.....
ဒီလိုနဲ႕ အခုလို ျဖစ္ေနတာေတြကို ခ်ေရးထားဖို႔ ေဘာပင္ကို
ကိုင္ၿပီး diary စာအုပ္ကို လွန္လိုက္ေတာ့ စာအုပ္မွာ ဆက္ေရးရန္ စာ႐ြက္ မရွိေတာ့ေပ
"အာ.....စာအုပ္ထြက္ဝယ္ရဦးမယ္
ပ်င္းပါတယ္ဆိုမွ.... အင္း ဘာပဲျဖစ္ျဖစ္ တစ္ေန႕လုံး
အိမ္ထဲမွာပဲ အေညာင္းမိေနမယ့္အစား အျပင္ထြက္ဖို႔
အခြင့္အေရးရသြားတာေပါ့ "
ဒီလိုနဲ႕ပဲ..... အိမ္က အေမကို ခြင့္ေတာင္းၿပီး လမ္းထိပ္က
စတိုးဆိုင္ကို စာအုပ္ဝယ္ဖို႔ ထြက္လာခဲ့တယ္
စာအုပ္ဝယ္ၿပီး စတိုးဆိုင္ကေန ျပန္ထြက္လာသည့္အထိ
ျပသာနာမရွိေသး...
အိမ္ျပန္လာရင္းကေန သူ႕ေနာက္မွ တစ္ေယာက္ေယာက္
လိုက္လာသလို ခံစားရသျဖင့္ လွည့္ၾကည့္လိုက္ေတာ့လည္း
ဘယ္သူမွ မရွိ....
စိတ္ထင္တာပဲ ေနမွာပါေလ ဆိုၿပီး လမ္းဆက္ေလွ်ာက္လာရင္းကေန....
{ေကာင္ေလး...မင္းအေနာက္ကို သတိထား }
႐ုတ္တရက္ သူ႕နားထဲ၌ အသံတစ္ခုၾကားလိုက္ရေသာေၾကာင့္
အေနာက္ကို လွည့္ၾကည့္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ထူးဆန္းသည့္ မ်က္ႏွာဖုံးႏွင့္ အနက္ေရာင္ဝတ္႐ုံရွည္ဝတ္ထားသည့္ လူတစ္ေယာက္
႐ုတ္တရက္ေပၚလာၿပီး leon အား ဓားနဲ႕ ထိုးရန္ ျပင္လိုက္သည္
ေတာ္ေသးသည္ဟု ဆိုရမည္လားမသိ... သူ႕နားထဲမွ ထူးဆန္းသည့္အသံေျပာတဲ့အတိုင္း ေရွာင္တိမ္း၍
ထို ထူးဆန္းသည့္မ်က္ႏွာဖုံးႏွင့္ လူလက္ထဲမွ အိမ္သို႔
ေရာက္ေအာင္ အသက္လု၍ ေျပးလာခဲ့ရေတာ့သည္
အိမ္ေရာက္ေသာ္လည္း အခုထိ ေၾကာက္စိတ္က မေျပေသး
"သား ဘာျဖစ္လာတာလဲ အဆင္ေျပရဲ႕လား "
"ဟုတ္...ဟုတ္... က်ေတာ္....နားေတာ့မယ္ေနာ္.. အေမ
(ေမာဟိုက္ေနသံျဖင့္)"
အခန္းထဲ ေရာက္သည္ႏွင့္ အိပ္ရာေပၚဝုန္းခနဲလွဲခ်လိဳက္ၿပီး
အနားရွိ ေရဘူးအား တစ္က်ိဴက္ထဲ ေမာ့ေသာက္ခ်လိဳက္သည္
သူ႕နားထဲတြင္လည္း ထိုအသံေတြက ရပ္မသြားသည့္အျပင္ ပို၍ပင္ က်ယ္ေလာင္လာေနေတာ့သည္
ထိုစဥ္
"ကလင္ ကလင္ "
႐ုတ္တရက္ ဖုန္းသံျမည္လာေသာေၾကာင့္ leon လည္း အိပ္ရာမွထကာ ဖုန္းအား ေကာက္ကိုင္လိုက္သည္
"Hello "
"Heyy Leon! "
"Kristoff လား (ေမာဟိုက္ေနသံျဖင့္) "
"ေအး....ဒါနဲ႕ မင္းအသံက ဘာျဖစ္ေနတာလဲ
အဆင္ေျပရဲ႕လား "
"ေအး...ေျပပါတယ္...ဒါနဲ႕ ဘာလို႔ ဖုန္းေခၚတာလဲ "
"ေအာ္...ဘာမွ ေထြေထြထူးထူးမဟုတ္ပါဘူး...
မင္းသိခ်င္ေနေလာက္မယ္ထင္လို႔...
ငါ့ဦးေလး အလုပ္လုပ္တဲ့ ကုမြဏီက သူေဌးရဲ႕သားကလည္း မင္းလိုပဲ coma ျဖစ္သြားတာတဲ့....ေနာက္ၿပီး သူကလည္း
မင္းနဲ႕တစ္ရက္တည္း ျပန္နိုးလာတာပဲ...အဲ့တာေတြအျပင္
ပိုၿပီး ထူးဆန္းတာက အဲ့ေကာင္ေလးနာမည္က Jake Kennedy တဲ့.... မင္း ခဏခဏ ေျပာေနတဲ့ နာမည္ေပါ့"
______________________________________