Drifting Into Silent Darkness...

By sawfranklin

4.7K 452 72

Synopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
𝔸𝕟𝕟𝕠𝕦𝕟𝕔𝕖𝕞𝕖𝕟𝕥

Chapter 16

115 17 10
By sawfranklin

(Unicode)
**********
9:30 PM
--------------
တိတ်ဆိတ်ပြီး ကြယ်ရောင် လရောင်မရှိသည့် ညတစ်ခုအလယ် ဆေးရုံခန်းတစ်ခုအတွင်း၌ နှလုံးခုန်နှုန်းတဖြည်းဖြည်းနှေးလာနေသော
Leon အား ကုသရန်အတွက် ဆရာဝန်များ အလုပ်ရှုပ်နေကြသည်

အခန်းအပြင်ဖက်တွင်လည်း leon ၏ မိဘများက
သူတို့သားအတွက် စိုးရိမ်နေကြလျက်....

ထိုအချိန်မှာတင် တဖြည်းဖြည်း နှင့် leon ၏ နှလုံးခုန်နှုန်းများက နှေးလာရာမှ ရုတ်တရက်ကြီး ငြိမ်ကျ သွားသောကြောင့်
ဆရာဝန်ခေါင်းဆောင်က နှလုံးခုန်စက်ဖြင့် နှလုံးပြန်ခုန်လာအောင် လုပ်နေရင်းကနေ လက်လျှော့လိုက်ပြီး
ကျန်သော ဆရာဝန်များအား စိတ်မကောင်းဟန်ဖြင့် ခေါင်းခါပြလိုက်သည်

"Mr.Leonardo Willkinson သေဆုံးချိန် ည
9 နာရီခွဲ...... "

"ဆရာ...ဆရာ ခဏနေဦး... နှလုံးခုန်တိုင်းတာတဲ့စက်ကို
ကြည့်လိုက် "

ဆရာဝန်ခေါင်းဆောင်လည်း နှလုံးခုန်စက်ကို ကြည့်လိုက်သောအခါတွင် ခုနက လုံးဝကို ငြိမ်ကျပြီး
ဖြောင့်တန်းသွားသော နှလုံးခုန် ကြိမ်နှုန်းပြ မျဥ်းကလေးသည် ပြန်၍ အလုပ်လုပ်လာသဖြင့် သူ့၏ မျက်လုံးများပင် မယုံနိုင်အောင် ဖြစ်သွားရသည်

ထို့နောက် တဖြည်းဖြည်း leon ၏ မျက်လုံးများလည်း
ပြန်ပွင့်လာတော့သည်

************************************
ရက်အနည်းငယ်ကြာတဲ့အထိကို.. leon ရဲ့ သေရွာပြန်ကိစွ
ကတော့ ဆေးရုံမှာရော..သူတို့ ပတ်ဝန်းကျင်နှင့် ကျောင်းမှာအထိကို နာမည်ကြီးနေခဲ့တော့တာပဲ

Leon ပြန်သတိရလာပြီဆိုတာနဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ဆရာဆရာမတွေက အစ လူနာ လာကြည့်ကြပြီး လက်ဆောင်တွေလည်း အများကြီး လာပေးကြတယ် တစ်ချိူ့ကလည်း သေရွာပြန်အတွေ့အကြုံတွေကို သိချင်လို့ လာစပ်စုကြတာပေါ့
ဒါပေမယ့် အဲ့လိုတွေ မေးလာတဲ့အချိန်တိုင်း leon ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်... မပြောချင်လို့တော့မဟုတ်....
အရာအားလုံးက နိုးတစ်ဝက်အိပ်မက်တစ်ခုလိုပါပဲ သူသတိရလာတာနဲ့ တစ်ပြိုင်နက် မေ့မျောနေတုန်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို လုံးဝမမှတ်မိတော့တာကြောင့်ပဲ ဖြစ်တယ်....

ဒီလိုနဲ့ပဲ ဆေးရုံမှာ 4 5 ရက်ခန့်နေပြီးတော့ ဆရာဝန်ကြီးရဲ့
ခွင့်ပြုချက်အရ leon လည်း ဆေးရုံဆင်းလာခဲ့တော့တယ်

ဆေးရုံဆင်းလာတဲ့အထိကို အိမ်မှာ လူနာလာမေးတဲ့ ဧည့်သည်တွေနဲ့ အချိန်ပြည့် စည်ကားလျက်...

ကျောင်းက ဆရာမတွေကတော့ စာမေးပွဲအရမ်းနီးနေပြီဆိုပေမယ့်
Leon ရဲ့ အခြေအနေကြောင့် စာမေးပွဲ မ​ဖြေခိုင်းတော့ပေ..

အိမ်က လူတွေကလည်း ဆရာဝန်မှာထားတဲ့အတိုင်း အနားယူခိုင်းရမယ်ဆိုပြီး.. အိမ်ထဲက အိမ်ပြင်ကို လုံးဝပေးမထွက်....

ဒါကြောင့်ပဲ Leon တစ်ယောက် အိမ်ထဲမှာ အကျယ်ချူပ်မိနေတော့သည်... :"(

ဒီလိုနဲ့ တစ်နေ့ သူ့အခန်းထဲက စာအုပ်စင်နှင့် ဗီရိုကို
ရှင်းနေတုန်း သူ့ diary စာအုပ်ကို သွားတွေ့သောကြောင့်
သန့်ရှင်းရေးလုပ်နေတာကို ခဏရပ်လိုက်ပြီး.. ကုတင်ပေါ် ထိုင်ကာ စာအုပ်ကို  ကောက်ဖတ်လိုက်သည်

စာအုပ်ဖတ်နေရင်း မျက်နှာကလည်း မှိုရသည့်အတိုင်းပဲ
ပြုံးစိစိနှင့်....

ထိုသို့ဖတ်နေရင်းကနေ တစ်နေရာအရောက်၌ မျက်မှောင်ကျူံလိုက်မိပြီး စိတ်ထဲကလည်း တွေးလိုက်မိသည်

"Jake က ဘယ်သူပါလိမ့်....နောက်ပြီး ဒီမဖြစ်နိုင်တဲ့
ပေါက်တတ်ကရတွေကို ငါ ဘာလို့ ရေးခဲ့တာလဲမသိ... "

"Leon! !! သားရေ.....
အောက်မှာ သားသူငယ်ချင်း Kristoff ရောက်နေတယ် "

"ဟုတ်...အမေ...
သူ့ကို အပေါ်တက်လာခိုင်းလိုက်ပါနော်... သား အောက်မဆင်းချင်တော့လို့ "

"အော် အေး အေး သား... !"

***********************************
"နိုးလာပါပြီလား သခင်လေး "

"အင်း (ခပ်ပြတ်ပြတ်လေသံဖြင့်)
ဟို အဖိုးကြီးရော အလုပ်သွားပြီမလား "

"ဟုတ်ကဲ့ သခင်ကြီးက မနက်စောစောထဲက meeting ရှိလို့ဆိုပြီး ထွက်သွားပါတယ်... "

"လာပြန်ပြီ ဒီ သောက် meeting က...
အမြဲတမ်း ဆင်ခြေဆင်လက်တွေချည်းပဲ "

"သခင်လေး ဘာများ လိုအပ်လည်းမသိဘူး
ကျမ တို့ ဘာလုပ်ပေးရမလဲဟင်... နေ့လည်စာအတွက်
ဘာများသုံးဆောင်ချင်ပါသလဲရှင့် "

"ရတယ်..... မလိုဘူး.. မင်းသွားလို့ရပြီ.. "

"ဒါပေမယ့် သခင်လေး.. အခုမှ နေပြန်ကောင်းလာတာကို
ဘာမှ မစားရင်... "

"လျှာမရှည်နဲ့.......သွားတော့လို့! !!!!!!!!"
(ဒေါသတကြီးအော်သံဖြင့်)

"ဟုတ်..ဟုတ်ကဲ့ သခင်လေး... "

"ဒီ သောက်အဖိုးကြီး.. ကိုယ့်သားကဖြင့် သေမလိုဖြစ်သွားတာကို အိမ်ဖော်တွေနဲ့ ထားခဲ့ရုံလောက်နဲ့
သူ့တာဝန်ကျေပြီ ထင်နေတာလားမသိ... အဟက်
ဒီနေရာမှာ အကို scott သာ ဖြစ်ကြည့်ပါလား..
ချက်ချင်းကို အဲ့ အရေးမပါတဲ့ သောက် meeting
တွေ ဖျက်ပြီး ပြန်ပြေးလာမှာ... တောက်! !!"

Jake ၏ အိပ်ရာဘေးစားပွဲပေါ်ရှိ မီးအိမ်ကလေး အနည်းငယ် လှုပ်ရမ်းသွားလေသည်

************************************
"ကဲ ဆိုစမ်းပါဦး.
စာမေးပွဲကဖြင့် မနက်ဖြန်လား သန်ဘက်ခါလားဖြစ်နေပြီကို
အခုချိန်ထိ လမ်းသလားနေရတဲ့အကြောင်း... "

"မင်းကတော့ လုပ်ပြီ... ကိုယ့်သူငယ်ချင်းကို စိတ်ပူလို့
လာကြည့်တာကိုတောင် အပြစ်ပြောနေတယ်ပေါ့လေ
အေး.. မှတ်ထား! နောက်ဆို မင်းသေသေရှင်ရှင် လာမကြည့်ဘူး "

"ဟားဟား... ! ငါက မင်းစာမေးပွဲအတွက် စိုးရိမ်လို့ပါကွ..
စာရော ပိုင်နေပြီမို့လို့လား... "

"ဟေ့ကောင်! ငါ့ကို လာပြီး အထင်မသေးစမ်းပါနဲ့ကွ
စာတွေ ပိုင်နေလို့ မင်းဆီ လာတာပေါ့ဟ... အဲ... ဒါပေမယ့်
သချာ်ကတော့ သိပ်မရသေးဘူးပေါ့... အဲ့တာကြောင့်ပဲ
နားမလည်တာတွေ ရှင်းပြခိုင်းဖို့ မင်းဆီ လာခဲ့တာ ဟဲဟဲ.."

"ငါထင်တယ်.... kristoff ဆိုတဲ့ ကောင်က သူ့အတွက်
အကျိူးအမြတ်မရှိဘဲနဲ့တော့ ငါ့ဆီ လာမှာ မဟုတ်ဘူးလို့... "

"အဟိ.... မင်းကလည်းကွာ.... "

"ထားပါတော့...ဒါနဲ့ ငါမင်းကို မေးစရာရှိလို့
မင်း Jake ဆိုတဲ့ နာမည်ကို ကြားဖူးလား "

"အင်း Jake Hamilton လား "

"ဘယ်ကသာ.... အဲ့ကောင်နဲ့ ငါက တစ်စက်ကလေးတောင်
တည့်တာမှ မဟုတ်ဘဲ... လမ်းသွားရင်တောင် ရှောင်သွားကြတာကို... "

"ငါသိတဲ့ jake ကတော့ သူပဲ ရှိတယ်.... "

"အေး... ငါလည်း မသိတော့ပါဘူးကွာ... "

ထိုစဥ်

{"ဟေးးးး သတိထားလေ... ကားလမ်းကူးတာ သေချာကူးမှပေါ့ "}

"အမ် ဘာလဲ "

"ဘာကိုတုန်း? "

"မဟုတ်ဘူးလေ... kristoff မင်း တစ်ခုခုပြောလိုက်သေးလား..
ကားလမ်းကူးတာ ဘာဆိုလားပဲ... "

"မပြောမိပါဘူး... ဘာလို့လဲ.. "

Leon လည်း စိတ်ရှုပ်နေသည့်ဟန်ဖြင့် ပြတင်းပေါက်အပြင်ဖက်အား လှမ်းကြည့်လိုက်သည်

______________________________________

(Zawgyi)
*********

9:30 PM
--------------
တိတ္ဆိတ္ၿပီး ၾကယ္ေရာင္ လေရာင္မရွိသည့္ ညတစ္ခုအလယ္ ေဆး႐ုံခန္းတစ္ခုအတြင္း၌ ႏွလုံးခုန္ႏႈန္းတျဖည္းျဖည္းႏွေးလာေနေသာ
Leon အား ကုသရန္အတြက္ ဆရာဝန္မ်ား အလုပ္ရႈပ္ေနၾကသည္

အခန္းအျပင္ဖက္တြင္လည္း leon ၏ မိဘမ်ားက
သူတို႔သားအတြက္ စိုးရိမ္ေနၾကလ်က္....

ထိုအခ်ိန္မွာတင္ တျဖည္းျဖည္း ႏွင့္ leon ၏ ႏွလုံးခုန္ႏႈန္းမ်ားက ႏွေးလာရာမွ ႐ုတ္တရက္ႀကီး ၿငိမ္က် သြားေသာေၾကာင့္
ဆရာဝန္ေခါင္းေဆာင္က ႏွလုံးခုန္စက္ျဖင့္ ႏွလုံးျပန္ခုန္လာေအာင္ လုပ္ေနရင္းကေန လက္ေလွ်ာ့လိုက္ၿပီး
က်န္ေသာ ဆရာဝန္မ်ားအား စိတ္မေကာင္းဟန္ျဖင့္ ေခါင္းခါျပလိုက္သည္

"Mr.Leonardo Willkinson ေသဆုံးခ်ိန္ ည
9 နာရီခြဲ...... "

"ဆရာ...ဆရာ ခဏေနဦး... ႏွလုံးခုန္တိုင္းတာတဲ့စက္ကို
ၾကည့္လိုက္ "

ဆရာဝန္ေခါင္းေဆာင္လည္း ႏွလုံးခုန္စက္ကို ၾကည့္လိုက္ေသာအခါတြင္ ခုနက လုံးဝကို ၿငိမ္က်ၿပီး
ေျဖာင့္တန္းသြားေသာ ႏွလုံးခုန္ ႀကိမ္ႏႈန္းျပ မ်ဥ္းကေလးသည္ ျပန္၍ အလုပ္လုပ္လာသျဖင့္ သူ႕၏ မ်က္လုံးမ်ားပင္ မယုံနိုင္ေအာင္ ျဖစ္သြားရသည္

ထို႔ေနာက္ တျဖည္းျဖည္း leon ၏ မ်က္လုံးမ်ားလည္း
ျပန္ပြင့္လာေတာ့သည္

************************************
ရက္အနည္းငယ္ၾကာတဲ့အထိကို.. leon ရဲ႕ ေသ႐ြာျပန္ကိစြ
ကေတာ့ ေဆး႐ုံမွာေရာ..သူတို႔ ပတ္ဝန္းက်င္ႏွင့္ ေက်ာင္းမွာအထိကို နာမည္ႀကီးေနခဲ့ေတာ့တာပဲ

Leon ျပန္သတိရလာၿပီဆိုတာနဲ႕ ေက်ာင္းက သူငယ္ခ်င္းေတြနဲ႕ ဆရာဆရာမေတြက အစ လူနာ လာၾကည့္ၾကၿပီး လက္ေဆာင္ေတြလည္း အမ်ားႀကီး လာေပးၾကတယ္ တစ္ခ်ိဴ႕ကလည္း ေသ႐ြာျပန္အေတြ႕အႀကဳံေတြကို သိခ်င္လို႔ လာစပ္စုၾကတာေပါ့
ဒါေပမယ့္ အဲ့လိုေတြ ေမးလာတဲ့အခ်ိန္တိုင္း leon ေျပာဖို႔ ျငင္းဆန္ခဲ့ပါတယ္... မေျပာခ်င္လို႔ေတာ့မဟုတ္....
အရာအားလုံးက နိုးတစ္ဝက္အိပ္မက္တစ္ခုလိုပါပဲ သူသတိရလာတာနဲ႕ တစ္ၿပိဳင္နက္ ေမ့ေမ်ာေနတုန္း ဘာေတြ ျဖစ္ခဲ့လဲဆိုတာကို လုံးဝမမွတ္မိေတာ့တာေၾကာင့္ပဲ ျဖစ္တယ္....

ဒီလိုနဲ႕ပဲ ေဆး႐ုံမွာ 4 5 ရက္ခန့္ေနၿပီးေတာ့ ဆရာဝန္ႀကီးရဲ႕
ခြင့္ျပဳခ်က္အရ leon လည္း ေဆး႐ုံဆင္းလာခဲ့ေတာ့တယ္

ေဆး႐ုံဆင္းလာတဲ့အထိကို အိမ္မွာ လူနာလာေမးတဲ့ ဧည့္သည္ေတြနဲ႕ အခ်ိန္ျပည့္ စည္ကားလ်က္...

ေက်ာင္းက ဆရာမေတြကေတာ့ စာေမးပြဲအရမ္းနီးေနၿပီဆိုေပမယ့္
Leon ရဲ႕ အေျခအေနေၾကာင့္ စာေမးပြဲ မ​ေျဖခိုင္းေတာ့ေပ..

အိမ္က လူေတြကလည္း ဆရာဝန္မွာထားတဲ့အတိုင္း အနားယူခိုင္းရမယ္ဆိုၿပီး.. အိမ္ထဲက အိမ္ျပင္ကို လုံးဝေပးမထြက္....

ဒါေၾကာင့္ပဲ Leon တစ္ေယာက္ အိမ္ထဲမွာ အက်ယ္ခ်ဴပ္မိေနေတာ့သည္... :"(

ဒီလိုနဲ႕ တစ္ေန႕ သူ႕အခန္းထဲက စာအုပ္စင္ႏွင့္ ဗီရိုကို
ရွင္းေနတုန္း သူ႕ diary စာအုပ္ကို သြားေတြ႕ေသာေၾကာင့္
သန့္ရွင္းေရးလုပ္ေနတာကို ခဏရပ္လိုက္ၿပီး.. ကုတင္ေပၚ ထိုင္ကာ စာအုပ္ကို  ေကာက္ဖတ္လိုက္သည္

စာအုပ္ဖတ္ေနရင္း မ်က္ႏွာကလည္း မွိုရသည့္အတိုင္းပဲ
ၿပဳံးစိစိႏွင့္....

ထိုသို႔ဖတ္ေနရင္းကေန တစ္ေနရာအေရာက္၌ မ်က္ေမွာင္က်ဴံလိုက္မိၿပီး စိတ္ထဲကလည္း ေတြးလိုက္မိသည္

"Jake က ဘယ္သူပါလိမ့္....ေနာက္ၿပီး ဒီမျဖစ္နိုင္တဲ့
ေပါက္တတ္ကရေတြကို ငါ ဘာလို႔ ေရးခဲ့တာလဲမသိ... "

"Leon! !! သားေရ.....
ေအာက္မွာ သားသူငယ္ခ်င္း Kristoff ေရာက္ေနတယ္ "

"ဟုတ္...အေမ...
သူ႕ကို အေပၚတက္လာခိုင္းလိုက္ပါေနာ္... သား ေအာက္မဆင္းခ်င္ေတာ့လို႔ "

"ေအာ္ ေအး ေအး သား... !"

***********************************
"နိုးလာပါၿပီလား သခင္ေလး "

"အင္း (ခပ္ျပတ္ျပတ္ေလသံျဖင့္)
ဟို အဖိုးႀကီးေရာ အလုပ္သြားၿပီမလား "

"ဟုတ္ကဲ့ သခင္ႀကီးက မနက္ေစာေစာထဲက meeting ရွိလို႔ဆိုၿပီး ထြက္သြားပါတယ္... "

"လာျပန္ၿပီ ဒီ ေသာက္ meeting က...
အၿမဲတမ္း ဆင္ေျခဆင္လက္ေတြခ်ည္းပဲ "

"သခင္ေလး ဘာမ်ား လိုအပ္လည္းမသိဘူး
က်မ တို႔ ဘာလုပ္ေပးရမလဲဟင္... ေန႕လည္စာအတြက္
ဘာမ်ားသုံးေဆာင္ခ်င္ပါသလဲရွင့္ "

"ရတယ္..... မလိုဘူး.. မင္းသြားလို႔ရၿပီ.. "

"ဒါေပမယ့္ သခင္ေလး.. အခုမွ ေနျပန္ေကာင္းလာတာကို
ဘာမွ မစားရင္... "

"လွ်ာမရွည္နဲ႕.......သြားေတာ့လို႔! !!!!!!!!"
(ေဒါသတႀကီးေအာ္သံျဖင့္)

"ဟုတ္..ဟုတ္ကဲ့ သခင္ေလး... "

"ဒီ ေသာက္အဖိုးႀကီး.. ကိုယ့္သားကျဖင့္ ေသမလိုျဖစ္သြားတာကို အိမ္ေဖာ္ေတြနဲ႕ ထားခဲ့႐ုံေလာက္နဲ႕
သူ႕တာဝန္ေက်ၿပီ ထင္ေနတာလားမသိ... အဟက္
ဒီေနရာမွာ အကို scott သာ ျဖစ္ၾကည့္ပါလား..
ခ်က္ခ်င္းကို အဲ့ အေရးမပါတဲ့ ေသာက္ meeting
ေတြ ဖ်က္ၿပီး ျပန္ေျပးလာမွာ... ေတာက္! !!"

Jake ၏ အိပ္ရာေဘးစားပြဲေပၚရွိ မီးအိမ္ကေလး အနည္းငယ္ လႈပ္ရမ္းသြားေလသည္

************************************
"ကဲ ဆိုစမ္းပါဦး.
စာေမးပြဲကျဖင့္ မနက္ျဖန္လား သန္ဘက္ခါလားျဖစ္ေနၿပီကို
အခုခ်ိန္ထိ လမ္းသလားေနရတဲ့အေၾကာင္း... "

"မင္းကေတာ့ လုပ္ၿပီ... ကိုယ့္သူငယ္ခ်င္းကို စိတ္ပူလို႔
လာၾကည့္တာကိုေတာင္ အျပစ္ေျပာေနတယ္ေပါ့ေလ
ေအး.. မွတ္ထား! ေနာက္ဆို မင္းေသေသရွင္ရွင္ လာမၾကည့္ဘူး "

"ဟားဟား... ! ငါက မင္းစာေမးပြဲအတြက္ စိုးရိမ္လို႔ပါကြ..
စာေရာ ပိုင္ေနၿပီမို႔လို႔လား... "

"ေဟ့ေကာင္! ငါ့ကို လာၿပီး အထင္မေသးစမ္းပါနဲ႕ကြ
စာေတြ ပိုင္ေနလို႔ မင္းဆီ လာတာေပါ့ဟ... အဲ... ဒါေပမယ့္
သခ်ာ္ကေတာ့ သိပ္မရေသးဘူးေပါ့... အဲ့တာေၾကာင့္ပဲ
နားမလည္တာေတြ ရွင္းျပခိုင္းဖို႔ မင္းဆီ လာခဲ့တာ ဟဲဟဲ.."

"ငါထင္တယ္.... kristoff ဆိုတဲ့ ေကာင္က သူ႕အတြက္
အက်ိဴးအျမတ္မရွိဘဲနဲ႕ေတာ့ ငါ့ဆီ လာမွာ မဟုတ္ဘူးလို႔... "

"အဟိ.... မင္းကလည္းကြာ.... "

"ထားပါေတာ့...ဒါနဲ႕ ငါမင္းကို ေမးစရာရွိလို႔
မင္း Jake ဆိုတဲ့ နာမည္ကို ၾကားဖူးလား "

"အင္း Jake Hamilton လား "

"ဘယ္ကသာ.... အဲ့ေကာင္နဲ႕ ငါက တစ္စက္ကေလးေတာင္
တည့္တာမွ မဟုတ္ဘဲ... လမ္းသြားရင္ေတာင္ ေရွာင္သြားၾကတာကို... "

"ငါသိတဲ့ jake ကေတာ့ သူပဲ ရွိတယ္.... "

"ေအး... ငါလည္း မသိေတာ့ပါဘူးကြာ... "

ထိုစဥ္

{"ေဟးးးး သတိထားေလ... ကားလမ္းကူးတာ ေသခ်ာကူးမွေပါ့ "}

"အမ္ ဘာလဲ "

"ဘာကိုတုန္း? "

"မဟုတ္ဘူးေလ... kristoff မင္း တစ္ခုခုေျပာလိုက္ေသးလား..
ကားလမ္းကူးတာ ဘာဆိုလားပဲ... "

"မေျပာမိပါဘူး... ဘာလို႔လဲ.. "

Leon လည္း စိတ္ရႈပ္ေနသည့္မ်ကဟန့းျဖင့္ ျပတင္းေပါက္အျပင္ဖက္အား လွမ္းၾကည့္လိုက္သည္

______________________________________

Continue Reading

You'll Also Like

40.4K 1.8K 51
ငါအမုန်းတွေက ဘယ်တော့မှ အချစ်ဖြစ်လာမှမဟုတ်ဘူး မင်းကိုသိပ်မုန်းတယ် ရှောင်ကျန့် မုန်းစမ်းပါဗျာ ခင်ဗျာ ကြိုက်သလောက် မုန်းစမ်း ခင်ဗျာ မုန...
180K 8.9K 42
After going through a number of disasters I realized that actually I am reborn as the villainess character, more of a brat, Chloe Bourgeois, in a chi...
162K 6.7K 83
A girl whom I thought as my best friend standing before me with a knife to kill me. She stabbed the knife onto my chest and told me "He will not like...