Necktie ဖြည်ခြင်း အမှု ပြီးသွားသောအခါမှ Hongjoong အသက်ကို ရဲရဲရှူရဲတော့သည်။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြား၍ Yunho နဲ့ အတတ်နိုင်ဆုံး ခွာရပ်လိုက်သည်။
"Yunho ရေ ငါတို့... သြော် Hongjoong ရောရှိနေတာလား"
Mingi ဝင်လာပြီး ပြောလိုက်သည်။
"သွားတော့"
Yunho က သူ့ကို ကြည့်ပြီး ပြောလိုက်သည့်အတွက် Hongjoong လည်း Mingi ကို နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
"စလှုပ်ရှားပြီ။"
"ဟက်...ထားလိုက်...အငိုက်မိမယ့်အချိန်ကို စောင့်မယ်...လောနေတဲ့သူက အမှားလုပ်မိဖို့ ပိုလွယ်တယ်လေ"
နှုတ်ခမ်းထက်ဝယ် လှောင်ပြုံးဆင်ပြီး ပြောလိုက်တဲ့ Yunho ရဲ့စကားကို Mingi အပြည့်အဝ ထောက်ခံလိုက်သည်။ စိတ်ထဲမှလည်း ဆုတောင်းမိသည် ဒီကိစ္စမြန်မြန် အပြီးသတ်သွားပါစေ...။
_________________________________________
ခွင့်ရက်ရနေတဲ့ Jongho တစ်ယောက် အပျော်ကြီး ပျော်နေမိသည်။ နားရက်လေးကို အိမ်မှာပဲ ကုန်ဆုံးဖို့ စဥ်းစားထားသည်။ အခုလည်း အိမ်မှာ ရိက္ခာကုန်နေ၍ စျေးလာဝယ်ခြင်း။
"ဘုတ်"
ဝင်တိုက်မိတဲ့သူကို သေချာကြည့်လိုက်တော့ Mr. Song။
"သြော် ဟိုရဲ"
သူ့ကို မြင်တာနဲ့ လက်ကို အနောက်ယှက်ပြီး တစ်ခုခုကို ဝှက်လိုက်ပုံရတာကြောင့် ထိုလက်ကို စူးစမ်းမိသွားသည်။ ရဲဆိုမှတော့လည်း ဘာနေနေ မယုံသင်္ကာဖြစ်မိတာ မဆန်းပါဘူး...။
"ကျွန်တော့စီမံကိန်းက အမှု ဘယ်လိုဖြစ်သွားပြီလဲ ဒီက..."
"Jongho ပါ အမှုက အထက်ကို လွှဲထားပါတယ်"
"သြော် ကျွန်တော်လိုက်ခဲ့ဖို့ရော လိုသေးလား"
သူ့ကို လှောင်ပြုံးနဲ့ မေးလာတဲ့ Mr. Song ကြောင့် တစ်ခါတည်း ဖမ်းပြီး အချုပ်ထဲ ထည့်လိုက်ရ ကောင်းမလားဟု တွေးလိုက်မိသည်။
"အခုတော့ မလိုသေးပေမယ့် နောက်တော့ လိုချင်လိုလာမှာပေါ့ ဒီကြားထဲ ရေခြားမြေခြား မသွားရင် ပိုကောင်းတာပေါ့"
"ဘာလဲ Baby က ကိုယ့်ကို မခွဲနိုင်ဘူးလား"
သူ့ကို မျက်စိမှိတ်ပြပြီး ရိသဲ့သဲ့လာပြောနေတဲ့ သူကြောင့် သူတစ်ချက် ရယ်လိုက်မိသည်။ ဟက် ဒီလူက ငါ့ကို လာစမ်းတာလား။ okay လေ Let's play!
"ဒါပေါ့ Darling နဲ့ မခွဲနိုင်ဘူးလေ အဲ့ဒါကြောင့် Baby ရဲ့ စခန်းက အချုပ်ထဲ ထည့်ထားရမလား စဥ်းစားနေတာ"
ပြောရင်း Mr. Song အနားသို့ တစ်လှမ်းချင်း တိုးသွားလိုက်သည်။ အနားရောက်တော့ သူ့ထက်မြင့်နေတဲ့ အရပ်ကြီးကြောင့် မကျေနပ်သလို မျက်မှောင် တွန့်ချိုးလိုက်ကာ ထိုသူ၏ Necktie ကို ဆောင့်ဆွဲပြီး ခေါင်းငုံ့ခိုင်းလိုက်ရင်း
"ဘယ်လိုလဲ Darling လိုက်နေမှာလား"
ဆိုပြီး မျက်ဝန်းထဲကို သေချာစိုက်ကြည့်ပြောလိုက်သည်။
သူ့ရှေ့က စခန်းမှူးကို ကြည့်ပြီး Mingi ရယ်ချင်သွားသည်။ ဒီစခန်းမှူးက စိတ်ဝင်စားစရာပဲ။
"ဘယ်လိုလုပ်မလဲ ကိုယ်က Baby ရဲ့ အချုပ်ခန်းထက် Baby အိပ်ခန်းကို ပိုသဘောကျတယ်။ Baby နဲ့ ပိုနီးကပ်တာပေါ့ အလွှာပါးလေးတောင် မခြားဘူးလေ။"
ပြောပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ဟိုဘက်က ပြန်ပြောတဲ့ စကားကို မကြားရခင်အထိသာ သူထိုကဲ့သို့ ရယ်နိုင်ခြင်း ဖြစ်ကြောင်း Mingi မသိခဲ့။
"အဲ့ဒါဆိုလည်း အိပ်ခန်းထဲ ချုပ်ထားရမှာပေါ့။ Darling ထွက်မပြေးနိုင်အောင် ကိုယ်အပေါ်ကနေ သေချာ ထိန်းသိမ်းထားပါ့မယ်။"
_________________________________________
သူတို့ကို အမြဲဆူပူနေကျ စခန်းမှူးမရှိတော့လည်း Wooyoung လွမ်းမိသည်။ ဒီရက်ပိုင်း ကိုင်တွယ်စရာ အမှုလည်း မရှိသည့်အတွက် အရမ်းပျင်းနေမိသည်။ ဟူး...အမှုလေး ဘာလေး ဖြစ်ကြပါဟ။ဒီမှာ ပျင်းလွန်းလို့ ရဲငုတ်တုတ်မေ့နေပြီ။
"Wooyoung"
"အင်းပြော Yeosang။ အမှုအပ်လို့လား။"
"မဟုတ်ပါဘူး။ ညနေကျရင် သွားသောက်ရအောင်ပြောမလို့။"
"Wow ငါတို့လူအေးကြီးက သောက်ဖို့ စပြောနေပါလား။ မှန်းစမ်း ဒီနေ့ဘာနေ့လဲ။"
"ဘာနေ့မှ မဟုတ်ဘူး။ သောက်မှာလား မသောက်ဘူးလား။"
"သောက်မှာပေါ့ဟ။ Yeosang လေးကလည်း စိတ်ချည်းပဲ။"
Bar သို့ ရောက်သောအခါ
"အား!!!"
သူတို့သောက်နေတုန်း မိန်းကလေးတစ်ယောက်အော်သံ ကြားလိုက်ရ၍ Wooyoung ရော Yeosang ရော ထိုအော်သံလာရာ ပြေးသွားမိသည်။ အော်သံကြားရာ ဒေါင့်တစ်နေရာကို ရောက်တော့ ကောင်မလေး တစ်ယောက်က ပြေးထွက်လာသည်။
"ဟေ့ ဘာဖြစ်တာလဲ"
Wooyoung ထိုကောင်မလေးကို ချုပ်ပြီး မေးလိုက်သည်။
"ဟို...ဟိုမှာ လူတစ်ယောက် ဓါးထိုးခံလိုက်ရလို့။"
"Yeosang သူ့ကို ချုပ်ထား။ ငါသွားကြည့်လိုက်မယ်။"
ပြေးပြီး ကောင်မလေးညွှန်ပြရာ ထွက်လာခဲ့တော့ လူတစ်ယောက်လဲကျနေသည်။ ရင်းနှီးနေတဲ့ သဏ္ဌာန်ကြောင့် သူများလားလို့ တွေးလိုက်မိသည်။ သတိနဲ့ လျှောက်သွားရင်း ထိုလူကို သူ့ဘက် ဆွဲလှည့်လိုက်သောအခါ...။
------------------------------------------------------------
ခဏကြာတော့ ရဲတွေရော ဆေးရုံကားရော ရောက်လာပြီး လုပ်ထုံးလုပ်စဥ်အတိုင်း အကုန်လုပ်လိုက်သည်။ ကောင်မလေးကိုတော့ သက်သေအဖြစ် ကူညီပေးဖို့ ခရီးဝေး ဘယ်မှမသွားဖို့ အတန်တန်မှာပြီး သွားခွင့်ပေးလိုက်သည်။ ကောင်မလေးထွက်သွားတော့ သူ့နောက်က ရဲနှစ်ယောက်ကလည်း မသိမသာ နောက်ယောင်ခံလိုက်သွားသည်။ ဒါသူတို့ သက်သေအဖြစ် သတ်မှတ်လိုက်ရင် လုပ်နေကျတွေပါပဲ။ အလောင်းကို ကြည့်ပြီး သူတကယ်စိတ်မကောင်းမိ။ ဟုတ်တယ်လေ bar ကို လာတာ ပျော်ချင်လို့ပါဆိုမှ အခုတော့ အသတ်ခံလိုက်ရတယ်မလား။
"Wooyoung!"
သူ့ဆီကို ပြေးလာပြီး ဖက်လိုက်တဲ့သူကြောင့် Wooyoung လန့်သွားသည်။ ဒါက ဘယ်လိုအခြေအနေလဲ။
"ဘာဖြစ်သွားသေးလဲ။ ခိုက်မိသွားသေးလား။"
မေးရင်း သူ့တစ်ကိုယ်လုံးကို လိုက်စစ်နေသည်။
"အဟမ်း ဒီမှာ Mr.Choi ကျွန်တော်တို့ သွားတော့ အလောင်းကောင်ကိုပဲ တွေ့လိုက်ရတာပါ။ လူသတ်သမားနဲ့ ထိပ်တိုက်မတွေ့မိသလို ဘာမှလည်း မလုပ်လိုက်ရပါဘူး။ စစ်ချင်သပါ့ဆို Mr. Choi ရဲ့ bar က ကောင်မလေးကို သွားစစ်ပါ။ သူတော့တော်တော်လန့်သွားပုံ ရတယ်။"
Yeosang က အမြင်ကတ်ပုဒ်မနဲ့ ရွဲ့ပြောလိုက်သည်။ ဟုတ်သည်လေ။ ဘာဆိုဘာမှ မလုပ်လိုက်ရတာကို ကမ္ဘာလာပျက်ပြနေတော့ စိတ်က မကြည်ချင်တော့။ ဒီကြားထဲ ဟို Wooyoung ကလည်း မျက်လုံးပြူးကြည့်နေတာကလွဲ ဘာမှမလုပ်ဘူး။ တကယ်ပဲ RS တွေ သိပ်စိတ်ကုန်တယ်။
"အဟမ်း ကျွန်တော်က စိုးရိမ်လို့ပါ"
ပြောပြီး သူနဲ့ အနည်းငယ် ခွာရပ်လိုက်သည်။
"ဘယ်ပြန်မှာလဲ ကိုယ်လိုက်ပို့ပေးမယ်"
"အာ...ရတယ် Yeosang နဲ့..."
"လိုက်သွားလိုက် မင်းချစ်ချစ်ကြည့်ရတာ မင်းကိုမှ ပြန်လိုက်မပို့ရရင် အစက်ထွက်တော့မယ့်အတိုင်းပဲ။ ငါလည်း ပြန်တော့မယ်။ သွားပြီ။"
"အယ့်"
ပြောပြီး တန်းထွက်သွားတဲ့ Yeosang ကြောင့် Wooyoung သူ့ရှေ့က San ကို ကြည့်မိသည်။
"လာ ကိုယ်လိုက်ပို့ပေးမယ်။"
"အင်း"
သူတို့နှစ်ယောက် ဘယ်ကနေ ဘယ်လို အိမ်ပြန်ပို့ရလောက်အောင် နီးစပ်သွားလဲ မသိပေမယ့် ခုနက သူဒဏ်ရာရသွားလားဆိုပြီး စိတ်ပူနေတဲ့ သူ့နတ်ဆိုးလေးကြောင့် ကြည်နူးမိသွားတာတော့ အမှန်ပင်။
_________________________________________
Yeosang သူ့အိမ်ကို ရောက်တော့ ရေမိုးချိုးပြီး အိပ်ဖို့ ပြင်လိုက်သည်။ အိပ်ပျော်အောင် အတင်းမှိတ်အိပ်နေပေမယ့် လုံးဝ အိပ်မပျော်။ သူရော အိပ်နေပြီလား ဆိုတဲ့ အတွေးနဲ့အတူ ဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်မိသည်။ နှစ်ချက်မြည်ပြီး တန်းကိုင်ကာ "Hello" ထူးလိုက်တဲ့အသံကြောင့် သူဘာဆက်ပြောရမလဲ မသိတော့။ မြန်မြန်သာ ဖုန်းပြန်ချလိုက်မိသည်။
သူများဖုန်းပြန်ခေါ်လာမလားဆိုပြီး ဖုန်းကို ကြည့်နေပေမယ့် မျက်နှာပြင်လင်းမလာသော ဖုန်းလေးကြောင့် သူအားငယ်စိတ်ဝင်လာသည်။ တကယ်တော့ သူက အားနည်းသူ တစ်ယောက် မဟုတ်ပါ။ သူတို့ သင်တန်းဆင်းရတဲ့ကာလတစ်ခုလုံး အနိုင်ကျင့်ခံရတာတွေကို ရအောင်သည်းခံနိုင်ခဲ့သည်။ အမှုလိုက်ရသည့်အခါတိုင်းလည်း သူ့ရဲဘော်ရဲဖက်တွေကို အမြဲကာကွယ်ပေးနိုင်ခဲ့သည်။ ထိုသူရဲ့ရှေ့ကျမှ သူအားနည်းလာမိတာပါ။ အားကိုးချင်စိတ် အားငယ်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာမိတာ။ စီးကျနေသော မျက်ရည်ပေါက်တွေကို လျစ်လျူရှုပြီး အိပ်ဖို့ ပြင်လိုက်သည်။ ထိုစဥ်
"တင်း...တောင်"
ဒီအချိန်မှ ဘယ်သူလဲဆိုပြီး တံခါးသွားဖွင့်လိုက်တော့...။
_________________________________________