နေ့လယ်သို့ ရောက်သောအခါ Yunho သည် ကတိတည်စွာပင် သူ့ကိုအိမ်သို့ လိုက်ပို့ပေးပါသည်။ အိမ်အပေါက်ဝတွင်
"Seonghwa"
"Hongjoong ပြန်လာပြီလား"
"ဟမ် ဘာကြီး"
"မင်းပဲ မင်းအမေနေမကောင်းလို့ မင်းအဒေါ်ဆီ သွားနေမလို့ဆို"
"အမ်"
"အန်တီသက်သာသွားပြီလား"
"နေပါဦး အမေ့ဆီသွားတယ်လို့ မင်းကို ဘယ်သူပြောလဲ"
"မင်းပဲ message လှမ်းပို့တာလေ။ ပြီးတော့ ဘာတဲ့ phone ကွဲသွားလို့ ဆိုလား"
သူသိသွားပါပြီ Yunho ရဲ့စနက်တွေပဲဆိုတာ။ သူ Yunho ကို လှမ်းကြည့်ပြီး မျက်စောင်းထိုးပစ်လိုက်သည်။ လူလိမ်...။
"Yunho?"
မိန်းကလေးအသံ ကြားလိုက်ရလို့ သူရော Yunho ပါ လှမ်းကြည့်လိုက်သည်။
"တကယ် Yunho ပဲ။ ငါလေ Erika။ ငါတို့ အမေရိကမှာတုန်းက ကျောင်းအတူတူ တက်ခဲ့တာလေ။"
"သြော်..."
"ထင်တောင်မထင်ထားဘူး ဒီလိုပြန်တွေ့ရမယ်လို့"
"Imm"
"အေးပါ စကားကို တစ်လုံးထက် ပိုမပြောနဲ့ ပင်ပန်းနေလိမ့်မယ်"
Hongjoong သူ့ရှေ့မှာ စကားပြောနေသူ နှစ်ယောက်ကို ကြည့်လိုက်သည်။ မိန်းကလေးတစ်ယောက်အတွက် အရပ်ရှည်တယ်ဟု ဆိုရမည်။ မျက်လုံးက အရည်များရွှန်းလဲ့ကာ အကြည့်တွေက စူးရှသည်။ အရမ်းချောသည်ဟု ပြောလို့မရပေမယ့် အလွန်ထက်မြက်ပြီး အေးချမ်းပုံ ပေါ်သည်။
"သွားတော့"
Yunho ရဲ့ တုံးတိစကားကြောင့် သူလှမ်းကြည့်လိုက်သည်။ ဘယ်နှယ့် သွားတော့လဲ။ အားနာပါနာနဲ့တောင် စကားဆက်မပြောဘူး။
"အေးပါဟာ အခုမှ ပြန်တွေ့တဲ့သူငယ်ချင်းကို အဲ့လိုပဲ ဆက်ဆံ သိလား။ သွားပြီ။"
ပြောပြီး တန်းလှည့်ထွက်သွားသည်။ ဘေးက သူနဲ့ Seonghwa ကို လာကတည်းက မနှုတ်ဆက်သလို သွားတော့လည်း မနှုတ်ဆက်။ သူသတ်မှတ်လိုက်သည်။ Jeong Yunho နဲ့ ပတ်သက်တဲ့သူတွေအကုန် ပြတ်သားသည် ပေါင်းသင်းဆက်ဆံရေး မတတ်ဟု။
"မျက်လုံးလည်း ကျွတ်ပြီး ပါသွားဦးမယ်။"
သူအတွေးလွန်နေတုန်း သူ့နားနား ကပ်ပြီး ဆိုလာတဲ့ Yunho ကြောင့် လန့်သွားသည်။
"ဘာ..ဘာလို့ ပါရမှာလဲ။ Seonghwa ရေ ဒီတစ်သက် ငါ့ကို အိမ်ထဲဝင်ခိုင်းဦးမှာလား။"
ပြောပြီး အိမ်ထဲ ကမူးရှူးထိုး ပြေးဝင်သွားလိုက်သည်။
အဲ့လူကြီးနဲ့ ဝေးဝေးနေရမယ်။ သူက မူမှန်အောင် ခဏခဏ လုပ်တယ်။ virus ကြီး။
"Hongjoong အန်တီနေကောင်းသွားပြီလား"
"အင်း သက်သာသွားပါပြီ။"
"အဲ့ဒါဆို ပြန်လာတော့မှာလား"
"မလာဘူး"
သူ့အစား ဖြေသွားသော Yunho ကို လှမ်းကြည့်လိုက်သည်။ နောက် Seonghwa ကို ကြည့်လိုက်တော့ နားမလည်ဟန်နဲ့ သူနဲ့ Yunho ကို လှမ်းကြည့်နေသည်။
"ဟိုလေ ငါအခု အလုပ်ရသွားပြီ။ သူ့ဆီမှာ လက်ထောက်လုပ်ရမှာ။ အဲ့ဒါ သူ့အိမ်ကို လိုက်နေရမှာမို့လို့။"
သူ့ကို မယုံသင်္ကာနဲ့ ကြည့်နေသော Seonghwa ကြောင့် နောက်မှသေချာရှင်းပြပါ့မယ်ဆိုပြီး မျက်လုံးကနေ စကားလှမ်းပြောလိုက်မိသည်။
"ပြီးရောလေ Hongjoong ငါ့အခန်းထဲမှာ မင်း ဟိုတစ်နေ့က မှာထားတဲ့ အဝတ်တွေ ထည့်ထားတယ်။ ယူသွားမှာလား။"
သူဘာအဝတ်မှ မမှာထားပါ။ ဒါပေမယ့် Seonghwa ရဲ့ မျက်နှာရိပ်မျက်နှာကဲကြောင့် သူလည်း အလိုက်တသိ Seonghwa နဲ့ လိုက်သွားလိုက်သည်။ အခန်းထဲ ရောက်တော့ ထင်သည့်အတိုင်း Seonghwa က မေးလာသည့်အတွက် သူအကုန် အမှန်အတိုင်း ပြောပြလိုက်သည်။
"လောကကြီးက မထင်မှတ်ထားတာတွေ သိပ်လုပ်တာပဲ။ ငါ မင်းကို သူနဲ့တွဲတွေ့တော့ အစက လန့်သွားသေးတယ်။ မင်းက ဘယ်လိုလုပ်ပြီး Utopia Enterprise ပိုင်ရှင် Jeong Yunho နဲ့ သိနေရတာလဲ ဆိုပြီးတော့။ မင်းပြောပြတော့လည်း ဟူး... မင်းဘာဆက်လုပ်မလဲ"
"ငါလည်း မသိဘူး။ ငါအခု ငါ့အိမ်စီးပွားရေးအကြောင်း စုံစမ်းချင်တယ်။ မင်းသိတဲ့အတိုင်း အိမ်က ငါ့ကို နည်းနည်းလေးတောင် ပေးမသိဘူးလေ ငါထင်တာတော့ ကျောက်လုပ်ငန်းထက် ပိုမယ်ထင်တယ်။ Yunho နဲ့ ဘယ်လို ပတ်သက်မိတာလဲဆိုတာကိုလည်း သိချင်တယ်။"
"ကောင်းပြီ ငါကူပြီး စုံစမ်းပေးမယ်။"
"ကျေးဇူးပါကွာ ငါ့မှာ မင်းပဲ ရှိတယ်။"
ပြောပြီး Seonghwa ကို ဖက်လိုက်မိသည်။ သူ့ သူသယ်ချင်း တစ်ယောက်လုံး သူ့ဘက်မှာ ရှိသေးသည်။ လောကကြီးက သူထင်သလောက်တော့ မရက်စက်သေး။
ဧည့်ခန်းထဲထွက်လာခဲ့တော့ Yunho က သူ့ကို မျက်မှောင်ကြုတ်ကြည့်သည်။ ဟုတ်သား အဝတ်ယူမယ်ဆိုပြီး အဝတ်မှ ပါမလာတာ။
"ဟို ဝတ်ကြည့်လိုက်တော့ မတော်လို့ မယူတော့ဘူး"
သူပြောလိုက်တော့မှ မျက်မှောင်ပိုကြုတ်သွားပြီး သူ့ကိုလက်လာဆွဲကာ
"ပြန်မယ်"
"အမ်...ခ..ခဏ"
"Mr. Jeong ကျွန်တော့ Hongjoong ကို စောင့်ရှောက်ပေးပါဦး။ သူက စီးပွားရေး မလုပ်ဘူးတော့ အမှားတွေ ဘာတွေ လုပ်မိမှာစိုးလို့ပါ။"
ပြောပြီး Seonghwa ကို သူ့ဆီလျှောက်လာပြီး နဖူးကို လာနမ်းသလို လုပ်သွားသည်။ လုံးဝမထိ။ အဲ တစ်ဖက်ကကြည့်ရင်တော့ နမ်းသွားသလိုပင်။ သူ Seonghwa ကို မော့ကြည့်လိုက်တော့ သူ့ကို မျက်စိတစ်ဖက်မှိတ်ပြသည်။ သူနားမလည်စွာ ကြောင်နေတုန်း Yunho က ဘာမှဆက်မပြောတော့ဘဲ သူ့လက်ကို ဆွဲခေါ်သွားကာ အိမ်မှ ပြန်ထွက်လာခဲ့ကြသည်။ တစ်လမ်းလုံး ကားစတီယာတိုင်ကို အတင်းဆုပ်ကိုင်ထားပြီး ဘာစကားတစ်ခွန်းမှ မပြောတဲ့သူကြောင့် သူမနေတတ်။ အလာတုန်းကလည်း ဘာမှထူးထွေ မပြောခဲ့ပေမယ့် အခုလို ကသိကအောက်ကြီး မဖြစ်။
အိမ်ပြန်ရောက်တော့ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ့အခန်းသူ တန်းဝင်သွားတဲ့ Yunho ကြောင့် Hongjoong မနေတတ်။ ဒါကြောင့် Yunho အခန်းကို သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။
"ဝင်ခဲ့"
အခန်းထဲ ဝင်လိုက်တော့ အဝတ်လဲမလို့ ထင်သည်။ ကုတ်အင်္ကျီချွတ်နေသည်။ သူ့ကိုမြင်တော့ မျက်မှောင်ကြုတ်ပြီး ကြည့်လာသည်။
"ဘာလဲ"
"ဟို...ဟို...ဘာလုပ်ပေးရမလဲလို့ပါ"
သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြီး ကြည့်လာတဲ့ Yunho ကြောင့် သူအခန်းထဲ ဝင်လာမိတာ မှားသွားပြီလားဟု တွေးမိသည်။
"ဒီနားလာခဲ့"
ခေါ်တဲ့အတိုင်း သူ့နားကို တွန့်ဆုတ်တွန့်ဆုတ်သွားရင်း သူ့နားရောက်တော့
"Necktie ဖြည်ပေး"
သြော် တော်သေးတာပေါ့။
သူ necktie ဖြည်နေတုန်း ဆောင့်ဆွဲလိုက်တဲ့သူကြောင့် သူ Yunho ရဲ့ ရင်ခွင်ထဲ ကွက်တိဝင်သွားပြီး သူ့နဖူးက နူးညံ့တဲ့ နှုတ်ခမ်းအထိအတွေ့ကို ခံစားလိုက်ရသည်။ သူကြောင်ပြီး ရပ်နေတုန်း...
"အဝေးကနေ ဖြည်နေတော့ လည်ပင်းအစ်တယ်။ ဘာလဲ အသေသတ်ဖို့ စဥ်းစားနေတာလား"
ဘယ်လို သူက အသေသတ်ဖို့ စဥ်းစားတယ်။ သူ့ကို မူမမှန်အောင် မျိုးစုံလုပ်ပြီး အသေသတ်နေတာ ကိုကိုလေ။ အမ်...သူ ကိုကို လို့ ခေါ်လိုက်မိတာလား။
_________________________________________