Drifting Into Silent Darkness...

By sawfranklin

4.7K 452 72

Synopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
𝔸𝕟𝕟𝕠𝕦𝕟𝕔𝕖𝕞𝕖𝕟𝕥

Chapter 14

99 17 2
By sawfranklin

(Unicode)
**********
Leon တံခါးကို ဖွင့်လိုက်ပါသော်လည်း အပြင်မှာ တစ်ယောက်မှ ရှိမနေသလို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်
အသံတွေအားလုံးကလည်း ကွယ်ပျောက်သွားသောကြောင့်
Leon တစ်ခုခုကို သိလိုက်မိသည်

ဒါတွေအားလုံးက အမှန်မဟုတ်ဘူးဆိုတာကိုသိလိုက်ရသောကြောင့် အခန်းထဲ
ပြန်ဝင်ဖို့ပြင်နေစဥ်မှာတင် သူ့အနောက်ကနေ ပြင်းထန်သည့်အားတစ်ခုက တွန်းလိုက်သဖြင့် အရှေ့သို့
လဲကျသွားသည်

ထို့ပြင် အခန်းတံခါးကလည်း ရုတ်တရက်ကြီး ဝုန်းခနဲ
ပြန်ပိတ်သွားတော့လေ၏

တစ်ချိန်တည်းမှာပင် အိမ်ကြီးတစ်ခုလုံးမှ ကြောက်မက်ဖွယ်
အော်သံနက်ကြီးများ ထွက်ပေါ်လာပြီး သူ့ကိုလည်း လူတွေအများကြီးမှ စောင့်ကြည့်နေသလို ခံစားနေရတော့သည်

Leon လည်း ကြောက်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်းကနေ ကော်ရစ်ဒါ ထောင့်နားတွင်
ရပ်နေသော လွှစက်နှင့် အကျီတွင်လည်း သွေးတွေ စွန်းပေနေသော လူရုပ်ကြီး တစ်ရုပ်အား တွေ့လိုက်ရလေသည်

ထို အရုပ်ကြီး သည် leon ကို ကြည့်နေရာမှ တဖြေးဖြေး
လှုပ်ရှားလာလေသည်

Leon လည်း သတိထားမိ၍ ထဖို့ပြင်နေစဥ်မှာတင် ထိုအရုပ်ကြီးမှာ အရင်ကထက် ပိုလှုပ်လာတော့သည်

ထို့နောက် leon မတ်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက်
ထို လွှစက်နှင့် လူ အရုပ်ကြီး လှုပ်ရှားလာပြီး leon ဆီသို့
ပြေးလာတော့သည်

အားးးးးးးးးးးးးးးးးးးးးး! !!!!!!!!!!!!!!!!

"Leon! "

ရုတ်တရက် leon ၏ အော်သံကို ကြားလိုက်ရသောကြောင့်
Jake လည်း ထိတ်လန့်သွား၏

"ဒါ leon အသံမလား! "

"အေး! ချီးပဲကွာ တံခါးကို လုံးဝမဖွင့်ပါနဲ့ လို့ ဒီလောက်
မှာထားခဲ့တာကို "

"ကျတော်တို့ မြန်မြန်သွားရအောင် ! "

Dave သည်လည်း သဘောတူသည့်အနေဖြင့်
ခေါင်းကို ညိတ်ပြလိုက်သည်

************************************
"Leon! ထပါတော့ကွာ
ဘယ်အချိန်ထိ အိပ်နေဦးမလို့လဲ......
ငါတို့ စာမေးပွဲလည်း ဒီလောက်နီးနေပြီဟာကို
ငါတို့ နှစ်ယောက် စာအတူ လုပ်ဖို့ ကတိပေးထါးတယ်မလား
အဲ့တာဆို ကျေးဇူးပြုပြီး ကတိကို တည်စမ်းပါကွာ
မင်းက ကတိတည်တတ်တဲ့ လူတစ်ယောက်မှန်း ငါသိပါတယ်
အဲ့တာကြောင့် Leon ကျေးဇူးပြုပြီး နိုးပါတော့ (ဝမ်းနည်းသည့်လေသံဖြင့်) "

ထိုချိန်မှာတင် leon ၏ နှလုံးခုန်နှုန်းများ အရမ်းမြန်လာသောကြောင့် christoff လည်း မျက်လုံးပြူးသွားပြီး

"Leon! ငါ ဆရာကို သွားခေါ်လိုက်ဦးမယ်
အဲ့အချိန်ထိ ဘာမှ မဖြစ်ပါနဲ့ဦး "
ဟုဆိုကာ တံခါးကို ဖွင့်ဖို့ကြိုးစားသော်လည်း အပြင်က
တစ်ယောက်ယောက်က လော့ချသွားသလို တံခါးက ပွင့်မလာ

ထို့အပြင် ဆေးရုံတစ်ခုလုံးရှိ မီးများသည်လည်း ပျက်လိုက် လာလိုက် ပျက်လိုက် လာလိုက် ဖြစ်နေတော့၏

"ဘာတွေ ဖြစ်နေတာပါလိမ့် ဒီမှာ!! "
"ဟေးးးး! !! ဒီနားမှာ ဘယ်သူမှ မရှိကြဘူးလား
Hello! !!!! "

Leon ၏ နှလုံးခုန်စက်ကို ကြည့်လိုက်တော့လည်း နှလုံးခုန်နှုန်းတွေက ခုနကထက် ပို၍ ပြင်းထန်စွာ မြန်နေတော့၏

************************************
Jake နဲ့ Dave သည်လည်း leon အသံကြားရာသို့
အမြန်ပြေးလာနေစဥ်မှာတင် ခေါင်မိုးပေါ်ကနေ ဆွဲကြိုးချသေနေသော အလောင်းကြီး တစ်ခု ပြုတ်ကျလာတော့သည်

"အားးးးးးးးးးးး!!!!!!!!"

ရုတ်တရက်ဖြစ်သွားသောကြောင့် Jake လည်း ငယ်သံပါအောင် အော်လိုက်မိသည်

Dave ကတော့ တစ်ခုခုကို သိနေသလို လေသံဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး
" ငါတို့ leon ကို မြန်မြန်ရှာမှ ဖြစ်တော့မယ် "

************************************
ဆေးရုံတွင် leon အတွက် လူနာစောင့်အဖြစ် Mr.Willkinson နေခဲ့သောကြောင့် Mrs.Willkinson နဲ့ Leon ၏ ညီမဖြစ်သူ
Rachel တို့ကတော့ အိမ်သို့ taxi ငှား၍ ပြန်လာခဲ့သည်

မပြန်လို့လည်းမဖြစ် မနက်ဖြန် Rachel ရဲ့ ကျောင်းက
ရှိသေးတယ်မဟုတ်လား

ထိုသို့ဖြင့် ကားစီးလာစဥ်မှာတင် Rachel လေးက
တစ်ခုခုကို လှမ်းမြင်လိုက်သည့်ပုံစံဖြင့်

"Mom! Mom! "

"ဟင် သမီး ဘာဖြစ်လို့လဲ "

"ဟိုကားမှတ်တိုင်နားမှာ ကိုကြီးရပ်နေတာ တွေ့လိုက်တယ် "

"ဒီကလေးနှယ့်... ဘာတွေပေါက်ပန်းလေးဆယ် လျှောက်ပြောနေတာတုန်း... ကိုယ့်အကိုကဖြင့် ဆေးရုံတက်နေရတာကို..."
(ဒေါသအနည်းငယ်ထွက်သွားသည့်လေသံဖြင့်)

************************************
တစ်ဖက်တွင်လည်း leon တစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် အဝတ်ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရင်းမှနေ တစ်စုံတစ်ယောက်က ဗီရိုကို လာဖွင့်နေ သလို ခံစားရသောကြောင့်

"အားးးးးးးးးးးးး! !!!!!!"

"Hey Leon! !! မကြောက်နဲ့ ငါပါ dave ပါ "

"အော် အကို dave ပဲ...... ကျတော်က ဟိုလူကြီး ထင်လို့"

"ဟေး leon! မကြောက်ပါနဲ့တော့ကွာ... ငါတို့ရှိနေတာပဲ "

"Jake! !!!"

ရုတ်တရက် jake ကို မြင်လိုက်ရသောကြောင့် leon လည်း အံ့သြသွားပြီး ချက်ချင်း သွားပြေးဖက်လိုက်မိသည်

"Jake မင်းအဆင်ပြေရဲ့လား ထိခိုက်မိတဲ့နေရာတွေ ဘာတွေရော ရှိသေးလား "

"ဟေ့ ဟေ့... မင်းတို့တွေ မေးချင်ရင်လည်း ဒီကလွတ်မှပဲ
အေးဆေး မေးတော့
အခုချက်ချင်း မင်းတို့နှစ်ယောက်စလုံး ဒီက ထွက်သွားဖို့ လိုနေပြီ ...... "

"ဟုတ်ကဲ့ ..... "
"အာ့ !"
ရုတ်တရက် leon ၏ နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံပိုင်းက ကိုက်ခဲလာသဖြင့် ထိုနေရာကို
ဖိထားလိုက်ရသည်

"Leon! ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား "

"ဟူးးးးးး! !!!!! ငါ ထင်ထားတာထက်တောင် ပိုဆိုးလာပြီပဲ
Kravem က ကမွာ နှစ်ခုကြား ခြားထားတဲ့ စည်းကို
ဖျက်ဖို့ လုပ်နေပြီ.... အဲ့တာကြောင့် မင်းတို့ ခနွာကိုယ်ထဲ
အမြန် ပြန်ဝင်မှ ဖြစ်မယ် မင်းတို့ ခနွာကိုယ်နဲ့ ဝေးနေတာကြာလာတာနဲ့အမျှ မင်းတို့ ဝိညာဥ်တွေလည်း
အားနည်းလာလိမ့်မယ် ငါတို့ အမြန်သွားဖို့ လိုနေပြီ "

"လာ Leon! ငါ မင်းကို တွဲပေးမယ် "

"အင်း..... ကျေးဇူးပဲ Jake "

************************************
ဤသို့ဖြင့် Jake တို့ ထွက်ပေါက်ရှိရာသို့ သွားနေစဥ်မှာတင်
အနောက်မှလည်း အရိပ်မည်းများက တောက်လျှောက်
လိုက်လာနေတော့သည်

ထိုချိန်မှာတင် မြေကြီးထဲမှ လက်ကြီးတစ်ဖက်က ရုတ်တရက်
ထွက်ပေါ်လာပြီး leon ၏ ခြေထောက်တစ်ဖက်ကို
လှမ်းဆွဲလိုက်သောကြောင့် leon ကို တွဲထားရသည့်
Jake ပါ ချော်လဲသွားသည်

အရိပ်မည်းများကလည်း သူတို့နှစ်ယောက်နှင့် ပိုပြီး
နီးကပ်လာနေစဥ်မှာတင် ရှေ့က သွားနေသော Dave လည်း leon တို့ မပါလာမှန်းသိ၍ အနောက်သို့ ပြန်ပြေးသွားပြီး
Leon တို့ အနားရောက်သည်နှင့်တစ်ပြိုင်နက် သူ့၏ မျက်လုံးများမှာ အနီရောင်ပြောင်းလဲသွားတော့သည်

ထို့နောက် သူ၏ လက်ထဲမှ စူးရှသော အလင်းများထွက်ပေါ်လာပြီး အရိပ်မည်းများအားလုံးလည်း
အနောက်သို့ ဆုတ်သွားလေသည်

Jake သည်လည်း အံ့သြသွားပြီး တစ်ချိန်တည်းမှာပင် dave အား မယုံသကာ်သော မျက်လုံးများနှင့်ကြည့်လိုက်သည်

Leon ကတော့ လွတ်မြောက်ဖို့အတွက်သာ စိတ်ထဲရှိနေသောကြောင့် ထိုအရာကို သတိမထားမိလိုက်ပေ
______________________________________

(Zawgyi)
********

(Unicode)
**********

လဲကျသွားသည်

ပြန်ပိတ်သွားတော့လေ၏



လှုပ်ရှားလာလေသည်


ပြေးလာတော့သည်


"Leon! "


"ဒါ leon အသံမလား! "

မှာထားခဲ့တာကို "



************************************
"Leon! ထပါတော့ကွာ




Hello! !!!! "


************************************

"အားးးးးးးးးးးး!!!!!!!!"



************************************

ရှိသေးတယ်မဟုတ်လား


"Mom! Mom! "

"ဟင် သမီး ဘာဖြစ်လို့လဲ "



************************************

"အားးးးးးးးးးးးး! !!!!!!"




"Jake! !!!"



အေးဆေး မေးတော့

"ဟုတ်ကဲ့ ..... "
"အာ့ !"
ဖိထားလိုက်ရသည်




"အင်း..... ကျေးဇူးပဲ Jake "

************************************
လိုက်လာနေတော့သည်




Jake သည်လည်း အံ့သြသွားပြီး တစ်ချိန်တည်းမှာပင် dave အား မယုံသက်ာသော မျက်လုံးများနှင့်ကြည့်လိုက်သည်

______________________________________



Continue Reading

You'll Also Like

49.4K 2K 16
Book 2 of the 𝕱𝖎𝖌𝖍𝖙𝖈𝖑𝖚𝖇 series {Duology} 𖤓 𝕾𝖔𝖒𝖊 𝖒𝖊𝖒𝖔𝖗𝖎𝖊𝖘 𝖓𝖊𝖛𝖊𝖗 𝖑𝖊𝖆𝖛𝖊 𝖞𝖔𝖚𝖗 𝖇𝖔𝖓𝖊𝖘. 𝕿𝖍𝖊𝖞 𝖇𝖊𝖈𝖔𝖒𝖊 𝖕𝖆�...
6.6M 180K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...
48.2K 2.8K 29
Jeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ...