စခန်းသို့ရောက်သောအခါ...
"Yeosang လေး ငါဗိုက်ဆာနေပြီ" ဟု ဆိုကာ လူကို မှီတွယ်လာသော Wooyoung ကြောင့် ခေါင်းခါပြီး အသာရယ်လိုက်မိသည်။ တကယ်ပါ သူဒီသူငယ်ချင်းလေးကြောင့် အရာရာကို ကျော်ဖြတ်နိုင်ခဲ့တာမို့ ကျေးဇူးတင်မိသလို ခင်လည်းခင်တွယ်မိသည်။ အဲ သူ့ကို အမြဲလိုက်ချွဲနေလို့ တစ်ခါတလေ ကသိကအောက် ဖြစ်ရတာက လွဲလို့ပေါ့။ စိတ်ဆိုးလို့ မဟုတ်ဘဲ ဘယ်လိုနေရမလဲ မသိလို့ပါ။
"Wooyoung အစ်ကို Seonghwa ကို မှတ်မိလား" သူ့ဘေးမှာရပ်နေတဲ့ Seonghwa ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"အစ်ကို Seonghwa???....အာ... Senior Park... မှတ်မိတာပေါ့" သိပ်ကိုမှတ်မိတာပေါ့။ Yeosang ကို ကတိတွေပေးပြီး ထားသွားခဲ့တဲ့ လူကြီး။ သူတကယ်ကြည့်မရပါ ထိုအစ်ကိုကြီးကို။ Yeosang နဲ့ သူနဲ့ ကြားထဲကို အတင်းတိုးဝင်နေသလိုပဲ။ Yeosang က သူ့သူငယ်ချင်း။ ဘယ်သူ့မှ မပေးနိုင်ဘူး။ အဲ့အစ်ကိုဆိုတဲ့တစ်ယောက်က ရဲထဲဝင်ရအောင်ဆိုလို့ Yeosang က အိမ်နဲ့ဆန့်ကျင်ပြီး ရဲထဲဝင်တယ်။ ဖြစ်ချင်တော့ အဲ့ဒီလူက ကတိမတည်တဲ့သူ။ အလကား ရဲထဲဝင်ဖို့ နေနေသာသာ စခန်းရှေ့တောင် ဖြတ်လျှောက်ဖူးရဲ့လား မသိဘူး။
"Sang လေးနဲ့ တစ်နေ့ကပဲ ပြန်တွေ့ဖြစ်တာ။ ဒီနေ့လည်း Sang လေးကို အစ်ကို့ရုံးမှာ တွေ့တော့ နေ့လယ်စာအတူစားဖို့ ခေါ်တာလေ။ အဲ့ဒါကို Sang လေးက Wooyoung စောင့်နေတယ်ဆိုလို့ စခန်းကို လိုက်လာခဲ့တာ။ မတွေ့တာကြာပြီနော် Wooyoung။"
Wooyoung က Sang လေးကိုဆို အမြဲကပ်လွန်းလို့ သူသိပ်ကြည့်မရ။ ဒါကြောင့် ကလေးဆန်ဆန်ပင် သူပြုမူလိုက်မိသည်။ Sang က ကိုယ်တစ်ယောက်တည်း အတွက်ပဲ။
ဘာ!!! Sang လေး???
Yeosang တစ်ယောက် Seonghwa ရဲ့ နာမည်အဖျားဆွတ် ခေါ်သံကြောင့် မျက်ဝန်းများ ဝိုင်းစက်သွားပြီး နှလုံးခုန် မမှန်ချင်တော့။
Sang လေးချင်း ထပ်အောင် မိုးမွှန်အောင် ခဏခဏ ခေါ်ပြနေသူကို ဖြစ်နိုင်ရင် Wooyoung လက်သီးသာ ကျွေးပစ်ချင်မိသည်။ သူမကြိုက်မှန်းသိလို့ တမင် ခေါ်နေသလားပဲ။ စိတ်အလိုအတိုင်း လက်က သူ့အလိုလို တင်းကြပ်နေအောင် ဆုပ်မိသွားသည်။
"ဟုတ်မှာပေါ့ Yeosang က ကျွန်တော့်ကို အရမ်း....ချစ်တာ...ဘာလုပ်လုပ် အမြဲ...ကျွန်တော်နဲ့အတူလုပ်တတ်တာ...အဟင်း။"
ပြောရင်း Yeosang လက်မောင်းကို ပိုပြီး မှီတွယ်လိုက်ရင်း Yeosang မျက်နှာနား အတင်းကပ်ပြီး
"ဟုတ်တယ်မလား...လို့"
သူ့ကို အလယ်မှာထားပြီး မျက်လုံးချင်း စစ်တိုက်နေတဲ့ နှစ်ယောက်ကြောင့် Yeosang အနေရခက်လာသည်။ ထို့ကြောင့်ပင်
"အချိန်လည်း မစောတော့ဘူး။ ဗိုက်လည်း တော်တော်ဆာနေပြီ။ သွားစားကြရအောင်။"
ပြောပြီး ထိုနေရာကနေ မြန်မြန်ထွက်လာခဲ့သည်။
_________________________________________
စားသောက်ဆိုင်တွင်....
ဟင်းပွဲများ လာမချသေးသည့်အတွက် သုံးယောက်သား ထိုင်စောင့်နေရုံမှတစ်ပါး အခြားလုပ်စရာ မရှိ။ သူတို့ တစ်ဝိုင်းတည်း ကွက်ပြီး အပူချိန် ၁၀၀ ကျော်နေသည် ထင်၏။ အကြောင်းကား မျက်လုံးချင်း စုံပြီး အခိုးထွက်မတတ် စိုက်ကြည့်ကာ လေဆာများ ပစ်လွှတ်နေသော နှစ်ယောက်ကြောင့်ပင်။
Yeosang ခေါင်းသာ အသာခါမိသည်။ အခုထိ ကလေးစိတ် မပျောက်သေးကြသော ထိုနှစ်ယောက်ကို သူဘယ်လိုလုပ်ရမည်လဲ။တွေ့တိုင်း ကိုက်...အင်း... ရန်ဖြစ်နေကြသည်။ သူတို့ကို လျစ်လျူရှုလိုက်ကာ အရှေ့မှာ ချထားသော ရေခွက်ပို ကောက်ကိုင်ပြီး ရေသောက်ပါ ခံတွင်းရှင်းလိုကိတော့သည်။ မကြာ...ဟင်းပွဲများ လာချ၍ သူတို့အကြည့်တိုက်ပွဲ ရပ်သွားပြီး ရာသီဥတု ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုစဥ်...
"Seonghwa?"
အလွန်ရင်းနှီးနေသော အသံခပ်သြသြကြောင့် Wooyoung ထမင်းစားနေရင်း မော့ကြည့်လိုက်မိသည်။ မဟုတ်ဘူးမလား... သူမေ့သွားသည်။ သူဆုတောင်းရင် ဘယ်တော့မှ မပြည့်တတ်တာကို။ ရှပ်အင်္ကျီ အဖြူလက်ရှည်ကို အနက်ရောင် Style pants နဲ့ တွဲဖက် ဝတ်ဆင်ထားပြီး အင်္ကျီခါးစကို ဘောင်းဘီထဲ ထည့်ထားသည်။ ရင်ဘတ်က အင်္ကျီ ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိ နှစ်ဖက်လုံး ခေါက်တင်ထားသည်။ ဆံပင်ကို နောက်ပြန်လှန်ဖြီးထားပြီး ဂျယ်နဲ့ ပိပြားနေအောင် ဖိထားသော ထိုလူသည် သူ၏ နတ်ဆိုးပင်။
"သြော် Choi San...နေ့လယ်စာ လာစားတာလား"
"မဟုတ်ဘူး လူတစ်ယောက်ကို တွေ့လိုက်လို့ ဝင်လာတာ"
"အဟွတ်...အဟွတ်"
"ရရဲ့ လား Wooyoung ရော့ ရေသောက်လိုက်" ဆိုပြီး Yeosang က ရေခွက်ကို Wooyoung လက်ထဲ ထည့်ပေးလိုက်သည်။
သူငယ်ချင်းဖြစ်သူ နင်သွားသည့်အတွက် ရေတိုက်တာ သာမန်ပဲဆိုပေမယ့် သူ့မျက်စိထဲမှာတော့ Sang လေးက တယုတယနဲ့ ရေတိုက်နေတယ်လို့ပဲ မြင်ယောင်မိသည်။ ထိုမြင်ကွင်းကို ကြာကြာမကြည့်နိုင်၍
"အာ Sang လေး မိတ်ဆက်ပေးရဦးမယ် ဒါက Choi San တဲ့။ ကိုယ်တို့ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံး အဖွဲ့ဝင်ပေါ့။ Choi San သူက Yeosang ၊ သူက Wooyoung"
"သြော်...နာမည်က Wooyoung တဲ့လား။ ကိုယ့်နာမည်ကိုလည်း မှတ်ထားဦးနော် Choi San ။ Sannie လို့ ခေါ်ချင်လည်း ရတယ်။"
ပြောပြီး ခုနက သီးထားလို့ မျက်နှာလေး ရဲနေတဲ့သူ့ကို စလိုက်မိသည်။ သူအလုပ်ကိစ္စကြောင့် ထိုဆိုင်ရှေ့မှ ဖြတ်သွားရင်း သူ့ရဲပေါက်လေးကို တွေ့လိုက်လို့ ဆိုင်ထဲဝင်လာမိခြင်းပင်။
Sannie? ခေါ်စရာလား ကလေးကလားနဲ့။ သူ့နာမည်ကို မိတ်ဆက်ပြီး မျက်စိမှိတ်ပြလာတဲ့သူကို Wooyoung မျက်စောင်းထိုးလိုက်မိသည်။ လူကိုမြင်ရင် မျက်စိပဲ မှိတ်ပြနေတာ။ မျက်ကြောလိုက်နေတာလား။
"Seonghwa ကျွန်တော်လည်း နေ့လယ်စာမစားရသေးလို့ ဒီဝိုင်းမှာပဲ ထိုင်လိုက်လို့ရလား"
"ရပါတယ် ထိုင်လေ"
ထိုစဥ် သူတို့ဘေးကနေ waiter ကောင်လေးက ဟင်းပွဲများ ကိုင်ရင်း ဖြတ်လျှောက်သွားသည်။ သို့သော် သွားရင်း ခလုတ်တိုက်မိသည့်အတွက် ဟင်းပွဲတွေက ဘေးဆုံးမှာ ထိုင်နေတဲ့ Yeosang ပေါ်ကို ဖိတ်ကျကုန်သည်။
"အား..."
ဟင်းတွေက ပူလွန်းသည့်အတွက် Yeosang အော်လိုက်မိသည်။ မျက်ရည်တွေလည်း ဝဲတက်လာသည်။
"ဟာ Yeosang ရရဲ့လား။ ဟေ့လူ မင်းဘယ်လိုလုပ်လိုက်တာလဲ။"
Wooyoung တစ်ယောက် Yeosang ကို ကူသုတ်ပေးရင်း ထို waiter ကို အော်လိုက်သည်။
"တောင်းပန်ပါတယ် ခင်ဗျာ တောင်းပန်ပါတယ်"
ဒူးထောက်မတတ် ခါးကို ညွှတ်ကိုင်းကာ တောင်းပန်နေသူကြောင့် Yeosang အားနာလာပြီး
"ရပါတယ် နောက်ဂရုစိုက်ပေါ့" လို့သာ ပြောပြီးကျေအေးပေးလိုက်တော့သည်။
"ဘာရတာလဲ ဒီလောက် ပူလောင်သွားတာကိုတောင်မှ မင်းအဲ့ဒီလိုသာ လူတိုင်းကို ကြပ်ကြပ် ခွင့်လွှတ်နေ။ အကုန်လုံးက မင်းကို နင်းချေသွားကြမှာကွ...တောက်"
Wooyoung သူငယ်ချင်းအတွက် စိတ်ပူသလို ဒေါသလည်း ထွက်သွားသည့်အတွက် အော်လိုက်မိသည်။ သူဒေါသထွက်တာ ခွင့်လွှတ်လွယ်တဲ့ နူးညံ့လွန်းလှတဲ့ သူ့သူငယ်ချင်း စိတ်ဓါတ်ကိုပါ။
"သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။"
"ငါရော လိုက်..."
"နေပါစေ...မင်းစားနေတုန်းကို... ဆက်စားလိုက်ပါ...ခဏပဲ။"
လို့ Wooyoung ကို ပြောပြီး သန့်စင်ခန်းကို ထွက်လာခဲ့သည်။
"အစ်ကို့ကို ခဏ..."
Yeosang သွားပြီး မကြာ Seonghwa က ပြောလာသဖြင့် သူလည်း ခေါင်းငြိမ့်ပြလိုက်မိသည်။ အစ်ကို Seonghwa က သူနဲ့သာ မတည့်တာ Yeosang ကိုဆို နည်းနည်းလေးမှ အထိမခံတာကို သူသိပြီးသား။ ခုနကလည်း Waiter ကောင်လေးကို သတ်တော့ဖြတ်တော့မယ့် အကြည့်တွေနဲ့ အကြာကြီး စိုက်ကြည့်နေခဲ့တာ။ အဲ့ဒါကြောင့်လည်း အဲ့ကောင်လေး အဲ့လောက် ကြောက်ဒူးတုန်သွားခဲ့တာ။ ဟူး...
"အစာစားနေတုန်း သက်ပြင်းမချရဘူးလေ ကလေးရဲ့"
နတ်ဆိုးကောင်က သူ့ကို ကြည့်ပြီး ပြောလာပုံထောက်ရင် သူအပြင်မှာပါ တကယ်သက်ပြင်းချမိသွားပုံရသည်။ Wooyoung တကယ် စဥ်းစားမရပါ။ ဘာလို့ အဲ့နတ်ဆိုးက သူ့ကို ဒီလောက် လိုက်နှောင့်ယှက်နေရလဲဆိုတာကို။ ဟူး.... ဒီနေ့အဖို့ သူတော့ အသက်တိုတော့မည် ထင်ပါသည်။....
_________________________________________
သန့်စင်ခန်းထဲ ဝင်လိုက်တော့ လက်ဆေးကန်မှာ လက်ဆေးနေတဲ့ Sang လေးကို တွေ့တာမို့ သူအနားလျှောက်သွားလိုက်သည်။ အနီးကပ်ကြည့်မိတော့မှ ရင်ဘတ်တွေပါ နီရဲပြီး အသားတွေ လန်ချင်သလို ဖြစ်နေတာကို တွေ့မိသည်။ အလိပ်လိပ်တက်လာတဲ့ ဒေါသတွေနဲ့အတူ သူ့လက်သီးကို တင်းကြပ်နေအောင် ဆုပ်မိသွားသည်။ မျက်နှာနုနုလေးကို သေချာကြည့်မိတော့ ဟင် မျက်ရည်တွေ... သူအနားကို ထပ်ကပ်လိုက်တော့
"ကျွန်တော် သင်တန်းဆင်းတုန်းက အုပ်စုလိုက် အနိုင်ကျင့်တာကို အမြဲခံရတယ်။ အခုလိုပဲ ဟင်းတွေ လောင်းချခံလိုက်ရ၊ ကန်ကျောက်ခံလိုက်ရ၊ ပိုက်ဆံ အလုခံလိုက်ရနဲ့။ အဲ့ဒီအချိန်တွေတုန်းက Wooyoung က ဘေးကနေပြီး အမြဲကူညီပေးခဲ့ရတာ။ အစ်ကိုသိလား.... ကျွန်...ကျွန်တော်..."
စကားဆက်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ပြီး ငိုနေတဲ့သူ့ကို ဆက်ပြီး မကြည့်နိုင်တော့သည့်အတွက် ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်မိသည်။
"တောင်းပန်ပါတယ်...ကိုယ်တောင်းပန်ပါတယ်ကွာ...အဲ့အချိန်တွေတုန်းက ကိုယ်မရှိပေးနိုင်ခဲ့လို့ အမြဲအတူရှိပေးမယ် ပြောပြီး ကတိတွေ မတည်နိုင်ခဲ့လို့ တောင်းပန်ပါတယ်...ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ရဲ့ Sang လေး"
နာမည်ခေါ်သံကြောင့် သူ့ကို မျက်ရည်တွေဝိုင်းပြီး မျက်ဝန်းဝိုင်းစက်စက်လေးနဲ့ ကြည့်လာတဲ့ ကောင်လေးကို သူတကယ် အသည်းယားမိပါသည်။
"အခုကစပြီး ကိုယ်ကတိတည်အောင် နေတော့မှာမို့လို့ ကိုယ့်ကို နောက်ထပ်အခွင့်အရေး တစ်ခါလောက်ပဲ ပေးပါလား...နော်...ကိုယ် Sang လေးကို အမြဲစောင့်ရှောက်ပေးပါရစေ...ကိုယ်...Sang လေးကို ချစ်တယ်။"
_________________________________________