မနက္မိုးလင္းသည့္တိုင္မျပန္ေသးတဲ့ အ႐ွင္ေၾကာင့္ ထယ္ေယာင္းအေရေပ်ာ္ခ်င္လာသည္။
"ကင္မ္ထယ္ေယာင္း ပန္းျခံသြားမယ္ လိုက္ခဲ့"
ထယ္ေယာင္း မေနတတ္စြာ ေခါင္းငံု႔ေနခ်ိန္မွာပဲ ေျပာလာတဲ့ အ႐ွင့္ရဲ႕ အမိန္႔ဆန္ဆန္အသံေၾကာင့္ ထယ္ေယာင္းကိုယ္ေလးတုန္တက္လို႔သြားသည္။
'အမိန္႔ေတာ္အတိုင္းပါ အ႐ွင္"
ေအာက္ပိုင္းက ေသေလာက္ေအာင္ နာက်င္ေနေပမယ့္ က်ိတ္မွိတ္ၿပီး မတ္တပ္ရပ္လိုက္သည္။
ထယ္ေယာင္းက အ႐ွင္ယြန္းဂီထက္ အရပ္အနည္းငယ္ ႐ွည္တာေၾကာင့္ ေခါင္းေလးကို အသာငံု႔ၿပီး အ႐ွင့္ေဘးမွာ မတ္တပ္ရပ္ေနလိုက္သည္။
ထယ္ေယာင္းၾကားဖူးသမွ်ေတာ့ အ႐ွင္က ေဆာင္ၾကာၿမိဳင္က အပ်ိဳေတာ္ေတြနဲ႔ဆက္ဆံၿပီးရင္အျမဲ လွည့္ၾကည့္တာမွမဟုတ္။
ဘာအေၾကာင္းေၾကာင့္ပဲ ဒီလိုေခၚေခၚ ထယ္ေယာင္း အ႐ွင္နဲ႔အတူ သြားရမွာမို႔ေပ်ာ္မိသည္။
ပန္းျခံထဲသို႔ အျခံအရံေပါင္းမ်ားစြာ ျခံရံရင္းအ႐ွင္ယြန္းဂီႏွင့္ထယ္ေယာင္း ဝင္ေရာက္လာခဲ့သည္။
"ကင္မ္ထယ္ေယာင္း မင္းဒီကို အရင္က ေရာက္ဖူးလား"
"မေရာက္ဖူးပါဘူးအ႐ွင္"
ထယ္ေယာင္းစကားေၾကာင့္ အ႐ွင္ကႏႈတ္ခမ္း တြန္႔ခ်ိဳးရံုျပံဳးသည္။
သူတို႔လမ္းေလွ်ာက္လာခဲ့ၾကၿပီး ထိုင္စရာခံုနားေရာက္ေတာ့ အ႐ွင္က ထိုင္သည္။
ထယ္ေယာင္းကေတာ့ နံေဘးမွာ မတ္တပ္ရပ္ေနမိသည္။
ထိုအခ်ိန္သူတို႔ေ႐ွ႕ကိုေျပးလာတဲ့ ယုန္ျဖဴေလးတစ္ေကာင္။
ထယ္ေယာင္းဆိုသည္မွာလည္း ယုန္ဆိုသိပ္ခ်စ္သၫ္။
အေ႐ွ႕မွာေတြ႔ေနရတဲ့ ယုန္ေလးကို ေျပးေပြ႔ခ်င္စိတ္ကို မနည္းထိန္းေနရသည္။
ဘာေၾကာင့္ဆို အ႐ွင္႐ွိေနသည္ေလ...။
အ႐ွင္က ထိုယုန္ျဖဴကိုေတြ႔ေတာ့ မဲ့ျပံဳးျပံဳးသည္။
မေန႔ညကေန႔ အခုထိ အျပံဳးေပါင္းေျမာက္ျမားစြာျပံဳးေနေသာ အ႐ွင္ကိုၾကည့္ၿပီး ထယ္ေယာင္းမွာလည္း ဘုရားတသသႏွင့္။
ခနေနေတာ့ အပ်ိဳေတာ္ေတြေရာက္လာၿပီး အ႐ွင့္ကို ေဖ်ာ္ေျဖၾကသည္။ အ႐ွင္က အပ်ိဳေတာ္မ်ားႏွင့္ျပံဳးေပ်ာ္လို႔ေနသည္။
သူကေတာ့ လူပိုတစ္ေယာက္သာသာ။
________________________
"ဂြၽန္းမေျပးနဲ႔ ရား"
ေနာက္ကေနေျပးလိုက္ေနတဲ့ ဂ်င္ေပါက္စကို နမ္ဂြၽန္းရယ္ခ်င္လာသည္။
ဝတ္ရံုေလးတမမႏွင့္ ပါးစပ္ကလည္း စကားေပါင္းေသာင္းေပါင္းေျခာက္ေထာင္ေရရြတ္ၿပီး ေျပးလိုက္ေနသည္မွာ အူယားဖြယ္အတိ။
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကို အေလ်ာ့ေပးၿပီး ေျပးေနရာမွ အေနာက္ကိုလွည့္လိုက္ေတာ့ အ႐ွိန္နဲ႔ေျပးလာတဲ့ေဆာ့ဂ်င္က နမ္ဂြၽန္းရဲ႕ ေတာင့္တင္းတင္းရင္အုပ္ကို အင့္ခနဲ႔ ေျပးေဆာင့္ေတာ့သည္။
"မိၿပီ ဂြၽန္းကို ငါမိသြားၿပီ ဟားဟားဟား"
နမ္ဂြၽန္းလည္း ခပ္ဟဟ ရယ္လိုက္ၿပီး ေဆာ့ဂ်င္ရဲ႕ ေသးသြယ္သြယ္ ခါးေလးကို သိမ္းက်ံဳးဖက္လိုက္သည္။
"ကိုယ့္ရဲ႕ ခ်စ္မဝေလး မြ"
နဖူးေျပေျပေလးကို ဖိနမ္းလိုက္ၿပီး ပန္းျခံတစ္ေလွ်ာက္လမ္းေလွ်ာက္လာခဲ့သည္။
"ဂြၽန္း ဟိုမွာ ငါ ပန္းသီးစားခ်င္တယ္"
"ဟင္"
"ဂြၽန္း ဘာလည္း"
ဟိုဘက္ကိုလွည့္ၿပီးေယာင္ေတာင္ေတာင္ဘုပ္ေနတဲ့ နမ္ဂြၽန္းကိုၾကည့္ၿပီး ေဆာ့ဂ်င္စိတ္ပူသြားသည္။
"အ႐ွင္ ဒီမွာ႐ွိေနတယ္ သြားၿပီး ဂါရဝျပဳရေအာင္"
ေတာ့ဂ်င္မွာ ဘာမွေျပာခ်ိန္ေတာင္မရေလာက္ နမ္ဂြၽန္းက အ႐ွင္ယြမ္းဂီဆီသို႔ ေျပးသြားသည္။
မင္းအတြက္ အ႐ွင္ဆိုတဲ့သူက ဘယ္ေလာက္ေတာင္ အေရးပါေနလို႔လည္း ဂြၽန္းရာ။
ေဆာ့ဂ်င္လည္းနမ္ဂြၽန္းေနာက္သို႔အေျပးေလး လိုက္သြားမိသည္။
"အ႐ွင္ ပန္းျခံထဲမွာ အပန္းေျဖေနတာေတြ႕လို႔ လာေရာက္ဂါရဝျပဳတာပါ"
ေဆာ့ဂ်င္လည္း နမ္ဂြၽန္းေနာက္ကေန ခါးေလးကိုင္းၿပီး ဂါရဝျပဳသည္။
အ႐ွင္ယြန္းဂီက နမ္ဂြၽန္းအ႐ွင္ကို ႏႈတ္ဆက္လိုက္ေတာ့ အ႐ွင္ကလွည့္ၾကည့္သည္။
ေနာက္က ေဆာ့ဂ်င္ကိုျမင္ေတာ့ ႏွစ္ၿခိဳက္စြာျပံဳးမိသည္။
ထို႔ေနာက္ အ႐ွင္ယြန္းဂီက အပ်ိဳေတာ္မ်ားဘက္သို႔ လက္ျပလိုက္သည္။
အပ်ိဳေတာ္မ်ားကလည္း အလိုက္သိစြာ ထြက္သြားၾကသည္။
ထယ္ေယာင္း အပါအဝင္ေပါ့။
"မင္းက ဘယ္သြားမို႔လည္း"
"ဗ်ာ"
ထယ္ေယာင္းလည္း လန္႔လန္႔ႏွင့္ပင္ အ႐ွင္ယြန္းဂီနား ျပန္လည္းမတ္တပ္ရပ္ေနရသည္။
"ဟင္ ဆရာကင္မ္"
____________________________________
Written By
Guulili
Unicode~
မနက်မိုးလင်းသည့်တိုင်မပြန်သေးတဲ့ အရှင်ကြောင့် ထယ်ယောင်းအရေပျော်ချင်လာသည်။
"ကင်မ်ထယ်ယောင်း ပန်းခြံသွားမယ် လိုက်ခဲ့"
ထယ်ယောင်း မနေတတ်စွာ ခေါင်းငုံ့နေချိန်မှာပဲ ပြောလာတဲ့ အရှင့်ရဲ့ အမိန့်ဆန်ဆန်အသံကြောင့် ထယ်ယောင်းကိုယ်လေးတုန်တက်လို့သွားသည်။
'အမိန့်တော်အတိုင်းပါ အရှင်"
အောက်ပိုင်းက သေလောက်အောင် နာကျင်နေပေမယ့် ကျိတ်မှိတ်ပြီး မတ်တပ်ရပ်လိုက်သည်။
ထယ်ယောင်းက အရှင်ယွန်းဂီထက် အရပ်အနည်းငယ် ရှည်တာကြောင့် ခေါင်းလေးကို အသာငုံ့ပြီး အရှင့်ဘေးမှာ မတ်တပ်ရပ်နေလိုက်သည်။
ထယ်ယောင်းကြားဖူးသမျှတော့ အရှင်က ဆောင်ကြာမြိုင်က အပျိုတော်တွေနဲ့ဆက်ဆံပြီးရင်အမြဲ လှည့်ကြည့်တာမှမဟုတ်။
ဘာအကြောင်းကြောင့်ပဲ ဒီလိုခေါ်ခေါ် ထယ်ယောင်း အရှင်နဲ့အတူ သွားရမှာမို့ပျော်မိသည်။
ပန်းခြံထဲသို့ အခြံအရံပေါင်းများစွာ ခြံရံရင်းအရှင်ယွန်းဂီနှင့်ထယ်ယောင်း ဝင်ရောက်လာခဲ့သည်။
"ကင်မ်ထယ်ယောင်း မင်းဒီကို အရင်က ရောက်ဖူးလား"
"မရောက်ဖူးပါဘူးအရှင်"
ထယ်ယောင်းစကားကြောင့် အရှင်ကနှုတ်ခမ်း တွန့်ချိုးရုံပြုံးသည်။
သူတို့လမ်းလျှောက်လာခဲ့ကြပြီး ထိုင်စရာခုံနားရောက်တော့ အရှင်က ထိုင်သည်။
ထယ်ယောင်းကတော့ နံဘေးမှာ မတ်တပ်ရပ်နေမိသည်။
ထိုအချိန်သူတို့ရှေ့ကိုပြေးလာတဲ့ ယုန်ဖြူလေးတစ်ကောင်။
ထယ်ယောင်းဆိုသည်မှာလည်း ယုန်ဆိုသိပ်ချစ်သည်။
အရှေ့မှာတွေ့နေရတဲ့ ယုန်လေးကို ပြေးပွေ့ချင်စိတ်ကို မနည်းထိန်းနေရသည်။
ဘာကြောင့်ဆို အရှင်ရှိနေသည်လေ...။
အရှင်က ထိုယုန်ဖြူကိုတွေ့တော့ မဲ့ပြုံးပြုံးသည်။
မနေ့ညကနေ့ အခုထိ အပြုံးပေါင်းမြောက်မြားစွာပြုံးနေသော အရှင်ကိုကြည့်ပြီး ထယ်ယောင်းမှာလည်း ဘုရားတသသနှင့်။
ခနနေတော့ အပျိုတော်တွေရောက်လာပြီး အရှင့်ကို ဖျော်ဖြေကြသည်။ အရှင်က အပျိုတော်များနှင့်ပြုံးပျော်လို့နေသည်။
သူကတော့ လူပိုတစ်ယောက်သာသာ။
________________________
"ဂျွန်းမပြေးနဲ့ ရား"
နောက်ကနေပြေးလိုက်နေတဲ့ ဂျင်ပေါက်စကို နမ်ဂျွန်းရယ်ချင်လာသည်။
ဝတ်ရုံလေးတမမနှင့် ပါးစပ်ကလည်း စကားပေါင်းသောင်းပေါင်းခြောက်ထောင်ရေရွတ်ပြီး ပြေးလိုက်နေသည်မှာ အူယားဖွယ်အတိ။
နမ်ဂျွန်းလည်း ဆော့ဂျင်ကို အလျော့ပေးပြီး ပြေးနေရာမှ အနောက်ကိုလှည့်လိုက်တော့ အရှိန်နဲ့ပြေးလာတဲ့ဆော့ဂျင်က နမ်ဂျွန်းရဲ့ တောင့်တင်းတင်းရင်အုပ်ကို အင့်ခနဲ့ ပြေးဆောင့်တော့သည်။
"မိပြီ ဂျွန်းကို ငါမိသွားပြီ ဟားဟားဟား"
နမ်ဂျွန်းလည်း ခပ်ဟဟ ရယ်လိုက်ပြီး ဆော့ဂျင်ရဲ့ သေးသွယ်သွယ် ခါးလေးကို သိမ်းကျုံးဖက်လိုက်သည်။
"ကိုယ့်ရဲ့ ချစ်မဝလေး မွ"
နဖူးပြေပြေလေးကို ဖိနမ်းလိုက်ပြီး ပန်းခြံတစ်လျှောက်လမ်းလျှောက်လာခဲ့သည်။
"ဂျွန်း ဟိုမှာ ငါ ပန်းသီးစားချင်တယ်"
"ဟင်"
"ဂျွန်း ဘာလည်း"
ဟိုဘက်ကိုလှည့်ပြီးယောင်တောင်တောင်ဘုပ်နေတဲ့ နမ်ဂျွန်းကိုကြည့်ပြီး ဆော့ဂျင်စိတ်ပူသွားသည်။
"အရှင် ဒီမှာရှိနေတယ် သွားပြီး ဂါရဝပြုရအောင်"
တော့ဂျင်မှာ ဘာမှပြောချိန်တောင်မရလောက် နမ်ဂျွန်းက အရှင်ယွမ်းဂီဆီသို့ ပြေးသွားသည်။
မင်းအတွက် အရှင်ဆိုတဲ့သူက ဘယ်လောက်တောင် အရေးပါနေလို့လည်း ဂျွန်းရာ။
ဆော့ဂျင်လည်းနမ်ဂျွန်းနောက်သို့အပြေးလေး လိုက်သွားမိသည်။
"အရှင် ပန်းခြံထဲမှာ အပန်းဖြေနေတာတွေ့လို့ လာရောက်ဂါရဝပြုတာပါ"
ဆော့ဂျင်လည်း နမ်ဂျွန်းနောက်ကနေ ခါးလေးကိုင်းပြီး ဂါရဝပြုသည်။
အရှင်ယွန်းဂီက နမ်ဂျွန်းအရှင်ကို နှုတ်ဆက်လိုက်တော့ အရှင်ကလှည့်ကြည့်သည်။
နောက်က ဆော့ဂျင်ကိုမြင်တော့ နှစ်ခြိုက်စွာပြုံးမိသည်။
ထို့နောက် အရှင်ယွန်းဂီက အပျိုတော်များဘက်သို့ လက်ပြလိုက်သည်။
အပျိုတော်များကလည်း အလိုက်သိစွာ ထွက်သွားကြသည်။
ထယ်ယောင်း အပါအဝင်ပေါ့။
"မင်းက ဘယ်သွားမို့လည်း"
"ဗျာ"
ထယ်ယောင်းလည်း လန့်လန့်နှင့်ပင် အရှင်ယွန်းဂီနား ပြန်လည်းမတ်တပ်ရပ်နေရသည်။
"ဟင် ဆရာကင်မ်"
____________________________________
Written By
Guulili