နမ္ဂြၽန္း အိပ္ရာေပၚတြင္ ျဖဴေဖ်ာ့စြာ လဲေနသည့္ ေဆာ့ဂ်င္ကို စိတ္မေကာင္းသြာၾကည့္ေနမိသည္။
ေဆာ့ဂ်င္က နမ္ဂြၽန္းကို သိပ္ခ်စ္သည္။
သူ႔ကိုယ္သူထက္ေတာင္ပိုခ်စ္သည္။
"ဂ်င္ကြာ တစ္ေနကုန္ဒီလိုေနေနခဲ့တာလား"
အေစခံေတြက နမ္ဂြၽန္းအ႐ွင္နဲ႔ အတူ႐ွိေနလို႔ လာမေခၚရဲခဲ့တာကို နမ္ဂြၽန္းသိသည္။
ျဖဴေဖ်ာ့ေနေသာ ေဆာ့ဂ်င္လက္ေလးကိုဆုပ္ကိုင္ထားမိသည္။
ေဆာ့ဂ်င္သည္ ငယ္စဥ္ကတည္းက မိဘေတြရဲ႕ခင္မင္မႈေတြေၾကာင့္ ရင္းနီးခဲ့ၾကၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ခဲ့ၾကသည္။
ေယာက်္ားခ်င္းဆိုေပမယ့္ ဘယ္သူမွ သူတို႔ကို မ႐ွံုခ်ရဲ။
ဘာေၾကာင့္ဆို အ႐ွင္ၿပီးရင္ အာဏာစက္အျပင္းဆံုး စစ္သူႀကီးနဲ႔ အမတ္ႀကီးရဲ႕ သားေထြးေလး ျဖစ္ေနလို႔ေပါ့။
ေဆာ့ဂ်င္သည္ နမ္ဂြၽန္းကို ေသေလာက္ေအာင္ခ်စ္သည္။
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကို ခ်စ္ေပမယ့္ ေဆာ့ဂ်င္ခ်စ္တဲ့အခ်စ္ကို မေက်ာ္ႏိုင္ေလာက္။
ငယ္စဥ္ကတည္းက စိတ္က်န္းမာေရးမေကာင္းဘဲ ခ်ဴခ်ာလြန္းတဲ့သူ႔ကို ဂ႐ုစိုက္ေပးတဲ့ နမ္ဂြၽန္းကို ေဆာ့ဂ်င္ သိပ္ခ်စ္သည္။
"အဟင့္ဟင့္ ဂြၽန္း ဂြၽန္းေရ.."
အိပ္ေနရင္းနဲ႔ ေခြၽးေစးေတြျပန္ၿပီေယာင္လာတဲ့ ေဆာ့ဂ်င္ေၾကာင့္ နမ္ဂြၽန္းလည္းလန္႔သြားၿပီး ေဆာ့ဂ်င္ကိုယ္ေလးကိုေထြးေပြ႔လိုက္သည္။
"ဂ်င္ ကိုယ္႐ွိတယ္ "
တအိအိနဲ႔ လုွပ္လာတဲ့ ေဆာ့ဂ်င္ရဲ႕ ကိုယ္ေလးကိုေထြးေပြ႔ၿပီး ငိုလြန္းလို႔ေဖာင္းအိေနတဲ့ မ်က္ခံုမို႔မို႔ေလးကိုဖိနမ္းလိုက္သည္။
"ဟင္ ဂြၽန္းေရ မင္းငါ့ကို ပစ္သြားၿပီထင္တာ အီးဟီး ဂြၽန္းမင္းငါ့ကို တြန္းထုတ္သြားတုန္းကေလ ငါေလ ငါ့ဒီရင္ဘက္ႀကီးေပါက္ျပဲသြားသလိုပဲ "
ေျပာေနရင္းနဲ႔ သူရင္ဘက္သူ ထိုးျပေနတဲ့ ေဆာ့ဂ်င္ကိုၾကည့္ၿပီး နမ္ဂြၽန္းစိတ္မေကာင္းျဖစ္မိသည္။
ဒါေၾကာင့္ေဆာ့ဂ်င္ ကိုယ္ေလးကို ပိုမိုတင္းတင္းၾကပ္ၾကပ္ေထြးေပြ႔ၿပီး ႏွစ္သိမ့္စကားဆိုမိသည္။
"ဂ်င္ရယ္ ကိုယ္မင္းကို ထားခဲ့တယ္ဆိုတာ အ႐ွင္႐ွိေနတယ္ေလ ၿပီးေတာ့လည္း ကိုယ္က အေရးတႀကီးေျမာက္ပိုင္းႏိုင္ငံကိုသြားရတာေၾကာင့္ ဂ်င္ကိုေျပာမသြားတာပါ"
ထိုအခါမွ ေဆာ့ဂ်င္က နမ္ဂြၽန္းရင္ခြင္ထဲကို ပိုလို႔တိုးလို႔ဝင္သြားၿပီး ပိုၿပီး႐ိႈက္ငိုေတာ့သည္။
"အို... ကိုယ့္ဂ်င္ေလးက ငိုေနတာလား"
"အဟင့္ဟင့္......."
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကို ခ်ီေပြ႔လိုက္ၿပီး..
"ဂ်င္ အခုနက လက္ဝဲအမတ္ႀကီးနဲ႔ ဇနီးလာသြားတယ္ သူတို႔ မင္းကို စိုးရိမ္ေနၾကတယ္ မင္းအခုလိုမလုပ္သင့္ဘူး "
"ငါ မွားသြားပါတယ္ သာေလ ငါ့စိတ္ငါ မထိန္းႏိုင္သလိုျဖစ္သြားလို႔ပါ"
ထိုအခါမွ နမ္ဂြၽန္းလည္း ပါးခ်ိဳင့္ႀကီးေတြေပၚတဲ့အထိျပံဳးလိုက္
ၿပီး ပါးေဖာင္းေဖာင္းေလးကို ေမႊးၾကဴလိုက္သည္။
"ကိုယ္ဒီေန႔မင္းနဲ႔ပဲေနမွာ ဘယ္သြားခ်င္လည္းေျပာ"
"ဟို ညေဈးသြားမယ္ေလ ဂြၽန္း"
"ဟာကြာ ဂ်င္ကလည္း နန္တြင္းအျပင္ဆိုတာ အ႐ွင့္ခြင့္ျပဳခ်က္မပါဘဲ ထြက္လို႔မရဘူးေလကြာ"
"ဒါဆို ပန္းျခံ"
ႏႈတ္ခမ္းေလးဆူၿပီး ေျပာေနတဲ့ ေဆာ့ဂ်င္ကိုၾကည့္ၿပီး နမ္ဂြၽန္းအူယားလာသည္။
ဘယ္လို ဟာေလးပါလိမ့္....။
"ကိုယ့္ကေလးေလး ဆႏၵအတိုင္းျဖစ္ေစရပါမယ္ဗ်"
"ဟမ္ ဘာ ကေလးေလးလည္း အသက္တူတယ္ေလဂြၽန္းနဲ႔ "
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကိုသူ႔ဘက္ဆြဲလွည့္ၿပီး နဖူးျပင္သို႔ အနမ္းႏုႏုေႁခြမိသည္။
"သိပ္ခ်စ္တာမို႔"
နမ္ဂြၽန္းစကားေၾကာင့္ ေဆာ့ဂ်င္ရဲ႕ နားဖ်ားေလေတြရဲတက္သြားရသည္။
____________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
နမ်ဂျွန်း အိပ်ရာပေါ်တွင် ဖြူဖျော့စွာ လဲနေသည့် ဆော့ဂျင်ကို စိတ်မကောင်းသွာကြည့်နေမိသည်။
ဆော့ဂျင်က နမ်ဂျွန်းကို သိပ်ချစ်သည်။
သူ့ကိုယ်သူထက်တောင်ပိုချစ်သည်။
"ဂျင်ကွာ တစ်နေကုန်ဒီလိုနေနေခဲ့တာလား"
အစေခံတွေက နမ်ဂျွန်းအရှင်နဲ့ အတူရှိနေလို့ လာမခေါ်ရဲခဲ့တာကို နမ်ဂျွန်းသိသည်။
ဖြူဖျော့နေသော ဆော့ဂျင်လက်လေးကိုဆုပ်ကိုင်ထားမိသည်။
ဆော့ဂျင်သည် ငယ်စဉ်ကတည်းက မိဘတွေရဲ့ခင်မင်မှုတွေကြောင့် ရင်းနီးခဲ့ကြပြီး အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြသည်။
ယောက်ျားချင်းဆိုပေမယ့် ဘယ်သူမှ သူတို့ကို မရှုံချရဲ။
ဘာကြောင့်ဆို အရှင်ပြီးရင် အာဏာစက်အပြင်းဆုံး စစ်သူကြီးနဲ့ အမတ်ကြီးရဲ့ သားထွေးလေး ဖြစ်နေလို့ပေါ့။
ဆော့ဂျင်သည် နမ်ဂျွန်းကို သေလောက်အောင်ချစ်သည်။
နမ်ဂျွန်းလည်း ဆော့ဂျင်ကို ချစ်ပေမယ့် ဆော့ဂျင်ချစ်တဲ့အချစ်ကို မကျော်နိုင်လောက်။
ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းဘဲ ချူချာလွန်းတဲ့သူ့ကို ဂရုစိုက်ပေးတဲ့ နမ်ဂျွန်းကို ဆော့ဂျင် သိပ်ချစ်သည်။
"အဟင့်ဟင့် ဂျွန်း ဂျွန်းရေ.."
အိပ်နေရင်းနဲ့ ချွေးစေးတွေပြန်ပြီယောင်လာတဲ့ ဆော့ဂျင်ကြောင့် နမ်ဂျွန်းလည်းလန့်သွားပြီး ဆော့ဂျင်ကိုယ်လေးကိုထွေးပွေ့လိုက်သည်။
"ဂျင် ကိုယ်ရှိတယ် "
တအိအိနဲ့ လှုပ်လာတဲ့ ဆော့ဂျင်ရဲ့ ကိုယ်လေးကိုထွေးပွေ့ပြီး ငိုလွန်းလို့ဖောင်းအိနေတဲ့ မျက်ခုံမို့မို့လေးကိုဖိနမ်းလိုက်သည်။
"ဟင် ဂျွန်းရေ မင်းငါ့ကို ပစ်သွားပြီထင်တာ အီးဟီး ဂျွန်းမင်းငါ့ကို တွန်းထုတ်သွားတုန်းကလေ ငါလေ ငါ့ဒီရင်ဘက်ကြီးပေါက်ပြဲသွားသလိုပဲ "
ပြောနေရင်းနဲ့ သူရင်ဘက်သူ ထိုးပြနေတဲ့ ဆော့ဂျင်ကိုကြည့်ပြီး နမ်ဂျွန်းစိတ်မကောင်းဖြစ်မိသည်။
ဒါကြောင့်ဆော့ဂျင် ကိုယ်လေးကို ပိုမိုတင်းတင်းကြပ်ကြပ်ထွေးပွေ့ပြီး နှစ်သိမ့်စကားဆိုမိသည်။
"ဂျင်ရယ် ကိုယ်မင်းကို ထားခဲ့တယ်ဆိုတာ အရှင်ရှိနေတယ်လေ ပြီးတော့လည်း ကိုယ်က အရေးတကြီးမြောက်ပိုင်းနိုင်ငံကိုသွားရတာကြောင့် ဂျင်ကိုပြောမသွားတာပါ"
ထိုအခါမှ ဆော့ဂျင်က နမ်ဂျွန်းရင်ခွင်ထဲကို ပိုလို့တိုးလို့ဝင်သွားပြီး ပိုပြီးရှိုက်ငိုတော့သည်။
"အို... ကိုယ့်ဂျင်လေးက ငိုနေတာလား"
"အဟင့်ဟင့်......."
နမ်ဂျွန်းလည်း ဆော့ဂျင်ကို ချီပွေ့လိုက်ပြီး..
"ဂျင် အခုနက လက်ဝဲအမတ်ကြီးနဲ့ ဇနီးလာသွားတယ် သူတို့ မင်းကို စိုးရိမ်နေကြတယ် မင်းအခုလိုမလုပ်သင့်ဘူး "
"ငါ မှားသွားပါတယ် သာလေ ငါ့စိတ်ငါ မထိန်းနိုင်သလိုဖြစ်သွားလို့ပါ"
ထိုအခါမှ နမ်ဂျွန်းလည်း ပါးချိုင့်ကြီးတွေပေါ်တဲ့အထိပြုံးလိုက်
ပြီး ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်သည်။
"ကိုယ်ဒီနေ့မင်းနဲ့ပဲနေမှာ ဘယ်သွားချင်လည်းပြော"
"ဟို ညဈေးသွားမယ်လေ ဂျွန်း"
"ဟာကွာ ဂျင်ကလည်း နန်တွင်းအပြင်ဆိုတာ အရှင့်ခွင့်ပြုချက်မပါဘဲ ထွက်လို့မရဘူးလေကွာ"
"ဒါဆို ပန်းခြံ"
နှုတ်ခမ်းလေးဆူပြီး ပြောနေတဲ့ ဆော့ဂျင်ကိုကြည့်ပြီး နမ်ဂျွန်းအူယားလာသည်။
ဘယ်လို ဟာလေးပါလိမ့်....။
"ကိုယ့်ကလေးလေး ဆန္ဒအတိုင်းဖြစ်စေရပါမယ်ဗျ"
"ဟမ် ဘာ ကလေးလေးလည်း အသက်တူတယ်လေဂျွန်းနဲ့ "
နမ်ဂျွန်းလည်း ဆော့ဂျင်ကိုသူ့ဘက်ဆွဲလှည့်ပြီး နဖူးပြင်သို့ အနမ်းနုနုခြွေမိသည်။
"သိပ်ချစ်တာမို့"
နမ်ဂျွန်းစကားကြောင့် ဆော့ဂျင်ရဲ့ နားဖျားလေတွေရဲတက်သွားရသည်။
____________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili