___________________________________
နုဖက်လွန်းသည်။
သိပ်ချောသည်။
ဆွဲဆောင်မှုရှိသည်။
"မှန်လှပါ အရှင်"
__________________________________
အိုးးးး အရှင်က ချောလိုက်တာ။
"မင်းအဖေကရော"
"မှန်ပါတယ် အရှင်"
"သိပါတယ် အရှင် ကျွန်တော်ဆီိမှာ စောင်းတီးသင်တဲ့ သခင်လေးပါ"
ထို့နောက် ......
__________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
အရှင်ယွန်းဂီ နမ်ဂျွန်းနှင့်ဆော့ဂျင်အကြောင်းစဉ်းစားနေမိသည်။
"ကင်မ်ဆော့ဂျင်ဆိုပါလား အဟက် မင်းက နတ်သားလေးနဲ့တူတယ်"
ယွန်းဂီတစ်ယောက် သူဘာသာသူတောင်နားမလည်နိုင်။
လူတစ်ယောက်အကြောင်းကို အရေးတယူစဉ်းစားဖူးတာ ပထမဆုံးအချိန်ပဲလေ။
"ငါတောင်အနားမယူတာကြာပြီပဲ"
အရှင်ယွန်းဂီလည်း အဆောင်အပြင်ထွက်လာမိသည်။
ဦးတည်ရာကတော့ နန်းတွင်းဆောင်ကြာမြိုင်ဆီသို့...။
___________________________________
အရှင်ယွန်းဂီ ဝင်လာတော့ ဆောင်ကြာမြိုင်အတွင်းမှာ စုစုရုံးရုံးဖြစ်သွားပြီး အရှင့်ကိုဖျော်ဖြေကြတော့သည်။
"အရှင်ကြွပါ ယမကာသုံးဆောင်တော်မူပါဦး"
အရှင်ယွန်းဂီသည် ပလ္လင်ပေါ်မှာ ထိုင်ပြီး ကြည့်ရှုသည်။
ဒါဟာ သူ့ရဲ့အနားယူခြင်းတယ်မျိုး..။
များစွာသော အပျိုတော်တို့က အရှင်ယွန်းဂီကို ကပြဖျော်ဖြေကြသည်။ ဒါပေမယ့် ယွန်းဂီရဲ့အကြည့်ကတော့ ခုံပေါ်တွင်ထိုင်ကာ ဗြက်စောင်းတီးနေသော ကောင်လေးဆီတွင်သာ။
နုဖက်လွန်းသည်။
သိပ်ချောသည်။
ဆွဲဆောင်မှုရှိသည်။
အရှင်ယွန်းဂ်ီလည်း ထိုကောင်လေးကို စိတ်ဝင်စားသွားသည်။
"ဗြက်စောင်းတီးနေတဲ့ကောင်လေးကို ဒီညအတွက်ပြင်ဆင်ခိုင်းထား"
"မှန်လှပါ အရှင်"
အံ့သြသွားသော်လည်း သျှီလာအရှင်ယွန်းဂီကို မည်သူမှ အာမခံရဲကြ။
__________________________________
ထယ်ယောင်းလည်း အရှင်က ပြင်ဆင်ဆိုလည်း ပြင်ဆင်နေရသည်။ တစ်ခါမှ ဒီလိုမကြုံဖူး။
သူက ယောက်ျားလေးတစ်ယောက်လေ။အရှင့်မှာ အချစ်တော်တွေရှိတာ သိပေမယ့် ဒီလိုအချိန်ဆို အပျိုတော်တွေရွေးမယ်ထင်ခဲ့တာပေါ့။
စောင်းတီးနေတုန်းက အရှင့်ကို မော်တောင်မဖူးရဲတာကြောင့် အရှင်မည်သို့ အသွင်ရှိမှန်းမသိ။
အများပြောကြတာတော့ အရှင်ကသိပ်ရက်စက်တယ်တဲ့...။
အခုဆိုရင် သူက နှင်းဆီပန်းတွေခင်းထားတဲ့အိပ်ရာပေါ်တောင်ရောက်နေပြီလေ။
မကြာပါဘူး ခြေသံအချို့ကို ထယ်ယောင်းကြားနေရသည်။
အရှင်လာပြီဆိုနဲ့အသိနဲ့ အိပ်ရာစကို ဆုပ်ကိုင်ပြီး ခေါင်းကိုငုံ့ထားမိသည်။
အိပ်ရာပေါ်က အိခနဲ ခံစားချက်ကြောင့် အရှင်တက်ထိုင်လိုက်ပြီ ဆိုတာသိသည်။
ထယ်ယောင်းလည်း အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး မျက်လူံးကို မှိတ်ထားမိသည်။
"ဟက် ဟက် ဟက် ဘာလို့ဒီလောက်တောင်ကြောက်နေရတာလည်း ငါ့ကိုကြည့်စမ်း"
အရှင့်စကားကြောင့် ထယ်ယောင်းလည်း မဝံ့မရဲနဲ့မော့ကြည့်မိသည်။ သျှီလာအရှင်အကြောင်းကို သူလည်းကြားဖူးတာပဲလေ...။
အိုး အရှင်က ချောလိုက်တာ။
အခြားသူတွေနဲ့မတူတာတော့ သေချာသည်။
"စကားနားထောင်တာပဲ မင်းကိုယ်မင်း မိတ်ဆက်ပါဦး"
ဒါကြောင့် ထယ်ယောင်းလည်း ခေါင်းလေးငုပ်ပြီး ဂါရဝပြုလိုက်သည်။
"ကျွန်တော့်နာမည်က ကင်မ်ထယ်ယောင်းပါ အရှင် ဆောင်ကြာမြိုင်မှာ ဗြက်စောင်းတီးပါတယ် ယခင်က ကျွန်တော့်အမေက ဒီဆောင်ကြာမြိုင်က ကချေသည်ပါ အမေဆုံးပါးသွားတော့ ကျွန်တော့်ကို ဒီဆောင်ကြာမြိုင်မှာ ဗြက်စောင်းတီးတဲ့ ရာထူးပေးတာပါ အရှင်"
ထယ်ယောင်းစကားအဆုံးတွင် အရှင်ယွန်းဂီက ထယ်ယောင်းရဲ့ အညိုရောင်သန်းနေတဲ့ ဆံသားကို ဆုပ်ကိုင်သည်။
ထယ်ယောင်းလည်း မျက်စိမှိတ်ချလိုက်တော့မှ အရှင်က ဟက်ခနဲရယ်ပြီး။
"မင်းအဖေကရော"
"မရှိပါဘူး အဖေကိုမသိခဲ့ပါဘူး အရှင်"
"ငါသဘောပေါက်ပြီ အဖေမပေါ်ခဲ့တာလား"
"မှန်ပါတယ် အရှင်"
" ဒါဆို ငါ တစ်ကယ်တော့ သိချင်တာရှိတယ် မင်းကင်မ်ဆော့ဂျင်ကို သိလား"
ထယ်ယောင်းလည်း အရှင်ပြောတာကို သဘောပေါက်သွားတာမို့ ခေါင်းကို အသာငုံ့ပြပြီး..။
"သိပါတယ် အရှင် ကျွန်တော်ဆီမှာ စောင်းတီးသင်တဲ့ သခင်လေးပါ"
သူကြိုတွက်ပြီးသားမို့ အရှင်ယွန်းဂီ ပြုံးမိသည်။
"စစ်သူကြီးကင်မ်နဲ့ဘယ်အချိန်ကတည်းက ပတ်သက်ကြတာလည်း သိလား "
"သူတို့က ငယ်ငယ်ကတည်းက ခင်ကြတာပါ အရှင် နောက်ပိုင်းကြမှ ပတ်သက်သွားကြတာပါ"
ထယ်ယောင်းစကားကြောင့် ယွန်းဂီပြုံးမိသည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခုက ထွက်ပေါ်လာပြန်သည်။
"ကင်မ်ဆော့ဂျင်ကို ငါအရင်က မမြင်ဖူးပါဘူး"
"သူက အရင်က နန်းတော်ထဲ မဝင်ခဲ့ ဖူးလို့ ထင်ပါတယ် အရှင်"
ထယ်ယောင်းရဲ့ ရိုးရှင်းတဲ့အဖြေကြောင့် ယွန်းဂီ ရယ်မိသည်။
မေးခွန်းတိုင်းကို ရိုးရှင်းစွာ ပြန်ဖြေနေတဲ့ ထယ်ယောင်းကို သူတစ်ကယ် စိတ်ဝင်စားသည်။
"မင်းက သူ့တို့အကြောင်း ဘယ်လိုသိလည်း"
"သခင်လေးကပြောပြထားတာပါ အရှင်"
စကားအဆုံးမှာ..ထယ်ယောင်းကို အရှင်ယွန်းဂီက ကုတင်ပေါ်သို့ လှဲစေသည်။
ထယ်ယောင်းလည်း မျက်စိကို တင်းတင်းမှိတ်ထားမိသည်။
ထို့နောက် ......
တစ်ရစ်ရစ်တိုးဝင်လာတဲ့ အောက်ပိုင်းနာကျင်မှု။
ခန္ဓာကိုယ်အနှံ့တစ်ဆစ်ဆစ် နာကျင်မှုတွေကြောင့် ထယ်ယောင်း အိပ်ရာစကိုသာ တင်းတင်းဆုပ်ကိုင်ထားရသည်။
အရှင်ယွန်းဂီကတော့ ညှာတာမှု နည်းနည်းမှုမရှိခဲ့....။
ထယ်ယောင်းကြားဖူးထားတဲ့အတိုင်း အရှင်က သိပ်ရက်စက်သည်။ဒါပေမယ့် ထယ်ယောင်း အရှင့်ကို သဘောကျသည်။
__________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili