လောက်ပြီ။
"စစ်သူကြီးကင်မ်"
"အမိန့်ရှိပါ အရှင်"
နမ်ဂျွန်းစကားကြောင့် အရှင်ယွန်းဂီမျက်ခုံးတို့က အထက်သို့် မြင့်တက်သွားခဲ့သည်။
"မှန်လှပါအရှင်"
နမ်ဂျွန်းလည်းစိတ်အေးအေး ထားကာ နန်းးတော်ဆောင်တစ်လျှောက်ပြန်လာခဲ့သည်။
"ဂျင်"
___________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
အရှင်ယွန်းဂီတစ်ယောက် သူပုန်တွေကို တိုက်ထုတ်ဖို့ စစ်သူကြီးကင်မ်နဲ့အတူ ဗျူဟာဆွဲနေပေမယ့် သူ့စိတ်ကတော့ မနက်က နမ်ဂျွန်းကို ပြေးဖက်တဲ့ ဖြူဖြူဖွေးဖွေးကောင်လေးဆီမှာ။
သူကိုယ်တိုင်တောင် ထူးဆန်းနေပြီ မိဖုရားခေါင်ကြီး အပေါ်မှာတောင် ဒီလိုစိတ်မရှိဖူး။
မိမိရှိမှန်းသိတာတောင် ဂရုမစိုက်နိုင်ဘဲ နန်ဂျွန်းကိုသာ စကားတွေစွတ်ပြောနေတဲ့ ထိုကောင်လေးအကြောင်းသူသိချင်မိသည်။ အဲ့ကောင်လေးနေရာမှာ အခြားသူဆို သူသေမိန့်ပေးပြီး
လောက်ပြီ။
အကင်းပါးတဲ့ စစ်သူကြီးကင်မ်ကလည်း သူ့အကြောင်းကိုသိတာမို့ ထိုကောင်လေးကို အတင်းထားခဲ့တာကို သူရိပ်မိသည်။
စစ်သူကြီးကင်မ်နှင့် ကင်ဆော့ဂျင်ဆိုသူ မည်သို့ ပတ်သက်မှန်း သူအမှန်တကယ်သိချင်သည်။
"စစ်သူကြီးကင်မ်"
"အမိန့်ရှိပါ အရှင်"
"မနက်က တွေ့ခဲ့တဲ့ ကင်မ်ဆော့ဂျင် အကြောင်းသိချင်တယ်"
သူပြောလိုက်တဲ့စကားကြောင့် စစ်သူကြီးကင်မ်မျက်နှာ ရိပ်ခနဲပျက်သွားမှန်း သူရိပ်မိပါသည်။
ပါးနပ်လွန်းတဲ့ စစ်သူကြီးကင်မ်ကတော့ ပါးချိုင့်တွေပေါ်အောင်ချက်ချင်းပြန်ပြုံးပြီးမှ ..
"သူက လက်ဝဲအမတ်ကြီးမျာ သားသုံးယောက်ရှိတဲ့အနက် အငယ်ဆုံး သားထွေးပါ အရှင်...ငယ်စဉ်ကတည်းက နူးညံ့လွန်းတဲ့စိတ်ကြောင့် စစ်ပညာကိုသင်ယူလို့မရပါဘူး..ပြီးတော့ သူ့ စိတ်ဓာတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို အစွဲအလွန်ရှိပါတယ် ပြီးတော့ စိတ်ဓာတ်ကျလွယ်ပါတယ်အရှင်။"
နမ်ဂျွန်းပြောသောစကားကြောင့် အရှင်ယွန်းဂီမျက်ခုံးတို့ တွန့်ချိုးမိသည်။
"ဆိုလိုတာက ကင်မ်ဆော့ဂျင်က စိတ်ဝေဒနာရှင်လား"
"အဲ့လိုဆိုလို့လည်း ရပါတယ် အရှင်"
"အခုလက်ရှိ ဘာလုပ်နေလည်း"
အရှင်ယွန်းဂီက ထပ်မံမေးခွန်းထုတ်သည်။
"ဆောင်ကြာမြိုင်က စောင်းဗြက်တီးသူထံမှာ ဂီတပညာကို ဆည်းပူးနေပါတယ် အရှင်"
"ဒါဆိုရင် မင်းနဲ့ရောဘယ်လို ပတ်သက်လည်း"
အရှင်ယွန်းဂီပြောလိုက်တဲ့ စကားကြောင့် နမ်ဂျွန်းမျက်နှာပျက်သွားသည်။အရှင့်အကြံကို သူရိပ်မိနေပြီလေ။
"ကျွန်တော့် ချစ်သူပါ အရှင်"
မခြွင်းမချန်အမှန်အတိုင်းသာ လျှောက်ထားမိသည်။
လိမ်ညာရင်တောင် ထက်မြက်လွန်းတဲ့ အရှင်ကြောင့် တစ်ချိန်ပေါ်မှာပဲလေ။
နမ်ဂျွန်းစကားကြောင့် အရှင်ယွန်းဂီမျက်ခုံးတို့က အထက်သ်ို့ မြင့်တက်သွားခဲ့သည်။
"ရပြီလေ မင်းပြန်လို့ရပြီ စစ်သူကြီးကင်မ်"
"မှန်လှပါအရှင်"
နမ်ဂျွန်းလည်း အရှင်ယွန်းဂီကို နှုတ်ဆက်ပြီးပြန်လာခဲ့သည်။
စိတ်ထဲတွင်တော့ မကောင်းတဲ့အငွေ့အသက် တစ်ခုခုရနေသလို.....
"ဘာမှမဖြစ်လောက်ပါဘူးလေ ဂျင်ကိုလည်းချော့ရဦးမယ်"
နမ်ဂျွန်းလည်းစိတ်အေးအေး ထားကာ နန်းတော်ဆောင်တစ်လျှောက်ပြန်လာခဲ့သည်။
သူပြန်လာရင်း ညီလာခံရှေ့နားမှာ လူစုလူရုံးတစ်ချို့..။
နမ်ဂျွန်းလည်း သိချင်စိတ်ကြောင့် ထိုအနားကို ချဉ်းကပ်သွားလိုက်သည်။
အနီရောက်တော့မှမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မိမိကိုယ်ကို အပြစ်တင်လို့မဆုံး..။
"စစ်သူကြီး ကင်မ် သခင်လေးကိုပြောပါဦး"
ဘေးနားက အစေခံတွေက သူ့ကိုမြင်တော့တောင်းပန်ကြသည်။နမ်ဂျွန်းလည်း ဖြူဖျော့ပြီး လဲကျနေတဲ့ ဆော့ဂျင်ကိုယ်လေးကို ထွေးပွေ့လိုက်သည်။
"ဂျင်"
"ငါ မင်းလာခေါ်မယ်ဆိုတာ သိလို့ ဒီမှာစောင့်နေတာ"
ဆော့ဂျင်က ဖြူဖျော့နေသည့်ကြားမှသူ့ကိုပြုံးပြသည်။
ပြီးတော့ ဆော့ဂျင် မျက်လုံးတွေမှိတ်ကျသွားသည်။
"ဂျင် ကင်မ်ဆော့ဂျင် သတိထားဦးလေ ကျစ် သမားတော်ခေါ်"
"မှန်လှပါ စစ်သူကြီးကင်မ်"
နမ်ဂျွန်းလည်း ဆော့ဂျင်ကိုပွေ့ချိပြီး ဦးတည်ရာက ဂျင်ရဲ့ အိမ်တော်ဆီ..။
___________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili