သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.3K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား

1.8K 348 28
By MayKingMK119

Chapter (13) – ကံေကာင္းျခင္းလား၊ က်ိန္စာလား

Chen Ge သည္ အထူးအာ႐ံုစူးစိုက္ၿပီး ဘီးလံုး၏လက္တံေလးက တစ္ေနရာမွာ ရပ္တန္႔သြားသည္အထိ မ်က္ေတာင္မခတ္တမ္း Screen ကိုၾကည့္ေနသည္။

»»ကံေကာင္းျခင္း လက္တံလွည့္ၿပီးပါၿပီ။ ဂုဏ္ယူပါတယ္.. ရွားပါးပစၥည္းကို အႏိုင္ရရွိလိုက္ပါတယ္.. က်ိန္စာသင့္ေသာ ရည္းစားစာ (အႏိုင္ရရွိဖို႔ အခြင့္အေရး - 3/10000)««

"သူမမ်က္လံုးေတြ ျပာလာၿပီး ပါးျပင္က အ႐ိုးျပာကဲ့သို႔ ျဖဴေဖ်ာ့လို႔လာသည္။ သူမ အေဆာက္အဦးေပၚက ျပဳတ္က်သြားတဲ့အခ်ိန္မွာ ဒီေက်ာင္းရဲ့ အမဲလိုက္ခံရတဲ့ သားေကာင္ျဖစ္ေနတယ္ဆိုတာ သိလိုက္ရသည္။ အနီေရာင္ အကဖိနပ္၊ ေသြးျဖင့္ေပစြန္းေနသည့္ ေက်ာင္းယူနီေဖာင္းနဲ႔ သူမအမည္က ေက်ာင္းမွာ တီးတိုးေျပာဆိုေနၾကသည့္ အရာတစ္ခုျဖစ္လာသည္။ ေက်ာင္းကလူေတြက သူမကို တစ္ခါမွမရွိခဲ့ဖူးသလို ဟန္ေဆာင္ေနခဲ့ၾကၿပီး ေနာက္ဆံုး တစ္စံုတစ္ေယာက္က သူမထံမွ ရည္းစားစာကို လက္ခံရရွိခဲ့သည္။"

»»မင္းရဲ့ ပထမဆံုး Lucky pin ကေန အၿငိဳးတရားျဖင့္ျပည့္ေနေသာ ဝိညာဥ္ကို ရရွိပါတယ္..
ရွားရွားပါးပါး ရရွိသည့္အခန္း၏ ေခါင္းစဥ္ - ဝိညာဥ္အကူအညီ««

»»ဝိညာဥ္ရဲ့ အကူအညီ - မင္း ဒီဟာကို အသံုးျပဳရင္ ဝိညာဥ္ထံမွ အကူအညီကို တစ္ႀကိမ္ရရွိပါမည္။««

Chen Ge က Screen ေပၚမွစာကိုၾကည့္ၿပီး သူ႔ေခါင္းလည္သြားသလို ခံစားလိုက္ရသည္။

က်ိန္စာသင့္ေသာ ရည္းစားစာ ဟုတ္လား..?

ဒါကိုရရွိဖို႔ အခြင့္အလမ္းက 3/10000

ဝိညာဥ္ဆီက အကူအညီ..

မွန္ထဲကဟာကို မေျဖရွင္းရေသးခင္ ငါက တစ္စံုတစ္ေယာက္နဲ႔ ခ်စ္ၾကည္ႏူးေနရမွာလား။ ဒီဟာက ကံဆိုးတာလား၊ ကံေကာင္းတာလားေတာင္ ငါ့ဘာသာ မသိေတာ့ဘူး။

ဒီ lucky pin ကို သံုးလို႔မရေသးခင္က သူ ကံမေကာင္းတာနဲ႔ပတ္သက္ၿပီး Chen Ge က ကိုယ့္ဘာသာ က်ိန္ဆဲေနမိသည္။

"Chen Ge.. မင္းစိတ္ကိုထိန္းစမ္း.. ဒီဟာက အဆိုးဆံုးအေျခအေနမွ မဟုတ္တာ.. အၿငိဳးနဲ႔ျပည့္ေနတဲ့ ဝိညာဥ္ကို ရလိုက္ေပမယ့္ ဒီဝိညာဥ္က ခ်က္ခ်င္းေပၚလာမွာ မဟုတ္ေသးဘူး.. ဒီျပႆနာကိုေျဖရွင္းဖို႔ အခ်ိန္ရွိပါေသးတယ္.. အနီးဆံုးက ဘုရားေက်ာင္းကိုေျပးၿပီး ဝိညာဥ္အတြက္ လွဴဒါန္းေပးတာ လုပ္သင့္တယ္.."

သူ႔ဖုန္းကို ေဘးအိတ္ထဲထည့္လိုက္ခ်ိန္ စကၠဴတစ္ရြက္ကို ထိမိလိုက္လို႔ သူေခါင္းငံု႔ၾကည့္လိုက္ေတာ့ ေခါက္ထားသည့္ အဝါေရာင္စကၠဴတစ္ရြက္ကို ေတြ႕လိုက္ရသည္။ သူထုတ္ၾကည့္လိုက္ေတာ့ စကၠဴေပၚမွာ 'ငါမင္းကို သေဘာက်တယ္' ဆိုသည့္စာတစ္ေၾကာင္းကို ထင္ရွားစြာေရးထားသည္ကို ေတြ႕လိုက္ရသည္။ ဒီစာကိုျမင္ေတာ့ Chen Ge ဗိုက္ထဲ နာသလို ဟာသလို ခံစားလိုက္ရသည္။

What the fuck..

ေက်းဇူးျပဳၿပီး ငါ့ရဲ့ဘယ္ဟာကိုမ်ား မင္း သေဘာက်တာလဲ.. ေျပာျပစမ္းပါ..။ ငါ အဲ့တာကို ခ်က္ခ်င္း ေျပာင္းပစ္လိုက္မယ္။

ဒီစာထဲကလက္ေရးက ခပ္ေကြးေကြးေရးထားသည္။ သရဲအိမ္၏ အေနာက္ဘက္ကစံအိမ္မွာ Chen Ge က ဒီစာကို လက္ကကိုင္ရင္း တစ္ေယာက္တည္း မပီမသေျပာေနသည္။

"ဘယ္သူထင္မိမွာလဲ.. ငါ့ဘဝမွာ ပထမဆံုးရတဲ့ရည္းစားစာက ဒီလိုမ်ိဳး တစ္စံုတစ္ေယာက္ဆီက ျဖစ္လိမ့္မယ္လို႔.."

"ေဘာ့စ္.. ရွင္တစ္ေယာက္တည္း ဘာေတြ ေရရြတ္ေနတာလဲ.."

Xiao Wan က ပင္မအေဆာင္ထဲက ပစၥည္းေတြကို စနစ္တက်ရွင္းလင္းၿပီး သူ႔ေနာက္ကဝင္လာရင္း ေျပာလိုက္သည္။

"ဘာမွမဟုတ္ပါဘူး.. ငါစဥ္းစားေနတာက တကယ္လို႔ လူတစ္ေယာက္က မၾကာခင္ သူေသရေတာ့မယ္ဆိုတာ သိသြားရင္ သူ ပစၥည္းဥစၥာ ရွာေဖြစုေဆာင္းတာကို ရပ္တန္႔လိုက္ၿပီး ဒီကမာၻေပၚမွာ ေကာင္းတာတစ္ခုခု ခ်န္ထားရစ္ဖို႔ကိုပဲ အာ႐ံုစိုက္မလားဆိုတာပါ.."

Chen Ge က အေလာင္းမိတ္ကပ္ လိမ္းျခယ္ထားသည့္ Xiao Wan ကို ေမာ့ၾကည့္လိုက္သည္။

"ဥပမာ လူတစ္ေယာက္က သူ႔မ်ိဳးဆက္ခ်န္ထားဖို႔ အေကာင္းဆံုးလုပ္တာမ်ိဳးတို႔..."

Chen Ge က ဒီစကားကို ဦးတည္ရာမဲ့ ေျပာဆိုေနတာျဖစ္ေပမယ့္ Xiao Wan က သူ႔ကို စူးစူးစိုက္စုိက္ၾကည့္ေနသလို သူမမ်က္ႏွာကလည္း ေလးနက္လို႔ေနသည္။

"Xiao Wan.. ေက်းဇူးျပဳၿပီး 'Yes' လို႔မေျပာလိုက္ပါနဲ႔.. ေက်းဇူးပဲ.. ဒါေပမယ့္ ငါ တကယ့္ကို အဆင္သင့္မျဖစ္ေသးဘူး.. ၿပီးေတာ့ ငါတို႔က အၾကာႀကီးလက္တြဲလုပ္လာၾကၿပီး အေကာင္းဆံုး အဖြဲ႕တစ္ဖြဲ႕ျဖစ္ခဲ့တယ္.. တကယ္လို႔ မင္းသာ ေတာင္းဆိုခဲ့မယ္ဆိုရင္ ငါေတာ့ မင္းကို အျငင္းစကားေျပာႏိုင္မွာ မဟုတ္ဘူးထင္တယ္.."

တခ်ိဳ႕အေၾကာင္းျပခ်က္ေတြေၾကာင့္ Chen Ge က စိတ္႐ႈပ္ေထြးေနခဲ့သည္။

"မဟုတ္ဘူး ေဘာ့စ္.. ရွင္က အေနာက္မွာ အရိပ္ႏွစ္ခုထြက္ေအာင္ ဘယ္လိုလုပ္ႏိုင္သလဲဆိုတာ တကယ္သိခ်င္ေနတာ.."

Xiao Wan က Chen Ge ေနာက္ကို ညႊန္ျပရင္း ေျပာလိုက္သည္။

"ဒီဟာက ရွင္တီထြင္ထားတဲ့ဟာပဲလား.."

"အရိပ္ႏွစ္ခု ဟုတ္လား.."

Chen Ge က ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ အရိပ္၂ခုေတြ႕လိုက္ရသည္။ အရိပ္တစ္ခုက ခပ္ႀကီးႀကီး၊ တစ္ခုက ခပ္ေသးေသးျဖစ္ၿပီး အရိပ္ေသးက တျဖည္းျဖည္း ေမွးမွိန္သြားၿပီး သူ႔အရိပ္ထဲဝင္ေရာက္သြားၿပီး တစ္ခုတည္းအျဖစ္ ေပါင္းစပ္သြားသည္။

"What the fuck.."

သူက Xiao Wan ကို သရဲအိမ္ထဲကေန ခ်က္ခ်င္း ဆြဲထုတ္ခဲ့သည္။

ေနေရာင္ေအာက္ကိုေရာက္ေတာ့မွ Chen Ge က စိတ္သက္သာရာ ရသြားေတာ့သည္။ သူက Xiao Wan ကို ေလွကားထစ္ေတြကေန ျပဳတ္က်ေအာင္လုပ္မိတာေတာင္ တစ္ခြန္းမွ မရွင္းျပေပ။

"ေဘာ့စ္.. ေငြေၾကးအခက္အခဲေၾကာင့္လား.. ရွင့္ကိုၾကည့္ရတာ ပံုမွန္နဲ႔ကို မတူဘူး.."

Xiao Wan က Chen Ge ရဲ့ေဘးမွာထိုင္ခ်ရင္း ေျပာလိုက္သည္။

"စိတ္မပူပါနဲ႔.. အဆင္ေျပသြားမွာပါ.. ေဘာ့စ္ ေန႔လည္စာ စားမလား.. ကၽြန္မ ေျပးဝယ္လိုက္မယ္.."

Xiao Wan ရဲ့ ႏွစ္သိမ့္စကာကိုနားေထာင္ရင္း Chen Ge ဘာျပန္ေျပာရမွန္း မသိေတာ့ေပ။ သူက ဖ်စ္ညစ္ၿပံဳးလိုက္ၿပီး ေျပာလိုက္သည္။

"ငါလည္း အဲ့လိုေတြးထားပါတယ္.. မသြားခင္ မိတ္ကပ္ဖ်က္လိုက္ဦး.. ကန္တင္းကဝန္ထမ္းေတြ မင္းကိုေၾကာက္ကုန္မယ္.."

"နားလည္ပါၿပီ.."

Xu Wan ထြက္သြားေတာ့ Chen Ge က ရည္းစားစာကိုထုတ္ၾကည့္လိုက္သည္။ အရိပ္၂ခုက တစ္ခုတည္းေပါင္းသြားတယ္ဆုိတာ သူ႔မ်က္လံုးနဲ႔ တပ္အပ္ျမင္လိုက္ရသည္။ ဒီဟာက ဝိညာဥ္ရဲ့ ေျခာက္လွန္႔ခံေနရတယ္ဆိုတဲ့ သေဘာလား။ ဒါဆို ဝိညာဥ္က သူ႔အရိပ္ထဲမွာ ပုန္းေနတယ္ဆိုတဲ့ အဓိပၸါယ္ပဲေပါ့။

Chen Ge က သူ႔အရိပ္ကို မၾကည့္ဘဲ ေရွာင္ေနလိုက္သည္။ ဝိညာဥ္ရဲ့အကူအညီလို႔ ဆိုထားတဲ့အတြက္ သူက ဝိညာဥ္ဆီကေန အကူအညီတစ္ႀကိမ္ ရႏိုင္ေသးတယ္။ ဒါဆိုရင္ နာၾကည္းေနတဲ့ဝိညာဥ္ကို မဲေပါက္တာက သူထင္သေလာက္မဆိုးဘူးလို႔ ထင္ရတာပဲ။

ဒါက သူ အေပၚယံ ရွပ္ေတြးလိုက္တဲ့ အေတြးျဖစ္သည္။ တကယ့္တကယ္ သူ႔စိတ္ထဲမွာေတာ့ နာၾကည္းေနတဲ့ဝိညာဥ္လို႔ ေခၚရတဲ့အေၾကာင္းအရင္းက သူတို႔မေသဆံုးခင္က ရက္ရက္စက္စက္ ႏွိပ္စက္ခံခဲ့ရလို႔ ေသဆံုးခ်ိန္မွာ ေသာကေတြ၊ နာၾကည္းမႈေတြေၾကာင့္ အျပစ္နဲ႔ နာၾကည္းမႈကို ထုတ္လႊတ္ေနတဲ့ ဝိညာဥ္ေတြ ျဖစ္သြားၾကျခင္းျဖစ္သည္။ တကယ္လို႔ သူတစ္ခ်က္ေပါ့ဆသြားမိရင္ တစ္ေနရာမွာ စုန္းစုန္းျမဳပ္ၿပီး ေသဆံုးသြားႏိုင္သည္။

ေန႔လည္စာစားၿပီးေတာ့ Chen Ge က သရဲအိမ္ေရွ႕မွာ ေၾကျငာစာရြက္ေတြ ဆက္ေဝေနလိုက္သည္။ Chen Ge က ၿငီးေငြ႕လာလို႔ သူ႔ Video ကိုတင္ထားတဲ့ Sharing app ရဲ့ page ကိုဝင္ၾကည့္လိုက္ေတာ့ သူ႔ဆီကို သီးသန္႔ message ေတြပို႔ထားတာကို ေတြ႕လိုက္ရသည္။

Chen Ge က ေၾကျငာမက္ေဆ့ေတြကို ဖ်က္လိုက္ၿပီးေနာက္ သူ႔ကိုပို႔ထားတဲ့ message တခ်ိဳ႕ကို reply ျပန္ဖို႔ ဖြင့္ၾကည့္လိုက္ေတာ့ He San က သူ႔ဆီပို႔ထားတာ ေတြ႕လိုက္ရသည္။

႐ိုးသားပံုရသည့္ လူငယ္ေလးက သူတို႔ေက်ာင္းရဲ့ forum စာမ်က္ႏွာမွာ ဆူညံေပါက္ကြဲေနတယ္ဆိုတာ တိတ္တဆိတ္ေျပာျပထားသည္။ ေဆးေက်ာင္းသားေတြက သူတို႔ေက်ာင္းက ဒိတ္ဒိတ္က်ဲအလွေလး အေျခာက္ခံလိုက္ရတဲ့အျဖစ္ကို သိသြားၿပီး ဒီသရဲအိမ္ကို လာၿပီးေလ့လာခ်င္ေနၾကေၾကာင္း ေျပာျပထားသည္။ တစ္ေယာက္ေယာက္က ေျခာက္လွန္႔တဲ့ပါတီကိုလုပ္ဖို႔ ဆႏၵရွိၿပီး ကူညီခ်င္တဲ့လူတစ္စုလည္း ရွိေနေၾကာင္း ေျပာျပထားသည္။

"ငယ္ရြယ္ႏုပ်ိဳျခင္းက တကယ္ေကာင္းတာပဲ.."

Chen Ge က မွတ္ခ်က္ေပးလိုက္ေပမယ့္ သူ႔စိတ္အာ႐ံုထဲမွာ လူငယ္တစ္စု သရဲအိမ္ထဲပိတ္မိၿပီး ထိတ္လန္႔ေျခာက္ျခားေနမယ့္႐ုပ္ေတြကို ျမင္ေယာင္လို႔ေနသည္။

"ဒီအစမ္းမစ္ရွင္ေတြ ၿပီးသြားရင္ 1 star အဆင့္က ဘယ္ေလာက္ေၾကာက္စရာေကာင္းတယ္ဆိုတာ သူတို႔ကို စမ္းၾကည့္ေစခ်င္လိုက္တာ.."

အစမ္းမစ္ရွင္အေၾကာင္း ေတြးမိေတာ့ Chen Ge ၏အေတြးက ေလးနက္သြားသည္။ သူက ဖုန္းထဲကအခ်က္အလက္ကို မွတ္မိေအာင္ ေသခ်ာျပန္ဖတ္လိုက္သည္။ ဒီအခြင့္အေရးက တစ္ႀကိမ္ပဲရမွာျဖစ္ၿပီး ဒီတစ္ခါမေျဖရွင္းႏိုင္ရင္ ဘယ္ေတာ့မွ ဖြင့္လို႔မရႏိုင္ေတာ့ေပ။

'ရန္သူအေၾကာင္းကို ေသခ်ာသိျခင္းက တိုက္ပြဲတစ္ဝက္ကို ေအာင္ႏိုင္ျခင္းျဖစ္သည္။' Chen Ge က mission ထဲကေနရာကိုသိဖို႔ internet ကိုဖြင့္ၿပီး ရွာၾကည့္လိုက္သည္။

>>Jiu Jiang ၿမိဳ႕အေနာက္ဘက္ဆင္ေျခဖံုး Pin An တိုက္ခန္း<<

ဒီစာကို႐ိုက္ရွာလိုက္ေတာ့ ဒါနဲ႔သက္ဆိုင္တဲ့ စာမ်က္ႏွာတခ်ိဳ႕ က်လာသည္။ Chen Ge က တိုက္ခန္းနဲ႔ပတ္သက္တာ လိုက္ရွာေတာ့ တိုက္ခန္းအေဟာင္းေရာင္းခ်သည့္ Website မွာ ပို႔စ္တင္ထားတာကို သြားေတြ႕လိုက္သည္။

ေရာင္းခ်တဲ့သူက ရည္ရြယ္ခ်က္ရွိရွိကို တမင္ တိုက္ခန္းအေၾကာင္း ဖံုးကြယ္ထားေၾကာင္း တိုင္ၾကားထားတဲ့စာျဖစ္သည္။ တကယ္ေတာ့ ဒီတိုက္ခန္းက သရဲေျခာက္တဲ့တိုက္ခန္းျဖစ္ၿပီး ေဆးအသစ္သုတ္ထားေပမယ့္ ေဆးေျခာက္သြားရင္ ေသြးစီးေၾကာင္းေတြ ေပက်ံေနၿပီး ညညဆိုလွ်င္ တိုက္ခန္းထဲမွာ ေသြးညႇီနံ႔တို႔ကို ရရေနတာ ဘာေၾကာင့္ဆိုတာ ဘယ္သူမွမရွင္းျပႏိုင္ခဲ့ေပ။

ဒီတုိင္စာက မၾကာခင္ အျခားစိတ္ဝင္စားစရာသတင္းေတြေအာက္ ျမဳပ္သြားေတာ့သည္။ Chen Ge က ေန႔စြဲကိုၾကည့္လိုက္ေတာ့ လြန္ခဲ့တဲ့ ၉လက တင္ထားတာကို ေတြ႕လိုက္ရသည္။

သရဲေျခာက္တဲ့အိမ္ထဲ တစ္ညေလာက္ေနၿပီး ပုန္းေနတဲ့လူသတ္သမားကို ရွာေဖြျခင္း..။

"ဟူး.. ဒီဟာက ငါထင္ထားတာထက္ ပိုခက္တာပဲ.."

Chen Ge က အ႐ုပ္ဒီဇိုင္းဆြဲျခင္းကို သင္ၾကားခဲ့သူျဖစ္ေသာေၾကာင့္ သူက အေတာ္ေလးကို ပညာျပည့္ဝေသာ အေပ်ာ္တမ္းသမား တစ္ေယာက္ျဖစ္သည္။ အခု သူက တစ္စံုတစ္ခုေသာပံုကိုျမင္လွ်င္ စံုစမ္းစစ္ေဆးျခင္းႏွင့္ ကိုယ့္ကိုယ္ကို ခုခံကာကြယ္ျခင္းလုပ္ၿပီးေနာက္ သူက ဝါရင့္အေပ်ာ္တမ္းသမား ျဖစ္လာခဲ့သည္။ ဒီတိုက္ခန္းရဲ့ပံုေတြတင္ထားတာကို စစ္ေဆးၾကည့္ၿပီးေနာက္ အခက္ဆံုးအပိုင္းက ဒီတိုက္ခန္းထဲမွာ ေနတာမဟုတ္ေပ။ တကယ္ေတာ့ တံခါးအျပင္ဘက္မွာ လူသတ္သမားရွိေနၿပီး ကိုယ့္ဆီခုန္ဝင္လာတာက တကယ္ခက္ခဲသည့္ အပိုင္းျဖစ္သည္ဆိုတာ သိလိုက္သည္။

Batel spectors

Ghost girl's love letter



============================

Batel spectors

Ghost girl's love letter

Chapter (13) – ကံကောင်းခြင်းလား၊ ကျိန်စာလား

Chen Ge သည် အထူးအာရုံစူးစိုက်ပြီး ဘီးလုံး၏လက်တံလေးက တစ်နေရာမှာ ရပ်တန့်သွားသည်အထိ မျက်တောင်မခတ်တမ်း Screen ကိုကြည့်နေသည်။

»»ကံကောင်းခြင်း လက်တံလှည့်ပြီးပါပြီ။ ဂုဏ်ယူပါတယ်.. ရှားပါးပစ္စည်းကို အနိုင်ရရှိလိုက်ပါတယ်.. ကျိန်စာသင့်သော ရည်းစားစာ (အနိုင်ရရှိဖို့ အခွင့်အရေး - 3/10000)««

"သူမမျက်လုံးတွေ ပြာလာပြီး ပါးပြင်က အရိုးပြာကဲ့သို့ ဖြူဖျော့လို့လာသည်။ သူမ အဆောက်အဦးပေါ်က ပြုတ်ကျသွားတဲ့အချိန်မှာ ဒီကျောင်းရဲ့ အမဲလိုက်ခံရတဲ့ သားကောင်ဖြစ်နေတယ်ဆိုတာ သိလိုက်ရသည်။ အနီရောင် အကဖိနပ်၊ သွေးဖြင့်ပေစွန်းနေသည့် ကျောင်းယူနီဖောင်းနဲ့ သူမအမည်က ကျောင်းမှာ တီးတိုးပြောဆိုနေကြသည့် အရာတစ်ခုဖြစ်လာသည်။ ကျောင်းကလူတွေက သူမကို တစ်ခါမှမရှိခဲ့ဖူးသလို ဟန်ဆောင်နေခဲ့ကြပြီး နောက်ဆုံး တစ်စုံတစ်ယောက်က သူမထံမှ ရည်းစားစာကို လက်ခံရရှိခဲ့သည်။"

»»မင်းရဲ့ ပထမဆုံး Lucky pin ကနေ အငြိုးတရားဖြင့်ပြည့်နေသော ဝိညာဉ်ကို ရရှိပါတယ်..
ရှားရှားပါးပါး ရရှိသည့်အခန်း၏ ခေါင်းစဉ် - ဝိညာဉ်အကူအညီ««

»»ဝိညာဉ်ရဲ့ အကူအညီ - မင်း ဒီဟာကို အသုံးပြုရင် ဝိညာဉ်ထံမှ အကူအညီကို တစ်ကြိမ်ရရှိပါမည်။««

Chen Ge က Screen ပေါ်မှစာကိုကြည့်ပြီး သူ့ခေါင်းလည်သွားသလို ခံစားလိုက်ရသည်။

ကျိန်စာသင့်သော ရည်းစားစာ ဟုတ်လား..?

ဒါကိုရရှိဖို့ အခွင့်အလမ်းက 3/10000

ဝိညာဉ်ဆီက အကူအညီ..

မှန်ထဲကဟာကို မဖြေရှင်းရသေးခင် ငါက တစ်စုံတစ်ယောက်နဲ့ ချစ်ကြည်နူးနေရမှာလား။ ဒီဟာက ကံဆိုးတာလား၊ ကံကောင်းတာလားတောင် ငါ့ဘာသာ မသိတော့ဘူး။

ဒီ lucky pin ကို သုံးလို့မရသေးခင်က သူ ကံမကောင်းတာနဲ့ပတ်သက်ပြီး Chen Ge က ကိုယ့်ဘာသာ ကျိန်ဆဲနေမိသည်။

"Chen Ge.. မင်းစိတ်ကိုထိန်းစမ်း.. ဒီဟာက အဆိုးဆုံးအခြေအနေမှ မဟုတ်တာ.. အငြိုးနဲ့ပြည့်နေတဲ့ ဝိညာဉ်ကို ရလိုက်ပေမယ့် ဒီဝိညာဉ်က ချက်ချင်းပေါ်လာမှာ မဟုတ်သေးဘူး.. ဒီပြဿနာကိုဖြေရှင်းဖို့ အချိန်ရှိပါသေးတယ်.. အနီးဆုံးက ဘုရားကျောင်းကိုပြေးပြီး ဝိညာဉ်အတွက် လှူဒါန်းပေးတာ လုပ်သင့်တယ်.."

သူ့ဖုန်းကို ဘေးအိတ်ထဲထည့်လိုက်ချိန် စက္ကူတစ်ရွက်ကို ထိမိလိုက်လို့ သူခေါင်းငုံ့ကြည့်လိုက်တော့ ခေါက်ထားသည့် အဝါရောင်စက္ကူတစ်ရွက်ကို တွေ့လိုက်ရသည်။ သူထုတ်ကြည့်လိုက်တော့ စက္ကူပေါ်မှာ 'ငါမင်းကို သဘောကျတယ်' ဆိုသည့်စာတစ်ကြောင်းကို ထင်ရှားစွာရေးထားသည်ကို တွေ့လိုက်ရသည်။ ဒီစာကိုမြင်တော့ Chen Ge ဗိုက်ထဲ နာသလို ဟာသလို ခံစားလိုက်ရသည်။

What the fuck..

ကျေးဇူးပြုပြီး ငါ့ရဲ့ဘယ်ဟာကိုများ မင်း သဘောကျတာလဲ.. ပြောပြစမ်းပါ..။ ငါ အဲ့တာကို ချက်ချင်း ပြောင်းပစ်လိုက်မယ်။

ဒီစာထဲကလက်ရေးက ခပ်ကွေးကွေးရေးထားသည်။ သရဲအိမ်၏ အနောက်ဘက်ကစံအိမ်မှာ Chen Ge က ဒီစာကို လက်ကကိုင်ရင်း တစ်ယောက်တည်း မပီမသပြောနေသည်။

"ဘယ်သူထင်မိမှာလဲ.. ငါ့ဘဝမှာ ပထမဆုံးရတဲ့ရည်းစားစာက ဒီလိုမျိုး တစ်စုံတစ်ယောက်ဆီက ဖြစ်လိမ့်မယ်လို့.."

"ဘော့စ်.. ရှင်တစ်ယောက်တည်း ဘာတွေ ရေရွတ်နေတာလဲ.."

Xiao Wan က ပင်မအဆောင်ထဲက ပစ္စည်းတွေကို စနစ်တကျရှင်းလင်းပြီး သူ့နောက်ကဝင်လာရင်း ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး.. ငါစဉ်းစားနေတာက တကယ်လို့ လူတစ်ယောက်က မကြာခင် သူသေရတော့မယ်ဆိုတာ သိသွားရင် သူ ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းတာကို ရပ်တန့်လိုက်ပြီး ဒီကမ္ဘာပေါ်မှာ ကောင်းတာတစ်ခုခု ချန်ထားရစ်ဖို့ကိုပဲ အာရုံစိုက်မလားဆိုတာပါ.."

Chen Ge က အလောင်းမိတ်ကပ် လိမ်းခြယ်ထားသည့် Xiao Wan ကို မော့ကြည့်လိုက်သည်။

"ဥပမာ လူတစ်ယောက်က သူ့မျိုးဆက်ချန်ထားဖို့ အကောင်းဆုံးလုပ်တာမျိုးတို့..."

Chen Ge က ဒီစကားကို ဦးတည်ရာမဲ့ ပြောဆိုနေတာဖြစ်ပေမယ့် Xiao Wan က သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသလို သူမမျက်နှာကလည်း လေးနက်လို့နေသည်။

"Xiao Wan.. ကျေးဇူးပြုပြီး 'Yes' လို့မပြောလိုက်ပါနဲ့.. ကျေးဇူးပဲ.. ဒါပေမယ့် ငါ တကယ့်ကို အဆင်သင့်မဖြစ်သေးဘူး.. ပြီးတော့ ငါတို့က အကြာကြီးလက်တွဲလုပ်လာကြပြီး အကောင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့တယ်.. တကယ်လို့ မင်းသာ တောင်းဆိုခဲ့မယ်ဆိုရင် ငါတော့ မင်းကို အငြင်းစကားပြောနိုင်မှာ မဟုတ်ဘူးထင်တယ်.."

တချို့အကြောင်းပြချက်တွေကြောင့် Chen Ge က စိတ်ရှုပ်ထွေးနေခဲ့သည်။

"မဟုတ်ဘူး ဘော့စ်.. ရှင်က အနောက်မှာ အရိပ်နှစ်ခုထွက်အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာ တကယ်သိချင်နေတာ.."

Xiao Wan က Chen Ge နောက်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဒီဟာက ရှင်တီထွင်ထားတဲ့ဟာပဲလား.."

"အရိပ်နှစ်ခု ဟုတ်လား.."

Chen Ge က နောက်ကိုလှည့်ကြည့်လိုက်တော့ အရိပ်၂ခုတွေ့လိုက်ရသည်။ အရိပ်တစ်ခုက ခပ်ကြီးကြီး၊ တစ်ခုက ခပ်သေးသေးဖြစ်ပြီး အရိပ်သေးက တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ့အရိပ်ထဲဝင်ရောက်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

"What the fuck.."

သူက Xiao Wan ကို သရဲအိမ်ထဲကနေ ချက်ချင်း ဆွဲထုတ်ခဲ့သည်။

နေရောင်အောက်ကိုရောက်တော့မှ Chen Ge က စိတ်သက်သာရာ ရသွားတော့သည်။ သူက Xiao Wan ကို လှေကားထစ်တွေကနေ ပြုတ်ကျအောင်လုပ်မိတာတောင် တစ်ခွန်းမှ မရှင်းပြပေ။

"ဘော့စ်.. ငွေကြေးအခက်အခဲကြောင့်လား.. ရှင့်ကိုကြည့်ရတာ ပုံမှန်နဲ့ကို မတူဘူး.."

Xiao Wan က Chen Ge ရဲ့ဘေးမှာထိုင်ချရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. အဆင်ပြေသွားမှာပါ.. ဘော့စ် နေ့လည်စာ စားမလား.. ကျွန်မ ပြေးဝယ်လိုက်မယ်.."

Xiao Wan ရဲ့ နှစ်သိမ့်စကာကိုနားထောင်ရင်း Chen Ge ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူက ဖျစ်ညစ်ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ငါလည်း အဲ့လိုတွေးထားပါတယ်.. မသွားခင် မိတ်ကပ်ဖျက်လိုက်ဦး.. ကန်တင်းကဝန်ထမ်းတွေ မင်းကိုကြောက်ကုန်မယ်.."

"နားလည်ပါပြီ.."

Xu Wan ထွက်သွားတော့ Chen Ge က ရည်းစားစာကိုထုတ်ကြည့်လိုက်သည်။ အရိပ်၂ခုက တစ်ခုတည်းပေါင်းသွားတယ်ဆိုတာ သူ့မျက်လုံးနဲ့ တပ်အပ်မြင်လိုက်ရသည်။ ဒီဟာက ဝိညာဉ်ရဲ့ ခြောက်လှန့်ခံနေရတယ်ဆိုတဲ့ သဘောလား။ ဒါဆို ဝိညာဉ်က သူ့အရိပ်ထဲမှာ ပုန်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။

Chen Ge က သူ့အရိပ်ကို မကြည့်ဘဲ ရှောင်နေလိုက်သည်။ ဝိညာဉ်ရဲ့အကူအညီလို့ ဆိုထားတဲ့အတွက် သူက ဝိညာဉ်ဆီကနေ အကူအညီတစ်ကြိမ် ရနိုင်သေးတယ်။ ဒါဆိုရင် နာကြည်းနေတဲ့ဝိညာဉ်ကို မဲပေါက်တာက သူထင်သလောက်မဆိုးဘူးလို့ ထင်ရတာပဲ။

ဒါက သူ အပေါ်ယံ ရှပ်တွေးလိုက်တဲ့ အတွေးဖြစ်သည်။ တကယ့်တကယ် သူ့စိတ်ထဲမှာတော့ နာကြည်းနေတဲ့ဝိညာဉ်လို့ ခေါ်ရတဲ့အကြောင်းအရင်းက သူတို့မသေဆုံးခင်က ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရလို့ သေဆုံးချိန်မှာ သောကတွေ၊ နာကြည်းမှုတွေကြောင့် အပြစ်နဲ့ နာကြည်းမှုကို ထုတ်လွှတ်နေတဲ့ ဝိညာဉ်တွေ ဖြစ်သွားကြခြင်းဖြစ်သည်။ တကယ်လို့ သူတစ်ချက်ပေါ့ဆသွားမိရင် တစ်နေရာမှာ စုန်းစုန်းမြုပ်ပြီး သေဆုံးသွားနိုင်သည်။

နေ့လည်စာစားပြီးတော့ Chen Ge က သရဲအိမ်ရှေ့မှာ ကြေငြာစာရွက်တွေ ဆက်ဝေနေလိုက်သည်။ Chen Ge က ငြီးငွေ့လာလို့ သူ့ Video ကိုတင်ထားတဲ့ Sharing app ရဲ့ page ကိုဝင်ကြည့်လိုက်တော့ သူ့ဆီကို သီးသန့် message တွေပို့ထားတာကို တွေ့လိုက်ရသည်။

Chen Ge က ကြေငြာမက်ဆေ့တွေကို ဖျက်လိုက်ပြီးနောက် သူ့ကိုပို့ထားတဲ့ message တချို့ကို reply ပြန်ဖို့ ဖွင့်ကြည့်လိုက်တော့ He San က သူ့ဆီပို့ထားတာ တွေ့လိုက်ရသည်။

ရိုးသားပုံရသည့် လူငယ်လေးက သူတို့ကျောင်းရဲ့ forum စာမျက်နှာမှာ ဆူညံပေါက်ကွဲနေတယ်ဆိုတာ တိတ်တဆိတ်ပြောပြထားသည်။ ဆေးကျောင်းသားတွေက သူတို့ကျောင်းက ဒိတ်ဒိတ်ကျဲအလှလေး အခြောက်ခံလိုက်ရတဲ့အဖြစ်ကို သိသွားပြီး ဒီသရဲအိမ်ကို လာပြီးလေ့လာချင်နေကြကြောင်း ပြောပြထားသည်။ တစ်ယောက်ယောက်က ခြောက်လှန့်တဲ့ပါတီကိုလုပ်ဖို့ ဆန္ဒရှိပြီး ကူညီချင်တဲ့လူတစ်စုလည်း ရှိနေကြောင်း ပြောပြထားသည်။

"ငယ်ရွယ်နုပျိုခြင်းက တကယ်ကောင်းတာပဲ.."

Chen Ge က မှတ်ချက်ပေးလိုက်ပေမယ့် သူ့စိတ်အာရုံထဲမှာ လူငယ်တစ်စု သရဲအိမ်ထဲပိတ်မိပြီး ထိတ်လန့်ခြောက်ခြားနေမယ့်ရုပ်တွေကို မြင်ယောင်လို့နေသည်။

"ဒီအစမ်းမစ်ရှင်တွေ ပြီးသွားရင် 1 star အဆင့်က ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ သူတို့ကို စမ်းကြည့်စေချင်လိုက်တာ.."

အစမ်းမစ်ရှင်အကြောင်း တွေးမိတော့ Chen Ge ၏အတွေးက လေးနက်သွားသည်။ သူက ဖုန်းထဲကအချက်အလက်ကို မှတ်မိအောင် သေချာပြန်ဖတ်လိုက်သည်။ ဒီအခွင့်အရေးက တစ်ကြိမ်ပဲရမှာဖြစ်ပြီး ဒီတစ်ခါမဖြေရှင်းနိုင်ရင် ဘယ်တော့မှ ဖွင့်လို့မရနိုင်တော့ပေ။

'ရန်သူအကြောင်းကို သေချာသိခြင်းက တိုက်ပွဲတစ်ဝက်ကို အောင်နိုင်ခြင်းဖြစ်သည်။' Chen Ge က mission ထဲကနေရာကိုသိဖို့ internet ကိုဖွင့်ပြီး ရှာကြည့်လိုက်သည်။

>>Jiu Jiang မြို့အနောက်ဘက်ဆင်ခြေဖုံး Pin An တိုက်ခန်း<<

ဒီစာကိုရိုက်ရှာလိုက်တော့ ဒါနဲ့သက်ဆိုင်တဲ့ စာမျက်နှာတချို့ ကျလာသည်။ Chen Ge က တိုက်ခန်းနဲ့ပတ်သက်တာ လိုက်ရှာတော့ တိုက်ခန်းအဟောင်းရောင်းချသည့် Website မှာ ပို့စ်တင်ထားတာကို သွားတွေ့လိုက်သည်။

ရောင်းချတဲ့သူက ရည်ရွယ်ချက်ရှိရှိကို တမင် တိုက်ခန်းအကြောင်း ဖုံးကွယ်ထားကြောင်း တိုင်ကြားထားတဲ့စာဖြစ်သည်။ တကယ်တော့ ဒီတိုက်ခန်းက သရဲခြောက်တဲ့တိုက်ခန်းဖြစ်ပြီး ဆေးအသစ်သုတ်ထားပေမယ့် ဆေးခြောက်သွားရင် သွေးစီးကြောင်းတွေ ပေကျံနေပြီး ညညဆိုလျှင် တိုက်ခန်းထဲမှာ သွေးညှီနံ့တို့ကို ရရနေတာ ဘာကြောင့်ဆိုတာ ဘယ်သူမှမရှင်းပြနိုင်ခဲ့ပေ။

ဒီတိုင်စာက မကြာခင် အခြားစိတ်ဝင်စားစရာသတင်းတွေအောက် မြုပ်သွားတော့သည်။ Chen Ge က နေ့စွဲကိုကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၉လက တင်ထားတာကို တွေ့လိုက်ရသည်။

သရဲခြောက်တဲ့အိမ်ထဲ တစ်ညလောက်နေပြီး ပုန်းနေတဲ့လူသတ်သမားကို ရှာဖွေခြင်း..။

"ဟူး.. ဒီဟာက ငါထင်ထားတာထက် ပိုခက်တာပဲ.."

Chen Ge က အရုပ်ဒီဇိုင်းဆွဲခြင်းကို သင်ကြားခဲ့သူဖြစ်သောကြောင့် သူက အတော်လေးကို ပညာပြည့်ဝသော အပျော်တမ်းသမား တစ်ယောက်ဖြစ်သည်။ အခု သူက တစ်စုံတစ်ခုသောပုံကိုမြင်လျှင် စုံစမ်းစစ်ဆေးခြင်းနှင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်းလုပ်ပြီးနောက် သူက ဝါရင့်အပျော်တမ်းသမား ဖြစ်လာခဲ့သည်။ ဒီတိုက်ခန်းရဲ့ပုံတွေတင်ထားတာကို စစ်ဆေးကြည့်ပြီးနောက် အခက်ဆုံးအပိုင်းက ဒီတိုက်ခန်းထဲမှာ နေတာမဟုတ်ပေ။ တကယ်တော့ တံခါးအပြင်ဘက်မှာ လူသတ်သမားရှိနေပြီး ကိုယ့်ဆီခုန်ဝင်လာတာက တကယ်ခက်ခဲသည့် အပိုင်းဖြစ်သည်ဆိုတာ သိလိုက်သည်။

============================

Continue Reading

You'll Also Like

103K 16.7K 100
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
113K 12.8K 140
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
232K 40.2K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...