Unicode
Arc(1.30)
The Wild Dragon Proud Day
လီလျိုကလက်ဖက်ရည်ဆိုင်သေးသေးလေးတစ်ခုထဲကစားပွဲတစ်ခုတွင်ထိုင်နေသည်။သူကအစိမ်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးအပေါ်တွင်အပြာဘက်သမ်းသောအစိမ်းရာင်ဝါးများဖြင့်အလှဆင်ထားကာခါးတွင်တော့အစိမ်းပုပ်ရောင်ခါးပတ်တစ်ခုရှိသည်။လီလျို၏ဆံပင်ကိုလည်းခါးပတ်နှင့်အရောင်တူသည့်ကြိုးနှင့်အတူစည်းနှောင်ထား၏။သူရဲ့ပုံပန်းသဏ္ဍာန်ကနူးညံ့သိမ်မွေ့လှပနေပြီးလေးနက်သည့်စာအုပ်များသာဖတ်ရန်သိသည့်ပညာတတ်ကျောင်းသားတစ်ယောက်နှင့်တူနေသည်။
ထိုသေးသယ်သောလက်ဖက်ရည်ဆိုင်လေးကမြို့လည်ခေါင်မှာတည်ရှိတာဖြစ်သောကြောင့်လူအများအပြားလာရောက်ကြပြီးသတင်းများရရှိရန်ပျံနှံ့ရန်လည်းအလွန်လျင်မြန်လှသည်။
လီလျိုကသူ့ခေါင်းကိုအနည်းငယ်ငုံ့ထားလိုက်သည်။သူ့ပုံစံကကိုင်ထားသည့်ခွက်ထဲမှလက်ဖက်စိမ်းရည်ကိုဖြည်းဖြည်းခြင်းဇိမ်ခံသောက်နေသည့်ပုံရသော်လည်းအဖြစ်မှန်ကသူသည်ပတ်ဝန်းကျင်ရှိလူများ၏ဆွေးနွေးနေမှုများကိုဂရုတစိုက်နားထောင်နေခြင်းဖြစ်သည်။
"......မင်းတို့အကုန်လုံးကြားပြီးသွားပြီဖြစ်မှာပါ...သိပ်မကြာခင်တုန်းကရန်တိုင်းပြည်လည်းမကြာခင်ချင်တိုင်းပြည်ရဲ့ဧကရာဇ်မင်းသိမ်းပိုက်တာကိုခံလိုက်ရပြီ..လက်ရှိကရန်တိုင်းပြည်ကဧကရာဇ်လည်းချင်တိုင်းပြည်ရဲ့ဝမ်ရယ်အမည်ခံအဖြစ်ပြောင်းလဲလိုက်ပြီ;မင်းတို့တွေသူကတိုင်းပြည်ဆုံးရှုံးသွားတာတောင်မှဝမ်ရယ်ဖြစ်နေသေးတယ်ဆိုတော့သိပ်မဆိုးဘူးဆိုတာကိုပဲမမြင်နဲ့တကယ်တမ်းကသူနဲ့သူ့ကလေးတွေအကုန်လုံးဝမ်ဖူရဲ့အိမ်မှာနေအိမ်အကျယ်ချုပ်ချခံထားရတာတဲ့ပြီးတော့ပြောကြတာအိမ်တော်ရဲ့ဂိတ်ပေါက်ကိုတောင်ထွက်ခွင့်မရဘူးလို့ပြောကြတယ်"
(T/N - ဝမ်ရယ် - ပုံမှန်စကားပြောသည့်အချိန်မျိုးမှာမင်းသားတစ်ယောက်ကိုရည်ညွှန်းသည်။ ဝမ်ဖူ - ဝမ်ရယ်အိမ်တော်)
"ဘယ်လိုဖြစ်လို့ဒီတစ်ခါလည်းချင်တိုင်းပြည်ဘဲလဲ?ဒီသုံးနှစ်အတော်အတွင်းမှာသူတိုင်းပြည်ငါးခုကိုအနိုင်ရပြီးနေပြီကြည့်ရတာငါတို့ရှီလင်တိုင်းပြည်လည်းမကြာခင်တိုက်ခိုက်ခံရတော့မယ်ထင်တယ်"
"ဟ! ဒီလိုစကားမျိုးက..မင်းဘယ်လိုများပြောနိုင်ရတာလဲ......"
"ဒါပေမဲ့ပြောကြတာကချင်တိုင်းပြည်ရဲ့ဧကရာဇ်ကတစ်စုံတစ်ယောက်ကိုရှာနေတာတဲ့"
"ဟေးအဲ့ဒီတစ်ခုကငါလည်းသိတယ်....အဲ့ဒီလူကငါတို့မြို့တော်တံခါးနားကမြို့ရိုးနံရံမှာချိတ်ထားတဲ့ပုံထဲကလူမှတ်လား"
"ပြောကြတာတော့ချင်တိုင်းပြည်ရဲ့ဧကရာဇ်ကဒီလူကိုအောင်အောင်မြင်မြင်ရှာနိုင်တဲ့သူကိုတောင်းဆိုသမျှပေးမယ်လို့ပြောထားတယ်"
"ချင်တိုင်းပြည်ရဲ့အင်အားကကြီးမားတယ်..ငါတို့ရှီလင်တိုင်းပြည်ကဒီအတိုင်းနိုင်ငံသေးသေးလေးတစ်ခုပါကွာ...အခုတော့ငါတို့လည်းအဲ့ဒီလူကိုနေရာတစ်ကာမှာကပ်ထားတယ်....ငါတို့တိုင်းပြည်ရဲ့အုပ်ချုပ်သူကအနာဂတ်ကောင်းကောင်းလေးရနိုင်ဖို့အတွက်ချင်တိုင်းပြည်ရဲ့မျက်နှာသာပေးတာကိုလိုချင်နေပြီလေ"
"တစ်ခြားတိုင်းပြည်လေးတွေကလည်းငါတို့လိုမျိုးအဲ့ဒီလူကိုနေရာတကာမှာရှာနေကြတယ်မှတ်လား?"
"ငါတကယ်ပဲအဲ့ဒီလူကဘယ်သူမို့လို့လဲဆိုတာမသိတော့ဘူး..ဘယ်သူမို့လို့မမျှောင်လင့်ပဲချင်တိုင်းပြည်ရဲ့အုပ်စိုးသူကိုဒီလိုမျိုးသူ့ကိုရှာဖို့အတွက်စိတ်ပူအောင်လုပ်နိင်ရတာလဲ"
လီလျိုကထိုလက်ဖက်ရည်ဆိုင်ကစားသောက်သူများ၏ဆွေးနွေးမှုကိုနားထောင်နေရင်းဖြင့်သူ့စိတ်ထဲမှာစားပွဲခုံဘယ်နှစ်လုံးလောက်မှောက်ပြီးနေလဲဆိုတာထိုလူတွေမသိကြပေ။
မူလကတော့သူချင်ယုကိုထားခဲ့ပြီးနောက်အချိန်တွေကုန်လွန်သွားရင်သူသူ့အပေါ်ထားတဲ့ခံစားချက်များကပျောက်ကွယ်သွားလိမ့်မယ်ဟုထင်ထားခဲ့သည်။သို့သော်ထိုအချက်ကသူထင်ထားသည့်အရာနှင့်လုံးဝကွဲပြားခြားနားခဲ့ပြီးယခုသူသည်သူ၏စိတ်ကူးစိတ်သန်း၏ဆန့်ကျင်ဘက်လမ်းကြောင်းတွင်တိုးတက်နေခဲ့ရသည်။
လီလျိုမှာသူကနေရာတိုင်းတွင်ရှာဖွေနေသည့်ကျော်ကြားသောအလိုရှိရာဇဝတ်သားတစ် ဦး ဖြစ်လာသည်ဟုပင်ခံစားနေရပြီးသူဘယ်ပဲသွားပါစေဂရုတစိုက်ပုန်းရှောင်နေသင့်သည်။
_ (: З) ∠) _ အရမ်းပင်ပန်းတာပဲ...အဲ့ဒါကရိုးရိုးရှင်းရှင်းပဲကလေးသူငယ်ညှင်းပန်းနှိပ်စက်တာပဲ
အခြားနိုင်ငံများအားချင်ရှောင်းယုသိမ်းပိုက်သည့်အမြန်နှုန်းကိုကြည့်ရတာအခြေခံအားဖြင့်သူရေးသားခဲ့စာအုပ်ထဲကထက်တစ်ဆနီးပါးမျှပိုမြန်နေခဲ့သည်။သူ့ရဲ့တိုးတက်မှုနှုန်းပြဘားကလည်းအမြန်အဆန်တိုးတက်လာခဲ့ပြီးစနစ်၏သူ့မစ်ရှင်ပြီးဆုံးဖို့နီးကပ်လာနေပြီဖြစ်သည်။လီလျိုမှာသူအိမ်အမြန်ပြန်နိုင်တော့မည်ဖြစ်သောကြောင့်သူ့စိတ်နှလုံးထဲတွင်ပျော်ရွှင်နေခဲ့ရင်းဖြင့်အကယ်၍သာချင်ယုသူ့ကိုဖမ်းမိသွားရင်သူ့ကံကြမ္မာကအမှန်ပင်စိတ်ဆင်းရဲစရာဖြစ်လိမ့်မည်ဟုတွေးရင်းဖြင့်လည်းသူ၏စိတ်နှလုံးထဲတွင်မဖော်ပြနိုင်သောခံစားချက်ကိုခံစားနေခဲ့ရသည်။
ချင်ယုသူ့ကိုဖမ်းဆီးမိသွားရင်ဖြစ်ပျက်လာနိုင်မည့်အရာများကိုတွေးမိပြီးနောက်လီလျုမှာမတုန်လှုပ်ပဲမနေနိုင်တော့ပေ။
မဟုတ်ဘူး...သူသေချာပေါက်ဒီလိုအဖြစ်မျိုးဖြစ်လာအောင်မလွှတ်ထားနိုင်ဘူး။
အခြေခံအားဖြင့်ယူနီဗာဆယ်အသွင်ပြောင်းဆေးလုံးကလည်းမကြာခဏအသုံးပြုခဲ့သောကြောင့်အခုအချိန်မှာအသုံးမဝင်တော့ပေ။လီလျိုကစနစ်အတွင်းရှိဈေးဝယ်စင်တာထဲသို့ထပ်မံဝင်ရောက်လာပြီးအသစ်တစ်ခုကိုဝယ်လိုက်ကာထိုယူနီဗာဆယ်အသွင်ပြောင်းဆေးအသစ်ကိုသူ့လည်ပင်းတွင်ဝတ်ထားလိုက်သည်။
မူလကလီလျိုသည်ချင်ယုထိန်းချုပ်မှုလွတ်ကင်းသောနယ်မြေပြင်ပသို့တိုက်ရိုက်သွားလိုက်ပြီးဒီထပ်ဝေးသည့်နယ်မြေများသို့သွားရန်စဉ်းစားလိုက်သေးသော်လည်းရှောင်းချီကသူ့ကိုစာအုပ်ထဲကဇာတ်ကောင်တစ်ကောင်အနေနဲ့သူကဇာတ်ကြောင်းအတိုင်းလိုက်နာရန်မလိုသော်လည်းစာအုပ်အတွင်းထဲကကမ္ဘာ့နယ်မြေပြင်ပကိုထွက်သားလို့မရဘူးဟုပြောခဲ့သည်။အကယ်၍သူထွက်သွားခဲ့ရင်တောင်မှမူလနေရာကိုသာပြန်သွားရန်တွန်းအားပေးခံရမှာဖြစ်၏။
ထို့ကြောင့်လီလျိုမှာသူရေးသားခဲ့သည့်နယ်မြေတစ်ဝိုက်မှာသာသွားလာနေနိုင်သည်။
လီလျိုကသူ့စိတ်ထဲကတိုးတက်နှုန်းပြဇယားကိုကြည့်လိုက်သောအခါ၉၄%သို့ရောက်နေခဲ့ပြီဖြစ်ပြီးနောက်ထပ်၆%သာထပ်တိုးလိုက်ပါကဒီကမ္ဘာကထွက်ခွာပြီးသူ့မူလကမ္ဘာကိုပြန်သွားနိုင်တော့မှာဖြစ်သည်။
လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်းလီလျိုကချင်ယုအကြောင်းကိုတစ်ခါလေးတောင်မှမတွးဘူးတာမရှိခဲ့ပေ။ပြီးတော့လည်းသူတို့နှစ်ယောက်ကနှစ်ပေါင်းများစွာအတူတူနေခဲ့ကြတာဖြစ်ပြီးသူကလည်းရက်စက်တဲ့သူတစ်ယောက်မဟုတ်ဘူးလေ။သို့သော်လည်းချင်ယုကသူ့ကိုလုပ်ခြင်နေတာကိုစဉ်းစားလိုက်မိသည်နှင့်လီလျိုကချက်ချင်းပင်ထိုအတွေးကိုပယ်ချခဲ့သည်။ဖြစ်ကောင်းဖြစ်နိုင်တာကသူဒီကမ္ဘာကမထွက်ခွာခင်တော့ချင်ယုကိုတစ်ခါလောက်တောင်ချောင်းကြည့်ခြင်သေးသည်ပြီးရင်တော့ထွက်သွားတော့မည်။
လီလျိုကလက်ဖက်ရည်ဆိုင်လေးမှထွက်သွားလိုက်ကာတိတ်ဆိတ်ပြီးကျဉ်းမြောင်းသည့်လမ်းကြားသေးသေးလိုဖြတ်ကျော်၍ခြံဝင်းသေးသေးလေးထဲလမ်းလျှောက်ဝင်လိုက်ရင်းတံခါးကိုဖွင့်ကာဝင်လိုက်သည်။ခြံဝင်းကသေးငယ်သော်လည်းအရမ်းကောင်းလွန်းသည်အဘယ်ကြောင့်ဆိုသော်နေရာအနေအထားကအဓိကကျသည့်အပြင်ဈေးကလည်းအတော်လေးသက်သာသည်။
မူလကလီလျိူသည်ဒီနေရာမှာအချိန်အကြာကြီးနေရန်ရည်ရွယ်ချက်မရှိခဲ့ဘူးဖြစ်သည်။ထို့အပြင်ဒီနေရာကလှပစွာဆင်ယင်ထားတယ်ဆိုရင်တောင်ဒီလိုနေရာမျိုးမှာမနေခြင်ပေ။သို့သော်ဒီအိမ်ကမြို့လည်ခေါင်နှင့်နီးသည့်အတွက်အခုအချိန်အတွက်တော့ဒီခြံဝင်းသေးသေးလေးကအလွန်ကျေနပ်စရာကောင်းနေသည်။
လီလျိုကအချိန်ကြာမြင့်စွာမနေတော့ပဲအလျင်အမြန်ပင်ထွက်ခွာရန်ပြင်ဆင်မှုများပြုလုပ်လိုက်ပြီးသူရဲ့အိတ်များကိုထုပ်ပိုးကာရှီလင်းနိုင်ငံမှနေ၍အိမ်နီးခြင်းနိုင်ငံသို့ထွက်ခွာသွားလိုက်တော့သည်။
သူထွက်သွားရန်ပြင်သည့်အချိန်တိုင်းယူနီဗာဆယ်အသွင်ပြောင်းဆေးကိုသုံးပြီးသူ့အသွင်အပြင်ကိုအမြဲပြောင်းနေခဲ့သော်လည်းသူ့ရဲ့ပုံကရှီလင်းတိုင်းပြည်၏နေရာတိုင်းတွင်ချိတ်ဆွဲထားသည်။ပြီးတော့လည်းယူနီဗာဆယ်ဆေးလုံး၏အစွမ်းကလျော့ကျသွားသည့်အချိန်လည်းရှိလာနိုင်ပြီးထိုသို့ဖြစ်ခဲ့ပါကသူကတစ်ခြားသူတွေရဲ့အသိအမှတ်ပြုမှုကိုချက်ချင်းခံလိုက်ရမှာဖြစ်သည်။
...........
ချင်ယုကမြင့်မားသောနံရံ၏ထိပ်တွင်မတ်တပ်ရပ်နေပြီးမီးခိုးများဖုန်မှုန့်များဖြင့်ဖုန်းလွှမ်းနေသောသဲကန္တာရကိုအပေါ်စီးကနေကြည့်နေသည်။ နေဝင်ချိန်သည်အနောက်ဘက်မိုးကုပ်စက်ဝိုင်းအတွင်းလုံးလုံးနစ်မြုပ်သွားပြီးထာင့်တစ်နေရာသာကျန်ရှိနေတာ့ကာကောင်းကင်၏ထက်ဝက်ကိုတောက်ပသောမီးရောင်နီနီများဖြင့်ဆေးဆိုးထားသည်။
လွန်ခဲ့တဲ့အတိတ်နှစ်တွေများမှာချင်ယုရဲ့ပုံပန်းသဏ္ဍာန်လိုင်းများကပိုလို့နက်ရှိုင်းလာခဲ့ပြီးထိုချောမောသောမျက်နှာကလည်းနှစ်ပေါင်းများစွာထွင်းထုထားသကဲ့သို့ဖြည်းငြင်းစွာဖြင့်ဖော်ပြလို့မစွမ်းသားသည့်ကျက်သရေအိန္ဒြေနှင့်ပြည့်စုံပြီးခန့်ညားချောမောနေသည်။အကယ်၍သူကထိုနေရာမှာသာတိတ်တိတ်လေးရပ်နေခဲ့မယ်ဆိုရင်တောင်လူတွေမှာမျက်လုံးရှိနေသ၍သူတို့ကသူ့ရဲတည်ရှိမှုကိုကြည့်မိကြမှာပဲဖြစ်သည်။
ထိုင်ဂျင်ဝတ်စုံဝတ်ဆင်ထားသည့်လူတစ်ယောက်ကချင်ယုရဲ့နောက်မှာရပ်နေပြီးခေါင်းကိုငုံ့ထားရင်းဖြင့်ညင်ညင်သာသာပြောလိုက်သည်။
"ဧကရာဇ်...ညစာသုံးဆောင်ရန်အချိန်ကျပါပြီ"
ချင်ယုကအဝေးမှဆည်းဆာကိုခဏမျှကြည့်နေလိုက်ပြီးမှမြို့ရိုးပေါ်ကနေတည်ငြိမ်သောခြေလှမ်းများဖြင့်ဆင်းသွားလေသည်။
သွားရင်းနှင့်လမ်းတစ်ဝက်အရောက်တွင်ချင်ယုကရုတ်တရပ်ရပ်တန့်လိုက်သောကြောင့်သူ့နောက်ကနီးနီးကပ်ကပ်လိုက်နေသည့်ထိုင်ဂျင်းလူငယ်လေးလည်းချက်ချင်းသူ့ခြေလှမ်းများကိုရပ်တန့်လိုက်ကာသူ့ခေါင်းကိုလေးစားစွာဖြင့်အနည်းငယ်ငုံ့ထားလိုက်သည်။
"ချန်းဖန်..လီအရာရှိကိုငါ့လာတွေ့ဖို့ဆင့်ခေါ်လိုက်"
သမိုင်းတွင်တစ်ခြားမည်သည့်ဧကရာဇ်မင်းများထက်မဆိုပိုမိုသာလွန်မြင့်မားသည့်အောင်မြင်မှုများကိုရရှိမည်ထိုဧကရာဇ်ငယ်လေး၏နက်ရှိုင်းပြီးလှပသည့်အသံကိုသူ့ရှေ့တွင်ကြားလိုက်ရသောအခါထိုင်ဂျင်းလူငယ်လေးမှာချက်ချင်းပင်ရိုသေလေးစားစွာဖြင့်ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါဧကရာဇ်..နုကိုင်ကအရာရှိလီကိုဧကရာဇ်နဲတွေ့ဖို့ချက်ချင်းဆင့်ခေါ်လိုက်ပါ့မယ်"
ချင်ယုကစကားထပ်မပြောတော့ပဲအရှေ့သို့သာဆက်လျှောက်သွားလိုက်သည်။သူနေ့လည်စာစားပြီးသည့်အခါအရာရှိလီကအပြင်ဘက်တံခါးမှာတော်တော်ကြာကြာကတည်းကစောင့်ဆိုင်းနေခဲ့၏။ချင်ယုကသူ့ကိုဝင်ခွင့်ပြုလိုက်သည့်အခါမှသာသူကတံခါးကိုဖွင့်ပြီးအတွင်းဘက်သို့လမ်းလျှောက်ဝင်လာခဲ့ကာရင်ဘက်ပေါ်တွင်လက်တစ်ဖက်ထား၍ချင်ယုနှင့်မျက်နှာခြင်းဆိုင်တွင်ဒူးထောင်လိုက်သည်။
"ရိုးရိုးဦးညွှတ်လည်းရပါတယ်အရမ်းယဉ်ကျေးနေစရာမလိုပါဘူး"
ထိုင်ခုံမှာထိုင်နေသည့်ချင်ယုကလက်ကိုဆန့်ထုတ်လိုက်သည်။
"ဧကရာဇ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ"အရာရှိလီကချက်ချင်းပင်အလေးပြုလိုက်သည်။
ချင်ယုကသူ့ရဲ့လက်ချောင်းများဖြင့်လက်ဖက်ရည်စားပွဲအားခေါက်နေပြီးသူ့ရဲ့အနက်ရောင်မျက်ဝန်းများကတစ်ချက်ကြည့်လိုက်လျှင်ပင်တစ်ဖက်လူ၏စိတ်ထဲသို့ဖောက်ထွင်းမြင်နိုင်သကဲ့သို့ဖြစ်နေသည်။သူကကျောမှာချွေးများပင်ထွက်နေပြီဖြစ်သည့်အရာရှိလီအားတည့်တည့်ကြည့်လိုက်သည်။အရာရှိလီအားခဏမျှသေချာကြည့်ပြီးသည့်အခါမှချင်ယုကပါးစပ်ဖွင့်ပြီးမေးလိုက်လေ၏။
"ကျန်း...မင်းကိုကိုင်တွယ်ခိုင်းထားတဲ့ကိစ္စရဲ့တိုးတက်မှုကဘယ်လိုအခြေအနေရှိလဲ?"
..........................
Translator's Note
ဟိုတစ်ခေါက်ကတည်းကမရှင်းပြခဲ့တာရှိလို့
ကျန်း - ဧကရာဇ်တွေကသူ့ကိုယ်သူရည်ညွှန်းပြီးသုံးတဲ့စကားပါ
ထိုင်ဂျင် - မိန်းမစိုး(ကုန်းကုန်း)
နုကိုင် - အမျိုးသားအစေခံတွေသူတို့ကိုယ်သူတို့သုံးနှုန်းသောအသုံး
(မိန်းကလေးဆိုရင်နုဂျာပါ)
*ညီမဒီနောက်ပိုင်းအပိုင်းတွေကိုပြန်မစစ်ထားပါဘူးနော်အမှန်အတိုင်းပြောရရင်သူတို့နှစ်ယောက်ဝေးတဲ့အခန်းတွေကိုနှစ်ခါပြန်မဖတ်ခြင်ဘူးအဲ့ဒါကြောင့်တစ်ခါပဲပြန်လိုက်ပြီးပြန်မစစ်တော့တာစာလုံးပေါင်းသတ်ပုံမှားတာတွေဖတ်ရအဆင်မပြေတာတွေရှိရင်ခွင့်လွှတ်ပေးပါရှင့်။
..........................
Zawgyi
Arc(1.30)
The Wild Dragon Proud Day
လီလ်ိဳကလက္ဖက္ရည္ဆိုင္ေသးေသးေလးတစ္ခုထဲကစားပြဲတစ္ခုတြင္ထိုင္ေနသည္။သူကအစိမ္းႏုေရာင္ဝတ္စံုကိုဝတ္ဆင္ထားၿပီးအေပၚတြင္အျပာဘက္သမ္းေသာအစိမ္းရာင္ဝါးမ်ားျဖင့္အလွဆင္ထားကာခါးတြင္ေတာ့အစိမ္းပုပ္ေရာင္ခါးပတ္တစ္ခုရွိသည္။လီလ်ိဳ၏ဆံပင္ကိုလည္းခါးပတ္ႏွင့္အေရာင္တူသည့္ႀကိဳးႏွင့္အတူစည္းေႏွာင္ထား၏။သူရဲ႔ပံုပန္းသ႑ာန္ကႏူးညံ့သိမ္ေမြ႔လွပေနၿပီးေလးနက္သည့္စာအုပ္မ်ားသာဖတ္ရန္သိသည့္ပညာတတ္ေက်ာင္းသားတစ္ေယာက္ႏွင့္တူေနသည္။
ထိုေသးသယ္ေသာလက္ဖက္ရည္ဆိုင္ေလးကၿမိဳ႔လည္ေခါင္မွာတည္ရွိတာျဖစ္ေသာေၾကာင့္လူအမ်ားအျပားလာေရာက္ၾကၿပီးသတင္းမ်ားရရွိရန္ပ်ံႏွံ႔ရန္လည္းအလြန္လ်င္ျမန္လွသည္။
လီလ်ိဳကသူ႔ေခါင္းကိုအနည္းငယ္ငံု႔ထားလိုက္သည္။သူ႔ပံုစံကကိုင္ထားသည့္ခြက္ထဲမွလက္ဖက္စိမ္းရည္ကိုျဖည္းျဖည္းျခင္းဇိမ္ခံေသာက္ေနသည့္ပံုရေသာ္လည္းအျဖစ္မွန္ကသူသည္ပတ္ဝန္းက်င္ရွိလူမ်ား၏ေဆြးေႏြးေနမွဳမ်ားကိုဂ႐ုတစိုက္နားေထာင္ေနျခင္းျဖစ္သည္။
"......မင္းတို႔အကုန္လံုးၾကားၿပီးသြားၿပီျဖစ္မွာပါ...သိပ္မၾကာခင္တုန္းကရန္တိုင္းျပည္လည္းမၾကာခင္ခ်င္တိုင္းျပည္ရဲ႔ဧကရာဇ္မင္းသိမ္းပိုက္တာကိုခံလိုက္ရၿပီ..လက္ရွိကရန္တိုင္းျပည္ကဧကရာဇ္လည္းခ်င္တိုင္းျပည္ရဲ႔ဝမ္ရယ္အမည္ခံအျဖစ္ေျပာင္းလဲလိုက္ၿပီ;မင္းတို႔ေတြသူကတိုင္းျပည္ဆံုးရွံဳးသြားတာေတာင္မွဝမ္ရယ္ျဖစ္ေနေသးတယ္ဆိုေတာ့သိပ္မဆိုးဘူးဆိုတာကိုပဲမျမင္နဲ႔တကယ္တမ္းကသူနဲ႔သူ႕ကေလးေတြအကုန္လံုးဝမ္ဖူရဲ႔အိမ္မွာေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရတာတဲ့ၿပီးေတာ့ေျပာၾကတာအိမ္ေတာ္ရဲ႔ဂိတ္ေပါက္ကိုေတာင္ထြက္ခြင့္မရဘူးလို႔ေျပာၾကတယ္"
(T/N - ဝမ္ရယ္ - ပံုမွန္စကားေျပာသည့္အခ်ိန္မ်ိဳးမွာမင္းသားတစ္ေယာက္ကိုရည္ၫႊန္းသည္။ ဝမ္ဖူ - ဝမ္ရယ္အိမ္ေတာ္)
"ဘယ္လိုျဖစ္လို႔ဒီတစ္ခါလည္းခ်င္တိုင္းျပည္ဘဲလဲ?ဒီသံုးႏွစ္အေတာ္အတြင္းမွာသူတိုင္းျပည္ငါးခုကိုအႏိုင္ရၿပီးေနၿပီၾကည့္ရတာငါတို႔ရွီလင္တိုင္းျပည္လည္းမၾကာခင္တိုက္ခိုက္ခံရေတာ့မယ္ထင္တယ္"
"ဟ! ဒီလိုစကားမ်ိဳးက..မင္းဘယ္လိုမ်ားေျပာႏိုင္ရတာလဲ......"
"ဒါေပမဲ့ေျပာၾကတာကခ်င္တိုင္းျပည္ရဲ႔ဧကရာဇ္ကတစ္စံုတစ္ေယာက္ကိုရွာေနတာတဲ့"
"ေဟးအဲ့ဒီတစ္ခုကငါလည္းသိတယ္....အဲ့ဒီလူကငါတို႔ၿမိဳ႔ေတာ္တံခါးနားကၿမိဳ႔႐ိုးနံရံမွာခ်ိတ္ထားတဲ့ပံုထဲကလူမွတ္လား"
"ေျပာၾကတာေတာ့ခ်င္တိုင္းျပည္ရဲ႔ဧကရာဇ္ကဒီလူကိုေအာင္ေအာင္ျမင္ျမင္ရွာႏိုင္တဲ့သူကိုေတာင္းဆိုသမွ်ေပးမယ္လို႔ေျပာထားတယ္"
"ခ်င္တိုင္းျပည္ရဲ႔အင္အားကႀကီးမားတယ္..ငါတို႔ရွီလင္တိုင္းျပည္ကဒီအတိုင္းႏိုင္ငံေသးေသးေလးတစ္ခုပါကြာ...အခုေတာ့ငါတို႔လည္းအဲ့ဒီလူကိုေနရာတစ္ကာမွာကပ္ထားတယ္....ငါတို႔တိုင္းျပည္ရဲ႔အုပ္ခ်ဳပ္သူကအနာဂတ္ေကာင္းေကာင္းေလးရႏိုင္ဖို႔အတြက္ခ်င္တိုင္းျပည္ရဲ႔မ်က္ႏွာသာေပးတာကိုလိုခ်င္ေနၿပီေလ"
"တစ္ျခားတိုင္းျပည္ေလးေတြကလည္းငါတို႔လိုမ်ိဳးအဲ့ဒီလူကိုေနရာတကာမွာရွာေနၾကတယ္မွတ္လား?"
"ငါတကယ္ပဲအဲ့ဒီလူကဘယ္သူမို႔လို႔လဲဆိုတာမသိေတာ့ဘူး..ဘယ္သူမို႔လို႔မေမွ်ာင္လင့္ပဲခ်င္တိုင္းျပည္ရဲ႔အုပ္စိုးသူကိုဒီလိုမ်ိဳးသူ႔ကိုရွာဖို႔အတြက္စိတ္ပူေအာင္လုပ္နိင္ရတာလဲ"
လီလ်ိဳကထိုလက္ဖက္ရည္ဆိုင္ကစားေသာက္သူမ်ား၏ေဆြးေႏြးမႈကိုနားေထာင္ေနရင္းျဖင့္သူ႔စိတ္ထဲမွာစားပြဲခံုဘယ္ႏွစ္လံုးေလာက္ေမွာက္ၿပီးေနလဲဆိုတာထိုလူေတြမသိၾကေပ။
မူလကေတာ့သူခ်င္ယုကိုထားခဲ့ၿပီးေနာက္အခ်ိန္ေတြကုန္လြန္သြားရင္သူသူ႔အေပၚထားတဲ့ခံစားခ်က္မ်ားကေပ်ာက္ကြယ္သြားလိမ့္မယ္ဟုထင္ထားခဲ့သည္။သို႔ေသာ္ထိုအခ်က္ကသူထင္ထားသည့္အရာႏွင့္လုံးဝကြဲျပားျခားနားခဲ့ၿပီးယခုသူသည္သူ၏စိတ္ကူးစိတ္သန္း၏ဆန႔္က်င္ဘက္လမ္းေၾကာင္းတြင္တိုးတက္ေနခဲ့ရသည္။
လီလ်ိဳမွာသူကေနရာတိုင္းတြင္ရွာေဖြေနသည့္ေက်ာ္ၾကားေသာအလိုရွိရာဇဝတ္သားတစ္ ဦး ျဖစ္လာသည္ဟုပင္ခံစားေနရၿပီးသူဘယ္ပဲသြားပါေစဂ႐ုတစိုက္ပုန္းေရွာင္ေနသင့္သည္။
_ (: З) ∠) _ အရမ္းပင္ပန္းတာပဲ...အဲ့ဒါက႐ိုး႐ိုးရွင္းရွင္းပဲကေလးသူငယ္ၫွင္းပန္းႏွိပ္စက္တာပဲ
အျခားႏိုင္ငံမ်ားအားခ်င္ေရွာင္းယုသိမ္းပိုက္သည့္အျမန္ႏႈန္းကိုၾကည့္ရတာအေျခခံအားျဖင့္သူေရးသားခဲ့စာအုပ္ထဲကထက္တစ္ဆနီးပါးမွ်ပိုျမန္ေနခဲ့သည္။သူ႔ရဲ႔တိုးတက္မႈႏႈန္းျပဘားကလည္းအျမန္အဆန္တိုးတက္လာခဲ့ၿပီးစနစ္၏သူ႔မစ္ရွင္ၿပီးဆံုးဖို႔နီးကပ္လာေနၿပီျဖစ္သည္။လီလ်ဳိမွာသူအိမ္အျမန္ျပန္ႏိုင္ေတာ့မည္ျဖစ္ေသာေၾကာင့္သူ႔စိတ္ႏွလံုးထဲတြင္ေပ်ာ္ရႊင္ေနခဲ့ရင္းျဖင့္အကယ္၍သာခ်င္ယုသူ႔ကိုဖမ္းမိသြားရင္သူ႔ကံၾကမၼာကအမွန္ပင္စိတ္ဆင္းရဲစရာျဖစ္လိမ့္မည္ဟုေတြးရင္းျဖင့္လည္းသူ၏စိတ္ႏွလုံးထဲတြင္မေဖာ္ျပႏိုင္ေသာခံစားခ်က္ကိုခံစားေနခဲ့ရသည္။
ခ်င္ယုသူ႔ကိုဖမ္းဆီးမိသြားရင္ျဖစ္ပ်က္လာႏိုင္မည့္အရာမ်ားကိုေတြးမိၿပီးေနာက္လီလ်ဳမွာမတုန္လႈပ္ပဲမေနႏိုင္ေတာ့ေပ။
မဟုတ္ဘူး...သူေသခ်ာေပါက္ဒီလိုအျဖစ္မ်ိဳးျဖစ္လာေအာင္မလႊတ္ထားႏိုင္ဘူး။
အေျခခံအားျဖင့္ယူနီဗာဆယ္အသြင္ေျပာင္းေဆးလံုးကလည္းမၾကာခဏအသံုးျပဳခဲ့ေသာေၾကာင့္အခုအခ်ိန္မွာအသံုးမဝင္ေတာ့ေပ။လီလ်ိဳကစနစ္အတြင္းရွိေစ်းဝယ္စင္တာထဲသို႔ထပ္မံ၀င္ေရာက္လာၿပီးအသစ္တစ္ခုကိုဝယ္လုိက္ကာထိုယူနီဗာဆယ္အသြင္ေျပာင္းေဆးအသစ္ကိုသူ႔လည္ပင္းတြင္ဝတ္ထားလိုက္သည္။
မူလကလီလ်ိဳသည္ခ်င္ယုထိန္းခ်ဳပ္မွုလြတ္ကင္းေသာနယ္ေျမျပင္ပသို႔တုိက္ရိုက္သြားလိုက္ျပီးဒီထပ္ေဝးသည့္နယ္ေျမမ်ားသို႔သြားရန္စဥ္းစားလုိက္ေသးေသာ္လည္းေရွာင္းခ်ီကသူ႔ကိုစာအုပ္ထဲကဇာတ္ေကာင္တစ္ေကာင္အေနနဲ႔သူကဇာတ္ေၾကာင္းအတိုင္းလိုက္နာရန္မလိုေသာ္လည္းစာအုပ္အတြင္းထဲကကမာၻ့နယ္ေျမျပင္ပကိုထြက္သားလို႔မရဘူးဟုေျပာခဲ့သည္။အကယ္၍သူထြက္သြားခဲ့ရင္ေတာင္မွမူလေနရာကိုသာျပန္သြားရန္တြန္းအားေပးခံရမွာျဖစ္၏။
ထို႔ေၾကာင့္လီလ်ိဳမွာသူေရးသားခဲ့သည့္နယ္ေျမတစ္ဝိုက္မွာသာသြားလာေနနုိင္သည္။
လီလ်ိဳကသူ႔စိတ္ထဲကတိုးတက္နွဳန္းျပဇယားကိုၾကည့္လိုက္ေသာအခါ၉၄%သို႔ေရာက္ေနခဲ့ျပီျဖစ္ျပီးေနာက္ထပ္၆%သာထပ္တုိးလုိက္ပါကဒီကမာၻကထြက္ခြာျပီးသူ႔မူလကမာၻကိုျပန္သြားနုိင္ေတာ့မွာျဖစ္သည္။
လြန္ခဲ့တဲ့သံုးနွစ္တာကာလအတြင္းလီလ်ိဳကခ်င္ယုအေၾကာင္းကိုတစ္ခါေလးေတာင္မွမတြးဘူးတာမရွိခဲ့ေပ။ျပီးေတာ့လည္းသူတို႔နွစ္ေယာက္ကနွစ္ေပါင္းမ်ားစြာအတူတူေနခဲ့ၾကတာျဖစ္ျပီးသူကလည္းရက္စက္တဲ့သူတစ္ေယာက္မဟုတ္ဘူးေလ။သို႔ေသာ္လည္းခ်င္ယုကသူ႔ကိုလုပ္ျခင္ေနတာကိုစဥ္းစားလုိက္မိသည္နွင့္လီလ်ိဳကခ်က္ခ်င္းပင္ထိုအေတြးကိုပယ္ခ်ခဲ့သည္။ျဖစ္ေကာင္းျဖစ္နုိင္တာကသူဒီကမာၻကမထြက္ခြာခင္ေတာ့ခ်င္ယုကိုတစ္ခါေလာက္ေတာင္ေခ်ာင္းၾကည့္ျခင္ေသးသည္ျပီးရင္ေတာ့ထြက္သြားေတာ့မည္။
လီလ်ိဳကလက္ဖက္ရည္ဆိုင္ေလးမွထြက္သြားလိုက္ကာတိတ္ဆိတ္ျပီးက်ဥ္းေျမာင္းသည့္လမ္းၾကားေသးေသးလိုျဖတ္ေက်ာ္၍ျခံဝင္းေသးေသးေလးထဲလမ္းေလွ်ာက္ဝင္လုိက္ရင္းတံခါးကိုဖြင့္ကာဝင္လုိက္သည္။ျခံဝင္းကေသးငယ္ေသာ္လည္းအရမ္းေကာင္းလြန္းသည္အဘယ္ေၾကာင့္ဆိုေသာ္ေနရာအေနအထားကအဓိကက်သည့္အျပင္ေစ်းကလည္းအေတာ္ေလးသက္သာသည္။
မူလကလီလ်ိဴသည္ဒီေနရာမွာအခ်ိန္အၾကာၾကီးေနရန္ရည္ရြယ္ခ်က္မရွိခဲ့ဘူးျဖစ္သည္။ထို႔အျပင္ဒီေနရာကလွပစြာဆင္ယင္ထားတယ္ဆိုရင္ေတာင္ဒီလိုေနရာမ်ိဳးမွာမေနျခင္ေပ။သို႔ေသာ္ဒီအိမ္ကျမို႔လည္ေခါင္နွင့္နီးသည့္အတြက္အခုအခ်ိန္အတြက္ေတာ့ဒီျခံဝင္းေသးေသးေလးကအလြန္ေက်နပ္စရာေကာင္းေနသည္။
လီလ်ိဳကအခ်ိန္ၾကာျမင့္စြာမေနေတာ့ပဲအလ်င္အျမန္ပင္ထြက္ခြာရန္ျပင္ဆင္မွုမ်ားျပဳလုပ္လုိက္ျပီးသူရဲ႔အိတ္မ်ားကိုထုပ္ပိုးကာရွီလင္းနုိင္ငံမွေန၍အိမ္နီးျခင္းနုိင္ငံသို႔ထြက္ခြာသြားလိုက္ေတာ့သည္။
သူထြက္သြားရန္ျပင္သည့္အခ်ိန္တိုင္းယူနီဗာဆယ္အသြင္ေျပာင္းေဆးကိုသံုးျပီးသူ႔အသြင္အျပင္ကိုအျမဲေျပာင္းေနခဲ့ေသာ္လည္းသူ႔ရဲ႔ပံုကရွီလင္းတိုင္းျပည္၏ေနရာတိုင္းတြင္ခ်ိတ္ဆြဲထားသည္။ျပီးေတာ့လည္းယူနီဗာဆယ္ေဆးလံုး၏အစြမ္းကေလ်ာ့က်သြားသည့္အခ်ိန္လည္းရွိလာနုိ္င္ျပီးထိုသို႔ျဖစ္ခဲ့ပါကသူကတစ္ျခားသူေတြရဲ႔အသိအမွတ္ျပဳမွုကိုခ်က္ခ်င္းခံလုိက္ရမွာျဖစ္သည္။
...........
ခ်င္ယုကျမင့္မားေသာနံရံ၏ထိပ္တြင္မတ္တပ္ရပ္ေနျပီးမီးခိုးမ်ားဖုန္မွဳန္႔မ်ားျဖင့္ဖုန္းလႊမ္းေနေသာသဲကႏၲာရကိုအေပၚစီးကေနျကည့္ေနသည္။ ေနဝင္ခ်ိန္သည္အေနာက္ဘက္မိုးကုပ္စက္ဝိုင္းအတြင္းလုံးလုံးနစ္ျမဳပ္သြားၿပီးထာင့္တစ္ေနရာသာက်န္ရွိေနတာ့ကာေကာင္းကင္၏ထက္ဝက္ကိုေတာက္ပေသာမီးေရာင္နီနီမ်ားျဖင့္ေဆးဆိုးထားသည္။
လြန္ခဲ့တဲ့အတိတ္နွစ္ေတြမ်ားမွာခ်င္ယုရဲ႔ပံုပန္းသ႑ာန္လိုင္းမ်ားကပိုလို႔နက္ရွိုင္းလာခဲ့ျပီးထိုေခ်ာေမာေသာမ်က္နွာကလည္းနွစ္ေပါင္းမ်ားစြာထြင္းထုထားသကဲ့သို႔ျဖည္းျငင္းစြာျဖင့္ေဖာ္ျပလုိ႔မစြမ္းသားသည့္က်က္သေရအိေျႏၵနွင့္ျပည့္စံုျပီးခန္႔ညားေခ်ာေမာေနသည္။အကယ္၍သူကထိုေနရာမွာသာတိတ္တိတ္ေလးရပ္ေနခဲ့မယ္ဆိုရင္ေတာင္လူေတြမွာမ်က္လံုးရွိေနသ၍သူတို႔ကသူ႔ရဲတည္ရွိမွုကိုၾကည့္မိၾကမွာပဲျဖစ္သည္။
ထိုင္ဂ်င္ဝတ္စံုဝတ္ဆင္ထားသည့္လူတစ္ေယာက္ကခ်င္ယုရဲ႔ေနာက္မွာရပ္ေနျပီးေခါင္းကိုငံု႔ထားရင္းျဖင့္ညင္ညင္သာသာေျပာလုိက္သည္။
"ဧကရာဇ္...ညစာသံုးေဆာင္ရန္အခ်ိန္က်ပါျပီ"
ခ်င္ယုကအေဝးမွဆည္းဆာကိုခဏမွ်ၾကည့္ေနလိုက္ျပီးမွျမို႔ရိုးေပၚကေနတည္ျငိမ္ေသာေျခလွမ္းမ်ားျဖင့္ဆင္းသြားေလသည္။
သြားရင္းနွင့္လမ္းတစ္ဝက္အေရာက္တြင္ခ်င္ယုကရုတ္တရပ္ရပ္တန္႔လုိက္ေသာေၾကာင့္သူ႔ေနာက္ကနီးနီးကပ္ကပ္လုိက္ေနသည့္ထိုင္ဂ်င္းလူငယ္ေလးလည္းခ်က္ခ်င္းသူ႔ေျခလွမ္းမ်ားကိုရပ္တန္႔လိုက္ကာသူ႔ေခါင္းကိုေလးစားစြာျဖင့္အနည္းငယ္ငံု႔ထားလုိက္သည္။
"ခ်န္းဖန္..လီအရာရွိကိုငါ့လာေတြ႔ဖို႔ဆင့္ေခၚလုိက္"
သမိုင္းတြင္တစ္ျခားမည္သည့္ဧကရာဇ္မင္းမ်ားထက္မဆိုပိုမိုသာလြန္ျမင့္မားသည့္ေအာင္ျမင္မွုမ်ားကိုရရွိမည္ထိုဧကရာဇ္ငယ္ေလး၏နက္ရွိုင္းျပီးလွပသည့္အသံကိုသူ႔ေရွ႔တြင္ၾကားလုိက္ရေသာအခါထိုင္ဂ်င္းလူငယ္ေလးမွာခ်က္ခ်င္းပင္ရိုေသေလးစားစြာျဖင့္ျပန္ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါဧကရာဇ္..နုကိုင္ကအရာရွိလီကိုဧကရာဇ္နဲေတြ႔ဖို႔ခ်က္ခ်င္းဆင့္ေခၚလိုက္ပါ့မယ္"
ခ်င္ယုကစကားထပ္မေျပာေတာ့ပဲအေရွ႔သို႔သာဆက္ေလွ်ာက္သြားလိုက္သည္။သူေန႔လည္စာစားျပီးသည့္အခါအရာရွိလီကအျပင္ဘက္တံခါးမွာေတာ္ေတာ္ၾကာၾကာကတည္းကေစာင့္ဆိုင္းေနခဲ့၏။ခ်င္ယုကသူ႔ကိုဝင္ခြင့္ျပုလုိက္သည့္အခါမွသာသူကတံခါးကိုဖြင့္ျပီးအတြင္းဘက္သို႔လမ္းေလွ်ာက္ဝင္လာခဲ့ကာရင္ဘက္ေပၚတြင္လက္တစ္ဖက္ထား၍ခ်င္ယုနွင့္မ်က္နွာျခင္းဆိုင္တြင္ဒူးေထာင္လုိက္သည္။
"ရိုးရိုးဦးညႊတ္လည္းရပါတယ္အရမ္းယဥ္ေက်းေနစရာမလိုပါဘူး"
ထိုင္ခံုမွာထို္င္ေနသည့္ခ်င္ယုကလက္ကိုဆန္႔ထုတ္လိုက္သည္။
"ဧကရာဇ္ကိုေက်းဇူးတင္ပါတယ္ခင္ဗ်ာ"အရာရွိလီကခ်က္ခ်င္းပင္အေလးျပဳလိုက္သည္။
ခ်င္ယုကသူ႔ရဲ႔လက္ေခ်ာင္းမ်ားျဖင့္လက္ဖက္ရည္စားပြဲအားေခါက္ေနျပီးသူ႔ရဲ႔အနက္ေရာင္မ်က္ဝန္းမ်ားကတစ္ခ်က္ၾကည့္လိုက္လွ်င္ပင္တစ္ဖက္လူ၏စိတ္ထဲသို႔ေဖာက္ထြင္းျမင္နုိင္သကဲ့သို႔ျဖစ္ေနသည္။သူကေက်ာမွာေခ်ြးမ်ားပင္ထြက္ေနျပီျဖစ္သည့္အရာရွိလီအားတည့္တည့္ၾကည့္လုိက္သည္။အရာရွိလီအားခဏမွ်ေသခ်ာၾကည့္ျပီးသည့္အခါမွခ်င္ယုကပါးစပ္ဖြင့္ျပီးေမးလိုက္ေလ၏။
"က်န္း...မင္းကိုကိုင္တြယ္ခိုင္းထားတဲ့ကိစၥရဲ႔တိုးတက္မွုကဘယ္လိုအေျခအေနရွိလဲ?"
..........................
Translator's Note
ဟိုတစ္ေခါက္ကတည္းကမရွင္းျပခဲ့တာရွိလို႔
က်န္း - ဧကရာဇ္ေတြကသူ႔ကိုယ္သူရည္ညႊန္းျပီးသံုးတဲ့စကားပါ
ထိုင္ဂ်င္ - မိန္းမစိုုး(ကုန္းကုန္း)
နုကိုင္ - အမ်ိဳးသားအေစခံေတြသူတို႔ကိုယ္သူတို႔သံုးႏႈန္းေသာအသံုး
(မိန္းကေလးဆိုရင္ႏုဂ်ာပါ)
*ညီမဒီေနာက္ပိုင္းအပိ္ုင္းေတြကိုျပန္မစစ္ထားပါဘူးေနာ္အမွန္အတိုင္းေျပာရရင္သူတို႔ႏွစ္ေယာက္ေဝးတဲ့အခန္းေတြကိုႏွစ္ခါျပန္မဖတ္ျခင္ဘူးအဲ့ဒါေၾကာင့္တစ္ခါပဲျပန္လိုက္ၿပီးျပန္မစစ္ေတာ့တာစာလံုးေပါင္းသတ္ပံုမွားတာေတြဖတ္ရအဆင္မေျပတာေတြရွိရင္ခြင့္လႊတ္ေပးပါရွင့္။
..........................