ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၃ ( ၁၉ - ၂၂ )

7.6K 1K 78
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  33
Chapter.          :  19 - 22
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၃၊ အခန္း ၁၉ ။ ေဂးၿဖစ္ေတာ့မယ္

ခ်ဴးဟုန္ဂြမ္းက ခ်ိဳင္းယံုရွန္းအား မ်က္စိေစြၾကည့္လာသည္ - သူ ့တူ၏ အရည္အခ်င္းအား သူ မသိဘဲ ေနပါမည္လား ။

အႏၱရာယ္အေငြ ့အသက္တစ္ခုသည္ ခ်ိဳင္းယံုရွန္း၏ မ်က္လံုးထဲ ၿဖတ္ခနဲ ၀င္လာသၿဖင့္ သူ ဆက္ေၿပာလုိက္၏ ။

“ဦးေလး…က်ြန္ေတာ္တုိ ့ ဒီကိစၥကုိ ဒီတုိင္း လႊတ္ေပးလုိက္ လုိ ့မၿဖစ္ဘူး ။ သူတုိ ့ကို သင္ခန္းစာနဲနဲေလာက္ ေပးရမယ္။ တၿခားသရုပ္ေဆာင္ေတြပါ ေဒါသထြက္လာတုိင္း ထြက္သြားၾကမယ္ဆုိရင္ ကုမၸဏီမွာ ေၿပာင္းဆန္ကုန္ လိမ့္မယ္”

“သူတုိ့ထဲက ရီမူဖန္တစ္ေယာက္ထဲကသာ နဲနဲေနာက္ခံအင္အား ရွိေနတာ။ သူက သူ ့မိသားစုရဲ့ အလုိမရွိတဲ့ေခြးတစ္ေကာင္ပါပဲ ။ တၿခားသူေတြကိုေတာ့ ေၾကာက္ေနစရာကိုမလုိဘူး - သူတုိ ့ေတြ အနုပညာေလာကထဲမွာ အသက္ဆက္ရွင္ဖုိ ့မလြယ္ဘူး ဆုိတာကို အေနွးနဲ ့အၿမန္ သိသြားေစရမယ္”

“ရီပုိင္က အရမ္းကုိ အရွက္မရွိဘူး ။ အနုပညာေလာကထဲက လူတုိင္းက ကမာၻနဲ ့ဦးေလးကို မေလးစားဘဲနဲ ့ သူ ့စကား ကိုပဲ နားေထာင္ေနၾကတာ”

သူ ့ကိုယ္သူ တကယ္အေရးပါတဲ့လူလုိ ့မ်ား ထင္ေနတာလား၊ အဟတ္ ။

“က်ြန္ေတာ္တုိ့ေတြ သူ ့ကို သင္ခန္းစာေကာင္းေကာင္း ေပးရမယ္ ။ ဒါဆုိ ကုန္ရႊီနဲ့ လ်ိဳခ်န္းလည္း ကုမၸဏီကုိ ဦးက်ိဳးၿပီးေတာ့ ေသခ်ာေပါက္ကုိ ၿပန္၀င္လာၾကမွာပဲ…”

ခ်ဴးဟုန္ဂြမ္းသည္ သူ ့စားပြဲေပၚက ရီပုိင္၏အိမ္အေၾကြးဆပ္သည့္ ခ်က္လက္မွတ္၊ စာခ်ဳပ္စာတမ္းဖုိင္တို ့နွင့္ ႏႈတ္ထြက္စာကို ေအးစက္စြာ ၾကည့္ေနသည္…

ဒီအေၿခအေနေရာက္ေနမွေတာ့ ရီပုိင္ ၿပန္လာလုိ ့မရေတာ့ဘူး ။

ငါ သူ ့ကို ထပ္ၿပီးအသံုးခ်လုိ ့မရေတာ့ဘူး ဆုိုမွေတာ့
သူ ပ်က္စီးသြားေစရမယ္….

……

သူတုိ ့ဒက္ဇလင္း၏ရံုးခန္းကေန ထြက္သြားၾကၿပီး သည့္ေနာက္ ဘလူးဘားတြင္ ထုိင္ေသာက္ၾက၏ ။

“ကိုကို ရီ….ကိုကို ခုနက သိပ္ကို မုိက္တာပဲဗ်ာ ။ မိုက္လုိက္တာမွ ညီေလ ေဂးေတာင္ ၿဖစ္ခ်င္မိသြားတယ္
ဟီး ဟီး ဟီး-----”

ကုန္ရႊီသည္ စိတ္လႈပ္ရွားမႈတုိ ့ေၾကာင့္ မ်က္နွာတုိ ့ ့ရဲတြတ္လာၿပီး ေၿပာရင္းဆုိရင္း ရီ၀မ္၀မ္အေပၚ ခုန္အုပ္ေတာ့မည္ၿပဳလိုက္၏ ။

ကုန္ရႊီ အနားမေရာက္လာခင္ ရီမူဖန္သည္ သူ ့လက္ကို
ဆန္ ့ထုတ္ကာ သူ့အား တင္းတင္းက်ပ္က်ပ္ဆြဲထားေတာ့၏ ။ သူ သတိေပးစကား ဆုိလာသည္ ။

“ေဟ်ာင့္...မင္းကိုယ္မင္း ဘယ္သူမွတ္ေနတာလဲ ။ စကားေကာင္းေကာင္း ေၿပာစမ္း - အသားခ်င္းထိဖုိ ့ ့မၾကိဳးစားနဲ ့”

ကုန္ရႊီ ေဒါသထြက္သြားေတာ့၏ ။
“အစ္ကို ရီ ကို သြားဖက္တာက ဘာၿဖစ္လုိ ့လဲ။
ငါ့ကို တားရေအာင္ မင္းက ဘာမုိ ့လို ့လဲ”

“ဘာလုိ ့လဲဆုိေတာ့ ငါက…”

ရီမူဖန္၊ လ်ွာလိပ္ေခြသြားရ၏ ။

သူ ဆက္ေၿပာဖုိ ့ၿပင္လုိက္ခ်ိန္ ရီ၀မ္၀မ္သည္ သူ ့အား မ်က္စိမ်က္စ ပစ္ၿပလာသၿဖင့္ သူ ေၿပာမည့္စကားတုိ ့ကို ၿမိဳခ်လုိက္ရ၏ ။

“ဘာလို ့လဲဆုိေတာ့ ငါက သူ ့အစ္ကုိမုိ ့”

“ရန္ၿဖစ္မေနနဲ့ေတာ့ ။ ေကာင္းေကာင္းေၿပာရေအာင္ ။ မင္းတုိ ့နွစ္ေယာက္ ဒီအေၾကာင္းကုိ ေသေသခ်ာခ်ာ စဥ္းစားထားၿပီးၿပီလား”

ရီ၀မ္၀မ္သည္ ကုန္ရႊီနွင့္ လ်ိဳခ်န္းအား ၾကည့္လုိက္သည္ ။

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ သူ ့ရင္ဘတ္အား ပုတ္ၿပလာ၏ ။
“စဥ္းစားစရာ လုိေသးလုိ ့လား ။ ကိုကုုိ ရီ…စိတ္မပူနဲ ့ - ကိုကိုက ေလဆုိရင္ ညီက သဲပဲ ။ ကုိကုိသြားရာေနာက္ကို ညီက လုိက္မွာ။ ကိုကိုသာ ထားမသြားဘူးဆုိရင္ ညီကေလ ေသေသရွင္ရွင္ကုိကိုနဲ ့လုိက္ကပ္ေနမွာပဲ ။ ကိုကိုကသာ…”

ရီ၀မ္၀မ္ ေခါင္းကိုက္လာရေတာ့၏ ။
သူမေခါင္းကုိ ေထာက္ထားလိုက္မိရင္း
သူ ့စကားအား ၿဖတ္ေၿပာလုိက္ရေတာ့၏ ။

“ဟုတ္ပါၿပီ…ဟုတ္ပါၿပီ…လ်ိဳခ်န္း၊ မင္းကေရာ”

လ်ိဳခ်န္း၏မ်က္လံုးတုိ ့သည္ကား လံုး၀ကုိ ေ၀ခြဲရခက္ေနၿခင္း အလ်ဥ္းမရွိဘဲ ဒက္ဇလင္းတြင္ အလုပ္လုပ္ခဲ့စဥ္က ဘယ္တုန္းကမွ မရွိခဲ့ဖူးသည့္ ေတာက္ပ ရႊန္းစားေနမႈတုိ ့ပင္ ရွိေန၏ ။

“အစ္ကုိ ရီ…အစ္ကုိ ့ေၾကာင့္သာ မဟုတ္ရင္ ဒီေန ့ လ်ိဳခ်န္းဆုိတာ ရွိလာမွာ မဟုတ္ဘူး ။ အစ္ကုိေၾကာင့္သာ မဟုတ္ရင္ က်ြန္ေတာ္ တရားမ်ွတမႈဆုိတာ မရွိဘဲနဲ ့ က်ိဳး၀မ္ဘင္းရဲ့ေအာက္မွာ ေနေနရဦးမွာ။ ‘လူၾကီးလူေကာင္းတစ္ေယာက္က သူ ့တန္ဖုိးကို အသိအမွတ္ၿပဳေပးတဲ့သူ ဆီကို ေသတဲ့အထိ ကာကြယ္ေပးသြားရမယ္’ လို ့ေၿပာၾကသလုိပဲ - က်ြန္ေတာ့္စကားကုို က်ြန္ေတာ္ရုတ္သိမ္းမွာမဟုတ္ဘူး ။ အစ္ကုိ ဘယ္သြားသြား က်ြန္ေတာ္ လုိက္မယ္ ။
က်ြန္ေတာ္တုိ ့ေတြ အစကေန ၿပန္စၾကတာေပါ့”

ကုန္ရႊီသည္ လ်ိဳခ်န္း၏စကားတုိ ့ကို ၾကားလိုက္သည့္အခ်ိန္ လ်ိဳခ်န္းသည္ ေတာ္ေတာ္အေၿပာေကာင္းသည္ဟု ခံစားမိသြားၿပီး မနာလုိၿဖစ္လာ၏ ။

မင္းက ယဥ္ယဥ္ေက်းေက်းေတြ ေၿပာေနေတာ့ေကာ ဘာၿဖစ္လဲ ။ ဟြန္း…

ရီမူဖန္သည္ ရီ၀မ္၀မ္အား ၾကည့္လာသည္ ။
“ငါတုိ ့ ဘယ္ကုမၸဏီထဲ ၀င္ၾကဖုိ ့စဥ္းစားထားလဲ”

ရီ၀မ္၀မ္သည္ မ်က္ခံုးတုိ့ ပင့္တက္သြားသည္ ။
“ကိုယ္ပုိင္ကုမၸဏီ ေထာင္ၾကတာေပါ့”

“ကုိယ္ပုိင္ကုမၸဏီေထာင္မယ္…”

ရီမူဖန္၊ ကုန္ရႊီႏွင့္ လ်ိဳခ်န္းတုိ ့သည္ ရီ၀မ္၀မ္အား ၾကည့္လာၾကသည္ ။

ရီ၀မ္၀မ္သည္္ သူမ၏ေမးေစ့ကို ပြတ္သပ္လုိက္၏ ။ သူမ၏မ်က္၀န္းတုိ ့သည္ ရႊန္းစားေနၿပီး အၿပံဳးတစ္ပြင့္ ေရးေရးေပၚလာသည္ ။
“ငါ့ဆီမွာ ေနာင္ဆုိရင္ ဖက္ရွင္ေလာကရဲ့ဘုရင္ၾကီးတစ္ဆူ ၿဖစ္လာမယ့္ စတုိင္လစ္တစ္ေယာက္လည္း ရွိတယ္။ မနက္ၿဖန္ဆုိ နုိင္ငံေက်ာ္လာမယ့္ စူပါစတားနွစ္ေယာက္ လည္း ရွိေနတယ္ - ကိုယ့္လယ္ကြက္ထဲက ေရေတြက တၿခားလယ္ကြက္ထဲ အစီးဆင္းခံစရာလား”

ကုန္ရႊီ၏မ်က္လံုးတို ့ ခ်က္ခ်င္းပင္ ၀င္းပသြား၏ ။
သူ ့ရင္ဘတ္ၾကီးသည္ စိတ္လႈပ္ရွားမႈတုိ ့ေၾကာင့္ နိမ့္ခ်ည္ၿမင့္ခ်ည္ၿဖစ္လာေခ်ၿပီ ။
“ေနာင္…ေနာင္ၿဖစ္လာမယ့္ စူပါစတားေတြ - အစ္ကုိ က်ြန္ေတာ့္အေၾကာင္း ေၿပာေနတာလား ။ ဟီးဟီးဟီးဟီး…အစ္ကုိ ရီ…အစ္ကုိ ့မွာ တကယ့္ကို အၿမင္ရွိတယ္။ အစ္ကုိ ေၿပာတာ လံုး၀ကို မွန္တယ္ ။ ကိုယ့္လယ္ကြက္ထဲက ေရ - က်ြန္ေတာ့္ကို - တၿခားသူရဲ့လက္ကြက္ထဲ အစီးဆင္းခံစရာ ဘယ္ဟုတ္ပါ့မလဲ ။ ဒါဆုိ က်ြန္ေတာ္တုိ့ရဲ့ကုိယ္ပုိင္ကုမၸဏီ စေထာင္ၾကတာ ေပါ့”

သရုပ္ေဆာင္စြမ္းရည္အနိမ့္ဆံုးၿဖစ္သည့္ ကုန္ရႊီသည္
လံုး၀ကုိ အရွက္မရွိဘဲ မ်က္နွာေၿပာင္ေၿပာင္နွင့္ ထုိဘြဲ ့အား လက္ခံယူေနသည္ပင္ ။

………………………………………………....

စာစဥ္ ၃၃၊ အခန္း ၂၀ ။ သခင္ေလးက ဘဲငန္းအစစ္

ရီမူဖန္နွင့္ လ်ိဳခ်န္းတုိ ့သည္ ရီ၀မ္၀မ္၏စကားတုိ့အား အေတာ္ေလး မယံုၾကည္နုိင္ၿဖစ္ေနမိခ်ိန္ ကုန္ရႊီသည္ သူ၏အနာဂတ္ကံၾကမၼာအား မ်က္လံုးထဲ ပံုေဖာ္ေနေလၿပီ ။

သူတုိ ့နွစ္ဦးသား ဘာသာဘာသိ ဆြံ ့အေနမိၾကခ်ိန္ ရီ၀မ္၀မ္၏မ်က္၀န္းထဲက ေတာက္ပရႊန္းစားေနမႈေၾကာင့္ လက္ခံမိသြားၾက၏…

“ေကာင္းၿပီ”

နွစ္ေယာက္သား တစ္ၿပိဳင္တည္း ေၿဖလုိက္ၾက၏ ။

သူတုိ ့ေဆြးေႏြးၾကၿပီးသည့္ေနာက္ ေလးေယာက္သားသည္ ကုမၸဏီေထာင္ဖုိ ့ရာအတြက္ အသီးသီးပိုက္ဆံထည့္၀င္ၾကဖုိ ့ ဆံုးၿဖတ္လုိက္ၾက၏ ။

သုိ ့ေသာ္ အခုခ်ိန္တြင္ သူတို ့အတြက္ ေသကြင္းေသကြက္ကို ထိေစနုိင္သည့္အခ်က္မွာ…ေလးေယာက္စလံုး ဘုိင္ၿပတ္ေန ၾကၿခင္းပင္…

ရီ၀မ္၀မ္သည္ သူမ၏ပိုက္ဆံအားလံုးကို အိမ္အတြက္ ေငြေခ်လုိက္ရသၿဖင့္ သူမထံတြင္ ပုိက္ဆံမ်ားမ်ားစားစား က်န္မေန ။ ကုန္ရႊီသည္ ပုိက္ဆံအမ်ားၾကီး ရွာနုိင္သည္ ဆုိေသာ္လည္း သူသည္ ပိုလုိ ့ပင္ အသံုးၿဖဳန္း ၾကီးလွ၏ - သူ့ ့အဘိဓာန္တြင္ “ေငြစုသည္” ဆုိသည့္စကားလံုး ရွိမေနေပ ။ လ်ိဳခ်န္းအတြက္သည္ကား သူသည္ အခုမွစရုိက္ၿဖစ္ၿခင္းၿဖစ္၍ ပိုက္ဆံမ်ားမ်ား မရွာနုိင္ခဲ့ပါေခ်…

ေသေသခ်ာခ်ာတြက္ခ်က္ၾကည့္ၿပီးသည့္ေနာက္ သူတုိ့၏ပုိက္ဆံအားလုံးကုိ ပံုေအာခ်လုိက္မည္ဆုိလ်ွင္ေတာင္ သူတို ့အတြက္ ပုိက္ဆံအမ်ားၾကီး လုိေနေသးဆဲပင္ ၿဖစ္၏ - ကုမၸဏီစာရင္းသြင္းဖုိ ့အတြက္ သူတုိ ့ ပိုက္ဆံ လုိအပ္သည္၊ ကုမၸဏီက ရုိက္ကူးမည့္ေနာက္ဇာတ္လမ္းအတြက္ ပိုက္ဆံ ရင္းနွီးဖုိ ့လုိအပ္သည္ ။

ထြက္လာမည့္ဇာတ္လမ္းသည္ အလြန္ပင္ အေရးၾကီးလွ၏ ။ သူတို ့ က်ရႈံးသြားခဲ့ပါက ကုမၸဏီ၏ဘ႑ာေရးအေၿခအေနမွာ ၿပတ္လပ္သြားရ လိမ့္မည္…

“ဒီေလာက္ပုိက္ဆံနဲ့ေတာ့ မေလာက္ေသးဘူး ။ ဇာတ္လိုက္မင္းသားေနရာ ကေန ပါမယ့္ ကုန္ရႊီ နဲ ့လ်ိဳခ်န္း အၿပင္ကုိ ငါတုိ ့ တၿခားသူေတြလည္း လိုဦး မယ္ ။ အခန္းငွားခေတြ စပါရွယ္အေရာင္ေတြ ထည့္သံုးတာေတြ ဘာညာနဲ ့ ေတာ္ေတ္ာကုန္ဦးမွာ…”

ရီမူဖန္သည္ တုိးတုိးေလးရြတ္လာသည္ ။

ကုန္ရႊီသည္ကား ဂရုစိုက္ၿခင္းမရွိဘဲ ေၿပာလာ၏ ။

“က်ြန္ေတာ္တုိ ့မွာ ပိုက္ဆံမရွိရင္ ထပ္ရွာၾကရံုေပါ့ ။ အခုကစၿပီးေတာ့ လ်ိဳခ်န္းနဲ ့က်ြန္ေတာ္က ေၾကၿငာေတြ၊ အစီအစဥ္ေတြအမ်ားၾကီးကို လက္ခံလုိက္မယ္။
က်ြန္ေတာ္တုိ ့ၾကိဳးၾကိဳးစားစား လုပ္ၾကမွာေပါ့”

ရီမူဖန္သည္ မယံုသကၤာၿဖစ္ေန၏ ။ အဲ့ေလာက္မလြယ္မွာပဲ စိုးတယ္ ။ ခ်ဴးဟုန္ဂြမ္းက ငါတုိ ့လမ္းမွာ လာရပ္ၿပီးေတာ့ ခက္ခဲေအာင္ လုပ္မွာ ေသခ်ာတယ္…

နာရီ၀က္မတုိင္ခင္က ရီ၀မ္၀မ္၊ ရီမူဖန္၊ ကုန္ရႊီနွင့္ လ်ိဳခ်န္း တုို့သည္ ဒက္ဇလင္းမီဒီယာကေန ထြက္သြားၿပီၿဖစ္ေၾကာင္း Weibo အေကာင့္အသီးသီးကေန ေၾကညာထားခဲ့ပါ၏ ။

ထိုတခန အင္တာနက္ေပၚတြင္ အုန္းအုန္းက်ြတ္က်ြတ္ ၿဖစ္သြားခဲ့ေလသည္ ။

ကုန္ရႊီသည္ Weibo ကုိ ၾကည့္လုိက္ရင္း
ေဒါသတုိ ့ငယ္ထိကို ေစာင့္တက္လာေတာ့၏ ။

“ေဘာပဲ…ငါတုိ ့ကုမၸဏီကေန ထြက္လာၿပီးတာေတာင္မွ အဲ့ဒီ ေခြးသေတာင္းစားေကာင္ ခ်ိဳင္းယံုရွန္းက ငါတုိ့ရဲ့ေက်ာ္ၾကားမႈကို အသံုးခ်ေနေသးတုန္းပဲ”

သူတုိ ့ လူစီယန္းနွင့္ ရုိက္ကူးထားခဲ့သည့္ ရိႈးပြဲ ။
“လံုး၀ခ်စ္မိေနၿပီ” သည္ ထုတ္လႊတ္လာၿပီး အကုန္ယုန္ထင္ေၿမာက္ထင္ ထင္လာၾကေတာ့၏…

အင္တာနက္ေပၚက ေကာလဟလတုိ ့အရ ေၿပာဆုိေနၾကသည္မွာ ဤနွစ္ေယာက္သည္ လူစီယန္းေၾကာင့္ ဒက္ဇလင္းကေန ထြက္သြားၾကၿခင္း ၿဖစ္သည္တဲ့…

[ေသာက္က်ိဳးနဲ ။ လူစီယန္းက အရမး္ကုိ စြဲေဆာင္မႈ ရွိလွခ်ည္လားကြာ ။ ဒက္ဇလင္းကို ေရာက္လာတာ ရက္ပိုင္းေလာက္ေလးပဲ ရွိေသးတယ္ ၊ ဒက္ဇလင္းရဲ့နာမည္အၾကီးဆံုးသရုပ္ေဆာင္နွစ္ေယာက္က ရန္ေတြၿဖစ္ကုန္ပါေရာ့လား]

[ကုန္ရႊီကေတာ့ ထားပါဦး - ဘာလုိ ့လ်ိဳခ်န္းကပါ ဒီလုိလုိက္ၿဖစ္ရတာလဲ ။ အား…င့ါရဲ့ၿဖဴစင္တဲ့မင္းသားေလးကုိ ၿပန္ေပးၾကပါ]

[ဒါေပမယ့္ လူစီယန္းက ေတာ္ေတာ္ေတာ့ေတာ္တယ္ေနာ္ - အီးက်ဴ ၿမင့္တယ္၊ လွတယ္၊ ၿပီးေတာ့ သရုပ္ေဆာင္ေကာင္း တယ္ ။ အနုပညာ ေလာကထဲမွာ ၿပစ္မ်ိဳးမွဲ ့မထင္တဲ့ နတ္ဘုရားမအစစ္ဆုိတာက သိပ္ရွိ ေတာ့တာမွ မဟုတ္တာ ။ ကုန္ရႊီကေတာ့ ငန္းၿဖဴဘ၀ကေန ဖားဘ၀ ေၿပာင္းသြားၿပီ ေပါ့ကြာ]

[အဲ့ဒီနွစ္ေယာက္ ငါတုိ ့ရဲ့လူစီေလးကုိ တစ္ခုခု မသင့္ေတာ္မ်ား လုပ္ခဲ့လုိ ့ ကုမၸဏီကေန ကန္ထုတ္ခံလုိက္ရတာမ်ားလား]

….

ရီမူဖန္၏မ်က္နွာထက္တြင္ ဆက္ဖတ္ေနရင္း ေလွာင္ေၿပာင္မႈတုိ ့ ၿပည့္လ်ွံလာ၏ - သူတုိ ့ေတြသည္ ပိုက္ဆံေပးၿပီး ဤကဲ့သုိ ့ကြန္မန္ ့မ်ား မန္ ့ခုိင္းထားသည္မွာ သိသာလွ၏ ။ ကြန္မန္ ့မ်ားအားလံုးသည္ အခေၾကးေငြၿဖင့္ ေပးထားသည့္ ကြန္မန္ ့သမားမ်ား ၿဖစ္ၾကသည္ ။ လူစီယန္းနွင့္ပတ္သက္ၿပီး တစ္ေယာက္ေယာက္က မေကာင္းတာ ေၿပာလုိက္ေလတုိင္း
ထုိေၾကးစားကြန္မန္ ့သမားမ်ားက ထုိမန္ ့တုိ ့ကို ၿမန္ၿမန္သြက္သြက္ အေနာက္သုိ ့ပုိ ့ပစ္ၾကသည္ခ်ည္းပင္ ၿဖစ္၏ ။

ကုန္ရႊီသည္ ေဒါသတုိ ့ေပါက္ကြဲလာရသည္ ။
“ငတံုးေကာင္ေတြ…သခင္ေလး (ငါ) က ငန္းၿဖဴေလးအစစ္ကြ ၊ ဟုတ္ပီလား”

ရီမူဖန္ ။  “…”

ဒီေကာင္က အၿမဲတမ္း ဘာလုိ ့တၿခားဟာေပၚမွာပဲ အာရံုေရာက္ေရာက္ေနရတာလဲ…

တစ္ခ်ိန္တည္းမွာပင္ ဖက္ရွင္မဂၢဇင္းသည္လည္း ေၾကညာခ်က္တစ္ခု ထုတ္ၿပန္လာၿပီး ထုိသည္မွာ လူေၿပာမ်ားသည့္ေခါင္းစဥ္ထဲ ၀င္သြား၏ ။

ဗ်ဴးတီးသည္ ကုန္ရႊီနွင့္ လူစီယန္းတုိ ့ အတူတြဲရုိက္ထားသည့္ပံုကို တင္လုိက္ၿခင္းပင္ ၿဖစ္၏ ။

ကုန္ရႊီနွင့္လူစီယန္းသည္ ဗ်ဴးတီးကာဗာအတြက္ အတူတူတြဲရုိက္ၾကသၿဖင့္ သူတို ့နွစ္ေယာက္အေၾကာင္း တစ္ခုခုပတ္သက္ေနသည္ဟု
လူတုိင္း ေတြးလာၾကေတာ့သည္ ။ ဤအပတ္ကာဗာနွင့္ အင္တာဗ်ဴးတုိ ့သည္ ကုန္ရႊီနွင့္ လူစီယန္းတုိ ့နွင့္ ပတ္သက္သည္ခ်ည္းသာ ၿဖစ္ေနၾကသည္ ။ ထုိ ့ေၾကာင့္ အတင္းအဖ်င္းေၿပာရၾကိဳက္သည့္ လူအုပ္ၾကီးသည္ ပ်ားပုတံုးေတြလုိ စတင္ကာ ၀ဲအံုလာၾကေတာ့သည္ ။
သူတို ့သည္ သတင္းတစ္ခုခု ထပ္ရလုိရၿငား အေနာက္ကေန လုိက္ေခ်ာင္းလာၾကေတာ့သည္…

ဤအပတ္၏ဗ်ဴးတီး မဂၢဇင္းသည္ ေရာင္းလုိက္သည္နွင့္ တခနတြင္းခ်င္းပင္ အကုန္ေရာင္းထြက္ကုန္မွာ ေသခ်ာေနေပၿပီ ။

………………………………………………………

စာစဥ္ ၃၃၊ အခန္း ၂၁ ။  VIVI မဂၢဇင္းကာဗာ

ရီ၀မ္၀မ္သည္ ထုိကြန္မန္ ့အား ဂရုမစိုက္စြာၿဖင့္ တစ္ခ်က္ၾကည့္လိုက္၏ ။ သူမ၏လက္ေခ်ာင္းတုိ့ ့သည္ ေကာ္ဖီစားပြဲကုိ စည္းခ်က္က်က် ေခါက္ေနသည္ ။

သူမ ဒက္ဇလင္းကေန ထြက္ခြာလာၿပီးသည့္ေနာက္ ဤသည္မွာ သူမ ပထမဆံုး ရွင္းရမည့္အရာ ၿဖစ္ေပသည္…

မဂၢဇင္းကာဗာအတြက္ ရုိက္ကူးၿခင္း…

ငါ ဒါကို သံုးၿပီးေတာ့…လူထုအၿမင္ကုိ ၿပန္ေၿပာင္းပစ္ရမယ္ ။

အင္တာနက္ေရစီးေၾကာင္းေၾကာင့္ မီဒီယာၾကီးေတြ အသီးသီးေပၚထြက္လာ ေနၿပီး ကုမၸဏီၾကီးေတြသည္ တုိင္းၿပည္၏အစိုးရစည္းကမ္းဆုိတာကို မသံုးဘဲ လူထုအၿမင္ကုိ ၾကာၾကာထိန္းခ်ဳပ္နုိင္ၿခင္း မရွိၾကေပ ။ ကမာၻ၏အဆင့္အတန္း သူတုိ ့သည္ ထိုသုိ ့လုပ္နုိင္သည့္အဆင့္အတန္းတြင္ မရွိေသးပါေခ် ။

ထို ့ေၾကာင့္ ကမာၻကသာ ထိန္းခ်ဳပ္ခ်င္ပါလွ်င္၊ လူထု၏အၿမင္ကို ေၿပာင္းလဲ လိုပါလ်ွင္ သူတုိ ့အား အနုပညာေလာကနွင့္ပတ္သက္သည့္သတင္းကေန ၿဖတ္ေတာက္ထားခ်င္ပါလွ်င္
သူတုိ ့ လက္မိႈင္ခ်ရေပလိမ့္မည္သာ ။

အခုေခတ္သည္ လူတုိင္း စတားၿဖစ္နုိင္ခြင့္ရွိသည့္ ေခတ္ပင္ မဟုတ္ပါလား ။

လမ္းမေပၚတြင္ လုိက္ေရာင္းေနသည့္ေစ်းသည္သည္ပင္လွ်င္ ဓာတ္ပံုတစ္ပံု ေၾကာင့္ နာမည္ၾကီးသြားနုိင္ေပသည္ ။ ထုိအခြင့္အေရးကို ဘယ္လိုဖမ္းယူရ မလဲဆုိသည္ကုိ
သိေနဖုိ ့ကသာ အေရးၾကီးသည္မဟုတ္ပါလား…

“ဟူး ဟူး ဟူး…ေဒါသထြက္လုိက္တာ ။ ငါ အခုခ်က္ခ်င္း Weibo ထဲ ၀င္ၿပီးေတာ့ အဲ့ဒီေအာက္တန္းစားေကာင္ကို သြားဆဲပစ္မယ္ ။ သူ ့အေဖ (ငါ) က အဲ့လိုရုပ္ဆုိးမကုိ လုိက္ရမွာထက္ ၀က္တစ္ေကာင္ကိုပဲ သြားလုိက္ပစ္လုိက္ မယ္”

ကုန္ရီသည္ ေဒါသတေခ်ာင္းေခ်ာင္းထလ်က္ အက်ီၤလက္ေမာင္းကို လိပ္တင္ကာ
Weibo ဖြင့္ေတာ့မည္အၿပဳ ။

လ်ိဳခ်န္းသည္ မ်က္ေမွာင္ၾကဳတ္လ်က္ ေၿပာဆိုလာသည္ ။

“အဲ့ဒီကိစၥေတြၿဖစ္ေနေတာ့ မင္း ၿဖဴစင္ေၾကာင္း သက္ေသၿပဖုိ ့ ၾကိဳးစားလည္း ဘာမွမထူးဘူး ။
မင္း ၀င္ပါလုိက္ရင္ လက္ရွိငါတုိ ့အေၿခအေနနဲ ့
ပိုဆုိးသြားရံုပဲ ရွိမယ္။  ငါတုိ ့ေၿပာတာကုိ ဘယ္သူကမွ ယံုၾကည္ေပးၾကမွာမဟုတ္ဘူး”

ရီမူဖန္က ေခါင္းညိတ္ၿပလာသည္ ။

“အမွန္ပဲ…ကုန္ရႊီ..မင္း စိတ္ကိုေအးေအးထား ။ ခ်ိဳင္းယံုရွန္းက မင္းကို လူၾကားထဲထြက္လာေအာင္ လုပ္ေနတာ”

ကုန္ရႊီ၏မ်က္လံုးတို့သည္ ေဒါသတုိ ့ေၾကာင့္ နီရဲလာသည္ ။

“က်ြန္ေတာ္တုိ ့ဘာမွမလုပ္ဘဲ ထုိင္ေနၾကေတာ့မွာလား ။ အဲ့ဟာမနဲ ့ က်ြန္ေတာ့္နာမည္ကို တြဲေတြ ့ရတာ ေအာ့တယ္”

သံုးေယာက္သားသည္ ေဒါသတၾကီးၿဖင့္ တခနေလာက္ ၿငင္းခုန္ေနမိၾကၿပီး အမွတ္တမဲ့ ဆုိဖာအလယ္တြင္ ထုိင္ေနသည့္လူငယ္အား လွည့္ၾကည့္လုိက္္ မိၾက၏…

သူတုိ ့ၿမင္ေနရသည္မွာ ရီပုိင္သည္ ခန္ ့ညားစြာ၊ တည္ၿငိမ္စြာ ရွိေနဆဲ ။ သူသည္ နဖူးေပၚလက္တင္ကာ စဥ္းစားေနၿခင္းပင္ ရွိမေန ။ သူ လုပ္ေနသည့္အမူအရာအရ တစ္ခုခုကုိ ေစာင့္စားေနဟန္ပင္ ။

လ်ိဳခ်န္းသည္ ရီပုိင္၏မ်က္လံုးတုိ ့ကို ၾကည့္လုိက္၏ ။ ၾကယ္ပြင့္တုိ ့ ၿပည့္နွက္ေနသည့္ ေကာင္းကင္ၿပင္ၾကီးအား ၿမင္ေတြ ့လုိက္ရသည့္နွယ္ သူ ့ရင္ထဲက ေလးလံေနမႈ
တုိ ့သည္ ခ်က္ခ်င္းပင္ ေလ်ာ့က်သြားရေတာ့သည္….

ကုန္ရႊီသည္ ကြန္ပလိန္းတက္လာသည္ ။

“အစ္ကုိ ရီ..တစ္ခုခု ေၿပာပါဦး ။ က်ြန္ေတာ္တုိ ့ေတြ ဟုိဟာလည္း လုပ္လုိ ့မရ၊ ဒီဟာလည္း လုပ္လုိ ့မၿဖစ္နဲ ့ - တၿခားဘာအေၿဖမွလည္း စဥ္းစားလုိ ့မထြက္ဘူး…”

“မေလာနဲ ့၊ မၾကာခင္ ၿဖစ္လာလိမ့္မယ္”

ရီ၀မ္၀မ္သည္ ကုန္ရႊီအား တစ္ခ်က္ၾကည့္လုိက္ၿပီး
ဟတ္ခနဲ ရယ္ခ်လာသည္ ။

“မင္းရဲ့အုိင္က်ဴနဲ ့ ဒီလုိရႈပ္ေထြးတဲ့ၿပသနာကို အေၿဖရွာေနစရာ မလုိဘူး။ ပန္းတစ္ပြင့္လို ေခ်ာေမာလွပေနဖုိ့ပဲ စိတ္ထဲထည့္ထား”

ကုန္ရႊီ တစ္ခနေလာက္ ေၾကာင္အမ္းသြား၏ ။ ထို ့ေနာက္ ရွက္ေသြးတုိ ့ၿဖာလာကာ နားရြက္ဖ်ားတုိ ့ ရဲတြတ္လာသည္ ။ သူ၏က်ေနသည့္ စိတ္ဓာတ္တုိ ့သည္ပင္ ၿပယ္လြင့္သြားေတာ့ၿပီး သူ ့ရဲ့ေခ်ာေမာသည့္မ်က္နွာၿဖင့္ ရီပုိင္ေပၚ ခုန္အုပ္၀င္လုိက္ေတာ့၏ ။

“ကုိကို ရီ…ညီ့ကို လက္ထပ္ပါလား”

စိတ္ကို ဒံုးဒံုးခ်ၿပီး သတိလက္လြတ္ေနလုိက္ခ်င္ဦး…ဟုတ္ပီလား ။

ရီမူဖန္၏မ်က္နွာမွာ အုိးဖင္အလားနွယ္ မညး္ခ်ိတ္သြား
ရသည္ ။ ၿမားတစ္စင္းနွယ္ ေၿပးသြားၿပီး ကုန္ရႊီအား ေနာက္ထပ္တစ္ဖန္ တားလုိက္ရၿပန္၏…

ရီမူဖန္သည္ ပြစိပြစိေၿပာဆိုုေနသည့္ကုန္ရႊီအား ၿမဲနုိင္သမ်ွၿမဲေအာင္ ဖမ္းထားရင္း ေခါငး္အၾကီးၾကီးကိုက္ ္လ်က္ သူ၏ညီမငယ္ေလးအား တစ္ခ်က္ၾကည့္လုိက္၏ ။

ေတာ္ေလာက္ၿပီ ။ မင္း နဲနဲေလာက္ ထိန္းထိန္းသိမ္းသိမ္း ေနပါဦးလား ။ မင္း ဒီလုိမ်ိဳး ဆက္လုပ္ေနရင္ သူ တကယ္ ေဂးသြားေတာ့မယ္ဟ ။

သူတုိ ့ အာရံုမ်ားေနစဥ္ ရီ၀မ္၀မ္၏ဖုန္း ၿမည္လာသည္ ။

ရီ၀မ္၀မ္သည္ ဖုန္းေခၚဆုိလာသူကို ၾကည့္လုိက္ၿပီး ေၿဖလုိက္သည္ ။

“ဟယ္လုိ…အယ္ဒီတာခ်ဳပ္ ခ်ိဳင္”

တစ္ဖက္ကေန ေယာက်ာ္းတစ္ေယာက္၏ ေလးေလးကန္ကန္အသံ ေပၚထြက္လာသည္ ။

“ဒုဥကၠဌ ရီ…အဲ မွားလုိ ့…သခင္ေလး ရီ၊ က်ြန္ေတာ္တုိ ့ရဲ့ VIVI မဂၢဇင္းကို ဗ်ဴးတီးထက္ အမ်ားၾကီးေရာင္းရေစမယ့္ နည္းလမ္း ရွိတယ္လုိ ့ခင္ဗ်ား ေၿပာခဲ့တယ္ဆုိ - အဲ့ဒါ အမွန္ပဲလား”

ရီ၀မ္၀မ္ ။  “အမွန္ပါပဲ”

တစ္ဖက္တြင္ တိတ္ဆိတ္သြားၿပီးေနာက္ သူ ေၿပာလာသည္ ။

“က်ြန္ေတာ္တို့ ကာဗာေနရာမွာ ကုန္ရႊီကိုေတာ့ ထည့္နုိင္စရာ အေၾကာင္းမရွိဘူးဗ်ာ ။ လူစီယန္း နဲ ့ ကမာၻကေန ထြက္သြားတဲ့ ကုန္ရႊီတုိ ့ကိစၥေၾကာင့္ သူ နာမည္ၾကီးေနတယ္ ဆုိေပမယ့္လုိ ့ ဒါေလာက္နဲ ့ေတာ့ က်ြန္ေတာ္တုိ ့ရဲ့ အေရာင္းစံခ်ိန္ကို ၀င္နုိင္မွာေတာ့ မဟုတ္ဘူးဗ်ာ”

ရီ၀မ္၀မ္ ။  “ကုန္ရႊီတစ္ေယာက္ထဲ ရုိက္မယ္လုိ ့က်ြန္ေတာ္ မေၿပာမိပါဘူး”

အယ္ဒီတာခ်ဳပ္ ခ်ိဳင္သည္ အံ့အားသြား၏ ။

“ဘာကို ေၿပာခ်င္တာလဲ ။ က်ြန္ေတာ္တုိ ့လည္း နွစ္ေယာက္တြဲရုိက္ရမယ္လို ့ေၿပာေနတာလား ။
ဒါေပမယ့္ ဘယ္က မိန္းကေလးသရုပ္ေဆာင္ရမွာလဲ ။ သူမက ဘယ္သူပဲၿဖစ္ၿဖစ္ပါ…အခုၿဖစ္ေနတဲ့ ကုန္ရႊီနဲ ့လူစီယန္းတုိ ့ေလာက္ အာရံုဖမး္စားနုိင္မွာ မဟုတ္ေတာ့ဘူး။ ဘာပဲၿဖစ္ၿဖစ္ ဒီလိုမ်ိဳးဆန္ ့က်င္ဘက္ကို ထြက္လာဖုိ ့ ့ဆုိတာက သိပ္ကို လြယ္လြန္းပါတယ္….”

ရီ၀မ္၀မ္ ။  “မိန္းကေလးသရုပ္ေဆာင္လား ။ ဘယ္ကဟုတ္ရမွာလဲ”

အယ္ဒီတာခ်ဳပ္ ခ်ိဳင္ ။  “ဒါၿဖင့္ ဘယ္သူ…”

ရီ၀မ္၀မ္ ။  “လ်ိဳ ခ်န္း”

……………………………………………………

စာစဥ္ ၃၃၊ အခန္း ၂၂။ ေတာ္ေတာ္ေလး ကံေကာင္းတယ္

ခ်ိဳင္ယံုလိ သည္ တခနေလာက္မင္သက္သြား၏ ။
ထုိ ့ေနာက္၊ မ်က္ခံုးတုိ ့တြန္ ့ခ်ိဳးလာကာ ေၿပာလာသည္ ။

“လ်ိဳခ်န္းလား ။ အရြယ္ေရာက္ၿပီးသား ေယာက်္ားေလး နွစ္ေယာက္ကို ကာဗာတစ္ခုထဲမွာ အတူတူ ရိုက္ေစခ်င္တာ လား ။ သခင္ေလး ရီ… က်ြန္ေတာ္တုိ ့က မိန္းကေလးေတြ ကုိ တားဂတ္ထားတဲ့ ဖက္ရွင္မဂၢဇင္းတစ္ခုပါဗ်ာ ။ က်ြန္ေတာ္တုိ ့ စလုပ္ခဲ့ကတည္းက ကာဗာမွာ မိန္းကေလးသရုပ္ေဆာင္ေတြခ်ည္းပဲ သံုးခဲ့တာပါ။ ေယာက်္ားေလး သရုပ္ေဆာင္နွစ္ေယာက္ကို တစ္ခါမွ တြဲမသံုးဖူးဘူး”

ရီ၀မ္၀မ္သည္ သူမလက္ေအာက္တြင္ ေနာက္ထပ္သရုပ္ေဆာင္တစ္ေယာက္မ်ား ရွိေနၿခင္းလားဟု ခ်ိဳင္ယံုလိ ေတြးထားမိၿခင္းပင္ ၿဖစ္သည္။ ထုိေပါက္တိေပါက္ခ်ာအၾကံကုိ ေပးလာၿပီးသည့္ေနာက္တြင္ သူမ၏အလုပ္မက်ြမး္က်င္မႈေၾကာင့္ သူ အေတာ္ေလး စိတ္ပ်က္သြားမိ၏ ။

ခ်ိဳင္ယံုလိ သံသယ၀င္မည္ကုိ ရီ၀မ္၀မ္သည္ ၾကိဳတင္မွန္းဆထားမိၿပီးသား ၿဖစ္၏ ။
သူမ ရယ္ေမာကာ ေၿပာလုိက္သည္ ။

“အယ္ဒီတာခ်ဳပ္ ခ်ိဳင္…ေယာက်္ားေတြက ပိုလႊမ္းမိုးမႈရွိတယ္ ဗ် ။ ခင္ဗ်ားရဲ့ မဂၢဇင္းက မိန္းကေလးေတြကုိ တားဂတ္ထား ၿပီး မယံုနိုင္စရာရလဒ္မ်ိဳး ထြက္လာေစခ်င္တယ္ဆုိရင္ လံုး၀ကုိ ကြက္တိပဲ မဟုတ္ဘူးလား”

ရီ၀မ္၀မ္ ေၿပာေနသည္မွာ ထုိစြဲစြဲလန္းလန္းၿဖစ္တတ္ၾကသည့္ မိန္းကေလးသရုပ္ေဆာင္တုိ ့ကို ၿဖစ္၏ ။

အနုပညာေလာကထဲတြင္ ဤေစ်းကြက္သည္ ေနာင္တြင္ ဘယ္ေလာက္ထိ လႊမ္းမုိးမႈအၾကီးၾကီးၿဖစ္လာလိမ့္မည္ကို ဘယ္သူကမွ မွန္းဆမိၾကလိမ့္မည္ မဟုတ္ေပ…

ရီ၀မ္၀မ္ ဆက္ေၿပာမည္ၿပဳလိုက္ခ်ိန္ မိန္းမတစ္ေယာက္၏စိုးရိမ္စိတ္ပူေနသည့္ အသံကုိ ၾကားလုိက္ရ၏…

“အယ္ဒီတာခ်ဳပ္ ခ်ိဳင္…က်ြန္မတို ့ေတြ တစ္ေယာက္မွ မရွာနုိင္ဘူးဆုိရင္ ဒီတစ္ပတ္အတြက္ ကာဗာအလြတ္ၾကီး ၿဖစ္သြားေတာ့မယ္”

“ငါ မင္းကုိ ေရြးေပးထားတဲ့ဓာတ္ပံုေတြကေရာ”

“အဲဒါေတြက အလုပ္မၿဖစ္ဘူး…အယ္ဒီတာခ်ဳပ္ ။ အရည္အေသြးက ေတာ္ေတာ္ကုိ ဆုိး၀ါးေနတယ္၊
က်ြန္မတုိ ့ သံုးလုိ ့မရဘူး…က်ြန္မတုိ ့ ဘာလုပ္ၾကမလဲ ။ က်ုြန္မတုိ ့ကို ဗ်ဴးတီးက ထပ္ၿပီးေက်ာ္သြားၿပန္ၿပီ ။ အား…ဒါေပမယ့္ အခုက်ြန္မတုိ ့ရဲ့ဦးစားေပးက ကာဗာအတြက္ တစ္ေယာက္ေယာက္ရဖုိ ့ပဲ ။ ေရာင္းရမေရာင္းရက ေနာက္ကိစၥ”

….

တခနၾကာၿပီးသည့္ေနာက္ ခ်ိဳင္ယံုလိသည္ သူ၏လက္ေအာက္ငယ္သားအား တစ္ခုခုေၿပာလုိက္ၿပီး ဖုန္းဘက္ ၿပန္လွည့္လာသည္ ။

“သခင္ေလး ရီ…က်ြန္ေတာ္တုိ့ မနက္ၿဖန္မနက္ကို ရုိက္ကူးေရးလုပ္ၾကတာ ေပါ့။ အဆင္ေၿပတယ္မလား”

ရီ၀မ္၀မ္ ။  “ေၿပတာေပါ့ဗ်ာ”

သူမ ဖုန္းခ်လုိက္ၿပီးေနာက္ ရီ၀မ္၀မ္သည္ တည္တည္ၿငိမ္ၿငိမ္ အၾကည့္တုိ ့ ရွိေနသည္ ။ အစတြင္ သူမသည္ ဥပမာဥပေမယ်ေတြသံုး၊ ဥာဏ္နီဥာဏ္နက္ေတြသံုးၿပီး ေတာ္ေတာ္ေလးစည္းရံုးယူရမည္ဟု ေတြးထားခဲ့ၿခင္းပင္ ၿဖစ္သည္ ။ သုိ့ေသာ္ အခုေတာ့ သူမအတြက္ ေလကုန္သက္သာသြားေခ်ၿပီ မဟုတ္လား ။

အေစာက VIVIက ရွာထားသည့္ သရုပ္ေဆာင္မိန္းကေလးတုိ ့သည္ သူတုိ ့ဆီကေန ထြက္သြားၾကသၿဖင့္ ေနာက္ဆံုးအခ်ိန္က်မွ ကပ္ကာသီကာ သူတို ့ေနာက္တစ္ေယာက္ကုိ အသည္းအသန္ရွာေနၾကရၿခင္း ၿဖစ္သည္ ။

သူတုိ ့သည္ တၿခားသာမဂၢဇင္းတုိက္နွင့္ တြဲလုပ္လို ့ ့ရနုိင္သည္ ။ သုိ ့ေသာ္၊ တၿခားေသာမဂၢဇင္းတုိ ့၏ လႊမ္းမိုးမႈသည္ VIVI ကု္ိ လံုး၀ယွဥ္နုိင္ၿခင္း မရွိေခ်။

ယေန ့ေခတ္ ဆယ္လီဘရစ္တီနယ္ပယ္တြင္ ေကာ္ေဇာနီေလ်ွာက္ၿခင္း ဓာတ္ပံုအရုိက္ခံၿခင္းတုိ ့အၿပင္ မဂၢဇင္းကာဗာတုိ ့သည္လည္း ဖက္ရွင္ ေလာကထဲတြင္ ဆယ္လီဘရစ္တီတစ္ေယာက္၏အဆင့္အတန္းကုိ ထုတ္ေဖာ္ၿပသေပးနုိင္ၾက၏ ။

ဖက္ရွင္ေလာကထဲတြင္ ထပ္တန္းဖက္ရွင္မဂၢဇင္းတုိ ့၏အယ္ဒီတာခ်ဳပ္သည္ ၿသဇာၾကီးၾကီးမားမားရွိၾက၏ ။
သူတုိ ့ရဲ့မွတ္ခ်က္ေပးခံၾကရသည့္ ဒီဇုိင္နာတုိ့ ေမာ္ဒယ္တုို ့ ့သည္ ခ်က္ခ်င္းပင္ နာမည္ၾကီးေက်ာ္ၾကားသြားၾကသလို သရုပ္ေဆာင္ၾကယ္ပြင့္တုိ ့သည္လည္း ထုိနည္းတူပင္ ။ အယ္ဒီတာတုိ ့သည္ သူတို ့ကုိ ပြဲထုတ္ေပးခ်ိန္တြင္ ထုိအခ်ိန္သည္ သူတုိ ့အတြက္ နာမည္ၾကီးဖုိ ့ ဖန္တီးေပးၿခင္းလည္း ၿဖစ္၏ ။

VIVI လို မဂၢဇင္းနွင့္ဆုိပါလ်ွင္ ကာဗာတြင္ ပါ၀င္ခဲ့ၾကသည့္သရုပ္ေဆာင္တုိင္း လုိလုိပင္ နာမည္ၾကီးၾကသည္ခ်ည္းၿဖစ္၏ ။ ဒီလုိအခြင့္အေရးမ်ိဳးကို လက္လႊတ္ခံရဲသည့္သရုပ္ေဆာင္ဟူ၍ မရိွၾကေလရာ ရီ၀မ္၀မ္အတြက္ ယခုလုိ လြယ္လြယ္ကူကူနွင့္ ရနုိင္ဖုိ ့ ့ဆုိသည္မွာ သာမန္ဆုိ မၿဖစ္နုိင္ေလာက္ နီးနီးပင္ ၿဖစ္၏ ။

သို ့ေသာ္၊ အခုနွစ္မ်ားတြင္ ဖက္ရွင္ေလာကက အၿပိဳင္အဆုိင္ တုိ ့သည္ ၿပင္းထန္သထက္ၿပင္းထန္လာၾကသည္ ။
VIVI သည္ ၿသဇာရွိေနေသးဆဲ ၿဖစ္ပါေသာ္လည္း သူတို့၏အယူအဆသည္ ေခတ္ေနာက္က်လြန္းလွ၏ ။ အခုနွစ္ေတြမွာ သူတို ့သည္ နာမည္က်သထက္ က်လာေနၾကသည္သာ ။

သူမ ဖုန္းခ်လုိက္ၿပီးသည့္ေနာက္ ရီ၀မ္၀မ္သည္ သူမသရုပ္ေဆာင္နွစ္ေယာက္ဘက္သို ့ လွည့္လုိက္၏ -
သူတို ့သည္ အတူတူလက္တြဲလုပ္ေနၾကေသာ္လည္း လံုး၀အတိကို ဆန္ ့က်င္ဘက္ ၿဖစ္လွသည္ ။

တစ္ေယာက္သည္ ေထာင္လႊားၿပီး စေနာက္ရတာ ၾကိဳက္နွစ္သက္သည္။
တၿခားတစ္ေယာက္သည္ တည္ၿငိမ္ၿပီး စကားနည္းကာ ေအးစက္သည္ ။

အာ…ငါ ဘာလုိ ့မ်ား ဒါကုိ အရင္က သတိမထားမိခဲ့ပါလိမ့္ ။

ဒီကေလးနွစ္ေယာက္က…တကယ့္ကို လုိက္ဖက္တဲ့စံုတဲြ ေတြလုိပဲ…

တစ္ခုခုကို လန့္သလုိလုိ ခံစားမိလာရင္း ကုန္ရႊီ ပြစိပြစိ ေၿပာလာသည္ ။

“အာ…အစ္ကုိ ရီ…တစ္ခုခုၿဖစ္လုိ ့လား ။
အစ္ကို ့အၾကည့္ေတြက ထူးဆန္းေနတယ္…”

ရီ၀မ္၀မ္သည္ ေခ်ာင္းအသာဟမ့္လုိက္ၿပီး အၾကည့္ကို ရုတ္သိမ္းလုိက္၏ ။ သူတို ့အား အမိန္ ့ေပးလုိက္သည္ ။

“ေစာေစာအိပ္ရာ၀င္ၾက၊ ေနာက္က်ေအာင္ မေနၾကနဲ ့။ မနက္ၿဖန္မနက္ VIVI  မဂၢဇင္းရဲ့ကာဗာအတြက္ ရုိက္ကူးေရးရွိတယ္”

………………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၃တစ္ခုလံုးကို တစ္ခါတည္းအၿပီးဖတ္လိုပါက ၅၀၀ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  33
Chapter.          :  19 - 22
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၃၊ အခန်း ၁၉ ။ ဂေးဖြစ်တော့မယ်

ချူးဟုန်ဂွမ်းက ချိုင်းယုံရှန်းအား မျက်စိစွေကြည့်လာသည် - သူ့တူ၏ အရည်အချင်းအား သူ မသိဘဲ နေပါမည်လား ။

အန္တရာယ်အငွေ့အသက်တစ်ခုသည် ချိုင်းယုံရှန်း၏ မျက်လုံးထဲ ဖြတ်ခနဲ ဝင်လာသဖြင့် သူ ဆက်ပြောလိုက်၏ ။

“ဦးလေး…ကျွန်တော်တို့ ဒီကိစ္စကို ဒီတိုင်း လွှတ်ပေးလိုက် လို့မဖြစ်ဘူး ။ သူတို့ကို သင်ခန်းစာနဲနဲလောက် ပေးရမယ်။ တခြားသရုပ်ဆောင်တွေပါ ဒေါသထွက်လာတိုင်း ထွက်သွားကြမယ်ဆိုရင် ကုမ္ပဏီမှာ ပြောင်းဆန်ကုန် လိမ့်မယ်”

“သူတို့ထဲက ရီမူဖန်တစ်ယောက်ထဲကသာ နဲနဲနောက်ခံအင်အား ရှိနေတာ။ သူက သူ့မိသားစုရဲ့ အလိုမရှိတဲ့ခွေးတစ်ကောင်ပါပဲ ။ တခြားသူတွေကိုတော့ ကြောက်နေစရာကိုမလိုဘူး - သူတို့တွေ အနုပညာလောကထဲမှာ အသက်ဆက်ရှင်ဖို့မလွယ်ဘူး ဆိုတာကို အနှေးနဲ့အမြန် သိသွားစေရမယ်”

“ရီပိုင်က အရမ်းကို အရှက်မရှိဘူး ။ အနုပညာလောကထဲက လူတိုင်းက ကမ္ဘာနဲ့ဦးလေးကို မလေးစားဘဲနဲ့ သူ့စကား ကိုပဲ နားထောင်နေကြတာ”

သူ့ကိုယ်သူ တကယ်အရေးပါတဲ့လူလို့များ ထင်နေတာလား၊ အဟတ် ။

“ကျွန်တော်တို့တွေ သူ့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ် ။ ဒါဆို ကုန်ရွှီနဲ့ လျိုချန်းလည်း ကုမ္ပဏီကို ဦးကျိုးပြီးတော့ သေချာပေါက်ကို ပြန်ဝင်လာကြမှာပဲ…”

ချူးဟုန်ဂွမ်းသည် သူ့စားပွဲပေါ်က ရီပိုင်၏အိမ်အကြွေးဆပ်သည့် ချက်လက်မှတ်၊ စာချုပ်စာတမ်းဖိုင်တို့နှင့် နှုတ်ထွက်စာကို အေးစက်စွာ ကြည့်နေသည်…

ဒီအခြေအနေရောက်နေမှတော့ ရီပိုင် ပြန်လာလို့မရတော့ဘူး ။

ငါ သူ့ကို ထပ်ပြီးအသုံးချလို့မရတော့ဘူး ဆိုမှတော့
သူ ပျက်စီးသွားစေရမယ်….

……

သူတို့ဒက်ဇလင်း၏ရုံးခန်းကနေ ထွက်သွားကြပြီး သည့်နောက် ဘလူးဘားတွင် ထိုင်သောက်ကြ၏ ။

“ကိုကို ရီ….ကိုကို ခုနက သိပ်ကို မိုက်တာပဲဗျာ ။ မိုက်လိုက်တာမှ ညီလေ ဂေးတောင် ဖြစ်ချင်မိသွားတယ်
ဟီး ဟီး ဟီး-----”

ကုန်ရွှီသည် စိတ်လှုပ်ရှားမှုတို့ကြောင့် မျက်နှာတို့ရဲတွတ်လာပြီး ပြောရင်းဆိုရင်း ရီဝမ်ဝမ်အပေါ် ခုန်အုပ်တော့မည်ပြုလိုက်၏ ။

ကုန်ရွှီ အနားမရောက်လာခင် ရီမူဖန်သည် သူ့လက်ကို
ဆန့်ထုတ်ကာ သူ့အား တင်းတင်းကျပ်ကျပ်ဆွဲထားတော့၏ ။ သူ သတိပေးစကား ဆိုလာသည် ။

“ဟျောင့်...မင်းကိုယ်မင်း ဘယ်သူမှတ်နေတာလဲ ။ စကားကောင်းကောင်း ပြောစမ်း - အသားချင်းထိဖို့မကြိုးစားနဲ့”

ကုန်ရွှီ ဒေါသထွက်သွားတော့၏ ။
“အစ်ကို ရီ ကို သွားဖက်တာက ဘာဖြစ်လို့လဲ။
ငါ့ကို တားရအောင် မင်းက ဘာမို့လို့လဲ”

“ဘာလို့လဲဆိုတော့ ငါက…”

ရီမူဖန်၊ လျှာလိပ်ခွေသွားရ၏ ။

သူ ဆက်ပြောဖို့ပြင်လိုက်ချိန် ရီဝမ်ဝမ်သည် သူ့အား မျက်စိမျက်စ ပစ်ပြလာသဖြင့် သူ ပြောမည့်စကားတို့ကို မြိုချလိုက်ရ၏ ။

“ဘာလို့လဲဆိုတော့ ငါက သူ့အစ်ကိုမို့”

“ရန်ဖြစ်မနေနဲ့တော့ ။ ကောင်းကောင်းပြောရအောင် ။ မင်းတို့နှစ်ယောက် ဒီအကြောင်းကို သေသေချာချာ စဉ်းစားထားပြီးပြီလား”

ရီဝမ်ဝမ်သည် ကုန်ရွှီနှင့် လျိုချန်းအား ကြည့်လိုက်သည် ။

ကုန်ရွှီသည် ချက်ချင်းပင် သူ့ရင်ဘတ်အား ပုတ်ပြလာ၏ ။
“စဉ်းစားစရာ လိုသေးလို့လား ။ ကိုကို ရီ…စိတ်မပူနဲ့ - ကိုကိုက လေဆိုရင် ညီက သဲပဲ ။ ကိုကိုသွားရာနောက်ကို ညီက လိုက်မှာ။ ကိုကိုသာ ထားမသွားဘူးဆိုရင် ညီကလေ သေသေရှင်ရှင်ကိုကိုနဲ့လိုက်ကပ်နေမှာပဲ ။ ကိုကိုကသာ…”

ရီဝမ်ဝမ် ခေါင်းကိုက်လာရတော့၏ ။
သူမခေါင်းကို ထောက်ထားလိုက်မိရင်း
သူ့စကားအား ဖြတ်ပြောလိုက်ရတော့၏ ။

“ဟုတ်ပါပြီ…ဟုတ်ပါပြီ…လျိုချန်း၊ မင်းကရော”

လျိုချန်း၏မျက်လုံးတို့သည်ကား လုံးဝကို ဝေခွဲရခက်နေခြင်း အလျဉ်းမရှိဘဲ ဒက်ဇလင်းတွင် အလုပ်လုပ်ခဲ့စဉ်က ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် တောက်ပ ရွှန်းစားနေမှုတို့ပင် ရှိနေ၏ ။

“အစ်ကို ရီ…အစ်ကို့ကြောင့်သာ မဟုတ်ရင် ဒီနေ့ လျိုချန်းဆိုတာ ရှိလာမှာ မဟုတ်ဘူး ။ အစ်ကိုကြောင့်သာ မဟုတ်ရင် ကျွန်တော် တရားမျှတမှုဆိုတာ မရှိဘဲနဲ့ ကျိုးဝမ်ဘင်းရဲ့အောက်မှာ နေနေရဦးမှာ။ ‘လူကြီးလူကောင်းတစ်ယောက်က သူ့တန်ဖိုးကို အသိအမှတ်ပြုပေးတဲ့သူ ဆီကို သေတဲ့အထိ ကာကွယ်ပေးသွားရမယ်’ လို့ပြောကြသလိုပဲ - ကျွန်တော့်စကားကို ကျွန်တော်ရုတ်သိမ်းမှာမဟုတ်ဘူး ။ အစ်ကို ဘယ်သွားသွား ကျွန်တော် လိုက်မယ် ။
ကျွန်တော်တို့တွေ အစကနေ ပြန်စကြတာပေါ့”

ကုန်ရွှီသည် လျိုချန်း၏စကားတို့ကို ကြားလိုက်သည့်အချိန် လျိုချန်းသည် တော်တော်အပြောကောင်းသည်ဟု ခံစားမိသွားပြီး မနာလိုဖြစ်လာ၏ ။

မင်းက ယဉ်ယဉ်ကျေးကျေးတွေ ပြောနေတော့ကော ဘာဖြစ်လဲ ။ ဟွန်း…

ရီမူဖန်သည် ရီဝမ်ဝမ်အား ကြည့်လာသည် ။
“ငါတို့ ဘယ်ကုမ္ပဏီထဲ ဝင်ကြဖို့စဉ်းစားထားလဲ”

ရီဝမ်ဝမ်သည် မျက်ခုံးတို့ ပင့်တက်သွားသည် ။
“ကိုယ်ပိုင်ကုမ္ပဏီ ထောင်ကြတာပေါ့”

“ကိုယ်ပိုင်ကုမ္ပဏီထောင်မယ်…”

ရီမူဖန်၊ ကုန်ရွှီနှင့် လျိုချန်းတို့သည် ရီဝမ်ဝမ်အား ကြည့်လာကြသည် ။

ရီဝမ်ဝမ်သည် သူမ၏မေးစေ့ကို ပွတ်သပ်လိုက်၏ ။ သူမ၏မျက်ဝန်းတို့သည် ရွှန်းစားနေပြီး အပြုံးတစ်ပွင့် ရေးရေးပေါ်လာသည် ။
“ငါ့ဆီမှာ နောင်ဆိုရင် ဖက်ရှင်လောကရဲ့ဘုရင်ကြီးတစ်ဆူ ဖြစ်လာမယ့် စတိုင်လစ်တစ်ယောက်လည်း ရှိတယ်။ မနက်ဖြန်ဆို နိုင်ငံကျော်လာမယ့် စူပါစတားနှစ်ယောက် လည်း ရှိနေတယ် - ကိုယ့်လယ်ကွက်ထဲက ရေတွေက တခြားလယ်ကွက်ထဲ အစီးဆင်းခံစရာလား”

ကုန်ရွှီ၏မျက်လုံးတို့ ချက်ချင်းပင် ဝင်းပသွား၏ ။
သူ့ရင်ဘတ်ကြီးသည် စိတ်လှုပ်ရှားမှုတို့ကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်လာချေပြီ ။
“နောင်…နောင်ဖြစ်လာမယ့် စူပါစတားတွေ - အစ်ကို ကျွန်တော့်အကြောင်း ပြောနေတာလား ။ ဟီးဟီးဟီးဟီး…အစ်ကို ရီ…အစ်ကို့မှာ တကယ့်ကို အမြင်ရှိတယ်။ အစ်ကို ပြောတာ လုံးဝကို မှန်တယ် ။ ကိုယ့်လယ်ကွက်ထဲက ရေ - ကျွန်တော့်ကို - တခြားသူရဲ့လက်ကွက်ထဲ အစီးဆင်းခံစရာ ဘယ်ဟုတ်ပါ့မလဲ ။ ဒါဆို ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကုမ္ပဏီ စထောင်ကြတာ ပေါ့”

သရုပ်ဆောင်စွမ်းရည်အနိမ့်ဆုံးဖြစ်သည့် ကုန်ရွှီသည်
လုံးဝကို အရှက်မရှိဘဲ မျက်နှာပြောင်ပြောင်နှင့် ထိုဘွဲ့အား လက်ခံယူနေသည်ပင် ။

………………………………………………....

စာစဉ် ၃၃၊ အခန်း ၂၀ ။ သခင်လေးက ဘဲငန်းအစစ်

ရီမူဖန်နှင့် လျိုချန်းတို့သည် ရီဝမ်ဝမ်၏စကားတို့အား အတော်လေး မယုံကြည်နိုင်ဖြစ်နေမိချိန် ကုန်ရွှီသည် သူ၏အနာဂတ်ကံကြမ္မာအား မျက်လုံးထဲ ပုံဖော်နေလေပြီ ။

သူတို့နှစ်ဦးသား ဘာသာဘာသိ ဆွံ့အနေမိကြချိန် ရီဝမ်ဝမ်၏မျက်ဝန်းထဲက တောက်ပရွှန်းစားနေမှုကြောင့် လက်ခံမိသွားကြ၏…

“ကောင်းပြီ”

နှစ်ယောက်သား တစ်ပြိုင်တည်း ဖြေလိုက်ကြ၏ ။

သူတို့ဆွေးနွေးကြပြီးသည့်နောက် လေးယောက်သားသည် ကုမ္ပဏီထောင်ဖို့ရာအတွက် အသီးသီးပိုက်ဆံထည့်ဝင်ကြဖို့ ဆုံးဖြတ်လိုက်ကြ၏ ။

သို့သော် အခုချိန်တွင် သူတို့အတွက် သေကွင်းသေကွက်ကို ထိစေနိုင်သည့်အချက်မှာ…လေးယောက်စလုံး ဘိုင်ပြတ်နေ ကြခြင်းပင်…

ရီဝမ်ဝမ်သည် သူမ၏ပိုက်ဆံအားလုံးကို အိမ်အတွက် ငွေချေလိုက်ရသဖြင့် သူမထံတွင် ပိုက်ဆံများများစားစား ကျန်မနေ ။ ကုန်ရွှီသည် ပိုက်ဆံအများကြီး ရှာနိုင်သည် ဆိုသော်လည်း သူသည် ပိုလို့ပင် အသုံးဖြုန်း ကြီးလှ၏ - သူ့အဘိဓာန်တွင် “ငွေစုသည်” ဆိုသည့်စကားလုံး ရှိမနေပေ ။ လျိုချန်းအတွက်သည်ကား သူသည် အခုမှစရိုက်ဖြစ်ခြင်းဖြစ်၍ ပိုက်ဆံများများ မရှာနိုင်ခဲ့ပါချေ…

သေသေချာချာတွက်ချက်ကြည့်ပြီးသည့်နောက် သူတို့၏ပိုက်ဆံအားလုံးကို ပုံအောချလိုက်မည်ဆိုလျှင်တောင် သူတို့အတွက် ပိုက်ဆံအများကြီး လိုနေသေးဆဲပင် ဖြစ်၏ - ကုမ္ပဏီစာရင်းသွင်းဖို့အတွက် သူတို့ ပိုက်ဆံ လိုအပ်သည်၊ ကုမ္ပဏီက ရိုက်ကူးမည့်နောက်ဇာတ်လမ်းအတွက် ပိုက်ဆံ ရင်းနှီးဖို့လိုအပ်သည် ။

ထွက်လာမည့်ဇာတ်လမ်းသည် အလွန်ပင် အရေးကြီးလှ၏ ။ သူတို့ ကျရှုံးသွားခဲ့ပါက ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေမှာ ပြတ်လပ်သွားရ လိမ့်မည်…

“ဒီလောက်ပိုက်ဆံနဲ့တော့ မလောက်သေးဘူး ။ ဇာတ်လိုက်မင်းသားနေရာ ကနေ ပါမယ့် ကုန်ရွှီ နဲ့လျိုချန်း အပြင်ကို ငါတို့ တခြားသူတွေလည်း လိုဦး မယ် ။ အခန်းငှားခတွေ စပါရှယ်အရောင်တွေ ထည့်သုံးတာတွေ ဘာညာနဲ့ တော်တေ်ာကုန်ဦးမှာ…”

ရီမူဖန်သည် တိုးတိုးလေးရွတ်လာသည် ။

ကုန်ရွှီသည်ကား ဂရုစိုက်ခြင်းမရှိဘဲ ပြောလာ၏ ။

“ကျွန်တော်တို့မှာ ပိုက်ဆံမရှိရင် ထပ်ရှာကြရုံပေါ့ ။ အခုကစပြီးတော့ လျိုချန်းနဲ့ကျွန်တော်က ကြေငြာတွေ၊ အစီအစဉ်တွေအများကြီးကို လက်ခံလိုက်မယ်။
ကျွန်တော်တို့ကြိုးကြိုးစားစား လုပ်ကြမှာပေါ့”

ရီမူဖန်သည် မယုံသင်္ကာဖြစ်နေ၏ ။ အဲ့လောက်မလွယ်မှာပဲ စိုးတယ် ။ ချူးဟုန်ဂွမ်းက ငါတို့လမ်းမှာ လာရပ်ပြီးတော့ ခက်ခဲအောင် လုပ်မှာ သေချာတယ်…

နာရီဝက်မတိုင်ခင်က ရီဝမ်ဝမ်၊ ရီမူဖန်၊ ကုန်ရွှီနှင့် လျိုချန်း တို့သည် ဒက်ဇလင်းမီဒီယာကနေ ထွက်သွားပြီဖြစ်ကြောင်း Weibo အကောင့်အသီးသီးကနေ ကြေညာထားခဲ့ပါ၏ ။

ထိုတခန အင်တာနက်ပေါ်တွင် အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားခဲ့လေသည် ။

ကုန်ရွှီသည် Weibo ကို ကြည့်လိုက်ရင်း
ဒေါသတို့ငယ်ထိကို စောင့်တက်လာတော့၏ ။

“ဘောပဲ…ငါတို့ကုမ္ပဏီကနေ ထွက်လာပြီးတာတောင်မှ အဲ့ဒီ ခွေးသတောင်းစားကောင် ချိုင်းယုံရှန်းက ငါတို့ရဲ့ကျော်ကြားမှုကို အသုံးချနေသေးတုန်းပဲ”

သူတို့ လူစီယန်းနှင့် ရိုက်ကူးထားခဲ့သည့် ရှိုးပွဲ ။
“လုံးဝချစ်မိနေပြီ” သည် ထုတ်လွှတ်လာပြီး အကုန်ယုန်ထင်မြောက်ထင် ထင်လာကြတော့၏…

အင်တာနက်ပေါ်က ကောလဟလတို့အရ ပြောဆိုနေကြသည်မှာ ဤနှစ်ယောက်သည် လူစီယန်းကြောင့် ဒက်ဇလင်းကနေ ထွက်သွားကြခြင်း ဖြစ်သည်တဲ့…

[သောက်ကျိုးနဲ ။ လူစီယန်းက အရမ်းကို စွဲဆောင်မှု ရှိလှချည်လားကွာ ။ ဒက်ဇလင်းကို ရောက်လာတာ ရက်ပိုင်းလောက်လေးပဲ ရှိသေးတယ် ၊ ဒက်ဇလင်းရဲ့နာမည်အကြီးဆုံးသရုပ်ဆောင်နှစ်ယောက်က ရန်တွေဖြစ်ကုန်ပါရော့လား]

[ကုန်ရွှီကတော့ ထားပါဦး - ဘာလို့လျိုချန်းကပါ ဒီလိုလိုက်ဖြစ်ရတာလဲ ။ အား…င့ါရဲ့ဖြူစင်တဲ့မင်းသားလေးကို ပြန်ပေးကြပါ]

[ဒါပေမယ့် လူစီယန်းက တော်တော်တော့တော်တယ်နော် - အီးကျူ မြင့်တယ်၊ လှတယ်၊ ပြီးတော့ သရုပ်ဆောင်ကောင်း တယ် ။ အနုပညာ လောကထဲမှာ ပြစ်မျိုးမှဲ့မထင်တဲ့ နတ်ဘုရားမအစစ်ဆိုတာက သိပ်ရှိ တော့တာမှ မဟုတ်တာ ။ ကုန်ရွှီကတော့ ငန်းဖြူဘဝကနေ ဖားဘ၀ ပြောင်းသွားပြီ ပေါ့ကွာ]

[အဲ့ဒီနှစ်ယောက် ငါတို့ရဲ့လူစီလေးကို တစ်ခုခု မသင့်တော်များ လုပ်ခဲ့လို့ ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရတာများလား]

….

ရီမူဖန်၏မျက်နှာထက်တွင် ဆက်ဖတ်နေရင်း လှောင်ပြောင်မှုတို့ ပြည့်လျှံလာ၏ - သူတို့တွေသည် ပိုက်ဆံပေးပြီး ဤကဲ့သို့ကွန်မန့်များ မန့်ခိုင်းထားသည်မှာ သိသာလှ၏ ။ ကွန်မန့်များအားလုံးသည် အခကြေးငွေဖြင့် ပေးထားသည့် ကွန်မန့်သမားများ ဖြစ်ကြသည် ။ လူစီယန်းနှင့်ပတ်သက်ပြီး တစ်ယောက်ယောက်က မကောင်းတာ ပြောလိုက်လေတိုင်း
ထိုကြေးစားကွန်မန့်သမားများက ထိုမန့်တို့ကို မြန်မြန်သွက်သွက် အနောက်သို့ပို့ပစ်ကြသည်ချည်းပင် ဖြစ်၏ ။

ကုန်ရွှီသည် ဒေါသတို့ပေါက်ကွဲလာရသည် ။
“ငတုံးကောင်တွေ…သခင်လေး (ငါ) က ငန်းဖြူလေးအစစ်ကွ ၊ ဟုတ်ပီလား”

ရီမူဖန် ။  “…”

ဒီကောင်က အမြဲတမ်း ဘာလို့တခြားဟာပေါ်မှာပဲ အာရုံရောက်ရောက်နေရတာလဲ…

တစ်ချိန်တည်းမှာပင် ဖက်ရှင်မဂ္ဂဇင်းသည်လည်း ကြေညာချက်တစ်ခု ထုတ်ပြန်လာပြီး ထိုသည်မှာ လူပြောများသည့်ခေါင်းစဉ်ထဲ ဝင်သွား၏ ။

ဗျူးတီးသည် ကုန်ရွှီနှင့် လူစီယန်းတို့ အတူတွဲရိုက်ထားသည့်ပုံကို တင်လိုက်ခြင်းပင် ဖြစ်၏ ။

ကုန်ရွှီနှင့်လူစီယန်းသည် ဗျူးတီးကာဗာအတွက် အတူတူတွဲရိုက်ကြသဖြင့် သူတို့နှစ်ယောက်အကြောင်း တစ်ခုခုပတ်သက်နေသည်ဟု
လူတိုင်း တွေးလာကြတော့သည် ။ ဤအပတ်ကာဗာနှင့် အင်တာဗျူးတို့သည် ကုန်ရွှီနှင့် လူစီယန်းတို့နှင့် ပတ်သက်သည်ချည်းသာ ဖြစ်နေကြသည် ။ ထို့ကြောင့် အတင်းအဖျင်းပြောရကြိုက်သည့် လူအုပ်ကြီးသည် ပျားပုတုံးတွေလို စတင်ကာ ဝဲအုံလာကြတော့သည် ။
သူတို့သည် သတင်းတစ်ခုခု ထပ်ရလိုရငြား အနောက်ကနေ လိုက်ချောင်းလာကြတော့သည်…

ဤအပတ်၏ဗျူးတီး မဂ္ဂဇင်းသည် ရောင်းလိုက်သည်နှင့် တခနတွင်းချင်းပင် အကုန်ရောင်းထွက်ကုန်မှာ သေချာနေပေပြီ ။

………………………………………………………

စာစဉ် ၃၃၊ အခန်း ၂၁ ။  VIVI မဂ္ဂဇင်းကာဗာ

ရီဝမ်ဝမ်သည် ထိုကွန်မန့်အား ဂရုမစိုက်စွာဖြင့် တစ်ချက်ကြည့်လိုက်၏ ။ သူမ၏လက်ချောင်းတို့သည် ကော်ဖီစားပွဲကို စည်းချက်ကျကျ ခေါက်နေသည် ။

သူမ ဒက်ဇလင်းကနေ ထွက်ခွာလာပြီးသည့်နောက် ဤသည်မှာ သူမ ပထမဆုံး ရှင်းရမည့်အရာ ဖြစ်ပေသည်…

မဂ္ဂဇင်းကာဗာအတွက် ရိုက်ကူးခြင်း…

ငါ ဒါကို သုံးပြီးတော့…လူထုအမြင်ကို ပြန်ပြောင်းပစ်ရမယ် ။

အင်တာနက်ရေစီးကြောင်းကြောင့် မီဒီယာကြီးတွေ အသီးသီးပေါ်ထွက်လာ နေပြီး ကုမ္ပဏီကြီးတွေသည် တိုင်းပြည်၏အစိုးရစည်းကမ်းဆိုတာကို မသုံးဘဲ လူထုအမြင်ကို ကြာကြာထိန်းချုပ်နိုင်ခြင်း မရှိကြပေ ။ ကမ္ဘာ၏အဆင့်အတန်း သူတို့သည် ထိုသို့လုပ်နိုင်သည့်အဆင့်အတန်းတွင် မရှိသေးပါချေ ။

ထို့ကြောင့် ကမ္ဘာကသာ ထိန်းချုပ်ချင်ပါလျှင်၊ လူထု၏အမြင်ကို ပြောင်းလဲ လိုပါလျှင် သူတို့အား အနုပညာလောကနှင့်ပတ်သက်သည့်သတင်းကနေ ဖြတ်တောက်ထားချင်ပါလျှင်
သူတို့ လက်မှိုင်ချရပေလိမ့်မည်သာ ။

အခုခေတ်သည် လူတိုင်း စတားဖြစ်နိုင်ခွင့်ရှိသည့် ခေတ်ပင် မဟုတ်ပါလား ။

လမ်းမပေါ်တွင် လိုက်ရောင်းနေသည့်ဈေးသည်သည်ပင်လျှင် ဓာတ်ပုံတစ်ပုံ ကြောင့် နာမည်ကြီးသွားနိုင်ပေသည် ။ ထိုအခွင့်အရေးကို ဘယ်လိုဖမ်းယူရ မလဲဆိုသည်ကို
သိနေဖို့ကသာ အရေးကြီးသည်မဟုတ်ပါလား…

“ဟူး ဟူး ဟူး…ဒေါသထွက်လိုက်တာ ။ ငါ အခုချက်ချင်း Weibo ထဲ ဝင်ပြီးတော့ အဲ့ဒီအောက်တန်းစားကောင်ကို သွားဆဲပစ်မယ် ။ သူ့အဖေ (ငါ) က အဲ့လိုရုပ်ဆိုးမကို လိုက်ရမှာထက် ဝက်တစ်ကောင်ကိုပဲ သွားလိုက်ပစ်လိုက် မယ်”

ကုန်ရီသည် ဒေါသတချောင်းချောင်းထလျက် အကျီၤလက်မောင်းကို လိပ်တင်ကာ
Weibo ဖွင့်တော့မည်အပြု ။

လျိုချန်းသည် မျက်မှောင်ကြုတ်လျက် ပြောဆိုလာသည် ။

“အဲ့ဒီကိစ္စတွေဖြစ်နေတော့ မင်း ဖြူစင်ကြောင်း သက်သေပြဖို့ ကြိုးစားလည်း ဘာမှမထူးဘူး ။
မင်း ဝင်ပါလိုက်ရင် လက်ရှိငါတို့အခြေအနေနဲ့
ပိုဆိုးသွားရုံပဲ ရှိမယ်။  ငါတို့ပြောတာကို ဘယ်သူကမှ ယုံကြည်ပေးကြမှာမဟုတ်ဘူး”

ရီမူဖန်က ခေါင်းညိတ်ပြလာသည် ။

“အမှန်ပဲ…ကုန်ရွှီ..မင်း စိတ်ကိုအေးအေးထား ။ ချိုင်းယုံရှန်းက မင်းကို လူကြားထဲထွက်လာအောင် လုပ်နေတာ”

ကုန်ရွှီ၏မျက်လုံးတို့သည် ဒေါသတို့ကြောင့် နီရဲလာသည် ။

“ကျွန်တော်တို့ဘာမှမလုပ်ဘဲ ထိုင်နေကြတော့မှာလား ။ အဲ့ဟာမနဲ့ ကျွန်တော့်နာမည်ကို တွဲတွေ့ရတာ အော့တယ်”

သုံးယောက်သားသည် ဒေါသတကြီးဖြင့် တခနလောက် ငြင်းခုန်နေမိကြပြီး အမှတ်တမဲ့ ဆိုဖာအလယ်တွင် ထိုင်နေသည့်လူငယ်အား လှည့်ကြည့်လိုက် မိကြ၏…

သူတို့မြင်နေရသည်မှာ ရီပိုင်သည် ခန့်ညားစွာ၊ တည်ငြိမ်စွာ ရှိနေဆဲ ။ သူသည် နဖူးပေါ်လက်တင်ကာ စဉ်းစားနေခြင်းပင် ရှိမနေ ။ သူ လုပ်နေသည့်အမူအရာအရ တစ်ခုခုကို စောင့်စားနေဟန်ပင် ။

လျိုချန်းသည် ရီပိုင်၏မျက်လုံးတို့ကို ကြည့်လိုက်၏ ။ ကြယ်ပွင့်တို့ ပြည့်နှက်နေသည့် ကောင်းကင်ပြင်ကြီးအား မြင်တွေ့လိုက်ရသည့်နှယ် သူ့ရင်ထဲက လေးလံနေမှု
တို့သည် ချက်ချင်းပင် လျော့ကျသွားရတော့သည်….

ကုန်ရွှီသည် ကွန်ပလိန်းတက်လာသည် ။

“အစ်ကို ရီ..တစ်ခုခု ပြောပါဦး ။ ကျွန်တော်တို့တွေ ဟိုဟာလည်း လုပ်လို့မရ၊ ဒီဟာလည်း လုပ်လို့မဖြစ်နဲ့ - တခြားဘာအဖြေမှလည်း စဉ်းစားလို့မထွက်ဘူး…”

“မလောနဲ့၊ မကြာခင် ဖြစ်လာလိမ့်မယ်”

ရီဝမ်ဝမ်သည် ကုန်ရွှီအား တစ်ချက်ကြည့်လိုက်ပြီး
ဟတ်ခနဲ ရယ်ချလာသည် ။

“မင်းရဲ့အိုင်ကျူနဲ့ ဒီလိုရှုပ်ထွေးတဲ့ပြသနာကို အဖြေရှာနေစရာ မလိုဘူး။ ပန်းတစ်ပွင့်လို ချောမောလှပနေဖို့ပဲ စိတ်ထဲထည့်ထား”

ကုန်ရွှီ တစ်ခနလောက် ကြောင်အမ်းသွား၏ ။ ထို့နောက် ရှက်သွေးတို့ဖြာလာကာ နားရွက်ဖျားတို့ ရဲတွတ်လာသည် ။ သူ၏ကျနေသည့် စိတ်ဓာတ်တို့သည်ပင် ပြယ်လွင့်သွားတော့ပြီး သူ့ရဲ့ချောမောသည့်မျက်နှာဖြင့် ရီပိုင်ပေါ် ခုန်အုပ်ဝင်လိုက်တော့၏ ။

“ကိုကို ရီ…ညီ့ကို လက်ထပ်ပါလား”

စိတ်ကို ဒုံးဒုံးချပြီး သတိလက်လွတ်နေလိုက်ချင်ဦး…ဟုတ်ပီလား ။

ရီမူဖန်၏မျက်နှာမှာ အိုးဖင်အလားနှယ် မည်းချိတ်သွား
ရသည် ။ မြားတစ်စင်းနှယ် ပြေးသွားပြီး ကုန်ရွှီအား နောက်ထပ်တစ်ဖန် တားလိုက်ရပြန်၏…

ရီမူဖန်သည် ပွစိပွစိပြောဆိုနေသည့်ကုန်ရွှီအား မြဲနိုင်သမျှမြဲအောင် ဖမ်းထားရင်း ခေါင်းအကြီးကြီးကိုက် ်လျက် သူ၏ညီမငယ်လေးအား တစ်ချက်ကြည့်လိုက်၏ ။

တော်လောက်ပြီ ။ မင်း နဲနဲလောက် ထိန်းထိန်းသိမ်းသိမ်း နေပါဦးလား ။ မင်း ဒီလိုမျိုး ဆက်လုပ်နေရင် သူ တကယ် ဂေးသွားတော့မယ်ဟ ။

သူတို့ အာရုံများနေစဉ် ရီဝမ်ဝမ်၏ဖုန်း မြည်လာသည် ။

ရီဝမ်ဝမ်သည် ဖုန်းခေါ်ဆိုလာသူကို ကြည့်လိုက်ပြီး ဖြေလိုက်သည် ။

“ဟယ်လို…အယ်ဒီတာချုပ် ချိုင်”

တစ်ဖက်ကနေ ယောကျာ်းတစ်ယောက်၏ လေးလေးကန်ကန်အသံ ပေါ်ထွက်လာသည် ။

“ဒုဥက္ကဌ ရီ…အဲ မှားလို့…သခင်လေး ရီ၊ ကျွန်တော်တို့ရဲ့ VIVI မဂ္ဂဇင်းကို ဗျူးတီးထက် အများကြီးရောင်းရစေမယ့် နည်းလမ်း ရှိတယ်လို့ခင်ဗျား ပြောခဲ့တယ်ဆို - အဲ့ဒါ အမှန်ပဲလား”

ရီဝမ်ဝမ် ။  “အမှန်ပါပဲ”

တစ်ဖက်တွင် တိတ်ဆိတ်သွားပြီးနောက် သူ ပြောလာသည် ။

“ကျွန်တော်တို့ ကာဗာနေရာမှာ ကုန်ရွှီကိုတော့ ထည့်နိုင်စရာ အကြောင်းမရှိဘူးဗျာ ။ လူစီယန်း နဲ့ ကမ္ဘာကနေ ထွက်သွားတဲ့ ကုန်ရွှီတို့ကိစ္စကြောင့် သူ နာမည်ကြီးနေတယ် ဆိုပေမယ့်လို့ ဒါလောက်နဲ့တော့ ကျွန်တော်တို့ရဲ့ အရောင်းစံချိန်ကို ဝင်နိုင်မှာတော့ မဟုတ်ဘူးဗျာ”

ရီဝမ်ဝမ် ။  “ကုန်ရွှီတစ်ယောက်ထဲ ရိုက်မယ်လို့ကျွန်တော် မပြောမိပါဘူး”

အယ်ဒီတာချုပ် ချိုင်သည် အံ့အားသွား၏ ။

“ဘာကို ပြောချင်တာလဲ ။ ကျွန်တော်တို့လည်း နှစ်ယောက်တွဲရိုက်ရမယ်လို့ပြောနေတာလား ။
ဒါပေမယ့် ဘယ်က မိန်းကလေးသရုပ်ဆောင်ရမှာလဲ ။ သူမက ဘယ်သူပဲဖြစ်ဖြစ်ပါ…အခုဖြစ်နေတဲ့ ကုန်ရွှီနဲ့လူစီယန်းတို့လောက် အာရုံဖမ်းစားနိုင်မှာ မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးဆန့်ကျင်ဘက်ကို ထွက်လာဖို့ဆိုတာက သိပ်ကို လွယ်လွန်းပါတယ်….”

ရီဝမ်ဝမ် ။  “မိန်းကလေးသရုပ်ဆောင်လား ။ ဘယ်ကဟုတ်ရမှာလဲ”

အယ်ဒီတာချုပ် ချိုင် ။  “ဒါဖြင့် ဘယ်သူ…”

ရီဝမ်ဝမ် ။  “လျို ချန်း”

……………………………………………………

စာစဉ် ၃၃၊ အခန်း ၂၂။ တော်တော်လေး ကံကောင်းတယ်

ချိုင်ယုံလိ သည် တခနလောက်မင်သက်သွား၏ ။
ထို့နောက်၊ မျက်ခုံးတို့တွန့်ချိုးလာကာ ပြောလာသည် ။

“လျိုချန်းလား ။ အရွယ်ရောက်ပြီးသား ယောကျ်ားလေး နှစ်ယောက်ကို ကာဗာတစ်ခုထဲမှာ အတူတူ ရိုက်စေချင်တာ လား ။ သခင်လေး ရီ… ကျွန်တော်တို့က မိန်းကလေးတွေ ကို တားဂတ်ထားတဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်ခုပါဗျာ ။ ကျွန်တော်တို့ စလုပ်ခဲ့ကတည်းက ကာဗာမှာ မိန်းကလေးသရုပ်ဆောင်တွေချည်းပဲ သုံးခဲ့တာပါ။ ယောကျ်ားလေး သရုပ်ဆောင်နှစ်ယောက်ကို တစ်ခါမှ တွဲမသုံးဖူးဘူး”

ရီဝမ်ဝမ်သည် သူမလက်အောက်တွင် နောက်ထပ်သရုပ်ဆောင်တစ်ယောက်များ ရှိနေခြင်းလားဟု ချိုင်ယုံလိ တွေးထားမိခြင်းပင် ဖြစ်သည်။ ထိုပေါက်တိပေါက်ချာအကြံကို ပေးလာပြီးသည့်နောက်တွင် သူမ၏အလုပ်မကျွမ်းကျင်မှုကြောင့် သူ အတော်လေး စိတ်ပျက်သွားမိ၏ ။

ချိုင်ယုံလိ သံသယဝင်မည်ကို ရီဝမ်ဝမ်သည် ကြိုတင်မှန်းဆထားမိပြီးသား ဖြစ်၏ ။
သူမ ရယ်မောကာ ပြောလိုက်သည် ။

“အယ်ဒီတာချုပ် ချိုင်…ယောကျ်ားတွေက ပိုလွှမ်းမိုးမှုရှိတယ် ဗျ ။ ခင်ဗျားရဲ့ မဂ္ဂဇင်းက မိန်းကလေးတွေကို တားဂတ်ထား ပြီး မယုံနိုင်စရာရလဒ်မျိုး ထွက်လာစေချင်တယ်ဆိုရင် လုံးဝကို ကွက်တိပဲ မဟုတ်ဘူးလား”

ရီဝမ်ဝမ် ပြောနေသည်မှာ ထိုစွဲစွဲလန်းလန်းဖြစ်တတ်ကြသည့် မိန်းကလေးသရုပ်ဆောင်တို့ကို ဖြစ်၏ ။

အနုပညာလောကထဲတွင် ဤဈေးကွက်သည် နောင်တွင် ဘယ်လောက်ထိ လွှမ်းမိုးမှုအကြီးကြီးဖြစ်လာလိမ့်မည်ကို ဘယ်သူကမှ မှန်းဆမိကြလိမ့်မည် မဟုတ်ပေ…

ရီဝမ်ဝမ် ဆက်ပြောမည်ပြုလိုက်ချိန် မိန်းမတစ်ယောက်၏စိုးရိမ်စိတ်ပူနေသည့် အသံကို ကြားလိုက်ရ၏…

“အယ်ဒီတာချုပ် ချိုင်…ကျွန်မတို့တွေ တစ်ယောက်မှ မရှာနိုင်ဘူးဆိုရင် ဒီတစ်ပတ်အတွက် ကာဗာအလွတ်ကြီး ဖြစ်သွားတော့မယ်”

“ငါ မင်းကို ရွေးပေးထားတဲ့ဓာတ်ပုံတွေကရော”

“အဲဒါတွေက အလုပ်မဖြစ်ဘူး…အယ်ဒီတာချုပ် ။ အရည်အသွေးက တော်တော်ကို ဆိုးဝါးနေတယ်၊
ကျွန်မတို့ သုံးလို့မရဘူး…ကျွန်မတို့ ဘာလုပ်ကြမလဲ ။ ကျုွန်မတို့ကို ဗျူးတီးက ထပ်ပြီးကျော်သွားပြန်ပြီ ။ အား…ဒါပေမယ့် အခုကျွန်မတို့ရဲ့ဦးစားပေးက ကာဗာအတွက် တစ်ယောက်ယောက်ရဖို့ပဲ ။ ရောင်းရမရောင်းရက နောက်ကိစ္စ”

….

တခနကြာပြီးသည့်နောက် ချိုင်ယုံလိသည် သူ၏လက်အောက်ငယ်သားအား တစ်ခုခုပြောလိုက်ပြီး ဖုန်းဘက် ပြန်လှည့်လာသည် ။

“သခင်လေး ရီ…ကျွန်တော်တို့ မနက်ဖြန်မနက်ကို ရိုက်ကူးရေးလုပ်ကြတာ ပေါ့။ အဆင်ပြေတယ်မလား”

ရီဝမ်ဝမ် ။  “ပြေတာပေါ့ဗျာ”

သူမ ဖုန်းချလိုက်ပြီးနောက် ရီဝမ်ဝမ်သည် တည်တည်ငြိမ်ငြိမ် အကြည့်တို့ ရှိနေသည် ။ အစတွင် သူမသည် ဥပမာဥပမေယျတွေသုံး၊ ဉာဏ်နီဉာဏ်နက်တွေသုံးပြီး တော်တော်လေးစည်းရုံးယူရမည်ဟု တွေးထားခဲ့ခြင်းပင် ဖြစ်သည် ။ သို့သော် အခုတော့ သူမအတွက် လေကုန်သက်သာသွားချေပြီ မဟုတ်လား ။

အစောက VIVIက ရှာထားသည့် သရုပ်ဆောင်မိန်းကလေးတို့သည် သူတို့ဆီကနေ ထွက်သွားကြသဖြင့် နောက်ဆုံးအချိန်ကျမှ ကပ်ကာသီကာ သူတို့နောက်တစ်ယောက်ကို အသည်းအသန်ရှာနေကြရခြင်း ဖြစ်သည် ။

သူတို့သည် တခြားသာမဂ္ဂဇင်းတိုက်နှင့် တွဲလုပ်လို့ရနိုင်သည် ။ သို့သော်၊ တခြားသောမဂ္ဂဇင်းတို့၏ လွှမ်းမိုးမှုသည် VIVI ကို လုံးဝယှဉ်နိုင်ခြင်း မရှိချေ။

ယနေ့ခေတ် ဆယ်လီဘရစ်တီနယ်ပယ်တွင် ကော်ဇောနီလျှောက်ခြင်း ဓာတ်ပုံအရိုက်ခံခြင်းတို့အပြင် မဂ္ဂဇင်းကာဗာတို့သည်လည်း ဖက်ရှင် လောကထဲတွင် ဆယ်လီဘရစ်တီတစ်ယောက်၏အဆင့်အတန်းကို ထုတ်ဖော်ပြသပေးနိုင်ကြ၏ ။

ဖက်ရှင်လောကထဲတွင် ထပ်တန်းဖက်ရှင်မဂ္ဂဇင်းတို့၏အယ်ဒီတာချုပ်သည် သြဇာကြီးကြီးမားမားရှိကြ၏ ။
သူတို့ရဲ့မှတ်ချက်ပေးခံကြရသည့် ဒီဇိုင်နာတို့ မော်ဒယ်တို့သည် ချက်ချင်းပင် နာမည်ကြီးကျော်ကြားသွားကြသလို သရုပ်ဆောင်ကြယ်ပွင့်တို့သည်လည်း ထိုနည်းတူပင် ။ အယ်ဒီတာတို့သည် သူတို့ကို ပွဲထုတ်ပေးချိန်တွင် ထိုအချိန်သည် သူတို့အတွက် နာမည်ကြီးဖို့ ဖန်တီးပေးခြင်းလည်း ဖြစ်၏ ။

VIVI လို မဂ္ဂဇင်းနှင့်ဆိုပါလျှင် ကာဗာတွင် ပါဝင်ခဲ့ကြသည့်သရုပ်ဆောင်တိုင်း လိုလိုပင် နာမည်ကြီးကြသည်ချည်းဖြစ်၏ ။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံရဲသည့်သရုပ်ဆောင်ဟူ၍ မရှိကြလေရာ ရီဝမ်ဝမ်အတွက် ယခုလို လွယ်လွယ်ကူကူနှင့် ရနိုင်ဖို့ဆိုသည်မှာ သာမန်ဆို မဖြစ်နိုင်လောက် နီးနီးပင် ဖြစ်၏ ။

သို့သော်၊ အခုနှစ်များတွင် ဖက်ရှင်လောကက အပြိုင်အဆိုင် တို့သည် ပြင်းထန်သထက်ပြင်းထန်လာကြသည် ။
VIVI သည် သြဇာရှိနေသေးဆဲ ဖြစ်ပါသော်လည်း သူတို့၏အယူအဆသည် ခေတ်နောက်ကျလွန်းလှ၏ ။ အခုနှစ်တွေမှာ သူတို့သည် နာမည်ကျသထက် ကျလာနေကြသည်သာ ။

သူမ ဖုန်းချလိုက်ပြီးသည့်နောက် ရီဝမ်ဝမ်သည် သူမသရုပ်ဆောင်နှစ်ယောက်ဘက်သို့ လှည့်လိုက်၏ -
သူတို့သည် အတူတူလက်တွဲလုပ်နေကြသော်လည်း လုံးဝအတိကို ဆန့်ကျင်ဘက် ဖြစ်လှသည် ။

တစ်ယောက်သည် ထောင်လွှားပြီး စနောက်ရတာ ကြိုက်နှစ်သက်သည်။
တခြားတစ်ယောက်သည် တည်ငြိမ်ပြီး စကားနည်းကာ အေးစက်သည် ။

အာ…ငါ ဘာလို့များ ဒါကို အရင်က သတိမထားမိခဲ့ပါလိမ့် ။

ဒီကလေးနှစ်ယောက်က…တကယ့်ကို လိုက်ဖက်တဲ့စုံတွဲ တွေလိုပဲ…

တစ်ခုခုကို လန့်သလိုလို ခံစားမိလာရင်း ကုန်ရွှီ ပွစိပွစိ ပြောလာသည် ။

“အာ…အစ်ကို ရီ…တစ်ခုခုဖြစ်လို့လား ။
အစ်ကို့အကြည့်တွေက ထူးဆန်းနေတယ်…”

ရီဝမ်ဝမ်သည် ချောင်းအသာဟမ့်လိုက်ပြီး အကြည့်ကို ရုတ်သိမ်းလိုက်၏ ။ သူတို့အား အမိန့်ပေးလိုက်သည် ။

“စောစောအိပ်ရာဝင်ကြ၊ နောက်ကျအောင် မနေကြနဲ့။ မနက်ဖြန်မနက် VIVI  မဂ္ဂဇင်းရဲ့ကာဗာအတွက် ရိုက်ကူးရေးရှိတယ်”

………………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၃တစ်ခုလုံးကို တစ်ခါတည်းအပြီးဖတ်လိုပါက ၅၀၀ ထဲနဲ့ ဖတ်လို့ရပါပြီ ။

Continue Reading

You'll Also Like

2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...