Imaginary You(Completed)

Por Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... Más

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 7

6.7K 795 20
Por Kirara-16

အခ်ိန္ေတြက တေရြ႔ေရြ႔ကုန္ဆံုးလာတာနဲ႔အမ်ွ
ဝမ္ရိေပၚကလည္း ေ႐ွာင္းက်န္႔ဘဝထဲကို တစ္စတစ္စ တိုးဝင္လာတယ္။ခ်ည္ေႏွာင္တဲ့ ႀကိဳးေလးကညတျဖည္းျဖည္း ခိုင္မာလာတာဟာ ဝမ္ရိေပၚရဲ႕အျပဳအမူေလး
ေတြေၾကာင့္ ျဖစ္ႏိုင္သလို ေ႐ွာင္းက်န္႔ကိ္ုယ္တိုင္က
လည္း မတားခဲ့မိတာျဖစ္မယ္။

ခြင့္ေတာင္းျခင္းကို က်င့္သားမ႐ွိတဲ့ဝမ္ရိေပၚက
ေ႐ွာင္းက်န္႔ ခြင့္မျပဳထားတဲ့ အခြင့္အေရးေလးေတြကိုလည္း ယူတတ္ေသးတာ...။ဥပမာ..ေ႐ွာင္းက်န္႔ရဲ႕တစ္ေန႔တာမွာ ဝမ္ရိေပၚက ပံုစံအမ်ိဳးမ်ိဳးနဲ႔ ပါဝင္လာတတ္တာမ်ိဳးေပါ့။တစ္ခါတစ္ေလ ​ေ႐ွာင္းက်န္႔ရဲ႕ စိတ္ကူးေလးအေနနဲ႔၊တစ္ခါတစ္ေလေတာ့ အသံခ်ိဳခ်ိဳေလးအေနနဲ႔....။

တူညီတဲ့အရာေတြကို တစ္ေယာက္တည္း လုပ္ရတဲ့
ခံစားခ်က္နဲ႔ တစ္စံုတစ္ေယာက္နဲ႔ အတူတူလုပ္ရတဲ့
ခံစားခ်က္က လံုးဝကြဲျပားလိမ့္မယ္လိ႔ ​ေ႐ွာင္းက်န္႔
မေတြးမိခဲ့ဖူးဘူး။ သူ႔ဘဝမွာ အရာရာကိုတစ္ေယာက္တည္းပဲ လုပ္တတ္ကိုင္တတ္ေအာင္ ​ေနထိုင္ခဲ့လို္႔ျဖစ္မယ္။ ဒါမွမဟုတ္လည္း အခုသူ႔ေဘးမွာ႐ွိေနတဲ့သူက ဝမ္ရိေပၚမို့လို႔လည္း ျဖစ္ခ်င္ျဖစ္မယ္။

ေအးခ်မ္းၿပီး တိတ္ဆိတ္တဲ့ ​ေတာင္ကုန္းေလးတစ္ခုေပၚက Churchေက်ာင္းေလးက လူအေရာက္အေပါက္ သိပ္မ႐ွိတာေၾကာင့္ ဘုရားဝတ္ျပဳသူအခ်ိဳ႕သာ႐ွိ
ၿပီး ဆူညံသံေတြလည္းကင္းမဲ့တယ္။ ​ေ႐ွာင္းက်န္႔
အတြက္ ဒီChurchေက်ာင္းေလးဟာ စိတ္ေျဖေဖ်ာက္စရာေနရာတစ္ခုဆိုလည္း မမွားဘူး။

အားရင္အားသလို တစ္လတစ္ခါျဖစ္ျဖစ္၊ ႏွစ္လတစ္ခါျဖစ္ျဖစ္ ​ေရာက္လာတတ္တဲ့ ​ေ႐ွာင္းက်န္႔ဟာ
Churchက စစ္စတာေတြနဲ႔ေတာင္ ရင္းႏွီးေနတဲ့
အေနအထားမွာ႐ွိတယ္။

"ပန္းခ်ီဆရာေလး...မလာတာေတာင္ၾကာၿပီေနာ္"

"ဟုတ္။ကြၽန္ေတာ္ မအားျဖစ္လို႔ပါ"

"မေတြ႔ရတဲ့ အေတာအတြင္းမွာ ပန္းခ်ီဆရာေလးက
ေတာ္ေတာ္ေျပာင္းလဲသြားတာပဲ"

"ဗ်ာ။စစ္စတာ စိတ္ထင္လို႔ျဖစ္မွာပါ။ကြၽန္ေတာ္က
အရင္အတိုင္းပါပဲ"

"အရင္ကနဲ႔မတူတာေတာ့ အမွန္ပဲ။ပန္းခ်ီဆရာေလး
ရဲ႕အျပံဳးေတြကအစ အရင္ကထပ္ ပိုအသက္ဝင္လာ
တယ္လို႔ ခံစားရတယ္။မ်က္လံုးေလးေတြေရာပဲ...။
တစ္ခုခုကို႐ွာေတြ႔သြားသလိုမ်ိဳး.."

"တစ္ခုခု......"

"ထားပါ။ဒါနဲ႔ ပန္းခ်ီဆရာေလးနဲ႔အတူပါလာတဲ့
ေကာင္ေလးက..."

"ကြၽန္ေတာ့ ညီေလးပါ"

"ေကာင္ေလးက သြက္သြက္လက္လက္ကေလးပဲ"

စစ္စတာက Churchကေစာင့္ေ႐ွာက္ေပးထားတဲ့ကေလးေတြနဲ႔ အတူကစားေနတဲ့ ဝမ္ရိေပၚကိုၾကည့္
ၿပီး ​ေျပာတယ္။ ဒီေကာင္ေလး တကယ္ေပ်ာ္ေနပံုပဲ။
ရယ္သံလြင္လြင္ေလးေတြက အသက္ပါလြန္းတယ္။

"ေကာင္ေလးရဲ႕မ်က္ႏွာက ေအးခ်မ္းလြန္းတယ္။
သူ႔ကိုၾကည့္ေနတဲ့သူရဲ႕ ရင္ထဲကိုပါ ​ေအးခ်မ္းသြား
ေစတဲ့ မ်က္ႏွာမ်ိဳး။ပန္းခ်ီဆရာေလး ​ေျပာင္းလဲသြားတာ သူ႔ေၾကာင့္ျဖစ္မယ္ထင္တယ္"

"...."

စစ္စတာ့ရဲ႕အေမးကို ​ေ႐ွာင္းက်န္႔ဘာမွျပန္မေျဖဘဲ
ျပံဳးျပလိုက္မိတယ္။

ဟုတ္တယ္။ ဒီေကာင္ေလးက ​ေအးခ်မ္းမႈေလးေတြ
ကို သယ္ေဆာင္လာတဲ့ ​ေလျပည္ေလး။ အသံေလး
ၾကားရရံုနဲ႔ ရင္ထဲေအးသြားေစတာမ်ိဳး။ သူ႔မ်က္ႏွာေလးကို ျမင္ခြင့္ရတဲ့သူေတြကို အားက်မိတယ္။
အသံေလးနဲ႔ေက်နပ္ေနရတဲ့ သူ႔ဘဝက အားရစရာ
ေတာ့ မေကာင္းလွဘူး။

ခနၾကာေတာ့ ရိေပၚက ​ေမာသြားသည္ထင္ရဲ႕။သူ႔
ေဘးနားမွာ ဝင္ထိုင္တယ္။အသက္႐ွဴသံ ခပ္ျပင္းျပင္း
အရ ဒီေကာင္ေလး ​ေတာ္ေတာ္ေမာေနပံုပဲ။ ​ေမာမွာေပါ့။ ​ေရာက္ကတည္းကေဆာ့ေနတာ ခုခ်ိန္ထိပဲေလ။

"ရိေပၚ..။အာ့ေၾကာင့္မတရားမေဆာ့နဲ႔လို႔ေျပာတာေပါ့။မင္းကကေလးလား။မႀကီးမငယ္နဲ႔"

"ကေလးမွေဆာ့ရမွာလား။လူႀကီးမေဆာ့ရဘူးလို႔
ဥပေဒ႐ွိလား"

ေမာေနတဲ့ၾကားကေန ပက္ခနဲ ရန္ျပန္လုပ္
ေသးတာ။ေျပာပါတယ္..။ဝမ္ရိေပၚကလူဆိုးေလး။

"ေမာသာေမာတာ ရန္လုပ္ဖို႔က်အား႐ွိေသးတယ္ေနာ္"

"ရန္လုပ္တာမွမဟုတ္တာ အစ္ကိုကလည္း...."

"ဆက္မကစားနဲ႔ေတာ့"

"ဒီေနရာမွာရပ္ရင္ ဘယ္ေလာက္ေပးမလဲ"

"အ႐ူးေလး...။ေျပာင္ေခ်ာ္ေခ်ာ္လုပ္မေနနဲ႔"

ေ႐ွာင္းက်န္႔နဲ႔ ရိေပၚစကားေျပာေနစဥ္ အနားကိုေလ်ွာက္လာတဲ့ ​ေကာင္မေလးတစ္ေယာက္။

"For you"

အသံအရေတာ့ ဒါကLizzyပဲ။ ဒီကေလးမေလးက အရမ္းစကားနည္းတယ္။တစ္ေယာက္တည္းပဲ
ေနတာမ်ားတယ္။ Lizzyလိုကေလးမ်ိဳးကေတာင္
သေဘာက်မွေတာ့ ဒီေကာင္ေလးက လူခ်စ္လူခင္
​ေပါတာပဲ။ဘာရယ္မဟုတ္...ဒီေကာင္ေလးကို
မွန္ေဘာင္ထဲ ထည့္သိမ္းထားခ်င္တယ္ဆိုတဲ့ အေတြး
ေလးက မသိမသာဝင္လာတယ္။

"For me??"

"Yes"

"Thank you"

"Beautiful..."

"Yes.It's beautiful"

"Not the flower"

"Not the flower??"

"You..."

"Me...beautiful??"

"....."

"Wait!what!!!Hey!!I'm not beautiful.I'm handsome"

"Beautiful..."

"I said handsome.Not beautiful.
H.a.n.d.s.o.m.e..."

"ဟားဟားဟား...."

Lizzyနဲ႔အၿပိဳင္ျငင္းေနတဲ့ရိေပၚကို ေ႐ွာင္းက်န္႔မရယ္ဘဲ မေနႏိုင္ေတာ့ဘူး။ သူ႔ကိုbeautifulလို့
​ေျပာလို႔ ကေလးနဲ႔ၿပိဳင္ျငင္းေနတဲ့ ေပါက္စ။

"အစ္ကို!!!မရယ္နဲ႔ဗ်ာ"

"မင္းကကေလးနဲ႔ၿပိဳင္ျငင္းေနတာကို"

"Beautifulဆိုတာမိန္းကေလးေတြကိုပဲသံုးတာေလ"

"မင္းကမိန္းကေလးေတြထပ္ပိုလွလို႔ေနမွာေပါ့"

"အစ္ကို!!!!ေတာ္ၿပီဗ်ာ။မေျပာေတာ့ဘူး"

စိတ္ဆိုးၿပီး ထထြက္သြားတဲ့ ​ေပါက္စေနာက္ကို
ေ႐ွာင္းက်န္႔ အမွီလိုက္ရတယ္။ ရိေပၚကလိမၼာပါတယ္။
သူမမွီမွန္းသိလို႔ ရပ္ေစာင့္ၿပီး ျဖည္းျဖည္းခ်င္းပဲ
သြားေနတယ္ဆိုတာ ​ေျခသံေလးေတြက သက္ေသ။
ဝမ္ရိေပၚက ေ႐ွာင္းက်န္႔တစ္ေယာက္တည္းအေပၚကိုပဲ ဆိုးတတ္သလို ​ေ႐ွာင္းက်န္႔တစ္ေယာက္တည္း
အတြက္ပဲ လိမၼာေပးတယ္။အဲ့လို ဘက္လိုက္မႈေလး
ေတြကအစ ေ႐ွာင္းက်န္႔က ​ေက်နပ္ေနမိေသးတာ။

Churchထဲေရာက္ေတာ့ ရိေပၚက စႏၵယားနား
ကိုသြားျပီး စႏၵယားခလုတ္ေလးေတြကို လက္နဲ႔အသာ ထိၾကည့္ေနတာေၾကာင့္ အသံေလးေတြ ၾကားေနရတယ္။

"ရိေပၚကစႏၵယားတီးတတ္တာလား"

"ဟင့္အင္း။မတီးတတ္ဘူး"

"ေအာ္...."

"ကြၽန္ေတာ္....."

"......"

"ကြၽန္ေတာ္ လိမ္ေနတာ။ကြၽန္ေတာ္တီးၾကည့္လို႔ရမလား"

"အင္း။ရပါတယ္"

ေ႐ွာင္းက်န္႔စကားအဆံုးမွာ ပတ္ဝန္းက်င္တစ္ခုလံုး
တိတ္ဆိတ္သြားတယ္။ ဝမ္ရိေပၚဆီက သက္ျပင္းခ်သံတစ္ခ်က္ ၾကားလို္က္ရၿပီး ခနအၾကာမွာေတာ့..
သာယာတဲ့ စႏၵယားသံေလးက ထြက္ေပၚလာတယ္။
ဝမ္ရိေပၚ တီးလိုက္တဲ့သံစဥ္က Beethovenရဲ႕
Für Elise....။နာမည္ႀကီး သံစဥ္တစ္ပုဒ္။

Beethovenရဲ႕ ဆိုးရြားတဲ့လက္ေရးေၾကာင့္ Thereseကို Eliseလို႔မွားဖတ္မိသြားတဲ့ နာမည္
ႀကီးတဲ့ပံုုျပင္ေလးပဲ။ ခ်စ္ရတဲ့Thereseဆိုတဲ့အမ်ိဳးသမီးဆီက ျငင္းဆန္ျခင္းကိုခံခဲ့ရတဲ့ Beethovenရဲ႕နာက်င္ျခင္းေတြ၊ ​ေဝဒနာေတြကိုေပါင္းစပ္ထားတဲ့သီခ်င္း။ ဒီသံစဥ္ကို ​ေ႐ွာင္းက်န္႔အႀကိမ္ႀကိမ္ နားေထာင္
ဖူးပါတယ္။ ဒါေပမယ့္ ဘာလို႔ ဒီတစ္ခါနားေထာင္ရတာက သိပ္ဝမ္းနည္းသလို ခံစားေနရတာလဲ...။

သံစဥ္တစ္ခုခ်င္းစီမွာ တီးခတ္ေနတဲ့ pianistရဲ႕
နာက်င္မႈေတြကို ခံစားေနရတယ္။နားေထာင္ေနရတဲ့ ​ေ႐ွာင္းက်န္႔ေတာင္ မြန္းၾကပ္လာႏိုင္ေလာက္တဲ့အထိဆိုရင္ တီးခတ္ေနတဲ့ ဝမ္ရိေပၚကေရာ ဘယ္ေလာက္
ေတာင္ နာက်င္ေနလိုက္မလဲ။ ဒီသံစဥ္ကိုၾကားၿပီးေနာက္မွာ ​ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကို အျပည့္အဝနားမလည္ႏိုင္ေသးဘူး ဆိုတာကို သိလိုက္တယ္။
ဝမ္ရိေပၚဟာ နာက်င္ျခင္းေတြကို အျပံဳးေတြနဲ႔ဖံုးကြယ္ထားတဲ့ သူတစ္ေယာက္။ဒီေလာက္ပဲ သူအဓိပၸါယ္သတ္မွတ္ႏိုင္တယ္။ဒဏ္ရာေတြရဲ႕ အတိမ္အနက္နဲ႔ ကုသဖို႔ေဆး႐ွိမ႐ွိက ဝမ္ရိေပၚတစ္ေယာက္ပဲသိႏိုင္မယ္။

"Für Elise"

စႏၵယားသံအဆံုးမွာ ခပ္တိုးတိုးဆိုလာတဲ့ ရိေပၚရဲ႕အသံက အက္႐ွ႐ွ။

"ကြၽန္ေတာ္တီးတတ္တဲ့တစ္ခုတည္းေသာသံစဥ္"

"......"

"တစ္စံုတစ္ေယာက္သင္ေပးခဲ့တဲ့ပထမဆံုးသံစဥ္"

"......"

"တစ္စံုတစ္ေယာက္ေနာက္ဆံုးတီးခဲ့တဲ့သံစဥ္"

"......"

ဆို႔နင့္ေနတဲ့ ရိေပၚရဲ႕အသံကို ၾကားေနရတဲ့ ​ေ႐ွာင္းက်န္႔
အတြက္ တကယ္ကို အဆင္ေျပမေနခဲ့ဘူး။ ရိေပၚရဲ႕
မ်က္ႏွာကိုသာ သူျမင္ႏိုင္မယ္ဆိုရင္ အခုခ်ိန္ ဒီေကာင္ေလး မ်က္ရည္ဝဲေနမွာ အေသအခ်ာပဲ။

"ဝမ္ရြယ္လီ"

"......"

"ကြၽန္ေတာ့ရဲ႕အမ။ သားသမီးေတြကို ဂ႐ုမစိုက္ႏိုင္
ေလာက္တဲ့အထိ အလုပ္မ်ားတဲ့ မိဘေတြကို ပိုင္ဆိုင္ထားတဲ့ဘကြၽန္ေတာ့အတြက္ မမကအရာရာပဲ။ မားနဲ႔ပါးဆီကမရတဲ့ ေမတၱာေတြကို မမက ​ေပးခဲ့တယ္။ မမကသိပ္လွတယ္။ သိပ္ၿပီးလည္း ႏူးညံ့သိမ္ေမြ႔တယ္။ ကြၽန္ေတာ့ကိုလည္း အရမ္းခ်စ္တယ္........လို႔ ကြၽန္ေတာ္ထင္ခဲ့မိတာ။ မမကစႏၵယားတီးရတာကို အရမ္း
သေဘာက်တယ္။ မမစႏၵယားတီးေနတဲ့ အခ်ိန္ဆို
တကယ္ကို နတ္သမီးတစ္ပါးလိုပဲ။ စႏၵယားခလုတ္
ေတြေပၚမွာ လႈပ္႐ွားေနတဲ့ လက္ေခ်ာင္းေလးေတြ၊
သံစဥ္ေလးေတြက ​ေငးေမာခ်င္စရာ။ မမစႏၵယားတီးရင္ အရမ္းလွတာပဲလို႔ေျပာတိုင္း ျပံဳးျပတတ္တဲ့မမက သံစဥ္ေလးေတြက ပိုလွတာပါလို႔လည္း ျပန္ေျပာတတ္ေသးတယ္။ မမကို အတင္းပူဆာၿပီး စႏၵယားတီးသင္ခိုုင္းေတာ့ မမသင္ေပးတဲ့သံစဥ္က Für Elise.အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္ကလည္း သီခ်င္းဆိုရတာကို အရမ္း႐ူးသြပ္ခဲ့တာ။
အႏုပညာဝါသနာပါတာခ်င္းတူတဲ့ မမက ကြၽန္ေတာ့အတြက္စံျပပုဂၢိဳလ္ပဲ။ မမနဲ႔ကြၽန္ေတာ္ ကတိတစ္ခုထားခဲ့ၾကတယ္။ တစ္ေန႔က်ရင္ မမနဲ႔ကြၽန္ေတာ္စင္ေပၚမွာ အတူတူေဖ်ာ္ေျဖၾကမယ္လို႔..။ မမက စႏၵယားတီးမယ္။ကြၽန္ေတာ္က သီခ်င္းဆိုမယ္။ကတိေလးတစ္ခုဆိုေပမယ့္ 12ႏွစ္
အရြယ္ ​ေကာင္ေလးအတြက္ေတာ့ အိပ္မက္တစ္ခုပဲ။
မျဖစ္မေန အေကာင္အထည္ေဖာ္ရမယ့္ညအိပ္မက္ေလး"

"........"

"မမက ကတိမတည္ခဲ့ဘူး.."

ေျပာေနရင္းနဲ႔ ရိေပၚအသံက တျဖည္းျဖည္းတုန္ရီလာ
ၿပီး အဖ်ားခတ္ကေလးေတြ တိမ္ဝင္သြားတယ္။
ဒီေကာင္ေလး ဘယ္ေလာက္ေတာင္ ​ေလးလံလြန္းတဲ့
အတိတ္ေတြကို ထမ္းပိုးထားတာလဲ။

"အိပ္မက္ဆန္တဲ့ ကတိတစ္ခုအစား လက္ေတြ႔ဆန္
တဲ့ဘဝမ်ိဳးကို ​ေရြးခ်ယ္သြားခဲ့တယ္။မမေနာက္ဆံုးတီး
ခဲ့တဲ့သံစဥ္က Für Elise။ အဲ့ဒီအခ်ိန္တုန္းကနား
မလည္ခဲ့ဘူး။ အျမဲနားေထာင္ခဲ့တဲ့ ကြၽန္ေတာ္အႀကိဳက္ဆံုးသံစဥ္က ဘာလို႔အခုမွ အရမ္းဝမ္းနည္းေၾကကြဲဖို႔ ​ေကာင္းေနရတာလဲ။ ​ေနာက္မွသိလိုက္ရတာက
ဝမ္းနည္းေၾကကြဲေနတာက သံစဥ္ေတြမဟုတ္ဘဲ
တီးခတ္ေနတဲ့သူ ကိုယ္တိုင္ျဖစ္ေနခဲ့တာပဲ။ မမကအရာရာကို စြန္႔လြတ္အ႐ွံုးေပးလိုက္ၿပီ ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ တီးခဲ့တာ။မမ မသိလိုက္တာက သူစြန္႔လြတ္
လိုက္တာက ကတိတစ္ခုတင္မဟုတ္ဘဲ ကေလး
တစ္ေယာက္ရဲ႕ အႀကီးမားဆံုး အိပ္မက္တစ္ခုျဖစ္ေနတာပဲ"

"......."

"ေနာက္ဆံုးေတာ့ ေကာင္ေလးက သူ႔ငယ္ဘဝရဲ႕
အိပ္မက္ေလးနဲ႔အတူ အမျဖစ္သူကိုပါ ဆံုး႐ွံုးလိုက္ရတယ္ေပါ့။ ပံုျပင္ေလးကေတာ့ ဒါပါပဲ။ရယ္စရာေကာင္းတယ္မလား။ ဟားဟား..."

"......"

ကြၽန္ေတာ္လိမ္ေနတာဆိုတဲ့စကားနဲ႔ အမွန္တရားေတြကို ဖံုးကြယ္ထားတတ္တဲ့ ​ေကာင္ေလးက အခုလို
ဖြင့္ေျပာလာတဲ့အခါ သူတကယ္ ဆြံ႔အသြားတယ္။
အျမဲတမ္း ျပံဳးေနတတ္တဲ့ ​ေကာင္ေလးမွာ ဒီလိုနာက်င္
စရာကိစၥေတြ႐ွိေနမယ္လို႔ သူမေတြးမိခဲ့တာမဟုတ္ေပမယ့္ တကယ္ပဲ ကိုယ္တိုင္ ​ေျပာျပလာတဲ့အခါမွာ ​ေ႐ွာင္းက်န္႔ဘာျပန္ေျပာရမလဲဘမေတြးတတ္ေတာ့ဘူး။
အက္သံေရာယွက္ေနတဲ့ ရယ္သံေလးေတြက အရင္
လို မခ်ိဳၿမိန္ဘူး။ဒီေကာင္ေလးက ဟန္ေဆာင္မႈေတြနဲ႔
တကယ္ မလိုက္ဖက္တာ။

"ရယ္စရာမေကာင္းဘူး"

"....."

"လံုးဝရယ္စရာမေကာင္းဘူး"

"ဒါဆိုဘာလဲ..။သနားစရာေကာင္းတာလား"

ေလွာင္သံေလးနဲ႔ ​ေျပာလာတဲ့ ​ေကာင္ေလးရဲ႕ စကားကိုၾကားရတာ သူနာက်င္လိုက္တာ။ ဒီေကာင္ေလး
ကို ကာကြယ္ေပးခ်င္စိတ္က တဖြားဖြား။

"ဟင့္အင္း။သနားစရာလည္းမေကာင္းဘူး။လွတယ္..."

"......."

"ေကာင္ေလးရဲ႕အိပ္မက္ေလးကေရာ..။အဲ့ဒီအိပ္မက္
ေလးကိုေျပာျပေနတဲ့ေကာင္ေလးကေရာ သိပ္ကို
လွတယ္လို႔ ကိုယ္ကျမင္တယ္"

"......."

"ဘာေတြျဖစ္ပ်က္ခဲ့လဲေတာ့ ကိုယ္မသိေပမယ့္
လွပတဲ့ အမွတ္တရအခ်ိဳ႕ ႐ွိခဲ့ဖူးမွာေပါ့။
က်ိဳးပဲ့သြားတဲ့ အိပ္မက္အပိုင္းအစေလးေတြထဲကို
ျပန္႐ွာၾကည့္ရင္ ​ေပ်ာ္ရႊင္မႈတစ္စြန္းတစ္စေလးကိုေတာ့ ​ေတြ႔ရမွာ ​ေသခ်ာပါတယ္"

"အစ္ကိုက ထူးဆန္းလိုက္တာ....။ဟင့္အင္း..။
ထူးျခားတာ။အစ္ကို႔ရဲ႕အေတြးအျမင္ကသူမ်ားနဲ႔မတူဘဲထူးျခားတာ။တကယ့္ကို အစ္ကိုပီသပါတယ္"

"........"

"ေက်းဇူးပါ။ကြၽန္ေတာ္ေျပာတာေတြကိုနားေထာင္ေပးလို႔။အား....ေျခာက္လျပည့္သြားရင္တကယ္ႏွေျမာ
စရာႀကီးပဲ။အစ္ကိုက ကြၽန္ေတာ့အေပၚေကာင္းလြန္း
တယ္။ႏွေျမာလိုက္တာ"

ရိေပၚေျပာမွ ​ေျခာက္လဆိုတဲ့ သူကိုယ္တိုင္သတ္မွတ္
ခဲ့တဲ့ ကာလအပိုင္းအျခားတစ္ခုကို သတိရသြားတယ္။
ဒါေပါ့...။ ​ေျခာက္လျပည့္သြားရင္ သူလည္းသူ႔ဘဝနဲ႔
သူ၊ ကိုယ္လည္းကိုယ့္ဘဝနဲ႔ကိုယ္ ျပန္ေနၾကမယ္လို႔ ေျပာခဲ့ၾကတာေလ။ေျပာတုန္းက လြယ္ကူခဲ့ၿပီး အခုက် တကယ္ျဖစ္လာရင္လို႔ စဥ္းစားလိုက္တာနဲ႔ မသိစိတ္က ပူေလာင္လိုက္ရတာ...။

ဘယ္တုန္းကမွ မ႐ွိခဲ့တဲ့အရာကို ခနတာပိုင္ဆိုင္ရအၿပီးမွာ လက္မလြတ္ခ်င္ေတာ့တာ သဘာဝပဲလား....။
ေ႐ွာင္းက်န္႔ ဒီေကာင္ေလးကို လက္မလြတ္ခ်င္ေတာ့ဘူး။ ​ေ႐ွာင္းက်န္႔ကိုယ္တိုင္ေတာင္ မသိလိုက္မိခင္မွာပဲ ဒီေကာင္ေလးရဲ႕ ရယ္သံေလးေတြနဲ႔ အျပဳအမူေလးေတြက သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ေနခဲ့ၿပီ။

ဘာမွမ႐ွိတဲ့ သူ႔ဘဝကို ဝမ္ရိေပၚက ျပည့့္စံုေစခဲ့တယ္။
ေ႐ွာင္းက်န္႔က ​ေလာဘႀကီးပါတယ္။ ဒီေကာင္ေလးကို
အပိုင္လိုခ်င္ပါသတဲ့ေလ...။

နီးစပ္ဖို႔ ​ေရြးခ်ယ္ခဲ့တာက ဝမ္ရိေပၚဆိုရင္ ​ေ႐ွာင္းက်န္႔က
လက္မလြတ္ဖို႔ကို ​ေရြးခ်ယ္မယ္။ ကိုယ္တိုင္​ေတာင္းဆို
ခဲ့တဲ့ သေဘာတူညီခ်က္ကို ကိုယ္တိုင္ဖ်က္မယ္။
ဒီေကာင္ေလးအနားမွာ ႐ွိေနႏိုင္ဖို႔က ပိုအေရးႀကီးတာမို႔ အထီးက်န္ျခင္းကို ကိုယ္တိုင္ေက်ာခိုင္းခဲ့ပါတယ္။

အျဖဴေရာင္စည္းေလးက တစ္စတစ္စနဲ႔ အေရာင္ေလး
ေတြ စြန္းထင္းလာခဲ့တယ္။လွလွပပပါပဲ...။
ေ႐ွာင္းက်န္႔ကိုယ္တိုင္ ​ေဆးျခယ္တဲ့ ပန္းႏုေရာင္ေလးေတြ......။

Für Elise ကိုrecommended songအေနနဲ႔
ထည့္ေပးလိုက္ပါတယ္။

____________________________

Unicode

Chapter 7

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ
ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ဘဝထဲကို တစ်စတစ်စ တိုးဝင်လာတယ်။ချည်နှောင်တဲ့ ကြိုးလေးကညတဖြည်းဖြည်း ခိုင်မာလာတာဟာ ဝမ်ရိပေါ်ရဲ့အပြုအမူလေး
တွေကြောင့် ဖြစ်နိုင်သလို ရှောင်းကျန့်ကိ်ုယ်တိုင်က
လည်း မတားခဲ့မိတာဖြစ်မယ်။

ခွင့်တောင်းခြင်းကို ကျင့်သားမရှိတဲ့ဝမ်ရိပေါ်က
ရှောင်းကျန့် ခွင့်မပြုထားတဲ့ အခွင့်အရေးလေးတွေကိုလည်း ယူတတ်သေးတာ...။ဥပမာ..ရှောင်းကျန့်ရဲ့တစ်နေ့တာမှာ ဝမ်ရိပေါ်က ပုံစံအမျိုးမျိုးနဲ့ ပါဝင်လာတတ်တာမျိုးပေါ့။တစ်ခါတစ်လေ​ရှောင်းကျန့်ရဲ့ စိတ်ကူးလေးအနေနဲ့၊တစ်ခါတစ်လေတော့ အသံချိုချိုလေးအနေနဲ့....။

တူညီတဲ့အရာတွေကို တစ်ယောက်တည်း လုပ်ရတဲ့
ခံစားချက်နဲ့ တစ်စုံတစ်ယောက်နဲ့ အတူတူလုပ်ရတဲ့
ခံစားချက်က လုံးဝကွဲပြားလိမ့်မယ်လိ့​ရှောင်းကျန့်
မတွေးမိခဲ့ဖူးဘူး။ သူ့ဘဝမှာ အရာရာကိုတစ်ယောက်တည်းပဲ လုပ်တတ်ကိုင်တတ်အောင်​နေထိုင်ခဲ့လို့်ဖြစ်မယ်။ ဒါမှမဟုတ်လည်း အခုသူ့ဘေးမှာရှိနေတဲ့သူက ဝမ်ရိပေါ်မို့လို့လည်း ဖြစ်ချင်ဖြစ်မယ်။

အေးချမ်းပြီး တိတ်ဆိတ်တဲ့​တောင်ကုန်းလေးတစ်ခုပေါ်က Churchကျောင်းလေးက လူအရောက်အပေါက် သိပ်မရှိတာကြောင့် ဘုရားဝတ်ပြုသူအချို့သာရှိ
ပြီး ဆူညံသံတွေလည်းကင်းမဲ့တယ်။​ရှောင်းကျန့်
အတွက် ဒီChurchကျောင်းလေးဟာ စိတ်ဖြေဖျောက်စရာနေရာတစ်ခုဆိုလည်း မမှားဘူး။

အားရင်အားသလို တစ်လတစ်ခါဖြစ်ဖြစ်၊ နှစ်လတစ်ခါဖြစ်ဖြစ်​ရောက်လာတတ်တဲ့​ရှောင်းကျန့်ဟာ
Churchက စစ်စတာတွေနဲ့တောင် ရင်းနှီးနေတဲ့
အနေအထားမှာရှိတယ်။

"ပန်းချီဆရာလေး...မလာတာတောင်ကြာပြီနော်"

"ဟုတ်။ကျွန်တော် မအားဖြစ်လို့ပါ"

"မတွေ့ရတဲ့ အတောအတွင်းမှာ ပန်းချီဆရာလေးက
တော်တော်ပြောင်းလဲသွားတာပဲ"

"ဗျာ။စစ်စတာ စိတ်ထင်လို့ဖြစ်မှာပါ။ကျွန်တော်က
အရင်အတိုင်းပါပဲ"

"အရင်ကနဲ့မတူတာတော့ အမှန်ပဲ။ပန်းချီဆရာလေး
ရဲ့အပြုံးတွေကအစ အရင်ကထပ် ပိုအသက်ဝင်လာ
တယ်လို့ ခံစားရတယ်။မျက်လုံးလေးတွေရောပဲ...။
တစ်ခုခုကိုရှာတွေ့သွားသလိုမျိုး.."

"တစ်ခုခု......"

"ထားပါ။ဒါနဲ့ ပန်းချီဆရာလေးနဲ့အတူပါလာတဲ့
ကောင်လေးက..."

"ကျွန်တော့ ညီလေးပါ"

"ကောင်လေးက သွက်သွက်လက်လက်ကလေးပဲ"

စစ်စတာက Churchကစောင့်ရှောက်ပေးထားတဲ့ကလေးတွေနဲ့ အတူကစားနေတဲ့ ဝမ်ရိပေါ်ကိုကြည့်
ပြီး​ပြောတယ်။ ဒီကောင်လေး တကယ်ပျော်နေပုံပဲ။
ရယ်သံလွင်လွင်လေးတွေက အသက်ပါလွန်းတယ်။

"ကောင်လေးရဲ့မျက်နှာက အေးချမ်းလွန်းတယ်။
သူ့ကိုကြည့်နေတဲ့သူရဲ့ ရင်ထဲကိုပါ​အေးချမ်းသွား
စေတဲ့ မျက်နှာမျိုး။ပန်းချီဆရာလေး​ပြောင်းလဲသွားတာ သူ့ကြောင့်ဖြစ်မယ်ထင်တယ်"

"...."

စစ်စတာ့ရဲ့အမေးကို​ရှောင်းကျန့်ဘာမှပြန်မဖြေဘဲ
ပြုံးပြလိုက်မိတယ်။

ဟုတ်တယ်။ ဒီကောင်လေးက​အေးချမ်းမှုလေးတွေ
ကို သယ်ဆောင်လာတဲ့​လေပြည်လေး။ အသံလေး
ကြားရရုံနဲ့ ရင်ထဲအေးသွားစေတာမျိုး။ သူ့မျက်နှာလေးကို မြင်ခွင့်ရတဲ့သူတွေကို အားကျမိတယ်။
အသံလေးနဲ့ကျေနပ်နေရတဲ့ သူ့ဘဝက အားရစရာ
တော့ မကောင်းလှဘူး။

ခနကြာတော့ ရိပေါ်က​မောသွားသည်ထင်ရဲ့။သူ့
ဘေးနားမှာ ဝင်ထိုင်တယ်။အသက်ရှူသံ ခပ်ပြင်းပြင်း
အရ ဒီကောင်လေး​တော်တော်မောနေပုံပဲ။​မောမှာပေါ့။​ရောက်ကတည်းကဆော့နေတာ ခုချိန်ထိပဲလေ။

"ရိပေါ်..။အာ့ကြောင့်မတရားမဆော့နဲ့လို့ပြောတာပေါ့။မင်းကကလေးလား။မကြီးမငယ်နဲ့"

"ကလေးမှဆော့ရမှာလား။လူကြီးမဆော့ရဘူးလို့
ဥပဒေရှိလား"

မောနေတဲ့ကြားကနေ ပက်ခနဲ ရန်ပြန်လုပ်
သေးတာ။ပြောပါတယ်..။ဝမ်ရိပေါ်ကလူဆိုးလေး။

"မောသာမောတာ ရန်လုပ်ဖို့ကျအားရှိသေးတယ်နော်"

"ရန်လုပ်တာမှမဟုတ်တာ အစ်ကိုကလည်း...."

"ဆက်မကစားနဲ့တော့"

"ဒီနေရာမှာရပ်ရင် ဘယ်လောက်ပေးမလဲ"

"အရူးလေး...။ပြောင်ချော်ချော်လုပ်မနေနဲ့"

ရှောင်းကျန့်နဲ့ ရိပေါ်စကားပြောနေစဉ် အနားကိုလျှောက်လာတဲ့​ကောင်မလေးတစ်ယောက်။

"For you"

အသံအရတော့ ဒါကLizzyပဲ။ ဒီကလေးမလေးက အရမ်းစကားနည်းတယ်။တစ်ယောက်တည်းပဲ
နေတာများတယ်။ Lizzyလိုကလေးမျိုးကတောင်
သဘောကျမှတော့ ဒီကောင်လေးက လူချစ်လူခင်
​ပေါတာပဲ။ဘာရယ်မဟုတ်...ဒီကောင်လေးကို
မှန်ဘောင်ထဲ ထည့်သိမ်းထားချင်တယ်ဆိုတဲ့ အတွေး
လေးက မသိမသာဝင်လာတယ်။

"For me??"

"Yes"

"Thank you"

"Beautiful..."

"Yes.It's beautiful"

"Not the flower"

"Not the flower??"

"You..."

"Me...beautiful??"

"....."

"Wait!what!!!Hey!!I'm not beautiful.I'm handsome"

"Beautiful..."

"I said handsome.Not beautiful.
H.a.n.d.s.o.m.e..."

"ဟားဟားဟား...."

Lizzyနဲ့အပြိုင်ငြင်းနေတဲ့ရိပေါ်ကို ရှောင်းကျန့်မရယ်ဘဲ မနေနိုင်တော့ဘူး။ သူ့ကိုbeautifulလို့
​ပြောလို့ ကလေးနဲ့ပြိုင်ငြင်းနေတဲ့ ပေါက်စ။

"အစ်ကို!!!မရယ်နဲ့ဗျာ"

"မင်းကကလေးနဲ့ပြိုင်ငြင်းနေတာကို"

"Beautifulဆိုတာမိန်းကလေးတွေကိုပဲသုံးတာလေ"

"မင်းကမိန်းကလေးတွေထပ်ပိုလှလို့နေမှာပေါ့"

"အစ်ကို!!!!တော်ပြီဗျာ။မပြောတော့ဘူး"

စိတ်ဆိုးပြီး ထထွက်သွားတဲ့​ပေါက်စနောက်ကို
ရှောင်းကျန့် အမှီလိုက်ရတယ်။ ရိပေါ်ကလိမ္မာပါတယ်။
သူမမှီမှန်းသိလို့ ရပ်စောင့်ပြီး ဖြည်းဖြည်းချင်းပဲ
သွားနေတယ်ဆိုတာ​ခြေသံလေးတွေက သက်သေ။
ဝမ်ရိပေါ်က ရှောင်းကျန့်တစ်ယောက်တည်းအပေါ်ကိုပဲ ဆိုးတတ်သလို​ရှောင်းကျန့်တစ်ယောက်တည်း
အတွက်ပဲ လိမ္မာပေးတယ်။အဲ့လို ဘက်လိုက်မှုလေး
တွေကအစ ရှောင်းကျန့်က​ကျေနပ်နေမိသေးတာ။

Churchထဲရောက်တော့ ရိပေါ်က စန္ဒယားနား
ကိုသွားပြီး စန္ဒယားခလုတ်လေးတွေကို လက်နဲ့အသာ ထိကြည့်နေတာကြောင့် အသံလေးတွေ ကြားနေရတယ်။

"ရိပေါ်ကစန္ဒယားတီးတတ်တာလား"

"ဟင့်အင်း။မတီးတတ်ဘူး"

"အော်...."

"ကျွန်တော်....."

"......"

"ကျွန်တော် လိမ်နေတာ။ကျွန်တော်တီးကြည့်လို့ရမလား"

"အင်း။ရပါတယ်"

ရှောင်းကျန့်စကားအဆုံးမှာ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်သွားတယ်။ ဝမ်ရိပေါ်ဆီက သက်ပြင်းချသံတစ်ချက် ကြားလိုက်ရပြီး ခနအကြာမှာတော့..
သာယာတဲ့ စန္ဒယားသံလေးက ထွက်ပေါ်လာတယ်။
ဝမ်ရိပေါ် တီးလိုက်တဲ့သံစဉ်က Beethovenရဲ့
Für Elise....။နာမည်ကြီး သံစဉ်တစ်ပုဒ်။

Beethovenရဲ့ ဆိုးရွားတဲ့လက်ရေးကြောင့် Thereseကို Eliseလို့မှားဖတ်မိသွားတဲ့ နာမည်
ကြီးတဲ့ပုံပြင်လေးပဲ။ ချစ်ရတဲ့Thereseဆိုတဲ့အမျိုးသမီးဆီက ငြင်းဆန်ခြင်းကိုခံခဲ့ရတဲ့ Beethovenရဲ့နာကျင်ခြင်းတွေ၊​ဝေဒနာတွေကိုပေါင်းစပ်ထားတဲ့သီချင်း။ ဒီသံစဉ်ကို​ရှောင်းကျန့်အကြိမ်ကြိမ် နားထောင်
ဖူးပါတယ်။ ဒါပေမယ့် ဘာလို့ ဒီတစ်ခါနားထောင်ရတာက သိပ်ဝမ်းနည်းသလို ခံစားနေရတာလဲ...။

သံစဉ်တစ်ခုချင်းစီမှာ တီးခတ်နေတဲ့ pianistရဲ့
နာကျင်မှုတွေကို ခံစားနေရတယ်။နားထောင်နေရတဲ့​ရှောင်းကျန့်တောင် မွန်းကြပ်လာနိုင်လောက်တဲ့အထိဆိုရင် တီးခတ်နေတဲ့ ဝမ်ရိပေါ်ကရော ဘယ်လောက်
တောင် နာကျင်နေလိုက်မလဲ။ ဒီသံစဉ်ကိုကြားပြီးနောက်မှာ​ရှောင်းကျန့်က ဝမ်ရိပေါ်ကို အပြည့်အဝနားမလည်နိုင်သေးဘူး ဆိုတာကို သိလိုက်တယ်။
ဝမ်ရိပေါ်ဟာ နာကျင်ခြင်းတွေကို အပြုံးတွေနဲ့ဖုံးကွယ်ထားတဲ့ သူတစ်ယောက်။ဒီလောက်ပဲ သူအဓိပ္ပါယ်သတ်မှတ်နိုင်တယ်။ဒဏ်ရာတွေရဲ့ အတိမ်အနက်နဲ့ ကုသဖို့ဆေးရှိမရှိက ဝမ်ရိပေါ်တစ်ယောက်ပဲသိနိုင်မယ်။

"Für Elise"

စန္ဒယားသံအဆုံးမှာ ခပ်တိုးတိုးဆိုလာတဲ့ ရိပေါ်ရဲ့အသံက အက်ရှရှ။

"ကျွန်တော်တီးတတ်တဲ့တစ်ခုတည်းသောသံစဉ်"

"......"

"တစ်စုံတစ်ယောက်သင်ပေးခဲ့တဲ့ပထမဆုံးသံစဉ်"

"......"

"တစ်စုံတစ်ယောက်နောက်ဆုံးတီးခဲ့တဲ့သံစဉ်"

"......"

ဆို့နင့်နေတဲ့ ရိပေါ်ရဲ့အသံကို ကြားနေရတဲ့​ရှောင်းကျန့်
အတွက် တကယ်ကို အဆင်ပြေမနေခဲ့ဘူး။ ရိပေါ်ရဲ့
မျက်နှာကိုသာ သူမြင်နိုင်မယ်ဆိုရင် အခုချိန် ဒီကောင်လေး မျက်ရည်ဝဲနေမှာ အသေအချာပဲ။

"ဝမ်ရွယ်လီ"

"......"

"ကျွန်တော့ရဲ့အမ။ သားသမီးတွေကို ဂရုမစိုက်နိုင်
လောက်တဲ့အထိ အလုပ်များတဲ့ မိဘတွေကို ပိုင်ဆိုင်ထားတဲ့ဘကျွန်တော့အတွက် မမကအရာရာပဲ။ မားနဲ့ပါးဆီကမရတဲ့ မေတ္တာတွေကို မမက​ပေးခဲ့တယ်။ မမကသိပ်လှတယ်။ သိပ်ပြီးလည်း နူးညံ့သိမ်မွေ့တယ်။ ကျွန်တော့ကိုလည်း အရမ်းချစ်တယ်........လို့ ကျွန်တော်ထင်ခဲ့မိတာ။ မမကစန္ဒယားတီးရတာကို အရမ်း
သဘောကျတယ်။ မမစန္ဒယားတီးနေတဲ့ အချိန်ဆို
တကယ်ကို နတ်သမီးတစ်ပါးလိုပဲ။ စန္ဒယားခလုတ်
တွေပေါ်မှာ လှုပ်ရှားနေတဲ့ လက်ချောင်းလေးတွေ၊
သံစဉ်လေးတွေက​ငေးမောချင်စရာ။ မမစန္ဒယားတီးရင် အရမ်းလှတာပဲလို့ပြောတိုင်း ပြုံးပြတတ်တဲ့မမက သံစဉ်လေးတွေက ပိုလှတာပါလို့လည်း ပြန်ပြောတတ်သေးတယ်။ မမကို အတင်းပူဆာပြီး စန္ဒယားတီးသင်ခိုင်းတော့ မမသင်ပေးတဲ့သံစဉ်က Für Elise.အဲ့ဒီအချိန်တုန်းက ကျွန်တော်ကလည်း သီချင်းဆိုရတာကို အရမ်းရူးသွပ်ခဲ့တာ။
အနုပညာဝါသနာပါတာချင်းတူတဲ့ မမက ကျွန်တော့အတွက်စံပြပုဂ္ဂိုလ်ပဲ။ မမနဲ့ကျွန်တော် ကတိတစ်ခုထားခဲ့ကြတယ်။ တစ်နေ့ကျရင် မမနဲ့ကျွန်တော်စင်ပေါ်မှာ အတူတူဖျော်ဖြေကြမယ်လို့..။ မမက စန္ဒယားတီးမယ်။ကျွန်တော်က သီချင်းဆိုမယ်။ကတိလေးတစ်ခုဆိုပေမယ့် 12နှစ်
အရွယ်​ကောင်လေးအတွက်တော့ အိပ်မက်တစ်ခုပဲ။
မဖြစ်မနေ အကောင်အထည်ဖော်ရမယ့်ညအိပ်မက်လေး"

"........"

"မမက ကတိမတည်ခဲ့ဘူး.."

ပြောနေရင်းနဲ့ ရိပေါ်အသံက တဖြည်းဖြည်းတုန်ရီလာ
ပြီး အဖျားခတ်ကလေးတွေ တိမ်ဝင်သွားတယ်။
ဒီကောင်လေး ဘယ်လောက်တောင်​လေးလံလွန်းတဲ့
အတိတ်တွေကို ထမ်းပိုးထားတာလဲ။

"အိပ်မက်ဆန်တဲ့ ကတိတစ်ခုအစား လက်တွေ့ဆန်
တဲ့ဘဝမျိုးကို​ရွေးချယ်သွားခဲ့တယ်။မမနောက်ဆုံးတီး
ခဲ့တဲ့သံစဉ်က Für Elise။ အဲ့ဒီအချိန်တုန်းကနား
မလည်ခဲ့ဘူး။ အမြဲနားထောင်ခဲ့တဲ့ ကျွန်တော်အကြိုက်ဆုံးသံစဉ်က ဘာလို့အခုမှ အရမ်းဝမ်းနည်းကြေကွဲဖို့​ကောင်းနေရတာလဲ။​နောက်မှသိလိုက်ရတာက
ဝမ်းနည်းကြေကွဲနေတာက သံစဉ်တွေမဟုတ်ဘဲ
တီးခတ်နေတဲ့သူ ကိုယ်တိုင်ဖြစ်နေခဲ့တာပဲ။ မမကအရာရာကို စွန့်လွတ်အရှုံးပေးလိုက်ပြီ ဆိုတဲ့ရည်ရွယ်ချက်နဲ့ တီးခဲ့တာ။မမ မသိလိုက်တာက သူစွန့်လွတ်
လိုက်တာက ကတိတစ်ခုတင်မဟုတ်ဘဲ ကလေး
တစ်ယောက်ရဲ့ အကြီးမားဆုံး အိပ်မက်တစ်ခုဖြစ်နေတာပဲ"

"......."

"နောက်ဆုံးတော့ ကောင်လေးက သူ့ငယ်ဘဝရဲ့
အိပ်မက်လေးနဲ့အတူ အမဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရတယ်ပေါ့။ ပုံပြင်လေးကတော့ ဒါပါပဲ။ရယ်စရာကောင်းတယ်မလား။ ဟားဟား..."

"......"

ကျွန်တော်လိမ်နေတာဆိုတဲ့စကားနဲ့ အမှန်တရားတွေကို ဖုံးကွယ်ထားတတ်တဲ့​ကောင်လေးက အခုလို
ဖွင့်ပြောလာတဲ့အခါ သူတကယ် ဆွံ့အသွားတယ်။
အမြဲတမ်း ပြုံးနေတတ်တဲ့​ကောင်လေးမှာ ဒီလိုနာကျင်
စရာကိစ္စတွေရှိနေမယ်လို့ သူမတွေးမိခဲ့တာမဟုတ်ပေမယ့် တကယ်ပဲ ကိုယ်တိုင်​ပြောပြလာတဲ့အခါမှာ​ရှောင်းကျန့်ဘာပြန်ပြောရမလဲဘမတွေးတတ်တော့ဘူး။
အက်သံရောယှက်နေတဲ့ ရယ်သံလေးတွေက အရင်
လို မချိုမြိန်ဘူး။ဒီကောင်လေးက ဟန်ဆောင်မှုတွေနဲ့
တကယ် မလိုက်ဖက်တာ။

"ရယ်စရာမကောင်းဘူး"

"....."

"လုံးဝရယ်စရာမကောင်းဘူး"

"ဒါဆိုဘာလဲ..။သနားစရာကောင်းတာလား"

လှောင်သံလေးနဲ့​ပြောလာတဲ့​ကောင်လေးရဲ့ စကားကိုကြားရတာ သူနာကျင်လိုက်တာ။ ဒီကောင်လေး
ကို ကာကွယ်ပေးချင်စိတ်က တဖွားဖွား။

"ဟင့်အင်း။သနားစရာလည်းမကောင်းဘူး။လှတယ်..."

"......."

"ကောင်လေးရဲ့အိပ်မက်လေးကရော..။အဲ့ဒီအိပ်မက်
လေးကိုပြောပြနေတဲ့ကောင်လေးကရော သိပ်ကို
လှတယ်လို့ ကိုယ်ကမြင်တယ်"

"......."

"ဘာတွေဖြစ်ပျက်ခဲ့လဲတော့ ကိုယ်မသိပေမယ့်
လှပတဲ့ အမှတ်တရအချို့ ရှိခဲ့ဖူးမှာပေါ့။
ကျိုးပဲ့သွားတဲ့ အိပ်မက်အပိုင်းအစလေးတွေထဲကို
ပြန်ရှာကြည့်ရင်​ပျော်ရွှင်မှုတစ်စွန်းတစ်စလေးကိုတော့​တွေ့ရမှာ​သေချာပါတယ်"

"အစ်ကိုက ထူးဆန်းလိုက်တာ....။ဟင့်အင်း..။
ထူးခြားတာ။အစ်ကို့ရဲ့အတွေးအမြင်ကသူများနဲ့မတူဘဲထူးခြားတာ။တကယ့်ကို အစ်ကိုပီသပါတယ်"

"........"

"ကျေးဇူးပါ။ကျွန်တော်ပြောတာတွေကိုနားထောင်ပေးလို့။အား....ခြောက်လပြည့်သွားရင်တကယ်နှမြော
စရာကြီးပဲ။အစ်ကိုက ကျွန်တော့အပေါ်ကောင်းလွန်း
တယ်။နှမြောလိုက်တာ"

ရိပေါ်ပြောမှ​ခြောက်လဆိုတဲ့ သူကိုယ်တိုင်သတ်မှတ်
ခဲ့တဲ့ ကာလအပိုင်းအခြားတစ်ခုကို သတိရသွားတယ်။
ဒါပေါ့...။​ခြောက်လပြည့်သွားရင် သူလည်းသူ့ဘဝနဲ့
သူ၊ ကိုယ်လည်းကိုယ့်ဘဝနဲ့ကိုယ် ပြန်နေကြမယ်လို့ ပြောခဲ့ကြတာလေ။ပြောတုန်းက လွယ်ကူခဲ့ပြီး အခုကျ တကယ်ဖြစ်လာရင်လို့ စဉ်းစားလိုက်တာနဲ့ မသိစိတ်က ပူလောင်လိုက်ရတာ...။

ဘယ်တုန်းကမှ မရှိခဲ့တဲ့အရာကို ခနတာပိုင်ဆိုင်ရအပြီးမှာ လက်မလွတ်ချင်တော့တာ သဘာဝပဲလား....။
ရှောင်းကျန့် ဒီကောင်လေးကို လက်မလွတ်ချင်တော့ဘူး။​ရှောင်းကျန့်ကိုယ်တိုင်တောင် မသိလိုက်မိခင်မှာပဲ ဒီကောင်လေးရဲ့ ရယ်သံလေးတွေနဲ့ အပြုအမူလေးတွေက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ပြီ။

ဘာမှမရှိတဲ့ သူ့ဘဝကို ဝမ်ရိပေါ်က ပြည့်စုံစေခဲ့တယ်။
ရှောင်းကျန့်က​လောဘကြီးပါတယ်။ ဒီကောင်လေးကို
အပိုင်လိုချင်ပါသတဲ့လေ...။

နီးစပ်ဖို့​ရွေးချယ်ခဲ့တာက ဝမ်ရိပေါ်ဆိုရင်​ရှောင်းကျန့်က
လက်မလွတ်ဖို့ကို​ရွေးချယ်မယ်။ ကိုယ်တိုင်​တောင်းဆို
ခဲ့တဲ့ သဘောတူညီချက်ကို ကိုယ်တိုင်ဖျက်မယ်။
ဒီကောင်လေးအနားမှာ ရှိနေနိုင်ဖို့က ပိုအရေးကြီးတာမို့ အထီးကျန်ခြင်းကို ကိုယ်တိုင်ကျောခိုင်းခဲ့ပါတယ်။

အဖြူရောင်စည်းလေးက တစ်စတစ်စနဲ့ အရောင်လေး
တွေ စွန်းထင်းလာခဲ့တယ်။လှလှပပပါပဲ...။
ရှောင်းကျန့်ကိုယ်တိုင်​ဆေးခြယ်တဲ့ ပန်းနုရောင်လေးတွေ......။
_________________________________

Seguir leyendo

También te gustarán

2.5K 282 12
Name/Title - "Dreams Do Comes True" Main character - Lan Xichen x Jiang Cheng (လန်ရှီးချန်xကျန်းချန်) Type - Own-creation, Kuancheng, Fan-fic, BL,Rom...
234K 24.6K 31
Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ႕ Season 2 လို႔ ေျပာလို႔ရတာမို႔ Impe...
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
60.6K 15.8K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥